Phone: +95 09 881 300 900Email: shwe@myanmars.net

Latest News

Home / DOs and DONTs / Australia’s JobActive — သင့်အား အလုပ်ရှာဖွေရန် ကူညီခြင်း

Australia’s JobActive — သင့်အား အလုပ်ရှာဖွေရန် ကူညီခြင်း

jobactive သည် ပိုမိုများပြားသော သြစတြေးလျ ပြည်သူပြည်သား များအား အလုပ်ခွင်ထဲသို့ ခေါ်ဆောင်ရန်
သြစတြေးလျအစိုးရ၏ နည်း လမ်းဖြစ်သည်။ ၎င်းသည် အလုပ်ရှာသူများအား အလုပ်ရှင်များနှင့် ဆက်သွယ်ပေးပြီး
သြစတြေးလျတစ်ဝန်း နေရာ ၁၇၀၀ ကျော် ရှိ jobactive ပေးအပ်သူများ ကွန်ရက်တစ်ခုဖြင့် ၎င်းကို ဆောင်ရွက် ပေးသည်။
အလုပ်ရှာသူတစ်ယောက်အဖြစ်ဖြင့် သင်၏ jobactive ပေးအပ်သူ သည်
အောက်ပါတို့ကို လုပ်ဆောင်ရန် သင့်အားကူညီနိုင်သည်။
• ကိုယ်ရေးရာဇဝင်အကျဉ်းကို ရေးသားရန်
• အလုပ်ရှာရန်
• အင်တာဗျူးများအတွက် ပြင်ဆင်ရန်
• ဒေသခံ အလုပ်ရှင်များလိုအပ်သည့် ကျွမ်းကျင်မှုများ ရရှ ိရန်
• အလုပ်တစ်ခုကို ရှာဖွေရန်နှင့် တည်မြဲစေရန်

jobactive အတွက် ကျွန်ုပ် အရည်အချင်းပြည့်မီ
အကျ ုံးဝင်သလား
Newstart ထောက်ပံ့ကြေး၊ လူငယ်ထောက်ပံ့ကြေး (အခြား)၊ သို့မဟုတ်
မိဘများကို ထောက်ပံ့ကူညီငွေ ကဲ့သို့သော ဝင်ငွေထောက်ကူမှု
ပေးငွေတစ်ရပ်ကို သင် လက်ခံရရှ ိ နေပြီး နှစ်ဦးနှစ်ဖက် တာဝန်လိုအပ်ချက်များ
ရှ ိနေလျှင် jobactive ဝန်ဆောင်မှုများကို ယေဘုယျ အားဖြင့် ရရှ ိ နိုင်သည်။
နှစ်ဦးနှစ်ဖက် တာဝန်များမှာ သင် ထောက်ပံ့ငွေ ရရှ ိနေသည့်အတွက်
အပြန်အလှန်အား ဖြင့် သင် လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်ရှာခြင်း
ကဲ့သို့သော အရာအချ ို့ဖြစ်သည်။


သြစတြေးလျ အစိုးရ Department of Human Services (လူသား
ရေးရာ ဝန်ဆောင်မှုများဌာန) သည် သင်၏ အခြေအနေများနှင့် jobactive
အရည်အချင်း ပြည့်မီမှုကို အကဲဖြတ်လိမ့်မည်ဖြစ်ပြီး သင့်အား jobactive
ပေးအပ်သူထံသို့ လွှ ဲပြောင်းပေးအပ်လိမ့် မည်။
သင်သည် ဝင်ငွေ ထောက်ကူမှု ရယူမနေလျှင် သို့မဟုတ် ဝင်ငွေ
ထောက်ကူမှု ရယူနေပြီး နှစ်ဦးနှစ်ဖက် တာဝန်များမရှ ိလျှင် အောက်ပါ
အခြေအနေများတွင် jobactive ဝန်ဆောင်မှုများအတွက် သင် စေတနာ့ဝန်ထမ်း
လုပ်ဆောင်နိုင်လိမ့်မည်။
• သင် အချ ိန်ပြည့် အလုပ်မလုပ် သို့မဟုတ် ပညာသင်ယူမနေလျှင်၊
• သြစတြေးလျ၌ အလုပ်လုပ်ခွင့် သင့်တွင် ရှ ိလျှင်
မည်သည့် အကူအညီကို ကျွန်ုပ် ရနိုင်သနည်း။
အလုပ်တစ်ခု ရှာဖွေရန်နှင့် တည်မြဲစေရန် သင့်အား ကူညီရန်
အကဲဖြတ်ထားသည့် သင့် လိုအပ်ချက်များအတွက် ၎င်းတို့၏ ဝန်ဆောင်မှုကို
အံဝင်ခွင်ကျစီမံပေးနိုင်သည့် ပြောင်းလွယ်ပြင်လွယ်ရှ ိမှု jobactive
ဆောင်ရွက်ပေးသူများတွင် ရှ ိသည်။
သင်၏ jobactive ပေးအပ်သူသည် အလုပ်ရှာဖွေရန် သင့်အား ကူညီရန်နှင့်
အောက်ပါတို့ ပါဝင်နိုင်သည့် Job Plan (အလုပ် အစီအစဉ်) ကို ရေးဆွဲရန်
သင်နှင့် တွေ့ဆုံလိမ့်မည်။
• ဒေသခံ အလုပ်ရှင်များ ရှာဖွေနေသည့် ကျွမ်းကျင်မှုများ ရရှ ိရန် သင့်အား
ကူညီမည့် လုပ်ငန်းစဉ်များ
• သက်ဆိုင်သော နေရာများတွင် သက်မွေးဝမ်း ကျောင်း မဟုတ်သော
ကိစ္စရပ်များကို ကျော်လွှားရန် သို့မဟုတ် စီမံခန့်ခွဲရန် သင့်အား
ကူညီလိမ့်မည်။
• လစဉ် အလုပ် ၂၀ အထိ ရှာဖွေခြင်း – သင့်အခြေအနေများနှင့် ဒေသဆိုင်ရာ
အလုပ်သမား စျေးကွက် အခြေအနေများ အလိုက် ဤအရေ အတွက်ကို
အံဝင်ခွင်ကျဖြစ်အောင် သင်၏ jobactive ပေးအပ်သူက စီမံပေးနိုင်သည်။
• နှစ်စဉ် ခြောက်လကြာ Work for the Dole (အလုပ် လက်မဲ့
ထောက်ပံ့ကြေးရခြင်းအတွက် အလုပ် လုပ်ပေး ရသည့် အစီအစဉ်) သို့မဟုတ်
ခွင့်ပြုထားသော နောက် ထပ် လှုပ်ရှားဆောင်ရွက်မှု တစ်ခု (ဥပမာ အချ ိန်ပိုင်း
အလုပ်၊ သင့်လျှော်သော သင်ရိုးတစ်ခုတွင် အချ ိန်ပိုင်း ပညာသင်ယူမှု၊
တရားဝင် အသိအမှတ်ပြုထားသော ဘာသာစကား၊ စာတတ် မြောက်မှုနှင့်
အတွက်အချက်ပညာ သင်တန်း သို့မဟုတ် စေတနာ့ဝန်ထမ်း အလုပ်တွင်
ပါဝင်ခြင်း)
အလုပ်တစ်ခု ရှာဖွေရန်နှင့် တည်မြဲရန် သင့်အား ကူညီရန် သင့် jobactive
ပေးအပ်သူသည် သင် အလုပ်စတင်ပြီးနောက် အလုပ်နှင့် ဆက်နွှယ်နေ သော
ပစ္စည်းများ၊ ပညာရှင်ဝန်ဆောင်မှုများ၊ သက်ဆိုင် ရာ သင်တန်းနှင့် ပံ့ပိုးမှုအတွက်
ပေးချေရန် ရန်ပုံငွေထောက်ပံ့မှုကို ရယူအသုံးပြုနိုင်သည်။
လုပ်ငန်းခွင့်ပတ်ဝန်းကျင်အပေါ် စိုးရိမ်မှုများရှိနေလျှင့်
မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။
သင်၏ Work for the Dole အိမ်ရှင်အဖွ ဲ့အစည်းက လုပ်ငန်းခွင့်
ကျန်းမာရေးနှင့် လုံခြုံမှုဆိုင်ရာကိစ္စရပ်များ နှင့် အခြားသော စိုးရိမ်မှုများကို
မည်ကဲ့သို့ တင်ပြရမည် ကို သင့်အား ပြောပြသင့်ပါသည်။ သင်၏ စိုးရိမ်မှုများ
ကို သင်၏အိမ်ရှင်အဖွ ဲ့အစည်းက ကိုင်တွယ်ဆောင် ရွက်မှုပုံစံအပေါ်
ကျေနပ်မှုမရှိလျှင် သင်၏ jobactive ဆောင်ရွက်ပေးသူထံ ဆက်သွယ်ပါ။
သင်၏ ပေးအပ်သူသည် သင့်အား အစိုးရ၏ အခြား အစီအစဉ်
များစွာနှင့်လည်း ချ ိတ် ဆက်ပေးနိုင်သည်။ ၎င်းအစီအစဉ်များတွင်
ရွှေ့ပြောင်းအခြေချမှုအကူအညီ၊ လုပ်ခ ထောက်ပံ့ကြေးများ၊ သင်တန်းများ၊
အလုပ်သင် လုပ်ငန်းများနှင့် New Enterprise Incentive Scheme (NEIS)
(လုပ်ငန်းသစ် မက်လုံးအစီအစဉ် NEIS) ဖြင့် လုပ်ငန်းတစ်ခု စတင်ရန်
အကူအညီများ ပါဝင်သည်။
EM15-0117
မည်သည့် ကိရိယာများကို ကျွန်ုပ် ရနိုင်သနည်း။
သင် အလုပ်ရှာရာတွင် ကူညီရန် သင်၏ jobactive ပေးအပ်သူသည်
သင့်အား ၎င်းတို့၏ ရုံးတွင် ကွန်ပျူ တာများ၊ အင်တာနက်နှင့် ပရင်တာများကို
ရယူသုံးစွဲ ခွင့် ပေးလိမ့်မည်။ အလုပ်ရှာရန်နှင့် လျှောက်ထား ရန်၊ သင့်
ကိုယ်ရေးရာဇဝင်အကျဉ်းကို အသစ်မွမ်းမံရန်နှင့် ပုံနှ ိပ်ရန် ဤပံ့ပိုး ပစ္စည်းများကို
သင် အသုံးပြုနိုင်သည်။
jobactive အင်တာနက်စာမျက်နှာ www.jobactive.gov.au တွင်လည်း သင်
အလုပ်ရှာ ဖွေနိုင်ပြီး အွန်လိုင်း ဝန်ဆောင်မှုများကို ရယူအသုံးပြု နိုင်သည်
သို့မဟုတ် အခမဲ့ Job Seeker JobSearch အပလီကေးရှင်း (iTunes နှင့်
Google Play မှ ရရှ ိနိုင်သည်) ဖြင့် ရှာဖွေနိုင်သည်။
သင်၏ myGov အကောင့်ကို JobSearch အကောင့် နှင့် ချ ိတ်ဆက်ခြင်းဖြင့်
သင်အလုပ်လျှောက်ထားမှုများ ကို ခြေရာခံနိုင်သည်၊ အလုပ်ပေးအပ်
သူများနှင့် တွေ့ဆုံများကို စီမံခန့်ခွဲနိုင်သည်၊ အလုပ် ခေါ်စာများ ရရှ ိနိုင်ပြီး သင့်
ကိုယ်ရေးရာဇဝင်အကျဉ်းကို စီမံနိုင်သည်။ ၎င်းတို့အားလုံးကို သင်၏စားပွ ဲပေါ် မှ
လုပ်ဆောင်နိုင်သည်။
သင်နှင့် သင့်လျှော်သော အလုပ်အမျ ိုး အစားများအပြင် လုပ်ငန်းအချ ို့ တွင်
လူမည်မျှကို ခန့် ထားပြီး ၎င်းတို့ မည်မျှ ဝင်ငွေရရှ ိကြသည်တို့ ကဲ့သို့ သော
အသုံးဝင်သည့် အချက်အလက်နှင့် ပတ်သက်၍ သင် သိရှ ိရန် Career Quiz
အပလီကေးရှင်းက သင့် အားကူညီနိုင်သည်။ Career Quiz ကို
သင့် အပလီကေးရှင်းစတိုးမှ ဒေါင်းလုပ် လုပ်နိုင် သည် သို့မဟုတ်
www.joboutlook.gov.au/careerquiz သို့ ဝင်ကြည့်ပါ။
ကျွန်ုပ်ထံမှ မည်သည့်အရာကို မျှော်လင့်ထားသနည်း။
သင်သည် ဝင်ငွေ ထောက်ကူမှု ပေးငွေတစ်ရပ်ကို ရယူနေပြီး နှစ်ဦး နှစ်ဖက်
တာဝန်များရှ ိလျှင် သင်သည် Job Plan (အလုပ် အစီအစဉ်) တစ်ခုကိုရေးဆွ ဲရန်
လိုအပ်ပြီး အောင်ပါစာရင်း ပြုစုထားသည့် လုပ်ဆောင်မှုများ အားလုံးကို
ပြီးစီးအောင် ပြုလုပ်ရန် လိုအပ်လိမ့်မည်။
• တစ်လလျှင် လိုအပ်သော အလုပ်ရှာဖွေမှု အရေအတွက်ကို လုပ်ဆောင်ခြင်း
နှင့်
• Work for the Dole (အလုပ်လက်မဲ့ ထောက်ပံ့ကြေးရ ခြင်း အတွက်
အလုပ်လုပ်ပေးရသည့် အစီအစဉ်) သို့မဟုတ် ခွင့်ပြုထားသော နောက်ထပ်
လုပ်ငန်း တစ်ခုတွင် နှစ်စဉ် ခြောက်လ ကြာ လုပ်ရခြင်းတို့ ဖြစ်ပါသည်။
သင့်ဒေသခံအရပ်ရှ ိ တိကျ သော အလုပ်များသို့ သင် အလုပ်ရရှိရေး ကူညီပေးသူ
မှ လွှ ဲပြောင်းပေးမှုအတိုင်း သင် ဆောင်ရွက်ရန်လိုသည်။
သင်၏ နှစ်ဦးနှစ်ဖက် တာဝန် လိုအပ်ချက်များကို ပြည့်မီရန် သင့်အား ကူညီရန်
သင်၏ jobactive ပေးအပ်သူက ရှင်းပြပြီး သင်နှင့် အတူ အလုပ် လုပ်လိမ့်မည်။
ဝန်ဆောင်မှု ပေးအပ်ခြင်းအတွက် မျှော်လင့်ချက်များ
အလုပ်ရှာသူများနှင့် အလုပ်ရှင်များအတွက် အရည်အသွေးပြည့် ဝန်
ဆောင်မှုများကို ပေးအပ်ရန် jobactive ပေးအပ်သူများအား သြစတြေးလျ
အစိုးရက မျှော်လင့်ထားသည်။
အလုပ်ရှာဖွေ ပေးအပ်သူ၏ ဝန်ဆောင်မှုလိုအပ်ချက် များကို
သတ်မှတ်ထားသော Service Guarantees (ဝန်ဆောင်မှု အာမခံချက်များ)
ကို www.employment.gov.au တွင် တွေ့နိုင်သည်။
jobactive ပေးအပ်သူများသည် ဝန်ဆောင်မှု အာမခံချက်များနှင့် ၎င်း တို့၏
ဝန်ဆောင်မှု ပေးအပ်မှု အစီအစဉ်များကို ၎င်းတို့၏ ရုံးများတွင် ပြသထားရန်နှင့်
အလုပ်ရှာသူများနှင့် အလုပ်ရှင်များအတွက် ရရှ ိနိုင် အောင် ပြုလုပ်ရန်
လိုအပ်သည်။ ၎င်းတို့၏ အစီအစဉ်များကို www.jobsearch.gov.au တွင်လည်း
ပုံနှ ိပ်ထုတ်ဝေထားပါသည်။
ဤအချက်အလက်စာလွှာနှင့် ပတ်သက်၍ သင်
အကူအညီ လိုအပ်ပါသလား။
သင် စကားပြန်တစ်ယောက်လိုအပ်ပါက ကျေးဇူးပြု၍ ဘာသာပြန်
ခြင်းနှင့် စကားပြန်ခြင်း ဝန်ဆောင်မှု (TIS) 131 450* ကို ဖုန်းဆက်ပြီး
13 62 68* ကို တောင်းခံပါ။
သင် အကြားအာရုံချ ို့ယွင်းနေပါက သို့မဟုတ် အကြားအာရုံ သို့မဟုတ်
စကားပြောဆိုမှု ချွတ်ယွင်းခြင်းရှ ိနေပါက သင်သည် National Relay
Service (တစ်ပြည်လုံးဆိုင်ရာ လက်ဆင့်ကမ်း ဝန်ဆောင်မှု) ကို သင်
အသုံးပြု နိုင်ပါသည်။ သတင်း အချက်အလက်များ ပိုမိုသိရှ ိလိုပါက
www.relayservice.com.au* ကို ဝင်ရောက် ကြည့်ရှုပါ။

  • ‘13’ နံပါတ်များအား လက်ကိုင်ဖုန်းများမှ ခေါ်ဆိုမှု များအတွက် ခေါ်ဆိုခ
    ကျသင့်မည်ဖြစ်ကြောင်း သတိ ပြုပါ။
    သတင်းအချက်အလက်များ ပိုမိုသိရှ ိလိုပါသလား။
    www.employment.gov.au/jobactive ကို ဝင်ကြည့်ပါ။
    အလုပ်အကိုင်ခန့်ထားရေး ဝန်ဆောင်မှု များ အချက်အလက် ဖုန်းလိုင်း
    13 62 68* ကို ဖုန်းဆက်ပါ သို့မဟုတ် သင်သည် jobactive သို့မဟုတ်
    Disability Employment Services (မသန်မစွမ်း အလုပ်အကိုင်
    ဝန်ဆောင်မှု) တွင် မှတ်ပုံတင်ပြီးဖြစ်ပါက ိ သင့်အား အလုပ်အကိုင်ရှာဖွေ
    ရန်ကူညီမည့်သူကို ပြော ဆိုပါ။

  • www.employment.gov.au/jobactive တွင် ဒေသ တွင်းရှိ jobactive
    ပေးအပ်သူကို ရှာဖွေပါ။

source: https://docs.employment.gov.au/system/files/doc/other/burmese_jobactive_helping_you_find_work_final.pdf

Leave a Comment