2011 - 2016 (USDP)

Myanmar Law Center


   

2011 - 2016

"ဥပဒေတွေ ရေးထားတာ ဘာတွေမှန်း မသိဘူး။ နားမလည်ဘူး" လို့ ဆင်ခြေပေးပြီး၊ ရှောင်ကွင်းနေရင်တော့ သေချာပါတယ်။ တစ်နေ့ကျရင် ဒုက္ခရောက်ဘို့ များပါတယ်။ အဲဒီလောက် မခက်ပါဘူး။ ကြိုးစား ဖတ်ကြည့်ပါ။ ၅၀% မကတော့ နားလည်ပါလိမ့်မယ်။ ဥပဒေ ဆိုတာ နိုင်ငံတစ်နိုင်ငံစီမှာ ရှိတဲ့ နေထိုင်သူတိုင်း (နိုင်ငံသား+ နိုင်ငံခြားသား တိုင်း) လိုက်နာရမယ့် စည်းကမ်းတွေ ဖြစ်ပါတယ်။ ကိုယ့် စည်းကမ်းမှ ကိုယ်မသိရင် အဲဒီတိုင်းပြည် ဘယ်လိုနေမလဲ? ဥပဒေဆိုတာ အများအားဖြင့် ချိုးဖောက်ရင် ထောင်ဒဏ်၊ ငွေဒဏ်တွေ ပါလာတဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ဖြစ်ပါတယ်။ မသိလိုက်လို့ ခံလိုက်ရတာမျိုး မဖြစ်အောင်၊ မသေချာလို့ သိချင်တဲ့အခါ ရှာလို့ရအောင်၊ ရည်ညွှန်းလို့ရအောင် ပြည်သူအများအတွက် ခေတ်အလိုက် ဥပဒေများကို  စုစည်း တင်ပြထားပါတယ်။

ဥပဒေ တစ်ခုချင်းနဲ့ ပတ်သက်လို့ ပြင်သင့်တာ၊ ဖြည့်စွက်သင့်တာတွေကို အကြံပေး တောင်းဆိုချင်တယ်ဆိုရင် သက်ဆိုင်တဲ့ ဥပဒေကို ရှာဖတ်ကြည့်ပါ။ အဲဒီဥပဒေ ဖော်ပြထားတဲ့ စာမျက်နှာရဲ့ အောက်ဆုံးမှာ facebook comment box မှာ ရေးသား အကြံပေး ဆွေးနွေး ရေးသားပေးပါ။ ကျွန်တော် ကျွန်မတို့ ပြည်သူတွေရဲ့ လိုလားမှုတွေကို law maker တွေ သိဘို့ စတုတ္ထ မဏ္ဍိုင်ကနေ သူတို့ သိအောင် ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး ဝိုင်းကြိုးစားရပါမယ်။ 

ကျွန်တော်တို့ ကိုယ်စား လွှတ်တော် တက်ခိုင်းထားတဲ့ ပြည်သူ့ကိုယ်စားလှယ် အားလုံးမှာ ပြည်သူတွေ လိုအပ်ချက်တွေ တောင်းဆို အဖြေရှာပေးဘို့ တာဝန်ရှိပါတယ်။ အလှည့်ကျ အစိုးရဖွဲ့ကြတဲ့ ပြည်သူ့ အစိုးရ ဆိုတာတွေကလည်း ပြည်သူတွေရဲ့ လိုလားချက်တွေကို အဖြေရှာ ဖြည့်ဆည်းပေးဘို့ အမြဲတာဝန်ရှိပါတယ်။ 

/ အယ်ဒီတာ 

  

Here is the collection of the laws enacted in Myanmar from 1-Apr-2011 till today, by the democratic government. ၁-၄-၂၀၁ နောက်ပိုင်း ယခုလက်ရှိ ဒီမိုကရေစီ အစိုးရလက်ထက် ပြဋ္ဌာန်းခဲ့သော ဥပဒေများကို စုစည်း တင်ပြထားပါသည်။
2016-01-29 - နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေ 1218
2015-12-22- ငွေစုဘဏ်လုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ 1054
2015-12-22 - အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 793
2015-12-22 - မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေ 762
2015-12-22 - မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ 943
2015-12-22 - နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေ 927
2015-12-22 - တိရစ္ဆာန်ဆေးပညာကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေ 845
2015-12-15 - ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ 691
2015-12-15 - ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ 581
2015-12-15 - နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေ 883
2015-11-27 - အမြန်လမ်းမကြီးများဥပဒေကို ပြင်ဆင်သည့် ဥပဒေ 716
2015-11-27 - လမ်းမကြီးများ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ 715
2015-11-27 - လမ်းနှင့် တံတားအသုံးပြုခြင်းဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ 664
2015-11-25 - သွေးနှင့် သွေးပစ္စည်းများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ 621
2015-11-25 - ပင်စင်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ 650
2015-11-25 - ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာ ဥပဒေ 735
2015-09-07 - ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ 948
2015-09-07 - မော်တော်ယာဉ် ဥပဒေ 1959
2015-08-31 - တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ 2594
2015-08-28 - ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ 1271
2015-08-26 - ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ 858
2015-08-26 - မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ 1717
2015-08-26 - မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥပဒေ 928
2015-08-26 - နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ 845
2015-08-26 - ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ 1147
2015-07-28 - ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 1080
2015-07-28 - ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ 850
2015-07-22 - ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ 1142
2015-07-22 - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 1163
2015-07-22 - နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ 879
2015-07-15 - ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေ 1018
2015-07-14 - မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသား ကော်မတီဥပဒေ 1007
2015-07-14 - ဘွိုင်လာဥပဒေ 978
2015-07-14 - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ 889
2015-06-26- ၂ဝ၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ 870
2015-06-25- အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ 971
2015-06-25- အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ 1109
2015-06-25- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေ 1010
2015-06-17 - တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ 905
2015-04-09 - ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေ 1348
2015-04-09 - အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ 1525
2015-04-09 - အမြန်လမ်းမကြီးများဥပဒေ 1250
2015-04-02 - ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ 1439
2015-03-25 -မြေနှင့် အခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 1525
2015-03-23 -မြေသြဇာဥပဒေကို ပြင်ဆင်သည့် ဥပဒေ 1331
2015-03-17 - ၁၉၅၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်များ (ဆင်ယင်ပြသမှုကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 1193
2015-03-17 - မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဥပဒေ 1559
2015-03-17 - ကုန်းလမ်းအကောက်ခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ 1267
2015-03-05 - မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ဥပဒေ 1772
2015-02-24 - ယှဉ်ပြိုင်မှုဥပဒေ 1394

သင့်ထင်မြင်ချက်လေး ရေးခဲ့ပါ။

Please leave comments or requests to revise or update, about this law...


မိတ်ဆွေ ပြည်ထောင်စု သားရောင်းရင်းများ ခင်ဗျား... ဒီစာမျက်နှာ သို့မဟုတ် ဒီဥပဒေနဲ့ ပတ်သက်ပြီး သင်ဘာပြောချင် ပါသလဲ? သင် ဘယ်လို မြင်ပါသလဲ? ထောက်ခံသလား? ကန့်ကွက်သလား? ဘယ်အပိုင်းက ခေတ်နဲ့ မညီဘူး ဖြစ်နေသလဲ? ဘယ်အပိုင်းကို ဦးစားပေး ပြင်သင့်တယ် ထင်သလဲ?
  • ကြောက်လို့ ဘာမှ မပြောဘဲ နေတာဟာ အဂတိ လိုက်စားတာပါ။ ‘ဘယာဂတိ’ လို့ ခေါ်ပါတယ်။ ဒါတွေ ရပ်ဘို့ လိုပါတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာဘို့ ကျွန်တော်တို့ နိုင်ငံသားတွေကို အားပေး ရပါမယ်။ ပျိုးထောင် ရပါမယ်။ မိမိအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတာ၊ တိုင်ပင် နှီးနှောတာ ဒီမိုကရေစီပါ။ ဆွေးနွေးပါ။ ဝေဖန်ပါ။ အားပေးပါတယ်။ ကျွန်တော်တို့ အားလုံးကိုယ်တိုင်လည်း အဝေဖန်ခံနိုင်အောင် ကြိုးစားရပါမယ်။  သဘောထား ကြီးအောင်ကြိုးစားပြီး။ agree to disagree ဆိုတာကို ဒီမိုကရေစီ နည်းကျ ကျင့်ကြံကြရပါမယ်။
  • မိမိ လုပ်ရပ်အားလုံးကို မိမိ တာဝန်ယူရမယ်ဆိုတာလည်း ဒီမိုကရေစီပါ။ ဆဲဆိုတာတွေ၊ မလုပ်ဘဲ ချက်ကျလက်ကျ ပြောဆိုဆွေးနွေး စေချင်ပါတယ်။ မေတ္တာရပ်ခံ လိုပါတယ်။ 
  • မတရားတာတွေ ဒီမိုကရေစီနည်းနဲ့ ရပ်တန့်ဘို့က ဒီလို ဆွေးနွေးဘို့ များများ လိုပါတယ်။ ဒီမှာ ဆွေးနွေးတာတွေကို law-maker တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြင်အောင်၊ ဖတ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။ 
  • ကမ္ဘာမှာ အတိုးတက်ဆုံး အမေရိကန် ပြည်ထောင်စု ဆိုတာ ကမ္ဘာမှာ ဥပဒေ အများဆုံး ရှိတဲ့ တိုင်းပြည်ပါ။ ဆိုလိုတာက ချုပ်ချယ်မှု အများဆုံး တိုင်းပြည်ပါ။ ကာကွယ်သင့်တာတွေကို အကာအကွယ် အများဆုံး ပေးတဲ့ တိုင်းပြည်ပါ။ တစ်ချိန်တည်းမှာ ကမ္ဘာမှာ အလွတ်လပ်ဆုံး တိုင်းပြည်ပါ။ မိမိတို့ ချစ်တဲ့ မြန်မာနိုင်ငံကို the land of opportunities ဖြစ်လာအောင် ဝိုင်းဝန်း အကြံပေး ကြပါ။ ပြုပြင် ပေးကြပါလို့ နှိုးဆော် လိုက်ပါရစေ။

/ အယ်ဒီတာ

ဒီဥပဒေထဲမှာ ဘာတွေ ပြင်သင့်သလဲ? ဆွေးနွေးကြည့်ပါ။
What are needed to be revised in this law?

ဖွဲ့စည်းပုံကို သင့်ဖုန်းပေါ်မှာ ဖတ်နိုင်

Myanmar constitution app for Androidယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles. Download here.

ကက က္က

CSR project by Myanmars.NET

 
Welcome to Myanmar Laws Archive. This is a CSR (corporate social responsibility) project by Myanmars.NET for legal knowledge education program to our people. The law does not excuse people, because they do not know. Myanmar laws are based on English common law, so that it is very similar to many laws in United States, United Kingdom, Australia, Singapore, or Malaysia.

We also have a CSR policy that we do NOT do new businesses with alcoholic, cigarette, and MLM businesses.