2016 - Today (NLD)

Myanmar Law Center


   

2018-12-18 - တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ

(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၆။)

(၁၃၈၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၁၁ ရက် )

(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေတွင်ပါရှိသော “လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန” ဆိုသည့်စကားရပ်ကို “စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ “ပြည်ထောင်စုအစိုးရအဖွဲ့” ဆိုသည့်စကားရပ်ကို “အစိုးရအဖွဲ့” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။

၃။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(င)၏ နောက်တွင် ပုဒ်မခွဲ(စ)နှင့် (ဆ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်"(စ) လယ်ယာမြေသိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ တောင်သူ လယ်သမားများ မနစ်နာစေရေးအတွက် ကူညီဆောင်ရွက်ပေး ရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် လုံခြုံစိတ်ချရေးအတွက် ကာကွယ်ဆောင်ရွက်ပေးရန်၊ (ဆ) တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေး ဦးတည်ဆောင်ရွက်ရန်။”

၄။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပုဒ်မ ၄၏ ခြေဆင်းနှင့် ပုဒ်မခွဲ(ဂ)တို့ကို အောက်ပါအတိုင်း အစားထိုးရမည် “၄။ အစိုးရအဖွဲ့သည် တောင်သူလယ်သမားအခွင့်အရေးကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဦးဆောင်အဖွဲ့ကို ဒုတိယသမ္မတတစ်ဦးအားဦးဆောင်စေပြီး အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်(ဂ) တောင်သူလယ်သမားများအား ကိုယ်စားပြုသော အဖွဲ့ အစည်းများနှင့် သင့်လျော်သော အခြားအဖွဲ့အစည်း များမှ ပုဂ္ဂိုလ်များ၊ လုပ်ငန်းအတွေ့အကြုံရှိသော ပြင်ပ ပုဂ္ဂိုလ်များ။”

၅။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပုဒ်မ ၄ ၏နောက်တွင် ပုဒ်မ ၄-က အဖြစ် အောက်ပါ အတိုင်း ဖြည့်စွက်ရမည် “၄-က။ အစိုးရအဖွဲ့သည် ပုဒ်မ ၄ အရ ဖွဲ့စည်းသော ဦးဆောင် အဖွဲ့ကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။”

၆။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပုဒ်မ ၅ တွင်(က) ပုဒ်မခွဲ(က)၊ (ခ)နှင့် (ဂ)တို့ကိုအောက်ပါအတိုင်း အစားထိုးရမည်“(က) တောင်သူလယ်သမားများအတွက် အကျိုးစီးပွားဖြစ်ထွန်း စေသော သီးနှံစိုက်ပျိုးခြင်းနှင့် တိရစ္ဆာန်မွေးမြူခြင်း လုပ်ငန်းတို့ကို ဥပဒေနှင့်အညီ လွတ်လပ်စွာ ထုတ်လုပ် ရောင်းချနိုင်ရန် ကူညီဆောင်ရွက်ခြင်း၊ (ခ) ဒေသနှင့်ကိုက်ညီသော သီးနှံပုံစံ၊ သီးနှံအမျိုးအစားနှင့် တိရစ္ဆာန်အမျိုးအစားကို မှန်ကန်စွာရွေးချယ်စိုက်ပျိုး မွေးမြူနိုင်ရန် ပညာပေးခြင်း၊ (ဂ) တောင်သူလယ်သမားများအား စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်း သို့မဟုတ် မွေးမြူထုတ်လုပ်မှုလုပ်ငန်းအတွက် လိုအပ်သည့်အချိန်၌ ချေးငွေနှင့် အကူအညီများရရှိရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊” (ခ) ပုဒ်မခွဲ(ည)၏ နောက်တွင် ပုဒ်မခွဲ()အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်“(ဋ) တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခြင်း၊” မူလပုဒ်မခွဲ (၄)၊ (ဌ)နှင့် (၉)တို့ကို ပုဒ်မခွဲ (၄)၊ ()နှင့် (ပ) တို့ အဖြစ် ပြင်ဆင်ပြီး ပြန်လည်အမှတ်စဉ်ထားသည့် ပုဒ်မခွဲ(၁) ကို အောက်ပါအတိုင်း အစားထိုးရမည်“(၉) သဘာဝဘေးအန္တရာယ်ကြောင့်သော် လည်းကောင်း၊ ပိုးမွှားရောဂါကျရောက်မှုနှင့် အခြားအကြောင်းများ ကြောင့်သော်လည်းကောင်း လယ်ယာမြေနှင့် စိုက်ပျိုး သီးနှံထိခိုက်ပျက်စီးမှုကိုဖြစ်စေ၊ ငါးမွေးကန် သို့မဟုတ် မွေးမြူရေးခြံနှင့် မွေးမြူသည့်တိရစ္ဆာန် ထိခိုက်ပျက်စီးမှု ကိုဖြစ်စေ ကြုံတွေ့ရသော လုပ်ကွက်ငယ် တောင်သူ လယ်သမားများအား ဦးစားပေးကူညီထောက်ပံ့ခြင်း” (ဃ) ပြန်လည်အမှတ်စဉ်ထားသည့် ပုဒ်မခွဲ(ပ)၏ နောက်တွင် ပုဒ်မခွဲ (ဏ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် “(ဏ) လိုအပ်သည့် ဝန်ထမ်းဖွဲ့စည်းမှုရရှိရေး၊ ဝန်ထမ်းအရည် အသွေးနှင့် ကျွမ်းကျင်မှုမြှင့်တင်ရေး၊ လယ်ယာထုတ်ကုန် များအတွက် ကောင်းမွန်သောစိုက်ပျိုးရေးနှင့် မွေးမြူရေး ကျင့်စဉ်လက်မှတ်များနှင့် လိုအပ်သောထောက်ခံချက်များ ရရှိရေး၊ တောင်သူလယ်သမားများအား ဥပဒေနှင့်အညီ အခွင့်အရေးများရရှိရေးဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။”

၇။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပုဒ်မ ၆ တွင်(က) ပုဒ်မခွဲ (ခ)ကို အောက်ပါအတိုင်း အစားထိုးရမည်“(ခ) လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ကတင်ပြသော ဝယ်ယူမည့်လယ်ယာထုတ်ကုန်အမျိုးအစားနှင့် ဝယ်ယူ မည့်အစီအစဉ်တို့ကိုစိစစ်၍ အစိုးရအဖွဲ့သို့တင်ပြရမည်။” (ခ) ပုဒ်မခွဲ(ခ)၏နောက်တွင် ပုဒ်မခွဲ(ဂ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်“(ဂ) ပုဒ်မခွဲ (က)အရ ဖွဲ့စည်းသည့် လယ်ယာထုတ်ကုန် စီမံ ခန့်ခွဲရေးအဖွဲ့ကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။”

၈။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေပုဒ်မ ၇ ကို အောက်ပါအတိုင်း အစားထိုးရမည်“၇။ ဦးဆောင်အဖွဲ့သည်(က) ဤဥပဒေ၏ ရည်ရွယ်ချက်နှင့်ဦးဆောင်အဖွဲ့၏ လုပ်ငန်း တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် လုပ်ငန်းကော်မတီ သို့မဟုတ် လုပ်ငန်းအဖွဲ့ ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်ထောင်စုနယ်မြေဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့အစည်းတို့မှ သင့်လျော်သောပုဂ္ဂိုလ်များနှင့် လုပ်ငန်းအတွေ့အကြုံရှိ သော ပြင်ပပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။ (ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီ သို့မဟုတ် လုပ်ငန်းအဖွဲ့ကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။”

၉။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေးဥပဒေ ပုဒ်မ ၈ တွင်(က) ပုဒ်မခွဲ(က)တွင်ပါရှိသည့် “လွတ်လပ်စွာ” ဆိုသည့် စကားရပ်ကို “သက်ဆိုင်ရာဥပဒေနှင့်အညီ” ဆိုသည့် စကားရပ်ဖြင့် အစားထိုး ရမည်။ (ခ) ပုဒ်မခွဲ (ခ)ကို အောက်ပါအတိုင်း အစားထိုးရမည်“(ခ) သက်ဆိုင်ရာလုပ်ငန်းအလိုက် သင့်တင့်သော စိုက်ပျိုးရေး စရိတ်ချေးငွေ၊ မွေးမြူရေးစရိတ်ချေးငွေများ ချေးယူခွင့်၊” (ဂ) ပုဒ်မခွဲ (င)၏နောက်တွင် ပုဒ်မခွဲ (စ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်*(စ) ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာများအရ သတ်မှတ်ထားသည့် စိုက်ပျိုးမြေ များကို တည်ဆဲဥပဒေများနှင့်အညီ အသုံးချပိုင်ခွင့်။”

၁၀။ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေးဥပဒေ ပုဒ်မ ၉ တွင်(က) ပုဒ်မခွဲ (ဂ)တွင်ပါရှိသည့် “တောင်သူလယ်သမားများစိုက်ပျိုး ထုတ်လုပ်သည့် ကောက်ပဲသီးနှံများ” ဆိုသည့်စကားရပ်ကို “တောင်သူလယ်သမားများ၏ လယ်ယာထုတ်ကုန်များ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။ (ခ) ပုဒ်မခွဲ (င)၏နောက်တွင် ပုဒ်မခွဲ(စ)နှင့် (ဆ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်“(စ) ပြည်ပမှ တရားမဝင်တင်သွင်းလာသော လယ်ယာ ထုတ်ကုန်များနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ အရေးယူ နိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်ပေးခြင်း၊ (ဆ) စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ပျိုးပင်၊ မျိုးစေ့၊ မျိုး၊ သားပေါက်၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ မွေးမြူရေးအစာနှင့် ဆေးဝါးစသည်တို့ကိုအရည်အသွေး ပြည့်မီပြီး ဈေးနှုန်းမှန်ကန်စွာရရှိစေရန် ကြီးကြပ်ကူညီ ဆောင်ရွက်ပေးခြင်း။”

၁၁။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေးဥပဒေ ပုဒ်မ ၁၁ ကို အောက်ပါအတိုင်း အစားထိုးရမည် “၁၁။ ဦးဆောင်အဖွဲ့သည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက်လည်းကောင်း၊ မိရိုးဖလာမွေးမြူရေးမှ စနစ် တကျမွေးမြူရေးလုပ်ကိုင်နိုင်ရေးအတွက်လည်းကောင်း လိုအပ်သော နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်းနှင့် ကုန်ကြမ်း အစရှိသည်တို့ကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရမည်။”

၁၂။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေးဥပဒေပုဒ်မ ၁၃ ကို အောက်ပါအတိုင်း အစားထိုးရမည်“၁၃။ ဦးဆောင်အဖွဲ့သည် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး လုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် သင့်တင့်သော အရင်း အနှီးရရှိရေးအတွက် နှစ်စဉ် နှစ်တိုနှင့် နှစ်ရှည်ချေးငွေများကို ပြည်ထောင်စုရန်ပုံငွေ ဘောင်အတွင်းမှ ထုတ်ချေးခြင်း၊ လိုအပ်သော အကူအညီနှင့်အထောက်အပံ့များပေးခြင်းတို့ကို ပြုလုပ်နိုင်ရန် အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ရယူဆောင်ရွက်ရမည်။”

၁၃။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပုဒ်မ ၁၆ ကို အောက်ပါအတိုင်း အစားထိုးရမည်“၁၆။ ဦးဆောင်အဖွဲ့သည်(က) ချေးငွေ၊ အကူအညီ၊ အထောက်အပံ့နှင့် သင့်တင့်သော အရင်းအနှီးများကို တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခံစားခွင့်ရှိသည့် တောင်သူလယ်သမားများလက်ဝယ်သို့ အပြည့်အဝရရှိစေရန် စီမံဆောင်ရွက်ရမည်။ အစိုးရကသတ်မှတ်ခွင့်ပြုသည့်ဘဏ် သို့မဟုတ် တောင်သူလယ်သမားများ အကျိုးစီးပွားအလို့ငှာ ချေးငွေလုပ်ငန်းဆောင်ရွက်ရန် အထူးကိစ္စရပ်အဖြစ် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အစိုးရက သတ်မှတ် ခွင့်ပြုသည့်ကုမ္ပဏီ၊ အသင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်း မှ နှစ်စဉ် နှစ်တိုနှင့် နှစ်ရှည် ချေးငွေများထုတ်ချေးခြင်း နှင့် ပြန်လည်ပေးဆပ်ခြင်းတို့ကို လိုအပ်ပါက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးရမည်။”

၁၄။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပုဒ်မ ၁၈ တွင်ပါရှိသည့် “ ဦးဆောင်အဖွဲ့သည် မျိုးစေ့” ဆိုသည့်စကားရပ်ကို “ ဦးဆောင်အဖွဲ့သည် ပျိုးပင်၊ မျိုးစေ့၊ မျိုးနှင့် သားပေါက် များ၊” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ “အာမခံစံချိန်စံညွှန်း ချို့ယွင်းမှု” ဆိုသည့်စကားရပ်ကို “အာမခံစံချိန်စံညွှန်း ချို့ယွင်းမှု သို့မဟုတ်”ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အစားထိုးရမည်။

၁၅။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပုဒ်မ ၂၀ တွင်- (က) ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုးရမည် - “(က) ပုဂ္ဂလိကကဏ္ဍမှ အရည်အသွေးမီသည့် ပျိုးပင်၊ မျိုးစေ့၊ မျိုးနှင့် သားပေါက်သုတေသနလုပ်ငန်းနှင့် ထုတ်လုပ် သည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးကို အားပေး ကူညီခြင်း” (ခ) ပုဒ်မခွဲ (င)နှင့် (စ)တို့ကို အောက်ပါအတိုင်း အစားထိုးရမည်“(င) တောင်သူလယ်သမားများ လိုအပ်သော လယ်ယာ လုပ်ငန်းသုံးနှင့် မွေးမြူရေးလုပ်ငန်းသုံး စက်ကိရိယာ နှင့် ပစ္စည်းများကို အရစ်ကျဝယ်ယူရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ပျိုးပင်၊ မျိုးစေ့၊ မြေဩဇာနှင့် ပိုးသတ်ဆေးများထုတ်လုပ်၊ တင်သွင်း၊ ပြုပြင်၊ ထုပ်ပိုး၊ ရောင်းချခြင်းများ ပြုလုပ်ရာတွင် စံချိန်စံညွှန်းနှင့်ကိုက်ညီ၍ အန္တရာယ်ကင်းရှင်းပြီး သုံးစွဲ ခွင့်ရှိကြောင်း အာမခံချက် ပါရှိစေရေးနှင့် အာမခံချက် မပါသော ပျိုးပင်၊ မျိုးစေ့၊ မြေဩဇာနှင့် ပိုးသတ်ဆေးများ ၏ ချို့ယွင်းအားနည်းချက်များကို တောင်သူလယ်သမား များ အချိန်မီသိရှိနိုင်ရေး ဆောင်ရွက်ခြင်း။” (ဂ) ပုဒ်မခွဲ(စ)၏နောက်တွင် ပုဒ်မခွဲ (ဆ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်“(ဆ) မျိုး၊ သားပေါက်မွေးမြူရေး အစာနှင့် ဆေးဝါးများထုတ်လုပ် ခြင်း၊ တင်သွင်းခြင်း၊ ပြုပြင်ခြင်း၊ ထုပ်ပိုးခြင်း သို့မဟုတ် ရောင်းချခြင်းပြုလုပ်ရာတွင် စံချိန်စံညွှန်းနှင့် ကိုက်ညီ၍ အန္တရာယ်ကင်းရှင်းပြီး သုံးစွဲခွင့်ရှိကြောင်းအာမခံချက် ပါရှိရေးနှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ရေးတို့ကို ညှိနှိုင်းဆောင်ရွက်ပေးခြင်း။”

၁၆။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပုဒ်မ ၂၃ ကို အောက်ပါအတိုင်း အစားထိုးရမည် “၂၃။ ဦးဆောင်အဖွဲ့ သည်ပုဒ်မ ၂၂ အရ ဝယ်ယူမည့် လယ်ယာ ထုတ်ကုန်အမျိုးအစားနှင့် ဝယ်ယူမည့်အစီအစဉ်တို့ကို စိစစ်၍ အစိုးရ အဖွဲ့သို့ တင်ပြရမည်။”

၁၇။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပုဒ်မ ၂၅ ကို အောက်ပါအတိုင်း အစားထိုးရမည် “၂၅။ ဖြစ်ပေါ်လာမည့် အရောင်းအဝယ်အရှုံးအမြတ် စာရင်းဇယား များကို ဦးဆောင်အဖွဲ့က တာဝန်ပေးအပ်သော ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးမှ ကျွမ်းကျင်သူများပါဝင်သည့် စာရင်းစစ်အဖွဲ့ဖြင့် စာရင်း စစ်ဆေးရမည်။”

၁၈။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပုဒ်မ ၂၇ ကို အောက်ပါအတိုင်း အစားထိုးရမည် “၂၇။ မည်သူမဆို တောင်သူလယ်သမားများအား ဤဥပဒေအရ ထုတ်ချေးသောချေးငွေ ပေးအပ်သော အကူအညီနှင့် အထောက်အပံ့ များ သို့မဟုတ် ယင်းတို့နှင့်ပတ်သက်သော စီမံခန့်ခွဲပိုင်ခွင့်ကို တစ်နည်း နည်းဖြင့် ယုံကြည်အပ်နှံခြင်းခံရသည်တွင် အဆိုပါထုတ်ချေးသော ချေးငွေပေးအပ်သောအကူအညီနှင့် အထောက်အပံ့များ သို့မဟုတ် ယင်းတို့နှင့်ပတ်သက်သောစီမံခန့်ခွဲပိုင်ခွင့်ကို မရိုးမဖြောင့်သောသဘော ဖြင့် သုံးစွဲခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းပြုလျှင် ထိုသူသည် ဥပဒေအရ အရေးယူခြင်းခံရမည်။

၁၉။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပုဒ်မ ၂၇ ၏နောက်တွင် ပုဒ်မ ၂၇-က အဖြစ် အောက်ပါ အတိုင်း ဖြည့်စွက်ရမည် “၂၇-က။ ဤဥပဒေအရ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို သက်ဆိုင်ရာလုပ်ငန်းအဖွဲ့သည် ဦးဆောင်အဖွဲ့ သို့လည်းကောင်း၊ ဦးဆောင်အဖွဲ့သည် အစိုးရအဖွဲ့သို့လည်းကောင်း သတ်မှတ်ချက်နှင့် အညီ ပြုစုတင်ပြရမည်။”

၂၀။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပုဒ်မ၂၉၊ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုးရ မည်“(က) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ဦးဆောင် အဖွဲ့နှင့် ညှိနှိုင်းရေးဆွဲပြီး အစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် ထုတ်ပြန်နိုင်သည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သင့်ထင်မြင်ချက်လေး ရေးခဲ့ပါ။

Please leave comments or requests to revise or update, about this law...


မိတ်ဆွေ ပြည်ထောင်စု သားရောင်းရင်းများ ခင်ဗျား... ဒီစာမျက်နှာ သို့မဟုတ် ဒီဥပဒေနဲ့ ပတ်သက်ပြီး သင်ဘာပြောချင် ပါသလဲ? သင် ဘယ်လို မြင်ပါသလဲ? ထောက်ခံသလား? ကန့်ကွက်သလား? ဘယ်အပိုင်းက ခေတ်နဲ့ မညီဘူး ဖြစ်နေသလဲ? ဘယ်အပိုင်းကို ဦးစားပေး ပြင်သင့်တယ် ထင်သလဲ?
  • ကြောက်လို့ ဘာမှ မပြောဘဲ နေတာဟာ အဂတိ လိုက်စားတာပါ။ ‘ဘယာဂတိ’ လို့ ခေါ်ပါတယ်။ ဒါတွေ ရပ်ဘို့ လိုပါတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာဘို့ ကျွန်တော်တို့ နိုင်ငံသားတွေကို အားပေး ရပါမယ်။ ပျိုးထောင် ရပါမယ်။ မိမိအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတာ၊ တိုင်ပင် နှီးနှောတာ ဒီမိုကရေစီပါ။ ဆွေးနွေးပါ။ ဝေဖန်ပါ။ အားပေးပါတယ်။ ကျွန်တော်တို့ အားလုံးကိုယ်တိုင်လည်း အဝေဖန်ခံနိုင်အောင် ကြိုးစားရပါမယ်။  သဘောထား ကြီးအောင်ကြိုးစားပြီး။ agree to disagree ဆိုတာကို ဒီမိုကရေစီ နည်းကျ ကျင့်ကြံကြရပါမယ်။
  • မိမိ လုပ်ရပ်အားလုံးကို မိမိ တာဝန်ယူရမယ်ဆိုတာလည်း ဒီမိုကရေစီပါ။ ဆဲဆိုတာတွေ၊ မလုပ်ဘဲ ချက်ကျလက်ကျ ပြောဆိုဆွေးနွေး စေချင်ပါတယ်။ မေတ္တာရပ်ခံ လိုပါတယ်။ 
  • မတရားတာတွေ ဒီမိုကရေစီနည်းနဲ့ ရပ်တန့်ဘို့က ဒီလို ဆွေးနွေးဘို့ များများ လိုပါတယ်။ ဒီမှာ ဆွေးနွေးတာတွေကို law-maker တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြင်အောင်၊ ဖတ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။ 
  • ကမ္ဘာမှာ အတိုးတက်ဆုံး အမေရိကန် ပြည်ထောင်စု ဆိုတာ ကမ္ဘာမှာ ဥပဒေ အများဆုံး ရှိတဲ့ တိုင်းပြည်ပါ။ ဆိုလိုတာက ချုပ်ချယ်မှု အများဆုံး တိုင်းပြည်ပါ။ ကာကွယ်သင့်တာတွေကို အကာအကွယ် အများဆုံး ပေးတဲ့ တိုင်းပြည်ပါ။ တစ်ချိန်တည်းမှာ ကမ္ဘာမှာ အလွတ်လပ်ဆုံး တိုင်းပြည်ပါ။ မိမိတို့ ချစ်တဲ့ မြန်မာနိုင်ငံကို the land of opportunities ဖြစ်လာအောင် ဝိုင်းဝန်း အကြံပေး ကြပါ။ ပြုပြင် ပေးကြပါလို့ နှိုးဆော် လိုက်ပါရစေ။

/ အယ်ဒီတာ

ဒီဥပဒေထဲမှာ ဘာတွေ ပြင်သင့်သလဲ? ဆွေးနွေးကြည့်ပါ။
What are needed to be revised in this law?

ဖွဲ့စည်းပုံကို သင့်ဖုန်းပေါ်မှာ ဖတ်နိုင်

Myanmar constitution app for Androidယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles. Download here.

ကက က္က

CSR project by Myanmars.NET

 
Welcome to Myanmar Laws Archive. This is a CSR (corporate social responsibility) project by Myanmars.NET for legal knowledge education program to our people. The law does not excuse people, because they do not know. Myanmar laws are based on English common law, so that it is very similar to many laws in United States, United Kingdom, Australia, Singapore, or Malaysia.

We also have a CSR policy that we do NOT do new businesses with alcoholic, cigarette, and MLM businesses.