2016 - Today (NLD)

Myanmar Law Center


   

2018-09-20 - သစ်တောဥပဒေ

သစ်တောဥပဒေ

(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၉ ။)

၁၃၈၀ ပြည့်နှစ်၊ တော်သလင်းလဆန်း ၁၁ ရက်

(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် )

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို သစ်တောဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်

(က) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုသည်။

(ခ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို ဆိုသည်။ (ဂ) ဝန်ကြီး ဆိုသည်မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကို ဆိုသည်။

(ဃ) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။

(င) သစ်တောကြေးတိုင်အရာရှိ ဆိုသည်မှာ ဤဥပဒေအရ ကြိုးဝိုင်းတောဖွဲ့စည်းမည့် နယ်မြေ ဒေသရှိ အများပြည်သူတို့၏ အခွင့်အရေး ထိခိုက်နစ်နာမှုများကို သတ်မှတ်သည့် နည်းလမ်း များနှင့်အညီ စုံစမ်းစစ်ဆေးပြီး စိစစ်ရေးအဖွဲ့၏ တာဝန်ခံအဖြစ် ဆုံးဖြတ်ချက်ချမှတ်၍ ကြိုးဝိုင်းတော နယ်နိမိတ်သတ်မှတ်ရေး လုပ်ငန်းများကို ဆောင်ရွက်သည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် သို့မဟုတ် ခရိုင်အဆင့်ရှိ အရာထမ်းကို ဆိုသည်။

(စ) သစ်တောအရာရှိ ဆိုသည်မှာ သစ်တောဦးစီးဌာန၏ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်တာဝန်ခံများကို ဆိုသည်။

(ဆ) သစ်တောဝန်ထမ်း ဆိုသည်မှာ သစ်တောဦးစီးဌာန၏ တောကြပ်မှ ညွှန်ကြားရေးမှူးချုပ် အထိ အဆင့်ဆင့်သော သစ်တောစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ထမ်းများကို ဆိုသည်။

(ဇ) ကြိုးဝိုင်းတော ဆိုသည်မှာ ဤဥပဒေအရ ကြိုးဝိုင်းတောအဖြစ် ဖွဲ့စည်းထားသည့် နယ်မြေကို ဆိုသည်။

(ဈ) ကြိုးပြင်ကာကွယ်တော ဆိုသည်မှာ ဤဥပဒေအရ ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကြေညာထားသည့် နယ်မြေကို ဆိုသည်။

(ည) သစ်တောနယ်မြေ ဆိုသည်မှာ ကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောတို့ ပါဝင်သည့်နယ်မြေကိုဆိုသည်။

(ဋ) အစိုးရက စီမံခန့်ခွဲခွင့်ရှိသောမြေ ဆိုသည်မှာ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးက စိုက်ပျိုးလုပ်ကိုင်ခွင့်၊ လက်ဝယ်ထားခွင့်၊ အသုံးပြုခွင့်၊ အကျိုးခံစားခွင့်၊ ဆက်ခံခွင့် သို့မဟုတ်လွှဲပြောင်းပိုင်ခွင့်ရှိသော မြေမှအပ အခြားမြေများကို ဆိုသည်။

( ဌ ) သစ်တောထွက်ပစ္စည်း ဆိုသည်မှာ သစ်တောနယ်မြေနှင့် အစိုးရက စီမံခန့်ခွဲခွင့်ရှိသော မြေတွင် ပေါက်ရောက်နေသော သို့မဟုတ် တွေ့ရှိရသော သစ်ပင်၊ သစ်ရွက်၊ ပန်း၊ သစ်သီး၊ သစ်ဥသစ်ဖု၊ သစ်ခွ၊ အခြားကပ်ပါးပင်များနှင့် ယင်းတို့မှထွက်ရှိသော ပစ္စည်းများကို ဆိုသည်။ ယင်းစကားရပ်တွင် တောရိုင်းတိရစ္ဆာန်များ၊ ပိုးမွှားများ၊ ယင်းတို့၏ အစိတ်အပိုင်းများနှင့် ယင်းတို့မှ ထွက်ရှိသော ပစ္စည်းများလည်း ပါဝင်သည်။

(၃) သစ် မဟုတ်သည့် သစ်တောထွက်ပစ္စည်း ဆိုသည်မှာ ဤဥပဒေအရ သတ်မှတ်ကြေညာထားသည့် သစ်မဟုတ်သည့် သစ်တောထွက် ပစ္စည်းများကို ဆိုသည်။

( ၀ ) သစ်ပင် ဆိုရာတွင် သစ်မြစ်၊ သစ်ငုတ်၊ ပင်စည်၊ အကိုင်း အခက်၊ ချုံ၊ နွယ်၊ ဝါး၊ ကြိမ်၊ သစ်ခွ နှင့် အပင်ပေါက်တို့ ပါဝင်သည်။

(ဏ) တားမြစ်သစ်ပင် ဆိုသည်မှာ ကျွန်းပင်နှင့် ဤဥပဒေအရ တားမြစ်သစ်ပင်အဖြစ် သတ်မှတ် ကြေညာထားသည့် သစ်ပင်ကို ဆိုသည်။

(တ) သစ် ဆိုသည်မှာ ချုံ၊ နွယ်၊ ဝါး၊ ကြိမ်၊ သစ်ခွနှင့် အပင်ပေါက်တို့မှအပ လဲနေသော သစ်ပင်၊ ခုတ်လှဲပြီး သစ်ပင်၊ ခုတ်ထွင် ဖြတ်တောက် ပြုပြင်ထားသော သစ် သို့မဟုတ် သစ်လုံးကို | ဆိုသည်။

(ထ) ထင်း ဆိုသည်မှာ လောင်စာအဖြစ်သာ အသုံးပြုရန် သင့်လျော်သော သစ်ပင်၊ သစ်ပိုင်း သို့မဟုတ် သစ်စကို ဆိုသည်။

(3) အိမ်မွေးတိရစ္ဆာန် ဆိုသည်မှာ လူတို့ မွေးမြူထားသော ဆင် အပါအဝင် တိရစ္ဆာန်များကို ဆိုသည်။

(ဓ) မျှောစာ ဆိုသည်မှာ တရားဝင်ပိုင်ဆိုင်သည့် သစ်တောထွက်ပစ္စည်းများကို ပြည်တွင်း၌ မြို့နယ်ကျော်၍ သယ်ယူရွှေ့ပြောင်းနိုင်ရန် ဤဥပဒေအရ ထုတ်ပေးသည့် ခွင့်ပြုမိန့်ကို ဆိုသည်။

(န) ခွင့်ပြုမိန့် ဆိုသည်မှာ ဤဥပဒေအရ သစ်တောထွက်ပစ္စည်း ထုတ်ယူခွင့်ပြုသည့် အမိန့် သို့မဟုတ် သစ်တောထွက်ပစ္စည်းနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ခွင့် အမိန့်ကို ဆိုသည်။ ယင်းစကားရပ်တွင် သစ်တောထွက်ပစ္စည်း ထုတ်ယူခွင့်ပြုရန် ချုပ်ဆိုသည့် စာချုပ်လည်း ပါဝင်ပါသည်။

(ပ) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆိုသည်မှာ ဤဥပဒေအရ ထုတ်ပြန် ထားသော ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာညွှန်ကြားချက်များအရ ဆောင်ရွက်သည့် လုပ်ငန်းတစ်ရပ်ရပ်ကို ဆိုသည်။

(ဖ) လက်ကိုင်စက်လွှ ဆိုသည်မှာ စက်အားကို အသုံးပြု၍ သစ်ပင်၊ သစ်လုံး၊ တိုင်၊ မျောနှင့် ခွဲသားများကို ပိုင်းဖြတ်ခွဲစိတ်နိုင်သော အလွယ်တကူ ရွှေ့ပြောင်းသုံးစွဲနိုင်သည့် လက်ကိုင် စက်ကို ဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်များ

၃။ ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) အစိုးရအဖွဲ့၏ သစ်တောရေးရာ မူဝါဒကို အကောင်အထည်ဖော်ရန်၊

( ခ ) အစိုးရအဖွဲ့၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာမူဝါဒကို အကောင်အထည်ဖော်ရန်၊

( ဂ ) အစိုးရအဖွဲ့၏ သစ်တောရေးရာမူဝါဒနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒတို့ကိုအကောင်အထည်ဖော်ရာတွင် ပြည်သူတို့၏ပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍကို မြှင့်တင်ပေးရန်၊

(ဃ) သစ်တောများကို ထိန်းသိမ်းကာကွယ်ခြင်းအားဖြင့် နိုင်ငံတော်၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်သူတို့၏ စားဝတ်နေရေးကို အထောက်အကူ ဖြစ်စေရန်နှင့်စဉ်ဆက်မပြတ် အကျိုးစီးပွားခံစားနိုင်စေရန်၊

(င) သစ်တော ထိန်းသိမ်းကာကွယ်ရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးတို့ နှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ ဆောင်ရွက်ရန်၊

( စ ) သစ်တောနှင့် ဇီဝမျိုးများပြုန်းတီးခြင်း၊ မီးလောင်ခြင်း၊ ပိုးမွှားကျရောက်ခြင်းနှင့် အပင်ရောဂါကျရောက်ခြင်း ဘေးအန္တရာယ်တို့မှ ထိန်းသိမ်းကာကွယ်နိုင်ရန်၊ (ဆ) သဘာဝသစ်တောများ ထိန်းသိမ်းကာကွယ်ရေးနှင့် သစ်တောစိုက်ခင်းသစ်များ တည်ထောင်ရေးတို့ကို တစ်ပြိုင်တည်း ဆောင်ရွက်နိုင်ရန်၊

(ဇ) ပြည်တွင်းလောင်စာ လိုအပ်ချက်ကို အထောက်အကူ ဖြစ်စေရန်၊

( ဈ ) စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော ထာဝစဉ်တည်တံ့စေသည့် သစ်တောစီမံအုပ်ချုပ်မှုကို အကောင်အထည်ဖော် ဆောင်ရွက်ရန်။

အခန်း(၃) ကြိုးဝိုင်းတောဖွဲ့စည်းခြင်းနှင့် ကြိုးပြင်ကာကွယ်တော သတ်မှတ်ကြေညာခြင်း

၄။ ဝန်ကြီးဌာနသည် သဘာဝတောတောင်၊ ရေ၊ မြေတို့ကို ထိန်းသိမ်းကာကွယ်ရန်နှင့်သစ်တော ထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန်အလို့ငှာ အစိုးရက စီမံခန့်ခွဲခွင့်ရှိသော မြေတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏သဘောထားမှတ်ချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နယ်နိမိတ်သတ်မှတ်၍ အောက်ပါ ကြိုးဝိုင်းတော အမျိုးအစားများကို ဖွဲ့စည်းနိုင်သည်

(က) စီးပွားရေး သစ်ထုတ်ကြိုးဝိုင်းတော၊

( ခ ) ဒေသန္တရ ထောက်ပံ့ရေးကြိုးဝိုင်းတော၊

(ဂ) ရေဝေရေလဲ ထိန်းသိမ်းရေးကြိုးဝိုင်းတော၊

(ဃ) သဘာဝဝန်းကျင်နှင့် ဇီဝမျိုးများ ထိန်းသိမ်းရေးကြိုးဝိုင်းတော၊

(င) အခြားကြိုးဝိုင်းတော အမျိုးအစားများ။

၅။ ဝန်ကြီးဌာနသည် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အလို့ငှာ ကြိုးဝိုင်းတောပြင်ပရှိ အစိုးရက စီမံခန့်ခွဲခွင့်ရှိသောမြေတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နယ်နိမိတ် ဖော်ပြ၍ ကြိုးပြင်ကာကွယ်တော အဖြစ် သတ်မှတ်ကြေညာနိုင်သည် -

(က) ရေ၊ မြေ ထိန်းသိမ်းကာကွယ်ခြင်း၊

( ခ ) အပူပိုင်းဒေသတော ထိန်းသိမ်းကာကွယ်ခြင်း၊ (ဂ) ဒီရေတော ထိန်းသိမ်းကာကွယ်ခြင်း၊ (ဃ) သဘာဝဝန်းကျင်နှင့် ဇီဝမျိုးများ ထိန်းသိမ်းကာကွယ်ခြင်း၊ (င) သစ်တောထွက်ပစ္စည်းများကို စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန် ထိန်းသိမ်းကာကွယ်ခြင်း။ ၆။ ဝန်ကြီးဌာနသည် - (က) ကြိုးဝိုင်းတောဖွဲ့စည်းခြင်း သို့မဟုတ် ကြိုးပြင်ကာကွယ်တော သတ်မှတ်ကြေညာခြင်း မပြုမီ မည်သည့် နယ်မြေဒေသကို ကြိုးဝိုင်းတောအဖြစ် ဖွဲ့စည်းရန် သို့မဟုတ် ကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ရန် ရည်ရွယ်ကြောင်း သတ်မှတ်သည့် နည်းလမ်းများ နှင့်အညီ ကြေညာရမည်။ ) ( ခ ) ကြိုးဝိုင်းတော ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာနယ်မြေဒေသရှိ အများပြည်သူ တို့၏အခွင့်အရေး ထိခိုက်နစ်နာမှုများကို သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ စုံစမ်းစစ်ဆေး၍ ဆုံးဖြတ်နိုင်ရန်နှင့် ကြိုးဝိုင်းတော နယ်နိမိတ်သတ်မှတ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် သစ်တောကြေးတိုင် အရာရှိတစ်ဦး ဦးဆောင်၍ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ အပါအဝင်ဖြစ်သည့် စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်း၍တာဝန်ပေးအပ်ရမည်။ ( ဂ ) ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ကြေညာချက်တွင်ပါရှိသော တားမြစ် ချက်များအရ ပေါ်ပေါက်လာမည့် အများပြည်သူတို့၏ အခွင့်အရေး ထိခိုက်နစ်နာမှုများကို သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ စုံစမ်းစစ်ဆေး၍ ဆုံးဖြတ်နိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ အပါအဝင်ဖြစ်သည့် လုပ်ငန်းအဖွဲ့ကို တာဝန်ပေးအပ်ရမည်။ (ဃ) သစ်တောကြေးတိုင်အရာရှိက ပုဒ်မခွဲ (ခ) အရ ဆောင်ရွက်ပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ တစ်ဆင့် တင်ပြလာသော အစီရင်ခံစာအပေါ် စိစစ်သုံးသပ်၍ ကြိုးဝိုင်းတော ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ရမည်။ ) (င) ညွှန်ကြားရေးမှူးချုပ်က ပုဒ်မခွဲ (ဂ) အရ ဆောင်ရွက်ပြီးနောက် တင်ပြလာသော အစီရင်ခံစာအပေါ် စိစစ်သုံးသပ်၍ ကြိုးပြင်ကာကွယ်ဘော သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ရမည်။ ) ၇။ ဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်(က) ကြိုးဝိုင်းတော တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ကြိုးဝိုင်းတောအမျိုးအစား ပြင်ဆင်ဖွဲ့စည်းခြင်း၊ ကြိုးဝိုင်းတောအဖြစ်မှ ပယ်ဖျက်ခြင်း သို့မဟုတ် ကြိုးပြင်ကာကွယ် အဖြစ် ပြောင်းလဲသတ်မှတ်ခြင်း ပြုနိုင်သည်။ ။ ( ခ ) ဆက်လက်ကာကွယ်ထိန်းသိမ်းထားရန် မလိုအပ်သည့် ကြိုးပြင်ကာကွယ်တော တစ်ခု လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ကြိုးပြင်ကာကွယ်တောအဖြစ်မှ ပယ်ဖျက် နိုင်သည်။ (ဂ) ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြောင်းလဲ သတ်မှတ်ခြင်းများကို ပြည်ထောင်စုလွှတ်တော်သို့ အသိပေးတင်ပြရမည်။ (ဃ) ဒေသခံများမှ၎င်းတို့၏ ဓလေ့ထုံးတမ်းအရ ထိန်းသိမ်းထားသည့် သဘာဝသစ်တောများ နှင့်ဒီရေတောများကို အသိအမှတ်ပြုနိုင်သည်။ ၈။ (က) နိုင်ငံတော်အတွင်း မည်သည့်နေရာဒေသတွင်မဆို ပေါက်ရောက်နေသော ကျွန်းပင်သည် နိုင်ငံတော်ပိုင် ဖြစ်သည်။ ( ခ ) ဝန်ကြီးဌာနသည် အောက်ပါနေရာဒေသများတွင် စိုက်ပျိုးထားသော ကျွန်းပင်များနှင့် စပ်လျဉ်းသည့် သီးခြားအမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်၍ ပိုင်ဆိုင်ခွင့်ပြုနိုင်သည်(၁) သစ်တောနယ်မြေအတွင်း ခွင့်ပြုချက်ရယူပြီး တည်ထောင်ထားသော ပုဂ္ဂလိက ကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊ (၂) သစ်တောနယ်မြေပြင်ပတွင် တည်ထောင်ပြီး သစ်တောဦးစီးဌာနတွင် မှတ်ပုံတင် ထားသော ပုဂ္ဂလိက ကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊ (၃) ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအဖြစ် တည်ထောင်ထားသည့် နယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ၊ (၄) နေအိမ်ခြံဝန်းများအတွင်း စိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ၊ နိုင်ငံတော်ပိုင် ဖြစ်သည်နေရာဒေသများတွင် စိုက်ပိုင်ဆိုင်ခွင့်ပြုနိုင်သည် (၅) ပုဂ္ဂလိက ပိုင်ဆိုင်သည့်မြေ၊ အများပိုင်မြေ၊ သာသနာ့မြေ၊ ဌာနဆိုင်ရာပိုင်မြေနှင့် တပ်ရင်းတပ်ဖွဲ့ပိုင်မြေများတွင် စိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီး ဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ။ ( ဂ ) ဝန်ကြီးဌာနသည် - (၁) သစ်တောဦးစီးဌာနက ထိန်းသိမ်းကာကွယ်ရမည့် တားမြစ်သစ်ပင် အမျိုးအမည် များကို နေရာဒေသအလိုက် သတ်မှတ်ကြေညာခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။ (၂) သစ်မျိုးများကို သစ်မာအုပ်စု ခွဲခြားသတ်မှတ်ကြေညာခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။ အခန်း(၄) သစ်တောရေးရာ စီမံခန့်ခွဲခြင်း ၉။ သစ်တောဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည် - (က) အစိုးရအဖွဲ့၏ မြန်မာ့သစ်တောမူဝါဒကို အကောင်အထည်ဖော်ခြင်း၊ ( ခ ) ရေ၊ မြေ၊ ဇီဝမျိုးစုံနှင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေး၊ သစ်တောဖုံးလွှမ်းသည့် နယ်မြေများ ထိန်းသိမ်းရေးတို့နှင့် စပ်လျဉ်းသည့် စီမံကိန်းများကို အကောင်အထည်ဖော်ခြင်း၊ (ဂ) သစ်တောနယ်မြေကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စီမံခန့်ခွဲခြင်း၊ (ဃ) ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် တားမြစ်သစ်ပင် အမျိုးအမည်များ သတ်မှတ်ရေး၊ ပြင်ဆင်ရေး သို့မဟုတ် ဖျက်သိမ်းရေးတို့အတွက် ဝန်ကြီးဌာနသို့ အဆိုပြုတင်ပြခြင်း၊ (င) သစ်တောနည်းပညာရပ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်း၊ အသိပညာပေးခြင်းနှင့် သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောကဏ္ဍဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊ (စ) သစ်တောစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် အဆင့်မြှင့်တင်ခြင်း၊ သစ်တောသယံဇာတစာရင်းများ ကောက်ယူပြုစုခြင်းနှင့် အများပြည်သူသို့ဖြန့်ဝေခြင်း၊ (ဆ) သစ်တောသုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ (ဇ ) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန် အကူအညီ ပေးခြင်းနှင့် ကြီးကြပ်ဆောင်ရွက်ခြင်း၊လ (ဈ) သစ်တောနယ်မြေများအတွင်း စီးပွားရေးလုပ်ငန်း ဆောင်ရွက်ခြင်းအတွက် ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ဆောင်မှုအခကြေးငွေ သတ်မှတ်ခြင်း၊ (ည) ဝန်ကြီးဌာနက သတ်မှတ်တာဝန်ပေးအပ်သော သစ်တောရေးရာနှင့်သက်ဆိုင်သည့် အခြားလုပ်ငန်းများ ဆောင်ရွက်ခြင်း။ ၁၀။ ညွှန်ကြားရေးမှူးချုပ်သည် ဥပဒေပါ ရည်ရွယ်ချက်များနှင့်အညီ သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အောက်ပါ စီမံကိန်းများကို ရေးဆွဲ၍ ဝန်ကြီးဌာနထံ တင်ပြရမည် - (က) အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းများတွင် လုပ်ငန်းလမ်းညွှန်အဖြစ် အသုံးပြုရမည့် သစ်တောကဏ္ဍနှင့် စပ်လျဉ်းသည့် စီမံကိန်း၊ ( ခ ) သစ်တောအုပ်ချုပ်လုပ်ကိုင်မှုနှင့်စပ်လျဉ်းသည့် စီမံကိန်း။ ၁၁။ ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မ ၁၀ ပါ စီမံကိန်းများနှင့်စပ်လျဉ်း၍ - (က) အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဝန်ကြီးဌာနသို့ နှစ်စဉ် တင်ပြအစီရင်ခံရမည်။ ( ခ ) အခါအားလျော်စွာ ပြန်လည်သုံးသပ်ပြီး လိုအပ်ချက်များရှိပါက ပြင်ဆင်ဖြည့်စွက်နိုင်ရန် ဝန်ကြီးဌာနသို့ အဆိုပြု တင်ပြရမည်။ (ဂ ) လိုအပ်သော သစ်တောသယံဇာတစာရင်းကို သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ ၁၀ နှစ် တစ်ကြိမ် ကောက်ယူ၍ စာရင်းဇယားပြုစုရမည်။ ၁၂။ မည်သူမဆို သစ်တောနယ်မြေနှင့် သစ်တောဖုံးလွှမ်းလျက်ရှိသည့် အစိုးရက စီမံခန့်ခွဲခွင့်ရှိသော မြေအတွင်း - (က) ဖွံ့ဖြိုးမှုလုပ်ငန်း သို့မဟုတ် စီးပွားရေး စီမံကိန်းလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်ဆောင်ရွက် လိုလျှင် ဝန်ကြီးဌာန၏ သဘောတူညီချက်ကို ကြိုတင်ရယူရမည်။ | ( ခ ) ပညာရေး သို့မဟုတ် သုတေသနလုပ်ငန်းဆောင်ရွက်ခြင်း၊ သင်တန်းဖွင့်လှစ်ခြင်း သို့မဟုတ် လေ့လာရေးစခန်းချခြင်းပြုလိုလျှင် ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် ယင်းက လုပ်ပိုင်ခွင့် လွှဲအပ်ထားသည့် သစ်တောအရာရှိ၏ ခွင့်ပြုချက်ကို ကြိုတင်ရယူရမည်။ (ဂ) ပုဒ်မခွဲ (က) အရ ဖွံ့ဖြိုးမှုလုပ်ငန်း သို့မဟုတ် စီးပွားရေး စီမံကိန်းလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့် သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရမည်။ (ဃ) ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုလျှင် ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် ယင်းက လုပ်ပိုင်ခွင့် လွှဲအပ်ထားသည့် သစ်တောအရာရှိ၏ ခွင့်ပြုချက်ကို ကြိုတင်ရယူရမည်။ အခန်း(၅) သစ်တောစိုက်ခင်း တည်ထောင်ခြင်း ၁၃။ ညွှန်ကြားရေးမှူးချုပ်သည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် သစ်တောနယ်မြေ သို့မဟုတ် အစိုးရက စီမံခန့်ခွဲခွင့်ရှိသောမြေတွင် အောက်ပါ သစ်တောစိုက်ခင်းများကို တည်ထောင်နိုင်သည် - (က) စီးပွားရေးစိုက်ခင်း၊ ( ခ ) စက်မှုကုန်ကြမ်းစိုက်ခင်း၊ ( ဂ ) ရေဝေရေလဲစိုက်ခင်း၊ (ဃ) ဒီရေတောစိုက်ခင်း၊ ( င ) ကျေးရွာထင်းစိုက်ခင်း၊ ( စ) အခြားစိုက်ခင်း။ ၁၄။ ညွှန်ကြားရေးမှူးချုပ်သည် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်ကို သစ်တော နယ်မြေတွင် သတ်မှတ်ထားသော နည်းလမ်းနှင့်အညီ ပုဂ္ဂလိက သစ်တောစိုက်ခင်း စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းကို အောက်ပါအတိုင်း ဆောင်ရွက်ခွင့်ပြုနိုင်သည်(က) ဝန်ကြီးမှတစ်ဆင့် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အိတ်ဖွင့်တင်ဒါစနစ်အရ ပုဂ္ဂလိကသစ်တောစိုက်ခင်း တည်ထောင်ခြင်း၊ (ခ) ဝန်ကြီးမှတစ်ဆင့် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပုဂ္ဂလိက ကျွန်းစိုက်ခင်း တည်ထောင်ခြင်း၊ (ဂ ) ဝန်ကြီး၏ သဘောတူညီချက်ဖြင့် နှစ်ရှည် သို့မဟုတ် စက်မှုကုန်ကြမ်း စိုက်ခင်း တည်ထောင်ခြင်း၊ ပုဂ္ဂလိက သစ်မာစိုက်ခင်း တည်ထောင်ခြင်း။ ၁၅။ ပြည်ထောင်စုနယ်မြေအတွင်း ကျေးရွာအနီးပတ်ဝန်းကျင်တွင်ရှိသော ကြိုးဝိုင်းတောတွင်ဖြစ်စေ၊ ကြိုးပြင်ကာကွယ်တောတွင်ဖြစ်စေ၊ အစိုးရက စီမံခန့်ခွဲခွင့်ရှိသော မြေတွင်ဖြစ်စေ ညွှန်ကြားရေးမှူးချုပ်သည် အောက်ပါ ကျေးရွာပိုင် ကျေးရွာထင်းစိုက်ခင်းများကို စည်းကမ်းသတ်မှတ်ချက်ဖြင့် တည်ထောင်ခွင့်ပြု နိုင်သည် - (က) သစ်တောဦးစီးဌာနက နှစ်အကန့်အသတ်အလိုက် စိုက်ပျိုးပေးပြီးနောက် ကျေးရွာပိုင် အဖြစ် ဆက်လက်ထိန်းသိမ်း သုံးစွဲရန် လွှဲပြောင်းပေးသည့် ကျေးရွာထင်းစိုက်ခင်း၊ ( ခ ) ကျေးရွာလူထုက စုပေါင်းလုပ်အားဖြင့် စိုက်ပျိုးပြီး ထိန်းသိမ်းသုံးစွဲသော ကျေးရွာ ထင်းစိုက်ခင်း။ ၁၆။ သစ်တောထွက်ပစ္စည်း ထုတ်လုပ်ခြင်း သို့မဟုတ် သဘာဝသယံဇာတအရင်းအမြစ် တူးဖော် ထုတ်လုပ်ခြင်းကို စီးပွားဖြစ် လုပ်ကိုင်ခွင့်ရရှိသူသည် ခွင့်ပြုမိန့်ပါ သတ်မှတ်ထားသည့် စည်းကမ်းချက်များ အရ နိုင်ငံတော်အတွက် သစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းကိုဖြစ်စေ၊ သဘာဝနည်းလမ်းဖြင့် သစ်တောပြုစုပျိုးထောင်ခြင်း လုပ်ငန်းကိုဖြစ်စေ မိမိကုန်ကျစရိတ်ဖြင့် ဆောင်ရွက်ပေးရမည်။ အခန်း(၆) သစ်တောထွက်ပစ္စည်းထုတ်ယူခွင့် ၁၇။ သစ်တောထွက်ပစ္စည်းကို ခွင့်ပြုမိန့် ရရှိပြီးမှသာ ထုတ်ယူခွင့်ရှိသည်။ သို့ရာတွင် စီးပွားဖြစ် မဟုတ်သည့် အိမ်သုံး၊ လယ်ယာလုပ်ငန်းသုံး၊ ငါးဖမ်းလုပ်ငန်းသုံးစသည့် မိမိသုံးဖြစ်လျှင် ဝန်ကြီး ဌာနက သတ်မှတ်ထားသည့် အရေအတွက်ထက် မကျော်လွန်ပါက ခွင့်ပြုမိန့် ရယူရန်မလိုဘဲ ထုတ်ယူ နိုင်သည်။ ၁၈။ သစ်တောဦးစီးဌာနသည် သစ်တောထွက်ပစ္စည်း ထုတ်ယူခွင့်ပြုရာတွင် စီးပွားဖြစ်ထုတ်ယူခြင်း ဖြစ်ပါက ဈေးပြိုင်စနစ်ကို ကျင့်သုံးရမည်။ သို့ရာတွင် အောက်ပါတို့အတွက် ဈေးပြိုင်စနစ် ကျင့်သုံးခြင်း မပြုဘဲ ထုတ်ယူခွင့်ပြုနိုင်သည် - (က) သစ်တောထွက်ပစ္စည်း ထုတ်ယူခြင်းနှင့် ပြည်တွင်းပြည်ပရောင်းချခြင်း လုပ်ငန်းများကို အစိုးရအဖွဲ့က တာဝန်ပေးအပ်ထားသော နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင် ဆောင်ရွက်သည့်ကိစ္စ၊ ( ခ ) သစ်တောထွက်ပစ္စည်းများ ထုတ်ယူခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့က ဝန်ကြီး ဌာနအား စီမံခန့်ခွဲပိုင်ခွင့် ပေးအပ်ထားသည့်ကိစ္စ၊ (ဂ ) ပုဂ္ဂလိက သစ်တောစိုက်ခင်းများနှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းမှ ထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများ ထုတ်ယူခွင့်ပြုသည့်ကိစ္စ၊ (ဃ) ပုဒ်မ ၈၊ ပုဒ်မခွဲ (ခ) အရ ပိုင်ဆိုင်ခွင့်ပြုထားသော ကျွန်းနှင့် တားမြစ်သစ်ပင်များမှ ထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများ ထုတ်ယူခွင့်ပြုသည့်ကိစ္စ၊ (င) သစ်တောဦးစီးဌာနမှ သီးခြားကန့်သတ်ထားသော ကိစ္စမှအပ သစ် မဟုတ်သည့် သစ်တောထွက်ပစ္စည်းများ စီးပွားဖြစ် ထုတ်ယူခွင့်ပြုသည့် ကိစ္စ၊ ( စ ) စီးပွားဖြစ် မဟုတ်သည့် အောက်ပါလုပ်ငန်းများတွင် သုံးစွဲရန်ဖြစ်သော သစ်တောထွက် ပစ္စည်းများ ထုတ်ယူခွင့်ပြုသည့်ကိစ္စ - (၁) သုတေသနနှင့် ပညာပေးလုပ်ငန်း၊ (၂) ပြည်သူ့အကျိုးပြု သို့မဟုတ် ဘာသာရေးလုပ်ငန်း။ ၁၉။ (က) စီးပွားဖြစ် သစ်တောထွက်ပစ္စည်း ထုတ်ယူခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ (၁) ဝန်ကြီးဌာနသည် သက်တမ်း သုံးနှစ် အထိ ကာလအတွက် ခွင့်ပြုနိုင်သည်။ (၂) ညွှန်ကြားရေးမှူးချုပ်သည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် သက်တမ်း တစ်နှစ် အထက်မှ နှစ်နှစ်အထိ ကာလအတွက် ခွင့်ပြုနိုင်သည်။ ။ (၃) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သစ်တောအရာရှိသည် ညွှန်ကြားရေးမှူးချုပ်၏ သဘောတူညီချက်ဖြင့် သက်တမ်း တစ်နှစ်အထိ ကာလအတွက် ခွင့်ပြုနိုင်သည်။ ( ခ ) ပုဒ်မခွဲ (က) အရ သစ်တောထွက်ပစ္စည်း ထုတ်ယူခွင့်ပြုသူသည် လုံလောက်သော အကြောင်းရှိလျှင် ခွင့်ပြုမိန့်သက်တမ်းကို တစ်ကြိမ်လျှင် ခြောက်လထက်မကျော်စေဘဲ နှစ်ကြိမ်အထိ သက်တမ်းတိုးမြှင့်ပေးနိုင်သည်။ ၂၀။ ညွှန်ကြားရေးမှူးချုပ်သည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် သစ်တောထွက်ပစ္စည်း ထုတ်ယူခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ အောက်ပါတို့ကို သတ်မှတ်နိုင်သည် - (က) သစ် မဟုတ်သည့် သစ်တောထွက်ပစ္စည်း အမျိုးအမည်၊ ( ခ ) ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းအရ ထုတ်လုပ်ရန် သတ်မှတ်ကာလ ပြည့်မီသည့် ဧရိယာအတွင်း နှစ်စဉ်ထုတ်လုပ် ခွင့်ပြုမည့် သစ်မျိုးနှင့် ပမာဏ၊ (ဂ ) အခွန်နှုန်းနှင့် အခြားအခကြေးငွေများ၊ (ဃ) သစ်တောထွက်ပစ္စည်း အမျိုးအစားအလိုက် ခွင့်ပြုပေးသင့်သည့် သက်တမ်း၊ (င) စီးပွားဖြစ် မဟုတ်သည့် အိမ်သုံး၊ လယ်ယာလုပ်ငန်းသုံး၊ ငါးဖမ်းလုပ်ငန်းသုံးစသည့် မိမိသုံး၊ သုတေသနနှင့် ပညာပေးလုပ်ငန်းသုံး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းသုံး သို့မဟုတ် ဘာသာရေးလုပ်ငန်းသုံးအတွက် ထုတ်ယူခွင့်ပေးနိုင်သည့် သစ်တောထွက်ပစ္စည်း တစ်ခုချင်း၏ အရေအတွက်၊ ( စ ) ခွင့်ပြုမိန့်ပါ စည်းကမ်းဖောက်ဖျက်မှုအတွက် တပ်ရိုက်မည့် ဒဏ်ကြေး၊ (ဆ) စည်းကမ်းချက်များ။ ၂၁။ သစ်တောထွက်ပစ္စည်း ထုတ်ယူခွင့်ရရှိသူသည် - (က) ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များကို လိုက်နာရမည်။ (ခ) သစ်တောဦးစီးဌာနက ဤဥပဒေနှင့်အညီ ထုတ်ပြန်သော အမိန့်၊ ညွှန်ကြားချက်၊ တားမြစ်ချက်နှင့် ကန့်သတ်ချက်များကို လိုက်နာရမည်။ ) (ဂ ) ပေးဆောင်ရန်ရှိသော အခွန်အခများ၊ အာမခံငွေများ၊ ကြိုတင်ငွေများကို ပေးဆောင်ရမည်။ (ဃ) သတ်မှတ်သည့် နည်းလမ်းများနှင့်အညီတိုင်းတာပြီး တံဆိပ်ရိုက်မှတ်ခြင်း၊ အမှတ်အသား ပြုခြင်း၊ မှတ်ပုံတင်ထားသော ကိုယ်ပိုင်တံဆိပ် ရိုက်မှတ်ခြင်းပြုရမည်။ (င) သစ်တောထွက်ပစ္စည်း ထုတ်လုပ်ခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်း သို့မဟုတ် ညစ်ညမ်းစေခြင်းအတွက် ဝန်ကြီးဌာနမှ သတ်မှတ်သည့် တန်ဖိုးကို ပေးလျော်ရမည်။ ၂၂။ သစ်တောအရာရှိသည် သစ်တောနယ်မြေနှင့် အစိုးရက စီမံခန့်ခွဲခွင့်ရှိသော မြေမှ ထုတ်လုပ်သည့် အခွန်ဆောင်ပြီးသော ထင်းကို မီးသွေးဖုတ်နိုင်ရန် သတ်မှတ်သည့်စည်းကမ်းချက်များဖြင့် မီးသွေးဖို တည်ထောင်ခွင့်နှင့် မီးသွေးဖုတ်ခွင့်ပြုနိုင်သည်။ အခန်း(၇) သစ်တောထွက်ပစ္စည်း သယ်ယူရွှေ့ပြောင်းခြင်း ၂၃။ (က) သစ်တောထွက်ပစ္စည်း တစ်စုံတစ်ရာကို ပြည်တွင်း၌ မြို့နယ်ကျော်၍ သယ်ယူ ရွှေ့ပြောင်းလိုသူသည် ညွှန်ကြားရေးမှူးချုပ်က ဤကိစ္စအလို့ငှာ လုပ်ပိုင်ခွင့်အပ် နှင်းထားသည့် သက်ဆိုင်ရာ သစ်တောအရာရှိထံမှ မျှောစာလျှောက်ထားရယူရမည်။ မိမိအိမ်သုံး ပရိဘောဂအသုံးအဆောင်များဖြစ်ပါက သက်ဆိုင်ရာ သစ်တောအရာရှိထံမှ ထောက်ခံချက် ရယူရမည်။ ) ( ခ ) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်သည် အောက်ပါကိစ္စရပ်များနှင့် အကျုံးမဝင်စေရ - (၁) သစ်တောထွက်ပစ္စည်း ထုတ်ယူခွင့်ပြုထားသည့် နေရာဒေသအတွင်း သယ်ယူ ရွှေ့ပြောင်းခြင်း၊ (၂) သတ်မှတ်သည့် အရေအတွက်ထက်မပိုသော စီးပွားဖြစ်မဟုတ်သည့် သစ် မဟုတ်သည့် သစ်တောထွက်ပစ္စည်းများ သယ်ယူရွှေ့ပြောင်းခြင်း၊ (၃) စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုသို့ | သယ်ယူရွှေ့ပြောင်းခြင်း။ ၂၄။ သစ်တောဦးစီးဌာနသည် သစ်တောထွက်ပစ္စည်းများ သယ်ယူရွှေ့ပြောင်းခြင်းကို စစ်ဆေးရန်နှင့် ကျသင့်သော အခွန်အခများကို ကောက်ခံနိုင်ရန်လိုအပ်သော သစ်တောကင်းရုံးများကို တည်ထောင် ထားရှိနိုင်သည်။ ၂၅။ သစ်တောထွက်ပစ္စည်း သယ်ယူရွှေ့ပြောင်းသူသည် - (က) မျှောစာကို မိမိနှင့်အတူ တစ်ပါတည်းယူဆောင်လာရမည်။ ( ခ ) သက်ဆိုင်ရာ သစ်တောကင်းရုံးများ၏ စစ်ဆေးခြင်းနှင့် သတ်မှတ်ထားသော အခွန်အခါ စည်းကြပ်ခြင်းကို ခံယူရမည်။ ၂၆။ (က) ညွှန်ကြားရေးမှူးချုပ်သည် သစ်များကိုဖောင်ဖွဲ့၍ မျှောချရမည့် ဖောင်ဖွဲ့ဆိပ်များကို သတ်မှတ်ပေးရမည်။ ( ခ) ဖောင်ဖွဲ့၍ မျှောချမည့် သစ်တောထွက်ပစ္စည်း သယ်ယူရွှေ့ပြောင်းသူသည် ဖောင်ဖွဲ့ဆိပ် မှစ၍ သစ်ဖောင်များကို သတ်မှတ်ချက်များနှင့်အညီ မျှောချရမည်။ အခန်း(၈) ရေမျောကမ်းတင်သစ်နှင့် ပိုင်ရှင်မဲ့သစ်များ စီမံခန့်ခွဲခြင်း ၂၇။ ထိန်းသိမ်းကွပ်ကဲမှုမရှိဘဲ မျောလာသည့် သစ်ဖောင် သို့မဟုတ် သစ်ကို ရေမျောကမ်းတင် သစ်ဟု သတ်မှတ်သည်။ ၂၈။ (က) အောက်ပါသစ်များသည် တစ်ဦးတစ်ယောက်ပိုင်ဆိုင်ကြောင်းကို သတ်မှတ်သည့် ကာလ အတွင်း ခိုင်လုံစွာ တင်ပြခြင်းမပြုနိုင်လျှင် ပိုင်ရှင်မဲ့သစ်ဖြစ်သည်ဟု မှတ်ယူရမည် - (၁) ရေမျောကမ်းတင်သစ် သို့မဟုတ် နစ်မြုပ်လျက် တွေ့ရှိသည့် သစ်များ၊ (၂) မှတ်ပုံတင်ထားသော ကိုယ်ပိုင်တံဆိပ် ရိုက်မှတ်ထားခြင်းမရှိသည့် သစ်များ၊ (၃) ရိုက်မှတ်ထားသော မှတ်ပုံတင်ထားသည့် ကိုယ်ပိုင်တံဆိပ်ကို ပုံသဏ္ဌာန် ပြောင်းလဲဖျက်ဆီးထားသည့် သစ်များ။ (ခ) သစ်တောဝန်ထမ်းသည် ပုဒ်မခွဲ (က) ပါသစ်များကို စာရင်းရေးသွင်း မှတ်တမ်းယူပြီး သစ်တောကင်းရုံး သို့မဟုတ် သစ်ဆိပ်များသို့ စုသိမ်းယူဆောင်လာခွင့်ရှိသည်။ ၂၉။ သစ်တောအရာရှိသည် ရေမျောကမ်းတင်သစ်နှင့်ပိုင်ရှင်မဲ့သစ်များကို သတ်မှတ်သည့် နည်းလမ်းများ နှင့်အညီ စီမံခန့်ခွဲရမည်။ အခန်း(၉) | သစ်အခြေခံ အသုံးပြုသည့် စက်ရုံတည်ထောင်ခြင်း ၃၀။ သစ်အခြေခံအသုံးပြုသည့် အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ပရိဘောဂလုပ်ငန်းများမှအပ လွှစင်၊ လက်ကိုင်စက်လွှ၊ လွှစက်၊ လျှာထိုးစက်၊ အထပ်သားစက်၊ သစ်ပါးလွှာစက် သို့မဟုတ် သစ် အခြေခံအသုံးပြုသည့် စက်ကိုဖြစ်စေ၊ ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်သော သစ်ပရိဘောဂလုပ်ငန်း သို့မဟုတ် သစ်အခြေခံအခြားလုပ်ငန်းကိုဖြစ်စေ တည်ထောင်လုပ်ကိုင်လိုသူ ပုဂ္ဂလိကလုပ်ငန်းရှင်သည် ဤကိစ္စအလို့ငှာ လုပ်ပိုင်ခွင့်အပ်နှင်းထားသည့် သစ်တောအရာရှိ၏ ခွင့်ပြုမိန့်ကို ရရှိပြီးမှသာ တည်ထောင်လုပ်ကိုင်ခွင့်ရှိသည်။ ၃၁။ ညွှန်ကြားရေးမှူးချုပ်သည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ပုဒ်မ ၃၀ ပါကိစ္စအလို့ငှာ အခွန်အခနှုန်းများ၊ ခွင့်ပြုမိန့်သက်တမ်းနှင့် ခွင့်ပြုမိန့်ဆိုင်ရာ စည်းကမ်းချက်များကို သတ်မှတ်နိုင်သည်။ အခန်း(၁၀) ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းနှင့် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း ၃၂။ ဝန်ကြီးဌာနသည် ဤဥပဒေအရ သစ်တောဝန်ထမ်းများ ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည့် ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်း သိမ်းဆည်းခြင်း၊ စီမံခန့်ခွဲခြင်းတို့နှင့်စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်များကို နည်းဥပဒေများတွင် သတ်မှတ်ပေးရမည်။ ၃၃။ (က) ညွှန်ကြားရေးမှူးချုပ်က လုပ်ပိုင်ခွင့် အပ်နှင်းထားသည့် သစ်တောအရာရှိသည် ဖမ်းဆီး ရမိသည့် သစ်တောထွက်ပစ္စည်းများနှင့်စပ်လျဉ်း၍ လက်ဝယ်တွေ့ရှိသူကို အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည် -(၁) တစ်တန်ထက်မပိုသော ကျွန်းသစ်ကိုဖြစ်စေ၊ ကျွန်းသစ်မဟုတ်သော တားမြစ်သစ်ပင်မှ ထွက်ရှိသည့် တစ်တန်ထက်မပိုသော သစ်ကိုဖြစ်စေ ဖမ်းဆီးရမိခြင်းဖြစ်လျှင် အနည်းဆုံးကျပ် တစ်သိန်းမှ အများဆုံးကျပ် ငါးသိန်းအထိ ဒဏ်ကြေးငွေကို ပေးဆောင်စေပြီး သစ်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ (၂) ကျွန်း သို့မဟုတ် တားမြစ်သစ်ပင်မှ ထွက်ရှိသော သစ်မှအပ တစ်တန်ထက်မပိုသော အခြားသစ်များ ဖမ်းဆီးရမိခြင်းဖြစ်လျှင် သစ်များ၏ ဒေသတန်ဖိုး နှစ်ဆနှင့် အနည်းဆုံးကျပ် တစ်သိန်းမှ အများဆုံး ကျပ် ငါးသိန်းအထိ ဒဏ်ကြေးငွေကို ပေးဆောင်စေပြီး သစ်များကို ပြန်လည်ပေးအပ်ခြင်း၊ (၃) သစ်မှအပ ဒေသတန်ဖိုးကျပ် တစ်သိန်း ထက်မပိုသော အခြားသစ်တောထွက် ပစ္စည်းဖမ်းဆီးရမိခြင်းဖြစ်လျှင် ယင်းပစ္စည်းများ၏ ဒေသတန်ဖိုးနှင့် ကျပ်သုံးသိန်း ထက်မပိုသော ဒဏ်ကြေးငွေပေးဆောင်စေပြီး ပစ္စည်းကို ပြန်လည်ပေးအပ်ခြင်း၊ (၄) မရွှေ့မပြောင်းနိုင်သော သစ်တောထွက်ပစ္စည်း ဖမ်းဆီးရမိခြင်းဖြစ်လျှင် ယင်းပစ္စည်း များ၏ ဒေသတန်ဖိုး နှစ်ဆနှင့် ကျပ်သုံးသိန်းထက်မပိုသော ဒဏ်ကြေးငွေ ပေးဆောင်စေပြီး ပစ္စည်းကို ပြန်လည်ပေးအပ်ခြင်း။ ။ ( ခ ) ပုဒ်မခွဲ (က) အရ ချမှတ်သည့် အမိန့်ကို လိုက်နာသူအား ဤဥပဒေအရ တရားစွဲဆိုခြင်း မပြုရ၊ လိုက်နာရန် ပျက်ကွက်သူများကိုသာ ဤဥပဒေအရ တရားစွဲဆိုရမည်။ ၃၄။ သစ်တောထွက်ပစ္စည်း ထုတ်ယူခွင့်ရရှိသူကဖြစ်စေ၊ ၄င်း၏ ကိုယ်စားလှယ် သို့မဟုတ် အလုပ်သမား တစ်ဦးဦးကဖြစ်စေ ခွင့်ပြုမိန့်ပါ စည်းကမ်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ခဲ့လျှင် ဖမ်းဆီးသူ သစ်တော အရာရှိသည် သစ်တောထွက်ပစ္စည်း ထုတ်ယူခွင့်ပြုသူထံ ဆောလျင်စွာတင်ပြ၍ သစ်တောထွက်ပစ္စည်း ထုတ်ယူခွင့်ပြုသူက အောက်ပါအမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်(က) ခွင့်ပြုမိန့်အရ လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းအားလုံး သို့မဟုတ် တစ်စိတ် တစ်ဒေသကို ဆိုင်းငံ့ထားစေခြင်း၊ ( ခ ) သတ်မှတ်သည့် ဒဏ်ကြေးငွေကို ပေးဆောင်စေပြီး လုပ်ငန်းဆက်လက် လုပ်ကိုင် ခွင့်ပြုခြင်း၊ (ဂ ) ခွင့်ပြုမိန့်ကို ပယ်ဖျက်ခြင်း၊ (ဃ) ခွင့်ပြုမိန့်ကို ပယ်ဖျက်၍ အာမခံငွေနှင့် ကြိုတင်ငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ လိုအပ်သည်ဟု ယူဆလျှင် သတ်မှတ်သည့် ဒဏ်ကြေးငွေကိုပါ ပေးဆောင်စေခြင်း။ ၃၅။ (က) သစ်တောဝန်ထမ်းသည် သစ်တောထွက်ပစ္စည်း တစ်စုံတစ်ရာနှင့် စပ်လျဉ်း၍ သစ်တောဦးစီးဌာနက ရရန်ရှိသော အခွန်အခ၊ ဒဏ်ကြေးများကို မရရှိသေးသမျှ ယင်းသစ်တောထွက်ပစ္စည်းကို ထိန်းသိမ်းထားနိုင်သည်။ ( ခ ) သတ်မှတ်ကာလအတွင်း အခွန်အခ၊ ဒဏ်ကြေးများ ပေးဆောင်ရန် ပျက်ကွက်ပါက ပုဒ်မခွဲ (က) အရ ထိန်းသိမ်းထားသော သစ်တောထွက်ပစ္စည်းကို သစ်တောအရာရှိသည် သတ်မှတ်သည့် နည်းလမ်းနှင့်အညီ စီမံခန့်ခွဲရမည်။ အခန်း(၁၁) အယူခံခြင်း ၃၆။ (က) ဤဥပဒေအရ မြို့နယ် သို့မဟုတ် ခရိုင်သစ်တောအရာရှိက ချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့် နေ့မှရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သစ်တော အရာရှိထံ သတ်မှတ်သည့်အတိုင်း အယူခံဝင်နိုင်သည်။ ( ခ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သစ်တောအရာရှိသည် မြို့နယ် သို့မဟုတ် ခရိုင် သစ်တောအရာရှိက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။ ၃၇။ (က) ဤဥပဒေအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သစ်တောအရာရှိက ချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည်ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ် ချက်ကို ချမှတ်သည့် နေ့မှရက်ပေါင်း ၆၀ အတွင်း ညွှန်ကြားရေးမှူးချုပ်ထံ အယူခံ ဝင်နိုင်သည်။ ( ခ ) ညွှန်ကြားရေးမှူးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သစ်တောအရာရှိက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။ ၃၈။ (က) ဤဥပဒေအရ သစ်တောကြေးတိုင်အရာရှိ သို့မဟုတ် ညွှန်ကြားရေးမှူးချုပ်က ချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ဝန်ကြီးထံ အယူခံဝင်နိုင်သည်။ ( ခ ) ဝန်ကြီးသည် သစ်တောကြေးတိုင်အရာရှိ သို့မဟုတ် ညွှန်ကြားရေးမှူးချုပ်က ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။ (ဂ) ဝန်ကြီး၏ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်ရမည်။ အခန်း(၁၂) ပြစ်မှုနှင့် ပြစ်ဒဏ်များ ၃၉။ မည်သူမဆို တရားဝင်ပိုင်ဆိုင်သော သစ်တောထွက်ပစ္စည်း သယ်ယူရွှေ့ပြောင်းခြင်းနှင့်စပ်လျဉ်း၍ အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား အနည်းဆုံးကျပ် သုံးသိန်းမှ အများဆုံး ကျပ်ခုနစ်သိန်းထက်မပိုသော ငွေဒဏ် ချမှတ်ရမည်။ ဖမ်းဆီး ရမိသော သစ်တောထွက်ပစ္စည်းများကို တရားဝင်ပိုင်ဆိုင်သူအား ပြန်လည်ပေးအပ်ရမည် (က) မျှောစာမပါဘဲ သယ်ယူရွှေ့ပြောင်းခြင်း၊ ( ခ ) စာတွင် ဖော်ပြထားသော ခရီးလမ်းဆုံးမှတစ်ပါး အခြားဒေသသို့ သယ်ယူ ရွှေ့ပြောင်းခြင်း။ ၄၀။ (က) မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေကျခံစေရမည်(၁) သစ်တောနယ်မြေအတွင်း ကျူးကျော်ဝင်ရောက် အခြေချနေထိုင်ခြင်း၊ အိမ်မွေး တိရစ္ဆာန်မွေးမြူခြင်း၊ (၂) မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်များကို သစ်တောနယ်မြေအတွင်း ခွင့်ပြုမိန့်မရရှိဘဲ စားကျက်ချခြင်း သို့မဟုတ် ဝင်ရောက်စေခြင်း၊ (၃) ခွင့်ပြုမိန့်မရရှိဘဲ သစ်တောနယ်မြေအတွင်း ပျက်စီးစေရန် တမင်ရည်ရွယ်ချက်ဖြင့် ခုတ်ထွင်ခြင်း၊ ရှင်းလင်းခြင်း၊ တူးဆွခြင်း သို့မဟုတ် မူလအနေအထားကို ယိုယွင်းစေခြင်း၊ (၄) သစ်တောနယ်မြေအတွင်း ရေစီးရေလာကို ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ပျက်စီးစေခြင်း၊ (၅) သစ်တောကင်းရုံး၏ စစ်ဆေးခြင်းကို မခံယူဘဲ သစ်တောထွက်ပစ္စည်း သယ်ယူ ရွှေ့ပြောင်းခြင်း၊ (၆) သစ်တောနယ်မြေအတွင်း ရေတွင် လျှပ်စစ်ဓာတ်အားကို ဖြတ်စီးစေခြင်း၊ ဓာတုဗေဒပစ္စည်း သို့မဟုတ် ပေါက်ကွဲစေတတ်သော အရာများအသုံးပြုခြင်း၊ ရေတွင် အဆိပ်ခတ်ခြင်း၊ (၇) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုထားခြင်းမှအပ သစ်မဟုတ်သည့် သစ်တော ထွက်ပစ္စည်း တစ်စုံတစ်ရာကို ခွင့်ပြုမိန့်မရှိဘဲ ထုတ်ယူခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်း။ ( ခ ) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) (၂) (၃) ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်အရ တရားခံကို ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်မှုနှင့်သက်ဆိုင်သည့် လူ၊ တိရစ္ဆာန်၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို စီရင်ချက်ချမှတ်သည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ဖယ်ရှားစေ၍ ယင်းသစ်တောနယ်မြေအား ဝန်ကြီးဌာနကို လက်ရောက်ပေးအပ်စေရန် အမိန့်ချမှတ်ရမည်။ ၄၁။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်း အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည် - (က) ခွင့်ပြုမိန့်မရရှိဘဲ ကျွန်းနှင့် တားမြစ်သစ်ပင်မှအပ အခြားသစ်ပင်မှ ထွက်ရှိသော သစ်များအား ထုတ်ယူခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်း သို့မဟုတ် တရားမဝင် လက်ဝယ် ထားရှိခြင်း၊ ( ခ) သစ်တောနယ်မြေအတွင်း ခွင့်ပြုမိန့်မရရှိဘဲ ကျွန်းနှင့်တားမြစ်သစ်ပင်မှအပ မည်သည့် သစ်ပင်ကိုမဆို ပျက်စီးစေခြင်း၊ သင်းသတ်ခြင်း၊ ခုတ်လှဲခြင်း၊ ပိုင်းဖြတ်ခြင်း၊ ဖောက်ထွင်းခြင်း၊ ( ဂ ) ပုဒ်မ ၁၈၊ ပုဒ်မခွဲ (စ) အရ ထုတ်ယူသော သစ်တောထွက်ပစ္စည်းကို ရောင်းချခြင်း သို့မဟုတ် အခြားလုပ်ငန်း၌ လွှဲပြောင်းသုံးစွဲခြင်း၊ (ဃ) သစ်တောနယ်မြေအတွင်း သစ်တောများကို မီးဖြင့် ပျက်စီးစေခြင်း၊ (င) ဝန်ကြီးဌာနက စိုက်ပျိုးတည်ထောင်ထားသော သစ်တောစိုက်ခင်းကိုဖြစ်စေ၊ ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ အစည်း တစ်ရပ်ရပ်က စိုက်ပျိုးတည်ထောင်ထားသော သစ်တောစိုက်ခင်းကိုဖြစ်စေ ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးစေခြင်း၊ ( စ ) ခွင့်ပြုမိန့်မရရှိဘဲ မီးသွေးဖိုတည်ထောင်ခြင်း သို့မဟုတ် မီးသွေးဖုတ်ခြင်း။ ၄၂။ မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကိုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေကျခံစေရမည် - (က) ခွင့်ပြုမိန့်မရရှိဘဲ ကျွန်းမဟုတ်သည့် တားမြစ်သစ်ပင်ကို ခုတ်လှဲခြင်း၊ ပိုင်းဖြတ်ခြင်း၊ ထုတ်ယူခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်း သို့မဟုတ် တရားမဝင် လက်ဝယ်ထားရှိခြင်း၊ ( ခ) သစ်အခြေခံအသုံးပြုသည့် အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ပရိဘောဂလုပ်ငန်း များမှအပ ခွင့်ပြုမိန့်မရရှိဘဲ လွှစင်၊ လွှစက်၊ လျှာထိုးစက်၊ အထပ်သားစက်၊ သစ်ပါး လွှာစက် သို့မဟုတ် သစ်အခြေခံအသုံးပြုသည့် စက်တည်ထောင်လုပ်ကိုင်ခြင်း၊ လက်ကိုင်စက်လွှ လက်ဝယ်ထားရှိခြင်း။ ၄၃။ (က) မည်သူမဆို ခွင့်ပြုမိန့်မရရှိဘဲ တစ်တန်ထက်ပိုသော ကျွန်းသစ်ကို ထုတ်ယူခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်းပြုလျှင် ထိုသူအား အနည်းဆုံးငါးနှစ်မှ အများဆုံး ၁၅ နှစ် အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်သိန်း ၃၀ ထက်မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ( ခ ) မည်သူမဆို သစ်တောနယ်မြေတွင်ဖြစ်စေ၊ အစိုးရကစီမံခန့်ခွဲခွင့်ရှိသော မြေတွင်ဖြစ်စေ ခွင့်ပြုမိန့်မရရှိဘဲ ကျွန်းပင်ကို သင်းသတ်ခြင်း၊ ခုတ်လှဲခြင်း၊ ပိုင်းဖြတ်ခြင်းပြုလျှင် ထိုသူအား အနည်းဆုံးငါးနှစ်မှ အများဆုံး ၁၅ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့် အပြင် ကျပ်သိန်း ၃၀ ထက်မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ။ (ဂ) မည်သူမဆိုသစ်တောနယ်မြေနှင့် အစိုးရက စီမံခန့်ခွဲခွင့်ရှိသော မြေမှအပ ကျန်မြေပေါ်တွင် ပေါက်ရောက်တည်ရှိနေသော ကျွန်းပင်ကိုသော်လည်းကောင်း၊ ပုဒ်မ ၈၊ ပုဒ်မခွဲ (ခ) အရ ပိုင်ဆိုင်ခွင့်ရှိသော ကျွန်းပင်မှအပ အခြားကျွန်းပင်ကိုသော်လည်းကောင်း ခွင့်ပြု မိန့်မရရှိဘဲသင်းသတ်ခြင်း၊ ခုတ်လှဲခြင်းပြုလျှင် ထိုသူအား ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်နှစ်သိန်းမှ အများဆုံး ကျပ်ခြောက်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံစေရမည်။ ။ (ဃ) မည်သူမဆို ပုဒ်မ ၈၊ ပုဒ်မခွဲ (ခ) အရ ပိုင်ဆိုင်ခွင့်ရှိသော ကျွန်းပင်များမှအပ မှတ်ပုံတင် ထားခြင်းမရှိသော ကျွန်းပင်ကို တစ်နည်းနည်းဖြင့် ပျက်စီးစေခြင်း သို့မဟုတ် ခွင့်ပြုမိန့် မရရှိဘဲ ထစ်မှတ်ခြင်း၊ ချိုးဖြတ်ခြင်း၊ ဖောက်ထွင်းခြင်းဖြစ်လျှင် ထိုသူအား တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်နှစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်း အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်။ ) (င ) မည်သူမဆို ပုဒ်မ ၈၊ ပုဒ်မခွဲ (ခ) အရ ပိုင်ဆိုင်ခွင့်ရှိသော ကျွန်းပင်ကို ခွင့်ပြုမိန့် မရရှိဘဲ သင်းသတ်ခြင်း၊ ခုတ်လှဲခြင်း၊ ပိုင်းဖြတ်ခြင်းပြုလျှင် ထိုသူအား ခြောက်လ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ် တစ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံစေရမည်။ ) ၄၄။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ဆယ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်(က) သစ်တောဝန်ထမ်းများ အသုံးပြုသည့် တံဆိပ်တုံးတစ်ခုခုကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် တံဆိပ်တုံးအတုပြုလုပ်ခြင်း၊ တံဆိပ်တုံးအတုကို လက်ဝယ်ထားခြင်း သို့မဟုတ် တံဆိပ်တုံးအတုဖြင့် သစ်တောထွက်ပစ္စည်းတွင် ရိုက်မှတ်ခြင်း၊ ( ခ ) သစ်တောဝန်ထမ်းများ အသုံးပြုသည့်တံဆိပ်တုံး သို့မဟုတ် ကိုယ်ပိုင်တံဆိပ်တုံးကို သစ်တောထွက်ပစ္စည်းတွင် တရားမဝင်ရိုက်မှတ်ခြင်း၊ (ဂ ) သစ်တောထွက်ပစ္စည်းတွင် သစ်တောဝန်ထမ်း သို့မဟုတ် ယင်းက တာဝန်ယူကြီးကြပ်၍ လွှဲအပ်ထားသူက ရိုက်မှတ်ထားသည့် တံဆိပ်အမှတ်အသားကို ပုံသဏ္ဌာန်ပျက်အောင် ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် မထင်ရှားစေရန် ဖျက်ပစ်ခြင်း၊ (ဃ) သစ်တောနယ်မြေ နယ်နိမိတ် အမှတ်အသားတစ်ခုခုကို ခွင့်ပြုချက်မရရှိဘဲ ပြောင်းလဲ ပြင်ဆင်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ပုံသဏ္ဌာန် ပျက်အောင်ပြုလုပ်ခြင်း။ ၄၅။ မည်သည့်သစ်တောဝန်ထမ်းမဆို ဤဥပဒေအရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြု၍ တစ်ဦးတစ်ယောက်သောသူအား ထိခိုက်နစ်နာစေရန် သစ်တောထွက်ပစ္စည်းတစ်စုံတစ်ရာကို မတရားသဖြင့် သိမ်းယူလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသောင်း မှ အများဆုံး ကျပ်တစ်သိန်း အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်။ ချမှတ်သည့် ငွေဒဏ်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ မတရားသဖြင့် ပစ္စည်းသိမ်းခြင်းခံရသူအား နစ်နာကြေးအဖြစ် ထုတ်ပေးနိုင်သည်။ ။ ၄၆။ မည်သည့် သစ်တောဝန်ထမ်းမဆွ မိမိ၏ လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ တစ်ဦးတစ်ယောက်တံ ပစ္စည်း သို့မဟုတ် ငွေကြေးကိုရယူ၍ မသမာသောနည်းဖြင့် သစ်တောထွက်ပစ္စည်း တစ်စုံတစ်ရာကို ထုတ်ယူခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်း သို့မဟုတ် တရားမဝင် လက်ဝယ်ထားရှိခြင်း ကိစ္စတွင် ပါဝင်ပူးပေါင်းကြံစည်လျှင် အနည်းဆုံး ထောင်ဒဏ်တစ်နှစ်မှ အများဆုံး ထောင်ဒဏ် တစ်ဆယ်နှစ် အထိ ကျခံစေရမည်။ ၄၇။ တရားရုံးသည် ပုဒ်မ ၃၉ မှအပ တရားစွဲဆိုတင်ပို့သော ပြစ်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် တရားခံအား သက်ဆိုင်ရာပြစ်မှုအတွက် ပြစ်ဒဏ်ချမှတ်ရမည့် အပြင် - (က) ပြစ်မှုနှင့် သက်ဆိုင်သော သစ်တောထွက်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့် ချမှတ်ရမည်။ ( ခ ) ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ယာဉ်၊ တိရစ္ဆာန်နှင့် အခြားစက်ပစ္စည်း ကိရိယာ တန်ဆာပလာများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်နိုင်သည်။ (ဂ) ပြစ်မှုကျူးလွန်ခြင်းကြောင့် သစ်တောဦးစီးဌာန၏ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သစ်တော ဦးစီးဌာနသို့ လျော်ကြေးပေးဆောင်စေရန် အမိန့်ချမှတ်ရမည်။ အခန်း(၁၃) အထွေထွေ ၄၈။ ဤဥပဒေ အခန်း (၁၂) ပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။ ၄၉။ တရားရုံးသည် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် သစ်တောထွက်ပစ္စည်းများကို သစ်တော ဦးစီးဌာနသို့ လွှဲပြောင်းပေးရမည်။ ၅၀။ (က) ဝန်ကြီးသည် ဤဥပဒေအရ ဝန်ကြီးဌာနအား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို ညွှန်ကြားရေးမှူးချုပ်အားလွှဲအပ်၍ ဆောင်ရွက်စေနိုင်သည်။ ( ခ) ညွှန်ကြားရေးမှူးချုပ်သည် ဤဥပဒေအရ မိမိအားအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို သစ်တောအရာရှိများအား လွှဲအပ်၍ ဆောင်ရွက်စေနိုင်သည်။ ၅၁။ ဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သစ်တောဝန်ထမ်းများ ဝတ်ဆင်မည့် တူညီဝတ်စုံသတ်မှတ်ခြင်း၊ ဤဥပဒေပါ ပြဋ္ဌာန်းထားသည့် ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းနှင့် တောတွင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့တွင် ကာကွယ်ရန်နှင့် လုပ်ငန်းအထောက်အကူပြုစေရန်အတွက် ကိုင်ဆောင်ခွင့်ရှိသော လက်နက်၊ ကိရိယာ၊ လုပ်ငန်းသုံးပစ္စည်းများကို အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန် ကြေညာခွင့်ရှိသည်။ ၅၂။ ဤဥပဒေအရ သစ်တောဦးစီးဌာနက ရရန်ရှိသောငွေများကို ဝင်ငွေခွန်မပြေကျန်ငွေ ဖြစ်ဘိသကဲ့သို့ ကောက်ခံရမည်။ ဤကိစ္စအလို့ငှာ ဝန်ကြီးဌာနက တာဝန်ပေးအပ်သော သစ်တောအရာရှိသည် တည်ဆဲဥပဒေများအရ ကောလိပ်တော်အရာရှိ၏ လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိစေ ရမည်။ ၅၃။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် သစ်တောဝန်ထမ်းများက ယင်းတို့၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာ၌ အကူအညီတောင်းခံလာလျှင် လိုအပ်သော အကူအညီများကို ပေးရမည်။ ၅၄။ ဤဥပဒေအရ စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူသည့်အမှုတွင်ဖြစ်စေ၊ တရားစွဲဆိုသည့် အမှုတွင်ဖြစ်စေ အရေးယူခြင်းခံရသူသည် သစ်တောထွက်ပစ္စည်းနှင့်စပ်လျဉ်း၍ တရားဝင်ပိုင်ဆိုင်ကြောင်း သို့မဟုတ် တရားဝင်လက်ဝယ်ထားခွင့်ရှိကြောင်း သက်သေထင်ရှားပြရန် တာဝန်ရှိသည်။ ၅၅။ ၁၉၉၂ ခုနှစ်၊ သစ်တောဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၈၉၂) အရ တည်ရှိဆဲကြိုးဝိုင်းတောများနှင့် ကြိုးပြင်ကာကွယ်တောများကို ဤဥပဒေအရ ဖွဲ့စည်းထားသည့် ကြိုးဝိုင်းတောများနှင့် ကြိုးပြင်ကာကွယ်တောများဖြစ်သည်ဟု မှတ်ယူရမည်။ ) ၅၆။ ၁၉၉၂ ခုနှစ်၊ သစ်တောဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၈၉၂) အရ ပြဋ္ဌာန်းထားသည့် နည်းဥပဒေများ၊ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။ ၅၇။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်ရန် - (က) ဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ ( ခ) ဝန်ကြီးဌာနနှင့် သစ်တောဦးစီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၅၈။ ၁၉၉၂ ခုနှစ်၊ သစ်တောဥပဒေ(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၈၉၂)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ)ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သင့်ထင်မြင်ချက်လေး ရေးခဲ့ပါ။

Please leave comments or requests to revise or update, about this law...


မိတ်ဆွေ ပြည်ထောင်စု သားရောင်းရင်းများ ခင်ဗျား... ဒီစာမျက်နှာ သို့မဟုတ် ဒီဥပဒေနဲ့ ပတ်သက်ပြီး သင်ဘာပြောချင် ပါသလဲ? သင် ဘယ်လို မြင်ပါသလဲ? ထောက်ခံသလား? ကန့်ကွက်သလား? ဘယ်အပိုင်းက ခေတ်နဲ့ မညီဘူး ဖြစ်နေသလဲ? ဘယ်အပိုင်းကို ဦးစားပေး ပြင်သင့်တယ် ထင်သလဲ?
  • ကြောက်လို့ ဘာမှ မပြောဘဲ နေတာဟာ အဂတိ လိုက်စားတာပါ။ ‘ဘယာဂတိ’ လို့ ခေါ်ပါတယ်။ ဒါတွေ ရပ်ဘို့ လိုပါတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာဘို့ ကျွန်တော်တို့ နိုင်ငံသားတွေကို အားပေး ရပါမယ်။ ပျိုးထောင် ရပါမယ်။ မိမိအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတာ၊ တိုင်ပင် နှီးနှောတာ ဒီမိုကရေစီပါ။ ဆွေးနွေးပါ။ ဝေဖန်ပါ။ အားပေးပါတယ်။ ကျွန်တော်တို့ အားလုံးကိုယ်တိုင်လည်း အဝေဖန်ခံနိုင်အောင် ကြိုးစားရပါမယ်။  သဘောထား ကြီးအောင်ကြိုးစားပြီး။ agree to disagree ဆိုတာကို ဒီမိုကရေစီ နည်းကျ ကျင့်ကြံကြရပါမယ်။
  • မိမိ လုပ်ရပ်အားလုံးကို မိမိ တာဝန်ယူရမယ်ဆိုတာလည်း ဒီမိုကရေစီပါ။ ဆဲဆိုတာတွေ၊ မလုပ်ဘဲ ချက်ကျလက်ကျ ပြောဆိုဆွေးနွေး စေချင်ပါတယ်။ မေတ္တာရပ်ခံ လိုပါတယ်။ 
  • မတရားတာတွေ ဒီမိုကရေစီနည်းနဲ့ ရပ်တန့်ဘို့က ဒီလို ဆွေးနွေးဘို့ များများ လိုပါတယ်။ ဒီမှာ ဆွေးနွေးတာတွေကို law-maker တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြင်အောင်၊ ဖတ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။ 
  • ကမ္ဘာမှာ အတိုးတက်ဆုံး အမေရိကန် ပြည်ထောင်စု ဆိုတာ ကမ္ဘာမှာ ဥပဒေ အများဆုံး ရှိတဲ့ တိုင်းပြည်ပါ။ ဆိုလိုတာက ချုပ်ချယ်မှု အများဆုံး တိုင်းပြည်ပါ။ ကာကွယ်သင့်တာတွေကို အကာအကွယ် အများဆုံး ပေးတဲ့ တိုင်းပြည်ပါ။ တစ်ချိန်တည်းမှာ ကမ္ဘာမှာ အလွတ်လပ်ဆုံး တိုင်းပြည်ပါ။ မိမိတို့ ချစ်တဲ့ မြန်မာနိုင်ငံကို the land of opportunities ဖြစ်လာအောင် ဝိုင်းဝန်း အကြံပေး ကြပါ။ ပြုပြင် ပေးကြပါလို့ နှိုးဆော် လိုက်ပါရစေ။

/ အယ်ဒီတာ

ဒီဥပဒေထဲမှာ ဘာတွေ ပြင်သင့်သလဲ? ဆွေးနွေးကြည့်ပါ။
What are needed to be revised in this law?

ဖွဲ့စည်းပုံကို သင့်ဖုန်းပေါ်မှာ ဖတ်နိုင်

Myanmar constitution app for Androidယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles. Download here.

ကက က္က

CSR project by Myanmars.NET

 
Welcome to Myanmar Laws Archive. This is a CSR (corporate social responsibility) project by Myanmars.NET for legal knowledge education program to our people. The law does not excuse people, because they do not know. Myanmar laws are based on English common law, so that it is very similar to many laws in United States, United Kingdom, Australia, Singapore, or Malaysia.

We also have a CSR policy that we do NOT do new businesses with alcoholic, cigarette, and MLM businesses.