မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေကိုရုပ်သိမ်းသည့် ဥပဒေ

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၅။)

၁၃၇၈ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်

( ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် )

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

 ၁။ဤ ဥပဒေကို မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေ (၂၀၀၂ ခုနှစ်၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၈) ကို ဤ ဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) ထင်ကျော်                                                

နိုင်ငံတော်သမ္မတ                                             

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်                                

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။