အခန်း (၁၃)

နိုင်ငံတော် အလံ၊ အထိမ်းအမှတ် တံဆိပ်၊ သီချင်းနှင့် မြို့တော်

၄၃၇။ (က) နိုင်ငံ‌တော်အလံသည် ‌အောက်တွင်‌ဖော်ပြထားသည့်အတိုင်းဖြစ်သည်၊

(ခ) နိုင်ငံ‌တော်အလံနှင့် စပ်လျဉ်း၍ ဥပ‌ဒေပြဋ္ဌာန်းရမည်။
၄၃၈။ (က) နိုင်ငံ‌တော်အထိမ်းအမှတ်တံဆိပ်သည် ‌အောက်ပါအတိုင်းဖြစ်သည်၊


(ခ) နိုင်ငံ‌တော်အထိမ်းအမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ ဥပ‌ဒေပြဋ္ဌာန်းရမည်။

၄၃၉။ (က)နိုင်ငံ‌တော်သီချင်းအဖြစ် ‌အောက်‌ဖော်ပြပါ လက်ရှိ နိုင်ငံ‌တော်သီချင်းကို သတ်မှတ်သည်၊

တရားမျှတ-လွတ်လပ်ခြင်းနဲ့မ‌သွေ
တို့ပြည်-တို့‌မြေ
များလူခပ်သိမ်း-ငြိမ်းချမ်း‌စေဖို့
ခွင့်တူညီမျှ-ဝါဒဖြူစင်တဲ့ပြည်
တို့ပြည်-တို့‌မြေ
ပြည်‌ထောင်စုအ‌မွေ-အမြဲတည်တံ့‌စေ
အဓိဋ္ဌာန်ပြု‌ပေ-ထိန်းသိမ်းစို့‌လေ။
(ကမ္ဘာမ‌ကျေ-မြန်မာပြည်
တို့ဘိုးဘွားအ‌မွေစစ်မို့-ချစ်မြတ်နိုး‌ပေ)၂
ပြည်‌ထောင်စုကို-အသက်‌ပေးလို့-တို့ကာကွယ်မ‌လေ။
ဒါတို့ပြည်-ဒါတို့‌မြေ-တို့ပိုင်နက်‌မြေ။
တို့ပြည်-တို့‌မြေ-အကျိုးကို ညီညာစွာ-တို့တစ်‌တွေ
ထမ်း‌ဆောင်ပါစို့‌လေ-တို့တာဝန်‌ပေ
အဖိုးတန်‌မြေ။

(ခ) နိုင်ငံ‌တော်သီချင်းနှင့် စပ်လျဉ်း၍ ဥပ‌ဒေပြဋ္ဌာန်းရမည်။

၄၄ဝ။ ‌နေပြည်‌တော်သည် နိုင်ငံ‌တော်၏ မြို့‌တော် ဖြစ်သည်။

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။