Phone: +95 09 881 300 900Email: info@shwe.net

Latest News

Home / AGRICULTURE / ဗီဒီယို။ ငါးကန်များရေလွှမ်းမိုးမှုဖြစ်ပွားပြီးနောက် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း

ဗီဒီယို။ ငါးကန်များရေလွှမ်းမိုးမှုဖြစ်ပွားပြီးနောက် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း

ဗီဒီယို။ ငါးကန်များရေလွှမ်းမိုးမှုဖြစ်ပွားပြီးနောက် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း

ငါးကန်များရေလွှမ်းမိုးမှုဖြစ်ပွားပြီးနောက် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း

ရေလွှမ်းမိုးခြင်းသည် ငါးကန်များကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး ညစ်ညမ်းစေသော အညစ်အကြေးများဝင်ရောက်နိုင်ကာ ကန်များ၏ တည်ဆောက်ပုံကိုလည်း ပျက်စီးစေနိုင်ပါသည်။

ယခု ဗီဒီယိုလေးမှာတော့ ငါးကန်များ ရေလွှမ်းမိုးမှုဖြစ်ပွားပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာများကို ဖော်ပြပေးလိုက်ရပါသည်။

နံပတ် ၁. ရေကန်များကိုစစ်ဆေးပြီး သန့်ရှင်းရေးပြုလုပ်ပါ

ကန်အတွင်းသို့ဝင်ရောက်နေသော အကိုင်းအခက်များ၊ အမှိုက်များ သို့မဟုတ် ရေအရည်အသွေးကိုထိခိုက် စေနိုင်သော အနည်အနှစ်များကို စတင်ဖယ်ရှားပေးပါ။ ထို့အတူ ငါးများလွတ်မြောက်ခြင်းမှ ကာကွယ်ရန် ကန်ဘောင်များကို စစ်ဆေးကာ ရေတိုက်စားခြင်း သို့မဟုတ် ကျိုးပေါက်မှုများကို ပြုပြင်ပေးပါ။

နံပတ်၂. ရေ၏အရည်အသွေးကိုစစ်ဆေးပါ

ရေ၏ အရည်အသွေးကို စစ်ဆေးရန်အတွက် pH, ပျော်ဝင်အောက်စီဂျင် နှင့် အမိုးနီးယားများ ရေတွင်ပါဝင်နေမှုကို တိုင်းတာရန် စမ်းသပ်ကိရိယာများအသုံးပြုကာ စစ်ဆေးပါ။ အကယ်၍ ရေသည် အက်စစ်ဓာတ်များနေပါက ထုံးထည့်ပေးသင့်ပါသည်။ ထို့အတူ အောက်စီဂျင်ပမာဏထိန်းညှိပေးရန် အတွက် လေဒလက်များသုံးခြင်း၊ ရေလှည့်ပေးခြင်းများ ပြုလုပ်ပေးပါ။

နံပတ်၃. ရေကန်အတွင်း ရေအနက်ကိုထိန်းညှိပါ

ရေလွှမ်းပြီးနောက် ကန်အတွင်း ရေပိုများဝင်နေပါက စုပ်ထုတ်ပြီး မူလအနက်အတိုင်းပြန်လည်ထိန်းသိမ်း ပေးပါ။ ရေထပ်မံထည့်သွင်းရန်လိုအပ်ပါက သန့်ရှင်းသောရေ ပြန်လည်ထည့်ပေးပါ။

နံပတ်၄. ငါးများ၏ ကျန်းမာရေးကိုစစ်ဆေးပါ

ရေလွှမ်းပြီးနောက်ငါးများတွင်ဖိအားများဖြစ်ပေါ်နိုင်ကာငါးများတွင်ရောဂါများဖြစ်ပွားနိုင်သဖြင့် ငါးများ၏ လှုပ်ရှားမှုကို စောင့်ကြည့်ပါ။ ကန်အတွင်း ငါးအသေများရှိနေပါက ချက်ခြင်းဖယ်ရှားပေးပါ။ ငါးစာကျွေးရာတွင်လည်း ရေညစ်ညမ်းခြင်းမှကင်းဝေးစေရန် ပမာဏကိုလျော့ကျွေးသင့်ပါသည်။

ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းသည် မွေးမြူထားသောငါးများ၏ ဂေဟစနစ် ကောင်းမွန်စေရန်နှင့် ရှင်သန်စေရန်အဓိကသော့ချက်ဖြစ်သည်။

ဗီဒီယို သင်ခန်းစာ ကြည့်ပြီး ဖုန်းဘေကံစမ်းလို့ရပါတယ်နော်။
ဉာဏ်စမ်းဖြေဆိုရန်_
ဉာဏ်စမ်း အဖြေမှန်သူများထဲမှ (၅) ဦးကို မဲစနစ်ဖြင့် ရွေးချယ်ပြီး ဖုန်းဘေလ် ၃၀၀၀ ကျပ်စီ ချီးမြင့်ပေးပါမည်။

Tags:
back to top