2016 - Today (NLD)

Myanmar Law Center


   

2019-05-07 - လောင်းကစားဥပဒေ

                                                                                     လောင်းကစားဥပဒေ 

                                                             (၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၃ ။)

                                                                             ၁၃၈၁ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်

                                                                                (၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်) 

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက် 

၁။ ဤဥပဒေကို လောင်းကစားဥပဒေ ဟု ခေါ်တွင်စေရမည်။ ၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်(က) လောင်းကစားခြင်း ဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှုကစားခြင်းတစ်ခုခုတွင်

အကောက်အစားယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ငွေကြေးအတွက်လည်းကောင်း၊ ငွေကြေးကဲ့သို့ တန်ဖိုးရှိသော သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန် သဘောတူပြီးဖြစ်သော ပစ္စည်းတစ်စုံတစ်ရာအတွက်လည်းကောင်း လောင်းကစားပြုခြင်းကို

ဆိုသည်။

( ခ) ပစ္စည်း ဆိုသည်မှာ သက်ရှိသက်မဲ့၊ ရွှေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် မရွှေ့မပြောင်းနိုင်သောပစ္စည်းအားလုံးကို ဆိုသည်။ ယင်းစကားရပ်တွင် ယင်းပစ္စည်းနှင့်သက်ဆိုင်သည့်

အကျိုးခံစားခွင့်များလည်း ပါဝင်သည်။ (ဂ) လောင်းကစားအိမ် ဆိုသည်မှာ လောင်းကစားခြင်းပြုလုပ်သည့် အိမ်၊ အဆောက်အအုံ၊

ကာရံထားသော နေရာ၊ ဝင်း၊ ခြံ၊ အခန်း၊ ယာဉ်တစ်ခုခုကိုဆိုသည်။ ယင်းစကားရပ်တွင်

ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်သော ကာစီနိုများ မပါဝင်။ (ဃ) လောင်းကစားကိရိယာ ဆိုသည်မှာ လောင်းကစားခြင်းပြုလုပ်ရာ၌ အသုံးပြုသော ဂျင်၊

ဖဲ၊ အန်စာ၊ မာကျောက်၊ တိုကင်၊ ဒင်္ဂါး၊ ဇယ်ပြား၊ ကစားခုံ၊ ကစားခွက်၊ ဇယားကားချပ်၊ သေတ္တာ၊ ပုံစံ၊ လက်မှတ်၊ စာရင်း၊ အီလက်ထရောနစ်ပစ္စည်းများနှင့် အီလက်ထရောနစ် ဆက်သွယ်ရေးနည်းပညာသုံးကိရိယာများကို ဆိုသည်။ ယင်းစကားရပ်တွင် လောင်းကစားခြင်း အတွက် ကြံစည်ပြုလုပ်ထားသော သို့မဟုတ် အသုံးပြုနိုင်သော အခြားအရာများနှင့် လောင်းကစားခြင်း၌ အသုံးပြုသော တိရစ္ဆာန်၊ ယာဉ်တို့လည်း ပါဝင်သည်။ (င) အများပြည်သူနှင့်ဆိုင်သောနေရာ ဆိုသည်မှာ မည်သူမဆို ဝင်ထွက်သွားလာနိုင်သော

လမ်း သို့မဟုတ် နေရာကို ဆိုသည်။ (စ) မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုသည်မှာ သက်ဆိုင်ရာမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး

ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၏ တာဝန်များကို ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းကို

ဆိုသည်။ (ဆ) မြို့နယ်ရဲတပ်ဖွဲ့မှူး ဆိုသည်မှာ သက်ဆိုင်ရာမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး

တာဝန်ထမ်းဆောင်နေသူကို ဆိုသည်။ ( ဇ ) စခန်းမှူး ဆိုသည်မှာ သက်ဆိုင်ရာရဲစခန်းနယ်မြေအတွင်း ရဲစခန်းမှူး တာဝန်ထမ်းဆောင်

နေသူကို ဆိုသည်။ (ဈ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကို ဆိုသည်။ (ည) ထီ ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်း

အခွန်များဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အောင်ဘာလေထီကို ဆိုသည်။ ( ဋ) ကာစီနို (Casino) ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် သတ်မှတ်ချက်များနှင့်

အညီ မှတ်ပုံတင်ထားပြီး နိုင်ငံခြားသားများသာ သီးသန့်လောင်းကစားခွင့်ရှိသော နေရာ သို့မဟုတ် အဆောက်အဦကို ဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

(က) ခေတ်စနစ်နှင့်လျော်ညီသော လောင်းကစားဥပဒေဖြစ်စေရန်၊ (ခ) လောင်းကစားခြင်းသည် ပြည်သူများ၏ လူမှုစီးပွားဘဝကို ထိခိုက်ပျက်စီးစေနိုင်သဖြင့်

ဥပဒေနှင့်အညီ ကန့်သတ်ထိန်းချုပ်မှုများ ဆောင်ရွက်နိုင်ရန်၊ (ဂ) အများပြည်သူတို့၏ အကျိုးစီးပွားနှင့်ကိုယ်ကျင့်တရားကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်။

အခန်း (၃) အများပြည်သူနှင့်ဆိုင်သောနေရာတွင် လောင်းကစားခြင်းကို ဝရမ်းမပါဘဲဖမ်းဆီးခြင်း ၄။ (က) မြို့နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး

သို့မဟုတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်သည် အများပြည်သူနှင့်ဆိုင်သောနေရာတွင်

အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးကို တွေ့ရှိလျှင် ထိုသူအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည်(၁) လောင်းကစားခြင်းပြုလုပ်ရန် လောင်းကြေးတောင်းခံစုဆောင်းသူ၊ (၂) လောင်းကစားသူ၊ လောင်းကစားရန် အားပေးကူညီသူ၊ လူစုသူ၊ လှုံ့ဆော်သူ၊ (၃) မည်သည့်အားကစားပွဲ သို့မဟုတ် လေ့ကျင့်ပွဲတစ်ခုခု၌မဆို လောင်းကစားသူ

သို့မဟုတ် လောင်းကစားရန် တစ်နည်းနည်းဖြင့် အားပေးကူညီသူ၊ လူစုသူ၊

လှုံ့ဆော်သူ။ ( ခ) ပုဒ်မခွဲ (က) အရ အရေးယူဆောင်ရွက်သူ တစ်ဦးဦးသည် ဖမ်းဆီးသည့်နေရာတွင်

ဖြစ်စေ၊ ဖမ်းဆီးခံရသူများ၏ ကိုယ်ပေါ်တွင်ဖြစ်စေ တွေ့ရှိသော လောင်းကစားကိရိယာ များနှင့် ငွေကြေးအားလုံးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သိမ်းဆည်းရမည်။

အခန်း (၄)

လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်း ၅။ (က) မြို့နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် မြို့နယ်ရဲတပ်ဖွဲ့မှူးသည် သက်ဆိုင်ရာမြို့နယ်အတွင်း၌

လည်းကောင်း၊ စခန်းမှူးသည် သက်ဆိုင်ရာရဲစခန်းနယ်မြေ အတွင်း၌လည်းကောင်း

လောင်းကစားအိမ်တွင် လောင်းကစားနေကြောင်း ယုံကြည်လောက်သော သတင်းရလျှင် သို့မဟုတ် ယုံကြည်ရန် အခြားလုံလောက်သော အကြောင်းအချက်များရှိလျှင် ထိုသတင်း သို့မဟုတ် အကြောင်းအချက်များကိုရေးမှတ်ပြီး မိမိကိုယ်တိုင် ထိုလောင်းကစား အိမ်သို့

ဝင်ရောက်ရှာဖွေဖမ်းဆီးနိုင်သည်။ (ခ) မြို့နယ်အုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာမြို့နယ်မှ ဒုတိယရဲအုပ်အဆင့်အောက်မနိမ့်သော

ရဲအရာရှိတစ်ဦးဦးအားလည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံခန့်ခွဲရေး ဝန်ထမ်းအဆင့်(၁) အောက်မနိမ့်သော နိုင်ငံ့ဝန်ထမ်းတစ်ဦးဦးအားလည်းကောင်း ဝရမ်း

ထုတ်ပေး၍ လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးစေနိုင်သည်။ (ဂ) မြို့နယ်ရဲတပ်ဖွဲ့ မှူး သို့မဟုတ် ၎င်းအားတိုက်ရိုက်ကြီးကြပ်ကွပ်ကဲသော ရဲအရာရှိ

တစ်ဦးဦးသည် ဒုတိယရဲအုပ်အဆင့်အောက်မနိမ့်သော ရဲအရာရှိတစ်ဦးဦးအား ဝရမ်း

ထုတ်ပေး၍ လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးစေနိုင်သည်။ ၆။ (က) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် ကျေးရွာတာဝန်ခံ သို့မဟုတ်

ရာအိမ်မှူး သို့မဟုတ် ဆယ်အိမ်မှူးတစ်ဦးဦးအပါအဝင် အနည်းဆုံးနှစ်ဦး ပါဝင်လျက် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း လောင်းကစားအိမ်တွင်

လောင်းကစားနေကြောင်း ယုံကြည်လောက်သော သတင်းရလျှင် သို့မဟုတ် ယုံကြည်ရန် အခြားလုံလောက်သော အကြောင်းအချက်များရှိလျှင် ထိုသတင်း သို့မဟုတ် အကြောင်းအချက် များကိုရေးမှတ်ပြီး မိမိကိုယ်တိုင် ထိုလောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးနိုင်သည်။ ( ခ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ်

ကျေးရွာအုပ်စုအတွင်း ဒုတိယရဲအုပ်အဆင့်အောက်မနိမ့်သော ရဲအရာရှိတစ်ဦးဦးအား လည်းကောင်း၊ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူး သို့မဟုတ် ဆယ်အိမ်မှူး ပါဝင်သော အဖွဲ့အားလည်းကောင်း

ဝရမ်းထုတ်ပေး၍ လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးစေနိုင်သည်။ ၇။ (က) ပုဒ်မ ၅ အရ ဖြစ်စေ၊ ပုဒ်မ ၆ အရဖြစ်စေ ဝရမ်းထုတ်ပေးနိုင်ခွင့်ရှိသူ သို့မဟုတ်

ဝရမ်းဖြင့် တာဝန်ပေးအပ်ခြင်းခံရသူသည် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်(၁) ဝရမ်းထုတ်ပေးနိုင်ခွင့်ရှိသူဖြစ်ပါက သတင်းရရှိပြီးနောက်ဖြစ်စေ၊ ဝရမ်းဖြင့် တာဝန်

ပေးအပ်ခြင်းခံရသူဖြစ်ပါက ဝရမ်းထုတ်ပေးသောနေ့မှ ၁၄ ရက်အတွင်းဖြစ်စေ လိုအပ်သည့် အကူအညီများနှင့် လောင်းကစားအိမ်သို့ လိုအပ်လျှင် မည်သည့်

နည်းဖြင့်မဆို အချိန်မရွေးဝင်ရောက်နိုင်ခွင့်၊ (၂) လောင်းကစားအိမ်တွင် လောင်းကစားနေသူများ၊ ရောက်ရှိနေသူများနှင့် အားပေး

ကူညီသူများအား ဖမ်းဆီးနိုင်ခွင့်၊ (၃) လောင်းကစားအိမ်တွင်တွေ့ရှိသော လောင်းကစားကိရိယာနှင့် လောင်းကစားရာ၌

အသုံးပြုသော သို့မဟုတ် အသုံးပြုမည်ဟု ယုံကြည်ရန်ရှိသော ငွေကြေးနှင့်ပစ္စည်းကို

သိမ်းဆည်းနိုင်ခွင့်၊ (၄) လောင်းကစားအိမ်တွင် လောင်းကစားကိရိယာတစ်ခုခုကို လျှို့ဝှက်ထားကြောင်း

ယုံကြည်ရန်အကြောင်းရှိလျှင် အဆိုပါလောင်းကစားအိမ်၏ နေရာအနှံ့အပြားနှင့် ဖမ်းဆီးထားသူများ၏ ကိုယ်တွင်ရှာဖွေ၍ တွေ့ရှိသမျှသော လောင်းကစားကိရိယာ

အားလုံးကို သိမ်းဆည်းနိုင်ခွင့်။ (ခ) ပုဒ်မ ၅ အရ ဖြစ်စေ၊ ပုဒ်မ ၆ အရ ဖြစ်စေ - (၁) သတင်း သို့မဟုတ် အခြားယုံကြည်လောက်သော အကြောင်းအချက်များကို ရေးမှတ်

သူသည် သတင်းပေးသူ၏အမည်ကို လျှို့ဝှက်ထားရမည်။ လိုအပ်ပါက သတင်းပေးသူ၏

အမည်ကို ဖော်ပြနိုင်သည်။ (၂) ရှာဖွေသည့်အခါတိုင်း ရာဇဝတ်ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရှာဖွေ

ရမည်။ (၃) လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးသူသည် ဖမ်းဆီးရမိသူများ၊ သိမ်းဆည်းရရှိသည့် ပစ္စည်းများကို သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲအပ်ရမည်။ (၄) ဆောင်ရွက်သူသည် မည်သူ့ကိုမျှ ဖမ်းဆီးရမိခြင်းမရှိလျှင် လုပ်ထုံးလုပ်နည်းများ နှင့်အညီဆောင်ရွက်ရမည်။

အခန်း (၅)

တားမြစ်ချက်များ ၈။ မည်သူမျှ အများပြည်သူနှင့်ဆိုင်သောနေရာတွင် -

(က) လောင်းကစားခြင်းပြုလုပ်ရန် လောင်းကြေးတောင်းခံစုဆောင်းခြင်းမပြုရ။ ( ခ) လောင်းကစားခြင်း၊ လောင်းကစားရန် အားပေးကူညီခြင်း၊ လူစုခြင်း၊ လှုံ့ဆော်ခြင်းမပြုရ။ (ဂ) မည်သည့်အားကစားပွဲ သို့မဟုတ် လေ့ကျင့်ပွဲကိုမဆို လောင်းကစားခြင်း၊ လောင်းကစားရန်

တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း၊ လူစုခြင်း၊ လှုံ့ဆော်ခြင်းမပြုရ။ ၉။ မည်သူမျှ လောင်းကစားအိမ်တွင် -

(က) လောင်းကစားခြင်းမပြုရ။

(ခ) ရောက်ရှိနေခြင်း မရှိစေရ။ ၁၀။ မည်သူမျှ - (က) လောင်းကစားအိမ်ဖွင့်လှစ်ခြင်း၊ တည်ထောင်ခြင်း၊ စီမံခန့်ခွဲခြင်း သို့မဟုတ် ထိုသို့

ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီခြင်းမပြုရ။ (ခ) လက်ဝယ်ရှိသော သို့မဟုတ် အသုံးပြုခွင့်ရသော အိမ်၊ အဆောက်အအုံ၊ ကာရံထားသော

နေရာ၊ ဝင်း၊ ခြံ၊ အခန်း၊ ယာဉ်တစ်ခုခုကို လောင်းကစားအိမ်အဖြစ် ဖွင့်လှစ်ရန်၊

တည်ထောင်ရန် သို့မဟုတ် အသုံးပြုရန် ခွင့်မပြုရ။ ၁၁။ မည်သူမျှ ခွင့်ပြုချက်မရှိဘဲ အောက်ပါတို့ကို မပြုရ(က) ထီ သို့မဟုတ် ထီကဲ့သို့သော အခြားကံစမ်းကစားနည်းတစ်ခုခုကို ဖွင့်လှစ်ခြင်း၊ စီမံ

ခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ဒိုင်အဖြစ်ဆောင်ရွက်ခြင်း၊ ငွေကြေးအကျိုးအမြတ်

ရယူခြင်း သို့မဟုတ် ထိုသို့ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း၊ (ခ) ကာစီနိုကို တည်ထောင်ခြင်း၊ ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ | ဒိုင်အဖြစ်ဆောင်ရွက်ခြင်း၊ ငွေကြေးအကျိုးအမြတ်ရယူခြင်း သို့မဟုတ် ထိုသို့ဆောင်ရွက်

ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း။ ၁၂။ မည်သူမျှ ပုဒ်မ ၁၁ ပါ ကစားနည်းတစ်မျိုးမျိုးတွင် ပါဝင်လောင်းကစားခြင်း မပြုရ။ ၁၃။ မြန်မာနိုင်ငံသားမည်သူမျှ ကာစီနိုအတွင်း ဝင်ရောက်လောင်းကစားခြင်း မပြုရ။ ၁၄။ မည်သူမျှ လောင်းကစားရန် ငွေချေးခြင်း သို့မဟုတ် ငွေကြေးထောက်ပံ့ခြင်း မပြုရ။

အခန်း (၆)

ပြစ်ဒဏ်များ ၁၅။ မည်သူမဆို - (က) ပုဒ်မ ၈ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်

ထိုသူကို အနည်းဆုံး တစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်ငါးသောင်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော

သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။ ( ခ) ပုဒ်မ ၈ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်

ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့် အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ်

သိမ်းဆည်းခြင်းခံရမည်။ ၁၆။ မည်သူမဆို - (က) ပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်

ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ်

သိမ်းဆည်းခြင်းခံရမည်။ ( ခ) ပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်

ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ်

သိမ်းဆည်းခြင်းခံရမည်။ ၁၇။ မည်သူမဆို - (က) ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်

ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ်

သိမ်းဆည်းခြင်းခံရမည်။ (ခ) ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်

ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများဆုံး ငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ်

သိမ်းဆည်းခြင်းခံရမည်။ ၁၈။ မည်သူမဆို - (က) ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်

ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ်

သိမ်းဆည်းခြင်းခံရမည်။ (ခ) ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်

ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများဆုံး ငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ်

သိမ်းဆည်းခြင်းခံရမည်။ ၁၉။ မည်သူမဆို - (က) ပုဒ်မ ၁၂ သို့မဟုတ် ပုဒ်မ ၁၃ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း

ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်အထိ

ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်

ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။ (ခ) ပုဒ်မ ၁၂ သို့မဟုတ် ပုဒ်မ ၁၃ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း

ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ

ထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့် ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။ ၂၀။ မည်သူမဆို - (က) ပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်

ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သောငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။ (ခ) ပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်

ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများဆုံး ငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်လည်း ချမှတ် နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သောငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမည်။

အခန်း (၇)

အထွေထွေ ၂၁။ လောင်းကစားအိမ်၌လည်းကောင်း၊ ထိုအိမ်၌ ရောက်ရှိနေသူတို့၏ ကိုယ်ပေါ်တွင်လည်းကောင်း

လောင်းကစားကိရိယာ တစ်ခုခုကိုတွေ့ရှိလျှင် ဝင်ရောက်ရှာဖွေသူတို့က လောင်းကစားနေသည်ကို မတွေ့မြင်စေကာမူ လောင်းကစားအိမ်အဖြစ် အသုံးမပြုကြောင်း သို့မဟုတ် လောင်းကစားရန် ရောက်ရှိနေကြခြင်းမဟုတ်ကြောင်း ထိုအိမ်၌ ရောက်ရှိနေကြသူများက သက်သေထင်ရှားမပြနိုင်လျှင် လောင်းကစားအိမ်အဖြစ် အသုံးပြုသည်ဟူ၍လည်းကောင်း၊ ထိုသူများသည် လောင်းကစားရန် ရောက်ရှိနေကြသူများဖြစ်သည်ဟူ၍လည်းကောင်း မှတ်ယူရမည်။ ၂၂။ ထီကို ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးအပ်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနကသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။ ၂၃။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ကာစီနိုတည်ထောင်ခြင်း၊ ဖွင့်လှစ်ခြင်းကို သတ်မှတ်ချက်များနှင့် အညီ စိစစ်ခွင့်ပြုနိုင်သည်။ ၂၄။ ဤဥပဒေပါ ပြစ်မှုတစ်ခုခုနှင့် တရားစွဲဆိုခြင်းခံရသူကို စစ်ဆေးသော တရားရုံးသည် ထိုပြစ်မှု နှင့်စပ်လျဉ်း၍ တရားစွဲဆိုခြင်းခံရသူများအနက် အဓိက ပါဝင်သည့် တရားခံမဟုတ်သူ မည်သူ့ကိုမဆို လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားလိုသက်သေအဖြစ် သက်သေခံချက်ပေးစေရမည်။ သက်သေခံချက် ပေးသူသည် မှန်ကန်သည့်အတိုင်း ထုတ်ဖော်ထွက်ဆိုလျှင် ထိုသူအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုရမည်။ ၂၅။ သက်ဆိုင်ရာတရားရုံးသည် ဤဥပဒေအရ စစ်ဆေးစီရင်သောအမှုတွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့်ငွေနှင့် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်သည့် ပစ္စည်းများရောင်းရငွေ အနက်မှ သတင်းပေးသူအား ၁၀ ရာခိုင်နှုန်း၊ ဖမ်းဆီးရာတွင် ပါဝင်သူအားလုံးအား ၂၀ ရာခိုင်နှုန်း ဆုငွေ ချီးမြှင့်ရန် အမိန့်ချမှတ်ရမည်။ ၂၆။ မြို့နယ်ရဲတပ်ဖွဲ့မှူးသည် သက်ဆိုင်ရာ မြို့နယ်အတွင်း တစ်ဦးတစ်ယောက်သောသူသည်

လောင်းကစားမှုဖြင့်လည်းကောင်း၊ လောင်းကစားမှုဖြစ်မြောက်စေရန် အားပေးခြင်း သို့မဟုတ် ကူညီခြင်းဖြင့်လည်းကောင်း အသက်မွေးဝမ်းကျောင်းမှုပြုနေကြောင်း သတင်းရရှိလျှင် ထိုသူအား ရာဇဝတ်ကျင့်ထုံးဥပဒေအရ အရေးယူနိုင်သည်။ ၂၇။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် - (က) ဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့သည် နည်းဥပဒေ၊ စည်းမျဉ်းနှင့်

စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ (ခ) ဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။ 

၂၈။ လောင်းကစားဥပဒေ (၁၉၈၆ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၆) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

သင့်ထင်မြင်ချက်လေး ရေးခဲ့ပါ။

Please leave comments or requests to revise or update, about this law...


မိတ်ဆွေ ပြည်ထောင်စု သားရောင်းရင်းများ ခင်ဗျား... ဒီစာမျက်နှာ သို့မဟုတ် ဒီဥပဒေနဲ့ ပတ်သက်ပြီး သင်ဘာပြောချင် ပါသလဲ? သင် ဘယ်လို မြင်ပါသလဲ? ထောက်ခံသလား? ကန့်ကွက်သလား? ဘယ်အပိုင်းက ခေတ်နဲ့ မညီဘူး ဖြစ်နေသလဲ? ဘယ်အပိုင်းကို ဦးစားပေး ပြင်သင့်တယ် ထင်သလဲ?
  • ကြောက်လို့ ဘာမှ မပြောဘဲ နေတာဟာ အဂတိ လိုက်စားတာပါ။ ‘ဘယာဂတိ’ လို့ ခေါ်ပါတယ်။ ဒါတွေ ရပ်ဘို့ လိုပါတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာဘို့ ကျွန်တော်တို့ နိုင်ငံသားတွေကို အားပေး ရပါမယ်။ ပျိုးထောင် ရပါမယ်။ မိမိအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတာ၊ တိုင်ပင် နှီးနှောတာ ဒီမိုကရေစီပါ။ ဆွေးနွေးပါ။ ဝေဖန်ပါ။ အားပေးပါတယ်။ ကျွန်တော်တို့ အားလုံးကိုယ်တိုင်လည်း အဝေဖန်ခံနိုင်အောင် ကြိုးစားရပါမယ်။  သဘောထား ကြီးအောင်ကြိုးစားပြီး။ agree to disagree ဆိုတာကို ဒီမိုကရေစီ နည်းကျ ကျင့်ကြံကြရပါမယ်။
  • မိမိ လုပ်ရပ်အားလုံးကို မိမိ တာဝန်ယူရမယ်ဆိုတာလည်း ဒီမိုကရေစီပါ။ ဆဲဆိုတာတွေ၊ မလုပ်ဘဲ ချက်ကျလက်ကျ ပြောဆိုဆွေးနွေး စေချင်ပါတယ်။ မေတ္တာရပ်ခံ လိုပါတယ်။ 
  • မတရားတာတွေ ဒီမိုကရေစီနည်းနဲ့ ရပ်တန့်ဘို့က ဒီလို ဆွေးနွေးဘို့ များများ လိုပါတယ်။ ဒီမှာ ဆွေးနွေးတာတွေကို law-maker တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြင်အောင်၊ ဖတ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။ 
  • ကမ္ဘာမှာ အတိုးတက်ဆုံး အမေရိကန် ပြည်ထောင်စု ဆိုတာ ကမ္ဘာမှာ ဥပဒေ အများဆုံး ရှိတဲ့ တိုင်းပြည်ပါ။ ဆိုလိုတာက ချုပ်ချယ်မှု အများဆုံး တိုင်းပြည်ပါ။ ကာကွယ်သင့်တာတွေကို အကာအကွယ် အများဆုံး ပေးတဲ့ တိုင်းပြည်ပါ။ တစ်ချိန်တည်းမှာ ကမ္ဘာမှာ အလွတ်လပ်ဆုံး တိုင်းပြည်ပါ။ မိမိတို့ ချစ်တဲ့ မြန်မာနိုင်ငံကို the land of opportunities ဖြစ်လာအောင် ဝိုင်းဝန်း အကြံပေး ကြပါ။ ပြုပြင် ပေးကြပါလို့ နှိုးဆော် လိုက်ပါရစေ။

/ အယ်ဒီတာ

ဒီဥပဒေထဲမှာ ဘာတွေ ပြင်သင့်သလဲ? ဆွေးနွေးကြည့်ပါ။
What are needed to be revised in this law?

ဖွဲ့စည်းပုံကို သင့်ဖုန်းပေါ်မှာ ဖတ်နိုင်

Myanmar constitution app for Androidယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles. Download here.

ကက က္က

CSR project by Myanmars.NET

 
Welcome to Myanmar Laws Archive. This is a CSR (corporate social responsibility) project by Myanmars.NET for legal knowledge education program to our people. The law does not excuse people, because they do not know. Myanmar laws are based on English common law, so that it is very similar to many laws in United States, United Kingdom, Australia, Singapore, or Malaysia.

We also have a CSR policy that we do NOT do new businesses with alcoholic, cigarette, and MLM businesses.