ဗီဒီယို။ ရာသီဥတုနှင့်လိုက်လျောရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေသော ငါးမွေးမြူရေးအလေ့အကျင့်များ
” ရာသီဥတုဖောက်ပြန်မှုများသည် ငါးမွေးမြူရေးလုပ်ငန်းများကို ပိုမိုခက်ခဲစေနိင်ပါသည်။ သို့ရာတွင် ငါးမွေးမြူရေးသမားများအနေဖြင့် ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်သော အလေ့အကျင့်များကို ကျင့်သုံးမည်ဆိုပါက အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်သည်။ ယခုဗီဒီယိုလေးမှာတော့ ငါးမွေးမြူရေးသမားများ ကျင့်သုံးသင့်သည့် အလေ့အကျင့်ကောင်းများကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင် ”
နံပတ်၁
” ရာသီဥတုနှင့်သင့်တော်သော ငါးမျိုးစိတ်များကို ရွေးခြယ်ပါ။ တီလားပီးယား၊ ငါးခူနှင့် ငါးကြင်းကဲ့သို့သော ငါးမျိုးများသည် မတူညီသော ရာသီဥတုအပူချိန်နှင့် အမျိုးမျိုးသော ရေအခြေအနေများတွင် ရှင်သန်နိုင်ပါသည်။ အထူးသဖြင့် ဒေသထွက်ငါးမျိုးများသည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီစွာ ရှင်သန်နိုင်သောကြောင့် ရွေးချယ်မွေးမြူသင့်ပါသည်။ ထို့အတူ ကြီးထွားနှုန်းမြန်သော ငါးများသည် အချိန်တိုအတွင်း ဝင်ငွေရရှိနိုင်သဖြင့် ထိုကဲ့သို့သောငါးမျိုးများကိုလည်း မွေးမြူသင့်ပါသည်။”
နံပတ်၂
“မတူညီသောငါးများမျိုးများကို အတူတကွမွေးမြူသင့်ပါသည်။ အထူးသဖြင့် ငါးကန်အောက်ခြေနားတွင်နေထိုင်သော ငါးခူကဲ့သို့သောငါးများနှင့် မျက်နှာပြင်အနီးတွင်နေထိုင် သော တီလားပီးယားများကို အတူတကွမွေးမြူသင့်ပါသည်။ ထိုငါးများသည် အစာနှင့်နေရာအတွက် ယှဉ်ပြိုင်ခြင်းမရှိနိုင်သောကြောင့် ကန်ရေကိုသန့်ရှင်းစေပြီး ဝင်ငွေပိုမိုရရှိစေနိုင်ပါသည်။.”
နံပတ်၃
“ငါးများနှင့်အပင်များကိုအတူတကွစိုက်ပျိုးမွေးမြူကြည့်သင့်ပါသည်။ ငါး၏အညစ်အကြေးများသည် အပင်များအတွက် အစာဖြစ်စေနိုင်ပြီး အပင်များသည် ငါးများ အတွက် ရေကိုသန့်စင်ပေးနိုင်ပါသည်။ ထိုနည်းလမ်းသည် သဘာဝပတ်ဝန်းကျင်အတွက် ကောင်းမွန်စေပြီး အပင်များမှလည်း အပိုဝင်ငွေများလည်း ရရှိနိုင်ပါသည်။.”
နံပတ် ၄
“ရာသီအလိုက် ငါးအမျိုးအစားများ ပြောင်းလဲမွေးမြူခြင်းအလေ့အကျင့် ကိုဆောင်ရွက် ကြည့်သင့်ပါသည်။ ဆောင်းရာသီတွင် ရေအေးဒါဏ်ခံနိုင်သော ငါးမျိုးများကို ရွေးခြယ်မွေးမြူကာ နွေရာသီတွင် ရေပူဒါဏ်ခံနိုင်သော ငါးမျိုးများကို မွေးမြူသင့်ပါသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းသည် အလေအလွင့်ကိုနည်းပါးစေကာ တစ်နှစ်ပတ်လုံး ရောဂါဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေနိုင်ပါသည်။.”
“မတူညီသောငါးမျိုးများနှင့် အထက်ပါနည်းလမ်းကောင်း များကိုအသုံးပြုခြင်းဖြင့် ငါးမွေးတောင်သူများသည် ရာသီဥတုနှင့်လိုက်လျောညီထွေသော မွေးမြူရေးစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။”
ဗီဒီယို သင်ခန်းစာ ကြည့်ပြီး ဖုန်းဘေကံစမ်းလို့ရပါတယ်နော်။
ဉာဏ်စမ်းဖြေဆိုရန်_
ဉာဏ်စမ်း အဖြေမှန်သူများထဲမှ (၅) ဦးကို မဲစနစ်ဖြင့် ရွေးချယ်ပြီး ဖုန်းဘေလ် ၃၀၀၀ ကျပ်စီ ချီးမြင့်ပေးပါမည်။