2016 - Today (NLD)

Myanmar Law Center


   

2019-03-25 - မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေ

                                                            မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေ 

                                                              (၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၂ ။) 

                                                                 ၁၃၈၀ ပြည့်နှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်

                                                                      (၂၀၁၉ ခုနှစ် ၊ မတ်လ ၂၅ ရက်) 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ 

 

၁။ ဤဥပဒေကို မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင် စေရမည်။ ၂။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ)၊ (စျ)၊ (ည)၊ (ဋ) ၊ (ဌ)၊ (၃) နှင့် (ထ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် - “( ဇ ) မှတ်ပုံတင်နည်းပညာကျွမ်းကျင်သူ ဆိုသည်မှာ ဤဥပဒေအရ ကောင်စီက အသိအမှတ်

ပြုထားသော နည်းပညာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်ရရှိထားသူကို ဆိုသည်။ (ဈ) မှတ်ပုံတင်ဘွဲ့ရနည်းပညာကျွမ်းကျင်သူ ဆိုသည်မှာ ဤဥပဒေအရ ကောင်စီက အသိအမှတ်

ပြုထားသော ဘွဲ့ရနည်းပညာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်ရရှိထားသူကို ဆိုသည်။ (ည) မှတ်ပုံတင်အင်ဂျင်နီယာ ဆိုသည်မှာ ဤဥပဒေအရ ကောင်စီက အသိအမှတ်ပြုထားသော

အင်ဂျင်နီယာဆိုင်ရာ မှတ်ပုံတင်လက်မှတ်ရရှိထားသူကို ဆိုသည်။ ( ဋ) မှတ်ပုံတင်လက်မှတ် ဆိုသည်မှာ ဤဥပဒေအရ ကောင်စီက ထုတ်ပေးသော နည်းပညာ

ကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်၊ ဘွဲ့ရနည်းပညာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်၊

အင်ဂျင်နီယာဆိုင်ရာ မှတ်ပုံတင်လက်မှတ်များကိုဆိုသည်။ ( ဌ) အင်ဂျင်နီယာဆိုင်ရာ မှတ်ပုံတင်လက်မှတ် ဆိုသည်မှာ ဤဥပဒေအရ ကောင်စီက

ထုတ်ပေးသော မှတ်ပုံတင်အင်ဂျင်နီယာလက်မှတ်၊ မှတ်ပုံတင် အကြီးတန်းအင်ဂျင်နီယာ လက်မှတ်၊ မှတ်ပုံတင် အင်ဂျင်နီယာပညာရှင်လက်မှတ်၊ မှတ်ပုံတင် ကန့်သတ်အင်ဂျင်နီယာ

လက်မှတ်၊ မှတ်ပုံတင် ကန့်သတ်အင်ဂျင်နီယာပညာရှင်လက်မှတ်များကို ဆိုသည်။ (၃) မှတ်ပုံတင်အင်ဂျင်နီယာလက်မှတ် ဆိုသည်မှာ ဤဥပဒေအရ အင်ဂျင်နီယာအဖြစ်

ကောင်စီတွင် စာရင်းသွင်းပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူကိုလည်းကောင်း၊ ကောင်စီက အသိအမှတ်ပြုထားသော အင်ဂျင်နီယာပညာရပ်နှင့် သက်ဆိုင်သည့် ပြည်တွင်း သို့မဟုတ် ပြည်ပအဖွဲ့အစည်း၊ ဌာနတစ်ခုခုကဖြစ်စေ၊ နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံတစ်ခုခုကဖြစ်စေ ထုတ်ပေးထားသည့် အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး သတ်မှတ်အရည်အချင်း ပြည့်မီသူကိုလည်းကောင်း ကောင်စီက ထုတ်ပေးသော

မှတ်ပုံတင်အသိအမှတ်ပြုလက်မှတ်ကို ဆိုသည်။ (ထ) မှတ်ပုံတင် ကန့်သတ်အင်ဂျင်နီယာပညာရှင်လက်မှတ် ဆိုသည်မှာ အာဆီယံ အပြန်အလှန်

အသိအမှတ်ပြုခြင်းဆိုင်ရာ အစီအမံအရ သတ်မှတ်ချက်များနှင့် ကိုက်ညီသော နိုင်ငံခြားသား မှတ်ပုံတင်အင်ဂျင်နီယာပညာရှင် သို့မဟုတ် အာဆီယံအဖွဲ့ဝင်နိုင်ငံမဟုတ်သည့် နိုင်ငံများ၏ သက်ဆိုင်ရာမှတ်ပုံတင်အင်ဂျင်နီယာ အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပေး ထားသည့် သက်တမ်းရှိ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင် လက်မှတ်ရရှိထားသော နိုင်ငံခြားသား မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်များကို ဤဥပဒေအရ ကောင်စီက

ထုတ်ပေးသော မှတ်ပုံတင်အသိအမှတ်ပြုလက်မှတ်ကို ဆိုသည်။” ၃။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(က)၊ ပုဒ်မ ၉၊ ပုဒ်မခွဲ (ဃ)၊ (င)၊(ဇ)၊(ဈ)၊ ပုဒ်မ ၃၁ ခြေဆင်း၊ ပုဒ်မ ၃၁၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၃၂ နှင့် ၃၈ တို့တွင်ပါရှိသော “အင်ဂျင်နီယာ” ဆိုသည့် စကားရပ်ကို “မှတ်ပုံတင်အင်ဂျင်နီယာ” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “ဘွဲ့ရနည်းပညာ ကျွမ်းကျင်သူ” ဆိုသည့်စကားရပ်ကို “မှတ်ပုံတင်ဘွဲ့ရနည်းပညာကျွမ်းကျင်သူ” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ “နည်းပညာကျွမ်းကျင်သူ” ဆိုသည့် စကားရပ်ကို “မှတ်ပုံတင်နည်းပညာ ကျွမ်းကျင်သူ” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်းအသီးသီး အစားထိုးရမည်။ ၄။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုး ရမည် - “(ဃ) အင်ဂျင်နီယာလုပ်ငန်းနှင့် သက်ဆိုင်သည့်ဝန်ကြီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းများက

အခါအားလျော်စွာ ပေးအပ်သော အင်ဂျင်နီယာပညာဆိုင်ရာနှင့် နည်းပညာဆိုင်ရာ

တိုင်းကျိုးပြည်ပြု လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်။” ၅။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၅၊ ၆ နှင့် ၇ တို့ကို အောက်ပါအတိုင်း အစားထိုးရမည်

“၅။ (က) ကောင်စီ၏ နာယကအဖွဲ့သည် ကောင်စီဝင် ၆၀ ဦး ပါဝင်သော မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသားအဆင့် မြန်မာနိုင်ငံမှတ်ပုံတင်အင်ဂျင်နီယာပညာရှင်ညီလာခံကို ခေါ်ယူကျင်းပရမည်။ ( ခ) အမျိုးသားအဆင့် မြန်မာနိုင်ငံ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင် ညီလာခံတွင်

သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် အောက်ဖော်ပြပါ မှတ်ပုံတင်အင်ဂျင်နီယာ ပညာရှင်များအနက်မှ ၁၀ ဦးစီကို ကောင်စီဝင်များအဖြစ် သတ်မှတ်ချက်များ နှင့်အညီ ရွေးချယ်တာဝန်ပေးအပ်ရမည်(၁) အင်ဂျင်နီယာလုပ်ငန်းနှင့် သက်ဆိုင်သည့်ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့ အစည်းများမှ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်များ၊ (၂) အင်ဂျင်နီယာနှင့် နည်းပညာသင်ကြားရေးဆိုင်ရာ အစိုးရဌာန၊ တက္ကသိုလ်၊

ကောလိပ်နှင့်သိပ္ပံများမှ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်များ။ (ဂ) အမျိုးသားအဆင့် မြန်မာနိုင်ငံမှတ်ပုံတင်အင်ဂျင်နီယာ ပညာရှင်ညီလာခံတွင်

သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသည့် အင်ဂျင်နီယာလုပ်ငန်းနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာန၊ အစိုးရအဖွဲ့ အစည်း၊ အင်ဂျင်နီယာနှင့် နည်းပညာသင်ကြားရေးဆိုင်ရာ အစိုးရဌာန၊ တက္ကသိုလ်၊ ကောလိပ်နှင့်သိပ္ပံများမှ အငြိမ်းစားမှတ်ပုံတင် အင်ဂျင်နီယာ ပညာရှင်များအနက်မှ ၁၀ ဦးကို ကောင်စီဝင်များအဖြစ် သတ်မှတ်ချက်များနှင့်

အညီ နာယကအဖွဲ့က ကြီးကြပ်ပြီး လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ရမည်။ (ဃ) အမျိုးသားအဆင့် မြန်မာနိုင်ငံ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်ညီလာခံတွင်

သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် အောက်ဖော်ပြပါ မှတ်ပုံတင်အင်ဂျင်နီယာ ပညာရှင်များအနက်မှ ၁၅ ဦးစီကို ကောင်စီဝင်များအဖြစ် သတ်မှတ်ချက်များ နှင့်အညီ နာယကအဖွဲ့က ကြီးကြပ်ပြီး လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက် ရမည် - (၁) အစိုးရမဟုတ်သော အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများမှ မှတ်ပုံတင် အင်ဂျင်နီယာပညာရှင်များ၊

(၂) ပြင်ပမှ ထင်ပေါ်ကျော်ကြားသော မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်များ။ ၆။ ကောင်စီဝင်များသည် နာယကအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကောင်စီဝင်များထဲမှ ဥက္ကဋ္ဌ တစ်ဦး၊ ဒုတိယဥက္ကဋ္ဌ နှစ်ဦး၊ အတွင်းရေးမှူး တစ်ဦး၊ တွဲဖက်တွင်းရေးမှူး နှစ်ဦး၊ ဘဏ္ဍာရေးမှူး တစ်ဦး၊ အလုပ်အမှုဆောင်အဖွဲ့ ရှစ်ဦး စုစုပေါင်း ၁၅ ဦး ပါဝင်သော အလုပ်အမှုဆောင်အဖွဲ့ကို လျှို့ဝှက် ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ရမည်။ ၇။ (က) ကောင်စီ၏ နာယကအဖွဲ့သည် ပုဒ်မ ၅ အရ ရွေးချယ်တာဝန်ပေးအပ်ခြင်းခံရ

သူများနှင့် ပုဒ်မ ၆ အရ ရွေးကောက်တင်မြှောက်ခြင်းခံရသူများ၏ အမည်စာရင်း

တို့ကို တာဝန်ခံဝန်ကြီးဌာနသို့ ပေးပို့ရမည်။ ( ခ) တာဝန်ခံဝန်ကြီးဌာနသည် ပုဒ်မခွဲ (က) အရ ကောင်စီ၏ နာယကအဖွဲ့က ပေးပို့သော

အမည်စာရင်းပါ ပုဂ္ဂိုလ်များပါဝင်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့်

အလုပ်အမှုဆောင်အဖွဲ့တို့ကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းရမည်။” ၆။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (စ) ကို အောက်ပါအတိုင်း အစားထိုး ရမည် - ( စ) နာယကအဖွဲ့ သည် လက်ရှိ ကောင်စီသက်တမ်း ကုန်ဆုံးသည့်ရက်မှ ရက်ပေါင်း ၆၀

အတွင်း တာဝန်ခံဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အမျိုးသားအဆင့် မှတ်ပုံတင်အင်ဂျင်နီယာ ပညာရှင်ညီလာခံကိုခေါ်ယူ၍ ကောင်စီအသစ်ကို ဥပဒေနှင့်အညီ ဖွဲ့စည်းပြီး တာဝန် လွှဲပြောင်းစေရမည်။”၇။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (စ) ၏ နောက်တွင် ပုဒ်မခွဲ (စ-၁) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် - “(စ-၁)တာဝန်ခံဝန်ကြီးဌာနနှင့် အင်ဂျင်နီယာလုပ်ငန်းနှင့် သက်ဆိုင်သည့် ပြည်ထောင်စု ဝန်ကြီးဌာနတို့ ညှိနှိုင်းသတ်မှတ်ချက်အရ မှတ်ပုံတင်လက်မှတ်ထုတ်ပေးရာတွင် အကျုံးဝင်သည့် အင်ဂျင်နီယာပညာရပ်များကို အခါအားလျော်စွာ သတ်မှတ်ထုတ်ပြန်ခြင်း၊” ၈။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (ည) နှင့် (ဋ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်“(ည) အင်ဂျင်နီယာပညာနှင့် နည်းပညာဆိုင်ရာ အဆင့်အတန်းမြင့်မားစေရေးအတွက်

သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ခံဝန်ကြီးဌာနနှင့် အခြား အင်ဂျင်နီယာလုပ်ငန်းနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အခြား

အဖွဲ့ အစည်းများသို့ အကြံပြုခြင်းနှင့်ကူညီခြင်း၊ (ဋ) မြန်မာနိုင်ငံအတွင်း ဆောင်ရွက်သည့် ပြည်တွင်း ပြည်ပ အတိုင်ပင်ခံအင်ဂျင်နီယာများနှင့်

အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာလုပ်ငန်းကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ ကန်ထရိုက်တာနှင့် ကန်ထရိုက်လုပ်ငန်းလုပ်ကိုင်သော ကုမ္ပဏီများနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများ၊ စံချိန်စံညွှန်းများနှင့် လုပ်ငန်းအခြေခံစံနှုန်းများ ကိုက်ညီမှု ရှိ မရှိ တာဝန်ခံဝန်ကြီးဌာန၏ ခွင့်ပြုချက် သို့မဟုတ် ညွှန်ကြားချက်နှင့်အညီ စိစစ်ပြီး အင်ဂျင်နီယာလုပ်ငန်းနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ

အဖွဲ့ အစည်းများသို့ သဘောထားပြန်ကြားခြင်း၊” ၉။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ) နှင့် (ဆ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် - “(ဃ) မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ သီးခြားကင်းလွတ်ခွင့်များ

သတ်မှတ်ပေးခြင်းနှင့် တာဝန်ခံဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် လိုအပ်သော

အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ခြင်း၊ (ဆ) နိုင်ငံတော်အတွက် အကျိုးပြုမည့်ကိစ္စရပ်များကို နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် ပြည်တွင်း

ပြည်ပရှိအဖွဲ့ အစည်းများ၊ အင်ဂျင်နီယာပညာရှင်၊ နည်းပညာရှင်များနှင့် ဆက်သွယ်

ပူးပေါင်းဆောင်ရွက်ခြင်း၊” ၁၀။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဆ) ၏နောက်တွင် ပုဒ်မခွဲ (ဇ) အဖြစ် အောက်ပါအတိုင်းဖြည့်စွက်ရမည် - “( ဇ ) ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေများကို အခါအားလျော်စွာ ပြန်လည်သုံးသပ်၍ ပြောင်းလဲလာသော အခြေအနေများနှင့်အညီ လိုအပ်ပါက ပြင်ဆင်နိုင်ရေးအတွက် တာဝန်ခံဝန်ကြီးဌာနသို့ အဆိုပြုတင်ပြခြင်း။” ၁၁။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ အခန်း (၉) ခေါင်းစဉ်ကို အောက်ပါအတိုင်း အစားထိုး ရမည် -

“အခန်း(၉) အင်ဂျင်နီယာဆိုင်ရာ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း” ၁၂။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၃၀၊ ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုး ရမည် - “( ခ) အင်ဂျင်နီယာလုပ်ငန်းများနှင့်စပ်လျဉ်း၍ အာဆီယံ အပြန်အလှန် အသိအမှတ်ပြုခြင်း

ဆိုင်ရာ အစီအမံအရ သတ်မှတ်ချက်များနှင့် ကိုက်ညီသော နိုင်ငံခြားသား မှတ်ပုံတင် အင်ဂျင်နီယာပညာရှင်ကဖြစ်စေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံမဟုတ်သည့် နိုင်ငံများ၏ သက်ဆိုင်ရာ မှတ်ပုံတင်အင်ဂျင်နီယာ အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပေးထားသည့် သက်တမ်းရှိ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်လက်မှတ်ရရှိထားသော နိုင်ငံခြားသား မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်ကဖြစ်စေ မှတ်ပုံတင်ကန့်သတ်အင်ဂျင်နီယာ ပညာရှင်လက်မှတ်ထုတ်ပေးရန် ကောင်စီသို့ လျှောက်ထားလာပါက ကောင်စီ၏ ကိုယ်စားအလုပ်အမှုဆောင်အဖွဲ့ သည် လုပ်ကိုင်ခွင့်ပြုသော အင်ဂျင်နီယာပညာရပ် အမျိုးအစားနှင့် အဆင့်အတန်း၊ လုပ်ကိုင်ခွင့်ပြုသောနေရာဒေသ၊ လုပ်ကိုင်ခွင့်ပြုသော အချိန်ကာလနှင့် အခြားစည်းကမ်းများ သတ်မှတ်ပြီး လျှောက်ထားလာသူအား မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေးပေးသွင်းစေလျက် ဤဥပဒေအရ မှတ်ပုံတင် ကန့်သတ်

အင်ဂျင်နီယာပညာရှင်လက်မှတ်ကို ထုတ်ပေးနိုင်သည်။” ၁၃။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၃၄ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုး ရမည် -

“၃၄။ မည်သည့် မှတ်ပုံတင်လက်မှတ်ရရှိသူမဆို ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို

သော်လည်းကောင်း၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းတို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို

သော်လည်းကောင်း၊ မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကိုသော်လည်းကောင်း ဖောက်ဖျက်ကြောင်းတွေ့ရှိပါက အလုပ်အမှုဆောင်အဖွဲ့သည် ထိုသူအား အောက်ပါ စီမံခန့်ခွဲရေး

ဆိုင်ရာအမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-” ၁၄။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၃၇ ပါ “မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ကိုင်ခြင်း မပြုရ” ဆိုသည့်စကားရပ်ကို “မှတ်ပုံတင်လက်မှတ်မရှိဘဲ သော်လည်းကောင်း၊ မှတ်ပုံတင်လက်မှတ် ရသူတစ်ဦးဦး၏ တိုက်ရိုက်ကြီးကြပ်ကွပ်ကဲမှုနှင့် ယင်း၏တာဝန်ယူမှု၊ တာဝန်ခံမှုမပါဘဲသော်လည်းကောင်း လုပ်ကိုင်ခြင်းမပြုရ” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။ ၁၅။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၃၉ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုး ရမည်

“၃၉။ မည်သည့်မှတ်ပုံတင်အင်ဂျင်နီယာ၊ မှတ်ပုံတင် ဘွဲ့ရနည်းပညာကျွမ်းကျင်သူ သို့မဟုတ်

မှတ်ပုံတင်နည်းပညာကျွမ်းကျင်သူမျှ-” ၁၆။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၄၁၊ ၄၂ နှင့် ၄၃ တို့ကို အောက်ပါအတိုင်း အစားထိုးရမည်

“၄၁။ မည်သည့်မှတ်ပုံတင်အင်ဂျင်နီယာ၊ မှတ်ပုံတင်ဘွဲ့ရနည်းပညာ ကျွမ်းကျင်သူနှင့် မှတ်ပုံတင်နည်းပညာ ကျွမ်းကျင်သူမဆို ပုဒ်မ ၃၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။ ၄၂။ မည်သည့်မှတ်ပုံတင်အင်ဂျင်နီယာ၊ မှတ်ပုံတင်ဘွဲ့ရ နည်းပညာကျွမ်းကျင်သူနှင့် မှတ်ပုံတင်နည်းပညာကျွမ်းကျင်သူမဆို ပုဒ်မ ၃၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။ ၄၃။ မည်သည့်မှတ်ပုံတင်အင်ဂျင်နီယာ၊ မှတ်ပုံတင်ဘွဲ့ရနည်းပညာကျွမ်းကျင်သူနှင့် မှတ်ပုံတင် နည်းပညာကျွမ်းကျင်သူမဆို ဤဥပဒေနှင့်အညီ ထုတ်ပြန်သော တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် ခြောက်လထက်မပိုသော

ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။” ၁၇။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပုဒ်မ ၄၉ ကိုအောက်ပါအတိုင်း အစားထိုးရမည်

“၄၉။ ဤဥပဒေပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ အစိုးရဌာနနှင့်အစိုးရအဖွဲ့ အစည်းများတွင် ခန့်ထားသည့် အင်ဂျင်နီယာဘွဲ့ရရှိသူ၊ နည်းပညာကျွမ်းကျင်သူဘွဲ့ရရှိသူနှင့် နည်းပညာ ကျွမ်းကျင်သူ ဒီပလိုမာရရှိသူများသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအလိုက် သတ်မှတ် ခွင့်ပြုချက်များနှင့်အညီ ပြင်ပအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မှတ်ပုံတင်လက်မှတ် ရရှိရေးကို သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ကောင်စီသို့ လျှောက်ထားရမည်။”

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ)ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သင့်ထင်မြင်ချက်လေး ရေးခဲ့ပါ။

Please leave comments or requests to revise or update, about this law...


မိတ်ဆွေ ပြည်ထောင်စု သားရောင်းရင်းများ ခင်ဗျား... ဒီစာမျက်နှာ သို့မဟုတ် ဒီဥပဒေနဲ့ ပတ်သက်ပြီး သင်ဘာပြောချင် ပါသလဲ? သင် ဘယ်လို မြင်ပါသလဲ? ထောက်ခံသလား? ကန့်ကွက်သလား? ဘယ်အပိုင်းက ခေတ်နဲ့ မညီဘူး ဖြစ်နေသလဲ? ဘယ်အပိုင်းကို ဦးစားပေး ပြင်သင့်တယ် ထင်သလဲ?
  • ကြောက်လို့ ဘာမှ မပြောဘဲ နေတာဟာ အဂတိ လိုက်စားတာပါ။ ‘ဘယာဂတိ’ လို့ ခေါ်ပါတယ်။ ဒါတွေ ရပ်ဘို့ လိုပါတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာဘို့ ကျွန်တော်တို့ နိုင်ငံသားတွေကို အားပေး ရပါမယ်။ ပျိုးထောင် ရပါမယ်။ မိမိအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတာ၊ တိုင်ပင် နှီးနှောတာ ဒီမိုကရေစီပါ။ ဆွေးနွေးပါ။ ဝေဖန်ပါ။ အားပေးပါတယ်။ ကျွန်တော်တို့ အားလုံးကိုယ်တိုင်လည်း အဝေဖန်ခံနိုင်အောင် ကြိုးစားရပါမယ်။  သဘောထား ကြီးအောင်ကြိုးစားပြီး။ agree to disagree ဆိုတာကို ဒီမိုကရေစီ နည်းကျ ကျင့်ကြံကြရပါမယ်။
  • မိမိ လုပ်ရပ်အားလုံးကို မိမိ တာဝန်ယူရမယ်ဆိုတာလည်း ဒီမိုကရေစီပါ။ ဆဲဆိုတာတွေ၊ မလုပ်ဘဲ ချက်ကျလက်ကျ ပြောဆိုဆွေးနွေး စေချင်ပါတယ်။ မေတ္တာရပ်ခံ လိုပါတယ်။ 
  • မတရားတာတွေ ဒီမိုကရေစီနည်းနဲ့ ရပ်တန့်ဘို့က ဒီလို ဆွေးနွေးဘို့ များများ လိုပါတယ်။ ဒီမှာ ဆွေးနွေးတာတွေကို law-maker တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြင်အောင်၊ ဖတ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။ 
  • ကမ္ဘာမှာ အတိုးတက်ဆုံး အမေရိကန် ပြည်ထောင်စု ဆိုတာ ကမ္ဘာမှာ ဥပဒေ အများဆုံး ရှိတဲ့ တိုင်းပြည်ပါ။ ဆိုလိုတာက ချုပ်ချယ်မှု အများဆုံး တိုင်းပြည်ပါ။ ကာကွယ်သင့်တာတွေကို အကာအကွယ် အများဆုံး ပေးတဲ့ တိုင်းပြည်ပါ။ တစ်ချိန်တည်းမှာ ကမ္ဘာမှာ အလွတ်လပ်ဆုံး တိုင်းပြည်ပါ။ မိမိတို့ ချစ်တဲ့ မြန်မာနိုင်ငံကို the land of opportunities ဖြစ်လာအောင် ဝိုင်းဝန်း အကြံပေး ကြပါ။ ပြုပြင် ပေးကြပါလို့ နှိုးဆော် လိုက်ပါရစေ။

/ အယ်ဒီတာ

ဒီဥပဒေထဲမှာ ဘာတွေ ပြင်သင့်သလဲ? ဆွေးနွေးကြည့်ပါ။
What are needed to be revised in this law?

ဖွဲ့စည်းပုံကို သင့်ဖုန်းပေါ်မှာ ဖတ်နိုင်

Myanmar constitution app for Androidယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles. Download here.

ကက က္က

CSR project by Myanmars.NET

 
Welcome to Myanmar Laws Archive. This is a CSR (corporate social responsibility) project by Myanmars.NET for legal knowledge education program to our people. The law does not excuse people, because they do not know. Myanmar laws are based on English common law, so that it is very similar to many laws in United States, United Kingdom, Australia, Singapore, or Malaysia.

We also have a CSR policy that we do NOT do new businesses with alcoholic, cigarette, and MLM businesses.