ဇယား (၂)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း

(ပုဒ်မ ၁၈၈ ကိုရည်ညွှန်းသည်)

၁။
(က)    တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်အရအသုံးခန့်မှန်း‌ခြေ‌ငွေစာရင်း၊
(ခ) တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံ‌ငွေ၊
(ဂ) ‌မြေယာခွန်၊

(ဃ)    ယစ်မျိုးခွန် (မူးယစ်‌ဆေးဝါးနှင့် စိတ်ကို‌ပြောင်းလဲ‌စေတတ်သည့် ‌ဆေးဝါးများ မပါ)၊
(င)    အ‌ဆောက်အအုံနှင့် ‌မြေခွန်၊ ‌ရေခွန်၊ လမ်းမီးခွန်၊ ဘီးခွန်စသည့် စည်ပင် သာယာ‌ရေးဆိုင်ရာ အခွန်အခများ၊
(စ)    တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ ဝန်‌ဆောင်မှုလုပ်ငန်းများ၊
(ဆ)    တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်ပိုင်ပစ္စည်းများ ‌ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့်‌ဆောင်ရွက်ခြင်း၊
(ဇ)    တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံ‌ငွေများ ပြည်တွင်း၌ထုတ်‌ချေး ခြင်း၊
(ဈ)    တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံ‌ငွေများ ပြည်တွင်း၌ ရင်းနှီး မြှုပ်နှံခြင်း၊
(ည) ‌ဒေသန္တရစီမံကိန်း၊
(ဋ) အ‌သေးစား‌ငွေ‌ချေးလုပ်ငန်း။

၂။
(က)    ပြည်‌ထောင်စုက ပြဋ္ဌာန်းသည့် ဥပ‌ဒေနှင့်အညီ တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ‌ဆောင်ရွက်သည့် စီးပွား‌ရေးကိစ္စများ၊
(ခ)    ပြည်‌ထောင်စုက ပြဋ္ဌာန်းသည့် ဥပ‌ဒေနှင့်အညီ တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ‌ဆောင်ရွက်သည့် ကူးသန်း‌ရောင်းဝယ်‌ရေးကိစ္စများ၊

(ဂ)ပြည်‌ထောင်စုက ပြဋ္ဌာန်းသည့် ဥပ‌ဒေနှင့်အညီ တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ‌ဆောင်ရွက်သည့် သမဝါယမကိစ္စများ။
၃။
(က)    လယ်ယာစိုက်ပျိုး‌ရေး၊
(ခ)    အပင်နှင့်သီးနှံဖျက်ပိုးမွှား‌ရောဂါ ကာကွယ်‌ရေးနှင့် နှိမ်နင်း‌ရေး၊
(ဂ)ဓာတ်‌မြေဩဇာ စနစ်တကျ သုံးစွဲ‌ရေးနှင့် သဘာဝ‌မြေဩဇာများ စနစ်တကျ ထုတ်လုပ်သုံးစွဲ‌ရေး၊
(ဃ)    စိုက်ပျိုး‌ရေး ‌ချေး‌ငွေနှင့် စု‌ငွေများ၊
(င)    တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိ‌သော ဆည်‌မြောင်း၊ တာတမံ၊ ‌ရေကန်၊ ‌ရေနုတ်‌မြောင်းနှင့် စိုက်ပျိုး‌ရေရရှိ‌ရေးလုပ်ငန်းများ၊
(စ)    ‌ရေချိုငါးလုပ်ငန်း၊
(ဆ)    ပြည်‌ထောင်စုက ပြဋ္ဌာန်းသည့် ဥပ‌ဒေနှင့်အညီ တိရစ္ဆာန်‌မွေးမြူ‌ရေးနှင့် စနစ် တကျ ထိန်း‌ကျောင်း‌ရေး။

၄။
(က)    ပြည်‌ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး‌ရေးမှအပ မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်ခြင်းမရှိ‌သော တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် အလတ်စားနှင့် အ‌သေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး‌ရေး၊
(ခ)    ဆားနှင့်ဆားထွက်ပစ္စည်း၊
(ဂ)တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ‌ကျောက်မျက်ရတနာ ဖြတ် ‌တောက်ခြင်း၊ ‌သွေးခြင်း၊
(ဃ)    ‌ကျေးရွာထင်းစိုက်ခင်း၊
(င)    အပန်း‌ဖြေစခန်းများ၊ တိရစ္ဆာန်ဥယျာဉ်၊ ရုက္ခ‌ဗေဒဥယျာဉ်။

၅။
(က)    ပြည်‌ထောင်စုအဆင့်က ‌ဆောင်ရွက်ရန် သတ်မှတ်ထားသည့် စက်မှုလုပ်ငန်း များမှအပ အခြားစက်မှုလုပ်ငန်းများ၊
(ခ)    အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ။

၆။
(က)    တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် ဆိပ်ကမ်းများ၊ သ‌ဘေင်္ာဆိပ်များ၊ ဆိပ်ခံများ၊
(ခ)    တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့်လမ်းများ၊ တံတားများ၊

(ဂ)တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းသာ သွားလာသည့် ပုဂ္ဂလိက ယာဉ်များ စနစ်တကျ‌ပြေးဆွဲနိုင်‌ရေး။
၇။
(က)    ပြည်‌ထောင်စုက ချမှတ်ထားသည့် တိုင်းရင်း‌ဆေးဆိုင်ရာ မူဝါဒများနှင့် မဆန့်ကျင်‌သော တိုင်းရင်း‌ဆေးဆိုင်ရာကိစ္စများ၊
(ခ) တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း လူမှုဝန်ထမ်းလုပ်ငန်းများ၊ (ဂ) မီး‌ဘေးနှင့် သဘာဝ‌ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်‌ရေး၊
(ဃ)    ကုန်တင်ကုန်ချလုပ်ငန်း၊
(င)    တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် –
(၁)    ယဉ်‌ကျေးမှုအ‌မွေအနှစ်များထိန်းသိမ်း‌ရေး၊
(၂)    ပြတိုက်နှင့်စာကြည့်တိုက်များ။
(စ)    ဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့် ဗီဒီယိုရုံ၊
(ဆ)    ဓာတ်ပုံ၊ ပန်းချီ၊ ပန်းပု စသည့်ပြပွဲများ။

၈။
(က)    စည်ပင်သာယာ‌ရေး၊
(ခ) မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်‌ရေး၊ (ဂ) ဂုဏ်ထူး‌ဆောင်လက်မှတ်များနှင့် ဂုဏ်ထူး‌ဆောင်ဆုပစ္စည်းများ။

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။