2016 - Today (NLD)

Myanmar Law Center


   

2018-09-21 - ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ

(၂ဝ၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၀ ။)

၁၃၈၀ ပြည့်နှစ်၊ တော်သလင်းလဆန်း ၁၂ ရက်

(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အပိုင်း ၁

အမည်နှင့်စတင်အကျိုးသက်ရောက်သည့်နေ့ရက်

၁။ (က) ဤဥပဒေကို ၂၀၁၈ -၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေဟု ခေါ်တွင်စေရမည်။ ဤဥပဒေသည် ၂၀၁၈ -၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်စေရမည်။ အပိုင်း ၂ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ

အခန်း(၁)

ရငွေများနှင့်သုံးငွေများ

၂။ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့်လုပ်ငန်းများကို ဆောင်ရွက်ကြရမည်။ ထိုသို့ ဆောင်ရွက်၍ရသောရငွေများကို ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေသို့ပေးသွင်း၍ ထုတ်ပေးရန်ရှိသောသုံးငွေများကို ပြည်ထောင်စု၏ဘဏ္ဍာ ရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။

၃။ (က) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် ဦးစီးဌာနများ၏ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့်ပုဂ္ဂိုလ် အသီးသီးသည်ဇယား (၁)၊ (၂)၊ (၃) နှင့်(၄) တို့တွင်မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့်သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။ ) (ခ) ပုဒ်မခွဲ (က) ပါတာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်အသီးသီးအား လွှဲအပ် ဆောင်ရွက်စေနိုင်သည်။ ။ (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၄။ (က) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာန များနှင့် ဦးစီးဌာနများသည် ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် ဤဥပဒေအရ လျာထားသောရငွေတို့ထက်တိုး၍ဖြစ်စေ၊ လျော့၍ဖြစ်စေ ရသောရငွေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့တင်ပြသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်း ဖော်ပြရမည်။ ) (ခ) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် သုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေအရခွင့်ပြုထားသော သုံးငွေများ အတွင်း ငွေစာရင်းခေါင်းစဉ်လွှဲပြောင်း သုံးစွဲသည့်အသုံးစရိတ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပုဒ်မ ၁၁ အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် သုံးစွဲသည့်အသုံးစရိတ်များနှင့် စပ်လျဉ်း၍လည်းကောင်း ပြည်ထောင်စုလွှတ်တော်သို့တင်ပြသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ (ဂ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေ၏ပုဒ်မ ၁၁ အရ ပိုမိုသုံးစွဲရန် ခွင့်ပြုသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူရမည်။

၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဘဏ္ဍာရေးကော်မရှင်နှင့် ညှိနှိုင်းရရှိသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏အရအသုံး ခန့်မှန်းခြေငွေစာရင်းများအရ လိုအပ်သည့်ငွေကို ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေမှ သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းပေးခြင်း၊ အထူးကိစ္စအဖြစ် ထောက်ပံ့ခြင်း၊ လိုအပ်သည့်ချေးငွေများ ထုတ်ချေးခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် ခွင့်ပြုနိုင်သည်။

အခန်း(၂)

ငွေချေးယူခြင်

း ၆။ ပြည်ထောင်စုအစိုးရအဖွဲ့သည် လုပ်ငန်းစီမံချက်များအတွက်ဖြစ်စေ၊ ပြည်ထောင်စု၏အရအသုံး ခန့်မှန်းခြေငွေစာရင်းပါ အသုံးစရိတ်များအတွက်ဖြစ်စေ၊ ပြည်ထောင်စုကတာဝန်ယူရသော ချေးငွေ စာချုပ်များ သို့မဟုတ် အာမခံစာချုပ်များ ထုတ်ပေးခြင်းဖြင့်လည်းကောင်း၊ အခြားနည်းလမ်းများဖြင့် လည်းကောင်း ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ငွေချေးယူနိုင်သည်။ ထိုသို့ ချေးငွေရယူသည့်အခါ သင့်သည်ထင်မြင်သည့် အတိုးနှုန်းများ သတ်မှတ် နိုင်သည်။ ပြန်ဆပ်ရန်၊ ပြန်ရွေးရန် သို့မဟုတ် အခြားနည်းစီမံရန် စည်းကမ်းချက်များကိုလည်း ပြုလုပ်နိုင်သည်။ သို့ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူခြင်းအတွက် အတိုးနှုန်းနှင့် လိုအပ်သော စည်းကမ်းချက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ညှိနှိုင်းပြီးမှ သတ်မှတ်နိုင်သည်။

၇။ ပြည်ထောင်စုအစိုးရအဖွဲ့က ယခင်ဘဏ္ဍာရေးနှစ်အတွင်း လိုအပ်ငွေများ ဖြည့်တင်းရန် အာမခံ စာချုပ်များရောင်းချခြင်းဖြင့် ရယူခဲ့သည့် ချေးငွေများနှင့်စပ်လျဉ်း၍ အချိန်ကျရောက်သောအခါ ပေးဆပ်ခြင်းကို အာမခံစာချုပ်အသစ်များဖြင့် လဲလှယ်နိုင်သည်။

၈။ ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဘဏ္ဍာရေးနှစ်အတွင်း လိုအပ်ငွေများ ဖြည့်တင်းရန် အစိုးရငွေချေးသက်သေခံလက်မှတ်များ ဝယ်ယူခြင်းနှင့်ရောင်းချခြင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တာဝန်ပေးအပ်နိုင်သည်။

၉။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်အတည်ပြုချက်ဖြင့် လုပ်ငန်းစီမံချက် တစ်ရပ်ရပ်အတွက် ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာနအဖွဲ့အစည်းအတွက်သော်လည်းကောင်း ပြည်ပမှ ငွေချေးယူနိုင်သည်။ ပြည်ပမှရရှိသော ချေးငွေများကို နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက်နေသောလုပ်ငန်းများသို့ သင့်လျော်သော စည်းကမ်းချက်များသတ်မှတ်၍ ပြန်လည်ထုတ်ချေးခွင့်ပြုနိုင်သည်။

၁၀။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤအခန်းပါ ကိစ္စရပ်များအားလုံးကို ဖြစ်စေ၊ အချို့ကို ဖြစ်စေ ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား လုပ်ပိုင်ခွင့် အပ်နှင်းနိုင်သည်။ (ခ) ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေအခန်း (၁၀) နှင့်အညီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဤအခန်းပါ ငွေချေးယူသော ကိစ္စများအတွက် နိုင်ငံတော် ကိုယ်စား အာမခံချက်ပေးနိုင်သည်။

၁၁။ ဇယား (၁)၊ (၃) နှင့် (၇)တို့တွင် ဖော်ပြလျာထားသော ရငွေများအနက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသော ချေးငွေစာချုပ်ချုပ်ဆိုပြီးသည့် ပြည်ပချေးယူရငွေသည် လျာထားသည်ထက် ပိုမိုရရှိလျှင် ယင်းသို့ ပိုမိုရရှိသောငွေများဖြင့် ဆက်နွှယ်ထားသည့် လုပ်ငန်းအသုံးစရိတ်များကြောင့် ဇယား (၂)၊ (၄) နှင့် (၈) တို့တွင် ဖော်ပြခွင့်ပြုထားသော သုံးငွေများထက် ပိုမိုသုံးစွဲရန် လိုအပ်ပါက နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ မပြဋ္ဌာန်းမီဖြစ်လျှင် ပြည်ထောင်စုအစိုးရအဖွဲ့က စိစစ် သုံးသပ်၍ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲခြင်းဖြင့်ဖြစ်စေ၊ ပုဒ်မ ၂၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှဖြစ်စေ ခွင့်ပြုနိုင်သည်။ ယင်းသို့ ခွင့်ပြုမှုများကို ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း များတွင် ထည့်သွင်းဖော်ပြရမည်။ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေပြဋ္ဌာန်းပြီး နောက်ပိုင်းမှ ရရှိပါက ပုဒ်မ ၂၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲနိုင်သည်။ ယင်းသို့ သုံးစွဲခဲ့သည့် အသုံးစရိတ်များကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။

၁၂။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ဤအခန်းအရ ငွေချေးစာချုပ်များ ချုပ်ဆိုပြီးနောက် အမှန်တကယ်ချေးယူ ရရှိသည့် ငွေစုစုပေါင်းသည် ကျပ်သန်းပေါင်းခုနစ်ဆယ့်နှစ်သိန်းထက် မပိုစေရ။

အခန်း(၃)

ပြည်ပအကူအညီရယူခြင်း

၁၃။ ပြည်ထောင်စုအစိုးရအဖွဲ့သည် လုပ်ငန်းစီမံချက်တစ်ရပ်ရပ်အတွက် ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာနအဖွဲ့အစည်း အတွက်သော်လည်းကောင်း ပြည်ပအကူအညီကို ငွေသား၊ ပစ္စည်း၊ ဆောင်ရွက်ပေးမှုတို့ဖြင့် ရယူခွင့် ပြုနိုင်သည်။

၁၄။ ဇယား (၁)၊ (၃) နှင့် (၇) တို့တွင် ဖော်ပြလျာထားသော ရငွေများအနက် ပြည်ပအကူအညီ ရငွေသည် လျာထားသည်ထက် ပိုမိုရရှိလျှင် ယင်းသို့ ပိုမိုရရှိသောငွေများဖြင့် ဆက်နွှယ်ထားသည့် လုပ်ငန်းအသုံးစရိတ်များကြောင့် ဇယား (၂)၊ (၄) နှင့် (၈) တို့တွင် ဖော်ပြခွင့်ပြုသော သုံးငွေများထက် ပိုမိုသုံးစွဲရန် လိုအပ်ပါက အောက်ပါအတိုင်း ဆောင်ရွက်ရမည်(က) နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေမပြဋ္ဌာန်းမီဖြစ်လျှင် ပြည်ထောင်စုအစိုးရ အဖွဲ့က စိစစ်သုံးသပ်၍ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲခြင်းနည်းလမ်း၊ ပုဒ်မ ၂၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှ ခွင့်ပြုသည့်နည်းလမ်းတို့ဖြင့် ခွင့်ပြု နိုင်သည်။ ယင်းသို့ခွင့်ပြုသည့် သုံးငွေများကို ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်းဖြစ်လျှင် ပုဒ်မ ၂၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှ ခွင့်ပြုသည့်နည်းလမ်း၊ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲခြင်းနည်းလမ်းတို့ဖြင့် ခွင့်ပြုနိုင်သည်။ ယင်းသို့ ခွင့်ပြုသည့်သုံးငွေများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။

အခန်း(၄) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှဆောင်ရွက်သော ပြည်ထောင်စုဝန်ကြီးဌာနများနှင့်ဦးစီးဌာနများ

၁၅။ လူမှုဖူလုံရေးအဖွဲ့သည် မိမိတို့၏လူမှုဖူလုံရေးရန်ပုံငွေနှင့်အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေတို့အပေါ်ရပ်တည်၍ လုပ်ငန်းများကို မိမိ၏ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။

၁၆။ (က) လူမှုဖူလုံရေးအဖွဲ့၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် ဇယား (၅) နှင့် (၆) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။ ) (ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့် များကို မိမိလက်အောက်ရှိလုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေ နိုင်သည်။ (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၁၇။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေးအဖွဲ့၏ဇယား (၅) နှင့် (၆) တို့တွင် ဖော်ပြ ထားသောငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စု အစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းများ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့တင်ပြသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေ စာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် လည်းကောင်း ထည့်သွင်းဖော်ပြရမည်။ (ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေးအဖွဲ့အား လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့် ဖြစ်စေ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။

၁၈။ ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေးအဖွဲ့က လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေတို့ဖြင့် ရပ်တည်ပြီး ယင်းရန်ပုံငွေမှ အကျိုးခံစားခွင့်များပေးရာတွင် လုံလောက်မှုမရှိ၍ တောင်းခံလာပါက ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် လိုအပ်သည့် ချေးငွေများထုတ်ချေးခြင်း၊ လူမှုဖူလုံရေးအိမ်ရာစီမံကိန်းအတွက် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် ခွင့်ပြုနိုင်သည်။

အပိုင်း ၃

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ

အခန်း(၁)

ရငွေများနှင့်သုံးငွေများ

၁၉။ (က) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများသည် စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရေးနှင့် မိမိတို့၏ ငွေကြေးအင်အားအပေါ် မိမိတို့ရပ်တည်နိုင်ရေးမူနှင့်အညီ ဆောင်ရွက်ကြရာတွင် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေလက်ကျန် အခြေအနေ အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏သတ်မှတ်ချက်နှင့်အညီ သာမန်အသုံးစရိတ် အားလုံး၊ ငွေလုံးငွေရင်းအသုံးစရိတ်အားလုံးနှင့် ကြွေးမြီအသုံးစရိတ်အားလုံးတို့ကို လုပ်ငန်း သုံးရင်းနှီးငွေအဖြစ် မိမိတို့၏ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့်သော်လည်းကောင်း၊ သာမန်အသုံးစရိတ်အားလုံးကို လုပ်ငန်းသုံးရင်းနှီးငွေအဖြစ် မိမိတို့၏ကိုယ်ပိုင် ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့်သော်လည်းကောင်း၊ သာမန်အသုံးစရိတ်အောက်ရှိ ကုန်ကြမ်းပစ္စည်းဝယ်ယူခြင်း အသုံးစရိတ်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေ၊ ကုန်ထုတ်လုပ်မှု စရိတ်/လုပ်ငန်းဆောင်ရွက်မှုစရိတ်၊ စီမံနှင့်သုတေသနစရိတ်နှင့် ရောင်းချဖြန့်ဖြူးမှုစရိတ် တို့ကို လုပ်ငန်းသုံးရင်းနှီးငွေအဖြစ် မိမိတို့၏ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့်သော် လည်းကောင်း၊ သာမန်အသုံးစရိတ်အောက်ရှိ ကုန်ကြမ်းပစ္စည်းဝယ်ယူခြင်း အသုံးစရိတ်၏ ၅၀ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ နိုင်ငံတော်သို့ထည့်ဝင်ငွေ၊ ကုန်ထုတ်လုပ်မှု စရိတ် လုပ်ငန်းဆောင်ရွက်မှုစရိတ်၊ စီမံနှင့်သုတေသနစရိတ်နှင့် ရောင်းချဖြန့်ဖြူးမှုစရိတ် တို့ကို လုပ်ငန်းသုံးရင်းနှီးငွေအဖြစ် မိမိတို့၏ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် သော်လည်းကောင်းဆောင်ရွက်ကြရမည်။ လုပ်ငန်းသုံးရင်းနှီးငွေကို မိမိတို့၏ဘဏ္ဍာရန်ပုံ ငွေဖြင့် ဆောင်ရွက်ရန်မလုံလောက်ပါက မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရတည်ထောင်ထားသော နိုင်ငံပိုင်ဘဏ်များမှ သတ်မှတ်ချက်နှင့်အညီ ငွေချေး ယူသုံးစွဲနိုင်သည်။ ( ခ) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် မိမိတို့၏ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေဖြင့်သုံးစွဲရမည့် အသုံးစရိတ်များမှအပ ပြည်ပသို့ ကြွေးမြီ ပြန်လည်ပေးဆပ်ရန်အသုံးစရိတ်၊ ကျန်သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် များကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်။

၂၀။ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန် အလို့ငှာ ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ဖော်ပြရမည်။

၂၁။ (က) ဇယား (၇) နှင့်(၈) တို့တွင် ဖော်ပြထားသည့် ရငွေများနှင့်သုံးငွေများသည် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများက စီမံကိန်းရည်မှန်းချက်များအရ ထမြောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းထားသောငွေများဖြစ်သည်။ ( ခ) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည်ဇယား (၇) နှင့် (၈) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။ ။ (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း(၂)

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်များ

၂၂။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် စီးပွားရေးဆန်ဆန် ဆောင်ရွက်ရမည့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများအား သတ်မှတ်ပေးရမည်။

(ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဇယား (၇) တွင် ဖော်ပြထားသော ရငွေများတိုးခြင်း၊ လျော့ခြင်းများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲ ပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ။ ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဇယား (၈) အရ ခွင့်ပြုထားသော သုံးငွေများကို လုပ်ငန်းအရလိုအပ်လျှင် စိစစ်သုံးသပ်၍ ပြောင်းလဲပေးနိုင် သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် သုံးငွေများကို အောက်ပါအတိုင်း ပြောင်းလဲပေးခြင်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်(၁) အဖွဲ့အစည်းတစ်ခု၏ သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီသုံးငွေများ ပြောင်းလဲသုံးစွဲခြင်း၊ (၂) သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီသုံးငွေများကို အဖွဲ့အစည်းတစ်ခုမှ အခြားအဖွဲ့ အစည်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်း၊ (၃) ငွေလုံးငွေရင်းသုံးငွေတွင် အဖွဲ့အစည်းတစ်ခုအတွင်း လုပ်ငန်းစီမံကိန်းတစ်ခုမှ အခြား လုပ်ငန်းစီမံကိန်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်း။ (ဃ) ထိုသို့ ရငွေများနှင့်သုံးငွေများ ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း များတွင် လည်းကောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။ (င) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများအား လုပ်ငန်း လုပ်ကိုင်ရန် လိုအပ်သည့် လုပ်ငန်းသုံးရင်းနှီးငွေကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များအတွက် လိုအပ်သည့်ငွေကိုလည်းကောင်း ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။ (စ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများက နိုင်ငံတော်သို့ ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။ (ဆ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများက လုပ်ငန်း လုပ်ကိုင်ရန် လိုအပ်သည့် လုပ်ငန်းသုံးရင်းနှီးငွေကို လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များအတွက် လိုအပ်သည့်ငွေကိုလည်းကောင်း မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရတည်ထောင်ထားသော နိုင်ငံပိုင်ဘဏ်များမှ ချေးယူနိုင်ရန် ငွေပမာဏကို သတ်မှတ်ပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့ သည် ဤပုဒ်မပါ လုပ်ပိုင်ခွင့်များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား အပ်နှင်း နိုင်သည်။ ပုဒ်မခွဲ (ဆ) ပါ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းဆိုသည့် စကားရပ်တွင် မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရတည်ထောင်ထားသော နိုင်ငံပိုင်ဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ မပါဝင်စေရ။ အခန်း(၃) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်များ ၂၃။ (က) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ဇယား (၇) နှင့် (၈) တို့တွင် ဖော်ပြထားသော သက်ဆိုင်ရာတာဝန်ခံ ပုဂ္ဂိုလ်၏ကြီးကြပ်ကွပ်ကဲမှုဖြင့် မိမိတို့၏လုပ်ငန်းများကို စီမံခန့်ခွဲ ရမည်။ (ခ) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် လုပ်ငန်းလိုအပ်ချက်အရဇယား (၇) တွင် ဖော်ပြထားသော ရငွေများတိုးခြင်း၊ လျော့ခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ဇယား (၈) အရ ခွင့်ပြုထားသော အဖွဲ့အစည်းတစ်ခု၏သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီ သုံးငွေများ ပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ သာမန်သုံးငွေ၊ ငွေလုံး ငွေရင်းသုံးငွေနှင့် ကြွေးမြီသုံးငွေများကို အဖွဲ့အစည်းတစ်ခုမှ အခြားအဖွဲ့အစည်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ငွေလုံးငွေရင်းသုံးငွေတွင် အဖွဲ့အစည်း တစ်ခုအတွင်း လုပ်ငန်းစီမံကိန်းတစ်ခုမှ အခြားလုပ်ငန်းစီမံကိန်းတစ်ခုသို့ ပြောင်းလဲ သုံးစွဲခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်ဖြစ်စေ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်လွှဲအပ်ချက်အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်ဖြစ်စေ ပြောင်းလဲနိုင်သည်။ ထိုသို့ ရငွေများနှင့်သုံးငွေများ ပြောင်းလဲခြင်း များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့တင်ပြသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ အမှန် စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။ ) (ဂ) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ပုဒ်မ ၂၊ ပုဒ်မခွဲ(ဆ)အရ ငွေချေးယူလိုလျှင် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးသည့်ငွေထက် မကျော်လွန်ဘဲ ချေးယူနိုင်သည်။ အခန်း(၄) ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများ ၂၄။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအား သတ်မှတ်ပေးရမည်။ ထိုသို့ သတ်မှတ်ပေးခြင်းကို အနီးကပ်ဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ အကျိုးအကြောင်းဖော်ပြချက် နှင့်အတူ အစီရင်ခံရမည်။ ( ခ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သည့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့ အစည်းများသည် စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရေးနှင့် မိမိတို့၏ ငွေကြေးအင်အားအပေါ် မိမိတို့ရပ်တည် ဆောင်ရွက်ကြရမည်။ (ဂ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ စုစုပေါင်းငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန်အလို့ငှာ နိုင်ငံတော်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ဖော်ပြရမည်။ ၂၅။ (က) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၉) နှင့် (၁၀) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ် ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။ ( ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ် ဆောင်ရွက်စေနိုင်သည်။ (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။ (ဃ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများက နိုင်ငံတော်သို့ ထည့်ဝင်ရမည့်ငွေကို သတ်မှတ် ပေးရမည်။ ၂၆။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဇယား (၉) နှင့် (၁၀) တို့တွင် ဖော်ပြထားသော ရငွေများနှင့် သုံးငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စု အစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ရငွေများနှင့်သုံးငွေများ ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့တင်ပြသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍ အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။ ) (ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏လုပ်ငန်းများ လုပ်ကိုင်ရန် ကနဦးရင်းနှီးမြှုပ်နှံ ငွေကို သတ်မှတ်ချက်နှင့်အညီ ထည့်ဝင်နိုင်သည်။ (ဂ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများအား လုပ်ငန်းလုပ်ကိုင်ရန် သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေများကို မြန်မာနိုင်ငံတော် ငွေရေး ကြေးရေးအဖွဲ့အစည်းများ ဥပဒေအရတည်ထောင်ထားသော ဘဏ်များမှသတ်မှတ်ချက်များ နှင့်အညီ ချေးယူနိုင်ရန် ငွေပမာဏကို သတ်မှတ်ပေးနိုင်သည်။ အပိုင်း ၄ အရေးပေါ်ရန်ပုံငွေ ၂၇။ (က) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ဇယား (၄) တွင် ဖော်ပြထားသော အရေးပေါ်ရန်ပုံငွေမှ ကျခံ သုံးစွဲခြင်းကို ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရက မသုံးစွဲလျှင်မဖြစ်သည့် အရေးပေါ်ကိစ္စရပ်အတွက် အသုံးစရိတ်ဖြစ်ပြီး အရအသုံး ခန့်မှန်းခြေငွေစာရင်း လျာထားချက်တွင် ပါဝင်ခြင်းမရှိသော အသုံးစရိတ်အတွက်သာလျှင် ဆောင်ရွက်ခွင့်ရှိသည်။ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် အရသာ ခွင့်ပြုရမည်။ (ဂ) ပြည်ထောင်စုအစိုးရအဖွဲ့သည် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲသည့်ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ အနီးကပ်ဆုံး ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြရမည်။ အပိုင်း ၅ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ ၂၈။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့၏ဘဏ္ဍာငွေအပေါ်ရပ်တည်၍ လုပ်ငန်းများကို မိမိတို့၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်။ ၂၉။ (က) တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁၁) နှင့် (၁၂) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့်သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။ ( ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ် ဆောင်ရွက်စေနိုင်သည်။ ။ (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။ ၃၀။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ၏ ဇယား (၁၁) နှင့် (၁၂) တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရ လိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့တင်ပြသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ (ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် တပ်မြို့စည်ပင်သာယာရေးအဖွဲ့များအား လုပ်ငန်းလုပ်ကိုင်ရန် သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့် ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် ရယူ ဆောင်ရွက် ခွင့်ပြုနိုင်သည်။ ၃၁။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့နှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ၊ နည်း ဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များအရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။ ( အပိုင်း ၆ နေပြည်တော်ကောင်စီ ၃၂။ နေပြည်တော်ကောင်စီသည် ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရမည်။ ထိုသို့ ဆောင်ရွက်၍ရသောရငွေများကို ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်း၍ ထုတ်ပေးရန်ရှိသောသုံးငွေများကို ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။ ၃၃။ (က) နေပြည်တော်ကောင်စီ၏ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် ဇယား (၁၃) နှင့် (၁၄) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။ ( ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိလုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက် စေနိုင်သည်။ (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။ ၃၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်ကောင်စီ၏ဇယား (၁၃) နှင့် (၁၄) တို့တွင် ဖော်ပြထားသော ငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေ နိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့တင်ပြသော ၂၀၁၈၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်း များတွင် ထည့်သွင်းဖော်ပြရမည်။ အပိုင်း ၇ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၃၅။ နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် မိမိ၏ဘဏ္ဍာငွေအပေါ်ရပ်တည်၍ လုပ်ငန်းများကို မိမိ၏ဘဏ္ဍာငွေအစီအစဉ်ဖြင့်ဆောင်ရွက်ရာတွင် ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက် ရယူရမည်။ ၃၆။ (က) နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁၅) နှင့် (၁၆) တို့တွင် မိမိနှင့်ယှဉ်တွဲ ဖော်ပြ ထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။ ) (ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့်ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိလုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက် စေနိုင်သည်။ (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။ ၃၇။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ဇယား (၁၅) နှင့် (၁၆) တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲ ပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက် စေနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့တင်ပြသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်း များကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ( ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီအား လုပ်ငန်း လုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။ ၃၈။ နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် မိမိနှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များအရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။ အပိုင်း ၈ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၃၉။ (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မိမိ၏ဘဏ္ဍာငွေအပေါ်ရပ်တည်၍ မိမိ၏ဘဏ္ဍာငွေ အစီအစဉ်ဖြင့်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရမည်။ ။ ( ခ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန်အလို့ငှာ နိုင်ငံတော်၏အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ဖော်ပြရမည်။ ၄၀။ (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁၇) နှင့် (၁၈) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကိုစီမံခန့်ခွဲခြင်းပြုရမည်။ (ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ် ဆောင်ရွက်စေနိုင်သည်။ ။ (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။ ၄၁။ ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဇယား (၁၇) နှင့် (၁၈) တို့တွင် ဖော်ပြထားသောရငွေများနှင့် သုံးငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စု အစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ရငွေများနှင့်သုံးငွေများ ပြောင်းလဲခြင်း များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့တင်ပြသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန် နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်း ဖော်ပြရမည်။ ၄၂။ (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်အခါ အသားတင်အမြတ်ငွေ၏ လေးဆယ်ရာခိုင်နှုန်းနှင့် ညီမျှသော ငွေပမာဏကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏အထွေထွေ သီးသန့်ငွေစာရင်းသို့ ပေးသွင်းပြီး၊ အသားတင်အမြတ်ငွေမှ ကျန်ရှိငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကိုင်ဆောင်ထားသော အစိုးရငွေချေးသက်သေခံ လက်မှတ်များကို ရွေးယူရန်အသုံးပြုပြီးနောက် ကျန်ရှိသောအသားတင်အမြတ်လက်ကျန်ငွေကို နိုင်ငံတော်သို့ထည့်ဝင်ရမည်။ (ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံတော်သို့ထည့်ဝင် ရမည့်ငွေကို သတ်မှတ်ပေးရမည်။ (ဂ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံး၍ အရှုံး ပေါ်ပေါက်ပါက အဆိုပါအရှုံးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏အထွေထွေ သီးသန့် ငွေစာရင်းမှ ခုနှိမ်ရမည်။ )

(ဃ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လိုအပ်ပါက ပြည်ထောင်စုလွှတ်တော်၏ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့သတ်မှတ်ချက်နှင့်အညီ ချေးငွေထုတ်ချေးနိုင်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သင့်ထင်မြင်ချက်လေး ရေးခဲ့ပါ။

Please leave comments or requests to revise or update, about this law...


မိတ်ဆွေ ပြည်ထောင်စု သားရောင်းရင်းများ ခင်ဗျား... ဒီစာမျက်နှာ သို့မဟုတ် ဒီဥပဒေနဲ့ ပတ်သက်ပြီး သင်ဘာပြောချင် ပါသလဲ? သင် ဘယ်လို မြင်ပါသလဲ? ထောက်ခံသလား? ကန့်ကွက်သလား? ဘယ်အပိုင်းက ခေတ်နဲ့ မညီဘူး ဖြစ်နေသလဲ? ဘယ်အပိုင်းကို ဦးစားပေး ပြင်သင့်တယ် ထင်သလဲ?
  • ကြောက်လို့ ဘာမှ မပြောဘဲ နေတာဟာ အဂတိ လိုက်စားတာပါ။ ‘ဘယာဂတိ’ လို့ ခေါ်ပါတယ်။ ဒါတွေ ရပ်ဘို့ လိုပါတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာဘို့ ကျွန်တော်တို့ နိုင်ငံသားတွေကို အားပေး ရပါမယ်။ ပျိုးထောင် ရပါမယ်။ မိမိအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတာ၊ တိုင်ပင် နှီးနှောတာ ဒီမိုကရေစီပါ။ ဆွေးနွေးပါ။ ဝေဖန်ပါ။ အားပေးပါတယ်။ ကျွန်တော်တို့ အားလုံးကိုယ်တိုင်လည်း အဝေဖန်ခံနိုင်အောင် ကြိုးစားရပါမယ်။  သဘောထား ကြီးအောင်ကြိုးစားပြီး။ agree to disagree ဆိုတာကို ဒီမိုကရေစီ နည်းကျ ကျင့်ကြံကြရပါမယ်။
  • မိမိ လုပ်ရပ်အားလုံးကို မိမိ တာဝန်ယူရမယ်ဆိုတာလည်း ဒီမိုကရေစီပါ။ ဆဲဆိုတာတွေ၊ မလုပ်ဘဲ ချက်ကျလက်ကျ ပြောဆိုဆွေးနွေး စေချင်ပါတယ်။ မေတ္တာရပ်ခံ လိုပါတယ်။ 
  • မတရားတာတွေ ဒီမိုကရေစီနည်းနဲ့ ရပ်တန့်ဘို့က ဒီလို ဆွေးနွေးဘို့ များများ လိုပါတယ်။ ဒီမှာ ဆွေးနွေးတာတွေကို law-maker တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြင်အောင်၊ ဖတ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။ 
  • ကမ္ဘာမှာ အတိုးတက်ဆုံး အမေရိကန် ပြည်ထောင်စု ဆိုတာ ကမ္ဘာမှာ ဥပဒေ အများဆုံး ရှိတဲ့ တိုင်းပြည်ပါ။ ဆိုလိုတာက ချုပ်ချယ်မှု အများဆုံး တိုင်းပြည်ပါ။ ကာကွယ်သင့်တာတွေကို အကာအကွယ် အများဆုံး ပေးတဲ့ တိုင်းပြည်ပါ။ တစ်ချိန်တည်းမှာ ကမ္ဘာမှာ အလွတ်လပ်ဆုံး တိုင်းပြည်ပါ။ မိမိတို့ ချစ်တဲ့ မြန်မာနိုင်ငံကို the land of opportunities ဖြစ်လာအောင် ဝိုင်းဝန်း အကြံပေး ကြပါ။ ပြုပြင် ပေးကြပါလို့ နှိုးဆော် လိုက်ပါရစေ။

/ အယ်ဒီတာ

ဒီဥပဒေထဲမှာ ဘာတွေ ပြင်သင့်သလဲ? ဆွေးနွေးကြည့်ပါ။
What are needed to be revised in this law?

ဖွဲ့စည်းပုံကို သင့်ဖုန်းပေါ်မှာ ဖတ်နိုင်

Myanmar constitution app for Androidယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles. Download here.

ကက က္က

CSR project by Myanmars.NET

 
Welcome to Myanmar Laws Archive. This is a CSR (corporate social responsibility) project by Myanmars.NET for legal knowledge education program to our people. The law does not excuse people, because they do not know. Myanmar laws are based on English common law, so that it is very similar to many laws in United States, United Kingdom, Australia, Singapore, or Malaysia.

We also have a CSR policy that we do NOT do new businesses with alcoholic, cigarette, and MLM businesses.