Connect with us

Covid-19ရောဂါကာကွယ်ဆေးထုတ်ရန်တရုတ်နိုင်ငံမှလက်တင်အမေရိကနှင့်ကာရေဘီယံနိုင်ငံများသို့ချေးငွေထောက်ပံ့

BREAKING NEWS

Covid-19ရောဂါကာကွယ်ဆေးထုတ်ရန်တရုတ်နိုင်ငံမှလက်တင်အမေရိကနှင့်ကာရေဘီယံနိုင်ငံများသို့ချေးငွေထောက်ပံ့

ဇူလိုင်လ ၂၃ ရက်တွင်ဘာဘေးဒိုးစ်ရှိတရုတ်သံအမတ်ကတွစ်တာတွင်ဖော်ပြထားသည့်ဓာတ်ပုံသည်အွန်လိုင်းအစည်းအဝေးတစ်ခုမျှသာမဟုတ်ပဲကူးစက်ရောဂါဖြစ်ပွားမှုအတွင်းဖြစ်ပျက်ခဲ့သည်များကိုတင်ပြသည့်screen-based တင်ဆက်မှုတစ်ခုဖြစ် သည်။ဒီဂျစ်တယ်အစုအဖွဲ့သည်Covid-19ရောဂါကာကွယ်ဆေးထုတ်လုပ်ရန်အတွက်လက်တင်အမေရိကနှင့်ကာရေဘီယံနိုင်ငံများသို့ဒေါ်လာ ၁ ဘီလီယံချေးငွေထုတ်ချေးရန်တရုတ်နိုင်ငံကသဘောတူကြောင်းကြေငြာခဲ့သည်။ထို့အပြင် စိတ်ဝင်စားဖို့ကောင်းမွန်သည့်အချက်မှာ အွန်လိုင်းဆွေးနွေးပွဲဓာတ်ပုံတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yiသည်မျက်နှာပြင်၏အလယ်တွင် ရှိနေကာ၎င်းအား LAC နိုင် ငံများမှ နိုင်ငံခြားရေးဝန်ကြီးများကဝန်ရံထားကာ ကျေးဇူးတင်ရှိကြောင်းပြောကြားကြသည်။သို့သော်ဒေသတွင်းလေ့လာသူများအ တွက်မူအမေရိကန်ပြည်ထောင်စု၏ကမ္ဘာလုံးဆိုင်ရာ ဦး ဆောင်မှုအခန်းကဏ္ဍလျော့နည်းလာခြင်းနှင့် စီးပွားရေးအပေါ်အကျိုးသက်ရောက်စေသည့်ဗိုင်းရပ်စ်ကြောင့်တရုတ်သည်လက်တင်အမေရိကနှင့်အဓိကအင်အားကြီးနိုင်ငံဖြစ်လာသည်။ဗိုင်းရပ်စ်ကူးစက်မှုကာလအတွင်းတွင်လညး်တရုတ်သည်အနည်းဆုံးမျက်နှာဖုံး ၁၅၀,၀၀၀ နှင့် hazmat ဝတ်စုံများကိုဘရာဇီးလ်သို့လှူဒါန်းခဲ့သည်။များစွာသော ventilator များ၊ မော်နီတာများ၊ defibrillators နှင့် ultrasound စကင်နာများအားပီရူးသို့လှူဒါန်းခဲ့ပြီးအ နည်းဆုံးအသက်ရှုဆိုင်ရာ ကိရိယာ ၁၀ ခု၊ စမ်းသပ်ပစ္စည်းများ ၅၀၀၀၀ နှင့်ဆေးဘက်ဆိုင်ရာမျက်နှာဖုံးများ ၁၀၀၀၀၀ ကိုလှူဒါန်းခဲ့သည်။ သီးခြားစီတွင်တရုတ်ဘီလျံနာဂျက်မာ၏ဖောင်ဒေးရှင်းမှမက္ကစီကိုတွင်မျက်နှာဖုံးများ ၁၀၀၀၀၀၊ စမ်းသပ်ရန်ပစ္စည်း ၅၀,၀၀၀ နှင့်အသက်ရှုစက် ၅ လုံးလှူဒါန်းခဲ့သည်။

More in BREAKING NEWS

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန် ⦿

Trending News

Advertisement
To Top
page views so far.