ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကိုရုပ်သိမ်းသည့်ဥပဒေ

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၄။)

၁၃၇၈ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်

( ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်)

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

၁။ဤ ဥပဒေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ ဟုခေါ်တွင်စေရမည်။

 

၂။ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ (၁၉၉၀ပြည့်နှစ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၁) ကို ဤ ဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) ထင်ကျော်                                                                         

နိုင်ငံတော်သမ္မတ                                                                      

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်                        

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။