ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၈ )

၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ရက်

( ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ရက် )

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း()

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ဤဥပဒေကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေဟု ခေါ်တွင် စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသောအောက်ပါစကားရပ်များသည်ဖော်ပြပါအတိုင်းအဓိပ္ပာယ်သက်ရောက်စေရမည်

(က) နိုင်ငံသားဆိုသည်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဋ္ဌာန်းသည့်နေ့တွင်ဥပဒေအရနိုင်ငံသား ဖြစ်ပြီးသူတို့ကိုဆိုသည်။

() လက်နက်ဆိုရာတွင်လက်နက်အက်ဥပဒေများနှင့်ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေတွင်

အဓိပ္ပာယ်ဖွင့်ဆိုထားသည့်လက်နက်၊ကိရိယာတန်ဆာပလာများအပြင်သူတစ်ဦးဦးအားဘေးအန္တရာယ်

တစ်စုံတစ်ရာဖြစ်စေနိုင်သောပစ္စည်းလည်းပါဝင်သည်။

() ငြိမ်းချမ်းစွာစုဝေးခြင်းဆိုသည်မှာဤဥပဒေနှင့်အညီအများပြည်သူဆိုင်ရာနေရာတွင်မိမိသဘောထားဆန္ဒကို ဖော်ပြရန်အလို့ငှာနိုင်ငံသားများကဖြစ်စေ၊အဖွဲ့အစည်းတစ်ရပ်ရပ်ကဖြစ်စေလက်နက်မပါဘဲငြိမ်းချမ်းစွာရောက်ရှိခြင်း၊

ဟောပြောခြင်းကိုဆိုသည်။ယင်းစကားရပ်တွင်နိုင်ငံသားတစ်ဦးချင်းအနေဖြင့်အလားတူဆောင်ရွက်ခြင်းလည်းပါဝင်သည်။

() ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုသည်မှာဤဥပဒေနှင့်အညီအများပြည်သူဆိုင်ရာလမ်းတွင်မိမိသဘောထားဆန္ဒ ကိုဖော်ပြရန်အလို့ငှာနိုင်ငံသားများကဖြစ်စေ၊အဖွဲ့အစည်းတစ်ရပ်ရပ်ကဖြစ်စေလက်နက်မပါဘဲငြိမ်းချမ်းစွာ

စနစ်တကျလှည့်လည်ခြင်း၊ကြွေးကြော်ခြင်းကိုဆိုသည်။ယင်းစကားရပ်တွင်နိုင်ငံသားတစ်ဦးချင်းအနေဖြင့်

အလားတူဆောင်ရွက်ခြင်းလည်းပါဝင်သည်။

() အသိပေးတင်ပြချက်ဆိုသည်မှာငြိမ်းချမ်းစွာစုဝေးခြင်းသို့မဟုတ်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းပြုရန်ဤဥပဒေနှင့် အညီသက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့စာဖြင့်အကြောင်းကြားခြင်းကိုဆိုသည်။

() ပိုစတာဆိုသည်မှာလူတစ်ဦးတစ်ယောက်၏အသရေကိုနစ်နာမှုမဖြစ်စေသောမိမိဆန္ဒသဘောထားနှင့်လိုလားချက် တို့ကို စာဖြင့် ရေးသား၍ဖြစ်စေ၊ဆိုင်းဘုတ်၊ရုပ်ပုံ၊ဓာတ်ပုံ၊ပန်းချီ၊ကာတွန်းသို့မဟုတ်ရုပ်တုဖြင့်ဖြစ်စေ၊ရုပ်မြင်သံကြား ထုတ်လွှင့်သည့်နည်းလမ်းဖြင့်ဖြစ်စေ၊အခြားတစ်နည်းနည်းဖြင့်ဖြစ်စေဖော်ပြပြီးလက်တွင်ကိုင်ဆောင်နိုင်ရန်၊မြေတွင် စိုက်ထူနိုင်ရန်၊အရာဝတ္ထုတစ်ခုခုတွင်ကပ်ထားနိုင်ရန်သို့မဟုတ်တစ်နည်းနည်းဖြင့်ဖော်ပြနိုင်ရန်စီမံပြုလုပ်ထား သည့်အရာကိုဆိုသည်။

() ဆိုင်းဘုတ်ဆိုသည်မှာပါတီသို့မဟုတ်အသင်းသို့မဟုတ်အဖွဲ့အစည်းတစ်ခုခု၏အမည်၊အထိမ်းအမှတ်တံဆိပ်တို့ကိုရေးသား

ဖော်ပြချက်များအပါအဝင်လူတစ်ဦးတစ်ယောက်၏အသရေကိုနစ်နာမှုမဖြစ်သောမိမိဆန္ဒသဘောထားနှင့် လိုလားချက်တို့ကိုစာဖြင့်ရေးသားလက်တွင်ကိုင်ဆောင်နိုင်ရန်၊မြေတွင်စိုက်ထူနိုင်ရန်၊တစ်နေရာရာ၌ချိတ်ဆွဲနိုင်ရန်

သို့မဟုတ်တစ်နည်းနည်းဖြင့်ဖော်ပြနိုင်ရန်စီမံပြုလုပ်ထားသောအရာကိုဆိုသည်။

() အလံဆိုရာတွင်နိုင်ငံတော်အလံ၊တရားဝင်ပါတီနှင့်တရားဝင်အသင်းအဖွဲ့အလံတို့ပါဝင်သည်။

အခန်း()

ရည်ရွယ်ချက်

၃။ဤဥပဒေ၏ရည်ရွယ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်

(က) နိုင်ငံသားတိုင်းသည်နိုင်ငံတော်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေးနှင့်ပြည်သူတို့၏ကိုယ်ကျင့်တရား

အကျိုးတို့ကိုထိန်းသိမ်းစောင့်ရှောက်ရန်။

() ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါနိုင်ငံသားများ၏မူလအခွင့်အရေးဖြစ်သည့်ငြိမ်းချမ်းစွာ

စုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ကိုသုံးစွဲဆောင်ရွက်ခွင့်ရရှိစေရန်နှင့်ယင်းတို့အားဥပဒေအရအကာအကွယ်ပေးရန်။

()  ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းအခွင့်အရေးတို့ကိုသုံးစွဲဆောင်ရွက်သူများကြောင့်အများပြည်သူအား

အနှောင့်အယှက်ဖြစ်စေခြင်း၊ဘေးအန္တရာယ်ဖြစ်စေခြင်း၊ထိခိုက်နစ်နာစေခြင်းနှင့်အဟန့်အတား ဖြစ်စေခြင်းတို့မှကာကွယ်ရန်။

အခန်း()

အသိပေးတင်ပြခြင်း

၄။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းအခွင့်အရေးတို့ကိုသုံးစွဲဆောင်ရွက်လိုသောနိုင်ငံသားများ

သို့မဟုတ်အဖွဲ့အစည်းများသည်မိမိသဘောထားဆန္ဒကိုဖော်ပြရန်အလို့ငှာအောက်ပါအချက်များပါရှိသောအသိပေး တင်ပြချက် ကိုသက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံယင်းသို့ဆောင်ရွက်မည့်နေ့မတိုင်မီအနည်းဆုံး၄၈နာရီကြိုတင်၍စာဖြင့်ပေးပို့တင်ပြရမည်။

စီတန်းလှည့်လည်ရာတွင်ဖြတ်သန်းလိုသည့်မြို့နယ်များရှိပါကသက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးများထံ၄၈နာရီကြိုတင်၍အသိပေးတင်ပြချက်မိတ္တူကိုပေးပို့ရမည်

(က) ငြိမ်းချမ်းစွာစုဝေးခြင်းပြုလုပ်လိုသည့်ရည်ရွယ်ချက်၊နေရာ၊နေ့ရက်၊အချိန်အပိုင်းအခြား၊ငြိမ်းချမ်းစွာစုဝေးခြင်းပြုရာတွင်

ဟောပြောလိုသည့်အဓိကအကြောင်းအရာနှင့်ကြွေးကြော်လိုသည့်ကြွေးကြော်သံများ။

() ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းပြုလုပ်လိုသည့်ရည်ရွယ်ချက်၊လမ်းကြောင်း၊နေ့ရက်၊ဖြတ်သန်းလိုသည့်မြို့နယ်များ၊

အချိန်အပိုင်းအခြားနှင့်ကြွေးကြော်လိုသည့်ကြွေးကြော်သံများ။

() ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့အတွက်အသိပေးတင်ပြသူ၊ဦးဆောင်မည့်ပုဂ္ဂိုလ် နှင့်ဟောပြောမည့်ပုဂ္ဂိုလ်တို့၏အမည်နှင့်ဆက်သွယ်ရမည့်လိပ်စာအပြည့်အစုံ။

() ငြိမ်းချမ်းစွာစုဝေးခြင်းသို့မဟုတ်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းပြုလုပ်မည့်အစီအစဉ်နှင့်ခန့်မှန်းလူဦးရေ။

() ငြိမ်းချမ်းစွာစုဝေးခြင်းသို့မဟုတ်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းနှင့်စပ်လျဉ်း၍အဖွဲ့အစည်းတစ်ရပ်အနေဖြင့်

ဆောင်ရွက်ပါကယင်းအဖွဲ့အစည်း၏ဆုံးဖြတ်ချက်မှတ်တမ်းသို့မဟုတ်အထောက်အထား။

() ဤဥပဒေပါစည်းကမ်းချက်များနှင့်တာဝန်ရှိပုဂ္ဂိုလ်သို့မဟုတ်အဖွဲ့အစည်းများကဒေသဆိုင်ရာလိုအပ်ချက်

အရကြိုတင်သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်စပ်လျဉ်းသည့်ညှိနှိုင်းသဘောတူညီချက်။

အခန်း()

အသိပေးတင်ပြချက်ကိုလက်ခံဆောင်ရွက်ခြင်း

၅။ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးသည်ပုဒ်မအရအသိပေးတင်ပြချက်ကိုလက်ခံရရှိသည့်အခါသက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးမှူးနှင့်သက်ဆိုင်ရာခရိုင်ရဲတပ်ဖွဲ့မှူးထံသို့ဆောလျင်စွာတင်ပြရမည်။

၆။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးမှူးသည်ပုဒ်မ၅အရတင်ပြချက်ကိုလက်ခံရရှိသည့်အခါ သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးမှူးထံဆောလျင်စွာတင်ပြရမည်။

၇။ မြို့နယ်ရဲတပ်ဖွဲ့မှူးသည်တစ်နေရာတည်းတစ်ချိန်တည်းတွင်တစ်ဖွဲ့ထက်ပိုသောအဖွဲ့များမှငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ကိုပြုလုပ်ဆောင်ရွက်ရန်အတွက်အသိပေးတင်ပြလာပါကဦးဆောင်သူများနှင့် ဆွေးနွေးညှိနှိုင်းပြီးဖြေရှင်းဆောင်ရွက်ပေးရမည်။

အခန်း ()

စည်းကမ်းချက်များ

၈။ ငြိမ်းချမ်းစွာစုဝေးခြင်းပြုလိုသူများသည်ပုဒ်မအရအသိပေးတင်ပြချက်တွင်ဖော်ပြထားသည့်နေရာတွင်သာ

ငြိမ်းချမ်းစွာစုဝေးခြင်းပြုရမည်။

၉။ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းပြုလိုသူများသည်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ရာတွင်အများပြည်သူအား

အနှောင့်အယှက်မဖြစ်စေရေးအတွက်ပုဒ်မအရအသိပေးတင်ပြချက်တွင်ဖော်ပြထားသည့်လမ်းကြောင်းအစနေရာတွင်

ငြိမ်းချမ်းစွာစတင်စုဝေးပြီးတင်ပြထားသည့်လမ်းကြောင်းအတိုင်းသာငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆောင်ရွက်ခွင့်ရှိသည်။

၁၀။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းပြုသူများသည်

(က) အများပြည်သူကိုအနှောင့်အယှက်အဟန့်အတားဖြစ်စေခြင်း၊စိတ်ငြိုငြင်စေခြင်း၊အန္တရာယ်ဖြစ်စေခြင်း၊ထိခိုက်နစ်နာစေခြင်း

သို့မဟုတ်ဖိအားပေးဆွဲဆောင်ခြင်းဖြစ်နိုင်သည့်အပြောအဆိုသို့မဟုတ်အပြုအမူကိုမပြုလုပ်ရ။

() စုဝေးသည့်နေရာသို့မဟုတ်စီတန်းလှည့်လည်သည့်လမ်းကြောင်းတစ်လျှောက်တွင်ပတ်ဝန်းကျင်ညစ်ညမ်းစေမည့်

အပြုအမူများမပြုလုပ်ရ။

() ယာဉ်များနှင့်လမ်းသွားလမ်းလာများ၊ပြည်သူများကိုအနှောင့်အယှက်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့်တမင်တားဆီး ပိတ်ဆို့ခြင်းကိုမပြုလုပ်ရ။

() နိုင်ငံတော်နှင့်ပြည်ထောင်စုကိုဖြစ်စေ၊လူမျိုးရေးသို့မဟုတ်ဘာသာရေးကိုဖြစ်စေ၊လူ့ဂုဏ်သိက္ခာနှင့်ကိုယ်ကျင့်တရား ကိုဖြစ်စေထိခိုက်စေမည့်အပြောအဆိုနှင့်အပြုအမူများကိုမပြုလုပ်ရ။

() မမှန်ကန်သောသတင်းများကိုဖြစ်စေ၊မမှန်ကန်သောအချက်အလက်များကိုဖြစ်စေဟောပြောခြင်းမပြုလုပ်ရ။

() ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ပြုရာတွင်အသိပေးတင်ပြထားသည့်အလံ၊ပိုစတာနှင့်

ဆိုင်းဘုတ်များမှအပအခြားအလံ၊ပိုစတာနှင့်ဆိုင်းဘုတ်များကိုကိုင်ဆောင်ခြင်း၊ပြသခြင်းမပြုလုပ်ရ။

() ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းပြုရာတွင်လက်ကိုင်အသံချဲ့စက်မှအပအခြားအသံချဲ့စက်များအသုံးပြုခြင်း

သော်လည်းကောင်း၊အသိပေးတင်ပြထားသောကြွေးကြော်သံများမှအပအခြားကြွေးကြော်ခြင်းနှင့်အော်ဟစ်ခြင်း

သော်လည်းကောင်းမပြုလုပ်ရ။

() လူသားအချင်းချင်းမတူကွဲပြားမှုကြောင့်ခွဲခြားနှိမ့်ချခြင်း၊ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းတို့ကိုရည်ရွယ်သောအပြုအမူ၊

အပြောအဆိုတို့ကိုမပြုလုပ်ရ။

() ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ပြုလုပ်စေရန်မရိုးမဖြောင့်သောသဘောဖြင့်သူတစ်ဦးဦးအား

ငွေကြေးသို့မဟုတ်ပစ္စည်းတစ်စုံတစ်ရာပေး၍သွေးဆောင်ခြင်းမပြုရ။

() ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ပြုရာတွင်သူတစ်ဦးဦးအားပါဝင်စေရန်ခြိမ်းခြောက်ခြင်း၊

အတင်းအကျပ်ပြုခြင်း၊အနိုင်အထက်ပြုခြင်း၊မလျော်ဩဇာသုံးခြင်းတို့မပြုလုပ်ရ။

( ) ဤဥပဒေပါစည်းကမ်းချက်များနှင့်တာဝန်ရှိပုဂ္ဂိုလ်သို့မဟုတ်အဖွဲ့အစည်းများကဒေသဆိုင်ရာလိုအပ်ချက်အရကြိုတင်

သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်စပ်လျဉ်းသည့်ညှိနှိုင်းသဘောတူညီချက်များကိုဖောက်ဖျက်ခြင်းမပြုရ။

၁၁။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းပြုသူများသည်ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်း

လှည့်လည်ခြင်းတို့ပြုရာတွင်

(က) မည်သည့်လက်နက်တစ်မျိုးမျိုးကိုမျှကိုင်ဆောင်ခြင်းမပြုရ။

() သူတစ်ဦးဦးအားဘေးအန္တရာယ်ဖြစ်စေခြင်းသို့မဟုတ်အကြမ်းဖက်တိုက်ခိုက်ခြင်းမပြုရ။

() ပြည်သူပိုင်ပစ္စည်း၊အများပိုင်ပစ္စည်းနှင့်ပုဂ္ဂလိကပိုင်ပစ္စည်းများကိုထိခိုက်ပျက်စီးစေမည့်အပြုအမူများမပြုရ။

၁၂။  ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းပြုသူများသည်ဤဥပဒေပါစည်းကမ်းချက်တစ်ရပ်ရပ်

ကိုသော်လည်းကောင်း၊တာဝန်ရှိပုဂ္ဂိုလ်သို့မဟုတ်အဖွဲ့အစည်းများကဒေသဆိုင်ရာလိုအပ်ချက်အရကြိုတင်သတ်မှတ်

ထားသောစည်းကမ်းချက်များနှင့်စပ်လျဉ်းသည့်ညှိနှိုင်းသဘောတူညီချက်တစ်ရပ်ရပ်ကိုသော်လည်းကောင်း

လိုက်နာခြင်းမရှိ၍တာဝန်ရှိပုဂ္ဂိုလ်သို့မဟုတ်အဖွဲ့အစည်းကတားမြစ်ပါကစုဝေးခြင်းနှင့်စီတန်းလှည့်လည်ခြင်းကို

ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲလူစုခွဲရမည်။

အခန်း()

အရေးယူဆောင်ရွက်ခြင်း

၁၃။ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ကိုဆောင်ရွက်နေသူတို့အားနှောင့်ယှက်ခြင်း၊

စိတ်ငြိုငြင်စေခြင်း၊လက်ရောက်မှုကျူးလွန်ခြင်း၊အနိုင်အထက်ပြုခြင်းသို့မဟုတ်ဟန့်တားခြင်းမပြုနိုင်စေရန်လည်းကောင်း၊

ဘေးအန္တရာယ်မဖြစ်စေရန်လည်းကောင်းဒုတိယရဲအုပ်အဆင့်ထက်မနိမ့်သောရဲအရာရှိဦးဆောင်သည့်ရဲတပ်ဖွဲ့က

လိုအပ်သောကာကွယ်စောင့်ရှောက်မှုများကိုဆောင်ရွက်ရမည်။

၁၄။ ဒုတိယရဲအုပ်အဆင့်ထက်မနိမ့်သောရဲအရာရှိတစ်ဦးဦးသည်

(က) ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ကိုပြုလုပ်ရာတွင်ဤဥပဒေပါစည်းကမ်းချက် တစ်ရပ်ရပ်ကိုသော်လည်းကောင်း၊တာဝန်ရှိပုဂ္ဂိုလ်သို့မဟုတ်အဖွဲ့အစည်းများကဒေသဆိုင်ရာလိုအပ်ချက်အရကြိုတင်

သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်စပ်လျဉ်းသည့်ညှိနှိုင်းသဘောတူညီချက်တစ်ရပ်ရပ်ကို သော်လည်းကောင်းလိုက်နာခြင်းမရှိကြောင်းတွေ့ရှိလျှင်ဖြစ်စေ၊ထိုသို့လိုက်နာခြင်းမရှိကြောင်းတိုင်ကြားချက်ကို

လက်ခံရရှိလျှင်ဖြစ်စေဦးဆောင်သည့်ပုဂ္ဂိုလ်အားသတိပေးရမည်။

() ပုဒ်မခွဲ(က)အရသတိပေးသည်ကိုလိုက်နာဆောင်ရွက်ခြင်းမရှိပါကမြို့နယ်ရဲတပ်ဖွဲ့မှူးထံချက်ချင်းတင်ပြရမည်။

၁၅။ မြို့နယ်ရဲတပ်ဖွဲ့မှူးသည်ပုဒ်မ၁၄၊ပုဒ်မခွဲ() အရတင်ပြချက်ကိုရရှိလျှင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးမှူးထံချက်ချင်းတင်ပြ၍ခွင့်ပြုချက်

ရယူပြီးစုဝေးခြင်းသို့မဟုတ်စီတန်းလှည့်လည်ခြင်းကိုတားမြစ်နိုင်သည်။

၁၆။ မြို့နယ်ရဲတပ်ဖွဲ့မှူးသည်ပုဒ်မ၁၅အရတားမြစ်သော်လည်းဆက်လက်စည်းကမ်းဖောက်ဖျက်ခြင်းများ၊လူစုမခွဲဘဲစုဝေးခြင်း

သို့မဟုတ်စီတန်းလှည့်လည်ခြင်းများရှိနေပါကမြို့နယ်ရဲတပ်ဖွဲ့မှူးသို့မဟုတ်၎င်းကတာဝန်ပေးအပ်သောဒုတိယ

ရဲအုပ်အဆင့်ထက်မနိမ့်သောရဲအရာရှိတစ်ဦးဦးသည်တည်ဆဲဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်းသို့မဟုတ်စည်းကမ်း၊လုပ်ထုံး

လုပ်နည်းများနှင့်အညီလူစုကွဲသည်အထိဆက်လက်အရေးယူဆောင်ရွက်ရမည်။ထိုသို့အရေးယူဆောင်ရွက်ရာတွင်အင်အား

အလွန်အကျွံသုံးစွဲခြင်းမရှိစေရန်ကြီးကြပ်ဆောင်ရွက်ရမည်။

၁၇။ ဤဥပဒေနှင့်အညီအသိပေးတင်ပြခြင်းမရှိဘဲစုဝေးခြင်းနှင့်စီတန်းလှည့်လည်ခြင်းပြုသည့်မည်သည့်ပုဂ္ဂိုလ်၊အဖွဲ့အစည်း

ကိုမဆိုစုဝေးခြင်းသို့မဟုတ်စီတန်းလှည့်လည်ခြင်းပြုသည့်နေရာတွင်ပုဒ်မ၁၆ပါပြဋ္ဌာန်းချက်အတိုင်းသက်ဆိုင်ရာ

မြို့နယ်ရဲတပ်ဖွဲ့မှူးသည်ဆောလျင်စွာအရေးယူဆောင်ရွက်ရမည်။

အခန်း()

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၁၈။ မည်သူမဆိုငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းပြုသူများအားနှောင့်ယှက်ခြင်း၊ဟန့်တားခြင်း၊

စိတ်ငြိုငြင်စေခြင်း၊လက်ရောက်မှုကျူးလွန်ခြင်း၊အနိုင်အထက်ပြုခြင်းသို့မဟုတ်ဘေးအန္တရာယ်ဖြစ်စေခြင်းကိုပြုကြောင်း

ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ထိုသူကိုတစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊

ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

၁၉။ မည်သူမဆိုပုဒ်မပါပြဋ္ဌာန်းချက်များနှင့်အညီသက်ဆိုင်ရာသို့အသိပေးတင်ပြခြင်းမရှိဘဲစုဝေးခြင်းသို့မဟုတ်စီတန်းလှည့်လည် ခြင်းပြုကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ထိုသူကိုသုံးလထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ကျပ်သုံးသောင်းထက်မပိုသော

ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။ယင်းပြစ်မှုကိုထပ်မံကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ထိုသူကို တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

၂၀။ မည်သူမဆိုပုဒ်မ၈၊ပုဒ်မနှင့်ပုဒ်မ၁၀တို့ပါစည်းကမ်းချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်

ထိုသူကိုတစ်လထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ကျပ်တစ်သောင်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

ယင်းပြစ်မှုကိုထပ်မံကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ထိုသူကိုသုံးလထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊

ကျပ်သုံးသောင်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

၂၁။ မည်သူမဆိုပုဒ်မ၁၁ပါတားမြစ်ချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်ပါကထိုသူသည်သက်ဆိုင်ရာတည်ဆဲဥပဒေနှင့်အညီတရားစွဲဆိုခြင်းခံရမည်။

 အခန်း()

အထွေထွေ 

၂၂။ ဤဥပဒေအရအရေးယူသောပြစ်မှုကိုရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုအဖြစ်သတ်မှတ်သည်။

၂၃။ မည်သူမဆိုဤဥပဒေပါပြစ်မှုတစ်ခုခုကိုဖောက်ဖျက်ကျူးလွန်ပါကထိုသူကိုပြစ်မှုဖောက်ဖျက်ကျူးလွန်သည့်နေ့မှ၁၅ရက်အတွင်း

သက်ဆိုင်ရာတရားရုံးသို့တရားစွဲဆိုတင်ပို့ရမည်။

၂၄။ ဤဥပဒေပုဒ်မ၁၈နှင့်ပုဒ်မ၁၉တို့အရတရားစွဲဆိုရာတွင်ဆက်စပ်မြို့နယ်များပါဝင်နေပါကပြစ်မှုကိုစတင်ဖောက်ဖျက်

ကျူးလွန်သည့်မြို့နယ်ရှိတရားရုံးကသာစီရင်ပိုင်ခွင့်ရှိသည်။

၂၅။ ပုဒ်မအရအသိပေးတင်ပြပြီးသူသည်အကြောင်းအမျိုးမျိုးကြောင့်ငြိမ်းချမ်းစွာစုဝေးခြင်းသို့မဟုတ်ငြိမ်းချမ်းစွာစီတန်း

လှည့်လည်ခြင်းမပြုလုပ်လိုပါကသက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံဆောလျင်စွာအသိပေးတင်ပြရမည်။

၂၆။  ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ(၂၀၁၁ခုနှစ်၊ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၁၅။) အရထုတ်ပြန်ထားသောနည်းဥပဒေများ၊အမိန့်ကြော်ငြာစာ၊အမိန့်၊ညွှန်ကြားချက်များနှင့်လုပ်ထုံးလုပ်နည်းများကိုဤဥပဒေနှင့်

မဆန့်ကျင်သရွေ့ဆက်လက်ကျင့်သုံးနိုင်သည်။

၂၇။ ဤဥပဒေပါပြဋ္ဌာန်းချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်ပြည်ထဲရေးဝန်ကြီးဌာနသည်

(က) နည်းဥပဒေ၊စည်းမျဉ်းသို့မဟုတ်စည်းကမ်းများကိုပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်ထုတ်ပြန်နိုင်သည်။

() အမိန့်ကြော်ငြာစာ၊အမိန့်၊ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကိုထုတ်ပြန်နိုင်သည်။

၂၈။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ (၂၀၁၁ခုနှစ်၊ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၁၅။) ကိုဤဥပဒေဖြင့်ရုပ်သိမ်းလိုက်သည်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ)ထင်ကျော်                                  

နိုင်ငံတော်သမ္မတ                               

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်            


 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။