နိဒါန်း …
၁။ အခန်း () နိုင်ငံတော်အခြေခံမူများ

၂။ အခန်း () နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၁၃
၃။ အခန်း () နိုင်ငံတော်အကြီးအကဲ၁၉
၄။ အခန်း () ဥပဒေပြုရေး၂ရ
၅။ အခန်း () အုပ်ချုပ်ရေး၇၅
၆။ အခန်း () တရားစီရင်ရေး၁၂၅
၇။ အခန်း () တပ်မတော်၁၄၈
၈။ အခန်း () နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၁၄၉
၉။ အခန်း () ‌ရွေးကောက်တင်မြှောက်ခြင်း၁၅ရ
၁ဝ။ အခန်း (၁ဝ) နိုင်ငံရေးပါတီများ၁၆၃
၁၁။ အခန်း (၁၁) ရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ၁၆၅
၁၂။ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၁၇၃
၁၃။ အခန်း (၁၃) နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ် သီချင်းနှင့်မြို့တော်၁၇၅
၁၄။ အခန်း (၁၄) ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များ၁၇ရ
၁၅။ အခန်း (၁၅) ထွေထွေပြဋ္ဌာန်းချက်များ၁၇၉

နိဒါန်း

မြန်မာနိုင်ငံ‌တော်သည် သမိုင်းအစဉ်အလာကြီးမား‌သော နိုင်ငံ‌တော်ဖြစ်‌ပေသည်။ ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအ‌ပေါင်းတို့သည် စည်းလုံးညီညွတ်စွာ တစ်သားတည်း ‌နေထိုင်လာခဲ့ကြပြီး အချုပ်အခြာအာဏာပိုင် လွတ်လပ်‌သောနိုင်ငံအဖြစ် ထူ‌ထောင်ကာ ထည်ဝါစွာ ရပ်တည်ခဲ့ကြ‌ပေသည်။

ကိုလိုနီနယ်ချဲ့တို့၏ကျူး‌ကျော်မှု‌ကြောင့် ၁၈၈၅ ခုနှစ်တွင် နိုင်ငံ‌တော်အာဏာ လုံးဝလက်လွတ်ဆုံးရှုံးခဲ့ရ‌ပေသည်။ တိုင်းရင်းသားပြည်သူအ‌ပေါင်းတို့သည် စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် နယ်ချဲ့ဆန့်ကျင်‌ရေးနှင့် အမျိုးသားလွတ်‌မြောက်‌ရေးတိုက်ပွဲများကို အသက်‌ပေါင်း များစွာစ‌တေး၍ ဆင်နွှဲခဲ့ကြ‌သော‌ကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်‌နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်‌သောနိုင်ငံ‌တော်အဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့‌ပေသည်။

လွတ်လပ်‌ရေးအမြန်ရရှိရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအ‌ခြေခံဥပ‌ဒေကို အလျင်အမြန် ‌ရေးဆွဲကာ ၁၉၄ရ ခုနှစ် စက်တင်ဘာလ ၂၄ ရက်‌နေ့တွင် တိုင်းပြည်ပြုလွှတ်‌တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး လွတ်လပ်‌ရေးရရှိ‌သောအခါ နိုင်ငံ‌တော်တွင် အဆိုပါ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေဖြင့် ပါလီမန်ဒီမိုက‌ရေစီစနစ်ကို ‌ဖော်‌ဆောင်ကျင့်သုံးခဲ့ကြ‌ပေသည်။ သို့ရာတွင် နိုင်ငံ‌တော်၌ ဒီမိုက‌ရေစီစနစ်ကို ပီပြင်စွာ ကျင့်သုံးနိုင်မှုမရှိသဖြင့် ၁၉၇၄ ခုနှစ်တွင် တစ်ပါတီပုံစံကိုအ‌ခြေခံလျက် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတစ်ရပ်ကို ‌ရေးဆွဲပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုပြဋ္ဌာန်းကာ ဆိုရှယ်လစ်ဒီမိုက‌ရေစီ နိုင်ငံ‌တော်အဖြစ် ကြိုးပမ်းတည်‌ထောင်ခဲ့ပြန်‌ပေသည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံ‌တော်၌ ဖြစ်‌ပေါ်လာသည့် အ‌ခြေအ‌နေအရပ်ရပ်‌ကြောင့် အဆိုပါဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေမှာလည်း ရပ်ဆိုင်းသွားခဲ့ရသည်။

ထို့‌နောက် နိုင်ငံ‌တော်‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီက ပြည်သူများ၏ လိုအင်ဆန္ဒနှင့်အညီ ပါတီစုံဒီမိုက‌ရေစီစနစ်နှင့် ‌ဈေးကွက်စီးပွား‌ရေးစနစ်တို့ကို မိမိနိုင်ငံနှင့် လိုက်‌လျောညီ‌ထွေစွာ ထူ‌ထောင်နိုင်ရန်အတွက် ကြိုးပမ်းတည်‌ဆောက်‌ပေးခဲ့‌ပေသည်။

အနာဂတ်နိုင်ငံ‌တော်တွင် ‌ရေရှည်အကျိုးရှိပြီး ခိုင်မာသည့် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ တစ်ရပ် မရှိမဖြစ်လိုအပ်သည့်အတွက် နိုင်ငံ‌တော်‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ သည် ၁၉၉၃ ခုနှစ်မှစ၍ အမျိုးသားညီလာခံကို ‌ခေါ်ယူကျင်းပ‌ပေးခဲ့သည်။

အမျိုးသားညီလာခံတွင် နိုင်ငံ‌ရေး၊ လုံခြုံ‌ရေး၊ အုပ်ချုပ်‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေးနှင့် ဥပ‌ဒေ‌ရေးရာစသည့် ရှု‌ထောင့်မျိုးစုံမှ အ‌တွေ့အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ နိုင်ငံ‌တော်အတွင်းတည်ရှိသည့် မြို့နယ်အားလုံးမှ တိုင်းရင်းသားကိုယ်စားလှယ်များလည်း ပါဝင်ခဲ့ကြ‌ပေသည်။

အမျိုးသားညီလာခံကျင်းပရာတွင် အခက်အခဲအ‌နှောင့်အယှက်များ ကြုံ‌တွေ့ခဲ့ရ ‌သော်လည်း ၂ဝဝ၃ ခုနှစ်တွင် ချမှတ်ခဲ့‌သော နိုင်ငံ‌တော်‌ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်

(၇) ရပ်နှင့်အညီ အမျိုးသားညီလာခံကို ၂ဝဝ၄ ခုနှစ်တွင် မဆုတ်မနစ်‌သော ဇွဲလုံ့လဖြင့် ဆက်လက်ကျင်းပခဲ့ရာ ခိုင်မာ‌သော နိုင်ငံ‌တော်ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတစ်ရပ် ‌ပေါ်‌ပေါက် ရန်အတွက် အ‌ခြေခံရမည့်မူများနှင့် အ‌သေးစိတ်အ‌ခြေခံရမည့်မူများကို အနှစ်သာရပြည့်ဝစွာ ချမှတ်နိုင်ခဲ့ကြသဖြင့် ၂ဝဝရ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်‌နေ့တွင် အမျိုးသားညီလာခံသည် ‌အောင်မြင်စွာ ပြီး‌မြောက်ခဲ့‌ပေသည်။

ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအ‌ပေါင်းတို့သည် အမျိုးသားညီလာခံက ချမှတ်‌ပေးခဲ့ သည့် အ‌ခြေခံမူများနှင့် အ‌သေးစိတ်အ‌ခြေခံရမည့်မူများနှင့်အညီ ဤပြည်‌ထောင်စု သမ္မတမြန်မာနိုင်ငံ‌တော် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ‌ရေးဆွဲခဲ့ကြ‌ပေသည်။

ကျွန်ုပ်တို့တိုင်းရင်းသားပြည်သူအ‌ပေါင်းတို့သည်

– ပြည်‌ထောင်စုမပြိုကွဲ‌ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲ‌ရေးနှင့်  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ‌ရေးဟူ‌သော ဦးတည်ချက်များကို  အစဉ်တစိုက် မမှိတ်မသုန် စွဲမြဲစွာ ခံယူ‌စောင့်ထိန်းသွားကြမည်ဟု သန္နိဋ္ဌာန် ချမှတ်၍လည်း‌ကောင်း၊

– နိုင်ငံ‌တော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူ‌သော  ‌လောကပါလတရားများ ထွန်းကား‌စေလျက် တိုင်းရင်းသားပြည်သူအများ  ငြိမ်းချမ်းသာယာဝ‌ပြော‌ရေးကို တည်တံ့ခိုင်မြဲ‌အောင် စဉ်ဆက်မပြတ်  ‌ဆောင်ရွက်ထိန်းသိမ်းသွားကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်း‌ကောင်း၊

– နိုင်ငံ‌တော်အတွင်း လူမျိုး‌ရေးတန်းတူမှုဖြင့် စစ်မှန်‌သော မျိုးချစ်စိတ်ဓာတ်  ဖြစ်သည့် ပြည်‌ထောင်စုစိတ်ဓာတ်ကို ခိုင်မြဲစွာ‌မွေးမြူလျက် ထာဝစဉ် စည်းလုံး  ညီညွတ်စွာ အတူတကွ လက်တွဲ‌နေထိုင်ကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍  လည်း‌ကောင်း၊

– ကမ္ဘာ့ငြိမ်းချမ်း‌ရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ‌ပေါင်းသင်း ဆက်ဆံ‌ရေး  ကို ‌ရှေးရှုလျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ‌နေထိုင်‌ရေးမူများကို ‌စောင့်ထိန်းရန်  အစဉ်ကြိုးပမ်းကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်း‌ကောင်း၊

ဤပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော် ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေကို သက္ကရာဇ် ၁၃၇ဝ ပြည့်နှစ်၊ ကဆုန်လပြည့်‌ကျော် ၁ဝ ရက် (ခရစ်နှစ် ၂ဝဝ၈ ခုနှစ်၊ ‌မေလ ၂၉ ရက်) ‌နေ့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌာန်းလိုက်ကြသည်။

 
 


 
 

အခြားစိတ်ဝင်စားစရာများ။