2016 - Today (NLD)

Myanmar Law Center


   

2017-08-15 - မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၄။)

၁၃၇၉ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်

(၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၃ တွင်-

(က) ပုဒ်မခွဲ (၁) ကို ပယ်ဖျက်ရမည်။

( ခ ) ပုဒ်မခွဲ (၅) ၌ပါရှိသော "the age of thirteen years" ဆိုသည့် စကားရပ်ကို "the age of fifteen years" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

( ဂ ) ပုဒ်မခွဲ (၈) ၌ ပါရှိသော "the dominions of His Britannic Majesty" ဆိုသည့် စကားရပ်ကို "the Republic of the Union of Myanmar" ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၃။ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မ ၄၊ ပုဒ်မ ၇၊ ပုဒ်မ ၁၀၊ ပုဒ်မ ၁၈၊ ပုဒ်မ ၂၃၊ ပုဒ်မ ၂၇၊ ပုဒ်မ ၃၂၊ ပုဒ်မ ၃၄၊ ပုဒ်မ ၄၀၊ ပုဒ်မ ၄၃ နှင့် ပုဒ်မ ၄၄ တို့တွင်ပါရှိသော "the High Court"ဆိုသည့် စကားရပ်ကို "the High Court of the Region or the High Court of the State" ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ "the District Court" ဆိုသည့်စကားရပ်ကို "the Court of the Self-Administered Division or the Court of the Self-Administered Zone or the District Court" ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အသီးသီး အစားထိုးရမည်။

၄။ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၇ တွင်ပါရှိသော "the Supreme Court of Judicature in England" ဆိုသည့်စကားရပ်ကို "the Supreme Court of the Union" ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၅။ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၈၊ ပုဒ်မ ၁၇၊ ပုဒ်မ ၁၇-က၊ ပုဒ်မ ၁၉၊ ပုဒ်မ ၂၀၊ ပုဒ်မ ၃၇၊ ပုဒ်မ ၅၀၊ ပုဒ်မ ၅၅ ၏ခြွင်းချက်၊ ပုဒ်မ ၅၆ နှင့် ပုဒ်မ ၅၇ တို့တွင်ပါရှိသော "the High Court" ဆိုသည့်စကားရပ်ကို "the High Court of the Region or the High Court of the State"ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၆။ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေပုဒ်မ ၉ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"9. When any question of law or usage having the force of law arises at any point in the proceedings previous to the hearing of any suit under this Act by a Court of the Self-Administered Division or a Court of the Self-Administered Zone or a District Court or at any subsequent stage of such suit, or in the execution of the decree therein or order thereon, the Court may, either of its own motion or on the application of any of the parties, draw up a statement of the case and refer it, with the Courts own opinion thereon, to the decision of the High Court of the Region or the High Court of the State.

     If the question has arisen previous to or in the hearing, the Court of the Self-Administered Division or the Court of the Self-Administered Zone or the District Court may either stay such proceedings, or proceed in the case pending such reference and pass a decree contingent upon the opinion of the High Court of the Region or the High Court of the State upon it. If a decree or order has been made, its execution shall be stayed until the receipt of the order of the High Court of the Region or the High court of the State upon such reference."

၇။ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၁၃ နှင့် ပုဒ်မ၁၆ တို့တွင်ပါရှိသော “a District Court” ဆိုသည့်စကားရပ်ကို “a Court of the Self-Administered Division or a Court of the Self-Administered Zone or a District Court” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “the High Court” ဆိုသည့်စကားရပ်ကို “the High Court of the Region or the High Court of the State” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။

၈။ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၁၇-ကတွင်ပါရှိသော “as is exercisable in England by the King's Proctor,”ဆိုသည့်စကားရပ်နှင့် “to exercise duties of King's Proctor”ဆိုသည့်စကားရပ်တို့ကိုပယ်ဖျက်ရမည်။

၉။ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၅၆ တွင်ပါရှိသော “or of any Division Court” ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရမည်။

၁၀။ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၅၆ နှင့် ပုဒ်မ၅၇ ၏ခြွင်းချက်တို့တွင် ပါရှိသော “the Supreme Court” ဆိုသည့်စကားရပ်ကို “the Supreme Court of the Union” ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။

၁၁။ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေ ပုဒ်မ ၆၂ တွင်ပါရှိသော “the High Court” ဆိုသည့် စကားရပ်ကို “the Supreme Court of the Union” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သင့်ထင်မြင်ချက်လေး ရေးခဲ့ပါ။

Please leave comments or requests to revise or update, about this law...


မိတ်ဆွေ ပြည်ထောင်စု သားရောင်းရင်းများ ခင်ဗျား... ဒီစာမျက်နှာ သို့မဟုတ် ဒီဥပဒေနဲ့ ပတ်သက်ပြီး သင်ဘာပြောချင် ပါသလဲ? သင် ဘယ်လို မြင်ပါသလဲ? ထောက်ခံသလား? ကန့်ကွက်သလား? ဘယ်အပိုင်းက ခေတ်နဲ့ မညီဘူး ဖြစ်နေသလဲ? ဘယ်အပိုင်းကို ဦးစားပေး ပြင်သင့်တယ် ထင်သလဲ?
  • ကြောက်လို့ ဘာမှ မပြောဘဲ နေတာဟာ အဂတိ လိုက်စားတာပါ။ ‘ဘယာဂတိ’ လို့ ခေါ်ပါတယ်။ ဒါတွေ ရပ်ဘို့ လိုပါတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာဘို့ ကျွန်တော်တို့ နိုင်ငံသားတွေကို အားပေး ရပါမယ်။ ပျိုးထောင် ရပါမယ်။ မိမိအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတာ၊ တိုင်ပင် နှီးနှောတာ ဒီမိုကရေစီပါ။ ဆွေးနွေးပါ။ ဝေဖန်ပါ။ အားပေးပါတယ်။ ကျွန်တော်တို့ အားလုံးကိုယ်တိုင်လည်း အဝေဖန်ခံနိုင်အောင် ကြိုးစားရပါမယ်။  သဘောထား ကြီးအောင်ကြိုးစားပြီး။ agree to disagree ဆိုတာကို ဒီမိုကရေစီ နည်းကျ ကျင့်ကြံကြရပါမယ်။
  • မိမိ လုပ်ရပ်အားလုံးကို မိမိ တာဝန်ယူရမယ်ဆိုတာလည်း ဒီမိုကရေစီပါ။ ဆဲဆိုတာတွေ၊ မလုပ်ဘဲ ချက်ကျလက်ကျ ပြောဆိုဆွေးနွေး စေချင်ပါတယ်။ မေတ္တာရပ်ခံ လိုပါတယ်။ 
  • မတရားတာတွေ ဒီမိုကရေစီနည်းနဲ့ ရပ်တန့်ဘို့က ဒီလို ဆွေးနွေးဘို့ များများ လိုပါတယ်။ ဒီမှာ ဆွေးနွေးတာတွေကို law-maker တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြင်အောင်၊ ဖတ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။ 
  • ကမ္ဘာမှာ အတိုးတက်ဆုံး အမေရိကန် ပြည်ထောင်စု ဆိုတာ ကမ္ဘာမှာ ဥပဒေ အများဆုံး ရှိတဲ့ တိုင်းပြည်ပါ။ ဆိုလိုတာက ချုပ်ချယ်မှု အများဆုံး တိုင်းပြည်ပါ။ ကာကွယ်သင့်တာတွေကို အကာအကွယ် အများဆုံး ပေးတဲ့ တိုင်းပြည်ပါ။ တစ်ချိန်တည်းမှာ ကမ္ဘာမှာ အလွတ်လပ်ဆုံး တိုင်းပြည်ပါ။ မိမိတို့ ချစ်တဲ့ မြန်မာနိုင်ငံကို the land of opportunities ဖြစ်လာအောင် ဝိုင်းဝန်း အကြံပေး ကြပါ။ ပြုပြင် ပေးကြပါလို့ နှိုးဆော် လိုက်ပါရစေ။

/ အယ်ဒီတာ

ဒီဥပဒေထဲမှာ ဘာတွေ ပြင်သင့်သလဲ? ဆွေးနွေးကြည့်ပါ။
What are needed to be revised in this law?

ဖွဲ့စည်းပုံကို သင့်ဖုန်းပေါ်မှာ ဖတ်နိုင်

Myanmar constitution app for Androidယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles. Download here.

ကက က္က

CSR project by Myanmars.NET

 
Welcome to Myanmar Laws Archive. This is a CSR (corporate social responsibility) project by Myanmars.NET for legal knowledge education program to our people. The law does not excuse people, because they do not know. Myanmar laws are based on English common law, so that it is very similar to many laws in United States, United Kingdom, Australia, Singapore, or Malaysia.

We also have a CSR policy that we do NOT do new businesses with alcoholic, cigarette, and MLM businesses.