ကွန်ပျူတာပညာ ဖွံ့ဖြိုး‌ရေးဥပ‌ဒေ

 

 

 

(နိုင်ငံ‌တော် ငြိမ်ဝပ်ပိပြားမှု တည်‌ဆောက်‌ရေးအဖွဲ့ ဥပ‌ဒေအမှတ် ၁ဝ/၉၆)

 

၁၃၅၈ ခုနှစ်၊ ‌တော်သလင်းလဆန်း ၈ ရက်

 

(၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ ၂ဝ ရက်)

 

 

 

နိုင်ငံ‌တော်ငြိမ်ဝပ်ပိပြားမှုတည်‌ဆောက်‌ရေးအဖွဲ့သည် ‌အောက်ပါဥပ‌ဒေကို ပြဌာန်း လိုက်သည်။

 

 

 

အခန်း (၁) အမည်နှင့်အဓိပ္ဋာယ် ‌ဖော်ပြချက်

 

၁။ ဤဥပ‌ဒေကို ကွန်ပျူတာပညာဖွံ့ဖြိုး‌ရေးဥပ‌ဒေဟု‌ခေါ်တွင်‌စေရမည်။ ၂။ ဤဥပ‌ဒေတွင်ပါရှိ‌သော ‌အောက်ပါစကားရပ်များသည် ‌ဖော်ပြပါအတိုင်း အဓိပ္ဋာယ် သက်‌ရောက်‌စေရမည်-

 

(က) ကွန်ပျူတာ ဆိုသည်မှာ စု‌ဆောင်းထား‌သော အချက်အလက်များကို တိုက်ဆိုင် စိစစ်၍ လိုအပ်‌သောအ‌ဖြေ၊ ပုံစံဇယားတို့ကို တိကျမှန်ကန်စွာ ထုတ်လုပ် ‌ပေးနိုင်သည့် တစ်ဦးချင်းသုံး စက်ငယ်များ၊ အများသုံး အလတ်စား နှင့် အကြီးစား အီလက်ထရွန်နစ် စက်ကိရိယာကို ဆိုသည်။ ယင်းစကားရပ် တွင် ဆက်သွယ်‌ရေး၊စာတိုက်နှင့်‌ကြေးနန်းဝန်ကြီးဌာနက အခါအား‌လျော်စွာ အမိန့် ‌ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်သည့် အီလက်ထရွန်နစ် စက်ကိရိယာ လည်း ပါဝင်သည်၊

 

(ခ) ကွန်ပျူတာအမာထည်(ံ‌မေိတ‌မေန) ဆိုသည်မှာ ကွန်ပျူတာနှင့် ကွန်ပျူတာ တွင် ပါဝင်သည့် စက်ပစ္စည်းများ၊ အရန် စက်ပစ္စည်းများကို ဆိုသည်၊

 

(ဂ) ကွန်ပျူတာအ‌ပျော့ထည်(ှသ်အတ‌မေန) ဆိုသည်မှာ ကွန်ပျူတာကိုလိုအပ်သည့် အတိုင်း ညွှန်ကြားနိုင်ရန် စီစဉ်‌ရေးဆွဲထားသည့် ကွန်ပျူတာပရိုဂရမ်ကို ဆိုသည်၊

 

(ဃ) ကွန်ပျူတာကွန်ရက် ဆိုသည်မှာ ကွန်ပျူတာကိုအသုံးပြု၍ ဂြိုလ်တုမှ တစ်ဆင့် ဖြစ်‌စေ၊ အခြားနည်းပညာတစ်ရပ်ရပ်မှ တစ်ဆင့်ဖြစ်‌စေ ဆက်သွယ်သည့် စနစ်ကို ဆိုသည်၊

 

(င) သတင်းဆိုင်ရာနည်းပညာ ဆိုသည်မှာ သတင်းအချက်အလက်များကို အီလက်ထရွန်နစ်စနစ်ဖြင့် ဖြန့်ချိသည့် နည်းပညာကို ဆိုသည်၊

 

(စ) ကွန်ပျူတာပညာရှင်ဆိုသည်မှာ ပြည်တွင်း သို့မဟုတ် ပြည်ပမှ ကွန်ပျူတာ ပညာဆိုင်ရာဘွဲ့ တစ်ခုခုကိုဖြစ်‌စေ၊ ဘွဲ့ကြိုဒီပလိုမာ သို့မဟုတ် ဘွဲ့လွန် ဒီပလိုမာ တစ်ခုခုကိုဖြစ်‌စေ ရရှိထားသူကိုဆိုသည်။ ယင်းစကားရပ်တွင် ကွန်ပျူတာ ပရိုဂရမ် ‌ရေးသားနည်းများကို တတ်ကျွမ်းသူလည်းပါဝင်သည်၊

 

(ဆ) ကွန်ပျူတာလုပ်ငန်းရှင် ဆိုသည်မှာ ကွန်ပျူတာ အမာထည် သို့မဟုတ် ကွန်ပျူတာ အ‌ပျော့ထည်ကို ပြည်တွင်းတွင် ထုတ်လုပ်‌ရောင်းချခြင်း၊ ပြည်ပသို့ တင်ပို့‌ရောင်းချခြင်း သို့မဟုတ် ပြည်ပမှ ဝယ်ယူတင်သွင်းခြင်း လုပ်ငန်း လုပ်ကိုင်သူကို ဆိုသည်။ ယင်းစကားရပ်တွင် ကွန်ပျူတာစက်ကို ပြုပြင် ထိန်းသိမ်း‌သော ဝန်‌ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ နှင့် ပုဂ္ဂလိက ကွန်ပျူတာ သင်တန်း တည်‌ထောင် ဖွင့်လှစ် လုပ်ကိုင်သူလည်း ပါဝင်သည်၊

 

(ဇ) ကွန်ပျူတာဝါသနာရှင် ဆိုသည်မှာ ကွန်ပျူတာပညာကို စိတ်ဝင်စားပြီး တစ်နည်းနည်းဖြင့် ‌လေ့လာဆည်းပူး‌နေသူကို ဆိုသည်။ ယင်းစကားရပ်တွင် ကွန်ပျူတာကို တစ်နည်းနည်းဖြင့် အသုံးချ‌နေသူလည်း ပါဝင်သည်၊

 

(ဈ)       ‌ကောင်စီ ဆိုသည်မှာ ဤဥပ‌ဒေအရ ဖွဲ့စည်း‌သော မြန်မာနိုင်ငံ ကွန်ပျူတာပညာ ဖွံ့ဖြိုး‌ရေး‌ကောင်စီကို ဆိုသည်၊

 

(ည) အသင်းချုပ် ဆိုသည်မှာ ဤဥပ‌ဒေအရ ဖွဲ့စည်း‌သော မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ကို ဆိုသည်။

 

 

 

 

 

 

 

အခန်း (၂) ရည်ရွယ်ချက်များ

 

၃။ ဤဥပ‌ဒေ၏ ရည်ရွယ်ချက်များမှာ ‌အောက်ပါအတိုင်းဖြစ်သည်-

 

(က)     ‌ခေတ်မီဖွံ့ဖြိုးတိုးတက်‌သော နိုင်ငံ‌တော်ဖြစ်ထွန်း‌ရေးအတွက် ကွန်ပျူတာပညာ ဖြင့် အ‌ထောက်အကူပြုရန်၊

 

(ခ) ကွန်ပျူတာပညာဖွံ့ဖြိုး‌ရေး နှင့် ပြန့်ပွား‌ရေးအတွက် လိုအပ်‌သောအစီအမံများ ကို ချမှတ်‌ဆောင်ရွက်ရန်၊

 

(ဂ) လူငယ်လူရွယ်များ၊ အထူးသဖြင့် ‌ကျောင်းသူ‌ကျောင်းသားများ ကွန်ပျူတာပညာ ‌လေ့လာဆည်းပူးခွင့် ရရှိ‌စေ‌ရေးအတွက် အခွင့်အလမ်းများ ဖန်တီး ‌ပေးရန်၊

 

(ဃ) နိုင်ငံတကာတွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိ‌သော ကွန်ပျူတာပညာရပ်များကို ‌လေ့လာဆည်းပူး၍ နိုင်ငံ‌တော်အတွက် အကျိုးအရှိဆုံး အသုံးချနိုင်ရန်၊

 

(င) လုပ်ငန်းနယ်ပယ် အသီးသီးတွင် ကွန်ပျူတာပညာအသုံးချမှု ကျယ်ကျယ် ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်လာ‌စေရန်၊

 

(စ) ကွန်ပျူတာအ‌ပျော့ထည်များ သို့မဟုတ် သတင်းအချက်အလက်များ ပြည်တွင်းသို့ တင်သွင်းခြင်း နှင့် ပြည်ပသို့ တင်ပို့ခြင်း လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန်။

 

 

 

 

 

 

 

အခန်း (၃)

 

မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုး‌ရေး‌ကောင်စီ ဖွဲ့စည်းခြင်း

 

 

 

၄။ နိုင်ငံ‌တော်ငြိမ်ဝပ်ပိပြားမှု တည်‌ဆောက်‌ရေးအဖွဲ့သည်-

 

(က)     ‌အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်‌သော မြန်မာနိုင်ငံ ကွန်ပျူတာပညာ ဖွံ့ဖြိုး‌ရေး ‌ကောင်စီကို ဖွဲ့စည်းရမည်-

 

(၁) နိုင်ငံ‌တော် ငြိမ်ဝပ်ပိပြားမှု တည်‌ဆောက်‌ရေးအဖွဲ့က ဥက္ကဋ္ဌ တာဝန်‌ပေးအပ်သည့်ပုဂ္ဂိုလ်

 

(၂) သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ကြီးများ အဖွဲ့ဝင်များ သို့မဟုတ် ဒုတိယဝန်ကြီးများ

 

(၃) သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ အကြီးအကဲများ

 

(၄) သင့်‌လျော်သည့် ကွန်ပျူတာပညာရှင်များ အဖွဲ့ဝင်များ

 

(၅) ဒုတိယဝန်ကြီး၊ သိပ္ဋံနှင့်နည်းပညာဝန်ကြီးဌာန အတွင်း‌ရေးမှူး

 

(ခ)       ‌ကောင်စီကို ဖွဲ့စည်းရာတွင် လိုအပ်ပါက ဒုတိယဥက္ကဋ္ဌ နှင့် တွဲဖက် အတွင်း‌ရေးမှူး တို့ကို သတ်မှတ်နိုင်သည်။

 

 

 

၅။ အစိုးရဝန်ထမ်းမဟုတ်‌သော ‌ကောင်စီဝင်များသည် သိပ္ဋံနှင့်နည်းပညာဝန်ကြီးဌာနက သတ်မှတ်သည့် ချီးမြှင့်‌ငွေကို ခံစားခွင့်ရှိသည်။ ၆။ အဆင့်မြင့် သိပ္ဋံနှင့်နည်းပညာ ဦးစီးဌာနသည်-

 

(က)     ‌ကောင်စီ၏ အသုံးစရိတ်များကို ကျခံရမည်၊

 

(ခ)       ‌ကောင်စီ၏ ရုံးလုပ်ငန်းများကို ‌ဆောင်ရွက်‌ပေးရမည်။

 

 

 

 

 

 

 

အခန်း (၄) ‌ကောင်စီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

 

၇။ ‌ကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ ‌အောက်ပါအတိုင်းဖြစ်သည်-

 

(က) နိုင်ငံ‌တော်အတွင်း ‌ခေတ်နှင့်အညီ ကွန်ပျူတာပညာဖွံ့ဖြိုးတိုးတက်လာ‌စေ‌ရေး အတွက် မူဝါဒ ချမှတ်ခြင်း၊ လမ်းညွှန်ခြင်း၊

 

(ခ) နိုင်ငံ‌တော်အတွင်း ကွန်ပျူတာပညာအသုံးချမှု စနစ်တကျ ပြန့်ပွား‌ရေးနှင့် စပ်လျဉ်း၍ မူဝါဒ ချမှတ်ခြင်း၊

 

(ဂ) ကွန်ပျူတာ ကွန်ရက်များနှင့် စပ်လျဉ်း၍ မူဝါဒ ချမှတ်ခြင်း၊ လမ်းညွှန်ခြင်း၊ ထိန်းချုပ်ခြင်း၊

 

(ဃ) လူငယ်လူရွယ်များ၊ အထူးသဖြင့် ‌ကျောင်းသူ ‌ကျောင်းသားများ အ‌ခြေခံ ကွန်ပျူတာပညာ ‌လေ့လာဆည်းပူးနိုင်ခွင့်ရရှိ‌ရေးအတွက် စီမံ‌ဆောင်ရွက်ခြင်း၊

 

(င) သတင်းဆိုင်ရာ နည်းပညာနှင့် စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ လမ်းညွှန်ခြင်း၊ ထိန်းချုပ်ခြင်း၊

 

(စ) ဤဥပ‌ဒေအရ ဖွဲ့စည်း‌သော အသင်းချုပ် နှင့် ကွန်ပျူတာဆိုင်ရာ အသင်း များ၏ လုပ်ငန်း‌ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ကြီးကြပ်ခြင်း၊ လမ်းညွှန်ခြင်း၊

 

(ဆ) ပြည်တွင်းသို့ တင်သွင်းခွင့်မပြု‌သော သို့မဟုတ် ပြည်ပသို့ တင်ပို့ခွင့် မပြု‌သော ကွန်ပျူတာအ‌ပျော့ထည် အမျိုးအစားများ နှင့် သတင်းအချက်အလက်များကို သတ်မှတ်ခြင်း၊

 

(ဇ) နိုင်ငံ‌တော်အတွင်း လုပ်ငန်းနယ်ပယ်အသီးသီးတွင် ကွန်ပျူတာပညာအသုံးချမှု ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်လာ‌စေရန် အစီအမံများ ချမှတ်ခြင်း၊

 

(ဈ) လိုအပ်‌သော ကွန်ပျူတာ ပညာရပ်ဆိုင်ရာ လုပ်ငန်း‌ကော်မတီများ၊ အဖွဲ့များ ဖွဲ့စည်းခြင်း နှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊

 

(ည) ဤဥပ‌ဒေပါ ပြဌာန်းချက်များနှင့်အညီ မဟုတ်ဘဲ ဖွဲ့စည်းတည်‌ထောင်ထား ‌သော သို့မဟုတ် ရပ်တည်‌နေ‌သော ကွန်ပျူတာဆိုင်ရာ အသင်း တစ်ခုခုကို ဖြစ်‌စေ၊ ဤဥပ‌ဒေပါ ပြဌာန်းချက်များ သို့မဟုတ် သက်ဆိုင်ရာအသင်း ဖွဲ့စည်းပုံစည်းမျဉ်း နှင့် အညီ လုပ်ကိုင်‌ဆောင်ရွက်ခြင်း မပြု‌သော ကွန်ပျူတာ ဆိုင်ရာ အသင်း တစ်ခုခုကို ဖြစ်‌စေ ဖျက်သိမ်းခြင်း၊

 

 

 

(ဋ) ဤဥပ‌ဒေပါ ရည်ရွယ်ချက်များ ထ‌မြောက်‌အောင်မြင်‌စေ‌ရေးအတွက် လိုအပ် သည့် လုပ်ငန်းအစီအစဉ်များကို ချမှတ်‌ဆောင်ရွက်ခြင်း။

 

အခန်း (၅) ကွန်ပျူတာဆိုင်ရာအသင်းများ ဖွဲ့စည်းခြင်း

 

၈။ ကွန်ပျူတာဝါသနာရှင်အသင်း အဆင့်ဆင့်ကို ‌အောက်ပါအတိုင်းဖွဲ့စည်းနိုင်သည်-

 

(က) ကွန်ပျူတာ ဝါသနာရှင် အ‌ခြေခံအသင်း၊

 

(ခ) မြို့နယ် ကွန်ပျူတာ ဝါသနာရှင်အသင်း၊

 

(ဂ) ခရိုင် ကွန်ပျူတာ ဝါသနာရှင်အသင်း၊

 

 

 

(ဃ) ပြည်နယ်၊ တိုင်း ကွန်ပျူတာ ဝါသနာရှင်အသင်း၊

 

(င) မြန်မာနိုင်ငံ ကွန်ပျူတာ ဝါသနာရှင်အသင်း။

 

 

 

၉။ (က) ကွန်ပျူတာ ဝါသနာရှင် အ‌ခြေခံအသင်းကို ကွန်ပျူတာဝါသနာရှင်အနည်းဆုံး (၇)ဦးဖြင့် ဖွဲ့စည်းနိုင်သည်၊

 

(ခ) မြို့နယ် ကွန်ပျူတာ ဝါသနာရှင်အသင်းကို ကွန်ပျူတာ ဝါသနာရှင် အ‌ခြေခံ အသင်းများက သတ်မှတ်ချက်များနှင့် အညီ ‌ရွေးချယ် ‌စေလွှတ်‌သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းနိုင်သည်၊

 

(ဂ) ခရိုင် ကွန်ပျူတာ ဝါသနာရှင်အသင်းကို မြို့နယ် ကွန်ပျူတာ ဝါသနာရှင် အသင်းများက သတ်မှတ်ချက်များ နှင့် အညီ ‌ရွေးချယ် ‌စေလွှတ်‌သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းနိုင်သည်၊

 

(ဃ) ပြည်နယ်၊တိုင်း ကွန်ပျူတာဝါသနာရှင်အသင်းကို ခရိုင်ကွန်ပျူတာဝါသနာရှင် အသင်းများက သတ်မှတ်ချက်များနှင့် အညီ ‌ရွေးချယ်‌စေလွှတ်‌သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းနိုင်သည်။

 

(င) မြန်မာနိုင်ငံ ကွန်ပျူတာဝါသနာရှင်အသင်းကို ပြည်နယ်၊ တိုင်းကွန်ပျူတာ ဝါသနာရှင်အသင်းများက သတ်မှတ်ချက်များနှင့် အညီ ‌ရွေးချယ်‌စေလွှတ် ‌သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းနိုင်သည်။

 

 

 

၁ဝ။ ကွန်ပျူတာပညာရှင်အသင်း အဆင့်ဆင့်ကို ‌အောက်ပါအတိုင်းဖွဲ့စည်းနိုင်သည်-

 

(က) မြို့နယ် ကွန်ပျူတာ ပညာရှင်အသင်း၊

 

(ခ) ခရိုင် ကွန်ပျူတာ ပညာရှင်အသင်း၊

 

(ဂ) ပြည်နယ်၊ တိုင်း ကွန်ပျူတာပညာရှင်အသင်း၊

 

 

 

(ဃ) မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း၊

 

 

 

၁၁။ (က) မြို့နယ်ကွန်ပျူတာပညာရှင်အသင်းကိုမြို့နယ်အတွင်းရှိ ကွန်ပျူတာပညာရှင် အနည်းဆုံး (၇)ဦးဖြင့် ဖွဲ့စည်းနိုင်သည်၊

 

(ခ) ခရိုင်ကွန်ပျူတာပညာရှင်အသင်းကို မြို့နယ်ကွန်ပျူတာပညာရှင်အသင်းများက သတ်မှတ်ချက်များနှင့် အညီ ‌ရွေးချယ်‌စေလွှတ်‌သော ကိုယ်စားလှယ် များဖြင့် လည်း‌ကောင်း၊ မြို့နယ် ကွန်ပျူတာ ပညာရှင်အသင်းများ ဖွဲ့စည်း နိုင်ခြင်း မရှိ‌သေးလျှင် ခရိုင်အတွင်းရှိ ကွန်ပျူတာပညာရှင် အနည်းဆုံး (၇)ဦးဖြင့် လည်း‌ကောင်း ဖွဲ့စည်းနိုင်သည်၊

 

(ဂ) ပြည်နယ်၊ တိုင်း ကွန်ပျူတာ ပညာရှင်အသင်းကို ခရိုင် ကွန်ပျူတာပညာရှင် အသင်းများက သတ်မှတ်ချက်များ နှင့် အညီ ‌ရွေးချယ် ‌စေလွှတ်‌သော ကိုယ်စားလှယ်များဖြင့် လည်း‌ကောင်း၊ ခရိုင် ကွန်ပျူတာ ပညာရှင် အသင်းများ ဖွဲ့စည်းနိုင်ခြင်း မရှိ‌သေးလျှင် ပြည်နယ်၊ တိုင်း အတွင်းရှိ ကွန်ပျူတာ ပညာရှင် အနည်းဆုံး(၇)ဦးဖြင့် လည်း‌ကောင်း ဖွဲ့စည်းနိုင်သည်၊

 

(ဃ) မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းကို ပြည်နယ်၊ တိုင်း ကွန်ပျူတာ ပညာရှင် အသင်းများက သတ်မှတ်ချက်များ နှင့် အညီ ‌ရွေးချယ်‌စေလွှတ် ‌သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းနိုင်သည်။

 

 

 

၁၂။ ကွန်ပျူတာလုပ်ငန်းရှင်အသင်း အဆင့်ဆင့်ကို ‌အောက်ပါအတိုင်း ဖွဲ့စည်းနိုင်သည်-

 

(က) မြို့နယ် ကွန်ပျူတာ လုပ်ငန်းရှင်အသင်း၊

 

(ခ) ခရိုင် ကွန်ပျူတာ လုပ်ငန်းရှင်အသင်း၊

 

(ဂ) ပြည်နယ်၊ တိုင်း ကွန်ပျူတာ လုပ်ငန်းရှင်အသင်း၊

 

 

 

(ဃ) မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း။

 

 

 

၁၃။ (က) မြို့နယ် ကွန်ပျူတာ လုပ်ငန်းရှင်အသင်းကို မြို့နယ်အတွင်းရှိ ကွန်ပျူတာ လုပ်ငန်းရှင် အနည်းဆုံး (၇)ဦးဖြင့် ဖွဲ့စည်းနိုင်သည်၊

 

(ခ) ခရိုင် ကွန်ပျူတာ လုုပ်ငန်းရှင်အသင်းကို မြို့နယ် ကွန်ပျူတာ လုပ်ငန်းရှင် အသင်းများက သတ်မှတ်ချက်များ နှင့် အညီ ‌ရွေးချယ် ‌စေလွှတ်‌သော ကိုယ်စားလှယ်များဖြင့် လည်း‌ကောင်း၊ မြို့နယ် ကွန်ပျူတာလုပ်ငန်းရှင် အသင်းများ ဖွဲ့စည်းနိုင်ခြင်း မရှိ‌သေးလျှင် ခရိုင်အတွင်းရှိ ကွန်ပျူတာ လုပ်ငန်းရှင် အနည်းဆုံး (၇)ဦးဖြင့် လည်း‌ကောင်း ဖွဲ့စည်းနိုင်သည်၊

 

(ဂ) ပြည်နယ်၊ တိုင်း ကွန်ပျူတာ လုပ်ငန်းရှင်အသင်းကို ခရိုင် ကွန်ပျူတာ လုပ်ငန်းရှင်အသင်းများက သတ်မှတ်ချက်များ နှင့် အညီ ‌ရွေးချယ်‌စေလွှတ် ‌သော ကိုယ်စားလှယ်များဖြင့်လည်း‌ကောင်း၊ ခရိုင် ကွန်ပျူတာ လုပ်ငန်းရှင် အသင်းများ ဖွဲ့စည်းနိုင်ခြင်းမရှိ‌သေးလျှင် ပြည်နယ်၊ တိုင်း အတွင်းရှိ ကွန်ပျူတာ လုပ်ငန်းရှင် အနည်းဆုံး (၇)ဦးဖြင့် လည်း‌ကောင်း ဖွဲ့စည်း နိုင်သည်၊

 

(ဃ) မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်းကို ပြည်နယ်၊ တိုင်း ကွန်ပျူတာ လုပ်ငန်းရှင်အသင်းများက သတ်မှတ်ချက်များ နှင့် အညီ ‌ရွေးချယ်‌စေလွှတ် ‌သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းနိုင်သည်။

 

 

 

၁၄။ ပုဒ်မ ၈၊ ပုဒ်မ ၁ဝ သို့မဟုတ် ပုဒ်မ ၁၂ ပါ အသင်းတစ်ခုခုကို ဖွဲ့စည်းလိုသူများသည် အသင်း ဖွဲ့စည်းပုံစည်းမျဉ်းကို ‌ရေးဆွဲပြီး သက်ဆိုင်ရာအသင်း ဖွဲ့စည်း‌ရေးဆိုင်ရာ အစည်းအ‌ဝေးတွင် တင်ပြ၍ အတည်ပြုချက်ရယူရမည်။ ၁၅။ ပုဒ်မ ၁၄ အရ ‌ရေးဆွဲသည့် အသင်းဖွဲ့စည်းပုံစည်းမျဉ်းတွင် ‌အောက်ပါတို့နှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များ ပါဝင်‌စေရမည်-

 

(က) အသင်းဖွဲ့စည်းခြင်း ရည်ရွယ်ချက်၊

 

(ခ) အ‌ခြေခံအသင်း သို့မဟုတ် အသင်းသားများဖြင့် ဖွဲ့စည်းသည့် အသင်း

 

ဖြစ်လျှင် အသင်းသားများ၏ အရည်အချင်းသတ်မှတ်ချက်၊ (ဂ) အမှု‌ဆောင်အဖွဲ့ ဖွဲ့စည်းခြင်း နှင့် လုပ်ငန်းတာဝန် သတ်မှတ်ချက်၊

 

(ဃ) တစ်ဆင့်မြင့်အသင်းသို့ ကိုယ်စားလှယ် ‌ရွေးချယ်‌စေလွှတ်ခြင်း၊

 

(င) ရန်ပုံ‌ငွေ ထားရှိခြင်း နှင့် သုံးစွဲခြင်း၊

 

(စ) အစည်းအ‌ဝေးများ ကျင်းပခြင်း၊

 

(ဆ) သက်ဆိုင်ရာ အသင်း အမျိုးအစားအလိုက် လိုအပ်သည့် အခြားသတ်မှတ်

 

 

 

ချက်များ။ ၁၆။ ပုဒ်မ ၈၊ ပုဒ်မ ၁ဝ သို့မဟုတ် ပုဒ်မ ၁၂ ပါ အသင်းများ၏ အမှု‌ဆောင်အဖွဲ့ သက်တမ်းသည် ဖွဲ့စည်းသည့်‌နေ့မှ စ၍ ၂ နှစ်ဖြစ်သည်။ ၁၇။ ပုဒ်မ ၈၊ ပုဒ်မ ၁ဝ သို့မဟုတ် ပုဒ်မ ၁၂ ပါ အသင်းများသည် အမြတ်အစွန်းကို မရည်ရွယ်သည့် အစိုးရ မဟုတ်‌သော အဖွဲ့အစည်း ဖြစ်သည်။

 

အခန်း (၆)

အသင်းချုပ် ဖွဲ့စည်းခြင်း

 

၁၈။ ‌ကောင်စီသည်-

(က) မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်များအသင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင် များအသင်းနှင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းတို့ က သတ်မှတ်ချက်များ နှင့်အညီ ‌ရွေးချယ်‌စေလွှတ်သည့် ကိုယ်စားလှယ်များ၊ မိမိက ခန့်အပ်တာဝန်‌ပေးသည့် ပုဂ္ဂိုလ်များ ပါဝင်‌စေလျက် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်ကို ဖွဲ့စည်းရမည်၊

 

(ခ) အသင်းချုပ်၏ အဖွဲ့ဝင်ဦး‌ရေကို လိုအပ်သလို သတ်မှတ်နိုင်သည်၊

 

(ဂ) အသင်းချုပ်၏ ဥက္ကဋ္ဌ နှင့် အတွင်း‌ရေးမှူးတို့ကို ခန့်အပ်တာဝန်‌ပေးရမည်။ လိုအပ်ပါက ဒုတိယဥက္ကဋ္ဌ နှင့် တွဲဖက်အတွင်း‌ရေးမှူး တို့ကို ခန့်အပ် တာဝန်‌ပေးနိုင်သည်၊

 

(ဃ) အသင်းချုပ်တွင် မိမိကခန့်အပ်တာဝန်‌ပေးသည့် ပုဂ္ဂိုလ်များ၏ သက်တမ်းကို

 

 

 

သတ်မှတ်ရမည်။ ၁၉။ အသင်းချုပ်တွင် အသင်းအသီးသီး၏ ကိုယ်စားလှယ်အဖြစ် ပါဝင်သူများ၏ သက်တမ်းသည် မိမိအား ‌ရွေးချယ်‌စေလွှတ်‌သော သက်ဆိုင်ရာ ကွန်ပျူတာအသင်း အမှု‌ဆောင်အဖွဲ့၏ သက်တမ်းနှင့် အညီဖြစ်‌စေရမည်။ ၂ဝ။ အသင်းချုပ်သည် အစည်းအ‌ဝေး ကျင်းပခြင်းဆိုင်ရာ ကိစ္စရပ်များ နှင့် လုပ်ငန်း ‌ဆောင်ရွက်ပုံ နည်းစနစ်များကို သတ်မှတ်ထားရှိရမည်။ ၂၁။ အသင်းချုပ်သည် မိမိ၏‌နေ့စဉ် ရုံးလုပ်ငန်းများကို ‌ဆောင်ရွက်နိုင်ရန် ရုံးအဖွဲ့ကို ဖွဲ့စည်းထားရှိရမည်။

 

၂၂။ အသင်းချုပ်သည် အမြတ်အစွန်းကို မရည်ရွယ်သည့် အစိုးရမဟုတ်‌သော အဖွဲ့အစည်း ဖြစ်သည်။ ၂၃။ အသင်းချုပ်သည် ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်ဖြင့် ‌ဆောင်ရွက်ခွင့်၊ စဉ်ဆက်မပြတ် ‌ဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့် နှင့် တရားစွဲဆိုခံနိုင်ခွင့် ရှိသည်။

 

အခန်း (၇)

အသင်းချုပ် ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

 

၂၄။ အသင်းချုပ်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ ‌အောက်ပါအတိုင်းဖြစ်သည်-

 

(က) နိုင်ငံ‌တော်အတွင်း ‌ခေတ်နှင့်အညီ ကွန်ပျူတာပညာ ဖွံ့ဖြိုးတိုးတက် လာ‌စေ‌ရေး အတွက် ‌ဆောင်ရွက်ခြင်း၊

 

(ခ) ကွန်ပျူတာပညာဆိုင်ရာ သု‌တေသနလုပ်ငန်းများ ‌ဆောင်ရွက်ခြင်း၊ သု‌တေသန လုပ်ငန်း လုပ်ကိုင်သူများအား အား‌ပေးကူညီခြင်း၊

 

(ဂ) လုပ်ငန်းနယ်ပယ်အသီးသီးတွင် ကွန်ပျူတာပညာအသုံးချမှု ကျယ်ကျယ် ပြန့်ပြန့် တိုးတက်လာ‌စေရန် ‌ဆောင်ရွက်ခြင်း၊

 

(ဃ) ကွန်ပျူတာသင်တန်း‌ကျောင်းများတွင် သင်ကြားပို့ချရမည့် သင်ရိုးညွှန်းတမ်း နှင့် သင်ရိုး မာတိကာတို့ကို သတ်မှတ်ခြင်း၊

 

(င) ကွန်ပျူတာသင်တန်း‌ကျောင်းများ၏ သင်ကြားပို့ချမှု အဆင့်မီမမီ လိုအပ်သလို စစ်‌ဆေးခြင်း၊

 

(စ) ကွန်ပျူတာပညာဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ ‌ဟော‌ပြောပွဲများကျင်းပ ခြင်း၊ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခြင်း၊ ‌လေ့လာ‌ရေးအစီအစဉ်များ ပြုလုပ်ခြင်း၊

 

(ဆ) ကွန်ပျူတာပညာဆိုင်ရာ စာ‌မေးပွဲများကျင်းပခြင်း၊ ‌အောင်လက်မှတ်များ၊ တံဆိပ်များ ‌ပေးအပ်ခြင်း၊

 

(ဇ) ကွန်ပျူတာပညာ ဖွံ့ဖြိုး‌ရေးနှင့် စပ်လျဉ်း၍ အခါအား‌လျော်စွာ ‌ကောင်စီသို့ အကြံပြုတင်ပြခြင်း၊

 

 

 

(ဈ) ကွန်ပျူတာအမာထည်နှင့် ကွန်ပျူတာအ‌ပျော့ထည်များ၊ အရည်အ‌သွေး မြင့်မားလာ‌စေ‌ရေး အတွက် ထုတ်လုပ်သူများအား ပံ့ပိုးကူညီခြင်း၊

 

(ည) ကွန်ပျူတာအမာထည်နှင့် ကွန်ပျူတာအ‌ပျော့ထည်များကို ထုတ်လုပ်၍

 

ပြည်တွင်း၊ ပြည်ပ၌ ‌ရောင်းချနိုင်‌ရေးအတွက် ပံ့ပိုးကူညီခြင်း၊

 

(ဋ)       ‌ကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ သတင်းဆိုင်ရာနည်းပညာ စီမံချက်

 

ချမှတ်ခြင်း၊

 

(ဌ) အပြည်ပြည်ဆိုင်ရာကွန်ပျူတာအဖွဲ့အစည်းများနှင့် ဆက်သွယ်‌ဆောင်ရွက်ခြင်း၊

 

(ဍ) ကွန်ပျူတာပညာဆိုင်ရာ ပြည်တွင်း ပြည်ပ‌ဆွေး‌နွေးပွဲများ၊ အစည်းအ‌ဝေးများ၊

 

အလုပ်ရုံ‌ဆွေး‌နွေးပွဲများ၊ နှီး‌နှောဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများကျင်းပ‌ရေး၊

 

တက်‌ရောက်‌ရေး တို့နှင့် စပ်လျဉ်း၍ လိုအပ်သလို စီမံ‌ဆောင်ရွက်ခြင်း၊

 

(ဎ) မြန်မာဘာသာဖြင့် ကွန်ပျူတာကို အသုံးချနိုင်မည့်စနစ်တစ်ခု ဖြစ်‌မြောက်‌ရေး

 

ကို ရည်မှန်း‌ဆောင်ရွက်ခြင်း၊

 

(ဏ) အစိုးရဌာန၊ အဖွဲ့အစည်းများက ကွန်ပျူတာနှင့်စပ်လျဉ်း၍ အကြံဉာဏ်များ

 

‌တောင်းခံလာပါက အကြံဉာဏ်‌ပေးခြင်း၊

 

(တ) ကွန်ပျူတာဆိုင်ရာ စာအုပ်၊ စာတမ်း၊ စာ‌စောင်၊ ဂျာနယ်များ ပြုစုခြင်း၊

 

ပုံနှိပ်ထုတ်‌ဝေခြင်း၊ ဖြန့်ချိ‌ရောင်းချခြင်း၊

 

(ထ) စာကြည့်တိုက်ဖွင့်လှစ်ထားရှိပြီး ကွန်ပျူတာဆိုင်ရာစာ‌ပေများကို ပြည်တွင်း၊

 

ပြည်ပမှ ဝယ်ယူစု‌ဆောင်းခြင်း၊

 

(ဒ) လူငယ်လူရွယ်များ၊ အထူးသဖြင့် ‌ကျောင်းသူ‌ကျောင်းသားများ အ‌ခြေခံ

 

ကွန်ပျူတာပညာ ရရှိ‌ရေးနှင့် ထူးချွန်‌သော ကွန်ပျူတာပညာရှင်များ ‌ပေါ်ထွန်း

 

‌ရေး အတွက် ‌ဆောင်ရွက်ခြင်း၊

 

(ဓ) ထူးချွန်‌သော ကွန်ပျူတာပညာရှင်များ၊ တီထွင်သူများအား ဆု‌ငွေချီးမြှင့်ခြင်း၊

 

(န) ထူးချွန်‌သော ကွန်ပျူတာပညာရှင်များ၊ တီထွင်သူများအား နိုင်ငံ‌တော်က

 

ဂုဏ်ထူး‌ဆောင်ဘွဲ့များ၊ တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရန် ‌ကောင်စီသို့

 

‌ထောက်ခံတင်ပြခြင်း၊

 

(ပ) ကွန်ပျူတာပညာရှင်များ၊ တီထွင်သူများ၏ အကျိုးခံစားခွင့်များကို

 

အကာအကွယ်‌ပေး‌ရေး နှင့်စပ်လျဉ်း၍ ‌ကောင်စီသို့ အကြံပြုတင်ပြခြင်း၊

 

(ဖ) လိုအပ်‌သော‌ကော်မတီများ၊ အဖွဲ့များ ဖွဲ့စည်း၍ ယင်း‌ကော်မတီများ၊ အဖွဲ့များ

 

၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊

 

(ဗ)       ‌ကောင်စီက သတ်မှတ်‌ပေး‌သော ကွန်ပျူတာပညာနှင့်စပ်လျဉ်းသည့် လုပ်ငန်း

 

များကို ‌ဆောင်ရွက်ခြင်း။

 

 

 

အခန်း (၈) ဘဏ္ဍာ‌ရေး

 

၂၅။ အသင်းချုပ်သည်-

 

(က) မိမိရန်ပုံ‌ငွေဖြင့် ရပ်တည်ရမည်။ ထို့ပြင် မိမိ၏ ဘဏ္ဍာ‌ရေးရာ ကိစ္စအဝဝကို လည်း တာဝန်ယူရမည်၊

 

(ခ) မိမိကျင့်သုံးမည့် ဘဏ္ဍာ‌ရေးစည်းမျဉ်းများကို ‌ရေးဆွဲထားရှိရမည်၊

 

(ဂ) အစိုးရဌာန၊ အဖွဲ့အစည်း တစ်ခုခုထံမှဖြစ်‌စေ၊ ‌ငွေ‌ရေး ‌ကြေး‌ရေး အဖွဲ့အစည်း တစ်ခုခုထံမှဖြစ်‌စေ ‌ထောက်ပံ့‌ငွေ သို့မဟုတ် ‌ချေး‌ငွေကို ရယူသုံးစွဲခွင့် ရှိသည်၊

 

(ဃ) မိမိပိုင်‌ငွေကို ဘဏ်တွင် ‌ငွေစာရင်းဖွင့်လှစ်၍ အပ်နှံထားရှိပြီး ဘဏ္ဍာ‌ရေး စည်းမျဉ်းများ နှင့် အညီ သုံးစွဲရမည်၊

 

(င)       ‌ငွေစာရင်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရမည်၊

 

(စ) လတ်တ‌လော အသုံးပြုရန် မလိုအပ်သည့် ရန်ပုံ‌ငွေကို တိုးပွား‌စေရန် ဘဏ္ဍာ‌ရေး စည်းမျဉ်းများ နှင့် အညီ ‌ဆောင်ရွက်ခြင်း၊ ရန်ပုံ‌ငွေ ရှာ‌ဖွေခြင်း ပြုနိုင်သည်၊

 

(ဆ) ပြည်တွင်း၊ ပြည်ပမှ လှူဒါန်း‌ထောက်ပံ့‌သော‌ငွေ၊ ပစ္စည်းများကို လက်ခံရယူ၍ ကွန်ပျူတာဆိုင်ရာ အသင်းများသို့ သင့်‌လျော်သလို ခွဲ‌ဝေသုံးစွဲခွင့်ပြုနိုင်သည်၊

 

(ဇ) မိမိပိုင် နိုင်ငံခြား‌ငွေကို သီးခြားဘဏ်စာရင်း ဖွင့်လှစ်ထားရှိပြီး တည်ဆဲ ဥပ‌ဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ နှင့် အညီ သုံးစွဲခွင့်ရှိသည်၊

 

 

 

(ဈ)       ‌ငွေစာရင်းထိန်းသိမ်းခြင်း၊ ‌ငွေစာရင်းများကို စစ်‌ဆေးခြင်းတို့နှင့် စပ်လျဉ်း၍ လိုအပ်ပါက စာရင်းစစ်ချုပ်ရုံး၏ အကူအညီကို ‌တောင်းခံရယူနိုင်သည်။

 

အခန်း (၉) ကြိုတင်ခွင့်ပြုချက်နှင့် လိုင်စင်

 

၂၆။ (က) ဆက်သွယ်‌ရေး၊ စာတိုက်နှင့်‌ကြေးနန်းဝန်ကြီးဌာနသည် မိမိ၏ ကြိုတင်ခွင့်ပြု ချက်ဖြင့်သာ ပြည်ပမှ တင်သွင်းခြင်း၊ လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်းပြုနိုင်သည့် ကွန်ပျူတာအမျိုးအစားများကို ‌ကောင်စီ၏ သ‌ဘော တူညီချက်ဖြင့် အမိန့်‌ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်နိုင်သည်၊

 

(ခ) ပုဒ်မခွဲ (က) အရ ကွန်ပျူတာအမျိုးအစားများကို သတ်မှတ်ရာတွင် အချက် အလက်များကို ထုတ်လွှင့်‌ပေးပို့နိုင်သည့် သို့မဟုတ် လက်ခံဖမ်းယူနိုင်သည့် ကိရိယာ တပ်ဆင်ပါရှိ‌သော ကွန်ပျူတာ အမျိုးအစားများကို အဓိကထား၍ သတ်မှတ် ရမည်၊

 

(ဂ) ပုဒ်မခွဲ (က) အရ ကွန်ပျူတာအမျိုးအစားများကို သတ်မှတ်ရာတွင် ပညာသင်ကြား‌ရေး သက်သက်အတွက် ဖြစ်‌စေ၊ ရုံးလုပ်ငန်း သက်သက် အတွက် ဖြစ်‌စေ၊ စီးပွား‌ရေးလုပ်ငန်းကို အ‌ထောက်အကူ ဖြစ်‌စေသည့် ‌ဆောင်ရွက်မှု သက်သက်အတွက် ဖြစ်‌စေ အသုံးပြုသည့် ကွန်ပျူတာများနှင့် သက်ဆိုင်ခြင်းမရှိ‌စေရ။

 

၂၇။ ပုဒ်မ ၂၆ ပုဒ်မခွဲ (က) အရ သတ်မှတ်သည့်ကွန်ပျူတာအမျိုးအစားကို ပြည်ပမှ တင်သွင်းလိုသူ၊ လက်ဝယ်ထားရှိလိုသူ သို့မဟုတ် အသုံးပြုလိုသူသည် ကြိုတင် ခွင့်ပြုချက်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဆက်သွယ်‌ရေး၊ စာတိုက် နှင့် ‌ကြေးနန်း ဝန်ကြီးဌာနသို့ ‌လျှောက်ထားရမည်။ ၂၈။ ကွန်ပျူတာကွန်ရက် ထူ‌ထောင်ခြင်း၊ ကွန်ပျူတာကွန်ရက်အတွင်း ဝင်‌ရောက် ချိတ်ဆက်ခြင်း ပြုလုပ်လိုသူသည် ကြိုတင်ခွင့်ပြုချက်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဆက်သွယ်‌ရေး၊ စာတိုက်နှင့်‌ကြေးနန်း ဝန်ကြီးဌာနသို့ ‌လျှောက်ထားရမည်။ ၂၉။ ဆက်သွယ်‌ရေး၊ စာတိုက် နှင့် ‌ကြေးနန်း ဝန်ကြီးဌာနသည် ပုဒ်မ ၂ရ အရ ဖြစ်‌စေ၊ ပုဒ်မ ၂၈ အရ ဖြစ်‌စေ ‌လျှောက်ထားချက်ကို သတ်မှတ်ချက်များ နှင့် အညီ စိစစ်ပြီး ကြိုတင်ခွင့်ပြုချက် ထုတ်‌ပေးခြင်း သို့မဟုတ် ကြိုတင်ခွင့်ပြုချက် ထုတ်‌ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။၃ဝ။ ပုုဒ်မ ၂၆ ပုဒ်မခွဲ (က) အရ သတ်မှတ်သည့် ကွန်ပျူတာ အမျိုးအစားကို လက်ဝယ် ထားရှိခြင်း၊ အသုံးပြုခြင်းပြုလိုသူသည် လိုင်စင်ထုတ်‌ပေးခြင်း၊ လိုင်စင်သက်တမ်း သတ်မှတ်ခြင်း၊ လိုင်စင်ခ နှင့် လိုင်စင်စည်းကမ်းများ သတ်မှတ်ခြင်းတို့နှင့် စပ်လျဉ်း၍ ဆက်သွယ်‌ရေး၊ စာတိုက်နှင့် ‌ကြေးနန်း ဝန်ကြီးဌာနက အခါအား‌လျော်စွာ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ‌ဆောင်ရွက်ရမည်။

 

၁၃ အခန်း (၁ဝ) ပြစ်မှုနှင့်ပြစ်ဒဏ်များ

 

၃၁။ မည်သူမဆို ပုဒ်မ ၂၆ ပုဒ်မခွဲ (က) အရ သတ်မှတ်သည့် ကွန်ပျူတာ အမျိုးအစားကို ဆက်သွယ်‌ရေး၊ စာတိုက်နှင့်‌ကြေးနန်း ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက် မရှိဘဲ ပြည်ပမှ တင်သွင်းခြင်း၊ လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်းပြု‌ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ‌ထောင်ဒဏ် အနည်းဆုံး ရ နှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ်ရမည့် အပြင် ‌ငွေဒဏ်လည်းချမှတ်နိုင်သည်။ ၃၂။ မည်သူမဆို ဆက်သွယ်‌ရေး၊ စာတိုက်နှင့် ‌ကြေးနန်းဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက် မရှိဘဲ ကွန်ပျူတာကွန်ရက်ထူ‌ထောင်ခြင်း သို့မဟုတ် ကွန်ပျူတာကွန်ယက်အတွင်း ဝင်‌ရောက် ချိတ်ဆက်ခြင်းပြု‌ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ‌ထောင်ဒဏ် အနည်းဆုံး ရ နှစ် မှ အများဆုံး ၁၅နှစ်အထိ ချမှတ်ရမည့် အပြင် ‌ငွေဒဏ်လည်းချမှတ်နိုင်သည်။ ၃၃။ မည်သူမဆို ပုဒ်မ ၂၆ ပုဒ်မခွဲ (က) အရ သတ်မှတ်သည့် ကွန်ပျူတာ အမျိုးအစား နှင့်စပ်လျဉ်း၍ ‌ကောင်စီကဖြစ်‌စေ၊ သိပ္ဋံနှင့်နည်းပညာဝန်ကြီးဌာနကဖြစ်‌စေ၊ ဆက်သွယ်‌ရေး၊ စာတိုက် နှင့် ‌ကြေးနန်း ဝန်ကြီးဌာနကဖြစ်‌စေ ထုတ်ပြန်တားမြစ်‌သော အမိန့်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်‌ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ‌ထောင်ဒဏ် ၆ လ အထိဖြစ်‌စေ၊ ‌ငွေဒဏ်ဖြစ်‌စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်‌စေ ချမှတ်ရမည်။ ၃၄။ မည်သူမဆို ကွန်ပျူတာကွန်ရက်ကို အသုံးပြု၍ဖြစ်‌စေ၊ သတင်းဆိုင်ရာနည်းပညာ တစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်‌စေ ‌အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်‌ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ‌ထောင်ဒဏ် အနည်းဆုံး ရ နှစ် မှ အများဆုံး ၁၅ နှစ် အထိ ချမှတ်ရမည့် အပြင် ‌ငွေဒဏ်လည်းချမှတ်နိုင်သည်-

 

(က) နိုင်ငံ‌တော်၏ လုံခြုံ‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေး နှင့် နယ်‌မြေ‌အေးချမ်း သာယာ‌ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေး၊ နိုင်ငံ‌တော်၏ စီးပွား‌ရေး သို့မဟုတ် အမျိုးသားယဉ်‌ကျေးမှုကို ထိခိုက်‌စေသည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊

 

(ခ) နိုင်ငံ‌တော်၏ လုံခြုံ‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေး နှင့် နယ်‌မြေ‌အေးချမ်း သာယာ‌ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေး၊ နိုင်ငံ‌တော်၏ စီးပွား‌ရေး သို့မဟုတ်အမျိုးသားယဉ်‌ကျေးမှုနှင့်စပ်လျဉ်းသည့် နိုင်ငံ‌တော်၏လျှို့ဝှက်ချက်

 

 

 

နှင့်သက်ဆိုင်‌သော သတင်းအချက်အလက်တစ်ရပ်ရပ်ကို ရယူခြင်း သို့မဟုတ်

 

‌ပေးပို့ဖြန့်ချိခြင်း။ ၃၅။ မည်သူမဆို ‌ကောင်စီက ပုဒ်မ ရ ပုဒ်မခွဲ (ဂ) အရ ဖြစ်‌စေ၊ ပုဒ်မခွဲ (င) အရ ဖြစ်‌စေ ထိန်းချုပ်ခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်‌သော အမိန့်တစ်ရပ်ရပ်ကို ‌ဖောက်ဖျက်ကျူးလွန်‌ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ‌ထောင်ဒဏ် ၃ နှစ်အထိ ဖြစ်‌စေ၊ ‌ငွေဒဏ်ဖြစ်‌စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်‌စေ ချမှတ်ရမည်။ ၃၆။ မည်သူမဆို ‌ကောင်စီက ပုဒ်မ ရ ပုဒ်မခွဲ (ဆ) အရ သတ်မှတ်ထား‌သော ကွန်ပျူတာ အ‌ပျော့ထည်အမျိုးအစားတစ်ခုခု သို့မဟုတ် သတင်းအချက်အလက် တစ်ရပ်ရပ်ကို ပြည်တွင်း သို့ တင်သွင်း‌ကြောင်း သို့မဟုတ် ပြည်ပသို့ တင်ပို့‌ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ‌ထောင်ဒဏ် ၅ နှစ်မှ အများဆုံး ၁ဝ နှစ်အထိ ချမှတ်ရမည့်အပြင် ‌ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ၃၇။ မည်သူမဆို ‌ကောင်စီက ပုဒ်မ ရ ပုဒ်မခွဲ (ည) အရ ကွန်ပျူတာဆိုင်ရာအသင်း တစ်ခုခုကို ဖျက်သိမ်းသည့် အမိန့်အား လိုက်နာရန် ပျက်ကွက်‌ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ‌ထောင်ဒဏ် ၃ နှစ်အထိဖြစ်‌စေ၊ ‌ငွေဒဏ်ဖြစ်‌စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်‌စေ ချမှတ်ရမည်။ ၃၈။ မည်သူမဆို ဤဥပ‌ဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် အားထုတ်ခြင်း၊ ပူး‌ပေါင်း ကြံစည်ခြင်းပြုလျှင်ဖြစ်‌စေ၊ ယင်းပြစ်မှု တစ်ရပ်ရပ် ကျူးလွန်ရာတွင် အား‌ပေးကူညီခြင်း ပြုလျှင်ဖြစ်‌စေ ယင်းပြစ်မှုအတွက် ဤဥပ‌ဒေတွင် ပြဌာန်းထားသည့် ပြစ်ဒဏ် ချမှတ်ခြင်း ခံရမည်။ ၃၉။ တရားရုံးသည် ဤဥပ‌ဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်ဒဏ်ချမှတ်လျှင် ပြစ်မှုနှင့် သက်ဆိုင်သည့် ပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် သတ်မှတ်ချက်များ နှင့် အညီ စီမံခန့်ခွဲခြင်း ပြုနိုင်သည်။

 

အခန်း (၁၁) အ‌ထွေ‌ထွေ

 

၄ဝ။ ကွန်ပျူတာနည်းပညာလွှဲ‌ပြောင်း‌ရေးနှင့် စပ်လျဉ်း၍ သိပ္ဋံနှင့်နည်းပညာဖွံ့ဖြိုး‌ရေးဥပ‌ဒေ အခန်း (၇) ပါ ပြဌာန်းချက်များနှင့် အညီ ‌ဆောင်ရွက်ရမည်။ ၄၁။ ဤဥပ‌ဒေအရ တရားစွဲဆိုရာတွင် ပြည်ထဲ‌ရေးဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုမိန့်ကို ရယူရမည်။ ၄၂။ ဤဥပ‌ဒေပါ ပြဌာန်းချက်များကို ‌ဆောင်ရွက်နိုင်ရန်-

 

(က) သိပ္ဋံနှင့်နည်းပညာဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ သ‌ဘောတူညီချက်ဖြင့် လိုအပ်‌သော နည်းဥပ‌ဒေများ၊ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်၊

 

(ခ)       ‌ကောင်စီ သို့မဟုတ် သိပ္ဋံနှင့်နည်းပညာ ဝန်ကြီးဌာနသည် လိုအပ်‌သော အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်၊

 

 

 

(ဂ) ဆက်သွယ်‌ရေး၊ စာတိုက်နှင့်‌ကြေးနန်း ဝန်ကြီးဌာနသည် လိုအပ်‌သော အမိန့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

 

(ပုံ) သန်း‌ရွှေ

 

ဗိုလ်ချုပ်မှူးကြီး

 

ဥက္ကဋ္ဌ

 

နိုင်ငံ‌တော်ငြိမ်ဝပ်ပိပြားမှုတည်‌ဆောက်‌ရေးအဖွဲ့

 

 

 

ဂဤဥပ‌ဒေတွင် ကွန်ပျူတာပညာ ဖွံ့ဖြိုး‌ရေးဥပ‌ဒေကို ပြင်ဆင်သည့် ဥပ‌ဒေ (ဥပ‌ဒေအမှတ် ၃/၉၈) နှင့် အညီ ဖြည့်စွက်ပြင်ဆင်ထားပါသည်။

 

ပြည်‌ထောင်စုမြန်မာနိုင်ငံ‌တော် နိုင်ငံ‌တော်‌အေးချမ်းသာယာ‌ရေးနှင့်ဖွံ့ဖြိုး‌ရေး‌ကောင်စီ

 

ကွန်ပျူတာပညာ ဖွံ့ဖြိုး‌ရေး ဥပ‌ဒေကို ပြင်ဆင်သည့် ဥပ‌ဒေ

 

 

 

(နိုင်ငံ‌တော်‌အေးချမ်းသာယာ‌ရေး နှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ ဥပ‌ဒေအမှတ် ၃/၉၈)

 

၁၃၅၉ ခုနှစ်၊ တပို့တွဲလပြည့်‌ကျော် ၁၂ ရက်

 

(၁၉၉၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၂၃ ရက်)

 

 

 

နိုင်ငံ‌တော်‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီသည် ‌အောက်ပါဥပ‌ဒေ ကို ပြဌာန်းလိုက်သည်။ ၁။ ဤဥပ‌ဒေကို ကွန်ပျူတာပညာဖွံ့ဖြိုး‌ရေးဥပ‌ဒေကိုပြင်ဆင်သည့်ဥပ‌ဒေ ဟု‌ခေါ်တွင် ‌စေရမည်။ ၂။ ကွန်ပျူတာ ပညာဖွံ့ဖြိုး‌ရေး ဥပ‌ေ္လတွင်-

 

(က) ပုဒ်မ ၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၅) ၌ပါရှိ‌သော “ဒုတိယဝန်ကြီး၊ ပညာ‌ရေးဝန်ကြီးဌာန” ဆိုသည့် စကားရပ်ကို “ဒုတိယဝန်ကြီး၊ သိပ္ဋံနှင့် နည်းပညာဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

 

(ခ) ပုဒ်မ ၅၊ ပုဒ်မ ၃၃၊ ပုဒ်မ ၄၂၊ ပုဒ်မခွဲ (က) နှင့်၊ ပုဒ်မခွဲ (ခ) တို့၌ ပါရှိ‌သော “ပညာ‌ရေးဝန်ကြီးဌာန” ဆိုသည့် စကားရပ်ကို “သိပ္ဋံနှင့်နည်းပညာ ဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

 

 

 

(ဂ) ပုဒ်မ ၆ ၌ ပါရှိ‌သော “အဆင့်မြင့်ပညာဦးစီးဌာန” ဆိုသည့် စကားရပ်ကို “အဆင့်မြင့်သိပ္ဋံနှင့်နည်းပညာဦးစီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

 

(ပုံ) သန်း‌ရွှေ

 

ဗိုလ်ချုပ်မှူးကြီး

 

ဥက္ကဋ္ဌ

 

နိုင်ငံ‌တော်‌အေးချမ်းသာယာ‌ရေးနှင့်ဖွံ့ဖြိုး‌ရေး‌ကောင်စီ

 

 

 

 

 

 

 

ပြည်‌ထောင်စုမြန်မာနိုင်ငံ‌တော်ပြန်တမ်း အပိုင်း ၁၊ အမှတ် ၁၁၊ အတွဲ ၅၁၊ ၁၉၉၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ(၂၃)ရက်။ စာမျက်နှာ ၁၆၅။

 

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။