ဗီဒီယို။ ရာသီဥတုအခြေနေပေါ်တွင်မူတည်၍ ငါးစာကြွေးခြင်း

အမျိုးမျိုးသောရာသီဥတုအခြေအနေများသည် ငါးများ၏ အစာစားမှု နှုန်းကို ထိခိုက်စေနိုင်ပါသည်။. ယခု Video လေးမှာတော့ ရာသီဥတုအခြေနေများပေါ်တွင်မူတည်၍ ငါးများအစာကျွေးရာနှင့် ငါးကန်များတွင် တွင် သတိထားရမည့် အလေ့အကျင့် များ ကို ဖော်ပြပေးထားပါတယ်။
အေးသောရာသီဥတုအခြအနေတွင် ငါးများ၏ဇီဝကမ္မဖြစ်စဉ်နှေးကွေးနိုင်ကာ ငါးများအစာစားနှုန်းကျဆင်းနိုင်ပါသည်။ ထိုကာလတွင် ငါးစာများအလေအလွင့်မဖြစ်စေရန်အတွက် အစာကို 20% မှ 50% ခန့်ထိလျော့ကာ အစာကျွေးနှုန်းကိုလည်း လျော့သင့်ပါသည်။”
“ပူပြင်းသောရာသီဥတုအခြေနေတွင် ငါးများသည် အစာစားနှုန်းများပါသည် အောက်စီဂျင်လည်းပိုမိုလိုအပ်ပါသည်။ ထိုအခြေနေများတွင် ငါးစာကိုစောစောသို့မဟုတ် နောက်ကျမှကျွေးသင့်ပါသည်။ထို့အတူ ကန်ရေ အောက်စီဂျင် Level ကောင်းမွန်စေရန်အတွက် လည်း ဆောင်ရွက်သင့်ပါသည်။.”
“မိုးရာသီတွင် အများအားဖြင့် ကန်ရေ၏အရည်အသွေးကျဆင်းနိုင်သောအခြေအနများဖြစ် နိုင်ပါသည်။ မိုးရာသီတွင် ငါးများအစာကျွေးရာတွင် ငါးများ၏အစာစားမှုတုန့်ပြန်မှုကိုမူတည်ပြီး 10% မှ 20%လျော့ကာ အစာများအလေအလွင့်မဖြစ်စေရန်နှင့်ကန်၏အရည်အသွေးကိုထိန်းသိမ်းရန်ဂရုစိုက် သင့်ပါသည်။”
“ငါးများကိုအမြဲတစေစောင့်ကြည့်ကာ ရာသီဥတုအခြေအနနှင့်လိုက်လျောညီထွေဖြစ်အောင်အစာကျွေးခြင်းကိုချိန်ညှိပါ။
“စနစ်ကျသောအစာကျွေးခြင်းသည် သင့်၏မွေးမြူထားသောငါးများကိုကျန်းမာစေနိုင်ပြီးအလေအလွင့်ဖြစ်မှုများကိုလျော့ချစေနိုင်ပါသည်။
ဗီဒီယို သင်ခန်းစာ ကြည့်ပြီး ဖုန်းဘေကံစမ်းလို့ရပါတယ်နော်။
ဉာဏ်စမ်းဖြေဆိုရန်_
ဉာဏ်စမ်း အဖြေမှန်သူများထဲမှ (၅) ဦးကို မဲစနစ်ဖြင့် ရွေးချယ်ပြီး ဖုန်းဘေလ် ၃၀၀၀ ကျပ်စီ ချီးမြင့်ပေးပါမည်။