ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေ
(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၀။)
၁၃၇၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက်
(၂၀၁၆ ခုနှစ်၊ ဇွန်လ ၈ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။
ဤဥပဒေကို ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင် စေရမည်။
၂။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၉၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၈၉။ (က)
လွှတ်တော်တွင် တစ်စုံတစ်ရာသော အကြောင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်နေရာ လစ်လပ်လျှင် လွှတ်တော် ကိုယ်စားလှယ် လစ်လပ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကော်မရှင်သို့ အကြောင်းကြားသည့် နေ့မှစ၍ လွှတ်တော်ပုံမှန်သက်တမ်း၏ ပထမနှစ်အတွက် တစ်နှစ်အတွင်းတွင် လည်းကောင်း၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်များအတွက် ခြောက်လ အတွင်းတွင် လည်းကောင်း ပုဒ်မ ၅၀ ပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်စေဘဲ ဥပဒေနှင့်အညီ အစားထိုးရွေးကောက်တင်မြှောက်ပြီး ဖြစ်ရမည်။”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
/ အယ်ဒီတာ
ယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles. Download here.
Welcome to Myanmar Laws Archive. This is a CSR (corporate social responsibility) project by Myanmars.NET for legal knowledge education program to our people. The law does not excuse people, because they do not know. Myanmar laws are based on English common law, so that it is very similar to many laws in United States, United Kingdom, Australia, Singapore, or Malaysia.
We also have a CSR policy that we do NOT do new businesses with alcoholic, cigarette, and MLM businesses.
We have 4 guests and no members online