တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ
(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၄။)
၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁ ရက်
(၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဌာန်းလိုက်သည်။
၁။ဥပဒေကို တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ)၊ ပုဒ်မခွဲငယ် (၂) ကို ပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ)၊ ပုဒ်မခွဲငယ် (၁) အဖြစ် ပြောင်းလဲ အမှတ်စဉ်ပြီး ပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ)၊ ပုဒ်မခွဲငယ် (၁) တွင်ပါရှိသော “နေပြည်တော်ကော်မရှင် အဖွဲ့ခွဲ” ဆိုသည့်စကားရပ်ကို “ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ” ဆိုသည့် စကားရပ်ဖြင့် အစားထိုး၍ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ)၊ ပုဒ်မခွဲငယ် (၂) အဖြစ် ပြောင်းလဲ အမှတ်စဉ် ရမည်။

၃။တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင်-

(က) ပုဒ်မ ၆၊ ပုဒ်မခွဲ (က) ကိုအောက်ပါအတိုင်း အစားထိုးရမည် –

“(က)ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ၊”

(ခ) ပုဒ်မ ၁၄၊ ပုဒ်မခွဲ (က) ကိုအောက်ပါအတိုင်းအစားထိုးရမည်-

“(က)ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သောနိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့်  နိုင်ငံသားပြုခွင့်ရသူတိုင်းသည် မဲဆန္ဒနယ် တစ်နယ်တွင် နေထိုင်သူလည်းဖြစ်၍ ရွေးကောက်ပွဲ စတင် ကျင်းပသည့် နေ့တွင် အသက် ၁၈ နှစ် ပြည့်သူလည်း ဖြစ်လျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက သက်ဆိုင်ရာ မဲစာရင်း၌ ထည့်သွင်း ဖော်ပြရမည်။”
(ဂ) ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က) ကိုအောက်ပါအတိုင်းအစားထိုးရမည် –

“(က)မဲဆန္ဒနယ်တစ်နယ်၏ မဲစာရင်းတွင် အမည်ပါဝင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတိုင်းသည် ယင်းမဲဆန္ဒနယ် တွင်သာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွနု်ပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။