2016 - Today (NLD)

Myanmar Law Center


   

Myanmar Companies Law 2017

TABLE OF CONTENTS

PART I – PRELIMINARY ........................................................................................................................ 1

Division 1: Citation, commencement and definitions .................................................................... 1

PART II – CONSTITUTION, INCORPORATION AND POWERS OF COMPANIES ..................... 7

Division 2: Registration of companies ........................................................................................... 7

Division 3: Nature of companies .................................................................................................... 7

Division 4: Incorporations and registrations under this Law ....................................................... 8

Division 5: The company constitution .......................................................................................... 11

Division 6: Company names ......................................................................................................... 14

Division 7: Company dealings ...................................................................................................... 15

Division 8: Activities prior to registration .................................................................................... 17

Division 9: Other corporations authorised to register or taken to be registered under this Law19

Division 10: Change of company type .......................................................................................... 26

PART III – SHARES AND MATTERS RELATING TO A COMPANY’S CAPITAL ..................... 29

Division 11: Shares and other securities ...................................................................................... 29

Division 12: Transfers of shares and other securities ................................................................. 35

Division 13: Registers and certification of interests in a company ............................................. 36

Division 14: Dividends .................................................................................................................. 42

Division 15: Transactions and matters affecting share capital ................................................... 44

PART IV – MANAGEMENT, ADMINISTRATION AND GOVERNANCE; OFFERS OF SECURITIES TO THE PUBLIC; GRANT OF SECURITY BY A COMPANY; MAINTENANCE OF COMPANY ACCOUNTS ................................................................................... 55

Division 16: Office and name ....................................................................................................... 55

Division 17: Meetings and proceedings ....................................................................................... 56

Division 18: Directors and their powers and duties ..................................................................... 66

Division 19: Members rights and remedies .................................................................................. 80

Division 20: Matters relating to share offers by public companies ............................................. 85

Division 21: Share offers by corporations incorporated outside the Republic of the Union of Myanmar ....................................................................................................................................... 95

Division 22: Mortgages and charges granted by a company ....................................................... 98

Division 23: Appointment of receivers, keeping of book and registration of charges granted by corporations incorporated outside the Republic of the Union of Myanmar ............................. 105

Division 24: Financial Reports and Audit ................................................................................. 105

Division 25: Arbitration, compromise with creditors and members and buy-out rights ......... 114

PART V – WINDING UP ....................................................................................................................... 118

Division 26: Winding up a company .......................................................................................... 118

Division 27: Winding up of unregistered companies ................................................................. 153

PART VI – THE REGISTRAR, REGISTRATION OFFICE, REGISTRATION OF DOCUMENTS, POWERS OF INSPECTION AND FEES; REMOVAL OF COMPANIES FROM THE REGISTER ....................................................................................................................... 156

Division 28: The Registrar, registration office, registration of documents, powers of inspection and fees and removal of companies from the register ............................................................... 156

PART VII – PROCEEDINGS AND OFFENCES ................................................................................ 164

Division 29: Jurisdiction of the Courts and legal proceedings ................................................. 164

Division 30: Offences and defences ........................................................................................... 174

PART VIII – MISCELLANEOUS ........................................................................................................ 179

Division 31: Regulations, notifications and guidelines ............................................................. 179

Division 32: Savings and transitional provisions ...................................................................... 180

အပိုင်း (၈) - အထွေထွေ

အခန်း(၃၁) အထွေထွေ ပြဋ္ဌာန်းချက်များ စည်းမျဉ်းများ၊ နည်းဥပဒေများ၊ အမိန့်များ၊ အမိန့်ကြော်ငြာစာများနှင့် ညွှန်ကြားချက်များကို ထုတ်ဝေနိုင်သည့် အခွင့်အာဏာ ၄၆၂။ (က) ဤဥပဒေအရဖြစ်စေ၊ အခြားသော သက်ဆိုင်ရာဥပဒေအရဖြစ်စေ ရရှိထားသည့် အခွင့်အာဏာ သို့မဟုတ် ယင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကန့်သတ်တားမြစ်ထားခြင်း မရှိစေဘဲ - (၁) ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤဥပဒေအား အကောင်အထည်ဖော်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အတည်ပြု ဆောင်ရွက်ခြင်းတို့ကို ထိရောက်စွာဆောင်ရွက်နိုင်စေရန်အတွက် နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။ ၎င်းအပြင် (၂) မှတ်ပုံတင်အရာရှိသည် ဤဥပဒေအား အကောင်အထည်ဖော်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အတည်ပြု ဆောင်ရွက်ခြင်းတို့ကို ထိရောက်စွာဆောင်ရွက်နိုင်သော အမိန့်ကြော်ငြာ စာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ဇယားများနှင့် ပုံစံများကို ထုတ်ပြန်နိုင်သည်။ (၃) ပုဒ်မခွဲငယ် (၁) နှင့် (၂) တို့အရ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာပုဂ္ဂလိကစီးပွားရေး အသင်းအဖွဲ့များ၏ အကြံပြုတင်ပြချက်များကို ကြိုတင်ရယူနိုင်သည်။ ( ခ ) ပုဒ်မခွဲ (က) အရပြုလုပ်သည့် နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများအားလုံးကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထိုသို့ဖော်ပြပြီးသည့်အခါ ဤဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းပြီးဖြစ်သကဲ့သို့ အကျိုးသက်ရောက်စေရမည်။ အထူးတရားရုံးများ၊ ခုံရုံးများ၊ ကော်မရှင်များ သို့မဟုတ် ကော်မတီများ ဖွဲ့စည်းတည်ထောင်ခြင်း ၄၆၃။ (က) ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤဥပဒေအား အကောင်အထည်ဖော် စီမံဆောင်ရွက်ရန်အတွက် အထောက်အကူဖြစ်စေမည့် ခုံရုံးများ သို့မဟုတ် ကော်မရှင်များ သို့မဟုတ် ကော်မတီများကို ဖွဲ့စည်းတည်ထောင်နိုင်ရန် အလို့ငှာ လိုအပ်သော စည်းမျဉ်းဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။ အဆိုပါ စည်းမျဉ်း ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများသည် ဤဥပဒေနှင့် ဆန့်ကျင်ခြင်း မရှိစေရ။ သို့ရာတွင် အောက်ပါတို့နှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များကို ထည့်သွင်းဖော်ပြနိုင်သည်(၁) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီတို့က ထုတ်ပြန်နိုင်သော အမိန့်များ အပါအဝင် ခုံရုံး သို့မဟုတ် ကော်မရှင်တို့၏ အခွင့်အာဏာများ၊ တာဝန်များ၊ လုပ်ငန်းများနှင့်လုပ်ထုံးလုပ်နည်းများ၊ အဆိုပါဆောင်ရွက်မှုများသည် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ တရားရုံးသို့အပ်နှင်းထားသည့် အခွင့်အာဏာများ၊ တာဝန်များနှင့် လုပ်ငန်းများထက် ကျော်လွန်ခြင်းမရှိစေရ၊ (၂) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီများ၏ စီရင်ပိုင်ခွင့် နယ်ပယ်အတွင်း ဆုံးဖြတ်ဆောင်ရွက်နိုင်သည့် အထွေထွေ သို့မဟုတ် အထူးကိစ္စရပ်များနှင့် ခုံရုံး သို့မဟုတ် ကော်မရှင်၏ဆုံးဖြတ်ချက်များကို ပြင်ဆင်မှု သို့မဟုတ် အယူခံမှုများ တင်သွင်းဆောင်ရွက်ခြင်းအတွက် လုပ်ငန်းစဉ်များ၊ (၃) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီအဖွဲ့ဝင်များ၏ အရေအတွက်နှင့် ၎င်းတို့၏ အရည်အချင်းသတ်မှတ်ချက်များ၊ (၄) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီအဖွဲ့ဝင်များကို ခန့်အပ်ခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းနှင့် ၎င်းတို့၏ လစ်လပ်သောနေရာများကို အစားထိုး ခန့်ထားခြင်းများနှင့် သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်းများ၊ (၅) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီ၏ အဖွဲ့ဝင် သို့မဟုတ် ဝန်ထမ်း များနှင့်စပ်လျဉ်းသည့် အလုပ်ခန့်အပ်မှုဆိုင်ရာ စည်းကမ်းချက်များ၊ (၆) ယာယီဖွဲ့စည်းတည်ထောင်သော သို့မဟုတ် အမြဲတမ်းဖွဲ့စည်းတည်ထောင်သော သို့မဟုတ် အထူးကိစ္စရပ်အတွက် ဖွဲ့စည်းတည်ထောင်သောခုံရုံး သို့မဟုတ် ကော်မရှင်များ သို့မဟုတ် ကော်မတီများအပါအဝင် ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီ၏ သက်တမ်းနှင့် (၇) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီ၏ ဘဏ္ဍာငွေကိစ္စနှင့် ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီက အခကြေးငွေ၊ ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်များကို သတ်မှတ်ခြင်းနှင့် အခကြေးငွေများကို ကောက်ခံခြင်းများအတွက် ဆောင်ရွက်နိုင်မှုများ။ ( ခ ) ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ရယူပြီး ဤဥပဒေကို အကောင်အထည်ဖော် စီမံဆောင်ရွက်ရန် အထောက်အကူဖြစ်စေမည့် အထူးတရားရုံး တည်ထောင်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ အဆိုပြုတင်ပြနိုင်သည်။ နိုင်ငံခြားကုမ္ပဏီနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက် ၄၆၄။ နိုင်ငံခြားကုမ္ပဏီများနှင့်စပ်လျဉ်းသည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ၁၉၈၇ ခုနှစ်၊ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ခြင်းမရှိစေရ။ အခန်း (၃၂) အကျိုးသက်ရောက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကူးပြောင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ ယခင်ဥပဒေနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ ၄၆၅။ (က) ယခင်ဥပဒေနှင့် ယင်းဥပဒေတွင် ပါဝင်သော နောက်ဆက်တွဲဇယားများသည် ဤဥပဒေ စတင် အာဏာတည်သည့်နေ့တွင် ပယ်ဖျက်ပြီးဖြစ်စေရမည်။ ( ( ခ ) ယခင်ဥပဒေအား ပယ်ဖျက်ပြီးနောက်ပိုင်းတွင် ထိုဥပဒေအရ ဆောင်ရွက်ပြီးသည့်ကိစ္စရပ်များ သို့မဟုတ် ဆောင်ရွက်ဆဲကိစ္စရပ်များသည် ဤအခန်းနှင့်အညီ လည်းကောင်း၊ ယင်း၏ ထပ်မံပြဋ္ဌာန်းချက်များအရလည်းကောင်း ဤဥပဒေအရ ဆောင်ရွက်ပြီး သို့မဟုတ် ဆောင်ရွက်ဆဲကိစ္စရပ်များဖြစ်သည်ဟု သတ်မှတ်ရမည်။ ကုမ္ပဏီ ဖျက်သိမ်းခြင်းအတွက် တရားစွဲဆိုဆောင်ရွက်ခြင်းအား ဆိုင်းငံ့ထားခြင်း၏ အကျိုးသက်ရောက်မှု ၄၆၆။ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့်စပ်လျဉ်းသည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဤဥပဒေ စတင်အာဏာတည်သည့် နေ့ရက်မတိုင်မီက စတင်ပြုလုပ်နေခဲ့သည့် ကုမ္ပဏီဖျက်သိမ်းခြင်းကို ဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုခုနှင့် သက်ဆိုင်ခြင်းမရှိစေရ။ သို့သော် ထိုကုမ္ပဏီအားလုံးသည် ဤဥပဒေအား ပြဋ္ဌာန်းထားခြင်းမရှိသကဲ့သို့ ယခင်အလားတူ ကိစ္စရပ်များအတိုင်း အလားတူနည်းလမ်းများဖြင့် ဖျက်သိမ်းဆောင်ရွက်ရမည်။ စာရွက်စာတမ်းများ၏ အကျိုးသက်ရောက်မှု ၄၆၇။ ဤဥပဒေ စတင်အာဏာတည်သည့်နေ့ရက်မတိုင်မီက ဤဥပဒေဖြင့် ပယ်ဖျက်လိုက်သည့် ဥပဒေတစ်ရပ်ရပ်နှင့်အညီ ပြုလုပ်ထားသော လွှဲပြောင်းထားသည့် စာရွက်စာတမ်းများ သို့မဟုတ် အခြားစာရွက်စာတမ်းများအားလုံးသည် ဤဥပဒေအား ပြဋ္ဌာန်းထားခြင်း မရှိသကဲ့သို့ ယခင်အတိုင်း အကျိုးသက်ရောက်စေရမည်ဖြစ်ပြီး အဆိုပါစာရွက်စာတမ်းများပါ ကိစ္စရပ်များအတွက် ပယ်ဖျက် လိုက်သော ဥပဒေသည် ဆက်လက်အကျိုးသက်ရောက်နေသကဲ့သို့ မှတ်ယူရမည်။ မှတ်ပုံတင်ထားခြင်းနှင့်စပ်လျဉ်းသည့် ယခင်က ရုံးခန်းများ၊ မှတ်ပုံတင်စာရင်းများနှင့် မှတ်ပုံတင် အရာရှိများသည် ဆက်လက်အကျိုးသက်ရောက်ခြင်း ၄၆၈။ (က) ဤဥပဒေ စတင်အာဏာတည်သည့်နေ့ရက်တွင် တည်ရှိဆဲကုမ္ပဏီ မှတ်ပုံတင်ရုံးများ သည် ဤဥပဒေအရ တည်ထောင်ထားခြင်းဖြစ်သကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်။ ( ခ ) အဆိုပါ တည်ရှိဆဲရုံးများတွင် ထိန်းသိမ်းထားရှိသည့် မှတ်ပုံတင်စာရင်းများသည် ဤဥပဒေအရ ထိန်းသိမ်းထားရှိရမည့် ကုမ္ပဏီများအတွက် မှတ်ပုံတင်စာရင်းများ၏ အစိတ်အပိုင်းများကဲ့သို့ အသီးသီးမှတ်ယူရမည်။ (ဂ ) လက်ရှိမှတ်ပုံတင်အရာရှိနှင့် ထိုမှတ်ပုံတင်ရုံးများရှိ အရာရှိများသည် ဆက်လက် တာဝန် ထမ်းဆောင်ရမည်။ သို့သော် ၎င်းတို့၏ တာဝန်များဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၏ စည်းမျဉ်းများကို လိုက်နာရမည်။ တည်ဆဲ မှတ်ပုံတင်ထားသည့်ကုမ္ပဏီများသည် ဆက်လက်မှတ်ပုံတင်ခြင်း ၄၆၉။ (က) ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ (ဃ)နှင့်အညီ ကုမ္ပဏီတစ်ခုခု သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခုသည် ယခင်ဥပဒေအရ မှတ်ပုံတင်ထားခဲ့ပြီး ထိုသို့မှတ်ပုံတင်ထားခြင်းသည် ဤဥပဒေ စတင်အာဏာတည်သည်နှင့်တစ်ပြိုင်နက် ဆက်လက်အကျိုးသက်ရောက်နေလျှင် ထိုကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏မှတ်ပုံတင်ခြင်းသည် ဤဥပဒေ၏ အပိုင်း(၂)တို့ အရ သက်ဆိုင်သည့် အမျိုးအစားအလိုက်ဖြစ်သော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း များကို မှတ်ပုံတင်ခြင်းဖြစ်သကဲ့သို့ စတင်သည့်အချိန်မှစ၍ အကျိုးသက်ရောက်စေရမည်။ ( ခ ) ပုဒ်မခွဲ (က) နှင့် သက်ဆိုင်သော ကုမ္ပဏီတစ်ခုသည် ကူးပြောင်းကာလအတွင်း နိုင်ငံတော် အတွင်း အများအားဖြင့် နေထိုင်သူတစ်ဦးကို ဒါရိုက်တာတစ်ဦးအဖြစ် ခန့်အပ်ရမည်။ (ဂ) ပုဒ်မခွဲ (က) နှင့် သက်ဆိုင်သော ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် ကူးပြောင်းကာလ အတွင်း အခွင့်အာဏာအပ်နှင်းခြင်းခံရသော အရာရှိတစ်ဦးကို ခန့်အပ်ရမည်။ လျှောက်ထားမှုများကို ဆက်လက်ဆောင်ရွက်ရခြင်း ၄၇၀။ (က) ယခင်ဥပဒေအရ ပြုလုပ်ခဲ့သော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်အား မှတ်ပုံတင်ခြင်း အတွက် လျှောက်ထားမှုသည် ဤဥပဒေ စတင်အာဏာတည်သည့်နေ့အထိ ပြီးပြတ်ခြင်း မရှိသေးပါက လျှောက်ထားသူက ပြန်လည်ရုပ်သိမ်းခြင်းမပြုလျှင် ဤဥပဒေအရ ပြုလုပ်သော လျှောက်ထားမှုတစ်ရပ်အဖြစ် သတ်မှတ်ရမည်။ ( ခ ) ဤဥပဒေအရ လျှောက်ထားမှုနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီ ပြည့်စုံစေရန်အတွက် ပုဒ်မခွဲ (က) တွင် ရည်ညွှန်းဖော်ပြထားသော လျှောက်လွှာတင်ခြင်း ကို ပြင်ဆင်ရန်အတွက် လျှောက်ထားသူက တောင်းခံတင်ပြနိုင်သည် သို့မဟုတ် မှတ်ပုံတင်အရာရှိက ဆောင်ရွက်စေနိုင်သည်။ တည်ဆဲစည်းမျဉ်းများအချို့ကို ပယ်ဖျက်ခြင်းနှင့်အခြားသော စည်းမျဉ်းများ ဆက်လက်အကျိုးသက်ရောက်ခြင်း ၄၇၁။ (က) ဤဥပဒေ စတင်အာဏာတည်သည့်အခါတွင် ၁၉၄ဝ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများ နည်းဥပဒေ ၈ မှ ၃ဝ အထိ အားလုံးအပါအဝင် နှင့် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ၏ နောက်ဆက်တွဲ ပုံစံများမှပုံစံ ၁ မှ ၉ အထိ အားလုံးအပါအဝင်တို့သည် ပျက်ပြယ်စေရမည်။ ( ခ ) ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများစည်းမျဉ်းသည် ဤဥပဒေ စတင်အာဏာ တည်သည့်နေ့တွင် ပျက်ပြယ်ပြီး ဖြစ်သည်။ (ဂ) ပုဒ်မခွဲ (က) နှင့် (ခ) ပါ ပြဋ္ဌာန်းချက်များမှအပ လိုက်နာလျက် ဤဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် တူညီပြီး ဤဥပဒေစတင်အာဏာတည်သည့်နေ့မတိုင်မီ နေ့ရက်အထိ အာဏာ သက်ဝင်၍ အသုံးပြုလျက်ရှိသော ယခင်ဥပဒေပါ တူညီသော ပြဋ္ဌာန်းချက်များအတွက် ပြုလုပ်ထားသော စည်းမျဉ်းများသည် သက်ဆိုင်သမျှ ဤဥပဒေ စတင်အာဏာတည်သည့် နောက်ပိုင်း လိုအပ်သောပြင်ဆင်ချက်များနှင့်အတူ အောက်ပါအတိုင်း ဆက်လက် အကျိုးသက်ရောက်စေရမည်(၁) ထိုစည်းမျဉ်းများသည် ပုဒ်မ ၄၇၅ အရ အကျိုးသက်ရောက်သည့် စည်းမျဉ်းများ ဖြစ်သည်။ (၂) ထိုစည်းမျဉ်းများသည် ဤဥပဒေပါ တူညီသောပြဋ္ဌာန်းချက်များ၏ ကိစ္စရပ် များအတွက် ပြုလုပ်ထားခြင်းဖြစ်သည်။ သက်ဆိုင်ရာပြဋ္ဌာန်းချက်များအရဆောင်ရွက်ထားသည့်ကိစ္စရပ်များသည် ဆက်လက်အကျိုးသက်ရောက်ခြင်း ၄၇၂။ ဤအခန်းပါ အခြားပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ထားခြင်းမရှိစေဘဲ အကြောင်းကိစ္စ တစ်ရပ်ရပ်သည် (က) ဤဥပဒေ စတင်အာဏာတည်ခြင်း မရှိမီက ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် တူညီသော ယခင်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ သို့မဟုတ် ထိုပြဋ္ဌာန်းချက်ပါ ကိစ္စရပ်များအတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်လျှင်၊ ( ခ) အဆိုပါ ပြဋ္ဌာန်းချက်ပါ ကိစ္စရပ်များအတွက် ဤဥပဒေ စတင်အာဏာတည်သည့်နေ့အထိ ယခင်ဥပဒေပါ ကိစ္စရပ်များအတွက် အလို့ငှာ ဆက်လက်ဆောင်ရွက်နေလျှင်၊ ထိုအကြောင်းကိစ္စများသည် ဤဥပဒေ၏တူညီသော ပြဋ္ဌာန်းချက်အရ သို့မဟုတ် အဆိုပါ ပြဋ္ဌာန်းချက်ပါ ကိစ္စရပ်များအတွက် ဆောင်ရွက်ပြီးဖြစ်သကဲ့သို့ ဤဥပဒေ စတင်အာဏာ တည်ပြီးနောက် အကျိုးသက်ရောက်စေရမည် သို့မဟုတ် သက်ဆိုင်စေရမည်။ ရရှိထားသော အခွင့်အရေးများကို ဆက်လက်ခံစားခွင့်ရှိခြင်း ၄၇၃။ ဤအခန်းပါ အခြားသော ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ထားခြင်း မရှိစေဘဲ ဤဥပဒေ စတင်အာဏာတည်ခြင်း မရှိမီက တစ်ဦးတစ်ယောက်က ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် တူညီသော တရားရုံး၏ အမိန့်အရ ရရှိသည့် ကိစ္စရပ်မှအပ ယခင်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ အခွင့်အရေး သို့မဟုတ် တာဝန်ရှိမှု တစ်ရပ်ရပ်ကို ရရှိထားလျှင် အဆိုပါ အခွင့်အရေး သို့မဟုတ် တာဝန်ရှိမှုသည် ဤဥပဒေပါ တူညီသော ပြဋ္ဌာန်းချက် တစ်ရပ်ရပ်အရ ထိုပြဋ္ဌာန်းချက်သည် အခွင့်အရေး သို့မဟုတ် တာဝန်ရှိမှုကို ဖြစ်ပေါ်စေသော အပြုအမူ သို့မဟုတ် အခြေအနေများနှင့် သက်ဆိုင်သကဲ့သို့ ဆက်လက်တည်ရှိသည်ဟု မှတ်ယူရမည်။ စာရွက်စာတမ်းများတွင် ယခင်ဥပဒေကို ရည်ညွန်းဖော်ပြချက်များအကြောင်း ၄၇၄။ (က) ပုဒ်မခွဲ (ခ) နှင့်အညီ ယခင်ဥပဒေပါ ပြဋ္ဌာန်းချက် သို့မဟုတ် စည်းကမ်းချက်ကို သော်လည်းကောင်း၊ ဤဥပဒေပါ ပြဋ္ဌာန်းချက် သို့မဟုတ် စည်းကမ်းချက် တစ်ရပ်ရပ် နှင့် သက်ဆိုင်သည့် ယခင်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုသော်လည်းကောင်း၊ အခြား သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုသော်လည်းကောင်း ရည်ညွှန်း ဖော်ပြချက် တစ်ရပ်ရပ်သည် ဤဥပဒေ စတင်အာဏာတည်ပြီးနောက် ဤဥပဒေကို ရည်ညွှန်းဖော်ပြသည် သို့မဟုတ် ဤဥပဒေပါ သက်ဆိုင်သည့် ပြဋ္ဌာန်းချက် သို့မဟုတ် စည်းကမ်းချက်ကို ရည်ညွှန်းဖော်ပြသည်ဟု သတ်မှတ်ရမည်။ ( ခ ) ဤဥပဒေအရပြုလုပ်သည့် စည်းမျဉ်းများတွင် ပုဒ်မခွဲ (က) သည် သတ်မှတ်ဖော်ပြ ထားသည့် သက်ဆိုင်ရာဥပဒေများတွင် သက်မှတ်ဖော်ပြပါရှိသည့် ရည်ညွှန်း ဖော်ပြချက် များနှင့်စပ်လျဉ်း၍ သက်ဆိုင်ခြင်း မရှိစေရဟု ဖော်ပြရမည်။ ကူးပြောင်းခြင်းဆိုင်ရာ စည်းမျဉ်းများ ပြုလုပ်ခြင်း ၄၇၅။ (က) ဤဥပဒေအရ ပြုလုပ်သည့် စည်းမျဉ်းများသည် ယခင်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်မှုများမှ ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်မှုများအဖြစ်သို့ ကူးပြောင်းခြင်းနှင့် စပ်လျဉ်းသော အကျိုးသက်ရောက်မှုများ သို့မဟုတ် ကူးပြောင်းမှု အခြေအနေဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သည်။ ထိုစည်းမျဉ်းများသည် ဤအခန်းတွင် အခြားနည်း ဖော်ပြထားစေကာမူ အကျိုးသက်ရောက်မှုရှိစေရမည်။ ( ခ ) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ထားခြင်းမရှိစေဘဲ ထိုစည်းမျဉ်း များသည် အောက်ပါနည်းလမ်းတစ်ရပ်ရပ်တွင် အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသ ဖြစ်စေ သက်ဆိုင်သည့်အကြောင်းကိစ္စအတွက် ဖော်ပြနိုင်သည် - (၁) ထိုအကြောင်းကိစ္စအပေါ် ပြင်ဆင်ချက်ဖြင့်ဖြစ်စေ၊ ပြင်ဆင်ချက်မပြုဘဲ ဖြစ်စေ၊ အောက်ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်(ကက) ဤဥပဒေ စတင်အာဏာတည်သည့်နေ့ရက်အထိ သို့မဟုတ် စောရာအချိန် ကာလတစ်ရပ်အထိအကျိုးသက်ရောက်မှု ရှိသည့် ယခင်ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သို့မဟုတ် ( ခခ ) ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သို့မဟုတ် ( ဂဂ ) ပုဒ်မခွဲငယ်စိတ် (ကက) နှင့် (ခခ) တို့တွင်ဖော်ပြပါရှိသော ပြဋ္ဌာန်းချက်များကို ပေါင်းစပ်၍လည်းကောင်း၊ (၂) ထိုအကြောင်းကိစ္စနှင့် သက်ဆိုင်သော အခြားနည်းဖြင့် သတ်မှတ်ထားသည့် နည်းဥပဒေများအရလည်းကောင်း၊ (၃) ဤဥပဒေပါ ကိစ္စရပ်များအတွက် ထိုအကြောင်းကိစ္စနှင့် အကျိုးဆက်များ သို့မဟုတ် ထိုအကြောင်းကိစ္စ၏ရလဒ်ကို သတ်မှတ်ဖော်ပြခြင်းဖြင့် လည်းကောင်း။ ( ဂ ) စည်းမျဉ်းများတွင် ဤအခန်းပါ အချို့သော ပြဋ္ဌာန်းချက်များသည် စည်းမျဉ်းများတွင် ဖော်ပြထားသည့်အတိုင်း ပြင်ဆင်သတ်မှတ်ကြောင်း ဖော်ပြနိုင်သည်။ အဆိုပါပြဋ္ဌာန်းချက် များသည် ထိုသို့ ပြင်ဆင်ထားသကဲ့သို့ အကျိုးသက်ရောက်စေရမည်။ စီမံအုပ်ချုပ်သော ကိုယ်စားလှယ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှုအား ရပ်စဲခြင်း ၄၇၆။ (က) ဤဥပဒေစတင်အာဏာတည်ပြီးနောက် ကုမ္ပဏီတစ်ခုသည် စီမံအုပ်ချုပ်သော ကိုယ်စားလှယ်ကို ထပ်မံခန့်အပ်ခြင်း မပြုရ။ ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက်နှင့်အညီ စီမံအုပ်ချုပ်သောကိုယ်စားလှယ် ခန့်အပ်မည့် အစီအစဉ်တစ်ရပ်ရပ်သည် ဤဥပဒေ စတင် အာဏာတည်သည့်နေ့တွင် ရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူရမည့်အပြင် အဆိုပါ စီမံအုပ်ချုပ်သော ကိုယ်စားလှယ်ကို ထိုနေ့မှစ၍ ကုမ္ပဏီ၏ဒါရိုက်တာတစ်ဦးအဖြစ် မှတ်ယူရမည်။ ( ခ ) ဤဥပဒေ စတင်အာဏာတည်သည့်အချိန်တွင် စီမံအုပ်ချုပ်သော ကိုယ်စားလှယ်တစ်ဦး ရှိသည့် ကုမ္ပဏီတစ်ခုခု သို့မဟုတ် အဆိုပါ စီမံအုပ်ချုပ်သော ကိုယ်စားလှယ်တစ်ဦးဦးသည် ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြ၍ စီမံအုပ်ချုပ်သော ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်မှုကို ကူးပြောင်းကာလကုန်ဆုံးသည်အထိ ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် ပုဒ်မခွဲ (က) မှ ယာယီ ကင်းလွတ်ခွင့်အတွက် လျှောက်ထားနိုင်သည်။ လျှောက်ထားမှုကို ဤဥပဒေ စတင် အာဏာတည်သည့်နေ့မှ ၂၈ ရက်အတွင်း ပြုလုပ်ရမည်။ ပုဒ်မခွဲ (ခ) အရ လျှောက်ထားလာသည့်အခါ ပြည်ထောင်စုဝန်ကြီးသည် ၎င်းကသင့်သည် ထင်မြင်သည့်အတိုင်း ကုမ္ပဏီ၏ အကောင်းဆုံးအကျိုးခံစားခွင့်အတွက် ထိုသို့ ဆောင်ရွက်ရန် ဆုံးဖြတ်နိုင်သည်။ (ဃ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်အရ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီမံအုပ်ချုပ်သော ကိုယ်စားလှယ်ကိုမျှ လျော်ကြေးပေးခြင်းမရှိစေရ။ သို့ရာတွင် ဤဥပဒေစတင်အာဏာတည်သည့် နေ့တွင် စီမံအုပ်ချုပ်သော ကိုယ်စားလှယ်သို့ ပေးရန်ကျန်ရှိသည့် ငွေကြေးများကို ဆက်လက် ပေးချေစေရမည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။ နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အပိုင်း (၇) - တရားစွဲဆိုစစ်ဆေးဆောင်ရွက်ခြင်းနှင့် ပြစ်မှုများ

အခန်း(၂၉) တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာနှင့် တရားစွဲဆိုစစ်ဆေးဆောင်ရွက်ခြင်းများ တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာ ၄၃၂။ ဤဥပဒေအရ စီရင်ပိုင်ခွင့်အာဏာရှိသောတရားရုံးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် ဖြစ်သည်။ သို့ရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ခရိုင်တရားရုံး တစ်ခုခုသို့ စီရင်ပိုင်ခွင့်အာဏာအပ်နှင်းနိုင်သည်။ တရားစွဲဆိုစစ်ဆေးဆောင်ရွက်ခြင်းများ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်မရှိခြင်း ၄၃၃။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၌ပါရှိသော ပြဋ္ဌာန်းချက်တစ်ရပ်ရပ်တွင် မည်သို့ပင်ဖော်ပြထားစေကာမူ ဤဥပဒေပါပြစ်မှုအားလုံးသည် အဆိုပါကျင့်ထုံးဥပဒေ၏ ကိစ္စရပ်များအတွက် ရဲအရေးယူပိုင်ခွင့် မရှိသောပြစ်မှုများဖြစ်သည်ဟု မှတ်ယူရမည်။ ကုန်ကျစရိတ်အတွက် တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီသို့ အာမခံတင်သွင်းစေရန် ညွှန်ကြားနိုင် သည့် အခွင့်အာဏာ ၄၃၄။ တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှုတစ်ရပ်ရပ်တွင် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုသည် တရားလိုသော်လည်းကောင်း၊ လျှောက်ထားသူသော်လည်းကောင်း ဖြစ်ခဲ့လျှင် အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ တရားရုံးသည် တရားပြိုင်က ခုခံချေပမှုများအောင်မြင်ခဲ့လျှင် ကုမ္ပဏီ၏ တရားရုံးကုန်ကျစရိတ်များကို ကုမ္ပဏီအနေဖြင့်ပေးချေနိုင်မည်မဟုတ်ကြောင်း ယုံကြည်ပါက အဆိုပါ ကုန်ကျစရိတ်များအတွက် ကုမ္ပဏီကို လုံလောက်သည့်အာမခံတစ်ရပ်ထားရှိစေနိုင်ပြီး ထိုအာမခံကို တင်သွင်းပြီးသည့်အချိန်ကာလအထိ တရားစွဲဆိုစစ်ဆေးဆောင်ရွက်မှုအားလုံးကို ဆိုင်းငံ့ထားနိုင်သည်။ အချို့သောမှုခင်းကိစ္စများတွင် တရားရုံးက သက်သာခွင့် ပေးအပ်နိုင်သည့် အခွင့်အာဏာ ၄၃၅။ (က) ဤဥပဒေအရ တာဝန်ရှိမှုတစ်ရပ်ရပ်နှင့်စပ်လျဉ်းသည့် ကိစ္စရပ်အပါအဝင် ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆန့်ကျင်ဆောင်ရွက်မှုများ၊ ဤပုဒ်မပါပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအပေါ် ဆောင်ရွက်ပေးရမည့်တာဝန်အား ချိုးဖောက်ခြင်း၊ သို့မဟုတ် ယုံကြည်အပ်နှံမှုကို ချိုးဖောက်ခြင်းများအတွက် စွဲဆိုဆောင်ရွက်သည့် မှုခင်းကိစ္စရပ် များတွင် အဆိုပါကိစ္စရပ်များကိုကြားနာသည့်တရားရုံး၌ ထိုပုဂ္ဂိုလ်သည် ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆောင်ရွက်ပေးရမည့်တာဝန်အားချိုးဖောက်မှု သို့မဟုတ် ယုံကြည်အပ်နှံခြင်းကို ချိုးဖောက်မှုများအတွက် တာဝန်ရှိကြောင်း သို့မဟုတ် တာဝန်ရှိနိုင်ကြောင်း၊ သို့သော် ၎င်းအားခန့်အပ်ခြင်းနှင့် သက်ဆိုင်သည့်ကိစ္စရပ်အပါအဝင် မှုခင်းကိစ္စရပ်အားလုံးတွင် သဘောရိုးဖြင့် လျော်ကန်သည့်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆောင်ရွက်ပေးရမည့်တာဝန်အား ချိုးဖောက်မှု သို့မဟုတ် ယုံကြည်အပ်နှံခြင်းကို ချိုးဖောက် မှုများအတွက် ၎င်းအပေါ်မျှတစွာ စီရင်ဆောင်ရွက်သင့်ကြောင်းတွေ့ရှိရလျှင် တရားရုံးသည် သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များဖြင့် ထိုသူအား၎င်း၏တာဝန်ရှိမှုမှ အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ သက်သာခွင့်ပြုနိုင်သည်။ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဦးသည် ဤဥပဒေအရ တာဝန်ရှိမှုတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့်ကိစ္စရပ် အပါအဝင် ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆန့်ကျင်ဆောင်ရွက်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ၎င်းအပေါ်တွင် စွဲဆိုဆောင်ရွက်လျက် ရှိသည့် မှုခင်းတစ်ရပ်ရပ်ကိုပြုလုပ်မည်ဟု ယုံကြည်ရန်အကြောင်းရှိလျှင် ထိုသူသည် သက်သာခွင့်အတွက် တရားရုံးသို့တင်ပြတောင်းခံနိုင်သည်။ အဆိုပါလျှောက်ထားမှုအား လက်ခံရရှိသည့်အခါ တရားရုံးသည် ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆောင်ရွက်ပေးရမည့် တာဝန်အား ချိုးဖောက်မှု သို့မဟုတ် ယုံကြည်အပ်နှံခြင်းကို ချိုးဖောက်မှုများအတွက် ထိုသူအပေါ် စွဲဆိုဆောင်ရွက်လျက်ရှိသည့် မှုခင်းကိစ္စရပ်များတွင် ဤပုဒ်မပါပြဋ္ဌာန်းချက်အရ ထိုသူအပေါ် သက်သာခွင့်ပြုနိုင်သည့်အတိုင်း အလားတူဆောင်ရွက်နိုင်သည့် အခွင့်အာဏာများ ရှိသည်။ (ဂ) ဤပုဒ်မပါပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့်ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်သည် (၁) ကုမ္ပဏီ၏ဒါရိုက်တာများ၊ (၂) ကုမ္ပဏီ၏အတွင်းရေးမှူးများရှိခဲ့လျှင် ၎င်းပုဂ္ဂိုလ်များ၊ (၃) ကုမ္ပဏီ၏အခြားအရာရှိများနှင့် (၄) ကုမ္ပဏီ၏အရာရှိများဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ စာရင်းစစ်များအဖြစ် ကုမ္ပဏီကခန့်အပ်ထားသည့်ပုဂ္ဂိုလ်များ။ တရားစွဲဆိုစစ်ဆေးဆောင်ရွက်မှုများကို မည်သို့ ပြုလုပ်ရခြင်း ၄၃၆။ ဤဥပဒေနှင့်အညီ ဤဥပဒေအရ ပြစ်မှုတစ်ရပ်ရပ်ကို တရားစွဲဆိုစစ်ဆေးဆောင်ရွက်သည့် ကိစ္စတစ်ရပ်ရပ်တွင် သတင်းအချက်အလက်များ၊ စွဲချက်များ၊ တိုင်တန်းချက်များ သို့မဟုတ် လျှောက်ထားမှုများကို အောက်ပါပုဂ္ဂိုလ်များက ပြုလုပ်နိုင်သည် - (က) ကိုယ်တိုင်တွေ့ရှိဆောင်ရွက်ခြင်းဖြစ်စေ၊ လျှောက်ထားချက် သို့မဟုတ် တောင်းဆိုချက် တစ်ရပ်ရပ်အပေါ် ပြန်ကြားခြင်းဖြစ်စေ ဆောင်ရွက်မည့်မှတ်ပုံတင်အရာရှိ သို့မဟုတ် ( ခ) ပုဒ်မ ၄၃၅ တွင်ဖော်ပြပါရှိသော ဤဥပဒေကိုချိုးဖောက်မှုအတွက် ၎င်းအပေါ်တရား စွဲဆိုမှုပြုလုပ်နိုင်မည့် ဖမ်းဆီးရန် အကြောင်းပြချက်ရှိသူဖြစ်သည့် ဤဥပဒေအရ သက်သာခွင့်အတွက် လျှောက်ထားခွင့်ရှိသော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် ( ဂ ) တရားစွဲဆိုဆောင်ရွက်မှုပြုလုပ်ရန်အတွက် ပြည်ထောင်စုဝန်ကြီးက စာဖြင့်ရေးသား၍ အခွင့်အာဏာ အပ်နှင်းခြင်းခံရသူတစ်ဦးဦး။ တရားစွဲဆိုစစ်ဆေးဆောင်ရွက်မှုများတွင် ကြားဝင်ဆောင်ရွက်နိုင်သည့် မှတ်ပုံတင်အရာရှိ၏အခွင့်အာဏာ ၄၃၇။ (က) မှတ်ပုံတင်အရာရှိသည် ဤဥပဒေအရပေါ်ပေါက်လာသည့် ကိစ္စရပ်တစ်ခုခုနှင့်စပ်လျဉ်း၍ တရားစွဲဆို စစ်ဆေးဆောင်ရွက်မှုတစ်ရပ်ရပ်တွင် ကြားဝင်ဆောင်ရွက်နိုင်သည်။ ( ခ ) မှတ်ပုံတင်အရာရှိက ပုဒ်မခွဲ (က) တွင်ဖော်ပြပါရှိသည့် တရားစွဲဆိုစစ်ဆေးဆောင်ရွက်မှု တစ်ရပ်ရပ်တွင် ကြားဝင်ဆောင်ရွက်ခဲ့ပါက မှတ်ပုံတင်အရာရှိသည် အဆိုပါတရားစွဲဆို စစ်ဆေးဆောင်ရွက်မှုတွင် အမှုသည်တစ်ဦးအဖြစ်ပါဝင်နိုင်ပြီး ဤဥပဒေနှင့်အညီ အမှုသည်တစ်ဦး၏ အခွင့်အရေးများ၊ တာဝန်များနှင့် တာဝန်ရှိမှုများအားလုံးကို ရရှိသည်။ ပြစ်မှုကြောင်းအရ တရားစွဲဆိုစစ်ဆေးဆောင်ရွက်မှုများကို ပြုလုပ်ရမည့်အချိန်ကာလ ၄၃၈။ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေပါပြစ်မှု တစ်ရပ်ရပ်အတွက် တရားစွဲဆို စစ်ဆေးဆောင်ရွက်မှုများကို ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသော ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု စတင်သည့်နေ့မှ ခြောက်နှစ်အတွင်း တရားစွဲဆိုဆောင်ရွက်နိုင်သည်။ ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ အကြောင်းကြားခြင်း ၄၃၉။ (က) ပုဂ္ဂိုလ်တစ်ဦးဦးသည် ဤဥပဒေပါပြစ်မှုတစ်ရပ်ကို ကျူးလွန်သည်ဟု မှတ်ပုံတင် အရာရှိက ယုံကြည်ရန်အကြောင်းရှိလျှင် ပြစ်ဒဏ် သို့မဟုတ် အမြင့်ဆုံးပြစ်ဒဏ်ကို အတိအလင်းသတ်မှတ်ဖော်ပြထားပါက ဤပုဒ်မတွင် “သတ်မှတ်ဖော်ပြထားသောပြစ်မှု”ဟု ခေါ်တွင်မည်။ မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ခ) နှင့်အညီ အဆိုပါပုဂ္ဂိုလ်ထံသို့ သတ်မှတ် ဖော်ပြထားသည့်ပုံစံဖြင့် အကြောင်းကြားစာတစ်စောင်အား ပေးပို့နိုင်သည် - (၁) သတ်မှတ်ဖော်ပြထားသောပြစ်မှုကို ကျူးလွန်ခဲ့ကြောင်းစွပ်စွဲခြင်းနှင့် ထိုပြစ်မှုနှင့် စပ်လျဉ်းသည့် သတ်မှတ်ဖော်ပြထားသည့် အချက်အလက်များကိုဖော်ပြခြင်း၊ (၂) သတ်မှတ်ဖော်ပြထားသော ပြစ်မှုနှင့်ပတ်သက်၍ သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံးပြစ်ဒဏ်အထိ မှတ်ပုံတင် အရာရှိက သတ်မှတ်သောပြစ်ဒဏ်ကိုဖော်ပြခြင်းနှင့် (၃) အောက်ပါတို့ကို ဖော်ပြပါရှိစေခြင်း - (ကက) ဆောင်ရွက်ရမည့် ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ပျက်ကွက်ခြင်းကြောင့် စွဲဆိုခံရသည့် သတ်မှတ်ဖော်ပြထားသော ပြစ်မှုနှင့် သက်ဆိုင်သည့်ကိစ္စရပ်တွင်(၁) ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ဆောင်ရွက်ရန် တာဝန်ရှိမှုသည် အကြောင်းကြားစာပေးပို့ခြင်း သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ် သို့မဟုတ် သတ်မှတ် ဖော်ပြထားသည့် အမြင့်ဆုံးပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်ထားသော ပြစ်ဒဏ်အတွက် ငွေပေးချေခြင်းပြုပြီး သော်လည်း တာဝန်ရှိမှုသည် ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ အကြောင်းကြားစာတွင်သတ်မှတ်ထားသည့် အနည်းဆုံး ၂၁ ရက် ထက်ပိုသော ကာလတစ်ရပ်အတွင်း ထိုသူသည် သတ်မှတ်ဖော်ပြ ထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံး ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိကသတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ်ဖော်ပြထားသည့် အာဏာပိုင် အဖွဲ့ထံသို့ငွေပေးချေပြီး အဆိုပါပြုလုပ်မှု သို့မဟုတ် အကြောင်း အရာကို လိုက်နာဆောင်ရွက်ခဲ့လျှင် ထိုသူအပေါ် သတ်မှတ်ဖော်ပြ ထားသောပြစ်မှုနှင့်စပ်လျဉ်း၍ ထပ်မံအရေးယူ ဆောင်ရွက်ခြင်း မပြုကြောင်းနှင့် (၃) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် ကာလကုန်ဆုံး သည်အထိ ထိုသူသည် သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံးပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ ထံသို့ ငွေပေးချေခြင်းမပြုခဲ့လျှင် သို့မဟုတ် အဆိုပါပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်ခြင်း မပြုခဲ့လျှင် ၎င်းအပေါ် တရားစွဲဆိုဆောင်ရွက်မှုကို ပြုလုပ်နိုင်ကြောင်း သို့မဟုတ် ( ခခ ) ဆောင်ရွက်ရမည့် ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ပျက်ကွက်ခြင်းကြောင့် စွဲဆိုခံရသည့် ပြစ်မှုတစ်ရပ်မဟုတ်သော သတ်မှတ် ဖော်ပြထားသည့် ပြစ်မှုတစ်ရပ်နှင့်သက်ဆိုင်သည့်ကိစ္စရပ်တွင် - (၁) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အနည်းဆုံး ၂၁ ရက် ထက်ပိုသောကာလတစ်ရပ်အတွင်း ထိုသူသည် သတ်မှတ်ဖော်ပြ ထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံးပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေခဲ့လျှင် ထိုသူအပေါ် သတ်မှတ် ဖော်ပြထားသော ပြစ်မှုနှင့်စပ်လျဉ်း၍ ထပ်မံအရေးယူဆောင်ရွက် ခြင်းမပြုကြောင်းနှင့် (၂) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလကုန်ဆုံးသည် အထိ ထိုသူသည် သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ် သို့မဟုတ် အမြင့်ဆုံးသတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ်အထိ မှတ်ပုံတင် အရာရှိကသတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာ တွင်သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေခြင်း မပြုခဲ့လျှင်၎င်းအပေါ်တရားစွဲဆိုဆောင်ရွက်မှုကို ပြုလုပ်နိုင်ကြောင်း။ ( ခ ) ပုဒ်မခွဲ (က) သည် မှတ်ပုံတင်အရာရှိအား အောက်ပါတို့ကို ဆောင်ရွက်ရန် အခွင့်အာဏာ အပ်နှင်းခြင်းမရှိရ(၁) သတ်မှတ်ဖော်ပြထားသော ပြစ်မှုတစ်ရပ်အား ပုဂ္ဂိုလ်တစ်ဦးက ကျူးလွန်ခဲ့ကြောင်း စွပ်စွဲသည့်ကိစ္စအတွက် ပုဒ်မခွဲ (က) အရ အကြောင်းကြားစာ တစ်စောင်ထက်ပိုမို၍ ထိုသူထံသို့ ပေးပို့ခြင်း သို့မဟုတ် (၂) ပုဒ်မ ၄၃၈ ပါပြဋ္ဌာန်းချက်များနှင့်အညီ အဆိုပါပြစ်မှုအတွက် ပုဂ္ဂိုလ်တစ်ဦးဦးအပေါ် တရားစွဲဆို ဆောင်ရွက်နိုင်ခြင်းမရှိလျှင် သတ်မှတ်ဖော်ပြထားသော ပြစ်မှုကို ပုဒ်မခွဲ (က) အရ ၎င်းထံ အကြောင်းကြားစာတစ်စောင်ပေးပို့ခြင်း။ (ဂ ) ပုဒ်မခွဲ (က) အရ ဆောင်ရွက်သည့် အကြောင်းကြားစာကို လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့်ဖြစ်စေ လူပုဂ္ဂိုလ်တစ်ဦးဦးထံသို့ ပေးပို့နိုင်သည်။ (ဃ) သီးခြားပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် စွဲဆိုခံရသည့် သတ်မှတ်ဖော်ပြထားသော ပြစ်မှုတစ်ရပ်ရပ်နှင့် သက်ဆိုင်သည့်ပုဂ္ဂိုလ် တစ်ဦးထံသို့ ပုဒ်မခွဲ (က) အရ အကြောင်းကြားစာတစ်စောင် ပေးပို့သည့်အခါ(၁) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလအတွင်း ထိုသူသည် သတ်မှတ် ဖော်ပြထားသည့် ပြစ်ဒဏ် သို့မဟုတ် အမြင့်ဆုံး သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေပြီး အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်ခဲ့လျှင်၊ ထိုသူအပေါ် သတ်မှတ်ဖော်ပြထားသော ပြစ်မှုနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်ခြင်းမပြုနိုင်၊ (၂) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလအတွင်း ထိုသူသည် သတ်မှတ် ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် အမြင့်ဆုံး သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေသော်လည်း အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိလျှင်၊ ထိုသူအပေါ် သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ အရေးယူ ဆောင်ရွက်ခြင်းမပြုနိုင်။ သို့သော် အဆိုပါပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို ဆောင်ရွက်ရန် ဆက်လက် တာဝန်ရှိပြီး ထိုသို့ ဆောင်ရွက်ရန် ဆက်လက်ပျက်ကွက်နေခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ ၄၄၉ ပါ ပြဋ္ဌာန်းချက်များကို သတ်မှတ်ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့်အမြင့်ဆုံး ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် ပေးချေခဲ့သည့်နေ့ရက်တွင် အကျိုးသက်ရောက်၍ ထိုသူသည် အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် စွဲဆိုခံရသည့် ပြစ်မှုတစ်ရပ်ကို ကျူးလွန်ရာရောက်သည်။ (၃) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလ ကုန်ဆုံးသည့်အထိ ထိုသူသည် သတ်မှတ်ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံး ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သောပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေခြင်းမပြုဘဲ အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်ခဲ့လျှင် ထိုသူအပေါ် သတ်မှတ် ဖော်ပြထားသောပြစ်မှုနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်နိုင်သည် သို့မဟုတ် (၄) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလ ကုန်ဆုံးသည့်အထိ ထိုသူသည် သတ်မှတ်ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံး ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သောပြစ်ဒဏ်အတွက် အကြောင်းကြား စာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေမှုမပြုခြင်း၊ အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်မှုမပြုခြင်း၊ အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်ရန် တာဝန်ဆက်လက် ဖြစ်ပေါ်လျက်ရှိခြင်းများ ပေါ်ပေါက်ခဲ့လျှင် ထိုသူအပေါ် သတ်မှတ်ဖော်ပြထားသော ပြစ်မှုနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်နိုင်သည်။ (င) သီးခြားပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ဆောင်ရွက်ရန်ပျက်ကွက်ခြင်းကြောင့် စွဲဆိုခံရသည့် ပြစ်မှုတစ်ရပ် မဟုတ်သော သတ်မှတ်ဖော်ပြထားသော ပြစ်မှုတစ်ရပ်နှင့် စပ်လျဉ်း၍ ပုဂ္ဂိုလ်တစ်ဦးဦးထံသို့ ပုဒ်မခွဲ (က) အရ အကြောင်းကြားစာတစ်စောင်ကို ပေးပို့သည့်အခါ - (၁) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလအတွင်း ထိုသူသည် သတ်မှတ် ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံးပြစ်ဒဏ် အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သောပြစ်ဒဏ်ကို အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေခဲ့လျှင်၊ ထိုသူအပေါ် သတ်မှတ် ဖော်ပြထားသော ပြစ်မှုနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ခြင်း မပြုနိုင်၊ (၂) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလ ကုန်ဆုံးသည်အထိ ထိုသူသည် သတ်မှတ်ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံး ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြား စာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေမှုမပြုလျှင် ထိုသူအပေါ် သတ်မှတ်ဖော်ပြထားသော ပြစ်မှုနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်နိုင်သည်။ ( စ) သတ်မှတ်ဖော်ပြထားသော ပြစ်မှုတစ်ရပ်နှင့်စပ်လျဉ်း၍ ဤပုဒ်မအရ ပုဂ္ဂိုလ်တစ်ဦးဦးထံသို့ ပေးပို့သည့် အကြောင်းကြားစာပါ ငွေပမာဏကို ထိုသူက ပေးချေခြင်းသည် သတ်မှတ် ဖော်ပြထားသောပြစ်မှုအား ကျူးလွန်ခြင်းနှင့်စပ်လျဉ်း၍ ထိုသူသည် တာဝန်ရှိမှု တစ်ရပ်ရပ်ကို ကင်းလွတ်ခွင့်ပြု ရာရောက်သည့်အနေဖြင့် ဆောင်ရွက်ခြင်း မပြုရ။ (ဆ) ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲငယ် (၁)၊ (၂) နှင့် ပုဒ်မခွဲ (င)၊ ပုဒ်မခွဲငယ် (၁) တို့တွင် ဖော်ပြပါရှိသည့် ကိစ္စရပ်များမှအပ ဤပုဒ်မပါပြဋ္ဌာန်းချက်များသည် ဤပုဒ်မပါကိစ္စရပ်များအတွက် သတ်မှတ်ဖော်ပြထားသော ပြစ်မှုများနှင့်စပ်လျဉ်း၍ တရားစွဲဆိုဆောင်ရွက်ခြင်းနှင့် စပ်လျဉ်းသည့် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက် များကို လိုက်နာဆောင်ရွက်ခြင်းအား ထိခိုက်စေခြင်းမရှိစေရ။ တရားစွဲဆိုဆောင်ရွက်ခြင်းတွင် ကူညီဆောင်ရွက်မည့်သူများ ၄၄၀။ (က) ဤပုဒ်မတွင် တရားပြိုင်ဟု ရည်ညွှန်းမည့် ပုဂ္ဂိုလ်တစ်ဦးဦးအပေါ် ဤဥပဒေအရ ပြစ်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တရားစွဲဆို ဆောင်ရွက်သည့်အခါ သို့မဟုတ် မှတ်ပုံတင် အရာရှိက ဤဥပဒေအရ ပြစ်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တရားစွဲဆို ဆောင်ရွက်သင့်ကြောင်း ထင်မြင်ယူဆသည့်အခါ မှတ်ပုံတင်အရာရှိသည် အောက်ပါပုဂ္ဂိုလ်များကို တရားစွဲဆို ဆောင်ရွက်မှုတွင် ကူညီဆောင်ရွက်စေနိုင်သည်(၁) တရားပြိုင်သည် လူပုဂ္ဂိုလ်တစ်ဦးဦးဖြစ်လျှင် တရားပြိုင်၏ အစုစပ်ဝင်၊ ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်ဖြစ်သော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် (၂) တရားပြိုင်သည် ကော်ပိုရေးရှင်းတစ်ခု ဖြစ်လျှင်၊ တရားပြိုင်၏ အရာရှိ၊ ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးဦးဖြစ်ခဲ့သော သို့မဟုတ် တစ်ဦးဦးဖြစ်သော ပုဂ္ဂိုလ် တစ်ဦးဦး။ ထိုသို့ ဆောင်ရွက်မည့်သူသည် တရားစွဲဆို ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ၎င်းက သင့်လျော်သည့် အကူအညီများ အားလုံးကိုဆောင်ရွက်ပေးရမည်။ ( ခ ) ပုဂ္ဂိုလ်တစ်ဦးဦးသည် တရားစွဲဆို စစ်ဆေးဆောင်ရွက်မှုများတွင် တရားပြိုင်တစ်ဦးအဖြစ် ဖြင့်ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦး၏ ရှေ့နေတစ်ဦးအဖြစ်ဖြင့်ဖြစ်စေ ဆောင်ရွက်ရန်အကြောင်းရှိသည်ဟု မှတ်ပုံတင်အရာရှိက ထင်မြင်ယူဆလျှင် ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့် လိုက်နာ ဆောင်ရွက်ရမည့်အချက်ကို ပြုလုပ်ခြင်းမပြုရ။ (ဂ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) သို့မဟုတ် ပုဒ်မခွဲငယ် (၂) တို့ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့်ပုဂ္ဂိုလ်တစ်ဦးဦးသည် ပုဒ်မခွဲ(က)အရ လိုအပ်သည့်အကူအညီများကို ပံ့ပိုးပေးရန် ပျက်ကွက်လျှင် ထိုသူသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ဆောင်ရွက်သည်ဖြစ်၍ ထိုသို့ဆန့်ကျင်ဆောင်ရွက်မှုအတွက် ထိုသူအပေါ် ထိုက်သင့်သည့် ပြစ်ဒဏ်ကို ထိခိုက်စေခြင်း မရှိစေဘဲ တရားရုံးသည် မှတ်ပုံတင်အရာရှိ၏ လျှောက်ထားမှုအရ အဆိုပါသတ်မှတ်ချက် များကိုလိုက်နာစေရန် အမိန့်ချမှတ်နိုင်ပြီး ထိုအမိန့်တွင်သတ်မှတ်ထားသည့် အချိန်ကာလ အတွင်း သတ်မှတ်ထားသည့် နည်းလမ်းများဖြင့် ဆောင်ရွက်စေနိုင်သည်။ (ဃ) ဤပုဒ်မတွင် တရားပြိုင်နှင့်သက်ဆိုင်သည့် ကိုယ်စားလှယ်ဆိုသည့် စကားရပ်တွင် တရားပြိုင်၏ဝန်ထမ်း သို့မဟုတ် အရာရှိတစ်ဦးဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ တရားပြိုင်၏ ဘဏ်လုပ်ငန်းလုပ်ကိုင်သူ၊ တရားပြိုင်က စာရင်းစစ်အဖြစ် တာဝန်ပေးအပ်ထားသူ တစ်ဦးဦးလည်းပါဝင်သည်။ မြွက်ဟကြေညာခြင်းများ၊ အမိန့်များနှင့် တားမြစ်မိန့်များ တာဝန်များနှင့် စပ်လျဉ်း၍ ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်း ၄၄၁။ (က) မှတ်ပုံတင်အရာရှိသည် ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်း၊ ပြစ်ဒဏ်အမိန့် သို့မဟုတ် လျော်ကြေးပေးရန် အမိန့်တစ်ရပ်ရပ်ကို ချမှတ်ပေးနိုင်ရေးအတွက် တင်ပြ လျှောက်ထားနိုင်သည်။ ( ခ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ဤဥပဒေ၏ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်ဆောင်ရွက်ကြောင်း ယုံကြည်လက်ခံနိုင်သော အကြောင်း ရင်းများ ရှိသည်ဟု တရားရုံးက တွေ့ရှိလျှင် တရားရုံးသည် ပုဒ်မ ၁၉ဝ အရ ချမှတ်နိုင်သော ပြစ်ဒဏ် တစ်ရပ်ရပ်အစား အောက်ပါအမိန့်ကိုချမှတ်နိုင်သည် - (၁) ဤပုဒ်မအရဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာချက်တစ်ရပ်ကို ချမှတ်ခြင်းနှင့် (၂) ပုဒ်မ ၄၄၂ အရ ပြစ်ဒဏ်အမိန့်တစ်ရပ်ရပ်ကို ချမှတ်ခြင်း သို့မဟုတ် (၃) ပုဒ်မ ၄၄၃ အရ လျော်ကြေးပေးရန် အမိန့်တစ်ရပ်ရပ်ကို ချမှတ်ခြင်း။ ( ဂ ) ပုဒ်မခွဲ (ခ) အရ ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာသည့် အမိန့်တစ်ရပ်ကို ချမှတ်ခဲ့လျှင် မှတ်ပုံတင်အရာရှိက ပုဒ်မခွဲ (က) အရ လျော်ကြေးပေးရန် အမိန့်တစ်ရပ်ကို ချမှတ်ပေးနိုင်ရေးအတွက် တင်ပြလျှောက်ထားခြင်း မပြုလုပ်ပါက ကုမ္ပဏီသည် အဆိုပါ လျော်ကြေးပေးရန်အမိန့်တစ်ရပ်အတွက် တင်ပြလျှောက်ထားနိုင်သည်။ (ဃ) ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်း၊ ပြစ်ဒဏ်အမိန့် သို့မဟုတ် လျော်ကြေး ပေးရန်အမိန့်တစ်ရပ်ရပ်ကို ချမှတ်ပေးနိုင်ရေးအတွက် တရားစွဲဆို စစ်ဆေးဆောင်ရွက်မှု များကို ထိုသို့ ဆန့်ကျင်ဆောင်ရွက်သည့်အချိန်ကာလမှ ခြောက်နှစ်ထက်မပိုသော ကာလအတွင်း စတင်တရားစွဲဆိုဆောင်ရွက်နိုင်သည်။ ( င ) တရားရုံးသည် သက်ဆိုင်ရာဥပဒေတွင် ဖော်ပြပါရှိသည့်အတိုင်း ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်း၊ ပြစ်ဒဏ်အမိန့် သို့မဟုတ် လျော်ကြေးပေးရန် အမိန့်တစ်ရပ်ရပ်ကို ချမှတ်ပေးနိုင်ရေးအတွက် တရားစွဲဆို စစ်ဆေးဆောင်ရွက်မှုများကို ကြားနာသည့်အခါ တရားမမှုခင်းများအတွက် သက်သေခံနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ရမည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ပြုလုပ်မှုတစ်ရပ်ကြောင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပြီး ထိုပြုလုပ်မှုသည် ဆန့်ကျင်ဆောင်ရွက်သည့် ပြုလုပ်မှုနှင့် တစ်ထပ်တည်း တူညီနေလျှင် တရားရုံးသည် ထိုသူအပေါ်တွင် ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်း၊ ပြစ်ဒဏ် အမိန့် သို့မဟုတ် လျော်ကြေးပေးရန်အမိန့်တစ်ရပ်ရပ်ကို ချမှတ်ခြင်းမပြုရ။ ပြစ်ဒဏ်အမိန့်များ ၄၄၂။ (က) တရားရုံးသည် အောက်ပါအချက်များကိုတွေ့ရှိရလျှင် ထိုသို့ပြု လုပ်ဆောင်ရွက်သူကို ဒဏ်ကြေးငွေ သိန်း ၁၀၀ အထိ ငွေဒဏ်တစ်ရပ်ရပ်အား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းစေရန် အမိန့်ချမှတ်နိုင်သည် - (၁) ပုဂ္ဂိုလ်တစ်ဦး၏ ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်းကို ပုဒ်မ ၄၄၁အရ ပြုလုပ်ခဲ့လျှင်နှင့် (၂) ဆန့်ကျင်ဆောင်ရွက်ခြင်းသည် - (ကက) ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ၏ အကျိုးစီးပွားကို များစွာ ထိခိုက်စေလျှင် သို့မဟုတ် ( ခခ ) ကုမ္ပဏီ၏ မြီရှင်များသို့ ကုမ္ပဏီက ပေးချေရမည့် လုပ်ကိုင်ဆောင်ရွက် နိုင်မှုကိုများစွာ ထိခိုက်စေလျှင်။ ( ခ ) တရားရုံးမှ ချမှတ်သော ပြစ်ဒဏ်သည် နိုင်ငံတော်၏ကိုယ်စား မှတ်ပုံတင်အရာရှိထံသို့ ပေးချရမည့် တရားမကြွေးမြီတစ်ရပ် ဖြစ်သည်။ ထိုသူအပေါ် တင်ရှိနေသည့် ကြွေးမြီအား ရရှိနိုင်ရေးအတွက် ထိုသူအပေါ်တွင် တရားမမှုစွဲဆိုဆောင်ရွက်ပြီး အမိန့်တစ်ရပ် ချမှတ် ထားသကဲ့သို့ မှတ်ပုံတင်အရာရှိသည် ထိုအမိန့်ကို အတည်ပြု ဆောင်ရွက်နိုင်သည်။ လျော်ကြေးပေးရန်အမိန့်များ ၄၄၃။ (က) ပြစ်ဒဏ်အမိန့်တစ်ရပ်ကို ပုဒ်မ ၄၄၂ အရ လျှောက်ထားခဲ့ခြင်း သို့မဟုတ် ချမှတ်ခဲ့ခြင်း မရှိခဲ့လျှင်၊ တရားရုံးသည် အောက်ပါအချက်များကို တွေ့ရှိရပါက ကုမ္ပဏီအနေဖြင့် ထိခိုက် နစ်နာခဲ့သည်များအတွက် ပုဂ္ဂိုလ်တစ်ဦးက ကုမ္ပဏီသို့ လျော်ကြေးပေးစေရန် အမိန့် ချမှတ်နိုင်သည်(၁) ထိုသူ၏ ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်းကို ပုဒ်မ ၄၄၁ အရ ပြုလုပ်ခဲ့လျှင်နှင့် (၂) ထိခိုက်နစ်နာမှုသည် ဆန့်ကျင်ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့လျှင်။ ( ခ ) အမိန့်တွင် လျော်ကြေးပေးရမည့်ပမာဏကို သတ်မှတ်ဖော်ပြရမည်။ (ဂ ) လျော်ကြေးပေးရန်အမိန့်တစ်ရပ် ချမှတ်နိုင်ရေးအတွက် ကုမ္ပဏီမှ ထိခိုက်နစ်နာခဲ့သည် များကိုဆုံးဖြတ်ရာတွင် တရားရုံးသည် ဆန့်ကျင်ဆောင်ရွက်မှု သို့မဟုတ် ပြစ်မှုကြောင့် ပုဂ္ဂိုလ်တစ်ဦးဦးကပြုလုပ်သည့် အကျိုးအမြတ်များကိုလည်း ထည့်သွင်းစဉ်းစား သုံးသပ် နိုင်သည်။ (ဃ) လျော်ကြေးပေးရန် အမိန့်တစ်ရပ်ကို တရားရုံး၏ စီရင်ဆုံးဖြတ်ချက်တစ်ရပ်ကဲ့သို့ အတည်ပြု ဆောင်ရွက်နိုင်သည်။ တားမြစ်အမိန့်များ ၄၄၄။ (က) အောက်ပါကိစ္စရပ်များပေါ်ပေါက်လျှင် (၁) ဤဥပဒေအား ဆန့်ကျင်ဆောင်ရွက်မှု တစ်ရပ်ဖြစ်သည့် သို့မဟုတ် ဖြစ်နိုင်သည့် တစ်ဦးတစ်ယောက်၏ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ဤဥပဒေအရ ဆောင်ရွက်သည့်အခါ၊ (၂) ဤဥပဒေအား ဆန့်ကျင်ဆောင်ရွက်မှု တစ်ရပ်အတွက် တစ်ဦးတစ်ယောက်ကို တရားစွဲဆိုဆောင်ရွက်သည့်အခါသို့မဟုတ် (၃) ဤဥပဒေအရ တစ်ဦးတစ်ယောက်ကို တရားမမှုခင်းတစ်ရပ် စစ်ဆေးဆောင်ရွက် သည့်အခါ။ ဤပုဒ်မတွင် သက်ဆိုင်သည့်ပုဂ္ဂိုလ်ဟု ခေါ်တွင်မည့် ပုဒ်မခွဲငယ် (၁)၊ (၂) နှင့် (၃) တို့တွင် ဖော်ပြထားသော ပုဂ္ဂိုလ်တစ်ဦးဦးက ကြွေးမြီနှင့် စပ်လျဉ်း၍ဖြစ်စေ၊ လျော်ကြေး သို့မဟုတ် အခြားကိစ္စရပ်အတွက်ဖြစ်စေ ငွေပေးချေရန်သော်လည်းကောင်း သို့မဟုတ် ပစ္စည်းအတွက် ပေးသွင်းရန်သော်လည်းကောင်း တာဝန်ရှိသော သို့မဟုတ် တာဝန်ရှိမည်ဖြစ်သော ဤပုဒ်မတွင် နစ်နာသောပုဂ္ဂိုလ်ဟု ခေါ်တွင်မည့် အခြားပုဂ္ဂိုလ်တစ်ဦး၏ အကျိုးခံစားခွင့်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် ထိုသို့ဆောင်ရွက်ရန် လိုအပ်ကြောင်း သို့မဟုတ် ထိုသို့ဆောင်ရွက်စေလိုကြောင်း တရားရုံးကဆုံးဖြတ်လျှင် တရားရုံးသည် မှတ်ပုံတင် အရာရှိကဖြစ်စေ၊ နစ်နာသူတစ်ဦးဦးကဖြစ်စေ တင်ပြလျှောက်ထားလာလျှင် ပုဒ်မခွဲ (ခ) ပါ အမိန့်တစ်ရပ် သို့မဟုတ် အမိန့်များကို ချမှတ်နိုင်သည်။ ( ခ) ပုဒ်မခွဲ(က)နှင့် စပ်လျဉ်း၍ တရားရုံးမှ အောက်ပါအမိန့်တစ်ရပ် သို့မဟုတ် အမိန့်များကို ချမှတ်နိုင်သည်(၁) ကြွေးမြီတင်ရှိနေသည့်ပုဂ္ဂိုလ်တစ်ဦးကို သက်ဆိုင်သည့်ပုဂ္ဂိုလ် သို့မဟုတ် ၎င်း၏ တွဲဖက်လုပ်ကိုင်သူ တစ်ဦးဦးထံသို့ ကြွေးမြီအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ပေးချေခြင်းမှလည်းကောင်း၊ ကြွေးမြီတင်ရှိနေသည့်ပုဂ္ဂိုလ်၏ ညွှန်ကြားချက် သို့မဟုတ် တောင်းဆိုချက်အရ အခြားပုဂ္ဂိုလ်တစ်ဦးဦးသို့ ငွေပေးချေခြင်းမှလည်းကောင်း တားမြစ်သည့်အမိန့်၊ (၂) သက်ဆိုင်သည့်ပုဂ္ဂိုလ်၏ကိုယ်စား သို့မဟုတ် ၎င်း၏ တွဲဖက်လုပ်ကိုင်သူတစ်ဦး၏ ကိုယ်စား ငွေကြေး သို့မဟုတ် အခြားပစ္စည်းများကို လက်ဝယ်ထားရှိသူတစ်ဦးကို ငွေကြေး သို့မဟုတ် အခြားပစ္စည်းကို ကိုယ်စားလက်ဝယ်ထားရှိခွင့်ပြုသူ၏ ညွှန်ကြားချက် သို့မဟုတ် တောင်းဆိုချက်အရ အခြားပုဂ္ဂိုလ်တစ်ဦးဦးထံသို့ ငွေကြေး အားလုံးကိုဖြစ်စေ၊ တစ်ရပ်ရပ်ကိုဖြစ်စေ ပေးချေခြင်းမှလည်းကောင်း၊ အခြား ပစ္စည်းများကို လွှဲပြောင်းခြင်း သို့မဟုတ် ပိုင်ဆိုင်မှုကို ခွဲဝေပေးခြင်းမှလည်းကောင်း တားမြစ်သည့်အမိန့်၊ (၃) သက်ဆိုင်သည့်ပုဂ္ဂိုလ် သို့မဟုတ် ၎င်း၏ တွဲဖက်လုပ်ကိုင်သူတစ်ဦးဦး၏ ငွေကြေးများကို တစ်ဦးတစ်ယောက်က နိုင်ငံတော်၏ ပြင်ပသို့ယူဆောင်ခြင်းကိုဖြစ်စေ၊ ပို့ဆောင်ခြင်းကိုဖြစ်စေ တားမြစ်သည့်အမိန့်၊ (၄) သက်ဆိုင်သည့်ပုဂ္ဂိုလ် သို့မဟုတ် ၎င်း၏တွဲဖက်လုပ်ကိုင်သူတစ်ဦးဦး၏ ပစ္စည်းကို တစ်ဦးတစ်ယောက်က နိုင်ငံတော်၏ ပြည်တွင်းတစ်နေရာမှ နိုင်ငံတော်၏ပြင်ပ တစ်နေရာသို့ ယူဆောင်ခြင်း၊ ပေးပို့ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းကိုတားမြစ်သည့်အမိန့်၊ (၅) ခန့်အပ်သည့်အမိန့် - (ကက) သက်ဆိုင်သည့်ပုဂ္ဂိုလ်သည် လူပုဂ္ဂိုလ်ဖြစ်လျှင် ထိုသူ၏ပစ္စည်း သို့မဟုတ် ထိုသူ၏ ပစ္စည်းတစ်စိတ်တစ်ဒေသနှင့်စပ်လျဉ်း၍ တရားရုံးက ချမှတ်သည့် အမိန့်အရ အခွင့်အာဏာများရရှိသည့် ပစ္စည်းလက်ခံ ထိန်းသိမ်းသူ သို့မဟုတ် ယုံကြည်အပ်နှံခြင်းခံရသူအား ခန့်အပ်သည့်အမိန့် သို့မဟုတ် ( ခခ ) သက်ဆိုင်သည့်ပုဂ္ဂိုလ်သည် ကုမ္ပဏီအပါအဝင် အဖွဲ့အစည်းတစ်ခု ဖြစ်လျှင် ထိုသူ၏ပစ္စည်း သို့မဟုတ် ထိုသူ၏ပစ္စည်းတစ်စိတ်တစ်ဒေသနှင့် စပ်လျဉ်း၍ တရားရုံးက ချမှတ်သည့်အမိန့်အရအခွင့်အာဏာများရရှိသည့် ပစ္စည်းလက်ခံ ထိန်းသိမ်းသူ သို့မဟုတ် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ ခန့်အပ်သည့် အမိန့်၊ (၆) သက်ဆိုင်သည့်ပုဂ္ဂိုလ်သည် လူပုဂ္ဂိုလ်ဖြစ်လျှင် တရားရုံးက သင့်သည်ထင်မြင်သည့် အတိုင်း ထိုသူ၏ နိုင်ငံကူးလက်မှတ်နှင့် အခြားစာရွက်စာတမ်းများကို တရားရုံးသို့ တင်ပြစေရန် ချမှတ်သည့်အမိန့် သို့မဟုတ် (၇) သက်ဆိုင်သည့်ပုဂ္ဂိုလ်သည် လူပုဂ္ဂိုလ်ဖြစ်လျှင် ထိုသူကို တရားရုံး၏ ခွင့်ပြုချက် မပါရှိဘဲ နိုင်ငံတော်အတွင်းမှ ထွက်ခွာခြင်းကို တားမြစ်သည့်အမိန့်။ (ဂ) ပုဒ်မခွဲ (ခ)အရ ပြုမူဆောင်ရွက်မှုများကို တားမြစ်ရန် အပြည့်အဝဖြင့်သော်လည်းကောင်း၊ ခြွင်းချက်ဖြင့်သော်လည်းကောင်း အမိန့်ချမှတ်နိုင်သည်။ (ဃ) ပုဒ်မခွဲ (က) အရ အမိန့်တစ်ရပ်ရပ်ကို ချမှတ်ပေးနိုင်ရေးအတွက် လျှောက်ထားမှုကို တရားရုံးသို့ တင်ပြရာတွင် တရားရုံးက ဆောင်ရွက်သင့်သည်ဟု ထင်မြင်ပါက လျှောက်ထားမှုကို ဆုံးဖြတ်ခြင်းမပြုမီ တရားရုံးသည် လျှောက်ထားမှုကို ဆုံးဖြတ်ရန် အချိန်ရွှေ့ဆိုင်းကြောင်း ဖော်ပြပါရှိစေမည့် ကြားဖြတ်အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည်။ (င) ပုဒ်မခွဲ (က) အရ လျှောက်ထားတင်ပြလာသည့်အခါ တရားရုံးသည် လျှောက်ထားသူကို ဖြစ်စေ၊ အခြားသူတစ်ဦးဦးကိုဖြစ်စေ ပုဒ်မခွဲ (ဃ) အရ ကြားဖြတ်အမိန့်တစ်ရပ်ချမှတ်သည့် စည်းကမ်းချက်တစ်ရပ်အဖြစ် နစ်နာမှုများနှင့်စပ်လျဉ်း၍ တာဝန်ယူမှု ပြုလုပ်စေခြင်း မရှိစေရ။ ( စ ) တရားရုံးသည် တစ်ဦးတစ်ယောက်၏ လျှောက်ထားမှုအပေါ် ဤပုဒ်မအရ အမိန့်တစ်ရပ် ချမှတ်သည့်အခါထိုသူကဖြစ်စေ၊ ချမှတ်သည့်အမိန့်နှင့် သက်ဆိုင်သည့်သူကဖြစ်စေ၊ လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် ပထမချမှတ်ထားသည့် အမိန့်ကိုပယ်ဖျက်သည့် သို့မဟုတ် ပြင်ဆင်သည့် အမိန့်တစ်ရပ်အား ထပ်မံချမှတ်နိုင်သည်။ (ဆ) ပုဒ်မခွဲ (က) သို့မဟုတ် (ဂ) အရ ချမှတ်သည့် အမိန့်တစ်ရပ်တွင် သတ်မှတ်ဖော်ပြ ထားသည့် အချိန်ကာလတစ်ရပ်အထိ သို့မဟုတ် ဤပုဒ်မအရ အခြားအမိန့်တစ်ရပ်ဖြင့် ထိုအမိန့်အားပယ်ဖျက်သည့် အချိန်ကာလအထိ အကျိုးသက်ရောက်ကြောင်း ဖော်ပြနိုင်သည်။ တားမြစ်မိန့်များ ချမှတ်နိုင်သည့် အခွင့်အာဏာများ ၄၄၅။ (က) တစ်ဦးတစ်ယောက်သည် အောက်ပါအခြေအနေတစ်ရပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်နေသည့် သို့မဟုတ် ကျူးလွန်မည့် အပြုအမူကို ပြုလုပ်ခဲ့လျှင် သို့မဟုတ် ပြုလုပ်နေလျှင် သို့မဟုတ် ပြုလုပ်မည့်အခြေအနေရှိလျှင် မှတ်ပုံတင်အရာရှိ သို့မဟုတ် ထိုအပြုအမူကြောင့် အကျိုးခံစားခွင့် ထိခိုက်နစ်နာသူ သို့မဟုတ် နစ်နာမည့်သူတစ်ဦးဦး၏ လျှောက်ထားချက်အရ တရားရုံးသည် သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များ သတ်မှတ်၍ ဖော်ပြပါပုဂ္ဂိုလ်က အဆိုပါအပြုအမူများကို ဆောင်ရွက်ခြင်းမှတားမြစ်သည့် အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည့်အပြင် တရားရုံးက ဆောင်ရွက်ရန် လိုအပ်သည်ဟု ထင်မြင်သည့်အတိုင်း ထိုသူကို ပြုလုပ်မှု သို့မဟုတ် ကိစ္စတစ်ရပ်ရပ်ကိုဆောင်ရွက်စေနိုင်သည်(၁) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ခြင်း၊ (၂) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ရန် အားထုတ်ခြင်း၊ (၃) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ရန်အတွက် တစ်ဦးတစ်ယောက်ကို ကူညီခြင်း၊ အားပေးကူညီခြင်း၊ အကြံပေးခြင်း သို့မဟုတ် တိုက်တွန်းခြင်း၊ (၄) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ရန်အတွက် တစ်ဦးတစ်ယောက်ကို ခြိမ်းခြောက်၍ ဖြစ်စေ၊ ကတိပြု၍ သို့မဟုတ် အခြားနည်းဖြင့် ဆောင်ရွက်၍ဖြစ်စေ သွေးဆောင်ခြင်း သို့မဟုတ် သွေးဆောင်ရန်အားထုတ်ခြင်း၊ (၅) ဤဥပဒေကို တစ်ဦးတစ်ယောက်က ဆန့်ကျင်ဆောင်ရွက်ရာတွင် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကြောင်းတစ်ရပ်ရပ်ဖြင့် ပါဝင် ပတ်သက်ခဲ့ခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊ (၆) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ရန်အတွက် အခြားသူများနှင့် ပူးပေါင်းကြံစည်ခဲ့ခြင်း၊ ( ခ ) တစ်ဦးတစ်ယောက်သည် ဤဥပဒေအရ ဆောင်ရွက်ရမည့် ပြုလုပ်မှု သို့မဟုတ် ကိစ္စရပ်ကို ဆောင်ရွက်ရန် ငြင်းဆိုခဲ့လျှင် သို့မဟုတ် ပျက်ကွက်ခဲ့လျှင်ဖြစ်စေ၊ ငြင်းဆိုနေလျှင် သို့မဟုတ် ပျက်ကွက်နေလျှင်ဖြစ်စေ၊ ငြင်းဆိုမည့် သို့မဟုတ် ပျက်ကွက်မည့် အခြေအနေရှိလျှင်ဖြစ်စေ၊ တရားရုံးသည် - (၁) မှတ်ပုံတင်အရာရှိ၏ လျှောက်ထားမှုအရ သို့မဟုတ် (၂) အဆိုပါ ပြုလုပ်မှု သို့မဟုတ် ကိစ္စရပ်ကို ဆောင်ရွက်ရန် ငြင်းဆိုခြင်း သို့မဟုတ် ပျက်ကွက်ခြင်းကြောင့် အကျိုးခံစားခွင့်များ ထိခိုက်နစ်နာသည့် သို့မဟုတ် ထိခိုက် နစ်နာမည့် ပုဂ္ဂိုလ်တစ်ဦးဦးက လျှောက်ထားမှုအရ သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များဖြင့် ထိုသူအား အဆိုပါပြုလုပ်မှု သို့မဟုတ် ကိစ္စရပ်ကို ဆောင်ရွက် စေရန် တားမြစ်အမိန့်တစ်ရပ် ချမှတ်နိုင်သည်။ (ဂ) ပုဒ်မခွဲ(က) သို့မဟုတ် (ခ) တို့အရ တားမြစ်အမိန့်တစ်ရပ်ရပ် ချမှတ်ပေးနိုင်ရေးအတွက် လျှောက်ထားလာလျှင် တရားရုံးက ထိုသို့လျှောက်ထားမှုမှာ သင့်လျော်သည်ဟု ဆုံးဖြတ်ပါက အဆိုပါပုဒ်မခွဲပါ ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်မည်၊ မဆောင်ရွက်မည်ကို ထည့်သွင်း စဉ်းစားရန်မလိုဘဲ စစ်ဆေးဆောင်ရွက်နေသည့်ကိစ္စရပ်မှ အမှုသည်များ၏ သဘောတူဆန္ဒဖြင့် တားမြစ်အမိန့်တစ်ရပ်အား ချမှတ်နိုင်သည်။ (ဃ) တရားရုံးသည် ပုဒ်မခွဲ (က) သို့မဟုတ် (ခ) တို့အရ ချမှတ်ထားသည့် တားမြစ်အမိန့် တစ်ရပ်ရပ်ကို ပယ်ဖျက်နိုင်သည် သို့မဟုတ် ပြင်ဆင်နိုင်သည်။ ( င ) မှတ်ပုံတင်အရာရှိက ဤပုဒ်မအရ တားမြစ်အမိန့်တစ်ရပ် ချမှတ်ပေးနိုင်ရေးအတွက် တရားရုံးသို့ တင်ပြလျှောက်ထားလာသည့်အခါ တရားရုံးသည်လျှောက်ထားသူကိုဖြစ်စေ၊ အခြားသူတစ်ဦးဦးကိုဖြစ်စေ ကြားဖြတ်အမိန့်တစ်ရပ်ချမှတ်သည့် စည်းကမ်းချက် တစ်ရပ်အဖြစ် နစ်နာမှုများနှင့်စပ်လျဉ်း၍ တာဝန်ယူမှု ပြုလုပ်စေခြင်းမရှိစေရ။ ( စ ) တစ်ဦးတစ်ယောက်ကို ဤပုဒ်မအရ တရားစွဲဆိုစစ်ဆေးဆောင်ရွက်ရာတွင် တရားရုံးသည် ထိုသူနှင့်စပ်လျဉ်း၍ ပုဒ်မ ၄၄၄ အရ အမိန့်တစ်ရပ်ချမှတ်နိုင်သည်။ (ဆ) ဤပုဒ်မအရ တရားရုံးသည် တစ်ဦးတစ်ယောက်အား သီးခြားအပြုအမူတစ်ရပ်ကို ဆောင်ရွက်ခြင်းမှ တားမြစ်ခြင်း၊ သို့မဟုတ် သီးခြားပြု လုပ်မှုကိုဖြစ်စေ၊ ကိစ္စရပ်ကိုဖြစ်စေ ဆောင်ရွက်စေခြင်းတို့အတွက် တားမြစ်အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည့် အခွင့်အာဏာရှိရာ တရားရုံးသည် တားမြစ်အမိန့်ချမှတ်ရန်အတွက် ဖြည့်စွက်၍လည်းကောင်း၊ အစားထိုး၍ လည်းကောင်း နစ်နာမှုများအတွက် ထိုသူက အခြားသူသို့ ငွေပေးချေစေရန် အမိန့်ချမှတ် နိုင်သည်။ တရားရုံး၏ အခြားသော အခွင့်အာဏာများကို ကန့်သတ်ထားမှု မရှိခြင်း ၄၄၆။ ဤအခန်းတွင်ပါရှိသော မည်သည့် ပြဋ္ဌာန်းချက်ကမျှ ဤအခန်းပါ အခွင့်အာဏာများအပြင် တရားရုံးကရရှိသည့် အခွင့်အာဏာများကို ထိခိုက်စေခြင်း မရှိစေရ။ မှုခင်းများ စစ်ဆေးဆောင်ရွက်ရာတွင် စာရင်းစာအုပ်များကို အသုံးပြုခြင်းနှင့် စာရင်းစာအုပ်အမျိုးအစား စာရင်းစာအုပ်များကို သက်သေခံအဖြစ် တင်ပြခွင့်ပြုခြင်း ၄၄၇။ (က) ဤဥပဒေပါပြဋ္ဌာန်းချက်များတစ်ရပ်ရပ်အရ ကုမ္ပဏီက ထိန်းသိမ်းပြုစုထားရှိရသော စာရင်းစာအုပ်မူရင်းတစ်ခုခုကို မည်သည့် မှုခင်းစစ်ဆေးဆောင်ရွက်ခြင်းတွင်မဆို သက်သေခံအဖြစ် တင်ပြခွင့်ရှိပြီး ယင်းစာရင်းစာအုပ်သည် ၎င်းတွင်ဖော်ပြထားသော သို့မဟုတ် မှတ်တမ်းတင်ထားသော ကိစ္စရပ်များအတွက် မြင်သာသော အထောက်အထား ရှိပြီးဖြစ်သည့် သက်သေခံချက်တစ်ရပ် ဖြစ်စေရမည်။ ( ( ခ ) ကုမ္ပဏီတစ်ခုက ထိန်းသိမ်းထားရှိရမည့် မူရင်းစာရင်းစာအုပ်အဖြစ် ပြုလုပ်ထားသော စာရွက်စာတမ်းတစ်ရပ်ရပ်သည် ဆန့်ကျင်ကွဲလွဲမှုတစ်စုံတစ်ရာ မရှိခဲ့လျှင် ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့်အတိုင်း ထိန်းသိမ်းထားသော စာရင်းစာအုပ်တစ်အုပ်ဖြစ်သည်။ စာရင်းစာအုပ်အမျိုးအစားများနှင့် သက်သေခံအထောက်အထားတန်ဖိုး ၄၄၈။ (က) ဤဥပဒေအရ ထိန်းသိမ်းထားရှိရန် သို့မဟုတ် ပြုစုထားရှိရန်လိုအပ်သည့် စာရင်းစာအုပ် များကို အောက်ပါအတိုင်း ထိန်းသိမ်းထားရှိရမည် သို့မဟုတ် ပြုစုထားရှိရမည် - (၁) ချုပ်ထားသောစာအုပ် သို့မဟုတ် ချုပ်၍မထားဘဲ စည်းနှောင်ထားသော စာအုပ်တွင် ရေးသွင်းမှုများပြုလုပ်ခြင်း သို့မဟုတ် (၂) သက်ဆိုင်သည့်ကိစ္စရပ်များကို စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့် ဖြစ်စေ သို့မဟုတ် အခြားပစ္စည်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ မှတ်တမ်းတင်ထားရှိခြင်း သို့မဟုတ် သိမ်းဆည်းထားခြင်း သို့မဟုတ် (၃) မှတ်ပုံတင်အရာရှိက အတည်ပြုလက်ခံသောအခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့်ပြုစုထားခြင်း။ ( ခ) ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်များသည် အောက်ပါအတိုင်း ဆောင်ရွက်ထားခြင်းမရှိခဲ့လျှင် စာရင်းစာအုပ်ကို စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားပစ္စည်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ ထိန်းသိမ်းထားရှိခြင်း သို့မဟုတ် ပြုစုထားရှိခြင်းကို ခွင့်မပြုရ(၁) မှတ်တမ်းတင်ထားသော သို့မဟုတ် သိမ်းဆည်းထားသော ကိစ္စရပ်များသည် မည်သည့် အချိန်တွင်မဆို စာဖြင့်ရေးသားပြုစုထားသည့်ပုံစံအနေဖြင့် ပြန်လည်ရယူနိုင်သည့် အခြေအနေတွင်ရှိခြင်း သို့မဟုတ် (၂) အဆိုပါ ကိစ္စရပ်များကို မှတ်ပုံတင်အရာရှိက အတည်ပြုလက်ခံသော စာဖြင့်ရေးသား ပြုစုထားသည့် ပုံစံအနေဖြင့် ပြန်လည်ရယူထားခြင်း။ (ဂ ) ကုမ္ပဏီတစ်ခုသည် ဤဥပဒေအရ ၎င်းအနေဖြင့် ထိန်းသိမ်းထားရှိရသော သို့မဟုတ် ပြုစုထားရှိရသော စာရင်းစာအုပ်တစ်ရပ်ရပ် သို့မဟုတ် စာရင်းစာအုပ်၏တစ်စိတ်တစ်ဒေသကို ထိခိုက်ပျက်စီးမှု၊ ဖျက်ဆီးမှု၊ သို့မဟုတ် အချက်အလက်များ မှားယွင်းစေရန် ပြင်ဆင်မှုများ မဖြစ်ပေါ်စေရန်အတွက်သော်လည်းကောင်း၊ ယင်းစာရင်းစာအုပ်ရှိ အချက်အလက် မှားယွင်းမှုများကို ဖော်ထုတ်ရန်အတွက်သော်လည်းကောင်း သတ်မှတ်ဖော်ပြထားသည့် အတိုင်း ကြိုတင်ဆောင်ရွက်မှုများရှိခဲ့လျှင် အဆိုပါဆောင်ရွက်မှုများအပါအဝင် ထိုက်သင့်သည့် ကြိုတင်ဆောင်ရွက်မှုများအားလုံးကို ပြု လုပ်ဆောင်ရွက်ထားရမည်။ (ဃ) ကုမ္ပဏီတစ်ခုသည် အကြောင်းကိစ္စရပ်များကို စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ် နည်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားပစ္စည်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ မှတ်တမ်းတင်ထားရှိသည့်အခါ သို့မဟုတ် ထိန်းသိမ်းထားရှိသည့်အခါ အဆိုပါအကြောင်းကိစ္စများပါဝင်သော စာရင်းစာအုပ်ကို စစ်ဆေးကြည့်ရှုနိုင်စေရန် သို့မဟုတ် အဆိုပါအကြောင်းကိစ္စများပါဝင်သော စာရင်းစာအုပ် တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ မိတ္တုများကူးယူနိုင်စေရန် ဤဥပဒေအရ ဆောင်ရွက်ပေးရမည့် တာဝန်တစ်ရပ်ရပ်သည် စာဖြင့်ရေးသားထားသည့်ပုံစံဖြင့် ထားရှိသော အကြောင်းကိစ္စများကို စစ်ဆေးကြည့်ရှုနိုင်စေရန် သို့မဟုတ် ထိုအကြောင်းကိစ္စတစ်ရပ်လုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ စာဖြင့်ရေးသားထားပြီး ရှင်းလင်းကောင်းမွန်သည့် ပုံစံဖြင့် ရယူထားရှိသော စာရွက်စာတမ်းကို ပြုစုပေးနိုင်စေရန်အတွက် ပြုလုပ်ပေးရမည့် တာဝန်တစ်ရပ်အဖြစ် အဓိပ္ပာယ်ကောက်ယူရမည်။ (င) ပုဒ်မခွဲ (ဃ) အရ ပြုစုထားရှိရမည့် စာရွက်စာတမ်းများတွင် ပါဝင်သော သတင်း အချက်အလက်များကို အချိန်နှင့်တပြေးညီဖြစ်စေရန် မည်သို့ပြင်ဆင် ပြုစုရမည်ဟူသော ညွှန်ကြားချက်များကို မှတ်ပုံတင်အရာရှိက ထုတ်ပြန်နိုင်သည်။ ( စ ) အကယ်၍(၁) ဤဥပဒေပါပြဋ္ဌာန်းချက်များကြောင့် ဤဥပဒေအရ ထိန်းသိမ်းထားရှိရသည့် သို့မဟုတ် ပြုစုထားရှိရသည့် စာရင်းစာအုပ်သည် အကြောင်းကိစ္စတစ်ရပ်ရပ်အတွက် ထင်ရှားမြင်သာသော သက်သေခံအထောက်အထားဖြစ်လျှင်၊ ၎င်းအပြင် (၂) အဆိုပါ စာရင်းစာအုပ် သို့မဟုတ် စာရင်းစာအုပ်၏ တစ်စိတ်တစ်ဒေသဖြစ်သည့် အကြောင်းကိစ္စရပ်များကို စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့် ဖြစ်စေ၊ အခြားပစ္စည်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ ထိန်းသိမ်းထားရှိလျှင် သို့မဟုတ် မှတ်တမ်းတင်ထားရှိလျှင်။ ထိုသို့မှတ်တမ်းတင်ထားရှိသည့် သို့မဟုတ် ထိန်းသိမ်းထားသည့် အကြောင်းကိစ္စများကို ထုတ်ယူရရှိသည့် စာဖြင့်ရေးသားထားသော စာရွက်စာတမ်းသည် အဆိုပါကိစ္စရပ် အတွက် ထင်ရှားမြင်သာသော သက်သေခံအထောက်အထား ဖြစ်သည်။ (ဆ) စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားပစ္စည်း တစ်မျိုးမျိုးဖြင့်ဖြစ်စေ မှတ်တမ်းတင်ထားရှိသည့် သို့မဟုတ် ထိန်းသိမ်းထားရှိသည့် အကြောင်းကိစ္စတစ်ခုကို စာဖြင့်ရေးသားထုတ်ယူခြင်းသည် ဆန့်ကျင်ကွဲလွဲမှုတစ်စုံတစ်ရာ မရှိလျှင် အဆိုပါအကြောင်းကိစ္စ၏ စာဖြင့်မှတ်တမ်းတင်ထားရှိသည့် အကြောင်းကိစ္စတစ်ရပ် ဖြစ်သည်ဟု သတ်မှတ်ရမည်။ စာရွက်စာတမ်းများကို ပေးပို့ခြင်းနှင့် ၎င်းတို့သည် အစစ်အမှန်ဖြစ်ခြင်းအကြောင်း ကုမ္ပဏီသို့ စာရွက်စာတမ်းများ ပေးပို့ခြင်း ၄၄၉။ စာရွက်စာတမ်းများကို ပေးပို့ဆောင်ရွက်ရမည့် အခြားသောနည်းလမ်းတစ်ရပ်ရပ်ကို ကန့်သတ် တားမြစ်ထားခြင်းမရှိစေဘဲ စာရွက်စာတမ်းတစ်ရပ်ရပ်ကို ကုမ္ပဏီတစ်ခုသို့ အောက်ပါအတိုင်း ပေးပို့ဆောင်ရွက်နိုင်သည်(က) ကုမ္ပဏီ၏ မှတ်ပုံတင်ထားသောရုံးခန်းသို့ ကိုယ်တိုင်ပေးပို့ခြင်း သို့မဟုတ် စာတိုက်မှ တစ်ဆင့်ပေးပို့ခြင်း သို့မဟုတ် ( ခ) ပုဒ်မ ၄၂၁ အရ မှတ်ပုံတင်အရာရှိက ထိန်းသိမ်းထားရှိရသည့် မှတ်ပုံတင်စာရင်းတွင် ကုမ္ပဏီ၏ ဒါရိုက်တာများအဖြစ် အမည်စာရင်းပါရှိသော ပုဂ္ဂိုလ်တစ်ဦးဦးထံသို့ပေးပို့ခြင်း သို့မဟုတ် (ဂ ) ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သောအဓိကနေရပ်ရှိ ကုမ္ပဏီ၏ ဝန်ထမ်း တစ်ဦးဦးထံသို့ပေးပို့ခြင်း သို့မဟုတ် (ဃ) တရားစွဲဆို စစ်ဆေးဆောင်ရွက်မှု တစ်ရပ်ရပ်တွင် စာပေးပို့ရန်အတွက် တရားရုံးက ညွှန်ကြားသည့် နည်းလမ်းများနှင့်အညီပေးပို့ခြင်း သို့မဟုတ် (င ) ကုမ္ပဏီနှင့်ပြုလုပ်ထားသော သဘောတူညီချက်တစ်ရပ်ရပ်နှင့်အညီပေးပို့ခြင်း။ မှတ်ပုံတင်အရာရှိထံသို့ စာရွက်စာတမ်းများ ပေးပို့ခြင်း ၄၅၀။ စာရွက်စာတမ်းတစ်ခုခုကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ဆောင်ရွက်ရာတွင် ၎င်းထံသို့ စာတိုက်မှ တစ်ဆင့်သော်လည်းကောင်း၊ ကိုယ်တိုင်ပေးပို့ခြင်းဖြင့်သော်လည်းကောင်း၊ ၎င်း၏ ရုံးခန်းသို့ ပေးပို့ခြင်းဖြင့် သော်လည်းကောင်း ဆောင်ရွက်နိုင်သည်။ စာရွက်စာတမ်းများ အစစ်အမှန်ဖြစ်ခြင်း ၄၅၁။ စာရွက်စာတမ်း သို့မဟုတ် မှုခင်းဆောင်ရွက်မှုတစ်ရပ်ရပ်သည် အစစ်အမှန်ဖြစ်သည်ဟု ကုမ္ပဏီကဖော်ပြနိုင်သည့် အခြားသောနည်းလမ်းတစ်ရပ်ရပ်ကိုဖြစ်စေ၊ ပုဒ်မ ၃၁ အရ ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နေသော ပုဂ္ဂိုလ်တစ်ဦးဦးက ပြုလုပ်ဆောင်ရွက်ခွင့်ရှိသည့် ယူဆချက်များကို ဖြစ်စေ ကန့်သတ်တားမြစ်ထားခြင်း မရှိစေဘဲ ကုမ္ပဏီက အစစ်အမှန်ဖြစ်သည်ဟု ဖော်ပြရန်လိုအပ်သော စာရွက်စာတမ်း သို့မဟုတ် မှုခင်းဆောင်ရွက်မှု တစ်ရပ်ရပ်ကို ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဦး၊ အတွင်းရေးမှူး သို့မဟုတ် အခြားသော အခွင့်အာဏာ အပ်နှင်းခြင်းခံရသော အရာရှိတို့က လက်မှတ် ရေးထိုးနိုင်သည်။ ဤကိစ္စတွင် ရုံးတံဆိပ်ခတ်နှိပ်ရန် လိုအပ်ခြင်းမရှိ။ အခန်း (၃၀) ပြစ်မှုများနှင့် ခုခံချေပခြင်းအကြောင်း သီးခြားပြစ်မှုများ မှားယွင်းသည့် ရေးသားဖော်ပြချက်အတွက် ပြစ်ဒဏ် ၄၅၂။ မည်သူမဆိုဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်၏ ကိစ္စရပ်များအတွက် ပြုလုပ်ရန်လိုအပ်သည့် အရှုံးအမြတ်စာရင်း၊ အစီရင်ခံစာ၊ သက်သေခံလက်မှတ်၊ ငွေကြေးဆိုင်ရာရေးသားဖော်ပြချက် သို့မဟုတ် အခြားစာရွက်စာတမ်းတစ်ရပ်ရပ်တွင် အရေးပါသောအချက်အလက်များနှင့် စပ်လျဉ်း၍ အဆိုပါအချက်အလက်များမှာ မှားယွင်းနေသည်ကို သိလျက်ဖြင့် မှားယွင်းဖော်ပြခြင်း သို့မဟုတ် လွဲမှားစွာတင်ပြခြင်းတို့ကို တမင်ပြုလုပ်ခဲ့လျှင် သို့မဟုတ် ထိုသို့ပြုလုပ်ရန် ခွင့်ပြုခဲ့လျှင် သို့မဟုတ် အဆိုပါ စာရွက်စာတမ်းများမှ အကြောင်းအရာတစ်ရပ်ရပ်ကို ချန်လှပ်ထားခြင်းသည် စာရွက်စာတမ်းကို မှားယွင်းစေခြင်း သို့မဟုတ် လွဲမှားစွာတင်ပြခြင်းဖြစ်စေကြောင်းသိလျက်ဖြင့် ထိုသို့ချန်လှပ်ထားခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ရန်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့လျှင် ထိုသူသည် တည်ဆဲဥပဒေအရချမှတ်သည့် ပြစ်ဒဏ်ကိုကျခံရမည်။ ပစ္စည်းများကို မှားယွင်း၍ နုတ်ပယ်ထားခြင်း သို့မဟုတ် ဖျက်ဆီးခြင်းအတွက် ပြစ်ဒဏ် ၄၅၃။ ကုမ္ပဏီ၏ပစ္စည်းတစ်ရပ်ရပ်အား လက်ဝယ်ရှိခွင့်ကို မှားယွင်းရရှိထားသော သို့မဟုတ် လက်ဝယ် ရရှိထားသည့် ထိုပစ္စည်းတစ်ရပ်ရပ်ကို မှားယွင်း၍ နုတ်ပယ်ခြင်း သို့မဟုတ် ဤဥပဒေ သို့မဟုတ် ကုမ္ပဏီ၏ အခြေခံစည်းမျဉ်းပြဋ္ဌာန်းချက်များတွင် ဖော်ပြထားသော သို့မဟုတ် ညွှန်ကြားထားသော သို့မဟုတ် ခွင့်ပြုထားသော ကိစ္စရပ်မဟုတ်သော အခြားကိစ္စရပ်များအတွက် တမင်အသုံးပြုခဲ့သော ကုမ္ပဏီ၏ ဒါရိုက်တာ၊ အခြားအရာရှိ သို့မဟုတ် ဝန်ထမ်းတစ်ဦးဦးသည် ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ၏ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးက တင်ပြတိုင်တန်းခဲ့ပါက တည်ဆဲ ဥပဒေအရ ချမှတ်သည့် ပြစ်ဒဏ်ကိုကျခံရမည်။ ၎င်းအပြင်တရားရုံးက သတ်မှတ်သည့် အချိန်ကာလအတွင်း မမှန်မကန်ရယူ ထားသော သို့မဟုတ် မှားယွင်း၍ နုတ်ပယ်ထားသော သို့မဟုတ် တမင်လွဲမှားစွာအသုံးပြုထားသော အဆိုပါပစ္စည်းများကို ပြန်လည်ပေးအပ်စေရန် သို့မဟုတ် ငွေကြေးပြန်လည်ပေးဆပ်စေရန် တရားရုံးက အမိန့်ချမှတ်နိုင်သည်။ ဝန်ထမ်းများက အာမခံချက်များကို အလွဲအသုံးပြုခြင်းအတွက် ပြစ်ဒဏ် ၄၅၄။ (က) ကုမ္ပဏီနှင့်ဆောင်ရွက်ထားသည့် တာဝန်ဆောင်ရွက်ခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ်များအရ ကုမ္ပဏီ၏ဝန်ထမ်းများက ကုမ္ပဏီတွင် အပ်နှံထားရှိသည့် ငွေကြေး သို့မဟုတ် အာမခံ ချက်များအားလုံးကို သတ်မှတ်စီစဉ်ထားသည့် ဘဏ်တစ်ခုခုတွင် ထိုကိစ္စအတွက် ကုမ္ပဏီက ဖွင့်လှစ်ထားသည့် သီးခြားငွေစာရင်း၌ ကုမ္ပဏီက သိမ်းဆည်းထားရှိရမည် သို့မဟုတ် အပ်နှံထားရှိရမည်ဖြစ်ပြီး အဆိုပါငွေကြေး သို့မဟုတ် အာမခံချက်၏ မည်သည့် အစိတ်အပိုင်းကိုမျှ တာဝန်ဆောင်ရွက်ခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ်တွင် သဘောတူညီ ထားသည့် ကိစ္စရပ်များအတွက်မှတစ်ပါး ကုမ္ပဏီက သုံးစွဲခြင်းမပြုရ။ ( ခ ) ကုမ္ပဏီ၏ဝန်ထမ်းများ သို့မဟုတ် ဝန်ထမ်း အမျိုးအစားတစ်ရပ်ရပ်အတွက် အိုနာစာ ရန်ပုံငွေတစ်ရပ်ကို ကုမ္ပဏီက တည်ထောင်ထားရှိသည့်အခါ အဆိုပါရန်ပုံငွေသို့ ကုမ္ပဏီကဖြစ်စေ၊ ဝန်ထမ်းများကဖြစ်စေ ထည့်ဝင်ထားသည့် ငွေကြေးများအားလုံး သို့မဟုတ် အဆိုပါ ရန်ပုံငွေသို့ အတိုး သို့မဟုတ် အခြားနည်းလမ်းတစ်ရပ်ရပ်အရ ရရှိသည့် ငွေကြေးများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင်လိုင်စင် ထုတ်ပေးထားသည့် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုခုတွင် ဖွင့်လှစ်ထားသည့် ငွေစာရင်း၌ အပ်နှံထားရှိရမည် သို့မဟုတ် ယုံကြည်အပ်နှံရေးအက်ဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ (က) မှ (င) အထိတို့တွင် ဖော်ပြပါရှိသော သို့မဟုတ် ရည်ညွှန်းဖော်ပြထားသော ငွေချေးသက်သေခံလက်မှတ်များအဖြစ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမည်ဖြစ်ပြီး အခြားသက်ဆိုင်ရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ (ဂ) ပုဒ်မခွဲ (ခ) နှင့်သက်ဆိုင်သည့် ရန်ပုံငွေတစ်ရပ်ရပ် သို့မဟုတ် ကုမ္ပဏီနှင့် ယင်း၏ ဝန်ထမ်းများအကြားပြုလုပ်ထားသည့် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်ပါ ရန်ပုံငွေတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် စည်းမျဉ်းများနှင့် တစ်စုံတစ်ရာဆန့်ကျင်ခြင်းရှိစေကာမူ မည်သည့် ဝန်ထမ်းကမျှ ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက်များနှင့်အညီ ရင်းနှီးမြှုပ်နှံထားသည့် အဆိုပါ ရန်ပုံငွေတွင် ၎င်းထည့်ဝင်ထားသည့် ငွေပမာဏအချိုးကျအတိုင်း အဆိုပါရင်းနှီးမြှုပ်နှံမှုမှ ရရှိသည့်အတိုးနှုန်းထက် ပိုမိုသောနှုန်းထားတစ်ရပ်ဖြင့် အတိုးငွေကို လက်ခံရရှိခွင့် မရှိစေရ။ (ဃ) ဝန်ထမ်းတစ်ဦးသည် ကုမ္ပဏီသို့ တင်ပြတောင်းဆို၍ ပုဒ်မခွဲ (က) နှင့် (ခ) တို့တွင် ရည်ညွှန်းဖော်ပြထားသည့်ငွေကြေးအတွက် ဘဏ်လက်ခံပြေစာများ သို့မဟုတ် ငွေချေး သက်သေခံလက်မှတ်တစ်ရပ်ရပ်ပိုင်ဆိုင်မှု အထောက်အထားများကို ကြည့်ရှုခွင့်ရှိသည်။ (င ) ဤပုဒ်မပါပြဋ္ဌာန်းချက်များကို သိလျက်ဖြင့် ဆန့်ကျင်ဆောင်ရွက်သော သို့မဟုတ် ဆန့်ကျင် ဆောင်ရွက်ရန် ခွင့်ပြုသော သို့မဟုတ် ဆန့်ကျင်ဆောင်ရွက်စေသော ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးစီသည် တည်ဆဲဥပဒေအရ ချမှတ်သည့်ပြစ်ဒဏ်ကို ကျခံရမည်။ “လီမိတက်” ဟူသော စကားရပ်ကို မလျော်မကန် သုံးစွဲမှုအတွက် ပြစ်ဒဏ် ၄၅၅။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် ပုဂ္ဂိုလ်များသည် ကူးသန်းရောင်းဝယ်ခြင်း သို့မဟုတ် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို နောက်ဆုံးစာလုံးအဖြစ် “လီမိတက်” ဟူသော စကားရပ် ပါရှိသည့် အမည် သို့မဟုတ် ခေါင်းစဉ်တစ်ရပ်ရပ်ဖြင့် ဆောင်ရွက်ခဲ့လျှင် တာဝန်ကန့်သတ်ပြီး တရားဝင် ဖွဲ့စည်းတည်ထောင်ထားသည့်ကုမ္ပဏီ သို့မဟုတ် အဖွဲ့ အစည်းမဟုတ်ပါက ထိုသူ သို့မဟုတ် ထိုသူ များသည် တည်ဆဲဥပဒေအရချမှတ်သည့် ပြစ်ဒဏ်ကို ကျခံရမည်။ စာရင်းစာအုပ်များ၏ အချက်အလက်များကို မှားယွင်းစေရန် ပြင်ဆင်မှုများအတွက် ပြစ်မှု ၄၅၆။ (က) ကုမ္ပဏီတစ်ခု၏ အရာရှိ၊ ယခင်က တာဝန်ထမ်းဆောင်ခဲ့သော အရာရှိ၊ ဝန်ထမ်း၊ ယခင်ကတာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်း၊ ကုမ္ပဏီတွင်ပါဝင်သူ သို့မဟုတ် ကုမ္ပဏီတွင် ယခင်က ပါဝင်ခဲ့သူတစ်ဦးဦးသည် ကုမ္ပဏီက ပိုင်ဆိုင်သည့် သို့မဟုတ် ထုတ်ဝေသည့် ငွေချေးသက်သေခံ လက်မှတ်တစ်ရပ်ရပ် သို့မဟုတ် ကုမ္ပဏီ၏လုပ်ငန်းကိစ္စရပ်များနှင့် သက်ဆိုင်သည့် စာရင်းစာအုပ်တစ်ရပ်ရပ်၏ အချက်အလက်များကို ဖုံးကွယ်ခြင်း၊ ဖျက်ဆီးခြင်း၊ ချို့ယွင်းစေခြင်း သို့မဟုတ် မှားယွင်းစေရန် ပြင်ဆင်ခြင်းတို့ကို ပြုလုပ်မှုသည် ပြစ်မှုတစ်ရပ်ကို ကျူးလွန်ရာရောက်ပြီး ဤဥပဒေအရ ပြစ်မှုမြောက်သည်။ ( ခ) ကုမ္ပဏီ၏ လုပ်ငန်းကိစ္စများနှင့် သက်ဆိုင်သော စာရင်းစာအုပ်များကို ထိန်းသိမ်းထားခြင်းနှင့် စပ်လျဉ်း၍ အသုံးပြုသည့် သို့မဟုတ် အသုံးပြုရန် ရည်ရွယ်ထားသည့် ကိစ္စရပ်ကို စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်စက်ပစ္စည်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားပစ္စည်း တစ်မျိုးမျိုးဖြင့်ဖြစ်စေ ဖတ်ရှုရန်ခက်ခဲသည့်ပုံစံဖြင့် မှတ်တမ်းတင်ထားရှိသည့် သို့မဟုတ် ထိန်းသိမ်းထားရှိသည့်အခါ - (၁) အရေးကြီးသည့် ကိစ္စရပ်များတွင် မှားယွင်းသည်ဟုလည်းကောင်း၊ သို့မဟုတ် လွဲမှား၍ တင်ပြထားသည်ဟုလည်းကောင်း သိရှိပြီး အဆိုပါပစ္စည်းများဖြင့် ထိုကိစ္စရပ်အား မှတ်တမ်းတင်ထားရှိသူ သို့မဟုတ် ထိန်းသိမ်းထားရှိသူတစ်ဦးဦး၊ (၂) အဆိုပါပစ္စည်းဖြင့် မှတ်တမ်းတင်ထားရှိသော သို့မဟုတ် ထိန်းသိမ်းထားရှိသော ကိစ္စရပ်များ သို့မဟုတ် အဆိုပါပစ္စည်းဖြင့် မှတ်တမ်းတင်ထားရှိရမည့် သို့မဟုတ် ထိန်းသိမ်းထားရှိရမည့် အခြားကိစ္စရပ်များကို မှတ်တမ်းတင်ထားရှိရန် သို့မဟုတ် ထိန်းသိမ်းထားရှိရန် ရည်ရွယ်၍ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို စုစည်းဆောင်ရွက်ခြင်း သို့မဟုတ် ပြန်လည်ပြုစုခြင်းတို့တွင် အသုံးပြုရန်အတွက်ဖြစ်စေ ပြုစုဆောင်ရွက်သည့် ကိစ္စရပ်များတွင် ဖျက်ဆီးခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် အချက်အလက်များကို မှားယွင်းစေရန် ပြင်ဆင်ခြင်းတို့ကို ဖြစ်စေသော အပြုအမူများကို ဆောင်ရွက်သူ တစ်ဦးဦး သို့မဟုတ် (၃) အဆိုပါပစ္စည်းဖြင့် အကြောင်းကိစ္စရပ်များကို မှတ်တမ်းတင်ထားရန် သို့မဟုတ် ထိန်းသိမ်းထားရှိရန် တာဝန်ရှိပြီး ထိုသို့လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သူ တစ်ဦးဦးသည် - (ကက) ထိုသို့ မှတ်တမ်းတင်ထားရှိရမည့် သို့မဟုတ် ထိန်းသိမ်းထားရှိရမည့် အကြောင်းကိစ္စရပ်များမှ အချက်အလက် အားလုံးကို ဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ မှားယွင်းစေရန် ရည်ရွယ်၍ ရေးသွင်းချက်များကို ပြုလုပ်ခြင်း သို့မဟုတ် ပြုစုခြင်း သို့မဟုတ် ( ခခ ) အကြောင်းကိစ္စရပ်များကို ထိုသို့ မှတ်တမ်းတင်ထားရှိရန် သို့မဟုတ် ထိန်းသိမ်းထားရှိရန် ပျက်ကွက်ခြင်းသည် ထိုသို့ မှတ်တမ်းတင်ထားသည့် သို့မဟုတ် ထိန်းသိမ်းထားသည့် အခြားသော သီးခြားအရေးကြီးသည့် အကြောင်းကိစ္စများတွင် မှားယွင်းစေမည်ဖြစ်ကြောင်း သို့မဟုတ် လွဲမှားစွာ တင်ပြခြင်းဖြစ်စေကြောင်း သိရှိခြင်းသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ဆောင်ရွက်ရာရောက်သည်။ (ဂ) တရားပြိုင်သည် ပြစ်မှုမြောက်သော ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု ဖြစ်ပေါ်စေသည့် အခြေအနေများအားလုံးကို သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ကြောင်းနှင့် အပြစ်မှ ကင်းလွတ် ခွင့်ပြုသင့်ကြောင်း သက်သေထင်ရှားတင်ပြနိုင်လျှင် ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ခ)အရ ဖြစ်ပေါ်လာသည့် စွဲချက်တစ်ရပ်ရပ်ကို ခုခံချေပရာရောက်သည်။ (ဃ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို ပုဒ်မ ၄၅၂ ပါ ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ခြင်း မရှိစေဘဲ ကျင့်သုံးဆောင်ရွက်ရမည်။ အထွေထွေပြစ်မှုများ အထွေထွေ ပြစ်ဒဏ်ဆိုင်ရာ ပြဋ္ဌာန်းချက်များ ၄၅၇။ (က) ကုမ္ပဏီအပါအဝင် တစ်ဦးတစ်ယောက်သည် - (၁) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားသည့် ပြုလုပ်မှု သို့မဟုတ် အကြောင်းကိစ္စတစ်ရပ်ရပ်ကိုဆောင်ရွက်လျှင် သို့မဟုတ် ၊ (၂) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ ဆောင်ရွက်ရန်လိုအပ်သည့် သို့မဟုတ် ညွှန်ကြားထားသည့်ပြုလုပ်မှု သို့မဟုတ် အကြောင်းကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ခြင်း မပြုလျှင် သို့မဟုတ် (၃) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို အခြားနည်းတစ်ရပ်ရပ်ဖြင့် ဆန့်ကျင် ဆောင်ရွက်လျှင်၊ ဤဥပဒေပါ အဆိုပါပြဋ္ဌာန်းချက် သို့မဟုတ် အခြားသောပြဋ္ဌာန်းချက်များက ထိုသူသည် ပြစ်မှုတစ်ရပ်အရ အပြစ်မရှိကြောင်း ပေါ်ပေါက်ခဲ့ခြင်းမရှိလျှင် ဤပုဒ်မခွဲအရ ပြစ်မှုတစ်ရပ်ကို ကျူးလွန်ရာရောက်သည်ဟု မှတ်ယူရမည်။ ( ခ ) တစ်ဦးတစ်ယောက်သည် ပုဒ်မခွဲ (က)အရဖြစ်စေ၊ အခြားပြဋ္ဌာန်းချက်များအရဖြစ်စေ၊ ဤဥပဒေအရ ပြစ်မှုတစ်ရပ်နှင့်ပတ်သက်၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပြစ်မှုနှင့် သက်ဆိုင်သည့် ပြစ်ဒဏ်ထက်မပိုသော ပြစ်ဒဏ်တစ်ရပ်ကိုကျခံရမည်။ (ဂ) ဤဥပဒေပါ သီးခြားပြဋ္ဌာန်းချက်တစ်ရပ်ကို ဆန့်ကျင်ဆောင်ရွက်မှုအတွက် သက်ဆိုင်သော ပြစ်ဒဏ်ကို ဤပုဒ်မမှတစ်ပါး ဤဥပဒေ၏ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်တွင် သီးခြားပြစ်ဒဏ်၊ ငွေဒဏ် သို့မဟုတ် အခြားပြစ်ဒဏ်တစ်ရပ်အဖြစ် သတ်မှတ်ဖော်ပြထားလျှင် အဆိုပါ ဆန့်ကျင်ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသည့်ပြစ်မှုအတွက် သက်ဆိုင်သည့် ပြစ်ဒဏ်သည် သီးခြားသတ်မှတ်ဖော်ပြထားသော ပြစ်ဒဏ် ဖြစ်သည်။ စီရင်ပိုင်ခွင့်နယ်မြေအတွင်း အချို့တဝက်ကျူးလွန်ပြီး စီရင်ပိုင်ခွင့်နယ်မြေပြင်ပတွင် အချို့တဝက် ကျူးလွန်သော ပြစ်မှုများ ၄၅၈။ အကယ်၍(က) တစ်ဦးတစ်ယောက်သည် တားမြစ်ထားသည့် ပြုလုပ်မှုတစ်ရပ်ကို နိုင်ငံတော်၏ ပြင်ပတွင် ဆောင်ရွက်ခဲ့လျှင် သို့မဟုတ် ဆောင်ရွက်ရမည့် ပြုလုပ်မှုတစ်ရပ်ကို နိုင်ငံတော်၏ ပြင်ပတွင် ပျက်ကွက်ခဲ့လျှင်၊ ( ခ) အဆိုပါ ပြုလုပ်မှုအတိုင်း နိုင်ငံတော်အတွင်း ဆောင်ရွက်ခဲ့ခြင်း သို့မဟုတ် ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းတို့ဖြင့် ထိုသူသည် နိုင်ငံတော်အတွင်း ပြုလုပ်မှုတစ်ရပ်ကို ဆောင်ရွက်ခဲ့ သကဲ့သို့ သို့မဟုတ် ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သကဲ့သို့ ဤဥပဒေနှင့် ဆန့်ကျင်သည့် ပြစ်မှုကိုကျူးလွန်လျှင် ထိုသူသည် အဆိုပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်ဒဏ်ထိုက်သင့်သည်။ ပြစ်မှုများကို ဆက်လက်ကျူးလွန်ခြင်း ၄၅၉။ (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ သတ်မှတ်ထားသည့် အချိန်ကာလအတွင်းတွင် ဖြစ်စေ၊ သတ်မှတ်ထားသည့် အချိန်ကာလမတိုင်မီတွင်ဖြစ်စေ ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ရန်လိုအပ်ပြီး အဆိုပါအချိန်ကာလအတွင်းတွင်ဖြစ်စေ၊ အဆိုပါအချိန်ကာလ မတိုင်မီတွင်ဖြစ်စေ ထိုပြုလုပ်မှုကိုဆောင်ရွက်ရန် ပျက်ကွက်ခြင်းသည် ပြစ်မှုတစ်ရပ်ရပ် ဖြစ်လျှင် အဆိုပါ အချိန်ကာလအတွင်းတွင်ဖြစ်စေ၊ အဆိုပါအချိန်ကာလမတိုင်မီတွင်ဖြစ်စေ၊ ထိုပြုလုပ်မှုကို ဆောင်ရွက်ခြင်းမပြုလျှင် အောက်ပါအတိုင်းဖြစ်ရမည်(၁) ပြုလုပ်မှုကို ဆောင်ရွက်ရမည့်တာဝန်ကို အဆိုပါအချိန်ကာလ ကုန်ဆုံးသွားပြီး နောက်တွင်သော်လည်းကောင်း၊ အဆိုပါ အချိန်ကျော်လွန်သွားသည့်အခါတွင် သော်လည်းကောင်း ထိုသို့ပြုလုပ်မှုကို ဆောင်ရွက်ရန် ပျက်ကွက်မှုနှင့်စပ်လျဉ်း၍ ပြစ်မှုတစ်ရပ်ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ အဆိုပါ ပြုလုပ်မှုကို ဆောင်ရွက်ပြီးသည်အထိ ဆက်လက်ဆောင် ရွက်ရမည့်အပြင် (၂) ပုဒ်မခွဲ (ဂ) ကိုလည်း လိုက်နာဆောင်ရွက်ရမည်။ ( ခ ) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ ပြုလုပ်ရန် လိုအပ်သည့် ပြုလုပ်မှုတစ်ရပ်ကို ဆောင်ရွက်ရန်အတွက် အချိန်ကာလသတ်မှတ်ထားခြင်းမရှိဘဲ ထိုပြုလုပ်မှုကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းသည် ပြစ်မှုမြောက်ပြီး ယင်းနှင့်စပ်လျဉ်း၍ ပြစ်မှုတစ်ရပ်ဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့်အခါ အောက်ပါအတိုင်းဖြစ်ရမည် - (၁) ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော်လည်း ပြုလုပ်မှုကို ဆောင်ရွက်ရမည့်တာဝန်ကို အဆိုပါ ပြုလုပ်မှုကို ဆောင်ရွက်ပြီးသည်အထိ ဆက်လက်ဆောင်ရွက်ရမည့်အပြင် (၂) ပုဒ်မခွဲ (ဂ) ကိုလည်း လိုက်နာဆောင်ရွက်ရမည်။ (ဂ ) သတ်မှတ်ထားသည့် အချိန်ကာလ၌ ပြုလုပ်မှုအား ဆောင်ရွက်ရန် ပျက်ကွက်မှုနှင့် စပ်လျဉ်း၍ပြစ်မှုတစ်ရပ်ဖြင့် ပထမအကြိမ် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီး ထိုအချိန်ကာလ ပြီးဆုံးပြီးနောက် ပြုလုပ်မှုအား ဆောင်ရွက်ရန် ဆက်လက်ပျက်ကွက်နေလျှင် အောက်ပါ အတိုင်းဖြစ်စေရမည် - (၁) ပြုလုပ်မှုအား ဆောင်ရွက်ရန်ပျက်ကွက်မှုနှင့်စပ်လျဉ်း၍ ပြုလုပ်မှုကို ဆောင်ရွက်ရန် ပျက်ကွက်သည့် ကာလတစ်လျှောက် သို့မဟုတ် အဆိုပါ သတ်မှတ်ချိန်ကုန်ဆုံးပြီး နောက်ထပ်ပြစ်မှုနှင့် သက်ဆိုင်သည့်နေ့ရက်မတိုင်မီ ကာလတစ်လျှောက်အတွက် နောက်ထပ်ပြစ်မှုတစ်ရပ်ဖြင့် အပြစ်ရှိသည်၊ ၎င်းအပြင် (၂) ဤဥပဒေနှင့် အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်ပါ ကိစ္စရပ်များအတွက် အဆိုပါ အချိန်ကာလအတွင်း ပြုလုပ်မှုကို ဆောင်ရွက်ရန် ပျက်ကွက်မှုကြောင့် နောက်ထပ် ပြစ်မှုတစ်ရပ်ကို ကျူးလွန်ရာရောက်သည်။ (ဃ) တစ်ဦးတစ်ယောက်သည် သတ်မှတ်ကာလတစ်ရပ်အတွင်း သို့မဟုတ် ထိုအချိန်ကာလ၏ အပိုင်းအခြားတစ်ရပ်အတွင်း ပုဒ်မခွဲ (ဂ) အရ ပြစ်မှုတစ်ရပ်ဖြင့် အပြစ်ရှိလျှင် ထိုပြစ်မှုနှင့် သက်ဆိုင်သည့် ပြစ်ဒဏ်သည် အဆိုပါအချိန်ကာလ သို့မဟုတ် အဆိုပါ အချိန်ကာလ၏ အပိုင်းအခြားတစ်ရပ်ရှိ နေ့ရက်တိုင်းစီကို တစ်ရက်လျှင် ဒဏ်ကြေးငွေကျပ် နှစ်သောင်း ငါးထောင်ကို ပေးဆောင်ရမည်။ ခုခံချေပခြင်းနှင့် သက်သာခွင့် ဒါရိုက်တာ သို့မဟုတ် အရာရှိက ခုခံချေပခြင်း ၄၆၀။ (က) ပုဒ်မ ၄၃၅ ပါ ပြဋ္ဌာန်းချက်ကို ကန့်သတ်တားမြစ်ထားခြင်းမရှိစေဘဲ ဒါရိုက်တာ သို့မဟုတ် အရာရှိက အောက်ပါအတိုင်း သက်သေထင်ရှားတင်ပြနိုင်လျှင် ကုမ္ပဏီ၏ ဘုတ်အဖွဲ့က ဆောင်ရွက်ရမည့်တာဝန် သို့မဟုတ် ၎င်းတို့က ဆောင်ရွက်ရမည့်တာဝန် တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ပြစ်မှုတစ်ရပ်ဖြင့် စွဲချက်တင်ထားသော ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦး အတွက် ခုခံချေပချက်တစ်ရပ် ဖြစ်သည် - (၁) ဘုတ်အဖွဲ့က ဆောင်ရွက်ရမည့် တာဝန်နှင့်စပ်လျဉ်းသည့် ပြစ်မှုတစ်ရပ်တွင် ဘုတ်အဖွဲ့သည် ဤဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် အတွက် သင့်လျော်သည့်ကိစ္စရပ်များ အားလုံးကို ဆောင်ရွက်ထားကြောင်း သို့မဟုတ် (၂) ဘုတ်အဖွဲ့ က ဆောင်ရွက်ရမည့်တာဝန်နှင့် စပ်လျဉ်းသည့် ပြစ်မှုတစ်ရပ်တွင် ဒါရိုက်တာ သို့မဟုတ် အရာရှိသည် ဘုတ်အဖွဲ့က ဤဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် အဆိုပါ ဒါရိုက်တာ သို့မဟုတ် အရာရှိသည် သင့်လျော်သည့်ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ထားကြောင်း သို့မဟုတ် (၃) ဒါရိုက်တာ သို့မဟုတ် အရာရှိက ဆောင်ရွက်ရမည့်တာဝန်နှင့် စပ်လျဉ်းသည့် ပြစ်မှုတစ်ရပ်တွင် ဒါရိုက်တာ သို့မဟုတ် အရာရှိသည် ဤဥပဒေအရ သတ်မှတ်ချက် များကို လိုက်နာဆောင်ရွက်ရန်အတွက် သင့်လျော်သည့်ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ထားကြောင်း သို့မဟုတ် (၄) ဤကိစ္စရပ်တွင် ဒါရိုက်တာ သို့မဟုတ် အရာရှိသည် ဤဥပဒေအရ သတ်မှတ်ချက် များကို ၎င်းတို့ကိုယ်တိုင်ဖြစ်စေ၊ ဘုတ်အဖွဲ့ကဖြစ်စေ လိုက်နာဆောင်ရွက်ရန်အတွက် သင့်လျော်သည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း။ ( ခ ) ပုဒ်မ ၄၃၅ ပါ ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ထားခြင်း မရှိစေဘဲ ဒါရိုက်တာ သို့မဟုတ် အရာရှိက အောက်ပါအတိုင်း သက်သေထင်ရှားတင်ပြနိုင်လျှင် ကုမ္ပဏီက ဆောင်ရွက်ရမည့် တာဝန်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပြစ်မှုတစ်ရပ်ဖြင့် စွဲချက်တင်ထားသော ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးအတွက် ခုခံချေပချက်တစ်ရပ်ဖြစ်သည် - (၁) ကုမ္ပဏီသည် ဤဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် သင့်လျော်သည့်ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ထားကြောင်း သို့မဟုတ် (၂) ဒါရိုက်တာ သို့မဟုတ် အရာရှိက ကုမ္ပဏီသည် ဤဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် သင့်လျော်သည့်ကိစ္စရပ်များအားလုံးကို ဆောင်ရွက် ထားကြောင်း သို့မဟုတ် (၃) ဤကိစ္စရပ်တွင် ဒါရိုက်တာ သို့မဟုတ် အရာရှိက ကုမ္ပဏီသည် ဤဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် သင့်လျော်သည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း။ ဆန့်ကျင်ဆောင်ရွက်ကြောင်း မြွက်ဟကြေညာပြီးနောက် တာဝန်ရှိမှုများမှ ကင်းလွတ်ခွင့်ပြုခြင်း ၄၆၁။ (က) ပုဒ်မ ၄၃၅ ပါ ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ထားခြင်းမရှိစေဘဲ ဤအပိုင်းအရ ပုဂ္ဂိုလ်တစ်ဦးဦးအပေါ် တရားစွဲဆိုစစ်ဆေးမှုများအား ဆောင်ရွက်ခြင်းနှင့် တရားစွဲဆို စစ်ဆေးရာတွင် ထိုသူသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ သတ်မှတ် ဖော်ပြထားသည့် အခြားစည်းကမ်းချက်ကိုဖြစ်စေ ဆန့်ကျင်ဆောင်ရွက်ကြောင်း သို့မဟုတ် ဆန့်ကျင်ဆောင်ရွက်နိုင်ကြောင်း တရားရုံးက တွေ့ရှိသော်လည်း အောက်ပါကိစ္စရပ်များ ဖြစ်ပါက(၁) ထိုသူသည် သဘောရိုးဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့လျှင်၊ ၎င်းအပြင် (၂) ထိုသူက ကုမ္ပဏီ၏အရာရှိ သို့မဟုတ် ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအပါအဝင် အမှုတွင်ပါရှိသည့် အကြောင်းအရာအားလုံးတို့တွင် ထိုသူသည် ဆန့်ကျင်ဆောင်ရွက်ခြင်းအတွက် ကင်းလွတ်ခွင့်ပြုသင့်ကြောင်းတွေ့ရှိခဲ့လျှင် တရားရုံးသည် ဆန့်ကျင်ဆောင်ရွက်မှုအတွက် ထိုသူနှင့် သက်ဆိုင်မည့် သို့မဟုတ် အခြားနည်း တာဝန်ရှိနိုင်မည့် တာဝန်ရှိမှု တစ်ရပ်လုံးကိုဖြစ်စေ၊ ယင်း၏ တစ်စိတ် တစ်ဒေသကိုဖြစ်စေ ထိုသူအား ကင်းလွတ်ခွင့်ပြုနိုင်သည်။ ( ခ ) တစ်ဦးတစ်ယောက်က ဤဥပဒေပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဤအပိုင်းပါ ပြဋ္ဌာန်းချက်များအရ တရားစွဲဆို ဆောင်ရွက်မှုများကို ပြုလုပ်မည်ဟု ထင်မြင်လျှင် ထိုသူသည် သက်သာခွင့်ရရှိရေးအတွက် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည်။ ပုဒ်မခွဲ (ခ) အရ တင်ပြလျှောက်ထားလာလျှင်၊ တရားရုံးသည် တရားစွဲဆို ဆောင်ရွက်မှုကို ပြုလုပ်သကဲ့သို့ ပုဒ်မခွဲ (က) အရ သက်သာခွင့်ကို ပေးအပ်နိုင်သည်။ (ဃ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် သက်သာခွင့် ပေးအပ်နိုင်သည့် တရားရုံး၏ အခြားသော အခွင့်အာဏာများကို ကန့်သတ်တားမြစ်ထားခြင်းမရှိစေရ။

အပိုင်း (၅) - ပြစ်ဒဏ်ပြဋ္ဌာန်းချက်များ

၄၀၁။ (က) ယခင်ကဖြစ်စေ၊ ယခုဖြစ်စေ တာဝန်ထမ်းဆောင်ခဲ့သော ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိများသည် စွပ်စွဲခံရသည့် ပြစ်မှုအား ကျူးလွန်သည့်အချိန်၌ တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီဖျက်သိမ်းသည့် ကိစ္စရပ်တွင်လည်းကောင်း၊ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းသည့်ကိစ္စရပ်တွင်လည်းကောင်း သို့မဟုတ် စွပ်စွဲခံရသည့် ပြစ်မှုအား ကျူးလွန်ပြီးနောက် ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် တရားရုံးက အမိန့်ချမှတ်သည့်အခါ သို့မဟုတ် ကုမ္ပဏီ၏ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်သည့်အခါတွင် လည်းကောင်း - (၁ ) ကုမ္ပဏီ၏စီးပွားရေးလုပ်ငန်းများကို သာမန်နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းမှတစ်ပါး ကုမ္ပဏီ၏ အမှန်တည်ရှိနေသောပစ္စည်းများ၊ တစ်ဦးချင်းနှင့်ဆိုင်သောပစ္စည်းများ အားလုံးကိုလည်းကောင်း၊ ယင်းတို့၏ တစ်စိတ်တစ်ဒေသကို မည်သို့၊ မည်သူ့ထံသို့၊ မည်သည့် အဖိုးစားနားဖြင့်၊ မည်သည့်အချိန်တွင် စီမံဆောင်ရွက်ခဲ့သည်ကိုလည်းကောင်း စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ ပြည့်စုံမှန်ကန်စွာ မိမိတို့သိရှိကြသည့် အလျောက် တင်ပြခဲ့ခြင်းမပြုလျှင် သို့မဟုတ် (၂) ဥပဒေအရ တင်ပြအပ်နှံရမည့်ဖြစ်သော ပုဂ္ဂိုလ်တစ်ဦးဦးသည် ၎င်း၏ထိန်းသိမ်းမှု သို့မဟုတ် ကြီးကြပ်မှုအောက်ရှိ ကုမ္ပဏီ၏ အမှန်တည်ရှိနေသောပစ္စည်းများ၊ တစ်ဦးချင်းနှင့်ဆိုင်သော ပစ္စည်းများအားလုံးကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ဖြစ်စေ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ညွှန်ကြားသည့်အတိုင်း ဖြစ်စေ တင်ပြအပ်နှံမှုမပြုလျှင် သို့မဟုတ် ( ၃ ) ဥပဒေအရတင်ပြအပ်နှံရမည်ဖြစ်သော ပုဂ္ဂိုလ်တစ်ဦးဦးသည် ၎င်း၏ ထိန်းသိမ်းမှု သို့မဟုတ် ကြီးကြပ်မှုအောက်ရှိ ကုမ္ပဏီနှင့်သက်ဆိုင်သော စာရင်းစာအုပ်များနှင့် စာရွက်စာတမ်းများအားလုံးကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ဖြစ်စေ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ညွှန်ကြားသည့်အတိုင်းဖြစ်စေ တင်ပြအပ်နှံမှု မပြုလျှင် သို့မဟုတ် ( ၄ ) ကုမ္ပဏီဖျက်သိမ်းမှုစတင်သည့်နေ့မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့်အချိန်တွင်မဆို ကုမ္ပဏီ၏ ပစ္စည်းတစ်ရပ်ရပ်ကို ဝှက်သိမ်းထားလျှင် သို့မဟုတ် ကုမ္ပဏီသို့ဖြစ်စေ၊ ကုမ္ပဏီထံမှဖြစ်စေ ပေးရန်ရှိသည့် ကြွေးတစ်ရပ်ရပ်ကို ဝှက်သိမ်းထားလျှင် သို့မဟုတ် ( ၅ ) ကုမ္ပဏီဖျက်သိမ်းမှုစတင်သည့်နေ့မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့်အချိန်တွင်မဆို ကုမ္ပဏီ၏ပစ္စည်းတစ်ရပ်ရပ်ကို လိမ်လည်လှည့်ဖြား လိုသောသဘောဖြင့် ဖယ်ရှားထားလျှင် သို့မဟုတ် ( ၆ ) ကုမ္ပဏီ၏ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ရေးသားဖော်ပြချက်တစ်ရပ်ရပ်တွင် အရေးကြီးသည့် အကြောင်းအရာများကို ချန်လှပ်ထားလျှင် သို့မဟုတ် ( ၇ ) ကုမ္ပဏီဖျက်သိမ်းသည့်အခါ တစ်ဦးတစ်ယောက်က မှားယွင်းသည့်ကြွေးမြီကို တင်ပြလာကြောင်း သိရှိ သို့မဟုတ် ယုံကြည်ပြီး ထိုအကြောင်းအရာအား စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ တစ်လအတွင်းတင်ပြရန် ပျက်ကွက်ခဲ့လျှင် သို့မဟုတ် ( ၈ ) ကုမ္ပဏီဖျက်သိမ်းမှုစတင်ပြီးနောက် ကုမ္ပဏီ၏ပစ္စည်းများ သို့မဟုတ် ကုမ္ပဏီ၏ ကိစ္စရပ်များနှင့်သက်ဆိုင်သော စာရင်းစာအုပ် သို့မဟုတ် စာရွက်စာတမ်းများကို ပြုစုတင်ပြရန် တားမြစ်ထားလျှင် သို့မဟုတ် ( ၉ ) ကုမ္ပဏီဖျက်သိမ်းမှုစတင်သည့်နေ့ မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့်အချိန်တွင်မဆို ကုမ္ပဏီ၏ပစ္စည်းများ သို့မဟုတ် ကုမ္ပဏီ၏ကိစ္စရပ်များနှင့် သက်ဆိုင်သော စာရင်းစာအုပ် သို့မဟုတ် စာရွက်စာတမ်းများကို ဝှက်သိမ်းထားခြင်း၊ ဖျက်ဆီးခြင်း၊ ပုံသဏ္ဍာန်ပျက်ယွင်းစေခြင်း၊ လိမ်လည်အတုပြုခြင်းများ ပြုလုပ်လျှင် သို့မဟုတ် ထိုသို့ပြုလုပ်သည်ကို ခွင့်ပြုလျှင် သို့မဟုတ် (၁၀) ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်နေ့မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့်အချိန်တွင်မဆို ကုမ္ပဏီ၏ပစ္စည်းများ သို့မဟုတ် ကုမ္ပဏီ၏ကိစ္စရပ်များနှင့် သက်ဆိုင်သောစာရင်းစာအုပ် သို့မဟုတ် စာရွက်စာတမ်းများတွင် မှားယွင်းရေးသွင်းမှု များကိုပြုလုပ်လျှင် သို့မဟုတ် ထိုသို့ပြုလုပ်သည်ကို ခွင့်ပြုလျှင် သို့မဟုတ် (၁၁) ကုမ္ပဏီဖျက်သိမ်းမှုစတင်သည့်နေ့မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့်အချိန်တွင်မဆို ကုမ္ပဏီ၏ပစ္စည်းများ သို့မဟုတ် ကုမ္ပဏီ၏ကိစ္စရပ်များနှင့် သက်ဆိုင်သော စာရွက်စာတမ်းများတွင် လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် တစ်စိတ်တစ်ဒေသအား ပြောင်းလဲပြင်ဆင်လျှင် သို့မဟုတ် ချန်လှပ်ထားခဲ့လျှင် သို့မဟုတ် ထိုသို့ပြုလုပ်ရန် ခွင့်ပြုခဲ့လျှင် သို့မဟုတ် ၊ (၁၂) ကုမ္ပဏီဖျက်သိမ်းမှုစတင်ပြီးနောက် သို့မဟုတ် ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်နေ့ မတိုင်မီ ၁၂ လအတွင်း ကုမ္ပဏီ၏မြီရှင်များအစည်းအဝေး၌ ကုမ္ပဏီ၏ပစ္စည်း တစ်ရပ်ရပ်ကို အစစ်အမှန်မဟုတ်သော ဆုံးရှုံးမှုများ သို့မဟုတ် အသုံးစရိတ်များဖြင့် စာရင်းပြုစုရန် ကြိုးစားလျှင် သို့မဟုတ် (၁၃) ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်နေ့မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့်အချိန်တွင်မဆို မှားယွင်းတင်ပြ၍ဖြစ်စေ၊ အခြားနည်း လိမ်လည်၍ဖြစ်စေ၊ ကုမ္ပဏီအတွက်သော်လည်းကောင်း၊ ကုမ္ပဏီ၏ ကိုယ်စားသော်လည်းကောင်း ကုမ္ပဏီက နောင်တွင်ပေးချေမည်မဟုတ်သည့် အကြွေးဖြင့် ပစ္စည်းတစ်ရပ်ရပ်ကို ရယူခဲ့လျှင် သို့မဟုတ် (၁၄) ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်နေ့မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့်အချိန်တွင်မဆို ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက် နေကြောင်း မှားယွင်းဖော်ပြ၍ ကုမ္ပဏီအတွက်သော်လည်းကောင်း၊ ကုမ္ပဏီ၏ကိုယ်စား သော်လည်းကောင်း ကြွေးမြီဖြင့် ကုမ္ပဏီက နောင်တွင်ပေးချေမည်မဟုတ်သည့် ပစ္စည်းတစ်ရပ်ရပ်ကိုရယူလျှင် သို့မဟုတ် (၁၅) ထိုသို့ပြု လုပ်ဆောင်ရွက်ခြင်းသည် ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းကို သာမန် နည်းလမ်းဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုလျှင်မှတစ်ပါး၊ ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်နေ့မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့်အချိန်တွင်မဆို ကြွေးမြီဖြင့်ရယူထားပြီး ငွေပေးချေခြင်းမပြုရသေးသည့် ကုမ္ပဏီ၏ပစ္စည်း တစ်ရပ်ရပ်ကို ငွေကြေးဖြင့်အလဲအလှယ်ပြုလုပ်လျှင်၊ ပေါင်နှံလျှင် သို့မဟုတ် စီမံ ဆောင်ရွက်လျှင် သို့မဟုတ် (၁၆) ကုမ္ပဏီ၏ကိစ္စရပ်များအတွက်လည်းကောင်း၊ ကုမ္ပဏီကို ဖျက်သိမ်းရန်အတွက် လည်းကောင်း ကုမ္ပဏီ၏ မြီရှင်များ သို့မဟုတ် ၎င်းတို့တစ်ဦးဦးထံမှ သဘော တူညီချက်ရယူရန်အတွက် မှားယွင်းတင်ပြမှု သို့မဟုတ် အခြားလိမ်လည်မှု တစ်ရပ်ရပ်အရအပြစ်ရှိလျှင် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၃)၊ (၁၄)၊ နှင့် (၁၅) တို့တွင် အသီးသီးဖော်ပြထားသောပြစ်မှုများအား ကျူးလွန်သူသည် ငါးနှစ်ထက်မပိုသော ထောင်ဒဏ်တစ်ရပ်ရပ်ကိုကျခံရမည်ဖြစ်ပြီး အခြားပြစ်မှုများကို ကျူးလွန်သူသည် နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်တစ်ရပ်ရပ်ကို ကျခံရမည်။ သို့ရာတွင် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)၊ (၃)၊ (၄)၊ (၆)၊ (၁၄) နှင့် (၁၅) တို့အရ စွဲချက်တင်ခံရသော တရားခံသည် ၎င်းအနေဖြင့် လိမ်လည်ရန်ကြံရွယ်ခဲ့ခြင်းမရှိကြောင်း ကောင်းစွာ သက်သေထင်ရှားပြသ၍ ခုခံကာကွယ်နိုင်သည့်အပြင် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁)၊ (၈)၊ (၉) နှင့် (၁ဝ) တို့အရ စွဲချက်တင်ခံရသော တရားခံသည် ကုမ္ပဏီ၏ကိစ္စရပ်များကို ကွယ်ဝှက်ရန် သို့မဟုတ် ဥပဒေအားချိုးဖောက်ရန် ကြံရွယ်ခဲ့ခြင်းမရှိကြောင်း ကောင်းစွာသက်သေထင်ရှားပြသ၍ ခုခံကာကွယ်နိုင်သည်။ ( ခ ) ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၁၅) အရ ပြစ်မှုတစ်ရပ် ဖြစ်ပေါ်စေနိုင်သည့်အခြေအနေတွင် တစ်ဦးတစ်ယောက်သည် ပစ္စည်းတစ်ရပ်ရပ်ကို ငွေကြေးဖြင့်အလဲအလှယ်ပြုလုပ်ခြင်း၊ ပေါင်နှံခြင်း သို့မဟုတ် စီမံဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပါက ထိုသို့သောအခြေအနေတွင် ငွေကြေးဖြင့်အလဲအလှယ်ပြုလုပ်သည့်၊ ပေါင်နှံသည့် သို့မဟုတ် စီမံဆောင်ရွက်သည့် ပစ္စည်းကို သိလျက်ဖြင့်ပြုလုပ်ခဲ့လျှင် သို့မဟုတ် လက်ခံခဲ့လျှင် ထိုသူသည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ကိုကျခံရမည်။ မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒကိုစိစစ်ရန် အစည်းအဝေးများကျင်းပရခြင်း ၄၀၂။ (က) ဤဥပဒေအရ တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ သက်သေထင်ရှား ပြသနိုင်သော မြီရှင်များနှင့် ကြွေးမြီ ပေးဆပ်ရသူများ၏ သဘောဆန္ဒကို ထည့်သွင်း သုံးသပ်ရန် အခွင့်အာဏာအပ်နှင်းထားရာ ၎င်းတို့၏ သဘောဆန္ဒများကို စိစစ်ရန်အတွက် တရားရုံးသည် သင့်သည်ထင်မြင်သည့်အတိုင်း မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများ၏ အစည်းအဝေးများကို တရားရုံးက ညွှန်ကြားသည့် နည်းလမ်းများဖြင့် ခေါ်ယူကျင်းပ ဆောင်ရွက်ရန် ညွှန်ကြားနိုင်သည့်အပြင် အဆိုပါ အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ရန်နှင့် ထိုအစည်းအဝေးမှ ရလဒ်များကို တရားရုံးသို့ တင်ပြစေရန် ပုဂ္ဂိုလ် တစ်ဦးဦးကို ခန့်အပ်နိုင်သည်။ ( ခ ) မြီရှင်များနှင့်သက်ဆိုင်သည့်ကိစ္စရပ်တွင် မြီရှင်တစ်ဦးချင်းစီ၏ ကြွေးမြီတန်ဖိုးကို ထည့်သွင်း သုံးသပ်ရမည်။ ( ဂ) ကြွေးမြီပေးဆပ်ရသူများနှင့် သက်ဆိုင်သည့်ကိစ္စရပ်တွင် ဤဥပဒေ၊ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း သို့မဟုတ် ယင်းတို့၏ အစုရှယ်ယာဆိုင်ရာ စည်းကမ်းချက်များအရ ကြွေးမြီ ပေးဆပ်ရသူတစ်ဦးချင်းစီအပေါ် ခွင့်ပြုထားသည့် မဲပေးနိုင်သည့်အရေအတွက်ကို ထည့်သွင်း သုံးသပ်ရမည်။ ကုမ္ပဏီ၏ စာရွက်စာတမ်းများကို သက်သေခံအဖြစ် လက်ခံရခြင်း ၄၀၃။ ကုမ္ပဏီတစ်ခုခုကို ဖျက်သိမ်းသည့်အခါ ကုမ္ပဏီနှင့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတို့၏ စာရွက်စာတမ်းများကို ကုမ္ပဏီကြွေးမြီပေးဆပ်ရသူများအကြား သက်ဆိုင်သည့်ကိစ္စရပ်၌ အဆိုပါ စာရွက်စာတမ်းများတွင် မှတ်တမ်းတင်ထားသည့် ကိစ္စရပ်များအားလုံးသည် မှန်ကန်၍ ခိုင်လုံသည့် သက်သေခံချက်များ ဖြစ်စေရမည်။ စာရွက်စာတမ်းများကို စစ်ဆေးခြင်း ၄၀၄။ တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ် ချမှတ်ပြီးသည့်အခါ တရားရုံးသည် ၎င်းသင့်သည်ထင်မြင်သည့်အတိုင်း ကုမ္ပဏီ၏စာရွက်စာတမ်း များကို ကုမ္ပဏီ၏ မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများက စစ်ဆေးနိုင်ရန်အတွက် အမိန့်တစ်ရပ် ချမှတ် နိုင်သည်။ ကုမ္ပဏီ၏ လက်ဝယ်တွင်ရှိသော မည်သည့်စာရွက်စာတမ်းကိုမဆို မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများက အဆိုပါအမိန့်အရ စစ်ဆေးနိုင်သည်။ သို့သော် ထပ်မံ၍သော်လည်းကောင်း၊ အခြားနည်းဖြင့်သော်လည်းကောင်း စစ်ဆေးခြင်းမပြုရ။ ကုမ္ပဏီ၏ စာရွက်စာတမ်းများကို ရှင်းလင်းဆောင်ရွက်ခြင်း ၄၀၅။ (က) ကုမ္ပဏီတစ်ခုကို စာရင်းရှင်းလင်းပြီး ဖျက်သိမ်းမည့်အခါ ကုမ္ပဏီနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိတို့၏ စာရွက်စာတမ်းများကို အောက်ပါအတိုင်း စီမံခန့်ခွဲဆောင် ရွက်နိုင်သည် - (၁) တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီဖျက်သိမ်းသည့် ကိစ္စရပ်တွင် တရားရုံးကညွှန်ကြားသည့်နည်းလမ်းများအတိုင်း ဆောင်ရွက်ရမည် သို့မဟုတ် (၂) ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းသည့်ကိစ္စရပ်တွင် အထူးဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီကညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ရမည်။ ( ခ ) ကုမ္ပဏီဖျက်သိမ်းသည်မှ သုံးနှစ်ကြာပြီးနောက်တွင် စာရွက်စာတမ်းများနှင့် သက်ဆိုင်သူက အဆိုပါစာရွက်စာတမ်းများ မရရှိသည်ဆိုသောအကြောင်းကြောင့် မည်သည့်တာဝန်ရှိမှုမျှ ကုမ္ပဏီအပေါ်တွင်လည်းကောင်း၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ အပေါ်တွင် လည်းကောင်း သို့မဟုတ် စာရွက်စာတမ်းများအား ထိန်းသိမ်းထားရသူတစ်ဦးဦးအပေါ်တွင် လည်းကောင်းမရှိစေရ။ ကုမ္ပဏီဖျက်သိမ်းမှု ပျက်ပြယ်ကြောင်းကြေညာနိုင်သည့် တရားရုံး၏အခွင့်အာဏာ ၄၀၆။ ကုမ္ပဏီတစ်ခုကိုဖျက်သိမ်းပြီးသည့်အခါ ထိုသို့ဖျက်သိမ်းသည့်နေ့မှ နှစ်နှစ်အတွင်း မည်သည့် အချိန်တွင်မဆို ကုမ္ပဏီ၏စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကဖြစ်စေ၊ တရားရုံးက အကျိုးသက်ဆိုင်သူ ဖြစ်သည်ဟုယူဆသော ပုဂ္ဂိုလ်တစ်ဦးဖြစ်စေ လျှောက်ထားလာလျှင် တရားရုံးသည် သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များသတ်မှတ်၍ ကုမ္ပဏီဖျက်သိမ်းမှုပျက်ပြယ်ကြောင်း ကြေညာသည့်အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည်။ ယင်းနောက် ကုမ္ပဏီကို ဖျက်သိမ်းခြင်းမပြုသကဲ့သို့ အမှုဆိုင်ရာ ဆောင်ရွက်ချက်များ ပြုလုပ်ရမည်။ ၄၀၇။ ပုဒ်မ ၄၀၆ ပါ အမိန့်ချမှတ်သည့် လျှောက်လွှာကို တင်ပြသူသည် ထိုအမိန့်အားချမှတ်ပြီးနောက် ၂၁ ရက်အတွင်း အဆိုပါအမိန့်၏ မူရင်းမိတ္တုမှန်တစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည် ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရန် ပျက်ကွက်ပါက ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ ဆိုင်းငံ့ထားသော စာရင်းရှင်းလင်းဖျက်သိမ်းခြင်းများနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ ၄၀၈။ (က) ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းပြီးသည့်အခါ စာရင်းရှင်းလင်းဖျက်သိမ်းမှုသည် ယင်းအား စတင်ဆောင်ရွက်သည့်နေ့မှ တစ်နှစ်အတွင်း ပြီးစီးခြင်းမရှိခဲ့လျှင် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် တစ်နှစ်လျှင်တစ်ကြိမ်နှင့် ၁၂ လထက် မပိုသောကာလအတွင်း စာရင်းရှင်းလင်းဖျက်သိမ်းမှုပြီးစီးသည်အထိ တရားရုံး သို့မဟုတ် မှတ်ပုံတင်အရာရှိထံသို့ စာရင်းရှင်းလင်းဖျက်သိမ်းရေးအတွက် ၎င်း၏ပြုလုပ်ဆောင်ရွက်မှုများနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းမှုအခြေအနေနှင့်စပ်လျဉ်း၍ သီးခြားကိစ္စရပ်များပါဝင်သော သတ်မှတ်ဖော်ပြ ထားသည့်ပုံစံဖြင့် ပြုစုထားသည့် ရေးသားဖော်ပြချက်တစ်ရပ်ကို ရှင်းလင်းတင်ပြရမည်။ ( ခ ) ကုမ္ပဏီ၏ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဖြစ်ကြောင်း စာဖြင့်ရေးသား၍ ဖော်ပြသူတစ်ဦးသည် ၎င်းကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ကိုယ်စားလှယ်ဖြင့်ဖြစ်စေ မည်သည့် အချိန်တွင်မဆို သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေကို ပေးသွင်းလျက် ရေးသား ဖော်ပြချက်များကို စစ်ဆေးကြည့်ရှုခြင်း၊ ယင်းတို့၏ မိတ္တူကိုဖြစ်စေ၊ ကောက်နုတ် ချက်ကိုဖြစ်စေရယူနိုင်သည်။ သို့သော် မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦး ဖြစ်သည်ဟု မမှန်မကန်ထုတ်ဖော်ခဲ့လျှင် ထိုသူသည် ရာဇသတ်ကြီး ပုဒ်မ ၁၈၂ အရ ပြစ်မှုအတွက်အပြစ်ရှိပြီး စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက လျှောက်ထားလာလျှင် ထိုပြစ်မှုအရ ပြစ်ဒဏ်ကျခံစေရမည်။ (ဂ) တရားရုံးသို့ရေးသားဖော်ပြချက်အား တင်ပြသည့်အခါ ယင်း၏ မိတ္တုတစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ တစ်ချိန်တည်းတွင် တင်ပြရမည်ဖြစ်ပြီး မှတ်ပုံတင်အရာရှိသည် ယင်းအားကုမ္ပဏီ၏ အခြားမှတ်တမ်းများနှင့်အတူသိမ်းဆည်းထားရမည်။ ၄၀၉။ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ပုဒ်မ ၄၀၈ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်လျှင် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ဘဏ်သို့ငွေပေးချေမှုများ ၄၁၀။ (က) တရားရုံးကဖျက်သိမ်းသည့် ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ အားလုံးသည် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းများနှင့်အညီ သတ်မှတ်ဖော်ပြထားသည့် အချိန်ကာလ၌ ၎င်းမှ လက်ခံရရှိထားသည့် ငွေကြေးများကို သတ်မှတ်စီစဉ်ထားသည့် ဘဏ်သို့ ပေးသွင်းရမည်။ သို့ရာတွင် ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန် သို့မဟုတ် ကြိုတင်ပေးငွေများကို လက်ခံရယူရန် သို့မဟုတ် မြီရှင်များ သို့မဟုတ် ကြွေးမြီ ပေးဆပ်ရသူများ၏ အကျိုးပါရှိသော အခြားအကြောင်းများကြောင့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် အခြားဘဏ်တစ်ခုခုတွင် ငွေစာရင်း ဖွင့်လှစ်သင့်ကြောင်း တရားရုံးက ကျေနပ်လက်ခံလျှင် တရားရုံးသည် ယင်းကရွေးချယ်သည့် အခြားဘဏ် တစ်ခုခုတွင် ငွေပေးချေမှုများပြုလုပ်ရန် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသို့ ခွင့်ပြုနိုင်ပြီး အဆိုပါငွေပေးချေမှုများကို သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းများအတိုင်း ဆောင်ရွက်ရမည်။ ( ခ ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် မည်သည့်အချိန်တွင်မဆို ကျပ်နှစ်သိန်း ငါးသောင်းထက်ပိုမိုသည့်ငွေတစ်ရပ် သို့မဟုတ် သီးခြားကိစ္စရပ်များတွင် တရားရုံးက ထိန်းသိမ်းရန် သတ်မှတ်ပေးထားသည့်ငွေပမာဏကို ၁၀ ရက်ထက်ကျော်လွန်၍ ထိန်းသိမ်းထားပြီး ထိုသို့ထိန်းသိမ်းထားရခြင်းအတွက် တရားရုံးက ကျေနပ်လက်ခံ နိုင်သည်အထိ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက တင်ပြနိုင်ခြင်းမရှိလျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် တစ်နှစ်လျှင် ၂၀ ရာခိုင်နှုန်းအတိုးနှုန်းဖြင့် ထိန်းသိမ်းထားသည့် ငွေပမာဏအပေါ် အတိုးပေးရမည်။ တရားရုံးက သင့်သည် ထင်မြင်သည့်အတိုင်း အဆိုပါစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အခကြေးငွေ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ခံစားခွင့်မပြုဘဲထားနိုင်သည့်အပြင် ၎င်း၏တာဝန်မှ ထုတ်ပယ်နိုင်သည်။ ထို့ပြင် ၎င်း၏ပျက်ကွက်မှုကြောင့် ဖြစ်ပေါ်လာသည့် ကုန်ကျစရိတ်များကို ပေးချေရမည်။ (ဂ) ဖျက်သိမ်းသည့် ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးသည် သီးခြားဘဏ် ငွေစာရင်းတစ်ရပ်ကို ဖွင့်လှစ်ထားရမည်ဖြစ်ပြီး အဆိုပါငွေစာရင်းသို့ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအဖြစ် ၎င်းကလက်ခံရရှိသည့် ငွေပမာဏအားလုံးကို ပေးသွင်းရမည်။ ကျမ်းကျိန်လွှာပြုလုပ်နိုင်သည့် တရားရုံး သို့မဟုတ် ပုဂ္ဂိုလ် ၄၁၁။ (က) ဤအပိုင်းတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များ သို့မဟုတ် ကိစ္စရပ်များအတွက် လိုအပ်သော ကျမ်းကျိန်လွှာတစ်ရပ်ရပ်ကို နိုင်ငံတော်အတွင်း မည်သည့်နေရာတွင်မဆို တရားရုံး တစ်ခုခု၊ တရားသူကြီး သို့မဟုတ် ကျမ်းကျိန်လွှာများကို လက်ခံပြုလုပ်ပေးရန် တရားဝင် အခွင့်အာဏာအပ်နှင်းထားခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦးဦး၏ ရှေ့မှောက်တွင်လည်းကောင်း၊ နိုင်ငံတော်ပြင်ပတွင် နိုင်ငံတော်၏ကောင်စစ်ဝန်၊ ဒုတိယကောင်စစ်ဝန် သို့မဟုတ် သံအမတ်ကြီးတို့၏ရှေ့မှောက်တွင်လည်းကောင်း ကျမ်းကျိန်ဆိုနိုင်သည်။ ( ခ ) နိုင်ငံတော်အတွင်းရှိ တရားရုံးများ၊ တရားသူကြီးများ၊ တရားသူကြီးချုပ်များ၊ ကော်မရှင် အဖွဲ့ဝင်များ၊ တရားစီရင်ရေးတာဝန်များကို ဆောင်ရွက်နေရသူများသည် ဤအပိုင်းတွင် ပါရှိသော ကိစ္စရပ်များအတွက် အသုံးပြုမည့်ကျမ်းကျိန်လွှာများ သို့မဟုတ် အခြား စာရွက်စာတမ်းများတွင် ပူးတွဲဖော်ပြထားသော အဆိုပါ တရားရုံး၊ တရားသူကြီး၊ ပုဂ္ဂိုလ်၊ ကောင်စစ်ဝန် သို့မဟုတ် ဒုတိယကောင်စစ်ဝန် သို့မဟုတ် သံအမတ်ကြီးတို့၏ တံဆိပ်၊ လက်မှတ်များပါရှိသော တရားစီရင်ရေးဆိုင်ရာ အကြောင်းကြားမှုကို လက်ခံရယူရမည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နည်းဥပဒေများကို ပြဋ္ဌာန်းနိုင်သည့် အခွင့်အာဏာ ၄၁၂။ (က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ယင်းနှင့် လက်အောက်ခံတရားရုံးများတွင် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက်ဖြစ်စေ၊ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းရန် အတွက်ဖြစ်စေ (ကုမ္ပဏီတွင်ပါဝင်သူများနှင့် မြီရှင်များကဖျက်သိမ်းခြင်း နှစ်ရပ်လုံး)၊ ပုဒ်မ ၂၈၇ အရ ဆောင်ရွက်သည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြီရှင်များနှင့် ကုမ္ပဏီတွင် ပါဝင်သူများ၏ အစည်းအဝေးများကို ကျင်းပရန်အတွက်ဖြစ်စေ၊ ဤဥပဒေပါပြဋ္ဌာန်းချက် များအရ တရားရုံးသို့တင်ပြသည့် လျှောက်ထားမှုများအတွက်ဖြစ်စေ ဆောင်ရွက်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဤဥပဒေနှင့်လည်းကောင်း၊ တရားမကျင့်ထုံးဥပဒေ နှင့်လည်းကောင်း လိုက်လျောညီထွေရှိသည့် နည်းဥပဒေများကို အခါအားလျော်စွာ ပြုလုပ်နိုင်သည့်အပြင် ဤဥပဒေအရသတ်မှတ်ဖော်ပြထားသည့် ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့်ကိစ္စရပ်များအားလုံးအတွက် နည်းဥပဒေများကို ပြဋ္ဌာန်းနိုင်သည်။ (ခ) အထက်တွင်ဖော်ပြပါရှိသော အခွင့်အာဏာများကို ထိခိုက်ခြင်းမရှိစေဘဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် အဆိုပါနည်းဥပဒေများအရ အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ တရားရုံး၏အခွင့်အာဏာနှင့် တာဝန်များဖြစ်သော တရားဝင်ခန့်အပ်ထားသည့် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိကဖြစ်စေ၊ တရားရုံး၏ကြီးကြပ်မှုဖြင့်ဖြစ်စေ ကျင့်သုံး ဆောင်ရွက်နိုင်သည့်ဤဥပဒေအရ တရားရုံးသို့အပ်နှင်းထားသော အခွင့်အာဏာများနှင့် တာဝန်များအားလုံးကိုလည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုလည်းကောင်း ရယူ ဆောင်ရွက်နိုင်သည် - (၁) မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒကို ရရှိရန်အတွက် အစည်းအဝေးများ ခေါ်ယူကျင်းပခြင်း၊ (၂) ကြွေးမြီပေးဆပ်ရသူများ၏ စာရင်းကို ရှင်းလင်းဆောင်ရွက်ခြင်း၊ ကုမ္ပဏီတွင် ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းကို လိုအပ်ပါကအတည်ပြု ရခြင်း၊ ရရန်ပိုင်ခွင့် များကို စုဆောင်းခြင်းနှင့် အသုံးပြုခြင်း၊ (၃) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ ပစ္စည်း သို့မဟုတ် စာရွက်စာတမ်းများကို ပေးပို့ရန်လိုအပ်ခြင်း၊ (၄) ငွေကြေးထည့်ဝင်ရန်အတွက် တောင်းခေါ်မှုများ ပြုလုပ်ခြင်း၊ (၅) ကြွေးမြီများနှင့် တင်ပြတောင်းဆိုမှုများကို သက်သေထင်ရှားပြသစေရန် အချိန်ကာလ သတ်မှတ်ပေးခြင်း။ သို့ရာတွင် တရားရုံး၏ အထူးခွင့်ပြုချက်မပါရှိဘဲ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင် စာရင်းကို အတည်ပြုခြင်းမပြုရ။ ထို့ပြင် တရားရုံး၏ အထူးခွင့်ပြုချက်မပါရှိဘဲ ငွေကြေးထည့်ဝင်ရန်အတွက် တောင်းခေါ်မှုများကို မပြုလုပ်ရ။ အခန်း(၂၇) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီများကို ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီများကို ဖျက်သိမ်းခြင်း ၄၁၃။ (က) ဤအခန်း (၂၇) တွင် ဖော်ပြပါရှိသော ကိစ္စရပ်များအတွက် “မှတ်ပုံတင်ထားခြင်း မရှိသည့်ကုမ္ပဏီ” ဆိုသည်မှာ ဤဥပဒေအရ မှတ်ပုံတင်ထားသော ကုမ္ပဏီမဟုတ်ဘဲ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်ထားသည့် ကော်ပိုရေးရှင်း၊ အစုစပ်လုပ်ငန်း၊ အသင်းအဖွဲ့ သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်း တစ်ရပ်ရပ်လည်းပါဝင်သည်။ ( ခ ) ဤအပိုင်းတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များ၊ အခြားသက်ဆိုင်သည့် ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုခုကို ဤဥပဒေအရ ဖျက်သိမ်းနိုင်သည်။ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များ အားလုံးသည် အောက်ပါခြွင်းချက်များ၊ ဖြည့်စွက်ချက်များနှင့်အတူ မှတ်ပုံတင်ထားခြင်း မရှိသည့် ကုမ္ပဏီတစ်ခုခုနှင့် သက်ဆိုင်စေရမည် - (၁) နိုင်ငံတော်အတွင်း ကုမ္ပဏီ၏ အဓိကစီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့်နေရာသည် ကုမ္ပဏီ၏မှတ်ပုံတင်ထားသောရုံးခန်းဖြစ်သည်ဟု မှတ်ယူရမည်။ (၂) မှတ်ပုံတင်ထားခြင်းမရှိသည့် မည်သည့်ကုမ္ပဏီကိုမျှ ဤဥပဒေအရ ဆန္ဒအလျောက် ဖြစ်စေ၊ ကြီးကြပ်မှုဖြင့်ဖြစ်စေ ဖျက်သိမ်းခြင်းမပြုရ။ (၃) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုခုကို ဖျက်သိမ်းနိုင်သည့် အခြေအနေ များမှာ အောက်ပါအတိုင်းဖြစ်သည် - (ကက) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုခုကို စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမှ ဖျက်သိမ်းလျှင် သို့မဟုတ် ရပ်စဲခဲ့လျှင် သို့မဟုတ် ကုမ္ပဏီ၏ ကိစ္စရပ်များကို စာရင်းရှင်းလင်းဖျက်သိမ်းရန်အတွက်သာလျှင် စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျှင် သို့မဟုတ် ( ခခ ) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီသည် ယင်း၏ကြွေးမြီများကို ပေးဆပ်နိုင်ခြင်း မရှိလျှင် သို့မဟုတ် ( ဂဂ ) မှတ်ပုံတင်ထားခြင်းမရှိသည့်ကုမ္ပဏီကို ဖျက်သိမ်းခြင်းသည် သင့်လျော် မှန်ကန်သည်ဟု တရားရုံးကထင်မြင်လျှင် ၎င်းအပြင် (၄) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီသည် ဤဥပဒေပါ ကိစ္စရပ်များအတွက် အောက်ပါကိစ္စရပ် တစ်ရပ်ရပ်ပေါ်ပေါက်ပါက ယင်း၏ ကြွေးမြီများကို ပေးချေ နိုင်ခြင်းမရှိဟု မှတ်ယူရမည်(ကက) လွှဲအပ်ခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ကုမ္ပဏီက ကျပ်နှစ်သိန်းငါးသောင်းထက်ပိုမိုသော ငွေတစ်ရပ်ကို ပေးချေရန်ရှိသည့် မြီရှင်တစ်ဦးက မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီအပေါ်တွင် ထိုကုမ္ပဏီထံမှ ၎င်းကရရှိမည့်ငွေများကို ပေးချေစေရန်အတွက် တောင်းဆိုချက်တစ်ရပ်ကို ထိုကုမ္ပဏီ၏ အဓိကစီးပွားရေးလုပ်ငန်း နေရာသို့ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အရာရှိများ ထံသို့ ပေးပို့၍ဖြစ်စေ၊ တရားရုံးကလက်ခံသော သို့မဟုတ် ညွှန်ကြားသော နည်းလမ်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ပေးပို့ခဲ့လျှင်၊ မှတ်ပုံတင်ထားခြင်း မရှိသည့်ကုမ္ပဏီသည် တောင်းဆိုချက်ကို လက်ခံရရှိပြီးနောက် ၂၁ ရက် အတွင်း ထိုငွေကိုပေးချေရန် ပျက်ကွက်ခဲ့လျှင်၊ သို့မဟုတ် မြီရှင်က ကျေနပ်လက်ခံစေမည့် အာမခံထားရှိခြင်း သို့မဟုတ် အတိုးပေးခြင်းများ ပြုလုပ်ရန် ပျက်ကွက်ခဲ့လျှင်၊ ခခ ) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ သို့မဟုတ် ထိုကုမ္ပဏီတွင် ပါဝင်သူအဖြစ် ရှိသူထံမှ ကြွေးမြီ သို့မဟုတ် တောင်းဆိုထားသည့် ငွေများအတွက် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးအပေါ် တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှု တစ်ရပ်ရပ်ကို ဆောင်ရွက်ခဲ့လျှင်၊ အဆိုပါ တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှု တစ်ရပ်ရပ်အတွက် စာဖြင့်ရေးသားထားသည့် အကြောင်းကြားစာကို မှတ်ပုံတင်ထားခြင်း မရှိသည့် ကုမ္ပဏီထံသို့ ထိုကုမ္ပဏီ၏ အဓိကစီးပွားရေးလုပ်ငန်းနေရာသို့ ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အရာရှိများထံသို့ ပေးပို့၍ဖြစ်စေ၊ တရားရုံးကလက်ခံသော သို့မဟုတ် ညွှန်ကြားသော နည်းလမ်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ပေးပို့ခဲ့လျှင် မှတ်ပုံတင်ထားခြင်း မရှိသည့်ကုမ္ပဏီသည် အကြောင်းကြားစာအား လက်ခံရရှိပြီးနောက် ၁၀ ရက်အတွင်း အဆိုပါကြွေးမြီ သို့မဟုတ် တောင်းဆိုချက်ကိုပေးချေခြင်း၊ အာမခံထားရှိခြင်း သို့မဟုတ် အတိုးပေးခြင်းများပြုလုပ်ရန် ပျက်ကွက်လျှင် သို့မဟုတ် တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှုကို ဆိုင်းငံ့ ထားစေရန် မပြုလုပ်ခဲ့လျှင် သို့မဟုတ် ထိုသို့တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှုအပေါ် တရားပြိုင်က ကျေနပ်လက်ခံနိုင်သည့် လျော်ကြေးကို ပေးချေမှုမပြုခဲ့လျှင် အထက်ပါအတိုင်း ၎င်းကကျခံရမည့် ကုန်ကျစရိတ်များ၊ နစ်နာကြေးများနှင့် အသုံးစရိတ်များကို ပေးချေမှု မပြုခဲ့လျှင်၊ ( ဂဂ ) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ သို့မဟုတ် ထိုကုမ္ပဏီတွင် ပါဝင်သူများ သို့မဟုတ် ထိုကုမ္ပဏီ၏ကိုယ်စား အမည်ခံတရားပြိုင်အဖြစ် တရားစွဲဆိုခံရန် သတ်မှတ်ခံရသူတစ်ဦးဦးအား ဆန့်ကျင်၍ တရားရုံးတစ်ခုခုတွင် မြီရှင်အား အနိုင်ပေးသည့် ဒီကရီ သို့မဟုတ် အမိန့်အပေါ် အတည်ပြုခြင်း သို့မဟုတ် အခြားကိစ္စများကို ဆောင်ရွက်ခြင်းသည် ကျေနပ်ဖွယ်ရာမရှိခဲ့လျှင်၊ (ဃဃ) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီသည် ယင်း၏ ကြွေးမြီများကို ပေးဆပ်နိုင်ခြင်းမရှိကြောင်း တရားရုံးကလက်ခံနိုင်မည့် အခြားသော သက်သေခံတင်ပြချက်များရှိခဲ့လျှင်။ (ဂ) ဤအပိုင်းတွင် ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ အခြားသက်ဆိုင်ရာဥပဒေ သို့မဟုတ် ဤဥပဒေအရဖျက်သိမ်းထားသည့် ဥပဒေတစ်ရပ်ရပ်အရ ကုမ္ပဏီတစ်ခုအဖြစ်လည်းကောင်း၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုအဖြစ်လည်းကောင်း ဖျက်သိမ်းမည့် ကော်ပို ရေးရှင်း၊ အစုစပ်လုပ်ငန်း၊ အသင်းအဖွဲ့ သို့မဟုတ် မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုခုအတွက် ဖော်ပြထားသည့် ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ထိခိုက်ခြင်းမရှိစေရ။ သို့သော် ဖျက်သိမ်းထားသည့် ပြဋ္ဌာန်းချက်များကို ရည်ညွှန်းထားသည့်ကိစ္စရပ်များကို ဤဥပဒေ၏ သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ (ရှိခဲ့လျှင်) ကို ရည်ညွှန်းသည်ဟု မှတ်ယူရမည်။ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီများကို ဖျက်သိမ်းရာတွင် ကြွေးမြီပေးဆပ်ရသူများ ၄၁၄။ (က) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီကို ဖျက်သိမ်းသည့်ကိစ္စရပ်တွင် ကုမ္ပဏီ၏ ကြွေးမြီ သို့မဟုတ် တာဝန်ရှိမှုတစ်ရပ်ရပ်ကိုပေးချေရန် သို့မဟုတ် ထည့်ဝင်ရန်အတွက် လည်းကောင်း၊ ကုမ္ပဏီတွင်ပါဝင်သူများအကြား အခွင့်အရေးများကို ညှိနှိုင်းဆောင်ရွက်ရန် အတွက် ငွေကြေးတစ်ရပ်ရပ်ပေးချေရန် သို့မဟုတ် ထည့်ဝင်ရန်အတွက်လည်းကောင်း၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီကို ဖျက်သိမ်းရာတွင် ကျသင့်သည့် ကုန်ကျစရိတ် များနှင့် အသုံးစရိတ်များကိုပေးချေရန် သို့မဟုတ် ထည့်ဝင်ရန်အတွက်လည်းကောင်း တာဝန်ရှိသူများအားလုံးကို ကြွေးမြီပေးဆပ်ရသူများအဖြစ် မှတ်ယူရမည်ဖြစ်သည်။ ကြွေးမြီပေးဆပ်ရသူများအားလုံးသည် ဖော်ပြပါတာဝန်ရှိမှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ၎င်းတို့ထံမှ ပေးချေရမည့် ငွေပမာဏအားလုံးကို မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များသို့ ထည့်ဝင်ရန် တာဝန်ရှိသည်။ ( ခ ) ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးသည် သေဆုံးခြင်း သို့မဟုတ် လူမွဲအဖြစ် သတ်မှတ်ခံရခြင်းများ ဖြစ်ပေါ်ခဲ့လျှင် သေဆုံးသွားသော ကြွေးမြီပေးဆပ်ရသူများ၏ တရားဝင်ကိုယ်စားလှယ်များနှင့် အမွေဆက်ခံသူများ၊ လူမွဲအဖြစ်ခံယူရသော ကြွေးမြီပေးဆပ်ရသူများ၏ လွှဲအပ်ခြင်း ခံရသူများနှင့် စပ်လျဉ်း၍ ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။ တရားစွဲဆိုစစ်ဆေးမှုများကိုဆိုင်းငံ့ရန် သို့မဟုတ် ရပ်နားထားရန်ဆောင်ရွက်နိုင်သည့် အခွင့်အာဏာ ၄၁၅။ ကုမ္ပဏီဖျက်သိမ်းရန် လျှောက်ထားတင်ပြပြီးနောက် ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်ချမှတ်ခြင်း မပြုမီကာလအတွင်း မည်သည့်အချိန်တွင်မဆို ကုမ္ပဏီအပေါ်တရားစွဲဆိုမှုနှင့် စစ်ဆေးဆောင်ရွက်မှု များကို ဆိုင်းငံ့ထားခြင်း၊ ရပ်နားထားခြင်းတို့နှင့် သက်ဆိုင်သည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတွင် မြီရှင်က ထိုသို့ဆိုင်းငံ့ထားရန် သို့မဟုတ် ရပ်နားထားရန် လျှောက်ထားတင်ပြခဲ့လျှင် မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ၏ ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးအပေါ် စွဲဆိုသည့်မှုခင်းများနှင့် စစ်ဆေးဆောင်ရွက်မှုများကို ဆိုင်းငံ့ထားရမည်။ ကုမ္ပဏီဖျက်သိမ်းရန်အမိန့်အား ဆိုင်းငံ့ထားစေရန် စွဲဆိုမှု ၄၁၆။ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ချမှတ် သည့်အခါ တရားရုံး၏ခွင့်ပြုချက်နှင့် တရားရုံးကသတ်မှတ်သည့် စည်းကမ်းချက်များဖြင့် ဆောင်ရွက် သည်မှအပ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ၏ ကြွေးမြီတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ထိုကုမ္ပဏီ၏ ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးအပေါ် တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း သို့မဟုတ် ဆက်လက်ဆောင်ရွက်ခြင်းမပြုရ။ အချို့သောကိစ္စများတွင် ပစ္စည်းများနှင့်စပ်လျဉ်းသည့် ညွှန်ကြားချက်များ ၄၁၇။ မှတ်ပုံတင်ထားခြင်းမရှိသည့်ကုမ္ပဏီတွင် ယင်း၏အမည်ဖြင့် တရားစွဲဆိုခြင်း သို့မဟုတ် တရားစွဲဆိုခံနိုင်ခြင်းအတွက် အခွင့်အာဏာမရှိခဲ့လျှင် သို့မဟုတ် အကြောင်းတစ်ရပ်ရပ်ကြောင့် ဖြစ်ပေါ် လာလျှင် တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်ဖြင့်ဖြစ်စေ၊ နောက်ထပ် အမိန့်တစ်ရပ်ရပ်ဖြင့်ဖြစ်စေ၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ သို့မဟုတ် ယင်းကုမ္ပဏီကိုယ်စား ယုံကြည်အပ်နှံခြင်းခံရသူများနှင့် သက်ဆိုင်သောရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများနှင့် စပ်လျဉ်းသည့် အကျိုး ခံစားခွင့်နှင့်အခွင့်အရေးများ၊ တာဝန်များ၊ တရားစွဲဆို တောင်းဆိုမှုများအပါအဝင် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ ၎င်း၏အမည်ဖြင့်အပ်နှံရမည်။ ယင်းနောက် အမိန့်တွင် သတ်မှတ်ဖော်ပြထားသော အဆိုပါပစ္စည်း သို့မဟုတ် ယင်း၏တစ်စိတ်တစ်ဒေသကို ဖော်ပြပါအတိုင်း အပ်နှံရမည်။ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် တရားရုံးက ညွှန်ကြားသည့်အတိုင်း လျော်ကြေးငွေများ (ရှိခဲ့လျှင်)ကို ပေးပြီးနောက် အဆိုပါပစ္စည်းများနှင့် စပ်လျဉ်း၍ ၎င်း၏အမည်ဖြင့် အမှုများကိုစွဲဆိုဆောင်ရွက်ခြင်း သို့မဟုတ် စွဲဆိုသည့်မှုခင်းများနှင့် စစ်ဆေးဆောင်ရွက်မှုများတွင် ခုခံချေပခြင်းတို့ကို မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီကိုဖျက်သိမ်း ခြင်းနှင့် ထိုကုမ္ပဏီ၏ပစ္စည်းများကို ပြန်လည်ရယူခြင်းများအား ထိရောက်စွာဆောင်ရွက်နိုင်စေရန် အတွက် လိုအပ်သလိုတရားစွဲဆိုခြင်း သို့မဟုတ် ခုခံချေပခြင်းများကို ပြုလုပ်ရမည်။ ဤအပိုင်းတွင် ပါရှိသည့် ပြဋ္ဌာန်းချက်များကို ဆက်စပ်အသုံးပြုရခြင်း ၄၁၈။ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီနှင့်စပ်လျဉ်း၍ ဤအပိုင်းတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက် များသည် တရားရုံးဖြင့် ကုမ္ပဏီကို ဖျက်သိမ်းခြင်းနှင့်သက်ဆိုင်သော ဤဥပဒေ၏ ရှေ့ပိုင်းတွင် ဖော်ပြပါရှိသော ပြဋ္ဌာန်းချက်များအား ကန့်သတ်ထားခြင်းမရှိဘဲ ယင်းတို့နှင့် ဆက်စပ်အသုံးပြု ရမည်။ တရားရုံးနှင့် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတို့သည် မှတ်ပုံတင် ထားခြင်းမရှိသည့် ကုမ္ပဏီနှင့်စပ်လျဉ်းသည့်ကိစ္စရပ်တွင် ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီ သို့မဟုတ် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများကို ဖျက်သိမ်းရာတွင် ၎င်းတို့အနေဖြင့် ကျင့်သုံး ဆောင်ရွက်နိုင်သည့် အခွင့်အာဏာများကို ကျင့်သုံးနိုင်သည်။ သို့သော် မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုသည် ယင်းအားဖျက်သိမ်းသည့် ကိစ္စရပ်မှတစ်ပါး ဤဥပဒေအရ ကုမ္ပဏီတစ်ခု ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရ။ ဤအပိုင်းတွင် ဖော်ပြပါရှိသည့်ကိစ္စရပ်များအတွက်သာလျှင် ကုမ္ပဏီဖြစ်သည်ဟု မှတ်ယူရမည်။

အပိုင်း (၆) - မှတ်ပုံတင်အရာရှိနှင့် မှတ်ပုံတင်ရုံး၏ အခွင့်အာဏာများ

အခန်း(၂၈) မှတ်ပုံတင်အရာရှိ၊ မှတ်ပုံတင်ရုံး၊ စာရွက်စာတမ်းများကို မှတ်ပုံတင်ခြင်း၊ စစ်ဆေးကြည့်ရှုနိုင်သည့် အခွင့်အာဏာများနှင့် အခကြေးငွေများ မှတ်ပုံတင်အရာရှိ ၄၁၉။ (က) ဤဥပဒေ စတင်အာဏာတည်သည့်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန သို့မဟုတ် ယင်း၏ လုပ်ငန်းကို ဆက်ခံမည့်ဌာန အဖွဲ့အစည်းတစ်ရပ်ရပ်သည် မှတ်ပုံတင်အရာရှိ၏ အခွင့်အာဏာများကိုရရှိပြီး ၎င်း၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။ မှတ်ပုံတင်အရာရှိသည် ဤဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တွင် သို့မဟုတ် ထိုဥပဒေများအရ အခါအားလျော်စွာ သတ်မှတ်ဖော်ပြထားသည့် အခွင့်အာဏာများနှင့် လုပ်ငန်းတာဝန်များကို ကျင့်သုံးဆောင်ရွက်ရမည့်အပြင် အဆိုပါအခွင့်အာဏာနှင့် လုပ်ငန်းတာဝန်များကို ကျင့်သုံးဆောင်ရွက်ရာတွင် သို့မဟုတ် ထိုသို့ကျင့်သုံးဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဆောင်ရွက်နိုင်သည့် အခွင့်အာဏာရှိသည်။ (ဂ) ပြည်ထောင်စုဝန်ကြီးသည် မှတ်ပုံတင်အရာရှိ၏ အခွင့်အာဏာများနှင့် လုပ်ငန်းတာဝန် များကို ကျင့်သုံးဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိအား ညွှန်ကြားနိုင်သည်။ (ဃ) ပုဒ်မခွဲ (က) မှ (ဂ) အထိပါရှိသော ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ခြင်းမရှိစေဘဲ၊ မှတ်ပုံတင်အရာရှိသည် ဤဥပဒေအား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ယေဘုယျအခြေအနေတွင်သော်လည်းကောင်း၊ အထူးအခြေအနေ တစ်ရပ်ရပ်တွင် သော်လည်းကောင်း လမ်းညွှန်ချက်များထုတ်ပြန်နိုင်သည့် အခွင့်အာဏာရှိသည်။ ( င ) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန သို့မဟုတ် ယင်း၏လုပ်ငန်းကို ဆက်ခံမည့်ဌာန အဖွဲ့အစည်းတစ်ရပ်ရပ်သို့ မှတ်ပုံတင်အရာရှိ၏ တာဝန်များကို လွှဲအပ်ထားသည့် ကာလတစ်လျှောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ရာထူးနေရာ သို့မဟုတ် အလားတူရာထူးနေရာကို ရယူထားသောသူသည် မှတ်ပုံတင်အရာရှိ၏ အခွင့်အာဏာများကိုကျင့်သုံးနိုင်ပြီး ၎င်း၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။ ထိုသို့ဆောင်ရွက်ရာတွင် ညွှန်ကြားရေးမှူးချုပ်၏ ကြီးကြပ်မှုဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန သို့မဟုတ် ယင်း၏ လုပ်ငန်းကို ဆက်ခံမည့်ဌာနအဖွဲ့အစည်းတစ်ရပ်ရပ်၏ အခြားအရာရှိ သို့မဟုတ် ဝန်ထမ်း တစ်ဦးဦးသို့ ၎င်း၏အခွင့်အာဏာများနှင့် လုပ်ငန်းတာဝန်များကို တာဝန်ခွဲဝေအပ်နှင်း နိုင်သည့် အခွင့်အာဏာလည်းပါဝင်သည်။ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် သက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင် အရာရှိအားခန့်အပ်နိုင်သည့် သို့မဟုတ် မှတ်ပုံတင်အရာရှိ၏ အခွင့်အာဏာများကို အပ်နှင်းနိုင်သည့် အခြားနည်းလမ်းတစ်ရပ်ရပ်ကို ကန့်သတ်ထားခြင်းမရှိစေရ။ မှတ်ပုံတင်ရုံးများ ၄၂၀။ (က) ဤဥပဒေအရ ကုမ္ပဏီများကို မှတ်ပုံတင်ဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စုဝန်ကြီးက သင့်သည်ထင်မြင်သည့်နေရာများတွင် ရုံးများဖွင့်လှစ်ရမည်ဖြစ်ပြီး မည်သည့်ကုမ္ပဏီမျှ အဆိုပါဖွင့်လှစ်ထားသည့်ရုံးများအနက် ရုံးတစ်ရုံးတွင်မှတစ်ပါး မှတ်ပုံတင်ခြင်းမပြုလုပ်ရ။ ပြည်ထောင်စုဝန်ကြီးသည် ကုမ္ပဏီများအား မှတ်ပုံတင်ခြင်းအတွက် သို့မဟုတ် မှတ်ပုံတင်ခြင်း နှင့်သက်ဆိုင်သည့် လိုအပ်သောစာရွက်စာတမ်းများသည် အစစ်အမှန်ဖြစ်ကြောင်း ဖော်ပြနိုင်ရေးအတွက် ရုံးတံဆိပ် သို့မဟုတ် ရုံးတံဆိပ်များကို ပြုလုပ်ဆောင်ရွက်ထားရန် ညွှန်ကြားနိုင်သည်။ မှတ်ပုံတင်စာရင်းများနှင့် မှတ်တမ်းများကို ထိန်းသိမ်းထားရှိခြင်းနှင့် စစ်ဆေးကြည့်ရှုခြင်း ၄၂၁။ (က) မှတ်ပုံတင်အရာရှိသည် ၎င်းအနေဖြင့် ဤဥပဒေအရ ထိန်းသိမ်းထားရှိရန်လိုအပ်သော မှတ်ပုံတင်စာရင်းများအားလုံးနှင့် ဤဥပဒေအရ ၎င်းထံတင်ပြရသည့် မှတ်တမ်းများ အားလုံးကို ပြုစုထားရှိထိန်းသိမ်းရမည်။ မှတ်ပုံတင်အရာရှိသည် မှတ်တမ်းများနှင့်မှတ်ပုံတင်စာရင်းများကို အီလက်ထရောနစ် နည်းဖြင့် ဆန်းသစ်ခြင်း၊ တင်ပြခြင်း၊ စုစည်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် ဤဥပဒေအရ မှတ်ပုံတင်ရမည့် အဖွဲ့အစည်းများအားလုံးနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းများအတွက် ထိုစနစ်များနှင့် လုပ်ငန်းစဉ်များကို ထူထောင်ခြင်းများအပါအဝင် မှတ်ပုံတင်အရာရှိသို့ အပ်နှင်းထားသည့်တာဝန်များနှင့် ၎င်းကသင့်သည်ထင်မြင်သည့် နည်းလမ်းအတိုင်း ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့်တာဝန်များကို ထမ်းဆောင်ရမည်။ ဤပုဒ်မခွဲသည် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ အဆိုပါကိစ္စရပ်များအတွက် ကြီးကြပ်နိုင်သည့်အခွင့်အာဏာများကို ကန့်သတ်တားမြစ်ခြင်းမရှိစေဘဲ သက်ဆိုင် စေရမည်။ (ဂ) ပုဒ်မခွဲ (ဆ) ကို မဆန့်ကျင်စေဘဲ မှတ်ပုံတင်အရာရှိမှ စာရွက်စာတမ်းအား မှတ်ပုံတင်ခြင်း သို့မဟုတ် မှတ်ပုံတင်ခြင်းကိုခွင့်မပြု ခြင်းသည် အဆိုပါစာရွက်စာတမ်း၏ တရားဝင်မှုကို လည်းကောင်း သို့မဟုတ် တရားမဝင်မှုကိုလည်းကောင်း အဆိုပါစာရွက်စာတမ်းတွင် ပါရှိသည့် သတင်းအချက်အလက်၏ မှန်ကန်မှုကိုဖြစ်စေ၊ အခြားတစ်စုံတစ်ရာကိုဖြစ်စေ သက်ရောက်စေခြင်း သို့မဟုတ် ဖြစ်ပေါ်စေခြင်းမရှိစေရ။ (ဃ) အခြားသက်ဆိုင်သော အခွင့်အာဏာများကို ထိခိုက်စေခြင်းမရှိစေဘဲ ပြည်ထောင်စု ဝန်ကြီးသည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ခ) တို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များအား အကျိုးသက်ရောက်စေရန် လိုအပ်သည့် စည်းမျဉ်းများ၊ နည်းဥပဒေ၊ အမိန့် သို့မဟုတ် အမိန့်ကြော်ငြာစာများကို ထုတ်ပြန်သတ်မှတ်ဖော်ပြနိုင်သည်။ အထူးသဖြင့် ဤဥပဒေအရ မှတ်ပုံတင်ထားသောအဖွဲ့အစည်းများနှင့် မှတ်ပုံတင်အရာရှိတို့အကြား အီလက်ထရောနစ် နည်းဖြင့် စာရွက်စာတမ်းများအား မှတ်ပုံတင်ခြင်း၊ အီလက်ထရောနစ်နည်းဖြင့် ဆက်သွယ် ဆောင်ရွက်ခြင်းများအတွက် လုပ်ငန်းစနစ်များ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်သည်။ ဤကိစ္စရပ်များတွင် ဤဥပဒေအရ မှတ်ပုံတင်ထားသော အဖွဲ့အစည်းတစ်ခုခု၏ ပြန်လည်မှတ်ပုံတင်ခြင်းအတွက်လည်းကောင်း၊ ပေးချေရမည့် ငွေကြေးများအတွက်လည်းကောင်း အီလက်ထရောနစ်နည်းပညာဖြင့် မှတ်ပုံတင်ခြင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ လိုအပ်သည့်သတ်မှတ်ချက်များကို ထည့်သွင်းဖော်ပြနိုင်သည်။ ထိုအခကြေးငွေသည် အီလက်ထရောနစ်နည်းပညာမပါရှိသောနည်းဖြင့် မှတ်ပုံတင် ဆောင်ရွက်ခြင်းနှင့် မှတ်ပုံတင်ခြင်းအတွက် သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေနှင့် ခြားနားနိုင်မည်ဖြစ်သည်။ (င) မည်သူမဆို မှတ်ပုံတင်အရာရှိက ထိန်းသိမ်းထားသည့် မှတ်ပုံတင်စာရင်းများနှင့် မှတ်တမ်းများကို ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေကို ပေးသွင်းစေလျက် စစ်ဆေးကြည့်ရှုနိုင်သည်။ ( စ ) မည်သူမဆို ကုမ္ပဏီတစ်ခု ဖွဲ့စည်းတည်ထောင်သည့် သက်သေခံလက်မှတ် သို့မဟုတ် မိတ္တူ သို့မဟုတ် ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံသို့ တင်ပြရသည့် ကုမ္ပဏီ၏ မှတ်တမ်းများနှင့်အတူ ထိန်းသိမ်းထားရှိရမည့် အခြားစာရွက်စာတမ်း၏ ကောက်နုတ်ချက် သို့မဟုတ် အခြားစာရွက်စာတမ်း၏ မည်သည့်အစိတ်အပိုင်းကိုမဆို ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေကို ပေးသွင်း၍ မှတ်ပုံတင်အရာရှိက မိတ္တူ မှန်ကန်ကြောင်း အထောက်အထားပြုသည့် စာရွက်စာတမ်းမိတ္တူ သို့မဟုတ် ကောက်နုတ် ရယူလိုသည့် အချက်အလက်မိတ္တူကို ရယူနိုင်သည်။ (ဆ) သိသာထင်ရှားသော မှားယွင်းချက်မှလွဲ၍ ပုဒ်မ ၄၂၂ နှင့် ၄၂၃ တို့တွင် မှားယွင်းမှုအား ပြင်ဆင်သည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မှားယွင်းသည့်အချက်ကို ဖော်ပြ၍ ပုဒ်မခွဲ (စ) အရ မှတ်ပုံတင်အရာရှိက မှန်ကန်ကြောင်းလက်မှတ်ရေးထိုး ထုတ်ပေးသည့် စာရွက်စာတမ်းတစ်ရပ်ကို တရားစစ်ဆေးစီရင်ဆောင်ရွက်မှု တစ်ရပ်ရပ်တွင် မူလ စာရွက်စာတမ်းကဲ့သို့ တရားဝင်သည့်သက်သေခံချက်အဖြစ် လက်ခံဆောင်ရွက်ရမည်။ မှတ်ပုံတင်စာရင်း၏ မှားယွင်းမှုများကို ပြင်ဆင်ခြင်း ၄၂၂။ (က) မှတ်ပုံတင်အရာရှိသည် (၁) တစ်ဦးတစ်ယောက်၏ လျှောက်ထားချက်အရ မှတ်ပုံတင်စာရင်းတွင် အချက်အလက် တစ်ရပ်ရပ်ကိုမှားယွင်း၍ ရေးသွင်းထားကြောင်း သို့မဟုတ် ချန်လှပ်ထားကြောင်း သိရှိလျှင် ဤဥပဒေအရ ၎င်းကထိန်းသိမ်းထားသည့် မှတ်ပုံတင်စာရင်းတစ်ခုကို ပြင်ဆင်နိုင်သည် သို့မဟုတ် (၂) ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် မှားယွင်းမှုကြောင့် မှတ်ပုံတင်အရာရှိက မှတ်ပုံတင် စာရင်းတွင် အချက်အလက်တစ်ရပ်ရပ်ကို မမှန်မကန်ရေးသွင်းမိကြောင်း ၎င်းက သိရှိလျှင် ထိုအချက်အလက်များကို ပြင်ဆင်နိုင်သည် သို့မဟုတ် (၃) တစ်ဦးတစ်ယောက်၏ လျှောက်ထားချက်အရ မှတ်ပုံတင်အရာရှိက ကုမ္ပဏီနှင့် ဆွေးနွေးပြီးနောက် ကုမ္ပဏီ၏ ရုံးလုပ်ငန်းဆိုင်ရာ မှားယွင်းမှုကြောင့် ကုမ္ပဏီတွင် ထိန်းသိမ်းထားရှိသော မှတ်ပုံတင်စာရင်းတွင် ရေးသွင်းထားသည့် အချက်များသည် မှန်ကန်မှုမရှိကြောင်းနှင့် ထိုမှားယွင်းမှုကိုပြင်ဆင်ခြင်းသည် အခြားသူတစ်ဦးဦးကို ထိခိုက်စေနိုင်မည်မဟုတ်ကြောင်း တွေ့ရှိရလျှင် ကုမ္ပဏီက ထိန်းသိမ်းထားသည့် မှတ်ပုံတင်စာရင်းပါ ဖော်ပြချက်များကို မှန်ကန်စွာပြင်ဆင်စေရန် ကုမ္ပဏီသို့ ညွှန်ကြားနိုင်သည်။ ( ခ ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ မှတ်ပုံတင်အရာရှိက မှတ်ပုံတင်စာရင်းတစ်ရပ်ကို ပြင်ဆင်ခြင်းမပြုမီ မှတ်ပုံတင်အရာရှိသည် - (၁) လျှောက်ထားချက်ကို အဆိုပါကုမ္ပဏီနှင့် စပ်လျဉ်းသည့် မှတ်ပုံတင်စာရင်းအား ပြင်ဆင်ရန် တင်ပြခြင်းဖြစ်ကြောင်း အဆိုပါလျှောက်ထားချက်၏ အသေးစိတ် အချက်အလက်များကိုဖော်ပြ၍ ကုမ္ပဏီသို့စာဖြင့်ရေးသားအကြောင်းကြားရမည်။ (၂) ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းများကို မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားချက်အား ပြုလုပ်ခြင်းဖြစ်လျှင် ၎င်းတို့နှင့်စပ်လျဉ်းသည့် မှတ်ပုံတင် စာရင်းအားပြင်ဆင်ရန် တင်ပြခြင်းဖြစ်ကြောင်း အဆိုပါလျှောက်ထားချက်၏ အသေးစိတ်အချက်အလက်များကိုဖော်ပြ၍ ပေါင်နှံခံသူ သို့မဟုတ် ကြွေးမြီတာဝန် တင်ရှိခြင်းအား လက်ခံသူသို့ စာဖြင့်ရေးသားအကြောင်းကြားရမည်။ ၎င်းအပြင် အောက်ပါအချက်အလက်များပါရှိသော အကြောင်းကြားစာကို အများပြည်သူသိရှိရန် ထုတ်ပြန်ရမည် - (ကက) လျှောက်ထားသူ၏အမည်၊ ( ခခ ) ကုမ္ပဏီ၏အမည်။ ( ဂဂ ) မှတ်ပုံတင်စာရင်းတွင် ပြုလုပ်ဆောင်ရွက်ရမည့် အသေးစိတ်အချက်အလက် များနှင့် ပြင်ဆင်ချက်များအတွက် အကြောင်းပြချက်များနှင့် (ဃဃ) အဆိုပြုထားသည့် ပြင်ဆင်ချက်ကို စာဖြင့်ရေးသားကန့်ကွက်နိုင်ကြောင်း သတ်မှတ်သည့် နေ့ရက်တစ်ရက်ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည် ဖြစ်ပြီး ထိုနေ့ရက်သည် အကြောင်းကြားစာပေးပို့သည့်နေ့မှ ၂၈ ရက်ထက် နောက်မကျသည့်နေ့ရက် တစ်ရက်ရက် ဖြစ်စေရမည်။ (ဂ) မည်သူမဆိုအဆိုပြုထားသည့် မှတ်ပုံတင်စာရင်းအား ပြင်ဆင်ချက်အပေါ်စာဖြင့် ရေးသား ကန့်ကွက်ချက်တစ်ရပ်ကို မှတ်ပုံတင်အရာရှိထံသို့ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၃)၊ ပုဒ်မခွဲငယ်စိပ် (ဃဃ) နှင့်အညီ သတ်မှတ်ထားသည့်နေ့ရက်ထက် နောက်မကျစေဘဲ ပေးပို့နိုင်ပြီး မှတ်ပုံတင်အရာရှိသည် အဆိုပါကန့်ကွက်ချက်၏ မိတ္တုတစ်စောင်ကို မှတ်ပုံတင် စာရင်းအားပြင်ဆင်ရန် လျှောက်ထားသူထံသို့ ပေးပို့ရမည်။ (ဃ) မှတ်ပုံတင်အရာရှိသည် သတ်မှတ်ထားသည့် နေ့ရက်တွင် အဆိုပြုထားသည့် မှတ်ပုံတင် စာရင်းအား ပြင်ဆင်ချက်အပေါ် စာဖြင့်ရေးသား ကန့်ကွက်ချက်တစ်ရပ်ကို လက်ခံရရှိခဲ့ပြီး ထိုကန့်ကွက်ချက်ကို ပြန်လည်ရုပ်သိမ်းထားခြင်းမရှိကြောင်းတွေ့ရှိရလျှင် ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၁) အရ မှတ်ပုံတင်စာရင်းအား ပြင်ဆင်ခြင်းမပြုရ။ တရားရုံး၏ အခွင့်အာဏာများ ၄၂၃။ (က) မှတ်ပုံတင်အရာရှိသည် အဆိုပြုထားသည့် မှတ်ပုံတင်စာရင်းအား ပြင်ဆင်ချက်အပေါ် စာဖြင့်ရေးသား ကန့်ကွက်ချက်တစ်ရပ်ကို ပုဒ်မ ၄၂၂၊ ပုဒ်မခွဲ (ဂ) အရ လက်ခံရရှိခဲ့ပါက မှတ်ပုံတင်စာရင်းအား ပြင်ဆင်ရန်အတွက် လျှောက်ထားသူသည် အဆိုပါ ပြင်ဆင်လိုမှုအတွက် အမိန့်တစ်ရပ်ချမှတ်ပေးနိုင်ရန် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည်။ ( ခ) ပုဒ်မခွဲ (က) အရ အမိန့်တစ်ရပ်အတွက် လျှောက်ထားမှုအားပြုလုပ်ရာတွင် - (၁) လျှောက်ထားသူသည် အဆိုပါလျှောက်ထားမှုအား မှတ်ပုံတင်အရာရှိထံသို့ ဆောလျင်စွာ အသိပေးအကြောင်းကြားရမည်။ ၎င်းအပြင် (၂) မှတ်ပုံတင်အရာရှိသည် ထိုလျှောက်ထားမှုနှင့်စပ်လျဉ်း၍ တရားရုံးသို့ တက်ရောက် ကြားနာနိုင်သည်။ (ဂ) ပုဒ်မခွဲ (က) အရ အမိန့်တစ်ရပ်အတွက် လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် အချက်အလက်တစ်ရပ်ရပ်ကို မှတ်ပုံတင်စာရင်းတွင် မှားယွင်း၍ရေးသွင်းထားကြောင်း သို့မဟုတ် မှားယွင်း၍ ချန်လှပ်ထားကြောင်းတွေ့ရှိခဲ့လျှင် အဆိုပါမှတ်ပုံတင်စာရင်းအား ပြင်ဆင်ဆောင်ရွက်ရန်အတွက် အမိန့်တစ်ရပ်ချမှတ်နိုင်သည်။ မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည့် စာရွက်စာတမ်းများအတွက် လျှောက်လွှာပုံစံ ၄၂၄။ (က) ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံသို့ သတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာပုံစံဖြင့် တင်ပြရန်လိုအပ်သည့် စာရွက်စာတမ်းတစ်ရပ်ရပ်သည်(၁) စာရွက်စာတမ်းအတွက် လျှောက်လွှာပုံစံကို ဤဥပဒေအရ ပြုလုပ်သည့်စည်းမျဉ်း ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် အမိန့်ကြော်ငြာစာတစ်ရပ်ရပ်ဖြင့် သတ်မှတ် ဖော်ပြခဲ့လျှင်(ကက) အဆိုပါသတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာပုံစံအတိုင်း ဖြစ်စေရမည်။ ( ခခ )လျှောက်လွှာပုံစံတွင် လိုအပ်သော သတင်းအချက်အလက်များ၊ ရေးသား ဖော်ပြချက်များ၊ ရှင်းလင်းဖော်ပြချက်များ သို့မဟုတ် အခြားလိုအပ်သော ကိစ္စရပ်များ ပါဝင်စေရမည်။ ၎င်းအပြင် ( ဂဂ ) လျှောက်လွှာပုံစံတွင် လိုအပ်သော အခြားအချက်အလက်များကို ပူးတွဲ ပါရှိစေရမည်။ သို့မဟုတ် (၂) စာရွက်စာတမ်းအတွက် လျှောက်လွှာပုံစံကို စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ သို့မဟုတ် အမိန့်ကြော်ငြာစာတစ်ရပ်ရပ်ဖြင့် သတ်မှတ်ဖော်ပြထားခြင်းမရှိခဲ့လျှင် မှတ်ပုံတင် အရာရှိက စာရွက်စာတမ်းအတွက် လျှောက်လွှာပုံစံတစ်ရပ်ကို အတည်ပြုသတ်မှတ် ထားပါက(ကက) အဆိုပါ အတည်ပြုထားသည့် လျှောက်လွှာပုံစံအတိုင်း ဖြစ်စေရမည်။ ( ခခ ) လျှောက်လွှာပုံစံတွင် လိုအပ်သော သတင်းအချက်အလက်များ၊ ရေးသား ဖော်ပြချက်များ၊ ရှင်းလင်းဖော်ပြချက်များ သို့မဟုတ် အခြားလိုအပ်သော ကိစ္စရပ်များ ပါဝင်စေရမည်။ ၎င်းပြင် ( ဂဂ ) လျှောက်လွှာပုံစံတွင် လိုအပ်သော အခြားအချက်အလက်များကို ပူးတွဲ ပါရှိစေရမည်။ ( ခ ) ဤဥပဒေအရတင်ပြလာသည့် စာရွက်စာတမ်းတစ်ရပ်ရပ်သည် ပုဒ်မခွဲ (က) နှင့် သက်ဆိုင်ရမည်ဖြစ်ပြီး ယင်းကို ဆန့်ကျင်ကွဲလွဲမှုတစ်စုံတစ်ရာမရှိပါက သက်ဆိုင်သည့် လျှောက်လွှာပုံစံနှင့်အတူ တင်ပြလာသည့် စာရွက်စာတမ်းနှင့် အခြားအချက်အလက် များသည်လည်း ဤဥပဒေအရတင်ပြသော စာရွက်စာတမ်းတစ်ရပ်ရပ်တွင်ပါဝင်သည်။ (ဂ) အကယ်၍ - (၁) ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည့် စာရွက်စာတမ်းတစ်ရပ်ကို သတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာပုံစံဖြင့် တင်ပြရန်လိုအပ်ခဲ့လျှင်၊ ၎င်းအပြင် (၂) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်က စာရွက်စာတမ်းတွင်ပါဝင်ရမည့် သို့မဟုတ် ထိုစာရွက်စာတမ်းနှင့်အတူ ပူးတွဲတင်ပြရမည့် အခြားအချက်အလက်များတွင် ပါဝင်ရမည့် သတင်းအချက်အလက်များ၊ ရေးသားဖော်ပြချက်များ၊ ရှင်းလင်း ဖော်ပြချက်များ သို့မဟုတ် အခြားကိစ္စရပ်များကို သတ်မှတ်ဖော်ပြနိုင်ရန်အတွက် စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ သို့မဟုတ် အမိန့်ကြော်ငြာစာများကို သတ်မှတ် ထားလျှင် သို့မဟုတ် ပြုလုပ်ထားလျှင်၊ အခြားပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် သတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာပုံစံနှင့် စပ်လျဉ်း၍ ပုဒ်မခွဲ (က) အရ ဆောင်ရွက်မှုများကို ထုတ်ပယ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းမရှိစေရ။ ၎င်းအပြင် ထိုသို့သတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာ ပုံစံသည် ယင်းတွင်ပါဝင်ရမည့်အချက်အလက်များနှင့် ယင်းနှင့်အတူပူးတွဲ ဖော်ပြရမည့် အချက်အလက်များကိုလည်း ပါရှိစေနိုင်သည်။ စာရွက်စာတမ်းများကို မှတ်ပုံတင်ခြင်း ၄၂၅။ (က) ဤဥပဒေအရ ထိန်းသိမ်းထားရှိသည့် မှတ်ပုံတင်စာရင်းတစ်ခုတွင် ထည့်သွင်းဖော်ပြ ရန်အတွက် စာရွက်စာတမ်းတစ်ခုအားလက်ခံရရှိပါက မှတ်ပုံတင်အရာရှိသည် - (၁) ပုဒ်မခွဲ (ခ) နှင့်အညီ သက်ဆိုင်ရာမှတ်ပုံတင်စာရင်းတွင် အဆိုပါ စာရွက်စာတမ်းကို မှတ်ပုံတင်စာရင်းရေးသွင်းရမည်။ ၎င်းအပြင် (၂) စာရွက်စာတမ်းသည် နှစ်စဉ်အစီရင်ခံစာ မဟုတ်ပါက စာရွက်စာတမ်းကို ပေးအပ် သူထံသို့ မှတ်ပုံတင်ခြင်းပြုလုပ်ရန်စာဖြင့် ရေးသားအကြောင်းကြားရမည်။ ( ခ ) ဤဥပဒေအရ မှတ်ပုံတင်ရန်အတွက် မှတ်ပုံတင်အရာရှိက လက်ခံရရှိခဲ့သည့် စာရွက် စာတမ်းတစ်ရပ်ရပ်သည်(၁) သတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာပုံစံရှိခဲ့ပါက ၎င်းပုံစံဖြင့် တင်ပြခဲ့ခြင်း မရှိလျှင် သို့မဟုတ် (၂) ဤဥပဒေကိုလည်းကောင်း၊ ဤဥပဒေအရ ပြုလုပ်ထားသည့် စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ သို့မဟုတ် အမိန့်ကြော်ငြာစာများကိုလည်းကောင်း လိုက်နာဆောင် ရွက်ထားခြင်းမရှိလျှင် သို့မဟုတ် (၃) ပုံနှိပ်ထားခြင်း သို့မဟုတ် စက်ဖြင့်ရိုက်နှိပ်ရေးသားထားခြင်း မဟုတ်လျှင် သို့မဟုတ် (၄) မှတ်ပုံတင်စာရင်းအား အီလက်ထရောနစ်နည်းဖြင့် အားလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ ထိန်းသိမ်းထားခြင်းဖြစ်ပါက အီလက်ထရောနစ်နည်းဖြင့် တိုက်ရိုက်ဖြည့်သွင်းရေးသားနိုင်သည့် အချက်အလက်ပုံစံဖြင့် ဆောင်ရွက်ထားခြင်း မဟုတ်လျှင် သို့မဟုတ် (၅) ပြီးပြည့်စုံစွာ ဆောင်ရွက်ထားခြင်းမရှိလျှင် သို့မဟုတ် (၆) ဖတ်ရှုနိုင်ရန်အတွက် ရှင်းလင်းမှုမရှိသည့် အချက်အလက်များပါဝင်နေလျှင် မှတ်ပုံတင်အရာရှိသည် စာရွက်စာတမ်းကို မှတ်ပုံတင်ခြင်းအား ငြင်းဆိုနိုင်ပြီး အောက်ပါအတိုင်းတောင်းဆိုနိုင်သည်(ကက) အဆိုပါစာရွက်စာတမ်းကို လိုအပ်သလိုပြင်ဆင်ရန် သို့မဟုတ် ပြီးပြည့်စုံစွာ ဆောင်ရွက်ရန်နှင့် မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် ထပ်မံတင်ပြနိုင်ရန် သို့မဟုတ် ( ခခ ) ယင်းစာရွက်စာတမ်းအစား အခြားစာရွက်စာတမ်းအသစ်ကို ပြုစု တင်ပြစေရန်။ စစ်ဆေးကြည့်ရှုရန်အတွက် မှတ်ပုံတင်အရာရှိ၏အခွင့်အာဏာများ ၄၂၆။ (က) သက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့အစည်း သို့မဟုတ် အာဏာပိုင် အဖွဲ့တစ်ရပ်ရပ် သို့မဟုတ် အလားတူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ်သို့ ခွင့်ပြုထားသည့် အခွင့်အာဏာများကို တားမြစ်ကန့်သတ်ခြင်းမရှိစေဘဲ မှတ်ပုံတင်အရာရှိသည် - (၁) အောက်ပါကိစ္စရပ်များအတွက် - (ကက) ကုမ္ပဏီတစ်ခု သို့မဟုတ် ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာတစ်ဦးဦးသည် ဤဥပဒေကို လိုက်နာဆောင်ရွက်ခြင်းရှိမရှိ စိစစ်ရန် သို့မဟုတ် ( ခခ ) ဤဥပဒေအရအပ်နှင်းထားသော ယင်း၏အခွင့်အရေးများ သို့မဟုတ် အခွင့်အာဏာတစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်ခြင်းရှိမရှိ စိစစ်ရန် သို့မဟုတ် ( ဂဂ ) ဤဥပဒေအား ချိုးဖောက်သည့် ပြစ်မှုများကို ရှာဖွေဖော်ထုတ်ရန်နှင့် အများပြည်သူအကျိုးငှာ ထိုသို့ဆောင်ရွက်ရန်လိုအပ်သည်ဟု မှတ်ပုံတင်အရာရှိက ထင်မြင်လျှင် အောက်ပါတစ်ရပ်ရပ်ကို ဆောင်ရွက်နိုင်သည်(ကက) ပုဂ္ဂိုလ်တစ်ဦးဦး၏ လက်ဝယ်တွင်ရှိသော သို့မဟုတ် ကြီးကြပ်မှုအောက်တွင် ရှိသော သက်ဆိုင်သည့်စာရွက်စာတမ်းများကို စစ်ဆေးကြည့်ရှုနိုင်ရန် အတွက် အဆိုပါစာရွက်စာတမ်းများကို တင်ပြစေခြင်း၊ ( ခခ ) သက်ဆိုင်သည့် စာရွက်စာတမ်းများ၏ မိတ္တုများကို စစ်ဆေးကြည့်ရှု ခြင်းနှင့်ရယူခြင်း၊ ( ဂဂ ) မိတ္တုများရယူရန်အတွက် သက်ဆိုင်သည့် စာရွက်စာတမ်းများကို လက်ဝယ် ရယူခြင်းနှင့် ထိန်းသိမ်းထားသည့်နေရာမှ ၎င်းတို့အားရွှေ့ပြောင်းခြင်း၊ သင့်တော်သည့် အချိန်ကာလအတွင်း သိမ်းဆည်းထားခြင်း၊ (ဃဃ) ပြစ်မှုတစ်ရပ်ကိုကျူးလွန်ကြောင်း သက်သေခံအထောက်အထားများ ရှိသည်ဟုယုံကြည်ရသည့် သင့်လျော်သော အကြောင်းအချက်များ ရှိခဲ့လျှင် သင့်လျော်သည့်အခြေအနေအားလုံးတွင် ကာလတစ်ရပ်အထိ ( သက်ဆိုင်သည့် စာရွက်စာတမ်းများကို သိမ်းဆည်းထားခြင်း။ ( ခ) အခွင့်အာဏာကို ကျင့်သုံးဆောင်ရွက်ခြင်းသည် အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်မှုအောက်တွင်ရှိသည့် သတ်မှတ်စီစဉ်ထားသည့် ဘဏ် သို့မဟုတ် အခြားဘဏ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်း တစ်ရပ်ရပ်ဖြစ်သည့် ကုမ္ပဏီတစ်ခုနှင့်စပ်လျဉ်း၍ ကျင့်သုံးရခြင်းဖြစ်လျှင် ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် အခွင့်အာဏာတစ်ရပ်ရပ်ကို ကျင့်သုံးခြင်းမပြုမီ မှတ်ပုံတင်အရာရှိသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ညှိနှိုင်းရမည်။ ( ဂ ) ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် အခွင့်အာဏာတစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက် ရာတွင် မည်သူမျှ မှတ်ပုံတင်အရာရှိကို သို့မဟုတ် မှတ်ပုံတင်အရာရှိက အခွင့်အာဏာ အပ်နှင်းထားသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို နှောင့်ယှက်ခြင်း သို့မဟုတ် နှောင့်နှေးစေခြင်း မပြုရ။ (ဃ) ပုဒ်မခွဲ (က) အရ ဆောင်ရွက်မှုတစ်ရပ်ရပ်ကို ပြုလုပ်ပြီးနောက် မှတ်ပုံတင်အရာရှိက တရားစွဲဆိုဆောင်ရွက်သင့်သည်ဟုယူဆလျှင် မှတ်ပုံတင်အရာရှိသည် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏အကြံပြုချက်ကို ထည့်သွင်းစဉ်းစားပြီး တရားစွဲဆိုရန်ဆုံးဖြတ်ပါက တရားစွဲဆိုဆောင်ရွက်ရမည်။ ဤပုဒ်မခွဲသည် အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ဤဥပဒေအရ မှတ်ပုံတင်အရာရှိအား အပ်နှင်းထားသည့် အခြားသောအခွင့်အရေးများကို ကျင့်သုံး ဆောင်ရွက်ခြင်းအား တားမြစ်ကန့်သတ်ခြင်းမရှိစေရ။ ၄၂၇။ မည်သူမဆိုသိလျက်ဖြင့်တမင်(က) ပုဒ်မ ၄၂၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲငယ်စိတ် (ကက) အရ သတ်မှတ်ချက် တစ်ရပ်ရပ်ကိုလိုက်နာရန် ပျက်ကွက်ခဲ့လျှင် သို့မဟုတ် ( ခ ) ပုဒ်မ ၄၂၆၊ ပုဒ်မခွဲ (ဂ) အား ဆန့်ကျင်သည့် ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့လျှင် ဒဏ်ကြေးငွေကျပ်သိန်း ၁၀၀ ကို ပြစ်မှုတစ်ရပ်စီအတွက် ပေးဆောင်ရမည်။ မှတ်ပုံတင်အရာရှိ၏ဆုံးဖြတ်ချက်များအပေါ် အယူခံဝင်ရောက်ခြင်း ၄၂၈။ (က) ဤဥပဒေအရ မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်တစ်ရပ်ကြောင့် နစ်နာသူတစ်ဦးဦးသည် ဆုံးဖြတ်ချက်အား အကြောင်းကြားသည့်နေ့ရက်မှ ၂၈ ရက်အတွင်း ပြည်ထောင်စု ဝန်ကြီးထံသို့ အယူခံဝင်ရောက်နိုင်သည်။ ( ခ ) ပြည်ထောင်စုဝန်ကြီးသည် ပုဒ်မခွဲ (က) အရ အယူခံမှုကိုစိစစ်ပြီး မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။ အခကြေးငွေများ ၄၂၉။ (က) ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံသို့ အခကြေးငွေပေးချေရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးကသတ်မှတ်ဖော်ပြထားသည့် အခြားသောအခကြေးငွေများကို မှတ်ပုံတင်အရာရှိထံသို့ ပေးသွင်းရမည်။ ( ခ ) ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံသို့ ပေးသွင်းရသည့် အခကြေးငွေများအားလုံးကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းရမည်။ မှတ်ပုံတင်အရာရှိထံသို့ စာရင်းများ နှင့် စာရွက်စာတမ်းများကို တင်ပြခြင်း ၄၃၀။ (က) ကုမ္ပဏီတစ်ခုသည် စာရင်းများ၊ ငွေစာရင်းများ သို့မဟုတ် အခြားစာရွက်စာတမ်းများကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရန် သို့မဟုတ် အခြားကိစ္စတစ်ရပ်ရပ်ကို မှတ်ပုံတင် အရာရှိထံသို့ အကြောင်းကြားတင်ပြရန်တို့နှင့်စပ်လျဉ်းသည့် ဤဥပဒေအရ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုလိုက်နာရန် ပျက်ကွက်ပြီးနောက် အဆိုပါပျက်ကွက်မှုကို ပြင်ဆင်ဆောင်ရွက်ရန် အကြောင်းကြားသည့်နေ့ရက်မှစ၍ ၂၁ ရက်အတွင်း အဆိုပါပျက်ကွက်မှုကို ကောင်းမွန် သည်အထိ ပြင်ဆင်ခြင်းမပြုလျှင် ကုမ္ပဏီတွင်ပါဝင်သူ သို့မဟုတ် ကုမ္ပဏီ၏မြီရှင် တစ်ဦးဦးကဖြစ်စေ၊ မှတ်ပုံတင်အရာရှိကဖြစ်စေ တရားရုံးသို့ တင်ပြလျှောက်ထားလာလျှင် တရားရုံးသည် ကုမ္ပဏီနှင့် ကုမ္ပဏီ၏အရာရှိများကို တရားရုံးက သတ်မှတ်ပေးသည့် အချိန်ကာလအတွင်း ပျက်ကွက်မှုအား ပြင်ဆင်ရန် ညွှန်ကြားသည့် အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည်။ ( ခ ) အဆိုပါအမိန့်တစ်ရပ်ရပ်တွင် ပျက်ကွက်မှုအတွက် တာဝန်ရှိသောကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ၏အရာရှိများမှ လျှောက်ထားမှုနှင့် စပ်လျဉ်းသည့် ကုန်ကျစရိတ်များကို ကျခံစေရန်အတွက် သတ်မှတ်ဖော်ပြနိုင်သည်။ (ဂ) ဤပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ အထက်တွင်ဖော်ပြထားသော ပျက်ကွက်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် ကုမ္ပဏီကိုဖြစ်စေ၊ ယင်းကုမ္ပဏီ၏ အရာရှိ များကိုဖြစ်စေ ပြစ်ဒဏ်သတ်မှတ်သည့် ဤဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ် သို့မဟုတ် အခြားပြဋ္ဌာန်းချက်တစ်ရပ်ရပ်အား ဆောင်ရွက်မှုကို ထိခိုက်ခြင်းမရှိစေရ သို့မဟုတ် ဤဥပဒေကိုလိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည့်ကုမ္ပဏီတစ်ခုခု သို့မဟုတ် ကုမ္ပဏီမှ အခြားသူတစ်ဦးဦးနှင့် စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိမှ အရေးယူဆောင်ရွက်မှု တစ်ရပ်ရပ်ကို တားမြစ်ကန့်သတ်ထားခြင်းမရှိစေရ။ (ဃ) ကုမ္ပဏီသည် ပုဒ်မ ၉၇ အရ လိုအပ်သော နှစ်စဉ်အစီရင်ခံစာ တင်ပြရန်ပျက်ကွက်လျှင် သို့မဟုတ် မှတ်ပုံတင်အရာရှိထံတင်ပြသော စာရွက်စာတမ်းများတွင် လိမ်လည်ထားခြင်းများ ပြုလုပ်ထားလျှင် မှတ်ပုံတင်အရာရှိမှ ထိုကိစ္စနှင့်သက်ဆိုင်သည့် အချက်အလက်များသည် ကုမ္ပဏီ၊ ယင်း၏ မြီရှင် သို့မဟုတ် အများပြည်သူ၏ အကျိုးစီးပွားကို ကြီးမားစွာ ထိခိုက်စေကြောင်းတွေ့ရှိရလျှင် မှတ်ပုံတင်အရာရှိသည် ထိုကုမ္ပဏီသို့ ကုမ္ပဏီ၏ မှတ်ပုံတင်ထားရှိမှုကို ဆိုင်းငံ့မည်ဖြစ်ကြောင်း ကုမ္ပဏီကပေးချေရမည့် အခကြေးငွေ များကို ပေးသွင်းခြင်းနှင့် သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ်ပေးဆောင်ခြင်းအပါအဝင် အကြောင်းကြားစာပေးပို့၍ ထိုပျက်ကွက်မှုကို ၂၈ ရက်အတွင်း ကောင်းမွန်သည်အထိ ပြင်ဆင်နိုင်ခြင်းမရှိလျှင် မှတ်ပုံတင်အရာရှိသည် ဆိုင်းငံ့မှုကိုပြုလုပ်နိုင်သည်။ (င ) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ဃ) အရပြုလုပ်သည့် ဆိုင်းငံ့မှုနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ လျှောက်ထားမှုအပေါ် အောက်ပါအတိုင်း ဆောင်ရွက်ရမည်(၁) ကုမ္ပဏီသည် တင်ပြလျှောက်ထားချက်တွင် တင်ပြရန်လိုအပ်သည့် နှစ်စဉ်အစီရင်ခံစာ၊ ယင်းအတွက်ပေးသွင်းရမည့် အခကြေးငွေနှင့် သတ်မှတ်ဖော်ပြထားသည့် နောက်ကျကြေး သို့မဟုတ် ဒဏ်ကြေးတို့နှင့်အတူ ပူးတွဲတင်ပြလျှင် နှစ်စဉ် အစီရင်ခံစာကိုတင်ပြရန် ပျက်ကွက်ခြင်းအတွက် ဆိုင်းငံ့မှုကို ပြန်လည်ရုပ်သိမ်း ခြင်းနှင့် မှတ်ပုံတင်အရာရှိ၏စာရင်းတွင် ကုမ္ပဏီအားပြန်လည်ထိန်းသိမ်းခြင်း သို့မဟုတ် (၂) ကုမ္ပဏီသည် တင်ပြလျှောက်ထားချက်တွင် စာရွက်စာတမ်းအမှားပြင်ဆင် ထားခြင်းနှင့် မှတ်ပုံတင်အရာရှိမှ အကျိုးအကြောင်းခိုင်လုံစွာ လက်ခံနိုင်သည့် တိကျမှန်ကန်သော သတင်းအချက်အလက်နှင့်အတူ ယင်းအတွက် ပေးသွင်းရမည့် အခကြေးငွေနှင့် သတ်မှတ်ဖော်ပြထားသည့် နောက်ကျကြေး သို့မဟုတ် ဒဏ်ကြေး တို့နှင့်အတူ ပူးတွဲတင်ပြလျှင် လိမ်လည်လှည့်ဖြားခြင်း သို့မဟုတ် မှားယွင်း ကြေညာချက်ပါရှိခြင်းကြောင့် ကုမ္ပဏီ၏အကျိုးစီးပွားကို အဓိကထိခိုက်ပျက်ဆီး စေနိုင်သော သတင်းအချက်အလက်ပါရှိသော စာရွက်စာတမ်းတင်ပြမှုအတွက် ဆိုင်းငံ့မှုကို ပြန်လည်ရုပ်သိမ်းခြင်းနှင့် မှတ်ပုံတင်အရာရှိ၏စာရင်းတွင် ကုမ္ပဏီအား ပြန်လည်ထိန်းသိမ်းခြင်း။ ( စ) ပုဒ်မခွဲ (ဃ) အရ မှတ်ပုံတင်ထားခြင်းအား ဆိုင်းငံ့ထားသည့်နေ့မှ နောက်ထပ် ခြောက်လ ပြည့်ပြီးနောက် မှတ်ပုံတင်အရာရှိသည် ထိုကုမ္ပဏီ၏အမည်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်နိုင်ပြီး အဆိုပါအကြောင်းကိစ္စကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြ ရမည်။ အဆိုပါအကြောင်းကြားစာအား နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြပြီး သည့်အခါ ကုမ္ပဏီကိုဖျက်သိမ်းရမည်။ သို့ရာတွင် ကုမ္ပဏီ၏ဒါရိုက်တာနှင့် ကုမ္ပဏီတွင် ပါဝင်သူများအားလုံး၏ တာဝန်ရှိမှုများရှိခဲ့လျှင် ကုမ္ပဏီကိုဖျက်သိမ်းခြင်းမပြုသကဲ့သို့ ဆက်လက်အကျိုးသက်ရောက်စေရမည်။ (ဆ) ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ သို့မဟုတ် မြီရှင်တစ်ဦးဦးက ကုမ္ပဏီကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းကြောင့် နစ်နာသည်ဟုယူဆလျှင် ၎င်းတို့၏ လျှောက်ထားမှုဖြင့် တရားရုံးက ကုမ္ပဏီသည် ထိုသို့ပယ်ဖျက်ခြင်းခံရသည့်အချိန်က စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေခဲ့ကြောင်း သို့မဟုတ် ကုမ္ပဏီကို မှတ်ပုံတင်စာရင်းတွင် ပြန်လည်ဖော်ပြရန်သင့်လျော်သည့် အခြားအကြောင်းများရှိကြောင်း တွေ့ရှိရလျှင် တရားရုံးသည် ကုမ္ပဏီ၏အမည်ကို မှတ်ပုံတင်စာရင်းတွင်ပြန်လည်ဖော်ပြရန် အမိန့်တစ်ရပ် ချမှတ်နိုင်သည်။ ၎င်းနောက်ကုမ္ပဏီသည် ယင်း၏ အမည်အားပယ်ဖျက်ခြင်းမရှိသကဲ့သို့ ဆက်လက်ရပ်တည်လျက်ရှိသည်ဟု မှတ်ယူရမည်။ တရားရုံးသည် ကုမ္ပဏီ၏အမည်ကို ပယ်ဖျက်ခြင်းမရှိသကဲ့သို့ ကုမ္ပဏီနှင့်မူလနေရာတွင် တာဝန်ရှိကြသော အခြားသူများ အားလုံးအတွက် သင့်သည်ထင်မြင်သည့် ညွှန်ကြားချက်များနှင့် စည်းကမ်းချက်များကို အမိန့်ချမှတ်၍ ပေးအပ်နိုင်သည်။ ( ဇ ) ဤဥပဒေပါ အခြားသောပြဋ္ဌာန်းချက်များကို ထိခိုက်စေခြင်းမရှိစေဘဲ မှတ်ပုံတင်အရာရှိမှ စာရွက်စာတမ်းများကိုစစ်ဆေးနိုင်သည့် အခွင့်အာဏာများ၊ စုံစမ်းစစ်ဆေးမှုကိုပြုလုပ် နိုင်သည့်အခွင့်အာဏာ၊ ဖျက်သိမ်းပြီးကုမ္ပဏီများကို စာရင်းမှပယ်ဖျက်ရန် ဆောင်ရွက်ခြင်း၊ ပြစ်မှုနှင့်စပ်လျဉ်းသည့် အကြောင်းကြားစာပေးပို့ခြင်း သို့မဟုတ် တရားစွဲဆိုမှုများကို ဆောင်ရွက်ရန်ပြုလုပ်ခြင်း၊ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် မှတ်ပုံတင်ခြင်းမှ ပြန်လည် ပယ်ဖျက်ခြင်းအပါအဝင် ကုမ္ပဏီအပေါ်ချမှတ်သည့် အမိန့်များကို ဆောင်ရွက်ခြင်း သို့မဟုတ် ဤဥပဒေအရသတ်မှတ်ထားသည့် သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးဦးအပေါ် ချမှတ်သည့်အမိန့်များကို ဆောင်ရွက်ခြင်းတို့အတွက် အခွင့်အာဏာများအပါအဝင် ပုဒ်မခွဲ (ဃ) နှင့် သက်ဆိုင်စေရမည်။ မှတ်ပုံတင်အရာရှိက မှတ်ပုံတင်စာရင်းမှအကျိုးသက်ဝင်မှုမရှိသော ကုမ္ပဏီများကိုပယ်ဖျက်ခြင်း ၄၃၁။ (က) ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိကြောင်း မှတ်ပုံတင် အရာရှိက ယုံကြည်ဖွယ်အကြောင်းရှိလျှင် မှတ်ပုံတင်အရာရှိက ထိုကုမ္ပဏီသည် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းရှိမရှိ မေးမြန်းရန်နှင့် ပြန်လည်တင်ပြရန် အကြောင်းကြားစာတစ်စောင်ကို စာတိုက်မှဖြစ်စေ၊ အီလက်ထရောနစ် နည်းတစ်ခုခု ဖြင့်ဖြစ်စေ၊ ကုမ္ပဏီသို့အသိပေးနိုင်သည့် အခြားနည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ အဆိုပါ ကုမ္ပဏီသို့ပေးပို့ အကြောင်းကြားရမည်။ ( ခ ) မှတ်ပုံတင်အရာရှိသည် အဆိုပါအကြောင်းကြားစာကို ပေးပို့ပြီးနောက် ၂၈ ရက်အတွင်း ဖြေကြားမှုတစ်စုံတစ်ရာကိုမရရှိခဲ့လျှင် အဆိုပါကာလကုန်ဆုံး ပြီးနောက် ၆ဝ ရက်အတွင်း ပထမအကြောင်းကြားစာကို ရည်ညွှန်းလျက် ပုဒ်မခွဲ (က) ပါနည်းလမ်းများအနက် နည်းလမ်းတစ်ခုခုဖြင့် ကုမ္ပဏီသို့ပေးပို့ရမည်ဖြစ်ပြီး ထိုအကြောင်းကြားစာတွင် ဖြေကြားမှု တစ်စုံတစ်ရာမရရှိခဲ့ကြောင်း ဖော်ပြပါရှိစေရမည်။ ဒုတိယအကြောင်းကြားစာပေးပို့သည့် နေ့မှ ၂၈ ရက်အတွင်း ဒုတိယအကြောင်းကြားစာအပေါ် ဖြေကြားမှုမရရှိခဲ့လျှင် ကုမ္ပဏီ၏ အမည်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် အကြောင်းကြား စာကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည်။ (ဂ ) ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိကြောင်း ကုမ္ပဏီထံမှ ဖြေကြားချက်ကို လက်ခံရရှိခဲ့လျှင် သို့မဟုတ် ဒုတိယအကြောင်းကြားစာကို ပေးပို့ ပြီးနောက် ၂၈ ရက်အတွင်းဖြေကြားမှုကို လက်ခံရရှိခြင်းမရှိခဲ့လျှင် မှတ်ပုံတင်အရာရှိသည် အကြောင်းကြားစာပေးပို့သည့်နေ့မှ သုံးလကုန်ဆုံးသည့်ကာလတွင် ကွဲလွဲသည့်အကြောင်း တစ်စုံတစ်ရာမရှိလျှင် ကုမ္ပဏီ၏အမည်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်းနှင့် ကုမ္ပဏီကိုဖျက်သိမ်းမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည့်အကြောင်းကြားစာ တစ်စောင်ကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာပြီး ကုမ္ပဏီထံသို့လည်း ပုဒ်မခွဲ (က) ပါ နည်းလမ်းများအနက် နည်းလမ်းတစ်ခုခုဖြင့် ပေးပို့ရမည်။ (ဃ) ကုမ္ပဏီကိုဖျက်သိမ်းသည့်အခါ မှတ်ပုံတင်အရာရှိသည် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ဆောင်ရွက်နေခြင်းမရှိကြောင်း မှတ်ပုံတင်အရာရှိကယုံကြည်ရန်အကြောင်း ရှိခဲ့လျှင် သို့မဟုတ် ကုမ္ပဏီ၏ကိစ္စရပ်များကို အပြည့်အဝစာရင်းရှင်းလင်းဖျက်သိမ်းပြီး နောက်တစ်ဆက်တည်းဖြစ်သော ခြောက်လကာလအတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ပြုလုပ်ရန်လိုအပ်သည့် ပြန်ကြားချက်များကို မှတ်ပုံတင်အရာရှိက ပုဒ်မခွဲ (က) ပါ နည်းလမ်းများအနက် နည်းလမ်းတစ်ခုခုဖြင့် ကုမ္ပဏီသို့ဖြစ်စေ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ နောက်ဆုံးလုပ်ငန်းတည်ရှိသည့်နေရာထံသို့ဖြစ်စေ ပေးပို့ပေးရန်တောင်းဆိုသည့် အကြောင်းကြားစာပေးပို့ပြီးနောက် ထိုပြန်ကြားချက်များကိုမပေးပို့ခဲ့လျှင် မှတ်ပုံတင် အရာရှိသည် ပုဒ်မခွဲ (ဂ) တွင် ဖော်ပြခဲ့သည့်အတိုင်း အကြောင်းကြားစာတစ်စောင်ကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာပြီး ကုမ္ပဏီထံသို့လည်း ပေးပို့ရမည်။ ( င ) အကြောင်းကြားစာတွင်ဖော်ပြပါရှိသည့် အချိန်ကာလကျော်လွန်ပြီးနောက် ကုမ္ပဏီက ကွဲလွဲမှုတစ်စုံတစ်ရာ တင်ပြလာခြင်းမရှိလျှင် မှတ်ပုံတင်အရာရှိသည် ထိုကုမ္ပဏီ၏ အမည်ကို မှတ်ပုံတင်စာရင်းမှပယ်ဖျက်နိုင်ပြီး အဆိုပါအကြောင်းကိစ္စကို နိုင်ငံတော် ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည်။ အဆိုပါအကြောင်းကြားစာအား နိုင်ငံတော် ပြန်တမ်းတွင်ထည့်သွင်းဖော်ပြပြီးသည့်အခါ ကုမ္ပဏီကို ဖျက်သိမ်းရမည်။ သို့ရာတွင် ကုမ္ပဏီ၏ဒါရိုက်တာနှင့် ကုမ္ပဏီတွင်ပါဝင်သူများအားလုံး၏ တာဝန်ရှိမှုများရှိခဲ့လျှင် ကုမ္ပဏီကို ဖျက်သိမ်းခြင်း မပြုသကဲ့သို့ ဆက်လက် အကျိုးသက်ရောက် စေရမည်။ ( စ ) ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ သို့မဟုတ် မြီရှင်တစ်ဦးဦးက ကုမ္ပဏီကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းကြောင့် နစ်နာသည်ဟုယူဆလျှင် ၎င်းတို့၏လျှောက်ထား မှုဖြင့် တရားရုံးက ကုမ္ပဏီသည် ထိုသို့ပယ်ဖျက်ခြင်းခံရသည့်အချိန်က စီးပွားရေးလုပ်ငန်း များကို လုပ်ကိုင်နေခဲ့ကြောင်း သို့မဟုတ် ကုမ္ပဏီကို မှတ်ပုံတင်စာရင်းတွင် ပြန်လည် ဖော်ပြရန်သင့်လျော်သည့် အခြားအကြောင်းများရှိကြောင်း တွေ့ရှိရလျှင် တရားရုံးသည် ကုမ္ပဏီ၏အမည်ကို မှတ်ပုံတင်စာရင်းတွင် ပြန်လည်ဖော်ပြရန် အမိန့်တစ်ရပ်ချမှတ် နိုင်သည်။ ၎င်းနောက် ကုမ္ပဏီသည် ယင်း၏ အမည်အား ပယ်ဖျက်ခြင်းမရှိသကဲ့သို့ ဆက်လက်ရပ်တည်လျက်ရှိသည်ဟု မှတ်ယူရမည်။ တရားရုံးသည် ကုမ္ပဏီ၏အမည်ကို ပယ်ဖျက်ခြင်းမရှိသကဲ့သို့ ကုမ္ပဏီနှင့် မူလနေရာတွင် တာဝန်ရှိကြသော အခြားသူများ အားလုံးအတွက် သင့်သည်ထင်မြင်သည့် ညွှန်ကြားချက်များနှင့် စည်းကမ်းချက်များကို အမိန့်ချမှတ်၍ ပေးအပ်နိုင်သည်။ (ဆ) ဤပုဒ်မအရပြုလုပ်သည့် အကြောင်းကြားစာတစ်စောင်ကို ကုမ္ပဏီ၏မှတ်ပုံတင်ထားသော ရုံးခန်းနေရာ သို့မဟုတ် ကုမ္ပဏီမှ မှတ်ပုံတင်အရာရှိထံသို့တင်ပြထားသည့် အီလက် ထရောနစ်နည်းအရ လိပ်မူပေးပို့ရမည် သို့မဟုတ် နိုင်ငံတစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူးလျက် ရှိသော နေ့စဉ်ထုတ်သတင်းစာတစ်ခုခုတွင် အသိပေးကြေညာရမည် သို့မဟုတ် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိများထံသို့ပေးပို့ရမည်။ ဒါရိုက်တာ သို့မဟုတ် အရာရှိများ၏ အမည်နှင့်လိပ်စာကို မှတ်ပုံတင်အရာရှိက သိရှိထားခြင်းမရှိပါက ကုမ္ပဏီဖွဲ့စည်း တည်ထောင်ရန်အတွက် တင်သွင်းသည့်လျှောက်လွှာတွင် ကုမ္ပဏီတွင် ပါဝင်သူများအဖြစ် အမည်စာရင်းပါရှိသော ပုဂ္ဂိုလ်တစ်ဦးစီထံသို့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဖော်ပြ ပါရှိသည့်လိပ်စာများအတိုင်း အဆိုပါအကြောင်းကြားစာကို လိပ်မူပေးပို့နိုင်သည်။ ( ဇ ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် ပုဒ်မ ၄၃ဝ၊ ပုဒ်မခွဲ (ဃ) အရ မှတ်ပုံတင်အရာရှိ၏ အခွင့်အာဏာများ သို့မဟုတ် ဤဥပဒေအရအပ်နှင်းထားသည့် အခြားသက်ဆိုင်သည့် အခွင့်အာဏာများကို ထိခိုက်စေခြင်းမရှိစေဘဲ ကျင့်သုံးဆောင်ရွက်ရမည်။

အပိုင်း (၅) - ဖျက်သိမ်းခြင်း

အခန်း (၂၆) ကုမ္ပဏီတစ်ခုအားဖျက်သိမ်းခြင်း ကုမ္ပဏီဖျက်သိမ်းခြင်းဆိုင်ရာနည်းလမ်းများ ၂၉၂။ (က) ကုမ္ပဏီတစ်ခုအား အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် ဖျက်သိမ်းနိုင်သည် - (၁) တရားရုံးကဖြစ်စေ၊ (၂) ဆန္ဒအလျောက်ဖြစ်စေ၊ (၃) တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ။ ( ခ ) ဆန့်ကျင်ကွဲလွဲမှု တစ်စုံတစ်ရာမရှိခဲ့လျှင် ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဖော်ပြပါနည်းလမ်းတစ်ရပ်ရပ်အရ ကုမ္ပဏီတစ်ခုအား ဖျက်သိမ်းခြင်းနှင့် သက်ဆိုင်စေရမည်။ ကြွေးမြီပေးဆပ်ရသူများ (Contributories) လက်ရှိသော်လည်းကောင်း၊ ယခင်ကသော်လည်းကောင်း ကုမ္ပဏီတွင်ပါဝင်သူများ၏ ကြွေးမြီပေးဆပ် ရသူများအဖြစ်တာဝန်ရှိမှု ၂၉၃။ (က) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းသည့်ကိစ္စရပ်တွင် လက်ရှိသော်လည်းကောင်း၊ ယခင်ကသော်လည်းကောင်း ကုမ္ပဏီတွင် ပါဝင်သူများအားလုံးသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီ၏ ကြွေးမြီများနှင့် တာဝန်ရှိမှုများ၊ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းနှင့် ကြွေးမြီပေးဆပ်ရသူများအကြား အခွင့်အရေးများကို ညှိနှိုင်း ဆောင်ရွက်ရန်အတွက် အောက်ပါသတ်မှတ်ချက်များကို လိုက်နာစေလျက် ကျသင့်သည့် ကုန်ကျစရိတ်များ၊ အခကြေးငွေများနှင့် အသုံးစရိတ်များအား ပေးချေရာတွင် ငွေကြေး လုံလောက်မှုရှိစေရေးအတွက် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များ စာရင်းသို့ ထည့်ဝင်ပေးဆပ်ရန် တာဝန်ရှိစေရမည်။ (၁) ကုမ္ပဏီတွင် ယခင်ကပါဝင်ခဲ့သူတစ်ဦးသည် စာရင်းရှင်းလင်းဖျက်သိမ်းမှု စတင်ခြင်း မပြုမီလွန်ခဲ့သော တစ်နှစ် သို့မဟုတ် ထိုထက်ပိုသော ကာလကတည်းကပင် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးအဖြစ်မှ ရပ်စဲခဲ့ခြင်းဖြစ်လျှင် ကြွေးမြီပေးဆပ်ရေးအတွက် တာဝန်မရှိစေရ။ (၂) ကုမ္ပဏီတွင် ယခင်က ပါဝင်ခဲ့သူတစ်ဦးသည် ၎င်းအနေဖြင့် ကုမ္ပဏီတွင် ပါဝင်သူ တစ်ဦးအဖြစ်မှ ရပ်စဲခဲ့ပြီးနောက်ပိုင်း၌ ကုမ္ပဏီကချုပ်ဆိုထားသော ပဋိညာဉ် စာချုပ်အရ ဖြစ်ပေါ်လာသည့် ကြွေးမြီ သို့မဟုတ် တာဝန်ရှိမှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ကြွေးမြီပေးဆပ်ရာတွင် တာဝန်မရှိစေရ။ (၃) ဤဥပဒေအရ ကုမ္ပဏီတွင် လက်ရှိပါဝင်သူများက ၎င်းတို့ပေးဆပ်ရန် ဖြစ်သော ကြွေးမြီတာဝန်ကို ပေးဆပ်နိုင်ဖွယ်မရှိကြောင်း တရားရုံးကတွေ့ရှိခဲ့လျှင်မှအပ ကုမ္ပဏီတွင် ယခင်ကပါဝင်ခဲ့သူတစ်ဦးသည် ကြွေးမြီပေးဆပ်ရာတွင် တာဝန်မရှိစေရ။ (၄) အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတွင်လက်ရှိပါဝင်နေသူ သို့မဟုတ် ယခင်က ပါဝင်ခဲ့သူတစ်ဦးအဖြစ် တာဝန်ရှိသည့် အစုရှယ်ယာများအတွက် ပေးချေရခြင်းမရှိသေးသော ငွေပမာဏ (ရှိခဲ့လျှင်) ထက်ပိုမိုသော ငွေပမာဏကို ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးထံမှ ကြွေးမြီပေးဆပ်ရန်အတွက် ရယူခြင်းမရှိစေရ။ (၅) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတွင်ယင်းကုမ္ပဏီကို စာရင်း ရှင်းလင်းဖျက်သိမ်းသည့်အခါ ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များသို့ ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးဦးက ထည့်ဝင်ရန် တာဝန်ယူထားသည့် ပမာဏထက်ပိုမို၍ ၎င်းထံမှ ကြွေးမြီ ပေးဆပ်ရန်အတွက် ရယူခြင်းမရှိစေရ။ ဤဥပဒေတွင်ဖော်ပြပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ အာမခံပေါ်လစီ (policy of insurance) သို့မဟုတ် ပဋိညာဉ်စာချုပ် တစ်ရပ်ရပ်အရ ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးချင်းစီ၏တာဝန်ရှိမှုကို ကန့်သတ်ထားသည့် စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖြစ်စေ၊ ကုမ္ပဏီ၏ဘဏ္ဍာငွေများဖြင့်သာလျှင် အဆိုပါပေါ်လစီ သို့မဟုတ် ပဋိညာဉ် စာချုပ်တစ်ရပ်ရပ်အရ တာဝန်ရှိမှုများကိုဖြစ်စေ တရားမဝင်ခြင်းမဖြစ်စေရ။ (၇) အမြတ်ဝေစုများ၊ အကျိုးအမြတ်များ သို့မဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးကို ကုမ္ပဏီတွင်ပါဝင်သူအဖြစ် ပေးရန်ရှိသည့်ငွေပမာဏ တစ်ရပ်ကို၎င်းနှင့်ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးမဟုတ်သော မြီရှင်တို့အကြား မည်သူ့ထံသို့ပေးရမည်ဟု ဖြစ်ပေါ်လာသည့်ကိစ္စရပ်၌ အဆိုပါကုမ္ပဏီတွင် ပါဝင်သူထံသို့ ကုမ္ပဏီကပေးချေရမည့် ကြွေးမြီတစ်ရပ်အဖြစ် မှတ်ယူခြင်းမရှိစေရ။ သို့သော် အဆိုပါငွေပမာဏကို ယင်းတို့အကြား ကြွေးမြီပေးဆပ်ရသူများ၏ အခွင့်အရေးအား အပြီးသတ် ညှိနှိုင်းသတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်သည်။ ( ခ ) အစုရှယ်ယာမတည်ငွေရင်း ပါရှိသော ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းသည့်အခါတွင် ထိုကုမ္ပဏီတွင် ပါဝင်သူ အားလုံးသည် ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းသဖြင့် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များ စာရင်းသို့ ၎င်းကထည့်ဝင်ရန် တာဝန်ယူထားသော ပမာဏအတွက် တာဝန်ရှိသည့်အပြင် ၎င်းပိုင်ဆိုင်ထားသော အစုရှယ်ယာတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပေးချေရခြင်းမရှိသေးသော ငွေပမာဏတစ်ရပ်ရပ်အတွက်လည်း ထည့်ဝင်ရန်တာဝန်ရှိသည်။ တာဝန်ကန့်သတ်မထားသည့် ဒါရိုက်တာများ၏ တာဝန် ၂၉၄။ တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုအား စာရင်းရှင်းလင်း ဖျက်သိမ်းသည့်အခါတွင် ဤဥပဒေအရ သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ တာဝန်ကန့်သတ်ထားခြင်းမရှိသော ယခင်ကသော်လည်းကောင်း၊ ယခုသော်လည်းကောင်း ကုမ္ပဏီတွင်တာဝန်ထမ်းဆောင်ကြသည့် ဒါရိုက်တာ တစ်ဦးဦးသည် ကုမ္ပဏီ၏ သာမန်ပါဝင်သူတစ်ဦးအဖြစ် ငွေကြေးထည့်ဝင်ရန်တာဝန်ရှိခဲ့လျှင် ၎င်းတာဝန်အပြင် ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းမှု စတင်ဆောင်ရွက်သည့်အချိန်တွင် တာဝန် ကန့်သတ်မထားသည့် ကုမ္ပဏီတစ်ခုတွင် ပါဝင်သူတစ်ဦး ဖြစ်သကဲ့သို့ ငွေကြေးထည့်ဝင်မှုများကို ထပ်မံ ပြုလုပ်ရန် တာဝန်ရှိသည်။ သို့ရာတွင် - ( (က) ဒါရိုက်တာအဖြစ် ယခင်က ဆောင်ရွက်ခဲ့သူတစ်ဦးသည် ကုမ္ပဏီအား စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း စတင်သည့်နေ့မတိုင်မီ တစ်နှစ် သို့မဟုတ် ထိုထက်ပိုသော ကာလကပင် တာဝန်မှ ရပ်စဲခဲ့ပြီးဖြစ်လျှင် ၎င်းအနေဖြင့် ဖော်ပြပါ ငွေကြေးထည့်ဝင်မှုများကို ထပ်မံ ပြုလုပ်ရန် တာဝန်မရှိစေရ။ ဒါရိုက်တာအဖြစ် ယခင်က ဆောင်ရွက်ခဲ့သူတစ်ဦးသည် ၎င်းအနေဖြင့် အဆိုပါတာဝန်မှ ရပ်စဲခဲ့ပြီးနောက်ပိုင်း၌ ကုမ္ပဏီက ပဋိညာဉ်ပြုလုပ်ထားသည့် ကြွေးမြီ သို့မဟုတ် တာဝန်ရှိမှု တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ငွေကြေးထည့်ဝင်မှုများကို ထပ်မံပြုလုပ်ရန်တာဝန်မရှိစေရ။ (ဂ ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ကုမ္ပဏီ၏ ကြွေးမြီများနှင့် တာဝန်ရှိမှုများ၊ ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းသည့်ကိစ္စရပ်အတွက် ကုန်ကျစရိတ်များ၊ အခ ကြေးငွေများနှင့် အသုံးစရိတ်များအတွက် ကျခံနိုင်ရန်အလို့ငှာ အဆိုပါငွေကြေးထည့်ဝင်မှု ပြုလုပ်ရန် လိုအပ်ကြောင်း တရားရုံးက ယူဆခြင်းမရှိလျှင် ဒါရိုက်တာတစ်ဦးသည် အဆိုပါ ငွေကြေးထည့်ဝင်မှုများကို ထပ်မံပြုလုပ်ရန် တာဝန်မရှိစေရ။ ကြွေးမြီပေးဆပ်ရသူ၏ တာဝန်များ ၂၉၅။ ကြွေးမြီပေးဆပ်ရသူတစ်ဦး၏ တာဝန်ရှိမှုသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ၎င်းအပေါ် သတ်မှတ်သည့် ငွေကြေးထည့်ဝင်ရန် တောင်းခေါ်မှုများတွင် သတ်မှတ်ပါရှိသော အချိန်ကာလ၌ ပေးချေရမည့် ကြွေးမြီတစ်ရပ်ကို အကြွေးအဖြစ်သတ်မှတ်ရမည်။ ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦး သေဆုံးသည့်ကိစ္စရပ် ၂၉၆။ (က) ကြွေးမြီပေးဆပ်ရသူတစ်ဦးသည် ၎င်းအား ကြွေးမြီပေးဆပ်ရသူများစာရင်း၌ ထည့်သွင်း ဖော်ပြခြင်း မပြုမီတွင်ဖြစ်စေ၊ ထည့်သွင်းဖော်ပြပြီးနောက်တွင်ဖြစ်စေ သေဆုံးသွားခဲ့လျှင် ၎င်း၏တရားဝင်ကိုယ်စားလှယ်များနှင့် အမွေဆက်ခံသူများသည် ၎င်း၏တာဝန်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များစာရင်းသို့ နည်းလမ်းတကျ ထည့်ဝင်ရန် တာဝန်ရှိပြီး ၎င်းတို့သည် ကြွေးမြီပေးဆပ်ရသူများ ဖြစ်လာစေရမည်။ ( ခ ) တရားဝင်ကိုယ်စားလှယ်များနှင့် အမွေဆက်ခံသူများသည် ၎င်းတို့က ပေးသွင်းရမည့် ငွေကြေးတစ်ရပ်ရပ်ကိုပေးသွင်းရန် ပျက်ကွက်ခဲ့လျှင် ပေးချရန်တာဝန်ရှိသည့် ငွေကြေးများကို အတင်းအကြပ်ပြု ပေးချေစေရန်အလို့ငှာ သေဆုံးသွားသော ကြွေးမြီပေးဆပ်ရသူ၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ စီမံခန့်ခွဲမှု ပြုနိုင်ရန်အတွက် တရားစွဲဆိုဆောင်ရွက်မှုများကို ပြုလုပ်နိုင်သည်။ ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦး လူမွဲဖြစ်သည့်ကိစ္စရပ် ၂၉၇။ ကြွေးမြီပေးဆပ်ရသူတစ်ဦးသည် ၎င်းအား ကြွေးမြီပေးဆပ်ရသူများ စာရင်း၌ ထည့်သွင်းဖော်ပြခြင်း မပြုမီတွင်ဖြစ်စေ၊ ထည့်သွင်းဖော်ပြပြီးနောက်တွင်ဖြစ်စေ လူမွဲဖြစ်ကြောင်းသတ်မှတ်ခံရလျှင် - (က) ၎င်း၏ လွှဲအပ်ခြင်းခံရသူများသည် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကိစ္စရပ်များ အားလုံးတွင် ၎င်း၏ကိုယ်စား ဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းတို့သည် ကြွေးမြီပေးဆပ်ရသူများ ဖြစ်လာစေရမည်။ ၎င်းတို့အား လူမွဲအဖြစ်ခံယူသူ၏ ပစ္စည်းဥစ္စာများအပေါ် အထောက်အထားများ တင်ပြစေနိုင်သည် သို့မဟုတ် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များစာရင်းသို့ ထည့်ဝင်ရမည့် ၎င်း၏တာဝန်နှင့်စပ်လျဉ်း၍ လူမွဲအဖြစ်ခံယူသူက ပေးချေရန်တာဝန်ရှိသည့် ငွေကြေး တစ်ရပ်ရပ်ကို ဥပဒေနှင့်အညီ ၎င်း၏ရရန်ပိုင်ခွင့်များမှ ပေးချေစေရန် ခွင့်ပြုနိုင်သည်။ ၎င်းအပြင် (ခ) လူမွဲအဖြစ်ခံယူသူ၏ ပစ္စည်းဥစ္စာများအပေါ် နောင်တွင်တောင်းဆိုမည့် သို့မဟုတ် တောင်းဆိုပြီး ဖြစ်သည့် ၎င်းအနေဖြင့် တာဝန်ရှိမည့် ခန့်မှန်းချေငွေပမာဏအား သတ်မှတ်နိုင်သည်။ တရားရုံး၏ဆုံးဖြတ်ချက်ဖြင့် ဖျက်သိမ်းခြင်း တရားရုံး၏ဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီကို ဖျက်သိမ်းနိုင်သည့် အခြေအနေများ ၂၉၈။ တရားရုံးသည် အောက်ပါအခြေအနေတစ်ခုခုဖြစ်ပေါ်လာလျှင် ကုမ္ပဏီတစ်ခုကိုဖျက်သိမ်းနိုင်သည်(က) ကုမ္ပဏီကို တရားရုံး၏ဆုံးဖြတ်ချက်ဖြင့် ဖျက်သိမ်းနိုင်သည်ဟု ကုမ္ပဏီက အထူး ဆုံးဖြတ်ချက်ချမှတ်၍ ဆောင်ရွက်လျှင်၊ ( ခ ) ဥပဒေအရလိုက်နာဆောင်ရွက်ရသော အစီရင်ခံစာများတင်ပြရာတွင်ဖြစ်စေ၊ အစည်းအဝေး များကိုကျင်းပရာတွင်ဖြစ်စေ ပျက်ကွက်မှုရှိခဲ့လျှင်၊ (ဂ ) ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်သည့်အချိန်မှစ၍ တစ်နှစ်အတွင်း ယင်း၏စီးပွားရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်မှုမရှိလျှင် သို့မဟုတ် ထိုကာလတစ်နှစ်လုံးအတွက် ယင်း၏စီးပွားရေးလုပ်ငန်းများကို ဆိုင်းငံ့ထားလျှင်၊ (ဃ) ကုမ္ပဏီတွင်ပါဝင်သူများ၏ အရေအတွက်ကို တစ်ဦးအောက်အထိ လျှော့ချခဲ့လျှင်၊ (င) ကုမ္ပဏီသည် ယင်း၏ကြွေးမြီများကို ပေးချေခြင်းမပြုနိုင်ခဲ့လျှင်၊ ( စ ) ကုမ္ပဏီကို ဖျက်သိမ်းခြင်းမှာ သင့်လျော်မှန်ကန်၍ တရားမျှတသည်ဟု တရားရုံးမှထင်မြင်လျှင်၊ ကုမ္ပဏီသည် ယင်း၏ကြွေးမြီများကို ပေးချေခြင်းမပြုနိုင်ဟု ယူဆရန်အကြောင်းများ ၂၉၉။ (က) ဤအခန်းပါ ကိစ္စရပ်များအတွက် အောက်ပါကိစ္စရပ်တစ်ခုခုပေါ်ပေါက်ခဲ့လျှင် ကုမ္ပဏီတစ်ခုသည် ယင်း၏ကြွေးမြီများကို ပေးချေခြင်းမပြုနိုင်ဟု မှတ်ယူရမည် - (၁) လွှဲအပ်ခြင်းဖြင့်သော်လည်းကောင်း၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်သော်လည်းကောင်း ကုမ္ပဏီက ကျပ်နှစ်သိန်းငါးသောင်းထက်ပိုမိုသော ငွေပမာဏအား ကြွေးမြီပေးချေရန် တင်ရှိနေသော မြီရှင်တစ်ဦးဦးသည် ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်းသို့ မှတ်ပုံတင်စာဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ အကြောင်းကြားစာပေးပို့၍ ကုမ္ပဏီက ပေးရန်ရှိသည့် ငွေပမာဏကို ၎င်းထံပေးချေစေရန် တောင်းဆိုခဲ့ပြီး၊ ကုမ္ပဏီသည် ထိုသို့တောင်းဆိုငွေကို ပေးချေရန် သို့မဟုတ် ကြွေးမြီအတွက် မြီရှင်က ကျေနပ်လက်ခံ နိုင်လောက်သော အာမခံမှုတစ်ရပ်ရပ် ပြုလုပ်ရန် ထိုသို့အကြောင်းကြားသည့်နေ့မှ သုံးပတ်အထိ ပျက်ကွက်နေခဲ့လျှင် သို့မဟုတ် (၂) ကုမ္ပဏီ၏ မြီရှင်ကို အနိုင်ပေးသည့် တရားရုံးတစ်ရုံးရုံး၏ ဒီကရီ သို့မဟုတ် အမိန့် တစ်ရပ်အားအတည်ပြုခြင်း သို့မဟုတ် ယင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ဆောင်ရွက်မှု အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ဆောင်ရွက်နိုင်မှုမရှိခဲ့လျှင် သို့မဟုတ် (၃) ကုမ္ပဏီသည် ယင်း၏ကြွေးမြီများအား ပေးဆပ်နိုင်ခြင်းမရှိကြောင်း တရားရုံးမှ ကျေနပ်လက်ခံနိုင်လျှင် ကုမ္ပဏီမှာ ယင်း၏ကြွေးမြီများကို ပေးဆပ်နိုင်ခြင်းရှိမရှိဟူသည့် ကိစ္စရပ်ကို ဆုံးဖြတ်သည့်အခါတွင် တရားရုံးသည် ကုမ္ပဏီ၏ ဖြစ်ပေါ်လာဖွယ်ရှိသည့် တာဝန်ရှိမှုများကို ထည့်သွင်းသုံးသပ်ရမည်။ ( ခ ) ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၁) တွင် ဖော်ပြပါရှိသည့် တောင်းဆိုချက်ကို မြီရှင်၏ ကိုယ်စား တရားဝင်အခွင့်အာဏာအပ်နှင်းခြင်းခံရသော ကိုယ်စားလှယ် သို့မဟုတ် ဥပဒေအကြံပေး တစ်ဦးက လက်မှတ်ရေးထိုးခဲ့လျှင် သို့မဟုတ် လုပ်ငန်းစုတစ်ရပ်ဖြစ်သည့်အခါတွင် ထိုလုပ်ငန်းစု၏ ကိုယ်စားအဖြစ် ကိုယ်စားလှယ် သို့မဟုတ် ဥပဒေအကြံပေး သို့မဟုတ် လုပ်ငန်းစု၏အဖွဲ့ဝင်တစ်ဦးဦးက လက်မှတ်ရေးထိုးခဲ့လျှင် မြီရှင်ကိုယ်တိုင် တရားဝင် ပေးအပ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု မှတ်ယူရမည်။ လက်အောက်ခံတရားရုံးသို့ လွှဲအပ်ဆောင်ရွက်နိုင်သည့် ကုမ္ပဏီဖျက်သိမ်းခြင်းများအကြောင်း ၃၀၀။ တရားရုံးသည် ကုမ္ပဏီတစ်ခုအားဖျက်သိမ်းရန်အတွက် ဤဥပဒေအရ အမိန့်တစ်ရပ် ချမှတ် သည့်အခါ ယင်းက သင့်သည်ထင်မြင်သည့်အတိုင်း လက်အောက်ခံတရားရုံးတစ်ခုခုတွင် ဆက်လက် စစ်ဆေးကြားနာစေရန် ညွှန်ကြားနိုင်သည်။ ထိုသို့လက်ခံဆောင်ရွက်ရသည့် လက်အောက်ခံတရားရုံးကို ကုမ္ပဏီဖျက်သိမ်းရန်ကိစ္စရပ်အတွက် ဤဥပဒေတွင် ဖော်ပြထားသော “တရားရုံး” ဖြစ်သည်ဟု မှတ်ယူ ရမည်ဖြစ်ပြီး ကုမ္ပဏီဖျက်သိမ်းရန် ကိစ္စရပ်အတွက် တရားရုံး၏ စီရင်ပိုင်ခွင့်နှင့် အခွင့်အာဏာများ ရရှိ စေရမည်။ ကုမ္ပဏီဖျက်သိမ်းရန်ကိစ္စရပ်ကို တရားရုံးတစ်ခုမှ အခြားတရားရုံးတစ်ခုသို့ လွှဲပြောင်းခြင်း ၃၀၁။ တရားရုံးတစ်ခုခုတွင် ကုမ္ပဏီဖျက်သိမ်းရန် ကိစ္စရပ်တစ်ခုကို ဆောင်ရွက်နေသည့်ကာလအတွင်း ကုမ္ပဏီဖျက်သိမ်းရန်ကိစ္စရပ်ကို စစ်ဆေးစီရင်ခွင့်ရှိသော အခြားတရားရုံးတစ်ခုခုတွင် တရားစွဲဆို စစ်ဆေးခြင်းသည် ပိုမို၍အဆင်ပြေလွယ်ကူစေမည်ဖြစ်ကြောင်း တရားရုံးကတွေ့ရှိလျှင် ယင်းသည် အခြားတရားရုံးတစ်ခုသို့ လွှဲပြောင်းပေးနိုင်ပြီး ကုမ္ပဏီဖျက်သိမ်းရန်ကိစ္စရပ်ကို အဆိုပါ လွှဲပြောင်းလက်ခံ ရရှိသည့်တရားရုံး၌ ဆက်လက်ဆောင်ရွက်ရမည်။ ကုမ္ပဏီဖျက်သိမ်းရန်အတွက် လျှောက်ထားခြင်းများနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ ၃၀၂။ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် တရားရုံးသို့ လျှောက်ထားမှုတစ်ရပ်ကို ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီကဖြစ်စေ၊ ဖြစ်ပေါ်လာမည့် သို့မဟုတ် အလားအလာရှိသည့် မြီရှင် သို့မဟုတ် မြီရှင်များ အပါအဝင် မြီရှင်တစ်ဦး သို့မဟုတ် မြီရှင်များကဖြစ်စေ၊ ကြွေးမြီပေးဆပ်ရသူ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများကဖြစ်စေ၊ ယင်းတို့အားလုံး သို့မဟုတ် တစ်ဦးဦးကဖြစ်စေ စုပေါင်း၍ သော်လည်းကောင်း၊ သီးခြားစီဖြင့်သော်လည်းကောင်း သို့မဟုတ် မှတ်ပုံတင်အရာရှိကဖြစ်စေ လျှောက်လွှာဖြင့် တင်ပြဆောင်ရွက်ရမည်။ သို့ရာတွင် - (က) ကြွေးမြီပေးဆပ်ရသူတစ်ဦးသည် ၎င်းနှင့် သက်ဆိုင်သည့် အစုရှယ်ယာများ သို့မဟုတ် အစုရှယ်ယာအချို့ကို ကုမ္ပဏီအားဖျက်သိမ်းမှု စတင်ခြင်းမပြုမီ ၁၈ လအတွင်း အနည်းဆုံး ခြောက်လအထိ ၎င်းထံသို့ မူလကပင်ထုတ်ဝေထားပြီးဖြစ်ခြင်း သို့မဟုတ် ၎င်းက ပိုင်ဆိုင်ထားပြီးဖြစ်ခြင်း၊ ၎င်းအမည်ဖြင့် မှတ်ပုံတင်ထားပြီးဖြစ်ခြင်း သို့မဟုတ် ယခင် ပိုင်ရှင်သေဆုံးခဲ့သဖြင့် ၎င်းထံသို့ လွှဲပြောင်းပေးခြင်းမရှိခဲ့လျှင် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် လျှောက်လွှာတင်ပြခွင့်မရှိစေရ။ ( ခ ) အောက်ပါအကြောင်းအရာများ ပေါ်ပေါက်ခြင်းမရှိလျှင် မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီ တစ်ခုကိုဖျက်သိမ်းရန်အတွက် လျှောက်လွှာတင်ပြခွင့်မရှိစေရ - (၁) ကုမ္ပဏီ၏ လက်ကျန်ရှင်းတမ်း (balance sheet) တွင် သို့မဟုတ် ပုဒ်မ ၂၇၁ အရ ခန့်အပ်ထားသည့် စစ်ဆေးသူတစ်ဦးဦး၏ အစီရင်ခံစာတွင် ထုတ်ဖော်တင်ပြ ထားသည့် ကုမ္ပဏီ၏ဘဏ္ဍာရေးဆိုင်ရာအခြေအနေအရ ၎င်း၏ကြွေးမြီများကို ပေးဆပ်နိုင်ခြင်းမရှိဟု ပေါ်ပေါက်လျှင်၊ ၎င်းအပြင် လျှောက်လွှာတင်ပြရန်အတွက် ပြည်ထောင်စုဝန်ကြီး၏ ကြိုတင်ခွင့်ပြုချက်ကို ရယူထားလျှင်၊ သို့ရာတွင် ကုမ္ပဏီသည် ကြားနာသည့်အခွင့်အရေးကို ဦးစွာ မရရှိခဲ့လျှင် အဆိုပါ ခွင့်ပြုချက်ကို ပေးအပ်ခြင်းမပြုရ။ (ဂ ) ဥပဒေအရ လိုက်နာဆောင်ရွက်ရသော အစီရင်ခံစာများ တင်ပြရာတွင်ဖြစ်စေ၊ ဥပဒေအရ လိုက်နာဆောင်ရွက်ရသော အစည်းအဝေးများကို ကျင်းပရာတွင်ဖြစ်စေ ပျက်ကွက်မှု ရှိခဲ့သည့်အကြောင်းကြောင့် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် လျှောက်လွှာ တင်ပြခြင်းကို အစည်းအဝေးကျင်းပရမည့် နောက်ဆုံးနေ့ရက်မှ ၁၄ ရက်ထက် ကျော်လွန်ပြီး အစုရှယ်ယာရှင်က တင်ပြခြင်းမှတစ်ပါး အခြားသူတစ်ဦးဦးက တင်ပြခြင်းမပြုရ။ (ဃ) တရားရုံးသည် ယင်းက သင့်သည်ထင်မြင်သည့်အတိုင်း အမှုအတွက် ကုန်ကျစရိတ်အပေါ် အာမခံတင်သွင်းသည့် ကာလအထိ သို့မဟုတ် ကုမ္ပဏီဖျက်သိမ်းရန်အတွက် စွဲချက်တင်နိုင် လောက်အောင် မြင်သာသော အထောက်အထားရှိသည့်အမှုဖြစ်ကြောင်း တရားရုံးအနေဖြင့် လက်ခံနိုင်သည့်ကာလအထိ ဖြစ်ပေါ်လာမည့် သို့မဟုတ် အလားအလာရှိသည့် မြီရှင်က တင်ပြသော ကုမ္ပဏီဖျက်သိမ်းရန်အတွက် လျှောက်ထားမှုကို ကြားနာခြင်းမပြုရ။ ကုမ္ပဏီဖျက်သိမ်းရန်အမိန့်၏ အကျိုးသက်ရောက်မှု ၊ ၃၀၃။ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်သည် မြီရှင်တစ်ဦးဦးနှင့် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးတို့က ပူးတွဲတင်ပြသည့်လျှောက်လွှာအပေါ်တွင် ချမှတ်သည့်အမိန့်တစ်ရပ်အဖြစ် မြီရှင်များ အားလုံးနှင့် ကြွေးမြီပေးဆပ်ရသူများ အားလုံးတို့အတွက် အကျိုးသက်ရောက်စေရမည်။ တရားရုံးက ကုမ္ပဏီဖျက်သိမ်းခြင်း စတင်သည့်အချိန် ၃၀၄။ တရားရုံးက ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းခြင်းသည် ကုမ္ပဏီဖျက်သိမ်းရန်အတွက် လျှောက်လွှာ တင်ပြသည့်အချိန်မှ စတင်သည်ဟု မှတ်ယူရမည်။ တရားရုံးက တားမြစ်သည့်အမိန့်များ ထုတ်ဆင့်နိုင်ခြင်း ၃၀၅။ ဤဥပဒေအရ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် လျှောက်လွှာတင်ပြပြီးနောက် သို့မဟုတ် ကုမ္ပဏီဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ကိုချမှတ်ခြင်းမပြုမီ မည်သည့်အချိန်တွင်မဆို ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ၏မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးက လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များဖြင့် ကုမ္ပဏီအပေါ် တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှု တစ်ရပ်ရပ်တွင် ထပ်မံစစ်ဆေးဆောင်ရွက်မှုများကို ရပ်ဆိုင်းထားနိုင်သည်။ လျှောက်ထားမှုကို ကြားနာခြင်းနှင့် စပ်လျဉ်းသည့် တရားရုံး၏ အခွင့်အာဏာ ၃၀၆။ (က) လျှောက်ထားမှုကို ကြားနာသည့်အခါ တရားရုံးသည် သင့်သည်ထင်မြင်လျှင် စရိတ်နှင့်ဖြစ်စေ၊ စရိတ်မပါဘဲဖြစ်စေ အဆိုပါလျှောက်လွှာအား ပလပ်နိုင်သည် သို့မဟုတ် ခြွင်းချက်ဖြင့် ဖြစ်စေ၊ ခြွင်းချက်မပါရှိဘဲလျက်ဖြင့်ဖြစ်စေ ကြားနာခြင်းကိုရွှေ့ဆိုင်းနိုင်သည် သို့မဟုတ် ကြားဖြတ်အမိန့်တစ်ရပ်ရပ် သို့မဟုတ် အခြားအမိန့်တစ်ရပ်ရပ်ကို တရားရုံးက သင့်လျော် သည်ဟုထင်မြင်သည့်အတိုင်း ချမှတ်နိုင်သည်။ သို့သော် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များနှင့် ညီမျှသော သို့မဟုတ် ပိုမိုသောပမာဏအထိ ထိုရရန်ပိုင်ခွင့်များကို ပေါင်နှံထားသည် သို့မဟုတ် ကုမ္ပဏီတွင် ရရန်ပိုင်ခွင့်များမရှိဟူသော အကြောင်းမျှဖြင့် တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်ရန်အတွက် ငြင်းပယ်ခြင်းမပြုရ။ ( ခ) ဥပဒေအရလိုက်နာဆောင်ရွက်ရသော အစီရင်ခံစာများတင်ပြရာတွင်ဖြစ်စေ၊ အစည်းအဝေး များကိုကျင်းပရာတွင်ဖြစ်စေ ပျက်ကွက်မှုရှိခဲ့သည့်အကြောင်းကြောင့် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် လျှောက်လွှာတင်ပြလာခြင်းဖြစ်လျှင် တရားရုံးသည် သင့်သည် ထင်မြင်သည့်အတိုင်း ပျက်ကွက်မှုနှင့်သက်ဆိုင်သော တာဝန်ရှိသူများကပေးချေရမည့် ကုန်ကျစရိတ်များအတွက် အမိန့်တစ်ရပ်ချမှတ်နိုင်သည်။ (ဂ) တရားရုံးသည် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ချမှတ်သည့်အခါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးအား တစ်ပြိုင်တည်း ခန့်အပ်ခြင်းမှအပ အဆိုပါ အမိန့်ကို တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူထံသို့ပေးပို့ရမည်။ ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်နှင့်စပ်လျဉ်း၍ ဆိုင်းငံ့ထားသည့် အမှုများ ၃၀၇။ ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်ပြီးသည့်အခါတွင် သို့မဟုတ် ယာယီစာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိတစ်ဦးကို ခန့်အပ်ပြီးသည့်အခါတွင် တရားရုံးကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ တရားရုံး၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းမှတစ်ပါး ကုမ္ပဏီအပေါ် တရားစွဲဆိုမှု သို့မဟုတ် တရားစွဲဆို ဆောင်ရွက်မှုတို့ကို ဆက်လက်ဆောင်ရွက်ခြင်း သို့မဟုတ် စတင်စွဲဆိုခြင်းမပြုလုပ်ရ။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ လစ်လပ်ခြင်း ၃၀၈။ (က) ဤဥပဒေတွင် ဖော်ပြပါရှိသည့် ကိစ္စရပ်များအတွက် တရားရုံးက ကုမ္ပဏီများကို ဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့်အခါ “တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံ ထိန်းသိမ်းသူ” ဆိုသည်မှာ တရားရုံးတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသည့် တရားဝင် ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူကိုဆိုသည်။ သို့မဟုတ် အဆိုပါတရားဝင် ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူမရှိခဲ့လျှင် ပြည်ထောင်စုဝန်ကြီးက ဤကိစ္စရပ်အတွက် နိုင်ငံတော်ပြန်တမ်းတွင် အမိန့်ကြော်ငြာစာဖြင့် ထည့်သွင်းဖော်ပြ၍ ခန့်အပ်ထားသည့် ပုဂ္ဂိုလ်တစ်ဦးဦးကိုဆိုလိုသည်။ ( ခ) ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်သည့်အခါတွင် တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူသည် ကုမ္ပဏီ၏ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ ဖြစ်စေရမည့်အပြင် တရားရုံး၏ အမိန့်တစ်ရပ်ရပ်ဖြင့်ရပ်စဲခြင်း မပြုသည်အထိ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဆက်လက်ဆောင်ရွက်ရမည်။ (ဂ) တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူသည် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးအဖြစ် ကုမ္ပဏီ၏ စာရင်းစာအုပ်များ၊ စာရွက်စာတမ်းများနှင့် ရရန်ပိုင်ခွင့်များအားလုံးကို ထိန်းသိမ်းထားရှိရမည်ဖြစ်ပြီး အဆိုပါ ထိန်းသိမ်းထားရှိသည့် ပစ္စည်းများအားလုံးကို ကြီးကြပ်ဆောင်ရွက်ခွင့်ရှိသည်။ (ဃ) တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူသည် တရားရုံးက သတ်မှတ် ပေးသည့် အခကြေးငွေကို ခံစားခွင့်ရှိသည်။ ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်၏ မိတ္တူကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရခြင်း ၃၀၉။ (က) ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်သည့်အခါတွင် ကုမ္ပဏီဖျက်သိမ်းပေးရန် တရားစွဲဆိုသည့်အမှုမှ လျှောက်ထားသူနှင့် ကုမ္ပဏီတို့သည် အဆိုပါအမိန့်အား ချမှတ်သည့် နေ့ရက်မှ တစ်လအတွင်း ထိုအမိန့်၏မိတ္တုတစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရန် တာဝန်ရှိသည်။ ( ခ ) ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်၏ မိတ္တု တစ်စောင်ကို တင်ပြသည့်အခါတွင် မှတ်ပုံတင် အရာရှိသည် ကုမ္ပဏီနှင့်သက်ဆိုင်သည့် စာရင်းစာအုပ်တွင် အဆိုပါ အချက်အလက်အား မှတ်တမ်းတင်ထားရှိရမည့်အပြင် အဆိုပါအမိန့်အား ချမှတ်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော် ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည်။ (ဂ ) ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သည့်အခါမှတစ်ပါး အဆိုပါ အမိန့်သည်ကုမ္ပဏီ၏ ဝန်ထမ်းများသို့ ပေးပို့သည့်အကြောင်းကြားစာအဖြစ် မှတ်ယူရမည်။ ကုမ္ပဏီဖျက်သိမ်းခြင်းကို ဆိုင်းငံ့ထားနိုင်သည့် တရားရုံး၏ အခွင့်အာဏာ ၃၁၀။ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် စစ်ဆေးဆောင်ရွက်မှုများအားလုံးကို ဆိုင်းငံ့ထား သင့်ကြောင်း မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးက လျှောက်ထားတင်ပြလာလျှင် သို့မဟုတ် ထိုသို့ဆိုင်းငံ့ထားသင့်ကြောင်း တရားရုံးက ကျေနပ်လက်ခံနိုင်သည့် အထောက်အထားများရှိလျှင် တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်တစ်ရပ်ကို ချမှတ်ပြီးနောက် မည်သည့်အချိန်တွင်မဆို တရားရုံးက သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များဖြင့် အားလုံးကိုဖြစ်စေ သို့မဟုတ် သတ်မှတ်ကာလ တစ်ရပ်ရပ်အတွက်ဖြစ်စေ တရားစွဲဆိုဆောင်ရွက်မှုများကို ဆိုင်းငံ့ထားရန် အမိန့်တစ်ရပ်ချမှတ်နိုင်သည်။ မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒကို တရားရုံးက လက်ခံပေးနိုင်ခြင်း ၃၁၁။ တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်အားလုံးတွင် လုံလောက်သည့် အထောက်အထားတစ်ရပ်ရပ်ဖြင့် ၎င်းထံတင်ပြစေနိုင်သကဲ့သို့ မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒများကို ထည့်သွင်းစဉ်းစားနိုင်သည်။ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအားခန့်အပ်ခြင်း ၃၁၂။ (က) ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် တရားစွဲဆိုဆောင်ရွက်မှုများကို ပြုလုပ်ရန်အတွက် လည်းကောင်း၊ တရားရုံးက ချမှတ်မည့်တာဝန်များကို ထမ်းဆောင်ရန်အတွက်လည်းကောင်း၊ တရားရုံးသည် တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူမှအပ အခြားသူ တစ်ဦးဦး သို့မဟုတ် အခြားသူများကို တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိတစ်ဦး သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများအဖြစ် ခန့်အပ်နိုင်သည်။ ( ခ ) တရားရုံးသည် တင်ပြလျှောက်ထားမှု တစ်ရပ်ရပ်ကို လက်ခံရရှိပြီးနောက် ကုမ္ပဏီ ဖျက်သိမ်းသည့်အမိန့်တစ်ရပ်ကို ချမှတ်ခြင်းမပြုရသေးမီ မည်သည့်အချိန်တွင်မဆို အဆိုပါ ခန့်အပ်မှုကို ယာယီအားဖြင့် သတ်မှတ်နိုင်သည်။ သို့သော် တရားရုံးသည် အကြောင်းကြားစာ မပေးပို့သင့်ကြောင်း မှတ်တမ်းတင်ထားနိုင်သည့် အကြောင်းအချက်များမရှိမှသာ အဆိုပါ ခန့်အပ်မှုအားမပြုလုပ်မီ ကုမ္ပဏီသို့ အကြောင်းကြားစာပေးပို့ရမည်။ (ဂ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအား တစ်ဦးထက် ပိုမို၍ခန့်ထားခဲ့လျှင် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ဤဥပဒေအရ ဆောင်ရွက်မှုတစ်စုံတစ်ရာကို ပြုလုပ်ရန်လိုအပ်ခြင်း သို့မဟုတ် ပြုလုပ်ရန် အခွင့်အာဏာအပ်နှင်းထားခြင်းတို့ကို အဆိုပါ ပုဂ္ဂိုလ်အားလုံးကဖြစ်စေ၊ တစ်ဦးဦးကဖြစ်စေ၊ အချို့ကဖြစ်စေ မည်သူကပြုလုပ်ရမည်ဖြစ်ကြောင်း တရားရုံးက ကြေညာရမည်။ (ဃ) တရားရုံးသည် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ တစ်ဦးဦးက ၎င်းအားခန့်အပ်မှုနှင့်စပ်လျဉ်း၍ အာမခံချက်တစ်ရပ်ရပ်ထားရှိရန် လိုမလိုနှင့် မည်သည့်အာမခံချက်ကို ထားရှိရမည်တို့ကို ဆုံးဖြတ်နိုင်သည်။ ( င ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးအား ခန့်အပ်ပြီးနောက်ပိုင်းတွင် ထိုသို့ ခန့်အပ်မှုနှင့်စပ်လျဉ်းသည့် ချို့ယွင်းချက်တစ်ရပ်ရပ်အား တွေ့ရှိစေကာမူ ၎င်း၏ပြုလုပ် ဆောင်ရွက်ချက်များသည် တရားဝင်စေရမည်။ သို့ရာတွင် ဤပုဒ်မခွဲတွင် ဖော်ပြပါရှိသော မည်သည့် ပြဋ္ဌာန်းချက်ကမျှ ၎င်းအားခန့်အပ်မှုသည် တရားဝင်ခြင်းမရှိကြောင်း ဖော်ပြပြီး နောက်ပိုင်း၌ အဆိုပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ပြုလုပ် ဆောင်ရွက်ချက်များသည် တရားဝင်သည်ဟု မှတ်ယူခြင်းမရှိစေရ။( စ ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လက်ဝယ်ရှိ ရရန် ပိုင်ခွင့်များနှင့်စပ်လျဉ်း၍ ပစ္စည်းလက်ခံထိန်းသိမ်းသူတစ်ဦးကို ခန့်အပ်ခြင်းမပြုရ။ နုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ လစ်လပ်နေရာများအား ဖြည့်စွက်ခန့်ထားခြင်းနှင့်လျော်ကြေးပေးခြင်း ၃၁၃။ (က) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးဦးသည် နုတ်ထွက်ခွင့်ရှိသည် သို့မဟုတ် ခိုင်လုံသည့်အကြောင်းအချက်များ တင်ပြနိုင်လျှင် တရားရုံးက ၎င်းကို ထုတ်ပယ်နိုင်သည်။ ( ခ ) တရားရုံးက တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးဦး လစ်လပ်သွားသည့်နေရာတွင် ဖြည့်စွက်ခန့်ထားနိုင်သည်။ လစ်လပ်သည့်နေရာတွင် ထိုသို့ ဖြည့်စွက်ခန့်ထားသည့် ကာလအထိ တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံ ထိန်းသိမ်းသူသည် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ အဖြစ်ဆောင်ရွက်ရမည်။ (ဂ) တရားရုံးက သင့်သည်ထင်မြင်သည့်အတိုင်း ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ အခြားနည်းလမ်း တစ်ရပ်ရပ်ဖြင့်လည်းကောင်း တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသို့ လစာ သို့မဟုတ် အခကြေးငွေပေးရန် ညွှန်ကြားရမည်။ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိတစ်ဦးထက် ပိုမိုခန့်ထားခဲ့လျှင် တရားရုံးကညွှန်ကြားသည့် အချိုးအစား ပမာဏအတိုင်း အဆိုပါ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများထံသို့ အခကြေးငွေကို ခွဲဝေပေးရမည်။ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ၃၁၄။ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ၎င်းအားခန့်အပ်ခြင်းနှင့် သက်ဆိုင်သည့်ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ်သာ ဖော်ပြရမည်ဖြစ်ပြီး ၎င်း၏ ကိုယ်ပိုင်အမည်ဖြင့် ဖော်ပြခြင်းမပြုရ။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို တင်ပြရခြင်း ၃၁၅။ (က) တရားရုံးက ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်တစ်ရပ်ကို ချမှတ်ပြီးသည့်အခါ သို့မဟုတ် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ယာယီအားဖြင့် ခန့်အပ်ပြီးသည့်အခါ တရားရုံးကအခြားအမိန့်တစ်စုံတစ်ရာကို ချမှတ်ရန် လိုအပ်သည်ဟု မယူဆလျှင် အောက်ပါအချက်အလက်များပါဝင်ပြီး ကျမ်းကျိန်ချက်ဖြင့် အတည်ပြု ထားသော ကုမ္ပဏီ၏ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ရေးသားဖော်ပြချက်တစ်စောင်ကို တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ ပြုစုတင်ပြ ရမည်(၁) လက်ဝယ်ရှိ ငွေသားလက်ကျန်ရှင်းတမ်းနှင့် ဘဏ်ရှိ ငွေသားစာရင်းများရှိခဲ့လျှင် ၎င်းငွေသားစာရင်းများကို သီးခြားစီဖော်ပြလျက် ကုမ္ပဏီ၏ရရန်ပိုင်ခွင့်များ၊ (၂) ကြွေးမြီများနှင့် တာဝန်ရှိမှုများ၊ (၃) အာမခံထားရှိသော ကြွေးမြီများနှင့် အာမခံထားရှိခြင်းမရှိသော ကြွေးမြီများ၏ ပမာဏကိုသီးခြားစီဖော်ပြလျက် မြီရှင်များ၏အမည်များ၊ နေရပ်လိပ်စာများနှင့် အလုပ်အကိုင်များ၊ အာမခံထားရှိသော ကြွေးမြီများဖြစ်လျှင် ငွေချေးသက်သေခံ လက်မှတ်များ၏အချက်အလက်များ ယင်းတို့၏တန်ဖိုးနှင့် ယင်းတို့အားထုတ်ဝေ ခဲ့သည့်နေ့စွဲများနှင့် (၄) ကုမ္ပဏီသို့ ကြွေးမြီပေးဆပ်ရန် တာဝန်ရှိသူများ၏ အမည်များ၊ နေရပ်လိပ်စာများနှင့် အလုပ်အကိုင်များ၊ ထိုသို့ပေးဆပ်နိုင်မည့်ပမာဏ။ ( ခ ) ထိုရေးသားဖော်ပြချက်အား သက်ဆိုင်သည့်နေ့ရက်၌ တာဝန်ထမ်းဆောင်လျက်ရှိသူ ဒါရိုက်တာတစ်ဦး သို့မဟုတ် ဒါရိုက်တာများကသော်လည်းကောင်း၊ ကုမ္ပဏီ၏ အတွင်းရေးမှူးကသော်လည်းကောင်း၊ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအဖြစ် အောက်ပါပြဋ္ဌာန်းချက်များတွင် ဖော်ပြပါရှိသူများက သော်လည်းကောင်း တရားရုံး၏ညွှန်ကြားချက်နှင့်အညီ မှန်ကန်ကြောင်းအတည်ပြု၍ တင်ပြ ရမည့်အပြင် အောက်ပါပုဂ္ဂိုလ်များကိုလည်း ရေးသားဖော်ပြချက်အား မှန်ကန်ကြောင်း အတည်ပြု၍တင်ပြစေနိုင်သည် - (၁) ကုမ္ပဏီ၏ဒါရိုက်တာများ သို့မဟုတ် အရာရှိများအဖြစ် ဆောင်ရွက်သူများ သို့မဟုတ် ဆောင်ရွက်ခဲ့သူများ သို့မဟုတ် (၂) သက်ဆိုင်သည့် နေ့ရက်မှ တစ်နှစ်ကာလအတွင်း မည်သည့်အချိန်တွင်မဆို ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှုတွင် ပါဝင်ခဲ့သူများ သို့မဟုတ် (၃) အဆိုပါနှစ်ကာလအတွင်း ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ သို့မဟုတ် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများနှင့် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက လိုအပ်သည့် သတင်းအချက်အလက်များကို ပေးနိုင်သူဟုယူဆသည့် ပုဂ္ဂိုလ်များ။ (ဂ ) ထိုရေးသားဖော်ပြချက်ကို သက်ဆိုင်သည့်နေ့ရက်မှ ၂၁ ရက်အတွင်း သို့မဟုတ် အထူးအကြောင်းရှိခဲ့လျှင် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကဖြစ်စေ၊ တရားရုံးကဖြစ်စေ တိုးမြှင့်သတ်မှတ်ပေးသည့် ကာလအတွင်းတင်ပြရမည်။ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ လိုအပ်သော ရေးသားဖော်ပြချက်နှင့် ကျမ်းကျိန်လွှာ တို့ကို ပြုလုပ်သည့် သို့မဟုတ် ပြုလုပ်ရန် သဘောတူညီသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် ယာယီ ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များမှ ပြင်ဆင်ပြုလုပ် ဆောင်ရွက်ရာတွင် ကုန်ကျသည့်စရိတ်များကို သင့်လျော်သည့်ကုန်ကျစရိတ်များ ဖြစ်သည်ဟု သတ်မှတ်ခွင့်ပြု၍ ပေးချေနိုင်သည်။ ထိုကိစ္စရပ်တွင် တရားရုံးသို့ အယူခံ ဝင်ရောက်နိုင်သည်။ (င) ကုမ္ပဏီ၏ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဖြစ်ကြောင်း ကိုယ်တိုင်စာဖြင့် ရေးသားဖော်ပြသူတစ်ဦးဦးသည် ၎င်းကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ သင့်လျော်သည့်အချိန်တိုင်းတွင် သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေကိုပေးသွင်းလျက် ဤပုဒ်မအရတင်ပြသည့် ရေးသားဖော်ပြချက်ကို စစ်ဆေးကြည့်ရှုခြင်းနှင့် အဆိုပါ ရေးသား ဖော်ပြချက်၏ မိတ္တူ ကိုဖြစ်စေ၊ ကောက်နုတ်ချက်ကိုဖြစ်စေ ရယူခွင့်ရှိသည်။ ( စ ) ဤပုဒ်မပါ “သက်ဆိုင်သည့်နေ့ရက်” ဆိုသည်မှာ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကို ယာယီခန့်အပ်ထားသည့်ကိစ္စရပ်တွင် ထိုသို့ခန့်အပ်သည့်နေ့ရက်နှင့် ထိုသို့ ခန့်အပ်ခြင်းမပြုသည့်ကိစ္စရပ်တွင် ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်ကို ချမှတ်သည့်နေ့ရက် တို့ကို ဆိုသည်။ ၃၁၆။ မည်သူမဆို သင့်လျော်သည့် အကြောင်းအချက်မရှိဘဲ ပုဒ်မ ၃၁၅ ပါ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် သိလျက်ဖြင့်တမင်ပျက်ကွက်လျှင် ဒဏ်ကြေးငွေ ကျပ်သိန်းတစ်ဆယ်ကို ပေးဆောင်ရမည်။ ၃၁၇။ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဖြစ်ကြောင်း မမှန်မကန် ကိုယ်တိုင်စာဖြင့် ရေးသား ဖော်ပြသူတစ်ဦးဦးသည် ရာဇသတ်ကြီးပုဒ်မ ၁၈၂ အရ ပြစ်မှုမြောက်ပြီး စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကဖြစ်စေ၊ တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူကဖြစ်စေ လျှောက်ထား တင်ပြလာလျှင် အဆိုပါပြစ်မှုဖြင့် ပြစ်ဒဏ်ထိုက်သင့်စေရမည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ရေးသားဖော်ပြချက် ၃၁၈။ (က) ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်ကို ချမှတ်သည့်အခါ တရားဝင်ခန့်အပ်ထားသည့် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ပုဒ်မ ၃၁၅ အရတင်ပြသည့် ရေးသားဖော်ပြချက်အား လက်ခံရရှိပြီးနောက် အဆိုပါအမိန့်ကို ချမှတ်သည့်နေ့မှ လေးလထက်နောက် မကျစေဘဲ သို့မဟုတ် တရားရုံးကခွင့်ပြုလျှင် ခြောက်လထက်နောက်မကျစေဘဲ သို့မဟုတ် ရေးသား ဖော်ပြချက်တင်ပြရန် လိုအပ်ခြင်းမရှိကြောင်း တရားရုံးက အမိန့်ချမှတ်သည့် ကိစ္စရပ်တွင် အမိန့်ချမှတ်သည့်နေ့ရက်မှ အောက်ပါအချက်အလက်များပါဝင်သော ကနဦးအစီရင်ခံစာ တစ်စောင်ကို တရားရုံးသို့ ဆောလျင်စွာတင်ပြရမည် - (၁) အောက်ပါခေါင်းစဉ်များအလိုက် သီးခြားစီဖော်ပြပါရှိသော ထုတ်ဝေထားသည့် မတည်ငွေရင်းပမာဏ၊ ထည့်ဝင်ထားသည့် မတည်ငွေရင်းပမာဏ၊ ထည့်ဝင်ပြီး မတည်ငွေရင်းပမာဏ၊ ရရန်ပိုင်ခွင့်များနှင့် တာဝန်ရှိမှုများအတွက် ခန့်မှန်း တွက်ချက်မှုပမာဏ၊ (ကက) ငွေသားနှင့်လွှဲပြောင်းနိုင်သောငွေချေးသက်သေခံလက်မှတ်များ၊ ( ခခ ) ကြွေးမြီပေးဆပ်ရသူများထံမှ ရရှိမည့် ကြွေးမြီများ၊ ( ဂဂ ) ကုမ္ပဏီကရရှိမည့် ကြွေးမြီများနှင့် ကြွေးမြီပေးချရန်အာမခံချက်များရှိခဲ့လျှင်၊ (ဃဃ) ကုမ္ပဏီပိုင်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် ( cc ) ငွေပေးချေခြင်း မပြုရသေးသောထည့်ဝင်ရမည့်မတည်ငွေရင်း၊ (၂) ကုမ္ပဏီက လုပ်ငန်းအောင်မြင်မှုမရှိခဲ့လျှင် ထိုသို့ဖြစ်ရသည့်အကြောင်းများနှင့် (၃) ကုမ္ပဏီကို တည်ထောင်ခြင်းလုပ်ငန်းပြုလုပ်ခြင်း၊ ဖွဲ့စည်းခြင်း သို့မဟုတ် ကုမ္ပဏီ၏ လုပ်ငန်းအောင်မြင်မှုမရှိခြင်း၊ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအပေါ် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ထင်မြင်ချက်အရ ထပ်မံစိစစ်ရန် လိုအပ်ခြင်းရှိမရှိ။ (ခ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ၎င်းအနေဖြင့် သင့်သည်ထင်မြင်လျှင် ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်ခဲ့သည့်အခြေအနေ၊ ကုမ္ပဏီကို တည်ထောင်ခြင်းလုပ်ငန်းပြုလုပ်ခြင်း သို့မဟုတ် ဖွဲ့စည်းခြင်းတွင် ပါဝင်သူတစ်ဦးဦး၊ ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်ပြီးနောက် ကုမ္ပဏီနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ဒါရိုက်တာ တစ်ဦးဦး သို့မဟုတ် အရာရှိတစ်ဦးဦးက လိမ်လည်မှုတစ်ရပ်ရပ်ကို ကျူးလွန်ထားသည်ဟု ထင်မြင်ချက်နှင့် တရားရုံးကသိရှိရန် လိုအပ်သည်ဟု ထင်မြင်သော အခြားအကြောင်း အရာများကို ဖော်ပြထားသည့် အခြားအစီရင်ခံစာတစ်စောင် သို့မဟုတ် အစီရင်ခံစာများကိုလည်း တင်ပြနိုင်သည်။ ကုမ္ပဏီ၏ပစ္စည်းများကို ထိန်းသိမ်းထားရှိခြင်း ၃၁၉။ (က) ယာယီအားဖြင့် ခန့်အပ်ထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီကပိုင်ဆိုင်သည့် သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသည့် ပစ္စည်းများ၊ ပိုင်ဆိုင်မှုများနှင့် တောင်းခံခွင့်ရှိသည်များအားလုံးကို ၎င်း၏ထိန်းသိမ်းမှု သို့မဟုတ် ကြီးကြပ်မှုအောက်တွင် ထားရှိရမည်။ (ခ ) ကုမ္ပဏီ၏ ပစ္စည်းများနှင့် ပိုင်ဆိုင်မှုများအားလုံးသည် ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်အား ချမှတ်သည့်နေ့ရက်မှစတင်၍ တရားရုံး၏ ထိန်းသိမ်းမှုအောက်တွင်ထားရှိသည်ဟု မှတ်ယူ ရမည်။ စည်းမျဉ်းအရ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သော စစ်ဆေးရေးကော်မတီ ၃၂၀။ (က) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စာရင်းရှင်း လင်းဖျက်သိမ်းရေးအရာရှိနှင့်အတူ ဆောင်ရွက်နိုင်ရန်အတွက် စစ်ဆေးရေးကော်မတီ တစ်ရပ်ကို ခန့်အပ်မည်၊ မခန့်အပ်မည်ကိုလည်းကောင်း၊ ခန့်အပ်ခဲ့ပါက မည်သူများကို ကော်မတီ၏အဖွဲ့ဝင်များအဖြစ် ခန့်အပ်မည်ကိုသော်လည်းကောင်း ဆုံးဖြတ်နိုင်ရန်အလို့ငှာ ကုမ္ပဏီ၏ စာရင်းစာအုပ်များနှင့် စာရွက်စာတမ်းများတွင် သတ်မှတ်ဖော်ပြထားသည့်အတိုင်း ကုမ္ပဏီ၏မြီရှင်များ အစည်းအဝေးတစ်ရပ်ကို ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်အား ချမှတ်သည့် နေ့ရက်မှ တစ်လအတွင်း ခေါ်ယူကျင်းပရမည်။ ( ခ ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် မြီရှင်များ၏ ဆုံးဖြတ်ချက်များကို စဉ်းစားသုံးသပ်ရန်နှင့် အဆိုပါဆုံးဖြတ်ချက်များကို ပြင်ဆင်ချက်ဖြင့် လက်ခံရန် သို့မဟုတ် ပြင်ဆင်ချက်မပြုလုပ်ဘဲ လက်ခံရန်တို့အတွက် ကြွေးမြီပေးဆပ် ရသူများ၏ အစည်းအဝေးတစ်ရပ်ကို မြီရှင်များ၏အစည်းအဝေးအား ကျင်းပသည့် နေ့ရက်မှ ခုနစ်ရက်အတွင်း ခေါ်ယူကျင်းပရမည်။ ( ဂ ) ကြွေးမြီပေးဆပ်ရသူများသည် မြီရှင်များ၏ ဆုံးဖြတ်ချက်ကို အပြည့်အဝလက်ခံနိုင်ခြင်း မရှိပါက တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စစ်ဆေးရေး ကော်မတီတစ်ရပ်ကို ခန့်အပ်ရန် လိုအပ်ခြင်း ရှိ မရှိ၊ လိုအပ်ခြင်းရှိပါက ထိုကော်မတီကို မည်သို့ဖွဲ့စည်းမည်နှင့် ထိုကော်မတီတွင် မည်သူများက အဖွဲ့ဝင်များအဖြစ် ပါဝင်ကြမည် တို့အပေါ် လမ်းညွှန်မှုပြုနိုင်ရန်အတွက် တရားရုံးသို့လျှောက်ထားရန် တာဝန်ရှိသည်။ (ဃ) ဤပုဒ်မအရ ခန့်အပ်သည့် စစ်ဆေးရေးကော်မတီတွင် ကုမ္ပဏီ၏ မြီရှင်များနှင့် ကြွေးမြီ ပေးဆပ်ရသူများ၊ သို့မဟုတ် မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများထံမှ အထွေထွေ သို့မဟုတ် အထူးကိုယ်စားလှယ်လွှဲစာများ ကိုင်ဆောင်ထားသည့်ပုဂ္ဂိုလ်များ ပါဝင်သော အဖွဲ့ဝင် ၁၂ ဦးထက် မပိုသောသူများဖြင့် ပါဝင်ဖွဲ့စည်းရမည်။ ယင်းအဖွဲ့ဝင်ဦးရေတွင် မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများ၏ အစည်းအဝေးများ၌ သဘောတူညီထားသော အချိုးအစားဖြင့် ပါဝင်ဖွဲ့စည်းနိုင်ပြီး ထိုသို့သဘောတူညီထားခြင်းမရှိပါက တရားရုံးက ဆုံးဖြတ်နိုင်သည်။ (င) စစ်ဆေးရေးကော်မတီသည် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ၏ စာရင်းများကို သင့်လျော်သည့် အချိန်တိုင်းတွင် စစ်ဆေးခွင့်ရှိသည်။( စ ) ကော်မတီသည် အခါအားလျော်စွာ သတ်မှတ်ထားသည့်အချိန်များတွင် တွေ့ဆုံကျင်းပရမည် ဖြစ်ပြီး ထိုသို့သတ်မှတ်ထားသည့် အချိန်ကာလမရှိပါက တစ်လလျှင် အနည်းဆုံးတစ်ကြိမ် တွေ့ဆုံကျင်းပရမည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ သို့မဟုတ် ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဦးက လိုအပ်သည်ဟု ထင်မြင်သည့်အခါ ကော်မတီအစည်းအဝေး တစ်ရပ် ခေါ်ယူကျင်းပပေးရန် တင်ပြတောင်းဆိုနိုင်သည်။ (ဆ) ကော်မတီသည် အစည်းအဝေးတက်ရောက်သော အဖွဲ့ဝင်အများစုဖြင့် ဆုံးဖြတ်ဆောင်ရွက် ရမည်ဖြစ်ပြီး ကော်မတီ၏အဖွဲ့ဝင်အများစု မတက်ရောက်ခဲ့ပါက ထိုသို့ဆုံးဖြတ်ဆောင်ရွက်ခြင်း မပြုရ။ ကော်မတီအဖွဲ့ဝင်တစ်ဦးဦးသည် ၎င်းကိုယ်တိုင် စာဖြင့်ရေးသား လက်မှတ်ရေးထိုးထားသည့် အကြောင်းကြားစာကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ ပေးပို့၍ နုတ်ထွက် နိုင်သည်။ ကော်မတီအဖွဲ့ဝင်တစ်ဦးဦးသည် လူမွဲအဖြစ် ခံယူရခြင်း သို့မဟုတ် ၎င်း၏ မြီရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ရခြင်း သို့မဟုတ် အစီအစဉ်တစ်ရပ်ရပ်ပြုလုပ်ရခြင်း သို့မဟုတ် ၎င်းနှင့်အတူ မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများအား ကိုယ်စားပြုသည့် ကော်မတီအဖွဲ့ဝင်များ၏ ခွင့်ပြုချက်မရရှိဘဲ ကော်မတီအစည်းအဝေးများကို တက်ရောက်ရန် ငါးကြိမ်ဆက်တိုက် ပျက်ကွက်ခြင်းတို့ရှိခဲ့လျှင် ထိုကော်မတီအဖွဲ့ဝင်သည် လုပ်ငန်းခွင်မှ ပျက်ကွက်သည်ဟု သတ်မှတ်ရမည်။ (ည) ကော်မတီအဖွဲ့ဝင်တစ်ဦးသည် မြီရှင်များအားကိုယ်စားပြုလျှင် မြီရှင်များ၏ အစည်းအဝေး၌ လည်းကောင်း၊ ကြွေးမြီပေးဆပ်ရသူများအားကိုယ်စားပြုလျှင် ကြွေးမြီပေးဆပ်ရသူများ၏ အစည်းအဝေး၌လည်းကောင်း သာမန်ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်၍ ၎င်းကို ထုတ်ပယ် နိုင်သည်။ အဆိုပါ အစည်းအဝေးအတွက် ကျင်းပရသည့် ရည်ရွယ်ချက်အား ဖော်ပြပါရှိသည့် အကြောင်းကြားစာကို အနည်းဆုံး ခုနစ်ရက်ကြိုတင်ပေးပို့၍ ဆောင်ရွက်ရမည်။ (ဋ) ကော်မတီတွင် လစ်လပ်နေရာ ဖြစ်ပေါ်ပါက စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အဆိုပါ လစ်လပ်နေရာတွင် ဖြည့်စွက်ခန့်ထားနိုင်ရေးအတွက် မြီရှင်များ၏ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ၏ အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရမည်ဖြစ်ပြီး အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်၍ လစ်လပ်နေရာအား ဖြည့်စွက်ရန်အတွက် မူလကော်မတီအဖွဲ့ဝင်ကို ပြန်လည်ခန့်အပ်နိုင်သည် သို့မဟုတ် အခြားမြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးကို ခန့်အပ်နိုင်သည်။ (ဌ) ကော်မတီတွင် လစ်လပ်နေရာ တစ်ခုခုရှိနေစေကာမူ ကော်မတီ၏အဖွဲ့ဝင်များက နှစ်ဦးထက်မနည်းရှိပါက ဆက်လက်ဆောင်ရွက်နိုင်သည်။ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လုပ်ပိုင်ခွင့်များ ၃၂၁။ တရားရုံး၏ ခွင့်ပြုချက်ဖြင့် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အောက်ပါတို့ကို ဆောင်ရွက်ခွင့်ရှိသည် - (က) ကုမ္ပဏီ၏ အမည်ဖြင့်သော်လည်းကောင်း၊ ကုမ္ပဏီ၏ ကိုယ်စားသော်လည်းကောင်း တရားမမှု သို့မဟုတ် ပြစ်မှုဆိုင်ရာအမှုများနှင့် စပ်လျဉ်းသည့် တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေး ဆောင်ရွက်မှုများတွင် စွဲဆိုဆောင်ရွက်ခြင်း သို့မဟုတ် ခုခံချေပခြင်း၊ ( ခ ) ကုမ္ပဏီကို အကျိုးရှိသည့်နည်းလမ်းဖြင့် ဖျက်သိမ်းရန် လိုအပ်သည့်အတိုင်းအတာအထိ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ (ဂ) လေလံဖြင့်ဖြစ်စေ၊ သီးခြားပဋိညာဉ် စာချုပ်တစ်ရပ်ရပ်ဖြင့်ဖြစ်စေ ကုမ္ပဏီ၏ မရွှေ့မပြောင်း နိုင်သောပစ္စည်းများနှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ရောင်းချခြင်း၊ ထိုပစ္စည်းများကို ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် ကုမ္ပဏီတစ်ခုခုသို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် ထိုပစ္စည်းများကို ပိုင်းခြား၍ ရောင်းချခြင်း၊ (ဃ) စာချုပ်စာတမ်းများ၊ လက်ခံပြေစာများနှင့် အခြားစာရွက်စာတမ်းများတွင် ကုမ္ပဏီ၏ အမည်နှင့် ကုမ္ပဏီ၏ကိုယ်စား ဆောင်ရွက်ခြင်းနှင့် လက်မှတ်ရေးထိုးချုပ်ဆိုခြင်း၊ ထိုကိစ္စရပ်များအတွက် လိုအပ်ပါက ကုမ္ပဏီ၏ ရုံးတံဆိပ်ကို အသုံးပြုခြင်း၊ (င ) ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးက လူမွဲခံယူသည့်ကိစ္စရပ်တွင် ထိုသူ၏ပစ္စည်းများအပေါ် စာရင်းရှင်းလင်းဆောင်ရွက်ရန်အတွက် အတည်ပြုခြင်း၊ ရှင်းလင်းခြင်းနှင့် တောင်းဆိုခြင်း၊ အမြတ်ဝေစုများခွဲဝေခြင်းကို လက်ခံခြင်း၊ အဆိုပါ စာရင်းရှင်းတမ်းနှင့် စပ်လျဉ်း၍ လူမွဲခံယူသူထံမှ ရရန်ရှိသည့် သီးခြားကြွေးမြီများအဖြစ် အခြားမြီရှင်များနှင့် အချိုးကျ ရယူဆောင်ရွက်ခြင်း၊ ( စ ) ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းအနေဖြင့် ငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေးချေရန် ကတိ စာချုပ်ကို ကုမ္ပဏီအနေဖြင့်ဖြစ်စေ၊ ကုမ္ပဏီ၏ ကိုယ်စားအနေဖြင့်ဖြစ်စေ ထုတ်ယူခြင်း လက်ခံခြင်း၊ ပြုလုပ်ခြင်းနှင့် အတည်ပြုထောက်ခံခြင်းတို့ကို ကုမ္ပဏီ၏တာဝန်ရှိမှုများနှင့် စပ်လျဉ်း၍ အလားတူအကျိုးသက်ရောက်မှုရှိ၍ ဆောင်ရွက်သကဲ့သို့ ငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေးချေရန် ကတိစာချုပ်တစ်ရပ်ရပ်ကို ကုမ္ပဏီ၏ အမည်ဖြင့် သို့မဟုတ် ကုမ္ပဏီ၏ကိုယ်စား ထုတ်ယူခြင်း၊ လက်ခံခြင်း၊ ပြုလုပ်ခြင်းနှင့် အတည်ပြု ထောက်ခံခြင်း၊ (ဆ) ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များအပေါ် အာမခံထားရှိ၍ ငွေကြေးလိုအပ်ချက်တစ်ရပ်ရပ်ကို မြှင့်တင်ခြင်း၊ ( ဇ ) ကွယ်လွန်သွားသော ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးအပေါ် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ၎င်း၏အမည်ဖြင့် စီမံခန့်ခွဲခြင်းဆိုင်ရာစာကို ထုတ်ယူခြင်း၊ ယင်း၏အမည်ဖြင့် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦး သို့မဟုတ် ၎င်း၏အမွေဆက်ခံသူထံမှ ရရန်ရှိသည့် ငွေကြေးများ ပေးချေမှုကိုရယူခြင်း သို့မဟုတ် ကုမ္ပဏီ၏အမည်ဖြင့် အဆင်ပြေစွာ ဆောင်ရွက်နိုင်ခြင်း မရှိသော ပစ္စည်းများကို ရယူခြင်းများအတွက် လိုအပ်သော ဆောင်ရွက်မှုများကို ပြုလုပ်ခြင်း၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက စီမံခန့်ခွဲခြင်းဆိုင်ရာ စာကို ထုတ်ယူရာတွင် လည်းကောင်း၊ ဖယ်ရှားဆောင်ရွက်ရာတွင်လည်းကောင်း၊ ငွေကြေးများကို ပြန်လည်ရယူရာတွင် လည်းကောင်း အဆိုပါကိစ္စရပ်များတွင် ပေးချေရမည့်ငွေကြေးကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ ပေးချေရမည်ဟု မှတ်ယူရမည်။ သို့ရာတွင် ဤ ပုဒ်မတွင်ပါရှိသည့် မည်သည့် ပြဋ္ဌာန်းချက်ကမျှ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အခွင့်အရေးများ၊ တာဝန်များနှင့် အကျိုးခံစားခွင့်များကို မထိခိုက်စေရ။ (ဈ) ကုမ္ပဏီကို ဖျက်သိမ်းရန်အတွက် လိုအပ်သော ကုမ္ပဏီ၏ ကိစ္စရပ်များ၊ ယင်း၏ ရရန် ပိုင်ခွင့်များကို ခွဲဝေပေးခြင်းများအတွက် အခြားလိုအပ်သည့် ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ခြင်း။ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ချင့်ချိန်ဆောင်ရွက်နိုင်မှုနှင့် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသို့ ဥပဒေဆိုင်ရာအကူအညီများ ပေးရေးအတွက် ပြဋ္ဌာန်းချက် ၃၂၂။ (က) တရားရုံးသည် အမိန့်တစ်ရပ်ထုတ်ပြန်၍ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအား တရားရုံး၏ ခွင့်ပြုချက် သို့မဟုတ် ကြားဝင်ဆောင်ရွက်မှုမပါရှိဘဲ အထက်ဖော်ပြပါ လုပ်ပိုင်ခွင့်များတစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်စေနိုင်သည်။ တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ယာယီခန့်အပ်ထားသည့် ကိစ္စရပ်တွင် ၎င်းအား ခန့်အပ်သည့်အမိန့်ဖြင့် ၎င်း၏လုပ်ပိုင်ခွင့်များကို ကန့်သတ်တားမြစ် နိုင်သည်။ ( ခ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ၎င်း၏တာဝန်များကို ထမ်းဆောင်ရာတွင် အကူအညီရရှိရန်အတွက် တရားရုံးများတွင် လိုက်ပါဆောင်ရွက်ခွင့် ရှိသော ရှေ့နေတစ်ဦးကို တရားရုံး၏ ခွင့်ပြုချက်ဖြင့် ခန့်ထားနိုင်သည်။ သို့ရာတွင် တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ရှေ့နေတစ်ဦးဖြစ်ပါက ယင်း၏ တွဲဖက်လုပ်ကိုင်သူက အခကြေးငွေမယူဘဲ ဆောင်ရွက်ပေးရန် သဘောတူညီခြင်းမရှိလျှင် အဆိုပါ တွဲဖက်လုပ်ကိုင်သူကိုခန့်အပ်ခြင်းမပြုရ။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အစည်းအဝေးဆောင်ရွက်မှုများပါရှိသော စာရင်းစာအုပ်များကို ထိန်းသိမ်းထားရှိရခြင်းနှင့် ၎င်း၏လက်ခံရရှိထားသော စာရင်းများကို တရားရုံးသို့တင်ပြရခြင်း ၃၂၃။ (က) တရားရုံးကဖျက်သိမ်းမည့် ကုမ္ပဏီတစ်ခု၏ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းများနှင့်အညီ အစည်းအဝေး ဆောင်ရွက်မှုဆိုင်ရာ စာရင်းရေးသွင်းမှုများ သို့မဟုတ် အစည်းအဝေးမှတ်တမ်းများနှင့် အခြားသတ်မှတ်ဖော်ပြထားသည့် ကိစ္စရပ်များကို ပြုစုထားရှိရန် သင့်လျော်သည့် စာရင်း စာအုပ်များကို ထိန်းသိမ်းထားရှိရမည်ဖြစ်သည်။ မြီရှင် သို့မဟုတ် ကြွေးမြီ ပေးဆပ်ရသူ တစ်ဦးဦးသည် တရားရုံး၏ ကြီးကြပ်မှုဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ် တစ်ဦးဖြင့်သော်လည်းကောင်း အဆိုပါ စာရင်းစာအုပ်များကို စစ်ဆေးကြည့်ရှုနိုင်သည်။တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ယာယီခန့်အပ်ထားသည့် ကိစ္စရပ်တွင် ၎င်းအား ခန့်အပ်သည့်အမိန့်ဖြင့် ၎င်း၏လုပ်ပိုင်ခွင့်များကို ကန့်သတ်တားမြစ် နိုင်သည်။ ( ခ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ၎င်း၏တာဝန်များကို ထမ်းဆောင်ရာတွင် အကူအညီရရှိရန်အတွက် တရားရုံးများတွင် လိုက်ပါဆောင်ရွက်ခွင့် ရှိသော ရှေ့နေတစ်ဦးကို တရားရုံး၏ ခွင့်ပြုချက်ဖြင့် ခန့်ထားနိုင်သည်။ သို့ရာတွင် တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ရှေ့နေတစ်ဦးဖြစ်ပါက ယင်း၏ တွဲဖက်လုပ်ကိုင်သူက အခကြေးငွေမယူဘဲ ဆောင်ရွက်ပေးရန် သဘောတူညီခြင်းမရှိလျှင် အဆိုပါ တွဲဖက်လုပ်ကိုင်သူကိုခန့်အပ်ခြင်းမပြုရ။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အစည်းအဝေးဆောင်ရွက်မှုများပါရှိသော စာရင်းစာအုပ်များကို ထိန်းသိမ်းထားရှိရခြင်းနှင့် ၎င်း၏လက်ခံရရှိထားသော စာရင်းများကို တရားရုံးသို့တင်ပြရခြင်း ၃၂၃။ (က) တရားရုံးကဖျက်သိမ်းမည့် ကုမ္ပဏီတစ်ခု၏ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းများနှင့်အညီ အစည်းအဝေး ဆောင်ရွက်မှုဆိုင်ရာ စာရင်းရေးသွင်းမှုများ သို့မဟုတ် အစည်းအဝေးမှတ်တမ်းများနှင့် အခြားသတ်မှတ်ဖော်ပြထားသည့် ကိစ္စရပ်များကို ပြုစုထားရှိရန် သင့်လျော်သည့် စာရင်း စာအုပ်များကို ထိန်းသိမ်းထားရှိရမည်ဖြစ်သည်။ မြီရှင် သို့မဟုတ် ကြွေးမြီ ပေးဆပ်ရသူ တစ်ဦးဦးသည် တရားရုံး၏ ကြီးကြပ်မှုဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ် တစ်ဦးဖြင့်သော်လည်းကောင်း အဆိုပါ စာရင်းစာအုပ်များကို စစ်ဆေးကြည့်ရှုနိုင်သည်။ ( ခ ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအားလုံးသည် ၎င်းတို့၏ သက်တမ်းကာလအတွင်း နှစ်စဉ်နှစ်ကြိမ်ထက်မနည်းသော သတ်မှတ်ဖော်ပြထားသည့် အချိန်ကာလများ၌ ၎င်းတို့အနေဖြင့် လက်ခံရရှိထားသောစာရင်းနှင့် ငွေပေးချေမှုများကို တရားရုံးသို့ တင်ပြရမည်။ ( ဂ ) စာရင်းကို သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် ပြုစု၍ မူရင်းကွဲများထားရှိရမည့်အပြင် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းနှင့်အညီ ကြေညာချက်တစ်စောင်ဖြင့် အတည်ပြုရမည်။ (ဃ) တရားရုံးသည် သင့်သည်ထင်မြင်သည့်နည်းလမ်းဖြင့် စာရင်းအား စစ်ဆေးပြုစုရမည်။ စာရင်းစစ်ဆေးရန်အတွက် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် တရားရုံးက လိုအပ်မည်ဖြစ်သည့် ဘောက်ချာများနှင့် သတင်းအချက်အလက်များကို တရားရုံးသို့ တင်ပြ ရမည်ဖြစ်ပြီး တရားရုံးသည် မည်သည့်အချိန်တွင်မဆို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ထိန်းသိမ်းထားရှိသည့် စာရင်းစာအုပ်များနှင့် စာရင်းများကို ပြုစုတင်ပြ စေနိုင်သည့်အပြင် စစ်ဆေးကြည့်ရှူနိုင်သည်။ (င) စာရင်းအား စစ်ဆေးပြီးသည့်အခါ ယင်း၏မိတ္တုတစ်စောင်ကို တရားရုံးတွင် မှတ်တမ်း ပြုစုထိန်းသိမ်းထားရှိရမည်ဖြစ်ပြီး အခြားမိတ္တု တစ်စောင်ကို မှတ်တမ်းပြုစုထားရှိရန် အတွက် မှတ်ပုံတင်အရာရှိထံသို့ပေးပို့ရမည်။ ထိုမိတ္တုတစ်စောင်စီကို မြီရှင်များ သို့မဟုတ် သက်ဆိုင်သည့် ပုဂ္ဂိုလ်များက စစ်ဆေးကြည့်ရှုနိုင်စေရန် ထားရှိရမည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်းနှင့် ကြီးကြပ်ခြင်း ၃၂၄။ (က) ဤဥပဒေတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များနှင့်အညီ တရားရုံးက ဖျက်သိမ်းမည့် ကုမ္ပဏီ တစ်ခု၏ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များကို စီမံခန့်ခွဲခြင်းနှင့် ယင်းပစ္စည်းများကို မြီရှင်များထံသို့ ပေးအပ်ခြင်း တို့တွင် အထွေထွေအစည်းအဝေး တစ်ရပ်ရပ်၌ သို့မဟုတ် စစ်ဆေးရေးကော်မတီက မြီရှင်များ သို့မဟုတ် ကြွေးမြီ ပေးဆပ်ရသူများ၏ ဆုံးဖြတ်ချက်ဖြင့် ချမှတ်ထားသည့် ညွှန်ကြား ချက်များကို ထည့်သွင်းစဉ်းစားရမည်။ အထွေထွေအစည်းအဝေးတစ်ရပ်ရပ်၌ မှီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများက ချမှတ်ထားသည့် ညွှန်ကြားချက်တစ်ရပ်ရပ်သည် စစ်ဆေးရေးကော်မတီက ချမှတ်သည့် ညွှန်ကြားချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် စစ်ဆေးရေးကော်မတီ၏ ညွှန်ကြားချက်အပေါ် လွှမ်းမိုးသည်ဟု မှတ်ယူရမည်။ ( ခ ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒကိုရယူရန်အတွက် မြီရှင်များ သို့မဟုတ် ကြွေးမြီ ပေးဆပ်ရသူများ၏ အထွေထွေအစည်းအဝေးများကို ခေါ်ယူနိုင်သည်။ မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများက ဆုံးဖြတ်ချက်ချမှတ်၍ ညွှန်ကြားလာလျှင်လည်းကောင်း၊ မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ၏ ဆယ်ပုံတစ်ပုံရှိသူများက စာဖြင့်ရေးသား၍ တောင်းဆိုလာလျှင်လည်းကောင်း စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အစည်းအဝေး များကို ခေါ်ယူပေးရန် တာဝန်ရှိသည်။ (ဂ ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီ ဖျက်သိမ်းသည့်ကိစ္စရပ်တွင် ပေါ်ပေါက်လာသည့် အကြောင်းအရာတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လမ်းညွှန်မှုများ ရယူနိုင်ရန်အတွက် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းများဖြင့် တရားရုံးသို့ လျှောက်ထားနိုင်သည်။ (ဃ) ဤဥပဒေတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များနှင့်အညီ တရားဝင်ခန့်အပ်ထားသည့်စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များကို စီမံခန့်ခွဲခြင်းနှင့် ယင်းပစ္စည်းများကို မြီရှင်များထံသို့ ပေးအပ်ခြင်းတို့တွင် ၎င်းတို့၏ ကိုယ်ပိုင်ချင့်ချိန် ဆောင်ရွက်နိုင်မှုတို့ကို အသုံးပြု ရမည်။ ( င ) တစ်ဦးတစ်ယောက်သည် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ၏ ပြုလုပ်မှု သို့မဟုတ် ဆုံးဖြတ်မှုကြောင့် ထိခိုက်နစ်နာခဲ့လျှင် ထိုသူသည် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်ပြီး တရားရုံးသည် တင်ပြတိုင်တန်းလာသည့် ပြုလုပ်မှု သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်သည်၊ ပယ်ဖျက်နိုင်သည် သို့မဟုတ် ပြင်ဆင်နိုင်သည့်အပြင် အဆိုပါအခြေအနေများနှင့် သင့်လျော်မည့် အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။ တရားရုံး၏ သာမန်အခွင့်အာဏာများ ကြွေးမြီပေးဆပ်ရသူများ၏စာရင်းနှင့် ရရန်ပိုင်ခွင့်များဆိုင်ရာတင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ခြင်း ၃၂၅။ (က) ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်ပြီးသည့်အခါ တရားရုံးသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှားယွင်းမှုများကို ပြင်ဆင်ရန် လိုအပ်သော ကိစ္စရပ်များ အားလုံးတွင် ကုမ္ပဏီတွင် ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းတွင် ပြင်ဆင်နိုင်သည့် အခွင့်အာဏာဖြင့် ကြွေးမြီပေးဆပ်ရသူများ၏စာရင်းကို ဆောလျင်စွာ ဖြေရှင်းဆောင်ရွက် ရမည်။ ထို့အပြင် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များကို လက်ခံရယူခြင်းနှင့် ကုမ္ပဏီ၏ တာဝန်ရှိမှုများကို ရှင်းလင်းဆောင်ရွက်ခြင်းများကို ဆောလျင်စွာ ပြုလုပ်ရမည်။ ( ခ ) ကြွေးမြီပေးဆပ်ရသူများ၏စာရင်းကို ဖြေရှင်းဆောင်ရွက်ရာတွင် တရားရုံးသည် ကိုယ်တိုင် အခွင့်အရေးရှိကြသည့် ကြွေးမြီပေးဆပ်ရသူများနှင့် အခြားသူများ၏ကြွေးမြီအတွက် ကိုယ်စားလှယ်များအဖြစ်ဆောင်ရွက်သော သို့မဟုတ် တာဝန်ရှိသော ကြွေးမြီပေးဆပ် ရသူများအကြား ခွဲခြားသတ်မှတ်ဆောင်ရွက်ရမည်။ ပစ္စည်းများကို ပေးအပ်စေနိုင်သည့် အခွင့်အာဏာ ၃၂၆။ တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်တစ်ရပ်အား ချမှတ်ပြီးနောက် မည်သည့်အချိန်တွင်မဆို သို့မဟုတ် တရားရုံးက ညွှန်ကြားသည့် အချိန်ကာလအတွင်း ကြွေးမြီပေးဆပ်ရသူများ စာရင်းရှိကြွေးမြီ ပေးဆပ်ရသူများ၊ ကုမ္ပဏီ၏ ဘဏ်လုပ်ငန်းလုပ်ကိုင်သူများ၊ ယုံကြည်အပ်နှံခြင်းခံရသူများ၊ ပစ္စည်းလက်ခံ ထိန်းသိမ်းသူများ၊ ကိုယ်စားလှယ်များ သို့မဟုတ် အရာရှိများကို တရားဝင်ခန့်အပ်ထားသည့် စာရင်း ရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ ကုမ္ပဏီက ရရှိခွင့်ရှိကြောင်း သေချာပြီးဖြစ်သည့် ယင်းလက်ဝယ်ရှိ ငွေကြေးများ၊ ပစ္စည်းများ သို့မဟုတ် စာရွက်စာတမ်းတစ်ရပ်ရပ်ကို ချက်ချင်းပေးချေစေနိုင်သည်၊ ပေးအပ်စေနိုင်သည်၊ လက်လွှတ်စေနိုင်သည် သို့မဟုတ် လွှဲပြောင်းပေးစေနိုင်သည်။ ကြွေးမြီပေးဆပ်ရသူများက ကြွေးမြီများပေးချေစေရန် အမိန့်ချမှတ်နိုင်သည့် အခွင့်အာဏာ ၃၂၇။ (က) တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်အား ချမှတ်ပြီးနောက် မည်သည့် အချိန်တွင်မဆို ကြွေးမြီပေးဆပ်ရသူများ စာရင်းရှိ ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးအား အမိန့်တွင် သတ်မှတ်ပါရှိသည့် နည်းလမ်းနှင့်အညီ ကြွေးမြီပေးဆပ်ရသူထံမှဖြစ်စေ၊ ကြွေးမြီပေးဆပ်ရန် ကိုယ်စားလှယ်ကို ခန့်အပ်ထားသည့်သူ၏ ပိုင်ဆိုင်ပစ္စည်းများမှ ဖြစ်စေ ကုမ္ပဏီသို့ပေးချေရမည့် ငွေကြေးများကိုပေးချေစေရန် အမိန့်တစ်ရပ်ရပ် ချမှတ် နိုင်သည်။ သို့ရာတွင် ဤဥပဒေနှင့်အညီ တောင်းခံထားသည့် ငွေကြေးထည့်ဝင်မှုများ မပါဝင်စေရ။ ( ခ) တရားရုံးသည် အဆိုပါအမိန့်ကို ချမှတ်ရာတွင် တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီ ဖြစ်ပါက ကြွေးမြီပေးဆပ်ရသူသို့ ပေးချေရမည့် ငွေကြေးတစ်ရပ်ရပ်ကို ခုနှိမ်ခြင်းဖြင့် ဖြစ်စေ၊ ကုမ္ပဏီနှင့်သီးခြားဆောင်ရွက်ထားရှိမှု သို့မဟုတ် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ကြွေးမြီပေးဆပ်ရသူက ကိုယ်စားပြုသည့်ကုမ္ပဏီမှ ပစ္စည်းများအတွက် ပေးချေရမည့် ငွေကြေးမှခုနှိမ်ခြင်းဖြင့်ဖြစ်စေ ဆောင်ရွက်ခွင့်ပြုနိုင်သည်။ သို့သော် အမြတ်ဝေစု သို့မဟုတ် အကျိုးအမြတ်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ကုမ္ပဏီတွင် ပါဝင်သူ တစ်ဦးအဖြစ် ကြွေးမြီပေးဆပ်ရသူသို့ ပေးချေရမည့်ငွေကြေးတစ်ရပ်ရပ် မဖြစ်စေရမည့်အပြင် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီဖြစ်ပါက တာဝန်ကန့်သတ်မထားသည့် ဒါရိုက်တာ တစ်ဦးဦး သို့မဟုတ် ဒါရိုက်တာ၏ ပစ္စည်းများအတွက် အလားတူ ဆောင်ရွက်နိုင်သည်။ သို့ရာတွင် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီဖြစ်စေ၊ တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီဖြစ်စေ မြီရှင်များအားလုံးထံသို့ ငွေအပြည့်အဝပေးချေပြီးဖြစ်လျှင် ကုမ္ပဏီမှ ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးနှင့် သက်ဆိုင်သည့်စာရင်းအရ ပေးချေရမည့် ငွေကြေး တစ်ရပ်ရပ်ကို နောင်တွင်တောင်းခံမည့် ငွေကြေးထည့်ဝင်မှုတစ်ရပ်ရပ်ထံမှ ခုနှိမ် ခြင်းဖြင့် ကြွေးမြီပေးဆပ်ရသူထံ ပေးချေဆောင်ရွက်နိုင်သည်။ ငွေကြေးထည့်ဝင်စေရန် ဆောင်ရွက်နိုင်သည့် တရားရုံး၏ အခွင့်အာဏာ ၃၂၈။ (က) တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်အားချမှတ်ပြီးနောက် မည်သည့် အချိန်တွင်မဆို ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များ ပြည့်စုံလုံလောက်မှုကို သေချာစေရန် ဆောင်ရွက်ခြင်းမပြုမီဖြစ်စေ၊ ဆောင်ရွက်ပြီးနောက်တွင်ဖြစ်စေ ကြွေးမြီပေးဆပ်ရသူများ စာရင်းရှိ ကြွေးမြီပေးဆပ်ရသူအားလုံး သို့မဟုတ် တစ်ဦးဦးက ၎င်းတို့တာဝန်ရှိကြသည် အထိ ကုမ္ပဏီ၏ကြွေးမြီများနှင့် တာဝန်ရှိမှုများအတွက် တရားရုံးကသတ်မှတ်သည့် ငွေပမာဏ တစ်ရပ်ရပ်ကိုလည်းကောင်း၊ ကုမ္ပဏီဖျက်သိမ်းခြင်းအတွက် ကျသင့်သည့် ကုန်ကျစရိတ်များ၊ အခကြေးငွေများနှင့် အသုံးစရိတ်များကိုလည်းကောင်း၊ ကြွေးမြီ ပေးဆပ်ရသူများအကြား အခွင့်အရေးများကို စာရင်းညှိနှိုင်း ဆောင်ရွက်ရန်အတွက် ကျသင့်သည့်ငွေကြေးများကိုလည်းကောင်း ပေးချေရန်အတွက် ငွေကြေးထည့်ဝင်စေ နိုင်သည့်အပြင် ၎င်းတို့ကို ပေးချေစေရန် အမိန့်ချမှတ်နိုင်သည်။ (ခ) ငွေကြေးထည့်ဝင်စေရန် ဆောင်ရွက်ရာ၌ ကြွေးမြီပေးဆပ်ရသူအချို့မှာ ထိုသို့ငွေကြေး ထည့်ဝင်စေရာတွင် တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ထည့်ဝင်ပေးချေရန် ပျက်ကွက်နိုင်သည့်အခြေအနေရှိနိုင်သည်ကို တရားရုံးက ထည့်သွင်းသုံးသပ်နိုင်သည်။ ဘဏ်သို့ ငွေများပေးသွင်းစေရန် အမိန့်ချမှတ်နိုင်သည့် အခွင့်အာဏာ ၃၂၉။ တရားရုံးသည် ကြွေးမြီပေးဆပ်ရသူ၊ ကုမ္ပဏီသို့ ငွေပေးချေရမည့်သူ သို့မဟုတ် ငွေပေးချေရမည့် အခြားသူတစ်ဦးဦးကို ၎င်းတို့ပေးချေရမည့်ငွေများအား တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိထံသို့ ပေးသွင်းရမည့်အစား သတ်မှတ်စီစဉ်ထားသည့် ဘဏ်တစ်ခုခုရှိ တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ငွေစာရင်းသို့ ပေးသွင်းစေရန် အမိန့် ချမှတ်နိုင်သည့်အပြင် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ ငွေပေးချေရန် ညွှန်ကြားသည့်နည်းလမ်းများအတိုင်း အဆိုပါအမိန့်ကို အတည်ပြု ဆောင်ရွက်နိုင်သည်။ ငွေစာရင်းနှင့်စပ်လျဉ်း၍ တရားရုံးနှင့်သက်ဆိုင်သည့် စည်းကမ်းချက် ၃၃၀။ ကုမ္ပဏီကို တရားရုံးဖြင့် ဖျက်သိမ်းသည့်ကိစ္စရပ်တွင် ကုမ္ပဏီ၏စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ဖွင့်လှစ်ထားသော ငွေစာရင်းရှိသည့် ဘဏ်သို့ ပေးသွင်း၊ လွှဲပြောင်းသည့်ငွေကြေးများ၊ ကျသင့်ငွေများ၊ ငွေလွှဲမှုများ၊ ငွေပေးချေရန်ကတိများနှင့် အခြားငွေချေးသက်သေခံ လက်မှတ်များအားလုံးကို တရားရုံး၏ အမိန့်များနှင့်အညီ ဆောင်ရွက်ရမည်။ ကြွေးမြီပေးဆပ်ရသူနှင့်စပ်လျဉ်း၍ ချမှတ်သည့်အမိန့်သည် ပြည့်စုံခိုင်လုံသည့် သက်သေခံချက်ဖြစ်ခြင်း ၃၃၁။ (က) ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးအပေါ် တရားရုံးကချမှတ်သည့်အမိန့်တစ်ရပ်သည် ငွေကြေး နှင့်သက်ဆိုင်ပါက ကြွေးမြီပေးဆပ်ရသူ၏အယူခံဝင်နိုင်သည့် အခွင့်အရေးကိုမထိခိုက်စေဘဲ ငွေကြေးပေးချေရန် ပေါ်ပေါက်ကြောင်း သို့မဟုတ် အမိန့်ချမှတ်၍ ပေးချေရမည့်အကြောင်း နှင့်စပ်လျဉ်း၍ပေးချေရမည်ဟု ယင်းအမိန့်ကပြည့်စုံခိုင်လုံသည့် သက်သေခံချက် ဖြစ်စေရမည်။ ( ခ ) တရားရုံးအမိန့်တွင် ဖော်ပြပါရှိသည့် အခြားသော သက်ဆိုင်ရာကိစ္စရပ်များ အားလုံးသည် စစ်ဆေးဆောင်ရွက်နေသည့် မှုခင်းများနှင့်ပုဂ္ဂိုလ်များ အားလုံးအပေါ်တွင် မှန်ကန်စွာ ရေးသားဖော်ပြထားသည်ဟု သတ်မှတ်ရမည်။ အချိန်မီ သက်သေထင်ရှား မတင်ပြနိုင်သည့် မြီရှင်များကို နုတ်ပယ်နိုင်သည့် အခွင့်အာဏာ ၃၃၂။ တရားရုံးသည် မြီရှင်များက ၎င်းတို့၏ ကြွေးမြီများ သို့မဟုတ် တောင်းဆိုမှုများအတွက် သက်သေ ထင်ရှားတင်ပြစေရန် သို့မဟုတ် ထိုကြွေးမြီအတွက် သက်သေထင်ရှားတင်ပြခြင်း မပြုမီကပြုလုပ်ခဲ့သော အကျိုးအမြတ်ခွဲဝေမှု တစ်စုံတစ်ရာကိုရယူခြင်းမှ နုတ်ပယ်ရန်အချိန် ကာလတစ်ရပ် သို့မဟုတ် အချိန် ကာလများ သတ်မှတ်ပေးနိုင်သည်။ ကြွေးမြီပေးဆပ်ရသူများ၏ အခွင့်အရေးများကို စာရင်းညှိနှိုင်းဆောင်ရွက်ခြင်း ၃၃၃။ တရားရုံးသည် ကြွေးမြီပေးဆပ်ရသူများအကြား ၎င်းတို့၏ အခွင့်အရေးများကို စာရင်းညှိနှိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အပိုအလျှံရှိပါကထပ်မံ အကျိုးခံစားခွင့်ရရှိသူများကို ခွဲဝေပေးရမည်။ ကုန်ကျစရိတ်များအတွက် အမိန့်ချမှတ်နိုင်သည့် အခွင့်အာဏာ ၃၃၄။ ရရန်ပိုင်ခွင့်များသည် တာဝန်ရှိမှုများအတွက် ကျေနပ်နိုင်ဖွယ်ဖြစ်အောင် ပြည့်စုံလုံလောက်ခြင်း မရှိသည့်ကိစ္စရပ်တွင် တရားရုံးသည် သင့်သည်ထင်မြင်သည့် ဦးစားပေးအစီအစဉ်ဖြင့် ကုမ္ပဏီဖျက် သိမ်းသည့်ကိစ္စရပ်တွင် ကျသင့်ခဲ့သည့် ကုန်ကျစရိတ်များ၊ အခကြေးငွေများနှင့် အသုံးစရိတ်များကို ရရန်ပိုင်ခွင့်များမှ ပေးချေစေရန် အမိန့်တစ်ရပ်ချမှတ်နိုင်သည်။ ကုမ္ပဏီအား တရားဝင်ဖျက်သိမ်းခြင်း ၃၃၅။ (က) ကုမ္ပဏီတစ်ခု၏ ကိစ္စရပ်များကို အပြည့်အဝ စာရင်းရှင်းလင်း ဖျက်သိမ်းပြီးသည့်အခါ တရားရုံးသည် အမိန့်တစ်ရပ်ကို ချမှတ်၍ အဆိုပါအမိန့်အား ချမှတ်သည့်နေ့ရက်မှစ၍ ကုမ္ပဏီကို တရားဝင်ဖျက်သိမ်းပြီးဖြစ်သည်ဟု သတ်မှတ်ရမည်ဖြစ်ပြီး ထိုကုမ္ပဏီကို အဆိုပါအမိန့်အရ တရားဝင်ဖျက်သိမ်းပြီးဖြစ်စေရမည်။ ( ခ ) အဆိုပါအမိန့်ကို ချမှတ်သည့်နေ့ရက်မှ ၁၅ ရက်အတွင်း တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် မှတ်ပုံတင်အရာရှိထံသို့ အဆိုပါအမိန့်ကို ပေးပို့ရမည်ဖြစ်ပြီး မှတ်ပုံတင်အရာရှိသည် ၎င်း၏ စာရင်းစာအုပ်များတွင် ကုမ္ပဏီကို တရားဝင် ဖျက်သိမ်းပြီးဖြစ်ကြောင်း မှတ်တမ်းပြုစုထားရှိရမည်။ ၃၃၆။ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ပုဒ်မ ၃၃၅ ပါ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့လျှင် ဒဏ်ကြေးငွေကျပ်လေးသိန်းကို ပေးဆောင်ရမည်။ တရားရုံး၏အထူးအာဏာများ ကုမ္ပဏီ၏ပစ္စည်းများကို ရယူထားသည်ဟု ယူဆရသူများကို ဆင့်ခေါ်နိုင်သည့်အခွင့်အာဏာ ၃၃၇။ (က) တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်တစ်ရပ်အားချမှတ်ပြီးနောက် ကုမ္ပဏီ၏ ပစ္စည်း သို့မဟုတ် ကုမ္ပဏီက ရရန်ရှိသည်ဟု ယူဆရသည့်ပစ္စည်းတစ်ရပ်ရပ်ကို လက်ဝယ် ထားရှိသည့် သို့မဟုတ် လက်ဝယ်ထားရှိသည်ဟုယူဆရသည့် ကုမ္ပဏီ၏အရာရှိ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ၊ ကုမ္ပဏီနှင့်ကုန်သွယ်ခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီ၏ကိစ္စရပ်များ၊ သို့မဟုတ် ပစ္စည်းများနှင့်သက်ဆိုင်သည့် သတင်းအချက်အလက် များကို တင်ပြနိုင်သည်ဟု တရားရုံးကမှတ်ယူနိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ၊ တရားရုံးသို့ လာရောက်စေရန် ဆင့်ခေါ်နိုင်သည်။ ( ခ) တရားရုံးသည် ၎င်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဆိုပါ ပုဂ္ဂိုလ်များကို ကျမ်းကျိန်စေ၍ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ရေးသား၍ဖြစ်စေ စစ်မေးနိုင်သည်။ အဆိုပါပုဂ္ဂိုလ်များ၏ ဖြေဆိုချက်များကို စာဖြင့်ရေးသား၍ ၎င်းတို့အား လက်မှတ်ရေးထိုးစေနိုင်သည်။ တရားရုံးသည် အဆိုပါပုဂ္ဂိုလ်များ၏ ထိန်းသိမ်းမှု သို့မဟုတ် လုပ်ပိုင်ခွင့်များအောက်တွင် ရှိသော ကုမ္ပဏီနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများကိုပေးအပ်စေရန် တောင်းဆိုနိုင်သည်။ သို့သော် ၎င်းတို့ပေးအပ်သည့် စာရွက်စာတမ်းများနှင့်စပ်လျဉ်း၍ ပုဂ္ဂိုလ်တစ်ဦးဦးက လက်ဝယ်ထားပိုင်ခွင့်ရှိခဲ့လျှင် ထိုသို့ပေးအပ်ရခြင်းသည် အဆိုပါ လက်ဝယ်ထားပိုင်ခွင့်ကို ထိခိုက်စေခြင်းမရှိစေရ။ ထို့ပြင် တရားရုံးသည် ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့်ကိစ္စရပ်တွင် အဆိုပါလက်ဝယ်ထားပိုင်ခွင့်နှင့်စပ်လျဉ်းသော ကိစ္စရပ်များ အားလုံးကို ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာရှိစေရမည်။ (ဃ) တရားရုံး၏ ဆင့်ခေါ်ခြင်းခံရသူတစ်ဦးဦးသည် ၎င်းတို့၏ ထိုက်သင့်သော ကုန်ကျစရိတ်များကို ပေးချေရန်အဆိုပြုပြီးနောက် ချိန်းဆိုထားသည့်အချိန်၌ ဥပဒေအရခိုင်လုံသည့်အကြောင်း ပြချက်ဖြင့် ကြိုတင်အကြောင်းကြားထားသည်မှအပ တရားရုံးသို့လာရောက်ရန် ပျက်ကွက်လျှင် တရားရုံးသည် စစ်ဆေးဆောင်ရွက်မှုပြုရန်အတွက် ထိုသူကိုဖမ်းဆီး၍ တရားရုံးသို့ ခေါ်ဆောင်စေနိုင်သည်။ ကမကထပြုသူများ၊ ဒါရိုက်တာများစသည်တို့ကို အများပြည်သူရှေ့၌ စစ်ဆေးရန်အတွက် အမိန့် ချမှတ်နိုင်သည့် အခွင့်အာဏာ ၃၃၈။ (က) တရားရုံးက ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်တစ်ရပ်အား ချမှတ်ပြီးသည့်အခါ တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီကို ကမကထပြုသူ သို့မဟုတ် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းတို့တွင်ပါဝင်သည့် ပုဂ္ဂိုလ် တစ်ဦးဦးကဖြစ်စေ၊ ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်ပြီးသည့်အချိန်မှစ၍ ကုမ္ပဏီနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးကဖြစ်စေ၊ လိမ်လည်မှုတစ်ရပ်ကို ကျူးလွန်ခဲ့သည်ဟုယူဆ၍ တရားရုံးသို့ လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် လျှောက်ထားမှုအား လက်ခံသုံးသပ်ပြီးနောက် ၎င်းတို့အား အဆိုပါကိစ္စရပ်အတွက် တရားရုံးက ချိန်းဆိုထားသည့်နေ့ရက်၌ တရားရုံးသို့လာရောက်စေရန် ညွှန်ကြားနိုင်သည်။ ထို့အပြင်ကုမ္ပဏီကို ကမကထပြုလုပ်ခြင်း၊ သို့မဟုတ် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း သို့မဟုတ် ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိအဖြစ် ပုဂ္ဂိုလ်တစ်ဦးဦး၏အပြုအမူ၊ ဆက်သွယ် ဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ အများပြည်သူရှေ့၌ စစ်ဆေးရန် ညွှန်ကြားနိုင်သည်။ ( ခ ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စစ်ဆေး မေးမြန်းရာတွင် ပါဝင်ဆောင်ရွက်နိုင်ပြီး အဆိုပါကိစ္စရပ်အတွက် တရားရုံးကိုယ်စား ဆောင်ရွက်ရန် တရားရုံးကအခွင့်အာဏာအပ်နှင်းထားလျှင် တရားရုံးက ခွင့်ပြုနိုင်သည့် ဥပဒေဆိုင်ရာ အကူအညီပေးသူများကို ခန့်ထားနိုင်သည်။ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးသည်လည်း တရားရုံးတွင် စစ်ဆေးမေးမြန်း ရာတွင်ကိုယ်တိုင်ဖြစ်စေ၊ တရားရုံးသို့ တက်ရောက်ခွင့်ရှိသူဖြင့်ဖြစ်စေ ပါဝင်ဆောင်ရွက် နိုင်သည်။ (ဃ) တရားရုံးသည် ၎င်းအနေဖြင့် သင့်သည်ထင်မြင်သည့်မေးခွန်းများကို စစ်ဆေးမေးမြန်းခံရသူ အပေါ် မေးမြန်းနိုင်သည်။ (င) စစ်ဆေးမေးမြန်းခံရသူသည် ကျမ်းကျိန်၍စစ်ဆေးခံရမည်ဖြစ်ပြီး တရားရုံးကမေးမြန်းသည့် သို့မဟုတ် မေးမြန်းရန်ခွင့်ပြုသည့် မေးခွန်းများအားလုံးကို ဖြေဆိုရမည်။ ( စ ) ဤပုဒ်မအရ စစ်ဆေးမေးမြန်းမှုခံယူရန် အမိန့်ချမှတ်ခြင်းခံရသူတစ်ဦးသည် တရားရုံးသို့ တက်ရောက်ခွင့်ရှိသူတစ်ဦးဦးကို မိမိ၏စရိတ်ဖြင့်ခန့်အပ်နိုင်သည်။ တရားရုံးသို့ တက်ရောက်ခွင့်ရှိသူသည် စစ်ဆေးမေးမြန်းခံရသူ၏ဖြေကြားမှုများအား ရှင်းလင်းရန် သို့မဟုတ် ထင်ရှားစေရန်အတွက် တရားရုံးကလျော်ကန်သည်ဟုထင်မြင်သည့် မေးခွန်းများကို လွတ်လပ်စွာ မေးမြန်းခွင့်ရှိသည်။ သို့ရာတွင်ထိုသို့စစ်ဆေးမေးမြန်းခံရသူသည် ၎င်းအပေါ် စွဲဆိုသည့်ပြစ်မှုများအတွက် အပြစ်မရှိကြောင်း ထင်ရှားပေါ်ပေါက်သည်ဟု တရားရုံးက တွေ့ရှိလျှင် တရားရုံးသည် ၎င်းအား သင့်သည်ထင်မြင်သည့် ကုန်ကျစရိတ်များကို ခံစားခွင့်ပြုနိုင်သည်။ (ဆ) စစ်ဆေးမှုမှတ်တမ်းများကို စာဖြင့်ရေးသားမှတ်တမ်း တင်ထားရမည့်အပြင် အဆိုပါ စစ်ဆေးမှုမှတ်တမ်းများကို စစ်ဆေးမေးမြန်းခံရသူသို့သော်လည်းကောင်း၊ စစ်ဆေး မေးမြန်းခံရသူကသော်လည်းကောင်း ဖတ်ကြား၍ လက်မှတ်ရေးထိုးစေရမည်။ အဆိုပါ စစ်ဆေးမှုမှတ်တမ်းအား တရားမမှုစွဲဆိုဆောင်ရွက်ရာတွင် ထိုပုဂ္ဂိုလ်အပေါ် သက်သေခံ အဖြစ်အသုံးပြုနိုင်ပြီး မည်သည့်အချိန်တွင်မဆို မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရ သူများ၏ စစ်ဆေးဆောင်ရွက်မှုများအတွက်လည်း လက်ခံရမည်။ ( ဇ ) တရားရုံးသည် သင့်သည်ဟုထင်မြင်ပါက စစ်ဆေးမေးမြန်းခြင်းအား အခါအားလျော်စွာ ရွှေ့ဆိုင်းနိုင်သည်။ (ဈ) ဤပုဒ်မအရ ပြုလုပ်သည့်စစ်ဆေးမေးမြန်းမှုတစ်ရပ်ရပ်ကို တရားရုံးက ညွှန်ကြားခဲ့လျှင် တရားဝင်ခန့်အပ်ထားသည့် ခုံလူကြီး၊ အကြီးအမှူး၊ မှတ်ပုံတင်အရာရှိ သို့မဟုတ် ဒုတိယမှတ်ပုံတင်အရာရှိတစ်ဦးအဖြစ် ဆောင်ရွက်သော တရားရုံး၏ တရားသူကြီးတစ်ဦးဦး ရှေ့တွင်ဖြစ်စေ၊ အရာရှိတစ်ဦးဦးရှေ့တွင်ဖြစ်စေ ဤကိစ္စရပ်အလို့ငှာ ပြဋ္ဌာန်းထားသော စည်းမျဉ်းများနှင့်အညီ စစ်ဆေးဆောင်ရွက်နိုင်သည်။ စစ်ဆေးမေးမြန်းမှုနှင့် စပ်လျဉ်းသည့် ဤပုဒ်မအရ တရားရုံး၏ အခွင့်အာဏာများကို ကုန်ကျစရိတ်များနှင့်သက်ဆိုင်သည့် ကိစ္စမှတစ်ပါး စစ်ဆေးမေးမြန်းမှုအား ပြုလုပ်သည့်ပုဂ္ဂိုလ်က ကျင့်သုံးဆောင်ရွက်နိုင်သည်။ တိမ်းရှောင်နေသော ကြွေးမြီပေးဆပ်ရသူအား ဖမ်းဆီးနိုင်သည့် အခွင့်အာဏာ ၃၃၉။ တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်အားချမှတ်ခြင်းမပြုမီတွင်ဖြစ်စေ၊ ချမှတ်ပြီး နောက်တွင်ဖြစ်စေ မည်သည့်အချိန်တွင်မဆို ကြွေးမြီပေးဆပ်ရသူတစ်ဦးသည် နိုင်ငံတော်မှ ထွက်ပြေး တိမ်းရှောင်ရန်ရှိကြောင်း သို့မဟုတ် တစ်နည်းနည်းဖြင့် တိမ်းရှောင်ရန်ရှိကြောင်း သို့မဟုတ် ကုမ္ပဏီ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တောင်းခေါ်ထားသည့် ငွေပေးချေမှုများမှ ရှောင်လွှဲရန် သို့မဟုတ် စစ်ဆေး မေးမြန်းမှုများမှ ရှောင်ရှားရန်ရည်ရွယ်၍ ၎င်း၏ ပစ္စည်းတစ်ရပ်ရပ်ကိုဖယ်ရှားရန် သို့မဟုတ် ကွယ်ဝှက် ရန်ရှိကြောင်း ယုံကြည်လောက်သောအကြောင်းများ ပေါ်ပေါက်ခဲ့လျှင် ထိုကြွေးမြီပေးဆပ်ရသူကို ဖမ်းဆီးနိုင်သည့်အပြင် ၎င်း၏စာရင်းစာအုပ်များ၊ စာရွက်စာတမ်းများနှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်း များကိုသိမ်းဆည်းနိုင်သည်။ ကြွေးမြီပေးဆပ်ရသူနှင့် အဆိုပါ စာရွက်စာတမ်း၊ ပစ္စည်းများကို တရားရုံးက အမိန့်ချမှတ်ထားသည့် ကာလအထိ ထိန်းသိမ်းထားနိုင်သည်။ အခြားစွဲဆိုဆောင်ရွက်သည့်မှုခင်းများကို မထိခိုက်စေခြင်း ၃၄၀။ ဤဥပဒေအရ တရားရုံးသို့ အပ်နှင်းထားသည့် အခွင့်အာဏာတစ်ရပ်ရပ်သည် ငွေကြေးထည့် ဝင်ရန်တောင်းခေါ်မှု သို့မဟုတ် အခြားငွေကြေးတစ်ရပ်ရပ်အတွက် ကုမ္ပဏီ၏ ကြွေးမြီပေးဆပ်ရသူ သို့မဟုတ် မြီစားတစ်ဦးဦးအပေါ်တွင်ဖြစ်စေ၊ ယင်းတို့၏ ပစ္စည်းတစ်ရပ်ရပ်အပေါ်တွင်ဖြစ်စေ စွဲဆို ဆောင်ရွက်သည့်မှုခင်းများနှင့် စပ်လျဉ်း၍ အပ်နှင်းထားသည့် တည်ဆဲအခွင့်အာဏာ တစ်ရပ်ရပ်ကို ကန့်သတ်ခြင်းမရှိစေဘဲထပ်ဆင့်၍ ကျင့်သုံးခွင့်ရှိသည့် အခွင့်အာဏာများ ဖြစ်စေရမည်။ အမိန့်များကိုအတည်ပြုခြင်းနှင့်အယူခံခြင်း အမိန့်များကို အတည်ပြုနိုင်သည့် အခွင့်အာဏာ ၃၄၁။ ဤဥပဒေအရ တရားရုံးတစ်ရုံးရုံးက ချမှတ်နိုင်သည့် အမိန့်အားလုံးကို အဆိုပါတရားရုံးတွင် ပြုလုပ်သော တရားစွဲဆိုမှုတစ်ရပ်ရပ်၌ အမိန့်ဒီဂရီများကို အတည်ပြုနိုင်သည့်နည်းလမ်းများအတိုင်း အတည်ပြု ဆောင်ရွက်နိုင်သည်။ တရားရုံးတစ်ခုခုတွင် ချမှတ်သည့်အမိန့်ကို အခြားတရားရုံးများတွင် အတည်ပြုခြင်း ၃၄၂။ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ တရားရုံးတစ်ခုကချမှတ်သည့် အမိန့်တစ်ရပ်ရပ်ကို နိုင်ငံတော်အတွင်းရှိ မည်သည့်နေရာတွင်မဆို အတည်ပြုနိုင်သည်။ ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်းတည်နေရာသည် အခြားနေရာတစ်ခုတွင်ရှိခဲ့လျှင် အမိန့်ချမှတ်သည့် တရားရုံးတည်ရှိသည့် နေရာမှအပ အဆိုပါကုမ္ပဏီနှင့်စပ်လျဉ်း၍ စီရင်ပိုင်ခွင့်အာဏာရှိသည့် တရားရုံးက မိမိရုံးတွင် ချမှတ်သည့်အမိန့်တစ်ရပ်အား အတည်ပြု ဆောင်ရွက်သကဲ့သို့ သက်ဆိုင်သည့်နည်းလမ်းများနှင့် အညီ အတည်ပြု ဆောင်ရွက်ရမည်။ အခြားတရားရုံးများက အမိန့်ကို အတည်ပြုဆောင်ရွက်နိုင်ရန်အတွက် လိုက်နာရမည့်အချက်များ ၃၄၃။ တရားရုံးတစ်ရုံးက ချမှတ်သည့်အမိန့်တစ်ရပ်ကို အခြားတရားရုံးတစ်ရုံး၌ အတည်ပြုရန် ဆောင်ရွက်သည့်အခါ အဆိုပါတရားရုံးအမိန့်၏ မူရင်းမိတ္တုမှန်တစ်စောင်ကို ထိုအမိန့်အား အတည်ပြု ဆောင်ရွက်မည့် တရားရုံးရှိသက်ဆိုင်ရာအရာရှိထံသို့ တင်ပြရမည်ဖြစ်ပြီး ထိုသို့ အမိန့်မူရင်းမိတ္တူ၊ မှန်အားတင်ပြခြင်းသည် ထိုအမိန့်ကိုချမှတ်ပြီးဖြစ်ကြောင်း လုံလောက်သည့်သက်သေခံချက် ဖြစ်စေရမည်။ ထိုတင်ပြချက်အပေါ်တွင် အတည်ပြု ဆောင်ရွက်ရမည့် တရားရုံးသည် အမိန့်အား အတည်ပြု ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို မိမိရုံး၏ အမိန့်အား အတည်ပြု ဆောင်ရွက်သကဲ့သို့ အလားတူနည်းလမ်းများအတိုင်း ဆောင်ရွက်ရမည်။ အမိန့်များအပေါ် အယူခံဝင်ရောက်ခြင်း ၃၄၄။ ကုမ္ပဏီတစ်ခုအား ဖျက်သိမ်းသည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ တရားရုံးကချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ရပ်ရပ်အပေါ် ပြန်လည်ကြားနာစေရန် သို့မဟုတ် အယူခံဝင်ရောက်ရန် အတွက် ဆောင်ရွက်မှုများကို အဆိုပါတရားရုံး၏ သာမန်စီရင်ပိုင်ခွင့်အာဏာအတွင်းရှိ မှုခင်းများတွင် ချမှတ်သည့် အမိန့်သို့မဟုတ် ဆုံးဖြတ်ချက်များအပေါ် အယူခံဝင်ရောက်နိုင်သည့် နည်းလမ်းများ၊ စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ရမည်။ ( ကုမ္ပဏီအားဆန္ဒအလျောက် ဖျက်သိမ်းခြင်း ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းနိုင်မည့် အခြေအနေများ ၃၄၅။ အောက်ပါအခြေအနေများတွင် ကုမ္ပဏီတစ်ခုအားဆန္ဒအလျောက် ဖျက်သိမ်းနိုင်သည် - (က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ကုမ္ပဏီ၏သက်တမ်းအတွက် သတ်မှတ်ထားသည့် ကာလကုန်ဆုံးလျှင်၊ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ကုမ္ပဏီကို ဖျက်သိမ်း နိုင်သည်ဟု ဖော်ပြထားသည့်အခြေအနေများဖြစ်ပေါ်ခဲ့လျှင်၊ ထို့ပြင်ကုမ္ပဏီ၏ အထွေထွေ အစည်းအဝေးတွင် ကုမ္ပဏီအားဆန္ဒအလျောက် ဖျက်သိမ်းမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့လျှင် သို့မဟုတ် ( ခ) ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းမည်ဖြစ်ကြောင်း ကုမ္ပဏီက အထူးဆုံးဖြတ်ချက်ဖြင့် ချမှတ်ဆောင်ရွက်လျှင် သို့မဟုတ် ကုမ္ပဏီ၏ တာဝန်ရှိမှုများကြောင့် ယင်း၏ စီးပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် နိုင်မှုမပြုနိုင်ခြင်းနှင့် ကုမ္ပဏီကိုဖျက်သိမ်းရန် တင်ပြခြင်းများကြောင့် ကုမ္ပဏီက အထူး ဆုံးဖြတ်ချက်ဖြင့် ချမှတ်ဆောင်ရွက်လျှင် ဤအပိုင်းတွင် သုံးစွဲဖော်ပြထားသည့် “ကုမ္ပဏီအား ဆန္ဒအလျောက်ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်” ဆိုသည်မှာ ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) တို့အရချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ဆိုလိုသည်။ ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းမှုစတင်ခြင်း ၊ ၃၄၆။ ကုမ္ပဏီအား ဆန္ဒအလျောက်ဖျက်သိမ်းမှုသည် ကုမ္ပဏီအားဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်အား ချမှတ်သည့်အချိန်မှစတင်သည်ဟု မှတ်ယူရမည်။ ကုမ္ပဏီ၏ရပ်တည်မှုအပေါ်တွင် ကုမ္ပဏီအား ဆန္ဒအလျောက်ဖျက်သိမ်းခြင်း၏ အကျိုးသက်ရောက်မှု ၃၄၇။ ကုမ္ပဏီတစ်ခုအား ဆန္ဒအလျောက် ဖျက်သိမ်းသည့်အခါ ကုမ္ပဏီအား ဖျက်သိမ်းသည့်နေ့ရက်မှ စတင်၍ ကုမ္ပဏီ၏အကျိုးအတွက် ဖျက်သိမ်းရာတွင် လိုအပ်သည့်ကိစ္စရပ်မှအပ ယင်း၏စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းမှ ရပ်စဲစေရမည်။ သို့ရာတွင် ကုမ္ပဏီ၏ ကုမ္ပဏီဆိုင်ရာရပ်တည်မှုနှင့် လုပ်ပိုင်ခွင့်များသည် ယင်း၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ကန့်သတ်ချက်တစ်စုံတစ်ရာရှိစေကာမူ ယင်းအား ဖျက်သိမ်းသည်အထိ ဆက်လက်တည်ရှိစေရမည်။ ကုမ္ပဏီအား ဆန္ဒအလျောက်ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်ကို အကြောင်းကြားခြင်း ၃၄၈။ ကုမ္ပဏီတစ်ခုအား ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် အထူးဆုံးဖြတ်ချက်တစ်ရပ်ရပ်၏ အကြောင်းကြားစာကို ထိုဆုံးဖြတ်ချက်အား ချမှတ်သည့်နေ့ရက်မှ ၁၀ ရက်အတွင်း နိုင်ငံတော် ပြန်တမ်းနှင့် နိုင်ငံတော်တစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူးလျက်ရှိသော နေ့စဉ်ထုတ်သတင်းစာတစ်ခုခုတို့တွင် ကုမ္ပဏီက ထည့်သွင်းကြေညာ၍ အကြောင်းကြားရမည်။ ၃၄၉။ ကုမ္ပဏီသည် ပုဒ်မ ၃၄၈ ပါ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်ဖြစ်ပြီး ထိုပျက်ကွက်မှုကို သိလျက်ဖြင့် တမင်ခွင့်ပြုခဲ့သည့် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးဦးစီသည်လည်း အလားတူ ပြစ်ဒဏ် ထိုက်သင့်စေရမည်။ ကြွေးမြီပေးချေနိုင်ကြောင်း ကြေညာခြင်း ၃၅၀။ (က) ကုမ္ပဏီတစ်ခုအား ဆန္ဒအလျောက်ဖျက်သိမ်းရန် ဆောင်ရွက်ခဲ့လျှင် ကုမ္ပဏီ၏ဒါရိုက်တာများ သို့မဟုတ် ဒါရိုက်တာနှစ်ဦးထက် ပိုမိုပါရှိသော ကုမ္ပဏီဖြစ်လျှင် ဒါရိုက်တာအများစုသည် လည်းကောင်း၊ ဒါရိုက်တာတစ်ဦးတည်းရှိသည့် ကုမ္ပဏီတွင် အဆိုပါ ဒါရိုက်တာသည် လည်းကောင်း ကုမ္ပဏီအားဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်ချမှတ်မည့် အစည်းအဝေးအတွက် အကြောင်းကြားစာများ ပေးပို့သည့်နေ့ရက်မတိုင်မီ ကျင်းပပြု လုပ်သည့် ဒါရိုက်တာများ အစည်းအဝေး၌ ကုမ္ပဏီ၏ကိစ္စရပ်များကို အပြည့်အဝ စစ်ဆေးဆောင်ရွက်မှု ပြုလုပ်ပြီးကြောင်း၊ ထိုသို့ပြုလုပ်ပြီးနောက် ကုမ္ပဏီအားဖျက်သိမ်းရန် စတင်သည့်နေ့ရက်မှ သုံးနှစ်ထက်မပိုသော ကာလတစ်ရပ်အတွင်း ကုမ္ပဏီသည် ကြွေးမြီများကို အပြည့်အဝပေးချေနိုင်မည်ဟုယူဆကြောင်း ကျမ်းကျိန်လွှာတစ်ရပ်ဖြင့် အတည်ပြုထားသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်နိုင်သည်။ အဆိုပါကြေညာချက်ကို ကုမ္ပဏီကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကုမ္ပဏီစာရင်းစစ်များ၏ အစီရင်ခံစာတစ်စောင်ဖြင့် ထောက်ခံတင်ပြရမည်ဖြစ်ပြီး ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့် နေ့ရက်မတိုင်မီ မှတ်ပုံတင်ဆောင်ရွက်ရန်အတွက် မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြခြင်း မပြုခဲ့လျှင် အဆိုပါကြေညာချက်သည် ဤဥပဒေပါကိစ္စရပ်များအတွက် အကျိုးတစ်စုံတစ်ရာ သက်ရောက်ခြင်း မရှိစေရ။ ( ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြုလုပ်ပေးပို့သည့် ကြေညာချက်တစ်ရပ်ပါရှိသော ကုမ္ပဏီဖျက်သိမ်းခြင်းကိစ္စရပ်သည် ဤဥပဒေတွင် “ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း” ဟု ဖြစ်သည်။ အထက်ဖော်ပြပါအတိုင်း ပြုလုပ်ပေးပို့သည့် ကြေညာချက်တစ်ရပ်ပါရှိခြင်းမရှိသော ကုမ္ပဏီဖျက်သိမ်းခြင်း ကိစ္စရပ်သည် ဤဥပဒေတွင် မြီရှင်များကကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းဟု ဖြစ်သည်။ ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကိုဆန္ဒအလျောက်ဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ ၃၅၁။ ပုဒ်မ ၃၅၂ မှ ၃၅၇ အထိပါ ပြဋ္ဌာန်းချက်များသည် ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်စေရမည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများအားခန့်အပ်ခြင်းနှင့် ယင်းတို့၏အခကြေးငွေများကို သတ်မှတ် ခြင်းတို့အတွက် ကုမ္ပဏီ၏လုပ်ပိုင်ခွင့် ၃၅၂။ (က) အထွေထွေအစည်းအဝေးတွင် ကုမ္ပဏီသည် ယင်း၏ ကိစ္စရပ်များအား စာရင်းရှင်းလင်း ဖျက်သိမ်းရန်နှင့် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များအား ခွဲဝေပေးရန်အတွက် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများကို ခန့်အပ်ရမည် ဖြစ်ပြီး အဆိုပါ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ သို့မဟုတ် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိများသို့ပေးရမည့် အခကြေးငွေများကို သတ်မှတ်နိုင်သည်။ (ခ ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအား ခန့်အပ်ပြီးသည့်အခါ ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်များအားလုံးသည် အထွေထွေအစည်းအဝေးတွင် ကုမ္ပဏီ သို့မဟုတ် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိက ဆက်လက်ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်မှတစ်ပါး ရပ်စဲသွားမည် ဖြစ်သည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လစ်လပ်နေရာကို ဖြည့်စွက်ခန့်ထားနိုင်သည့် အခွင့်အာဏာ ၃၅၃။ (က) ကုမ္ပဏီမှ ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် သေဆုံးခြင်း၊ နုတ်ထွက်ခြင်း သို့မဟုတ် အခြားအကြောင်းတစ်ရပ်ရပ်ကြောင့် ၎င်း၏နေရာ လစ်လပ် သွားလျှင် ကုမ္ပဏီသည် အထွေထွေအစည်းအဝေးတွင် မြီရှင်များ၏ စီမံဆောင်ရွက်ချက် တစ်ရပ်ရပ်နှင့်အညီ ထိုလစ်လပ်နေရာကို ဖြည့်စွက်ခန့်ထားနိုင်သည်။ ( ခ ) အဆိုပါ ကိစ္စရပ်အတွက် အထွေထွေအစည်းအဝေးတစ်ရပ်ကို ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးကဖြစ်စေ၊ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိတစ်ဦးထက် ပိုမိုပါရှိသည့် ကိစ္စရပ်ဖြစ်လျှင် ဆက်လက်တာဝန်ယူဆောင်ရွက်သည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိများကဖြစ်စေ ခေါ်ယူကျင်းပနိုင်သည်။ (ဂ) အစည်းအဝေးကို ဤဥပဒေအရဖြစ်စေ၊ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရဖြစ်စေ သတ်မှတ် ထားသည့်နည်းလမ်း သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးကသော်လည်းကောင်း၊ ဆက်လက်တာဝန်ယူဆောင်ရွက်သည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများက သော်လည်းကောင်း လျှောက်ထားသဖြင့် တရားရုံးကသတ်မှတ်ပေးသည့် နည်းလမ်းဖြင့် ကျင်းပရမည်။ ကုမ္ပဏီ၏ပစ္စည်းများကို ရောင်းချခြင်းအတွက် အဖိုးစားနားအဖြစ် အစုရှယ်ယာစသည်များကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက လက်ခံနိုင်သည့် လုပ်ပိုင်ခွင့် ၃၅၄။ (က) ကုမ္ပဏီတစ်ခုသည် ဆန္ဒအလျောက်ဖျက်သိမ်းရန် ရည်ရွယ်ခြင်း သို့မဟုတ် ဆောင်ရွက်ရာတွင် ယင်း၏ စီးပွားရေးလုပ်ငန်း သို့မဟုတ် ပစ္စည်းအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ဤဥပဒေအရ အဓိပ္ပါယ်ဖွင့်ဆိုထားသည့် ကုမ္ပဏီဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဤပုဒ်မတွင် လွှဲပြောင်းလက်ခံသည့်ကုမ္ပဏီ ဟု ခေါ်တွင်မည့်အခြား ကုမ္ပဏီတစ်ခုခုသို့ လွှဲပြောင်းပေးရန် သို့မဟုတ် ရောင်းချရန် ရည်ရွယ်လျက်ဆောင်ရွက်ခဲ့လျှင် ဤပုဒ်မတွင် လွှဲပြောင်းပေးအပ် သည့်ကုမ္ပဏီဟု ခေါ်တွင်မည့် လွှဲပြောင်းရောင်းချမည့် ကုမ္ပဏီ၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိနှင့် သက်ဆိုင်သည့် သာမန်လုပ်ပိုင်ခွင့်ကိုဖြစ်စေ၊ သီးခြား စီစဉ်ဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် လုပ်ပိုင်ခွင့် တစ်ရပ်ကိုဖြစ်စေ အပ်နှင်းသည့် အဆိုပါ ကုမ္ပဏီ၏ အထူးဆုံးဖြတ်ချက် တစ်ရပ်အရ ခွင့်ပြုချက်ဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် ရောင်းချခြင်း၊ အစုရှယ်ယာများ၊ အာမခံ ပေါ်လစီများ၊ သို့မဟုတ် လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီရှိ အခြားအလားတူ အကျိုး ခံစားခွင့်များအတွက်လည်းကောင်း၊ လွှဲပြောင်းပေးအပ်သည့် ကုမ္ပဏီတွင် ပါဝင်သူများသို့ ခွဲဝေပေးရန်အတွက်လည်းကောင်း လျော်ကြေး သို့မဟုတ် လျော်ကြေး တစ်စိတ်တစ်ဒေသကို လက်ခံနိုင်သည်၊ သို့မဟုတ် လွှဲပြောင်းပေးအပ်သည့် ကုမ္ပဏီတွင် ပါဝင်သူများက ငွေကြေး၊ အစုရှယ်ယာ၊ အာမခံပေါ်လစီ၊ သို့မဟုတ် အခြားအလားတူ အကျိုးခံစားခွင့်၊ သို့မဟုတ် အခြားအရာများကို လက်ခံခြင်းအစား လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီ၏ အကျိုးအမြတ်များကို ရယူဆောင်ရွက်ခြင်း သို့မဟုတ် အခြားအကျိုးခံစားခွင့်များကို လက်ခံခြင်းတို့ကို ပြုလုပ်နိုင်သည့် အခြားစီစဉ်ဆောင်ရွက်မှုတစ်ရပ်ရပ်အား သဘောတူ လက်ခံနိုင်သည်။ ( ခ ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သည့် ရောင်းချမှု သို့မဟုတ် စီစဉ်မှု တစ်ရပ်ရပ်သည် လွှဲပြောင်းပေးအပ်သည့် ကုမ္ပဏီတွင် ပါဝင်သူများအပေါ် တရားဝင် ဖြစ်စေရမည်။ အထူးဆုံးဖြတ်ချက် ချမှတ်ရာတွင် ထောက်ခံမဲပေးခြင်းမပြုခဲ့သော လွှဲပြောင်းပေးအပ်သည့် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးသည် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ လိပ်မူ၍ ၎င်း၏သဘောထားကွဲလွဲမှုကို စာဖြင့်ရေးသားဖော်ပြခဲ့ပြီး အဆိုပါ အထူးဆုံးဖြတ်ချက် ချမှတ်ပြီးနောက် ခုနစ်ရက်အတွင်း ကုမ္ပဏီ၏မှတ်ပုံတင်ထားသော ရုံးခန်းမှ ပေးပို့ခဲ့လျှင် ၎င်းအနေဖြင့် ဆုံးဖြတ်ချက်အား အတည်ဖြစ်စေရန် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ဆောင်ရွက်ခြင်းမပြုစေရန်၊ သို့မဟုတ် ၎င်း၏ အကျိုးခံစားခွင့်များကို သဘောတူညီသည့် တန်ဖိုးဖြင့် သို့မဟုတ် အနုညာတ စီရင်ဆုံးဖြတ်သည့် တန်ဖိုးဖြင့် ဝယ်ယူဆောင်ရွက်စေနိုင်သည်။ (ဃ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီတွင်ပါဝင်သူ၏ အကျိုးခံစားခွင့်များကို ဝယ်ယူရန် ဆုံးဖြတ်ပါက ဝယ်ယူပေးချေမည့်ငွေအား ကုမ္ပဏီဖျက်သိမ်းခြင်း မပြုမီ ပေးချေရမည်ဖြစ်ပြီး အထူးဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ဆောင်ရွက်ရမည်။ (င ) အထူးဆုံးဖြတ်ချက်တစ်ရပ်သည် ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများအား ခန့်အပ်ရန်အတွက် ချမှတ်သည့် ဆုံးဖြတ်ချက် မတိုင်မီကာလတွင် သို့မဟုတ် တစ်ပြိုင်တည်းအချိန်တွင် ချမှတ်သည့် အကြောင်းကြောင့် ဤပုဒ်မပါကိစ္စရပ်များအတွက် တရားမဝင်ဖြစ်ခြင်းမရှိစေရ။ သို့သော် ကုမ္ပဏီအား ဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ကို တစ်နှစ်အတွင်း ချမှတ်ခဲ့လျှင်ဖြစ်စေ၊ တရားရုံး၏ကြီးကြပ်မှုဖြင့် ဖျက်သိမ်းရန်ပြုလုပ်ခဲ့လျှင်ဖြစ်စေ အဆိုပါ အထူးဆုံးဖြတ်ချက်သည် တရားရုံး၏ အတည်ပြုချက်မရှိလျှင် တရားဝင်ခြင်းမရှိစေရ။ (စ) အနုညာတစီရင်ဆုံးဖြတ်ခြင်း ကိစ္စရပ်များအတွက် အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေတွင် ကန့်သတ်ထားသည်များမှအပ အဆိုပါ ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဤပုဒ်မအရ ဆောင်ရွက်သည့် အနုညာတစီရင် ဆုံးဖြတ်ခြင်းများအားလုံးနှင့် သက်ဆိုင်စေရမည်။ နှစ်စဉ် နှစ်ကုန်ဆုံးချိန်၌ အထွေထွေအစည်းအဝေးအားခေါ်ယူကျင်းပစေရန် ဆောင်ရွက်ရမည့် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏တာဝန် ၃၅၅။ ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို တစ်နှစ်ကာလထက်ပိုမို၍ ဆက်လက်ဆောင်ရွက် ရသည့်ကိစ္စရပ်တွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စာရင်းရှင်းလင်းဖျက်သိမ်းမှု စတင် ဆောင်ရွက်သည့်နေ့မှစ၍ ပထမ တစ်နှစ်နှင့် နောက်နှစ် တစ်နှစ်စီ ကုန်ဆုံးချိန်၌ သို့မဟုတ် သက်ဆိုင်ရာ နှစ်ကုန်ဆုံးပြီးနောက် ရက်ပေါင်း ၉၀ အတွင်း သင့်လျော်သည့်အချိန်၌ ကုမ္ပဏီ၏ အထွေထွေ အစည်းအဝေးတစ်ရပ်ကိုကျင်းပရန် ဆင့်ဆိုနိုင်ပြီး အစည်းအဝေးတွင်ပြီးခဲ့သည့်နှစ်အတွင်း စာရင်း ရှင်းလင်း ဖျက်သိမ်းရေးအတွက် ၎င်း၏ ပြု လုပ်ဆောင်ရွက်မှုများနှင့် စာရင်းရှင်းလင်းဖျက်သိမ်းမှု အခြေအနေနှင့်စပ်လျဉ်း၍ သီးခြားကိစ္စရပ်များပါဝင်သော သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့် ပြုစု ထားသည့် ရေးသားဖော်ပြချက်တစ်ရပ်ကို ရှင်းလင်းတင်ပြရမည်။ ၃၅၆။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ပုဒ်မ ၃၅၅ ပါပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်လျှင် ဒဏ်ကြေးငွေကျပ်ငါးသိန်းကို ပေးဆောင်ရမည်။ အပြီးသတ် အစည်းအဝေးနှင့် ကုမ္ပဏီဖျက်သိမ်းခြင်း ၃၅၇။ (က) ကုမ္ပဏီ၏ကိစ္စရပ်များကို အပြည့်အဝ စာရင်းရှင်းလင်းဖျက်သိမ်းပြီးသည်နှင့် တစ်ပြိုင်နက် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးဆိုင်ရာ စာရင်း တစ်ရပ်ကို ပြုလုပ်ရမည်ဖြစ်ပြီး ယင်းစာရင်းတွင် မည်သို့စာရင်း ရှင်းလင်းဖျက်သိမ်းခြင်းကို ဆောင်ရွက်ခဲ့သည်၊ ကုမ္ပဏီ၏ပစ္စည်းများကို မည်သို့စီမံခန့်ခွဲခဲ့သည်တို့ကို ဖော်ပြပါရှိ စေရမည်။ ယင်းနောက် အဆိုပါစာရင်းကိုတင်ပြရန်နှင့် ယင်းအတွက် ရှင်းလင်းပြောဆို ရန်အလို့ငှာ ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရမည်။ ( ခ ) အစည်းအဝေးကို အချိန်၊ နေရာနှင့်ရည်ရွယ်ချက်တို့အား ဖော်ပြကြေညာ၍ ဆောင်ရွက် ရမည်ဖြစ်ပြီး ပုဒ်မ ၃၄၈ ပါ နည်းလမ်းအရ အကြောင်းကြားစာတစ်စောင်အား ထုတ်ဝေ ခြင်းအတွက် သတ်မှတ်ပါရှိသည့် နည်းလမ်းများဖြင့် အစည်းအဝေးမကျင်းပမီ အနည်းဆုံး ၂၈ ရက် ကြိုတင်၍ ထုတ်ပြန်ရမည်။ ( ဂ) အစည်းအဝေးကျင်းပပြီးနောက် ခုနစ်ရက်အတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် စာရင်းမိတ္တုတစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည့်အပြင် အစည်းအဝေးကျင်းပခြင်းနှင့် ကျင်းပသည့်နေ့ရက်တို့ကို ၎င်းထံသို့ ပြန်ကြားရမည်။ အစည်းအဝေး၌ အစည်းအဝေးအထမြောက်ရန် တက်ရောက်ရမည့် လိုအပ်သည့် ဦးရေ မပြည့်ဝခဲ့လျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အစည်းအဝေးကို တရားဝင် ဆင့်ခေါ်ခဲ့ကြောင်း၊ ထိုအစည်းအဝေးသို့ အစည်းအဝေးအထမြောက်ရန် တက်ရောက်ရမည့် လိုအပ်သည့်ဦးရေ အပြည့်အဝမတက်ရောက်ခဲ့ကြောင်း ဖော်ပြပါရှိသည့် ပြန်ကြားချက် တစ်စောင်ကိုပြုလုပ်ရမည်။ ထိုပြန်ကြားချက်အား ပြုလုပ်ပြီးသည့်အခါ ပြန်ကြားချက် ပြုလုပ်ခြင်းနှင့် သက်ဆိုင်သော ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များအရ ပြန်ကြားချက်ကို အဆိုပါအတိုင်း လိုက်နာဆောင်ရွက်ပြီး ဖြစ်သကဲ့သို့ မှတ်ယူရမည်။ (ဃ) မှတ်ပုံတင်အရာရှိသည် စာရင်း သို့မဟုတ် ပုဒ်မခွဲ (ဂ) တွင် ဖော်ပြပါရှိသော ပြန်ကြား ချက်တစ်ရပ်ရပ်ကို လက်ခံရရှိသည့်အခါ ယင်းတို့အား မှတ်ပုံတင်ရေးသွင်း ဆောင်ရွက် ရမည်ဖြစ်ပြီး ပြန်ကြားချက်အား မှတ်ပုံတင်ပြီးသည့် အချိန်မှစ၍ သုံးလ ပြည့်မြောက် ပြီးသည့်အချိန်တွင် ကုမ္ပဏီအားဖျက်သိမ်းပြီးဖြစ်သည်ဟုမှတ်ယူရမည်။ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိကဖြစ်စေ၊ အကျိုးခံစားခွင့်ရှိသူအဖြစ် တရားရုံးတွင်ရောက်ရှိသူ တစ်ဦးဦးကဖြစ်စေ လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် သင့်သည်ဟုထင်မြင်သည့် အချိန်ကာလတွင် ကုမ္ပဏီဖျက်သိမ်းခြင်းအား အကျိုးသက်ရောက်စေမည်ဟု သတ်မှတ်သော နေ့ရက်သို့ ရွှေ့ဆိုင်းပေးနိုင်သည့် အမိန့်တစ်ရပ်ချမှတ်နိုင်သည်။ ၃၅၈။ ပုဒ်မ ၃၅၇၊ ပုဒ်မခွဲ(ဂ)နှင့်အညီ စာရင်းမိတ္တု ပေးပို့ခြင်းနှင့် ပြန်ကြားချက် ပြုလုပ်ခြင်းတို့ကို မဆောင်ရွက်ခဲ့လျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ဒဏ်ကြေးငွေကျပ် တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ ၃၅၉။ ပုဒ်မ ၃၅၇၊ ပုဒ်မခွဲ (ဃ) အရ ပြုလုပ်သည့် တရားရုံး၏အမိန့်တစ်ရပ်အပေါ် လျှောက်ထားသူသည် အဆိုပါအမိန့်အား ချမှတ်သည့်နေ့မှ ၂၁ ရက်အတွင်း အဆိုပါအမိန့်အား မှတ်ပုံတင်ရန်အတွက် အမိန့်၏ မူရင်းမိမှန်တစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည်ဖြစ်ပြီး ထိုသို့ဆောင် ရွက်ရန် ပျက်ကွက်ပါက ထိုသူသည် ဒဏ်ကြေးငွေကျပ်တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ မြီရှင်များကကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း မြီရှင်များက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ ၃၆၀။ ပုဒ်မ ၃၆၁ မှ ၃၇၂ အထိပါ ပြဋ္ဌာန်းချက်များသည် မြီရှင်များက ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်စေရမည်။ မြီရှင်များ၏ အစည်းအဝေး ၃၆၁။ (က) ကုမ္ပဏီသည်ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ရန် ရည်ရွယ်သည့် အစည်းအဝေးကို ကျင်းပရမည့် နေ့ရက် သို့မဟုတ် ထိုနေ့၏ နောက်တစ်နေ့တွင် ကုမ္ပဏီ၏ မြီရှင်များအစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရမည်ဖြစ်ပြီး အဆိုပါမြီရှင်များ၏ အစည်းအဝေးအတွက် အကြောင်းကြားစာများကို ကုမ္ပဏီ၏ ဖော်ပြပါအစည်းအဝေး ကျင်းပမည့် အကြောင်းကြားစာပေးပို့သည်နှင့်တပြိုင်နက် မြီရှင်များထံသို့ ပေးပို့ရမည်။ ( ခ ) ကုမ္ပဏီသည် မြီရှင်များ၏ အစည်းအဝေးအတွက် အကြောင်းကြားစာကို ပုဒ်မ ၃၄၈ ပါအကြောင်းကြားစာတစ်စောင်အား ထုတ်ဝေခြင်းအတွက် ယင်းပုဒ်မတွင် သတ်မှတ် ပါရှိသည့် နည်းလမ်းများဖြင့် ကြေညာပေးရမည်။ (ဂ) ကုမ္ပဏီ၏ ဒါရိုက်တာများသည် - (၁) ကုမ္ပဏီကိစ္စရပ်များ၏ အခြေအနေများအား ကုမ္ပဏီ၏ မြီရှင်များစာရင်းမတိုင်မီ တင်ပြမည့် တောင်းဆိုမှုပမာဏ ခန့်မှန်းခြေစာရင်းတို့ကို ပူးတွဲပါရှိစေလျက် ပြည့်စုံသည့် ရေးသားဖော်ပြချက်တစ်စောင်ကိုအထက်တွင် ဖော်ပြပါရှိသည့်အတိုင်း ကျင်းပမည့် မြီရှင်များအစည်းအဝေးတွင် တင်ပြရမည်၊ ၎င်းအပြင် (၂) အဆိုပါ အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ရန်အတွက် ယင်းတို့ အနက်မှ တစ်ဦးဦးကို ခန့်အပ်ရမည်။ (ဃ) မြီရှင်များ၏ အစည်းအဝေးတွင် သဘာပတိအဖြစ် ခန့်အပ်ခံရသော ဒါရိုက်တာသည် အစည်းအဝေးသို့ တက်ရောက်၍ သဘာပတိအဖြစ် ဆောင်ရွက်ရန် တာဝန်ရှိသည်။ (င ) ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ရန် ရည်ရွယ်သည့် ကုမ္ပဏီအစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ပြီး ထိုသို့ရွှေ့ဆိုင်းခဲ့သည့် အစည်းအဝေး၌ ဆုံးဖြတ်ချက်အား ချမှတ်ခဲ့လျှင် ပုဒ်မခွဲ (က) အရ ကျင်းပသည့် မြီရှင်များ၏ အစည်းအဝေး၌ ချမှတ်သော ဆုံးဖြတ်ချက်တစ်ရပ်ရပ်သည် ကုမ္ပဏီဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ပြီးနောက် ချက်ချင်းချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်အဖြစ် အကျိုးသက်ရောက်စေရမည်။ ၃၆၂။ အကယ်၍ - (က) ပုဒ်မ ၃၆၁၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့ကို လိုက်နာဆောင်ရွက်ရာတွင် ကုမ္ပဏီကပျက်ကွက် ခဲ့လျှင် သို့မဟုတ် ( ခ ) ပုဒ်မ ၃၆၁၊ ပုဒ်မခွဲ (ဂ) ကို လိုက်နာဆောင်ရွက်ရာတွင် ကုမ္ပဏီ၏ ဒါရိုက်တာများက ပျက်ကွက်ခဲ့လျှင် သို့မဟုတ် (ဂ) ပုဒ်မ ၃၆၁၊ ပုဒ်မခွဲ (ဃ) ကို လိုက်နာဆောင်ရွက်ရာတွင် ကုမ္ပဏီ၏ ဒါရိုက်တာ တစ်ဦးဦးက ပျက်ကွက်ခဲ့လျှင် ကုမ္ပဏီ၊ ဒါရိုက်တာများ သို့မဟုတ် ဒါရိုက်တာသည် ယင်းတို့ ပျက်ကွက်သည့် ကိစ္စရပ်အတွက် ဒဏ်ကြေးငွေကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်ဖြစ်ပြီး ကုမ္ပဏီက ပျက်ကွက်သည့်ကိစ္စရပ်တွင် ပျက်ကွက်မှု၌ပါဝင်သည့် ကုမ္ပဏီ၏အရာရှိများ အားလုံးသည် အလားတူပြစ်ဒဏ်ကို ထိုက်သင့်စေရမည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအားခန့်အပ်ခြင်း ၃၆၃။ မြီရှင်များနှင့်ကုမ္ပဏီသည် ပုဒ်မ ၃၆၁ တွင် ဖော်ပြပါရှိသော ယင်းတို့၏ သက်ဆိုင်ရာအစည်းအဝေးများ၌ ကုမ္ပဏီ၏ ကိစ္စရပ်များကို စာရင်းရှင်းလင်းဖျက်သိမ်းရန်နှင့် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များကို ခွဲဝေရန်အတွက် ပုဂ္ဂိုလ်တစ်ဦးဦးကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် အဆိုပြု တင်ပြနိုင်သည်။ မြီရှင် များနှင့် ကုမ္ပဏီသည် သီးခြားပုဂ္ဂိုလ်များကို အဆိုပြုတင်ပြခဲ့လျှင် မြီရှင်များက အဆိုပြုသည့် ပုဂ္ဂိုလ်သည် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိဖြစ်စေရမည်။ မြီရှင်များက အဆိုပြု တင်ပြသည့် ပုဂ္ဂိုလ်မရှိခဲ့လျှင် ကုမ္ပဏီက အဆိုပြု တင်ပြသည့် ပုဂ္ဂိုလ်သည် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ ဖြစ်စေရမည်။ သို့ရာတွင် သီးခြားပုဂ္ဂိုလ်များကို အဆိုပြုတင်ပြလာသည့်ကိစ္စရပ်၌ မှီရှင်များက အဆိုပြု တင်ပြသည့် နေ့ရက်မှ ခုနစ်ရက်အတွင်း ကုမ္ပဏီ၏ ဒါရိုက်တာ၊ ကုမ္ပဏီတွင် ပါဝင်သူ သို့မဟုတ် မြီရှင်တစ်ဦးဦးသည် တရားရုံးသို့ တင်ပြ၍ မြီရှင်များက အဆိုပြုသည့် ပုဂ္ဂိုလ်အစား သို့မဟုတ် ယင်းပုဂ္ဂိုလ်နှင့်အတူ ကုမ္ပဏီက စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအဖြစ် အဆိုပြုတင်ပြသည့် ပုဂ္ဂိုလ်ကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအဖြစ် သတ်မှတ်ပေးရန် သို့မဟုတ် မြီရှင်များကခန့်အပ်သည့် ပုဂ္ဂိုလ်အစား အခြားသူ တစ်ဦးဦးကို စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအဖြစ်ခန့်အပ်ပေးရန် အမိန့်တစ်ရပ်ရပ်ကို လျှောက်ထားနိုင်သည်။ စစ်ဆေးရေးကော်မတီအား ခန့်အပ်ခြင်း ၃၆၄။ (က) ပုဒ်မ ၃၆၁ အရ ကျင်းပသည့် အစည်းအဝေး၌ဖြစ်စေ၊ နောင်တွင်ပြုလုပ်သည့် အစည်း အဝေးတစ်ရပ်ရပ်၌ဖြစ်စေ မြီရှင်များသည် ၎င်းတို့သင့်သည်ဟု ထင်မြင်သည့်အတိုင်း ငါးဦးထက် မပိုသောသူများပါဝင်သည့် စစ်ဆေးရေးကော်မတီတစ်ရပ်ကို ခန့်အပ်နိုင်သည်။ အဆိုပါ ကော်မတီအား ခန့်အပ်ပြီးသည့်အခါ ကုမ္ပဏီအား ဆန္ဒအလျောက်ဖျက်သိမ်း ရန်အတွက် ဆုံးဖြတ်ချက်ချမှတ်မည့် အစည်းအဝေး၌ဖြစ်စေ၊ နောင်တွင် ကျင်းပမည့် အထွေထွေအစည်းအဝေးတစ်ရပ်ရပ်၌ဖြစ်စေ ကုမ္ပဏီသည် ငါးဦးထက်မပိုသော ကော်မတီ၏အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ရန်သင့်သည် ထင်မြင်သည့်ပုဂ္ဂိုလ်များကို ခန့်အပ်နိုင်သည်။ (ခ ) သို့ရာတွင် မြီရှင်များသည် ၎င်းတို့သင့်သည်ဟုထင်မြင်သည့်အတိုင်း ကုမ္ပဏီက ထိုသို့ ခန့်အပ်ထားသည့် ပုဂ္ဂိုလ်အားလုံးကိုဖြစ်စေ၊ တစ်ဦးဦးကိုဖြစ်စေ စစ်ဆေးရေးကော်မတီ၏ အဖွဲ့ဝင်များ မဖြစ်သင့်ကြောင်း ဆုံးဖြတ်နိုင်သည်။ မြီရှင်များက ထိုသို့ ဆုံးဖြတ်ခဲ့လျှင် တရားရုံးက အခြားနည်းညွှန်ကြားခြင်းမရှိပါက ဆုံးဖြတ်ချက်တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များသည် ကော်မတီ၏အဖွဲ့ဝင်များအဖြစ်ဆောင်ရွက်ရန်မပြုစေရ။ ဤပြဋ္ဌာန်းချက်အရ တရားရုံးသို့ တင်ပြလျှောက်ထားခဲ့လျှင် တရားရုံးသည်သင့်သည်ဟု ထင်မြင်သည့်အတိုင်း ဆုံးဖြတ်ချက်တွင် ဖော်ပြထားသော ပုဂ္ဂိုလ်အစားအဖွဲ့ဝင်အဖြစ် ဆောင်ရွက်နိုင်မည့် အခြားသူတစ်ဦးဦးကို ခန့်အပ်နိုင်သည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ၏ အခကြေးငွေကိုသတ်မှတ်ခြင်းနှင့် ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်များကို ရပ်စဲခြင်း ၃၆၅။ (က) စစ်ဆေးရေးကော်မတီ သို့မဟုတ် စစ်ဆေးရေးကော်မတီမရှိခဲ့လျှင် မြီရှင်များသည် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများသို့ ပေးချေရမည့် အခကြေးငွေများကိုသတ်မှတ်နိုင်ပြီး အခကြေးငွေကို သတ်မှတ်ထားခြင်း မရှိခဲ့လျှင် ထိုအခကြေးငွေကို တရားရုံးက သတ်မှတ်ရမည်။ ( ခ ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးအား ခန့်အပ်ခဲ့သည့်အခါ ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်များအားလုံးသည် စစ်ဆေးရေးကော်မတီ သို့မဟုတ် စစ်ဆေးရေးကော်မတီ မရှိခဲ့လျှင် မြီရှင်များက ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခဲ့သည့်ကိစ္စရပ်မှအပ ရပ်စဲစေရမည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လစ်လပ်နေရာကို ဖြည့်စွက်ခန့်ထားနိုင်သည့်အခွင့်အာဏာ ၃၆၆။ တရားရုံးကသော်လည်းကောင်း၊ တရားရုံး၏ ညွှန်ကြားချက်ဖြင့်သော်လည်းကောင်း ခန့်အပ် ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိမှအပ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးဦးသည် သေဆုံးခြင်း၊ နုတ်ထွက်ခြင်း သို့မဟုတ် အခြားအကြောင်းတစ်ရပ်ရပ်ကြောင့် ၎င်း၏နေရာ၌ လစ်လပ် သွားလျှင် မြီရှင်များသည် ထိုလစ်လပ်နေရာကို ဖြည့်စွက်ခန့်ထားနိုင်သည်။ မြီရှင်များက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းတွင် ပုဒ်မ ၃၅၄ ပါပြဋ္ဌာန်းချက်အား လိုက်နာရခြင်း ၃၆၇။ ပုဒ်မ ၃၅၄ ပါ ပြဋ္ဌာန်းချက်များသည် မြီရှင်များကကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းတွင် ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းကဲ့သို့ သက်ဆိုင်စေရမည် ဖြစ်ပြီး အဆိုပါပုဒ်မအရ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏လုပ်ပိုင်ခွင့်များကို တရားရုံးကဖြစ်စေ၊ စစ်ဆေးရေးကော်မတီကဖြစ်စေ ခွင့်ပြုချက်ပါရှိမှအပ ကျင့်သုံးဆောင်ရွက်ခြင်းမပြုရ။ နှစ်စဉ် နှစ်ကုန်ဆုံးချိန်၌ ကုမ္ပဏီ၏အစည်းအဝေးများနှင့် မြီရှင်များ၏အစည်းအဝေးများအား ခေါ်ယူ ကျင်းပစေရန် ဆောင်ရွက်ရမည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏တာဝန် ၃၆၈။ ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို တစ်နှစ်ကာလထက်ပိုမို၍ ဆက်လက်ဆောင်ရွက် ရသည့်ကိစ္စရပ်တွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စာရင်းရှင်းလင်းဖျက်သိမ်းမှု စတင် ဆောင်ရွက်သည့်နေ့မှစ၍ ပထမ တစ်နှစ်နှင့် နောက်နှစ် တစ်နှစ်စီ ကုန်ဆုံးချိန်၌ သို့မဟုတ် သင့်လျော်သည့် အချိန်၌ ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတစ်ရပ်နှင့် မြီရှင်များ၏အစည်းအဝေးတစ်ရပ်ကို ကျင်းပရန်ဆင့်ဆိုနိုင်ပြီး အစည်းအဝေးများတွင် ပြီးခဲ့သည့်နှစ်အတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အတွက် ၎င်း၏ပြုလုပ်ဆောင်ရွက်မှုများနှင့် စာရင်းရှင်းလင်းဖျက်သိမ်းမှု အခြေအနေနှင့်စပ်လျဉ်း၍ သီးခြားကိစ္စရပ်များပါဝင်သော သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့်ပြုစုထားသည့် ရေးသားဖော်ပြချက် တစ်ရပ်ကို ရှင်းလင်းတင်ပြရမည်။ ၃၆၉။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ပုဒ်မ ၃၆၈ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်လျှင် ဒဏ်ကြေးငွေ ကျပ်ငါးသိန်းကို ပေးဆောင်ရမည်။ အပြီးသတ်အစည်းအဝေးနှင့် ကုမ္ပဏီဖျက်သိမ်းခြင်း ၃၇၀။ (က) ကုမ္ပဏီ၏ကိစ္စရပ်များကို အပြည့်အဝ စာရင်းရှင်းလင်းဖျက်သိမ်းပြီးသည်နှင့် တစ်ပြိုင်နက် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စာရင်းရှင်းလင်း ဖျက်သိမ်းရေးဆိုင်ရာ စာရင်းတစ်ရပ်ကို ပြုလုပ်ရမည်ဖြစ်ပြီး ယင်းစာရင်းတွင် မည်သို့စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းကို ဆောင်ရွက်ခဲ့သည်၊ ကုမ္ပဏီ၏ပစ္စည်းများကို မည်သို့စီမံခန့်ခွဲခဲ့သည် တို့ကို ဖော်ပြပါရှိစေရမည်။ ယင်းနောက် အဆိုပါစာရင်းကို တင်ပြရန်နှင့် ယင်းအတွက် ရှင်းလင်းပြောဆိုရန်အလို့ငှာ ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတစ်ရပ်နှင့် မြီရှင်များ၏ အစည်းအဝေးတစ်ရပ်တို့ကို ခေါ်ယူကျင်းပရမည်။ ( ခ ) အစည်းအဝေးတစ်ရပ်စီကို အချိန်၊ နေရာနှင့် ရည်ရွယ်ချက်တို့အား သတ်မှတ်ကြေညာ၍ ဆောင်ရွက်ရမည်ဖြစ်ပြီး ပုဒ်မ ၃၄၈ ပါ အကြောင်းကြားစာတစ်စောင်အား ထုတ်ဝေခြင်း အတွက် သတ်မှတ်ပါရှိသည့် နည်းလမ်းများဖြင့် အစည်းအဝေးမကျင်းပမီ အနည်းဆုံး ၂၈ ရက် ကြိုတင်၍ ထုတ်ပြန်ရမည်။ (ဂ) အစည်းအဝေးများကို ကျင်းပသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း သို့မဟုတ် အစည်းအဝေးများအား အဆိုပါနေ့ရက်များတွင် ကျင်းပနိုင်ခြင်းမရှိခဲ့လျှင် နောင်တွင်ကျင်းပသည့်နေ့ရက်မှ ရက်သတ္တပတ် တစ်ပတ်အတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စာရင်းမိတ္တူ တစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည့်အပြင် အစည်းအဝေးကျင်းပခြင်းနှင့် ကျင်းပသည့်နေ့ရက်တို့ကို ၎င်းထံသို့ပြန်ကြားရမည်။ အစည်းအဝေး၌ အစည်းအဝေး အထမြောက်ရန် တက်ရောက်ရမည့် လိုအပ်သည့်ဦးရေ (ဤပုဒ်မပါကိစ္စရပ်များအတွက် အစည်းအဝေးသို့ တက်ရောက်ရမည့် ပုဂ္ဂိုလ် နှစ်ဦး ရှိရမည်) မပြည့်ဝခဲ့လျှင် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အစည်းအဝေးကို တရားဝင်ဆင့်ခေါ်ခဲ့ကြောင်း၊ ထိုအစည်းအဝေးသို့ အစည်းအဝေး အထမြောက်ရန် တက်ရောက်ရမည့် လိုအပ်သည့် ဦးရေအပြည့်အဝ မတက်ရောက်ခဲ့ကြောင်း ဖော်ပြပါရှိသည့် ပြန်ကြားချက်တစ်စောင်ကို ပြုလုပ်ရမည်။ ထိုပြန်ကြားချက်အား ပြုလုပ်ပြီးသည့်အခါ ပြန်ကြားချက်ပြုလုပ်ခြင်းနှင့် သက်ဆိုင်သော ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များအရ ပြန်ကြားချက်ကို အဆိုပါအတိုင်း လိုက်နာဆောင်ရွက်ပြီးဖြစ်သကဲ့သို့ မှတ်ယူရမည်။ (ဃ) မှတ်ပုံတင်အရာရှိသည် စာရင်း သို့မဟုတ် ပုဒ်မခွဲ (ဂ) တွင် ဖော်ပြပါရှိသော အစည်းအဝေး တစ်ရပ်စီနှင့်စပ်လျဉ်းသည့် ပြန်ကြားချက်တစ်ရပ်ရပ်ကို လက်ခံရရှိသည့်အခါ ယင်းတို့အား မှတ်ပုံတင်ရေးသွင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ပြန်ကြားချက်အား မှတ်ပုံ တင်ပြီးသည့်အချိန်မှစ၍ သုံးလပြည့်မြောက်ပြီးသည့်အချိန်တွင် ကုမ္ပဏီအားဖျက်သိမ်းပြီး ဖြစ်သည်ဟုမှတ်ယူရမည်။ သို့ရာတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကဖြစ်စေ၊ အကျိုးခံစားခွင့်ရှိသူအဖြစ် တရားရုံးတွင်ရောက်ရှိသူတစ်ဦးဦးကဖြစ်စေ လျှောက်ထား တင်ပြလာလျှင် တရားရုံးသည်သင့်သည်ဟုထင်မြင်သည့် အချိန်ကာလတွင် ကုမ္ပဏီ ဖျက်သိမ်းခြင်းအား အကျိုးသက်ရောက်စေမည်ဟု သတ်မှတ်သောနေ့ရက်သို့ ရွှေ့ဆိုင်း ပေးနိုင်သည့် အမိန့်တစ်ရပ်ချမှတ်နိုင်သည်။ ၃၇၁။ ပုဒ်မ ၃၇ဝ၊ ပုဒ်မခွဲ (ဂ) နှင့်အညီ စာရင်းမိတ္တု ပေးပို့ခြင်းနှင့် ပြန်ကြားချက် ပြုလုပ်ခြင်းတို့ကို မဆောင်ရွက်ခဲ့လျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ ၃၇၂။ ပုဒ်မ ၃၇ဝ၏ ပုဒ်မခွဲ (ဃ) အရ ပြုလုပ်သည့် တရားရုံး၏ အမိန့်တစ်ရပ်အပေါ် လျှောက်ထား သူသည် အဆိုပါအမိန့်အား ချမှတ်သည့်နေ့မှ ၁၀ ရက်အတွင်း အဆိုပါအမိန့်အား မှတ်ပုံတင်ရန် အတွက် အမိန့်၏မူရင်းမိတ္တူ မှန်တစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရန် ပျက်ကွက်ပါက ထိုသူသည် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ ကုမ္ပဏီတွင်ပါဝင်သူများကဖြစ်စေ၊ မြီရှင်များကဖြစ်စေ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းကိစ္စရပ်များအားလုံးနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ ၃၇၃။ ပုဒ်မ ၃၇၄ မှ ၃၈၂ အထိပါရှိသည့် ပြဋ္ဌာန်းချက်များသည် ကုမ္ပဏီတွင်ပါဝင်သူများကဖြစ်စေ၊ မြီရှင်များကဖြစ်စေ ကုမ္ပဏီကိုဆန္ဒအလျောက်ဖျက်သိမ်းခြင်း ကိစ္စရပ်များအားလုံးနှင့် သက်ဆိုင်စေရမည်။ ကုမ္ပဏီ၏ပစ္စည်းများကို ခွဲဝေဆောင်ရွက်ခြင်း ၃၇၄။ ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းသည့်အခါတွင် ဦးစားပေးငွေပေးချေမှုများနှင့် သက်ဆိုင်သည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီ၏ပစ္စည်းများကို ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၌ အခြား နည်းဖော်ပြထားခြင်းမရှိလျှင် ကုမ္ပဏီ၏တာဝန်ရှိမှုများအတွက် အချိုးကျအသုံးပြု ရမည်ဖြစ်ပြီး ကုမ္ပဏီရှိပါဝင်သူတို့၏အခွင့်အရေးများနှင့် အကျိုးခံစားခွင့်များအရကုမ္ပဏီတွင် ပါဝင်သူများအကြား ခွဲဝေဆောင်ရွက်ရမည်။ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏တာဝန်နှင့် လုပ်ပိုင် ခွင့်များ ၃၇၅။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် - (၁) ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒလျောက်ဖျက်သိမ်းသည့် ကိစ္စရပ်တွင် ကုမ္ပဏီ၏ အထူးဆုံးဖြတ်ချက်အရ ခွင့်ပြုချက်ဖြင့်လည်းကောင်း၊ မြီရှင်များက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းသည့်ကိစ္စရပ်တွင် တရားရုံး သို့မဟုတ် စစ်ဆေးရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း ကုမ္ပဏီကိုဖျက်သိမ်းသည့် ကိစ္စရပ်တွင် ပုဒ်မ ၃၂၁၊ ပုဒ်မခွဲ (ဃ)၊ (င)၊ (စ) နှင့် (ဇ) တို့အရ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသို့ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အားလုံးကို ကျင့်သုံး ဆောင်ရွက်နိုင်သည်။ ဤပုဒ်မအရပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များကို စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိက ကျင့်သုံးဆောင်ရွက်ရာတွင် တရားရုံး၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးသည် ဤလုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ တရားရုံးသို့တင်ပြလျှောက်ထားနိုင်သည်။ (၂) ပုဒ်မခွဲငယ် (၁) တွင်ဖော်ပြပါရှိသော ခွင့်ပြုချက်မပါရှိဘဲ ကုမ္ပဏီကို ဖျက်သိမ်းသည့် ကိစ္စရပ်တွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသို့ တရားရုံးကပေးအပ်ထားသည့် ဤဥပဒေအရ အခြားသောလုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်နိုင်သည်။ (၃) ကြွေးမြီပေးဆပ်ရသူများစာရင်းကို ရှင်းလင်းဆောင်ရွက်ရာတွင် ဤဥပဒေအရ ပေးအပ်ထားသည့် တရားရုံး၏ အခွင့်အာဏာကို ကျင့်သုံးဆောင်ရွက်နိုင်ပြီး ကြွေးမြီ ပေးဆပ်ရသူများစာရင်းသည် ယင်းစာရင်းတွင် ကြွေးမြီ ပေးဆပ်ရသူများအဖြစ် ပါရှိသူများ၏ တာဝန်ရှိမှုများအတွက် ခိုင်လုံသည့်သက်သေခံချက် ဖြစ်စေရမည်။ (၄) ငွေကြေးထည့်ဝင်ရန် တောင်းခေါ်မှုပြုလုပ်နိုင်သည့် တရားရုံး၏ အခွင့်အာဏာကို ကျင့်သုံးဆောင်ရွက်နိုင်သည်။ ၎င်းအပြင် (၅) အထူးဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီ၏ ခွင့်ပြုချက်ကိုရယူရန် သို့မဟုတ် ၎င်းအနေဖြင့် သင့်သည်ထင်မြင်သည့် အခြားကိစ္စရပ်များအတွက် ကုမ္ပဏီ၏ အထွေထွေ အစည်းအဝေးများကို ဆင့်ခေါ်နိုင်သည်။ ( ခ ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီ၏ကြွေးမြီများကို ပေးချေရမည်ဖြစ်ပြီး ကြွေးမြီပေးဆပ်ရသူများအကြား ၎င်းတို့၏ အခွင့်အရေးများကို ချိန်ညှိဆောင်ရွက် ပေးရမည်။ ( ဂ ) စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများစွာအား ခန့်အပ်ထားခဲ့လျှင် ဤဥပဒေအရ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ၎င်းတို့အား ခန့်အပ်သည့်အချိန်၌ သတ်မှတ် ထားသည့်အတိုင်းတစ်ဦးကသော်လည်းကောင်း၊ အများကသော်လည်းကောင်း ကျင့်သုံး ဆောင်ရွက်နိုင်သည်။ ထိုသို့သတ်မှတ်ထားခြင်းမရှိခဲ့လျှင် နှစ်ဦးထက်မနည်းသော စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိများက ကျင့်သုံးဆောင်ရွက်နိုင်သည်။ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအားခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်းများနှင့်သက်ဆိုင်သည့် တရားရုံး၏အခွင့်အာဏာ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ၏ ခန့်အပ်မှုကို အကြောင်းကြားခြင်း ၃၇၆။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက အကြောင်းတစ်စုံတစ်ရာကြောင့်မရှိသည့် ကိစ္စရပ် များတွင် တရားရုံးသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးကို ခန့်အပ်နိုင်သည်။ ( ခ ) တရားရုံးသည် အကြောင်းတစ်စုံတစ်ရာ တင်ပြလာလျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအား ထုတ်ပယ်နိုင်ပြီး အခြားသော စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ခန့်အပ်နိုင်သည်။ (ဂ ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ၎င်းအား ခန့်အပ်ပြီးနောက် ၂၁ ရက်အတွင်း မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် ခန့်အပ်မှုအကြောင်း ကြားစာကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည်။ ၃၇၇။ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ပုဒ်မ ၃၇၆ ပါ သတ်မှတ်ချက်များကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့လျှင် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ မြီရှင်များအပေါ် တရားဝင်စည်းနှောင်မှုရှိသည့် စီစဉ်ဆောင်ရွက်မှုများ ၃၇၈။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆောင်ရွက်မည့် သို့မဟုတ် ဆောင်ရွက်နေသည့် ကုမ္ပဏီ တစ်ခုနှင့် ယင်း၏မြီရှင်များအကြားပြုလုပ်သည့် စီစဉ်ဆောင်ရွက်မှုတစ်ရပ်ရပ်ကို အထူးဆုံးဖြတ်ချက်ဖြင့် အတည်ပြုခဲ့လျှင် ကုမ္ပဏီအပေါ်တွင်လည်းကောင်း၊ မြီရှင်များ၏ အရေအတွက်နှင့် တန်ဖိုးအရလေးပုံသုံးပုံဖြင့်လက်ခံခဲ့လျှင် မြီရှင်များ အပေါ်တွင် လည်းကောင်း တရားဝင်စည်းနှောင်မှုရှိသည်။ ယင်းကိစ္စရပ်အပေါ်တွင် ဤပုဒ်မအရ အယူခံခွင့်ရှိသည်။ ( ခ ) မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးသည် စီစဉ်ဆောင်ရွက်မှုများ ပြီးစီးပြီး နောက် ၂၁ ရက်အတွင်း ယင်းကိစ္စအပေါ်တွင် တရားရုံးသို့ အယူခံဝင်ရောက်နိုင်သည်။ ထိုအယူခံမှုအရ တရားရုံးသည် သင့်သည်ထင်မြင်သည့်အတိုင်း စီစဉ်ဆောင်ရွက်မှုကို ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် အတည်ပြုခြင်းများ ပြုလုပ်နိုင်သည်။ ကိစ္စရပ်များကိုဆုံးဖြတ်နိုင်ရန်နှင့် အခွင့်အာဏာများကို ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည့် အခွင့်အာဏာ ၃၇၉။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ သို့မဟုတ် မြီရှင် တစ်ဦးဦးသည် ကုမ္ပဏီအားဖျက်သိမ်းရာတွင် ပေါ်ပေါက်လာသည့် ကိစ္စရပ်များကို ဆုံးဖြတ်ပေးရန် သို့မဟုတ် ငွေကြေးထည့်ဝင်ရန် တောင်းခေါ်မှုများအား အတည်ပြုခြင်း၊ တရားစွဲဆိုဆောင်ရွက်မှုဆိုင်းငံ့ခြင်း သို့မဟုတ် အခြားကိစ္စရပ်များတို့နှင့် စပ်လျဉ်းပြီး ကုမ္ပဏီအား တရားရုံးဖြင့်ဖျက်သိမ်းဆောင်ရွက်သကဲ့သို့ တရားရုံးကကျင့်သုံးနိုင်ခွင့်ရှိသည့် အခွင့်အာဏာများအားလုံး သို့မဟုတ် တစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်စေရန် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည်။ (ခ ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးသည် ကုမ္ပဏီဖျက်သိမ်းမှုစတင်ပြီးနောက် ကုမ္ပဏီ၏ပစ္စည်း သို့မဟုတ် ပိုင်ဆိုင်မှု များအပေါ် တရားဝင်လျက်ရှိသည့်ဝရမ်းကပ်ခြင်း၊ ပစ္စည်းများသိမ်းဆည်းခြင်း သို့မဟုတ် အတည်ပြု ဆောင်ရွက်ခြင်းများကို ပယ်ဖျက်သည့်အမိန့်တစ်ရပ် ချမှတ်ပေးနိုင်ရေးအတွက် တင်ပြလျှောက်ထားနိုင်သည်။ ( ဂ ) အဆိုပါ လျှောက်ထားမှုကို ကုမ္ပဏီဖျက်သိမ်းခြင်းအပေါ် စီရင်ဆုံးဖြတ်ခွင့်ရှိသည့် တရားရုံးသို့ တင်ပြရမည်။ (ဃ) တရားရုံးသည် ပေါ်ပေါက်လာသည့်ကိစ္စရပ်များကို ဆုံးဖြတ်ပေးခြင်း၊ လိုအပ်သော အခွင့်အာဏာကိုကျင့်သုံးခြင်း သို့မဟုတ် လိုက်နာရမည့်အမိန့်တစ်ရပ်ကို ချမှတ်ခြင်းတို့သည် လျော်ကန်မျှတပြီး အကျိုးဖြစ်ထွန်းစေကြောင်း ကျေနပ်လက်ခံလျှင် ၎င်းသင့်သည် ထင်မြင်သည့် စည်းကမ်းချက်များဖြင့် လျှောက်ထားမှုတစ်ရပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ လက်ခံနိုင်သည် သို့မဟုတ် လျှောက်ထားမှုအပေါ် သင့်သည်ထင်မြင်သည့် အခြားအမိန့် တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် ကျခံရသည့်စရိတ်များ ၃၈၀။ ကုမ္ပဏီကိုဖျက်သိမ်းရာတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အခကြေးငွေအပါအဝင် ကျခံရသော ကုန်ကျစရိတ်များ၊ အခကြေးငွေများနှင့် အသုံးစရိတ်များအားလုံးကို အာမခံအကျိုးခံစားခွင့် ရရှိသော မြီရှင်များ (secured creditors) ၏ အခွင့်အရေးများရှိခဲ့လျှင် ယင်းတို့ကို မထိခိုက်စေဘဲ အခြားသော တောင်းခံတင်ပြမှုများထက် ဦးစားပေး၍ ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များမှ ပေးချေရမည်။ မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများ၏ အခွင့်အရေးများကိုမထိခိုက်စေခြင်း ၃၈၁။ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းခြင်းသည် တရားရုံးက ကုမ္ပဏီကို ဖျက်သိမ်းဆောင်ရွက်စေရန်အတွက် မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦး၏ အခွင့်အရေးကို တားမြစ်ပိတ်ပင်ခြင်းမရှိစေရ။ သို့သော် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးက လျှောက်ထားတင်ပြလာလျှင် တရားရုံးက ကြွေးမြီပေးဆပ်ရသူများ၏ အခွင့်အရေးများသည် ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်းကြောင့် ထိခိုက်စေမည်ဖြစ်သည်ဟု ကျေနပ်လက်ခံရမည်။ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များအား သတ်မှတ်ပေး နိုင်သည့် တရားရုံး၏ အခွင့်အာဏာ ၃၈၂။ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းဆောင်ရွက်ရာတွင် တရားရုံးက ကုမ္ပဏီ ဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ချမှတ်သည့်အခါ တရားရုံးသည် သင့်သည်ထင်မြင်သည့်အတိုင်း အဆိုပါအမိန့်တွင်ဖြစ်စေ၊ နောင်တွင်ချမှတ်သည့် အမိန့်တစ်ရပ်ဖြင့်ဖြစ်စေ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် ဆောင်ရွက်ရမည့် ကိစ္စရပ်များအားလုံးကိုဖြစ်စေ၊ တစ်ရပ်ရပ်ကိုဖြစ်စေ သတ်မှတ်ပေးနိုင်သည်။ တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းခြင်း တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန် အမိန့်ချမှတ်နိုင်သည့် အခွင့်အာဏာ ၃၈၃။ ကုမ္ပဏီတစ်ခုသည် အထူးဆုံးဖြတ်ချက်ဖြင့် ဆန္ဒအလျောက်ဖျက်သိမ်းရန် ဆုံးဖြတ်သည့်အခါ တရားရုံးသည် ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းအား မြီရှင်များ၊ ကြွေးမြီပေးဆပ်ရသူများ သို့မဟုတ် အခြားသူများက တရားရုံးသို့ လွတ်လပ်စွာ လျှောက်ထားတင်ပြနိုင်၍ တရားရုံးက သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များကိုလိုက်နာလျက် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့သော် တရားရုံး၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖော်ပြ၍ အမိန့်တစ်ရပ်ချမှတ်နိုင်သည်။ တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန်အတွက် လျှောက်ထားခြင်း၏အကျိုးသက်ရောက်မှု ၃၈၄။ တရားရုံး၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းအား ဆက်လက်ဆောင် ရွက်နိုင်ရန်အတွက် လျှောက်ထားမှုတစ်ရပ်ကို စွဲဆိုသည့်အမှုများအပေါ် တရားရုံးသို့ စီရင်ပိုင်ခွင့် ပေးရန်အတွက် တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းရန် လျှောက်ထားခြင်းတစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်။ မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ၏သဘောဆန္ဒကို တရားရုံးက လက်ခံသုံးသပ်နိုင်ခြင်း ၃၈၅။ တရားရုံးသည် တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းခြင်းနှင့် တရားရုံး၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီကို ဖျက်သိမ်းခြင်းတို့အကြား ဆုံးဖြတ်ရာတွင်လည်းကောင်း၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ ခန့်အပ်ရာတွင်လည်းကောင်း၊ တရားရုံး၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင်လည်းကောင်း လုံလောက်သည့်အထောက်အထား တစ်ရပ်ရပ်ဖြင့် ၎င်းထံ တင်ပြစေ နိုင်သကဲ့သို့ မြီရှင်များနှင့်ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒများကို လက်ခံ သုံးသပ်နိုင်သည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်းပြုနိုင်သည့် တရားရုံး၏အခွင့်အာဏာ ၃၈၆။ (က) တရားရုံး၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ချမှတ်သည့်အခါ တရားရုံးသည် အဆိုပါအမိန့်ဖြင့်ဖြစ်စေ၊ နောင်တွင်ချမှတ်သည့် အမိန့်တစ်ရပ်ဖြင့်ဖြစ်စေ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးဦးကို ထပ်မံခန့်ထားသည့် အမိန့်ချမှတ် နိုင်သည်။ ဤပုဒ်မအရ တရားရုံးကခန့်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးသည် ကုမ္ပဏီက ခန့်အပ်သည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကဲ့သို့ ကိစ္စရပ်များ အားလုံးတွင် အလားတူ လုပ်ပိုင်ခွင့်များနှင့် တာဝန်များရှိစေရမည်။ (ဂ) တရားရုံးသည် ယင်းက ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးဦး ကိုဖြစ်စေ၊ ကြီးကြပ်မှုအမိန့်အရ ဆက်လက်ခွင့်ပြုထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးဦးကိုဖြစ်စေ ထုတ်ပယ်နိုင်ပြီး ထုတ်ပယ်မှု၊ သေဆုံးမှု သို့မဟုတ် နုတ်ထွက်မှု များကြောင့် လစ်လပ်သွားသော စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦး၏နေရာတွင် ဖြည့်စွက်ခန့်ထားနိုင်သည်။ ကြီးကြပ်မှုအမိန့်၏ အကျိုးသက်ရောက်မှု ၃၈၇။ (က) တရားရုံး၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ချမှတ်သည့်အခါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် တရားရုံးက သတ်မှတ်ထားသည့် တားမြစ်ချက် များကို လိုက်နာလျက် တရားရုံး၏ ခွင့်ပြုချက် သို့မဟုတ် စွက်ဖက်မှုမပါရှိဘဲ မိမိ၏ လုပ်ပိုင်ခွင့်များအားလုံးကို ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းဆောင်ရွက်သကဲ့သို့ အလားတူ နည်းလမ်းများအတိုင်း ကျင့်သုံးဆောင်ရွက်နိုင်သည်။ ( ခ ) ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့်ကိစ္စရပ်နှင့် ပုဒ်မ ၃၃၈ တွင်ပါရှိသည့် ကိစ္စရပ်များ မှအပ တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန်အတွက် တရားရုံးကချမှတ်သည့် အမိန့်တစ်ရပ်ရပ်သည် တရားစွဲဆိုမှုများနှင့် အခြားဆောင်ရွက်မှုများကို ဆိုင်းငံ့ခြင်း အပါအဝင်ကိစ္စရပ်များအားလုံးတွင် တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းခြင်းအတွက် ချမှတ်သည့်အမိန့်တစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ငွေကြေးထည့်ဝင်ရန်အတွက် တောင်းခေါ်မှုများပြုလုပ်ရန် သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများက ပြုလုပ်ထားသည့် ငွေကြေးထည့်ဝင်ရန်အတွက် တောင်းခေါ်မှုများကို အတည်ပြုရန်၊ သို့မဟုတ် တရားရုံးကကုမ္ပဏီကို ဖျက်သိမ်းခြင်းအတွက် အမိန့်တစ်ရပ်ချမှတ်သကဲ့သို့ ကျင့်သုံးဆောင်ရွက်နိုင်ခွင့်ရှိသည့် အခွင့်အာဏာများအားလုံးကို တရားရုံးသို့ အခွင့်အာဏာ အပြည့်အဝအပ်နှင်းရမည်။ (ဂ ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ သို့မဟုတ် ၎င်း အတွက် ဆောင်ရွက်ပေးရမည့်ပြုလုပ်မှု သို့မဟုတ် ကိစ္စတစ်ရပ်ရပ်ကို တရားရုံးက ညွှန်ကြားနိုင်ရန်အတွက် အခွင့်အာဏာအပ်နှင်းထားသည့် ပြဋ္ဌာန်းချက်များတွင် ဖော်ပြ ပါရှိသော “တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ” ဆိုသည်မှာ တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန်အတွက် ဆောင်ရွက်သည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိကိုဆိုလိုသည်ဟု မှတ်ယူရမည်။ အလွတ်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများကို တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများအဖြစ်ခန့်အပ်ခြင်း ၃၈၈။ တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ချမှတ်ပြီး ယင်းနောက် တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းခြင်းအတွက် အမိန့်တစ်ရပ်ချမှတ်သည့်အခါ တရားရုံးသည် အဆိုပါ အမိန့်ဖြင့်ဖြစ်စေ၊ နောင်တွင်ချမှတ်သည့်အမိန့်တစ်ရပ်ရပ်ဖြင့်ဖြစ်စေ ယာယီသော်လည်းကောင်း၊ အမြဲတမ်းသော်လည်းကောင်း၊ အခြားသူများဖြင့်သော်လည်းကောင်း၊ အခြားသူများပါရှိခြင်းမရှိဘဲနှင့် သော်လည်းကောင်း၊ အလွတ်ခန့်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ သို့မဟုတ် ယင်းတို့အနက်မှ တစ်ဦးဦးကို တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းသည့်ကိစ္စရပ်တွင် တရားဝင်ခန့်အပ် ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်နိုင်သည်။ ဖြည့်စွက်ပြဋ္ဌာန်းချက်များ ကုမ္ပဏီဖျက်သိမ်းမှုအား စတင်ဆောင်ရွက်ပြီးနောက်တွင် လွှဲပြောင်းခြင်းများ မပြုလုပ်ရခြင်းနှင့်ကြွေးမြီများ ပေါ်လွင်စွာ ဖော်ပြရခြင်း ၃၈၉။ (က) ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းသည့်ကိစ္စရပ်၌ ကုမ္ပဏီဖျက်သိမ်းမှုအား စတင်ဆောင် ရွက်ပြီးနောက်တွင် ပြုလုပ်သည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်သည့် လွှဲပြောင်းခြင်းမှအပ အစုရှယ်ယာများကို လွှဲပြောင်းခြင်းများနှင့် ကုမ္ပဏီတွင် ပါဝင်သူများ၏ ရပ်တည်မှုအခြေအနေကို ပြောင်းလဲခြင်းများအားလုံးသည် ပျက်ပြယ်သည်။ (ခ) တရားရုံးကဖြစ်စေ၊ တရားရုံး၏ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီကိုဖျက်သိမ်းသည့်ကိစ္စရပ်၌ ကုမ္ပဏီဖျက်သိမ်းမှုအား စတင်ဆောင်ရွက်ပြီးနောက်တွင် အရေးယူဆောင်ရွက်နိုင်သည့် တင်ပြတောင်းဆိုမှုများအပါအဝင် ကုမ္ပဏီ၏ပစ္စည်းများကိုပေးအပ်ခြင်းများ၊ အစုရှယ်ယာ များကိုလွှဲပြောင်းခြင်းများ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ၏ ရပ်တည်မှုအခြေအနေကို ပြောင်းလဲခြင်းများ အားလုံးသည် တရားရုံးက အခြားသောအမိန့်တစ်စုံတစ်ရာ ချမှတ် ထားခြင်းမရှိလျှင် ပျက်ပြယ်သည်။ ( ဂ ) ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ လူမွဲခံယူခြင်းဆိုင်ရာပဒေနှင့်သက်ဆိုင်၍ လူမွဲခံယူသည့် ကုမ္ပဏီများကိစ္စရပ်တွင် ကုမ္ပဏီကိုဖျက်သိမ်းသည့်ကိစ္စရပ်အားလုံး၌ ပေးရန်ရှိမည့် ကြွေးမြီများအားလုံးနှင့် ယခုသော်လည်းကောင်း၊ နောင်တွင်သော်လည်းကောင်း ဖြစ်ပေါ်မည့် သို့မဟုတ် ဖြစ်ပေါ်နိုင်ဖွယ်ရှိသည့် ကုမ္ပဏီအပေါ် တင်ပြတောင်းဆိုမှုများ အားလုံးကို ကုမ္ပဏီအားဆန့်ကျင်၍ သက်သေတင်ပြနိုင်သည်။ နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် သို့မဟုတ် အခြားအကြောင်းကိစ္စရပ်အတွက် ကြွေးမြီများ သို့မဟုတ် တင်ပြတောင်းဆိုမှုများ၏ တန်ဖိုးကိုတိကျသေချာသော တန်ဖိုးတစ်ရပ်မဟုတ်လျှင် သင့်တင့်မျှတသည့် တန်ဖိုးဖြင့် သတ်မှတ်ရမည်။ လူမွဲခံယူသည့်ကုမ္ပဏီများအား ဖျက်သိမ်းသည့်ကိစ္စရပ်တွင် လူမွဲခံယူခြင်းဆိုင်ရာစည်းမျဉ်းစည်းကမ်း များကို လိုက်နာရခြင်း ၃၉၀။ လူမွဲခံယူသည့် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရာတွင် အာမခံအကျိုးခံစားခွင့်ရရှိသော မြီရှင်များ (secured creditors)နှင့် အာမခံအကျိုးခံစားခွင့်မရရှိသောမြီရှင်များ (unsecured creditors) ၏ သက်ဆိုင်ရာအခွင့်အရေးများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သက်သေထင်ရှားတင်ပြနိုင်သည့် ကြွေးမြီများနှင့် စပ်လျဉ်း၍လည်းကောင်း၊ နှစ်စဉ်ထုတ်ယူနိုင်သည့် အာမခံတန်ဖိုးနှင့် နောင်တွင်ဖြစ်ပေါ်လာမည့် တာဝန်ရှိမှု များနှင့် စပ်လျဉ်း၍လည်းကောင်း လူမွဲဖြစ်သည်ဟု သတ်မှတ်ခံရသည့်ပုဂ္ဂိုလ်၏ ပိုင်ဆိုင်သောပစ္စည်းများနှင့် စပ်လျဉ်းသည့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ အဆိုပါ အချိန်ကာလတွင် အတည်ဖြစ်လျက်ရှိသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ အဆိုပါ ကိစ္စရပ်များတွင် သက်သေထင်ရှား တင်ပြရမည့် ပုဂ္ဂိုလ်များနှင့် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များမှ အမြတ်ဝေစုများကို လက်ခံရရှိမည့်ပုဂ္ဂိုလ်များ အားလုံးသည် ကုမ္ပဏီကို ဖျက်သိမ်းသည့်ကိစ္စရပ်၌ ပါဝင်လာမည်ဖြစ်ပြီး ဤပုဒ်မအရ ရထိုက်ခွင့် ရှိသူများအဖြစ် ကုမ္ပဏီအပေါ် အဆိုပါတင်ပြ တောင်းဆိုမှုများကို ပြုလုပ်နိုင်သည်။ ဦးစားပေးငွေပေးချေမှုများ ၃၉၁။ (က) ကုမ္ပဏီကို ဖျက်သိမ်းသည့်အခါ အခြားသောကြွေးမြီများထက် အောက်ပါတို့ကို ဦးစားပေး၍ ပေးချေမှုများပြုလုပ်ရမည် - (၁) အစိုးရ သို့မဟုတ် ဒေသအာဏာပိုင်တစ်ရပ်ရပ်သို့ ကုမ္ပဏီကပေးချေရမည့် ပုဒ်မခွဲ (င) တွင် ဖော်ပြထားသည့်နေ့ရက်၌ အဆိုပါနေ့ရက်မတိုင်မီ ၁၂ လအတွင်း ပေးချေရန်ကျရောက်သည့် ဘဏ္ဍာငွေများ၊ အခွန်များ၊ စည်းကြပ်ခွန်များ၊ အခွန်အခများ အားလုံး၊ (၂) အထက်ဖော်ပြပါနေ့ရက်မတိုင်မီ နှစ်လအတွင်း ကုမ္ပဏီသို့ဆောင်ရွက် ပေးထားသည့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်းသည့် စာရေး သို့မဟုတ် ဝန်ထမ်းတစ်ဦးစီ၏ လုပ်အားခများ သို့မဟုတ် လစာများအားလုံး၊ (၃) အထက်ဖော်ပြပါ နေ့ရက်မတိုင်မီ နှစ်လအတွင်း ကုမ္ပဏီသို့ ဆောင်ရွက်ပေးထားသည့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်းသည့် အချိန်ပိုင်းအရသော်လည်းကောင်း၊ လုပ်ငန်းပိုင်းအလိုက် သော်လည်းကောင်း ပေးချေရမည့် အလုပ်သမား သို့မဟုတ် ကာယလုပ်သားတစ်ဦးဦး၏ လုပ်ခများအားလုံး၊ (၄) ကုမ္ပဏီ၏ အရာရှိ သို့မဟုတ် ဝန်ထမ်းတစ်ဦးဦး သေဆုံးခြင်း သို့မဟုတ် မသန်စွမ်း ဖြစ်ခြင်းတို့နှင့် စပ်လျဉ်း၍ အလုပ်သမား လျော်ကြေးအက်ဥပဒေ သို့မဟုတ် အခြား သက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရပေးချေရမည့် လျော်ကြေးငွေများ၊ (၅) ကုမ္ပဏီက ခန့်အပ်ထားသည့် ဝန်ထမ်းများ၏ လူမှုဖူလုံရေးအတွက် အိုနာစာ ရန်ပုံငွေ၊ ပင်စင်ရန်ပုံငွေ၊ ဆုကြေးရန်ပုံငွေ၊ သို့မဟုတ် အခြားရန်ပုံငွေ တစ်ရပ်ရပ်မှ ဝန်ထမ်း တစ်ဦးဦးသို့ ပေးချေရမည့် ငွေပမာဏများအားလုံး၊ ၎င်းအပြင် (၆) ဤဥပဒေ၏ ပုဒ်မ ၂၇၁၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃) နှင့်အညီ ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်ရပ်အတွက် ကုန်ကျစရိတ်များ။ အထက်ဖော်ပြပါ ကြွေးမြီများအားလုံးကို - (၁) တန်းတူဦးစားပေးရမည်ဖြစ်ပြီး ရရန်ပိုင်ခွင့်များ လုံလောက်မှုရှိလျှင် အပြည့်အဝ ပေးချေရမည်။ ထိုသို့ ပေးချေရန်အတွက် ရရန်ပိုင်ခွင့်များ လုံလောက်မှုမရှိပါက ယင်းတို့အား အချိုးတူညီစွာဖြင့် လျှော့ချပေးချေရမည်၊ ၎င်းအပြင် (၂) သာမန်မြီရှင်များသို့ ငွေပေးချေရန်အတွက် ကုမ္ပဏီ၏ရရန်ပိုင်ခွင့်များသည် လုံလောက်မှုမရှိသည့်အခါ အထက်ဖော်ပြပါကြွေးမြီများအားလုံးကို ကုမ္ပဏီက ပြုလုပ်ထားသည့် ရရန်ပိုင်ခွင့်များအပေါ် အပြောင်းအလဲရှိသော ကြွေးမြီတာဝန် တင်ရှိခြင်း (floating charge) တစ်ရပ်ရပ်အရ ငွေချေးလက်မှတ်များအား ပိုင်ဆိုင်ထားသူ၏ တင်ပြတောင်းဆိုမှုထက်ဦးစားပေး၍ ဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါ အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တင်ရှိခြင်းတွင်ပါဝင်သော သို့မဟုတ် သက်ဆိုင်သောပစ္စည်းတစ်ရပ်ရပ်မှ ပေးချေရမည်။ (ဂ) ကုမ္ပဏီဖျက်သိမ်းရန် ကုန်ကျစရိတ်များနှင့် အသုံးစရိတ်များအတွက် လိုအပ်မည့်ငွေ ပမာဏကို ထိန်းသိမ်းထားရှိပြီး ဖော်ပြပါ ကြွေးမြီများကို ရရန်ပိုင်ခွင့်များ လုံလောက်မှု ရှိသည့် အတိုင်းအတာအထိ ချက်ချင်းပေးချေရမည်။ (ဃ) ကုမ္ပဏီဖျက်သိမ်းသည့်အမိန့် ချမှတ်သည့်နေ့ရက်မတိုင်မီ သုံးလအတွင်း ကုမ္ပဏီ၏ ကုန်ပစ္စည်းများ သို့မဟုတ် ရရန်ပိုင်ခွင့်များကို မြေအဆောက်အအုံပိုင်ရှင် သို့မဟုတ် အခြားသူတစ်ဦးဦးက ကြွေးမြီအတွက် ပစ္စည်းသိမ်းယူထားလျှင် သို့မဟုတ် ကြွေးမြီအတွက် ပစ္စည်းသိမ်းယူလျှင် ဤပုဒ်မအရ ဦးစားပေး၍ ပေးချေရမည့် ကြွေးမြီများအားလုံးကို ထိုသို့သိမ်းယူထားလျှင် ကုန်ပစ္စည်းများ သို့မဟုတ် ရရန်ပိုင်ခွင့်များအပေါ်တွင် လည်းကောင်း၊ အဆိုပါပစ္စည်းများကို ရောင်းချရရှိသည့် ငွေကြေးများအပေါ်တွင်လည်းကောင်း ပထမဦးစွာ ပေးချေဆောင်ရွက်ရမည်။ သို့ရာတွင် ပေါင်နှံမှုတစ်ရပ်ရပ်အရ ပေးချေရသည့် ငွေကြေး တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ မြေအဆောက်အအုံပိုင်ရှင် သို့မဟုတ် အခြားသူတစ်ဦးသည် ငွေပေးချေခြင်းကိုလက်ခံရမည့်ပုဂ္ဂိုလ်ကဲ့သို့ အလားတူ ဦးစားပေးအခွင့်အရေးကို ရရှိ စေရမည်။ (င) ဤပုဒ်မတွင် ရှေ့ပိုင်း၌ ရည်ညွှန်းဖော်ပြခဲ့သော ရက်စွဲသည် - (၁) ယခင်က ဆန္ဒအလျောက်ဖျက်သိမ်းရန်အတွက် စတင်ဆောင်ရွက်ခြင်းမပြုခဲ့သေးသော ဆန္ဒအလျောက်ဖျက်သိမ်းရန် အမိန့်ချမှတ်ခြင်းခံရသည့် ကုမ္ပဏီတစ်ခုနှင့် သက်ဆိုင်သောကိစ္စရပ်တွင် ကုမ္ပဏီဖျက်သိမ်းရန် အမိန့်ချမှတ်သည့်နေ့ရက်နှင့် (၂) အခြားကိစ္စရပ်များတွင် ကုမ္ပဏီဖျက်သိမ်းရန် စတင်ဆောင်ရွက်သည့်နေ့။ ပစ္စည်းများကိုစွန့်လွှတ်ခြင်း ၃၉၂။ (က) ဖျက်သိမ်းခံရသည့် ကုမ္ပဏီ၏ပစ္စည်းတစ်ရပ်ရပ်တွင် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် တာဝန်များ ပါရှိသော သက်တမ်းတစ်ရပ်ရပ် သတ်မှတ်ပါရှိသည့်မြေများ၊ ကုမ္ပဏီ၏ စတော့ရှယ်ယာများ၊ အကျိုးအမြတ်မပါရှိသော ပဋိညာဉ်စာချုပ်များ၊ ရောင်းချခြင်းမပြုနိုင်သော အခြားပစ္စည်းများ၊ အလွယ်တကူ ရောင်းချနိုင်သည့်ပစ္စည်းများပါဝင်ခဲ့လျှင် တာဝန်ရှိသည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်စေရန် သို့မဟုတ် ငွေကြေးတစ်ရပ်ရပ်ကို ပေးချေစေရန်အတွက် အဆိုပါပစ္စည်းများကို လက်ဝယ်ထားရှိသူအပေါ် တရားဝင်စည်းနှောင်မှုရှိသည်ဆိုသော အကြောင်းကြောင့် ကုမ္ပဏီ၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် ပစ္စည်းများကိုရောင်းချရန် သို့မဟုတ် ပိုင်ဆိုင်မှုအား ရယူရန် ကြိုးပမ်းအားထုတ်ခြင်း၊ သို့မဟုတ် ယင်းတို့နှင့်စပ်လျဉ်း၍ ပိုင်ဆိုင်ခွင့်တစ်ရပ်ရပ်ကို ကျင့်သုံးနေစေကာမူတရားရုံး၏ ခွင့်ပြုချက်အရလည်းကောင်း၊ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို လိုက်နာ၍လည်းကောင်း ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်အချိန်မှ ၁၂ လအတွင်း သို့မဟုတ် တရားရုံးက ခွင့်ပြုသည့် ထပ်မံတိုးမြှင့် ပေးသည့်ကာလအတွင်း မည်သည့်အချိန်တွင်မဆို ၎င်းက စာဖြင့်ရေးသားလက်မှတ်ရေးထိုး၍ ပစ္စည်းများကိုစွန့်လွှတ်နိုင်သည်။ သို့ရာတွင် ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်အချိန်မှ ၂၈ ရက်အတွင်း ပစ္စည်းတစ်ရပ်ရပ်အတွက် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက သိရှိထားခြင်းမရှိခဲ့လျှင် ပစ္စည်းများစွန့်လွှတ်ခြင်း နှင့်သက်ဆိုင်သော ဤပုဒ်မအရ အခွင့်အာဏာကို ယင်းပစ္စည်းနှင့်စပ်လျဉ်း၍ ၎င်းအနေဖြင့် စတင်သိရှိသည့်အချိန်မှ ၁၂ လအတွင်း သို့မဟုတ် တရားရုံးကခွင့်ပြုသည့် ထပ်မံ တိုးမြှင့်ပေးသည့်ကာလအတွင်း မည်သည့်အချိန်တွင်မဆို ကျင့်သုံးဆောင်ရွက်နိုင်သည်။ ( ခ ) စွန့်လွှတ်ခြင်းသည် ထိုသို့စွန့်လွှတ်သည့်နေ့မှစ၍ စွန့်လွှတ်သည့်ပစ္စည်းများရှိ သို့မဟုတ် ယင်းတို့နှင့်စပ်လျဉ်းသည့် အခွင့်အရေးများ၊ အကျိုးခံစားခွင့်များနှင့် ကုမ္ပဏီ၏တာဝန်ရှိမှုများ၊ ကုမ္ပဏီ၏ပစ္စည်းများကို ဆုံးဖြတ်ဆောင်ရွက်သည်ဟုဖြစ်သည်။ သို့သော် စွန့်လွှတ်ခြင်းသည် တာဝန်ရှိမှုမှ ကုမ္ပဏီကိုသော်လည်းကောင်း၊ ကုမ္ပဏီ၏ ပစ္စည်းများကိုသော်လည်းကောင်း စွန့်လွှတ်ခွင့်ပြုရန်အတွက် လိုအပ်သည့်ကိစ္စရပ်မှအပ အခြားသူတစ်ဦးဦး၏ အခွင့်အရေးများ သို့မဟုတ် တာဝန်ရှိမှုများကို ထိခိုက်စေခြင်းမရှိစေရ။ (ဂ) တရားရုံးသည် စွန့်လွှတ်ခွင့်မပြုမီတွင်ဖြစ်စေ၊ စွန့်လွှတ်ရန်ခွင့်ပြုသည့်အခါတွင်ဖြစ်စေ၊ အကျိုးသက်ဆိုင်သည့်ပုဂ္ဂိုလ်များသို့ အကြောင်းကြားစာများကို ပေးပို့စေနိုင်ပြီး ဆောင်ရွက်ခွင့်ပြုမည့် စည်းကမ်းချက်များကို သတ်မှတ်နိုင်သည့်အပြင် တရားရုံးက သင့်သည်ထင်မြင်သည့်အတိုင်း တရားမျှတသော အခြားအမိန့်တစ်ရပ်ရပ်ကို ချမှတ် နိုင်သည်။ (ဃ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ၎င်းက စွန့်လွှတ်ခြင်းပြုမည် မပြုမည်ကို ဆုံးဖြတ်ရန်လိုအပ်သည်ဟု အကျိုးခံစားခွင့်ရှိသူတစ်ဦးဦးက ၎င်းထံစာဖြင့် ရေးသား၍ တင်ပြလျှောက်ထားလာလျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အဆိုပါ လျှောက်ထားမှုအား လက်ခံရရှိပြီးနောက် ၂၈ ရက်အတွင်း သို့မဟုတ် တရားရုံးက ခွင့်ပြုသည့် ထပ်မံတိုးမြှင့်ပေးသည့်ကာလအတွင်း ၎င်းအနေဖြင့် စွန့်လွှတ်ခွင့်ရရှိရေးအတွက် တရားရုံးသို့ တင်ပြလျှောက်ထားရန် ကြံရွယ်ကြောင်းလျှောက်ထားသူသို့ အကြောင်းကြားစာ မပေးပို့ခဲ့သည့်ကိစ္စတွင် ဤပုဒ်မအရ ပစ္စည်းတစ်ရပ်ရပ်ကို စွန့်လွှတ်ခွင့်မရှိစေရ။ ပဋိညာဉ်စာချုပ် တစ်ရပ်ရပ်ကို စွန့်လွှတ်သည့်ကိစ္စရပ်တွင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် အထက်ဖော်ပြပါအတိုင်း လျှောက်ထားမှုအား ပြုလုပ်ပြီးနောက် ဖော်ပြပါကာလ သို့မဟုတ် ထပ်မံတိုးမြှင့်ပေးသည့်ကာလအတွင်း ထိုပဋိညာဉ်စာချုပ်ကို စွန့်လွှတ်ခြင်းမပြုခဲ့လျှင် ကုမ္ပဏီသည် ယင်းစာချုပ်အား လက်ခံပြီးဖြစ်သည်ဟု မှတ်ယူရမည်။ (င ) စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအား ဆန့်ကျင်၍ ကုမ္ပဏီနှင့် ပြုလုပ်ထားသော ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်အရ တာဝန်ရှိသူသို့မဟုတ် ယင်းနှင့်စပ်လျဉ်းသည့် အကျိုးခံစားခွင့်ကို ရခွင့်ရှိသူတစ်ဦးဦးက လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် ပဋိညာဉ်စာချုပ်ကို ပယ်ဖျက်သည့် အမိန့်တစ်ရပ်ရပ်ချမှတ်၍ လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အတွက် တစ်ဖက်ဖက်ထံသို့ သို့မဟုတ်၎င်းတို့ထံမှ ငွေပေးချရန် စည်းကမ်းချက်များကို သတ်မှတ်နိုင်သည့် သို့မဟုတ် တရားရုံးက သင့်သည်ထင်မြင်သည့်အတိုင်း အခြားအမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။ အဆိုပါအမိန့်အရ ဖော်ပြပါပုဂ္ဂိုလ်သို့ ပေးချေရမည့် နစ်နာကြေးတစ်ရပ်ရပ်ကို ကုမ္ပဏီဖျက်သိမ်းသည့်အခါ ကြွေးမြီတစ်ရပ်အဖြစ် ၎င်းကတင်ပြနိုင်သည်။ (စ) စွန့်လွှတ်မည့်ပစ္စည်းတစ်ရပ်တွင် အကျိုးခံစားခွင့်တစ်ရပ်ရပ်ကို တင်ပြတောင်းဆိုသူတစ်ဦးဦး သို့မဟုတ် စွန့်လွှတ်မည့်ပစ္စည်းနှင့်စပ်လျဉ်း၍ ဤဥပဒေအရ ကင်းလွတ်ခြင်းမပြုရသေးသည့် တာဝန်ရှိမှုတစ်ရပ်အရ သက်ဆိုင်သည့်ပုဂ္ဂိုလ်တစ်ဦးဦးက တင်ပြလျှောက်ထားလာလျှင် တရားရုံးသည် သင့်သည်ထင်မြင်သည့်အတိုင်း အဆိုပါပုဂ္ဂိုလ်ကို ကြားနာပြီးပစ္စည်းများတွင် အကျိုးခံစား ခွင့်ရှိသူသို့ဖြစ်စေ၊ အထက်တွင်ဖော်ပြပါရှိသည့် တာဝန်ရှိမှုအတွက် လျော်ကြေး တစ်ရပ်အဖြစ် ပစ္စည်းများအား ပေးအပ်သင့်သည်ဟု ယူဆသူသို့ဖြစ်စေ၊ ထိုသူများ၏ ယုံကြည်အပ်နှံခြင်းခံရသူများသို့ဖြစ်စေ တရားရုံးက သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များ သတ်မှတ်၍ ပစ္စည်းများအား အပ်နှင်းရန် သို့မဟုတ် ပစ္စည်းများကို ပေးအပ်ရန်အတွက် အမိန့်တစ်ရပ်ကိုချမှတ်နိုင်သည်။ ထိုသို့ ပစ္စည်းအပ်နှင်းသည့် အမိန့်အားချမှတ်ပြီးသည့်အခါ ယင်းတွင်ပါဝင်သော ပစ္စည်းများကို ပစ္စည်းလွှဲပြောင်းမှုစာချုပ်တစ်ရပ်သို့မဟုတ် စည်းကမ်းချက် တစ်ရပ်မပါရှိဘဲအမိန့်တွင် အမည်ဖော်ပြထားသည့် ပုဂ္ဂိုလ်သို့အပ်နှင်းရမည်။ သို့ရာတွင် စွန့်လွှတ်သည့်ပစ္စည်းသည် ငှားရမ်းထားခြင်းဖြစ်ပါက တရားရုံးသည် အောက်ပါအချက် များနှင့် ညီညွတ်ခြင်းမှတစ်ပါး ထပ်ဆင့်အငှားချထားခံရသူ သို့မဟုတ် အပေါင်ခံသူအဖြစ် ကုမ္ပဏီတွင်တင်ပြတောင်းဆိုသူ တစ်ဦးဦးအတွက် ပစ္စည်းအပ်နှင်းသည့် အမိန့်တစ်ရပ်ရပ်ကို ချမှတ်ခြင်းမပြုရ - (၁) ကုမ္ပဏီဖျက်သိမ်းမှုစတင်သည့်အချိန်၌ ပစ္စည်းနှင့်စပ်လျဉ်း၍ အငှားချထားမှုအရ ကုမ္ပဏီနှင့်သက်ဆိုင်သည့် တာဝန်ရှိမှုများကဲ့သို့ အလားတူတာဝန်ရှိမှုများနှင့် သက်ဆိုင်လျှင် သို့မဟုတ် အဆိုပါနေ့ရက်တွင် ဖော်ပြပါပုဂ္ဂိုလ်သို့ အငှားချထားမှုအား လွှဲအပ်ထားသကဲ့သို့ လည်းကောင်း၊ ငှားရမ်းသည့်ပစ္စည်းတွင် ပစ္စည်းအပ်နှံသည့် အမိန့်တွင်ပါရှိသော ပစ္စည်းများသာပါဝင်သကဲ့သို့လည်းကောင်း၊ ဖော်ပြပါ စည်းကမ်းချက်များဖြင့် ပစ္စည်းအပ်နှံသည့်အမိန့်ကို လက်ခံရန်ငြင်းပယ်သော အပေါင်ခံသူများ သို့မဟုတ် ထပ်ဆင့်အငှားချထားခြင်းခံရသူများသည် ပစ္စည်းများရှိ အကျိုးခံစားခွင့်နှင့် ပစ္စည်းများအပေါ်ထားရှိသည့် အာမခံများအားလုံးမှ ဖယ်ရှားရမည်ဖြစ်ပြီး ဖော်ပြပါ စည်းကမ်းချက်များဖြင့် အမိန့်တစ်ရပ်ကိုလက်ခံရန်ဆန္ဒရှိပြီး ကုမ္ပဏီတွင် တင်ပြ တောင်းခံမှုပြုသူမရှိခဲ့လျှင် ကုမ္ပဏီမှ ပြုလုပ်ထားသည့် ပစ္စည်းများ၊ ကြွေးမြီ တာဝန်များနှင့် အကျိုးခံစားခွင့်များမှလွတ်ကင်းသည့် ငှားရမ်းမှုအရ အငှားချ ထားခြင်းခံရသူ၏ သဘောတူညီချက်အားဆောင်ရွက်ရန် တရားရုံးသည် ကုမ္ပဏီ၏ပစ္စည်းများနှင့် ပစ္စည်းတွင်ပါရှိသောအကျိုးခံစားခွင့်များကို တာဝန်ရှိသူ တစ်ဦးဦးထံသို့ တစ်ဦးချင်းအရဖြစ်စေ၊ ကိုယ်စားလှယ်အရဖြစ်စေ၊ တစ်ဦးတည်း သော်လည်းကောင်း၊ ကုမ္ပဏီနှင့်တွဲဖက်၍သော်လည်းကောင်း အပ်နှင်းရန် အခွင့်အာဏာရှိသည်။ (ဆ) ဤပုဒ်မအရ စွန့်လွှတ်မှုတစ်ရပ်ကို ဆောင်ရွက်ခြင်းကြောင့် ထိခိုက်သည့် ပုဂ္ဂိုလ်တစ်ဦးဦးသည် ထိခိုက်သည့်ပမာဏအတွက် ကုမ္ပဏီ၏ မြီရှင်ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ကုမ္ပဏီ ဖျက်သိမ်းသည့်အခါတွင် ကြွေးမြီတစ်ရပ်အဖြစ် ထိုပမာဏအား တင်ပြနိုင်သည်။ လိမ်လည်လှည့်ဖြားသော ဦးစားပေးရယူမှု ၃၉၃။ (က) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကဖြစ်စေ၊ တစ်ဦးတစ်ယောက်အပေါ်တွင်ဖြစ်စေ ပြုလုပ်ခဲ့ပြီး ၎င်း၏လူမွဲခံယူမှုတွင် လိမ်လည်လှည့်ဖြားသော ဦးစားပေးရယူမှုဖြစ်သည်ဟု မှတ်ယူရမည့် ပစ္စည်းများကို လွှဲပြောင်းခြင်း၊ ပေးပို့ခြင်း၊ ပစ္စည်းနှင့်စပ်လျဉ်း၍ ငွေပေးချေခြင်း၊ အတည်ပြု ဆောင်ရွက်ခြင်း သို့မဟုတ် အခြားဆောင်ရွက်ချက်တစ်ရပ်ရပ်ကို ပြုလုပ်ခြင်းတို့ကို ကုမ္ပဏီဖျက်သိမ်းသည့်ကိစ္စရပ်၌ ကုမ္ပဏီကဖြစ်စေ၊ ကုမ္ပဏီအပေါ်တွင်ဖြစ်စေ ပြုလုပ်ခဲ့လျှင် ၎င်း၏မြီရှင်များသို့ လိမ်လည်လှည့်ဖြားသော ဦးစားပေးရယူမှုတစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ချက်သည် တရားဝင်ခြင်းမရှိစေရ။ ( ခ ) ဤပုဒ်မပါ ကိစ္စရပ်များအတွက် တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ၊ ကုမ္ပဏီဖျက်သိမ်းသည့်ကိစ္စရပ်တွင် ကုမ္ပဏီဖျက်သိမ်းရန်အတွက် လျှောက်ထားမှုတစ်ရပ်ကို တင်ပြခြင်းနှင့် ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းသည့် ကိစ္စရပ်တွင် ကုမ္ပဏီဖျက်သိမ်း ရန်အတွက် ဆုံးဖြတ်ချက်တစ်ရပ်ကို တင်ပြခြင်းတို့ကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့် သက်ဆိုင်သည့် လူမွဲခံယူဆောင်ရွက်မှုနှင့် တူညီသည်ဟုမှတ်ယူရမည်။ (ဂ ) ကုမ္ပဏီ၏ ပစ္စည်းများအားလုံးကို ကုမ္ပဏီက ၎င်း၏မြီရှင်များအားလုံး၏ အကျိုးခံစားခွင့် များအတွက် ယုံကြည်အပ်နှံခြင်းခံရသူများသို့ လွှဲပြောင်းဆောင်ရွက်ခြင်းသည် ပျက်ပြယ်စေရမည်။ ဝရမ်းကပ်ခြင်း၊ အတည်ပြုဆောင်ရွက်ခြင်းများ စသည်တို့ကိုမပြုရခြင်း ၃၉၄။ (က) တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းသည့်အခါ ကုမ္ပဏီဖျက်သိမ်းမှု စတင်ပြီးနောက် ပစ္စည်းများ သို့မဟုတ် ရရန်ပိုင်ခွင့်များအပေါ် တရားရုံး၏ ခွင့်ပြုချက်မပါရှိဘဲ ဝရမ်းကပ်ခြင်း၊ ပစ္စည်းများကို သိမ်းဆည်းခြင်း သို့မဟုတ် အခြားတရားဝင် အစီအစဉ်တစ်ရပ်ရပ်အရ အတည်ပြု ဆောင်ရွက်ခြင်းများ သို့မဟုတ် ကုမ္ပဏီ၏ ပစ္စည်း တစ်ရပ်ရပ်ကို တရားရုံး၏ ခွင့်ပြုချက်မပါရှိဘဲ ရောင်းချခြင်းများသည် ပျက်ပြယ်စေရမည်။ (ခ) ဤပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်မဆို အစိုးရကဆောင်ရွက်သည့် ကိစ္စရပ် များနှင့် သက်ဆိုင်ခြင်းမရှိစေရ။ အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တင်ရှိခြင်း (floating charge) ၏ အကျိုးသက်ရောက်မှု ၃၉၅။ ကုမ္ပဏီတစ်ခုအား ဖျက်သိမ်းသည့်အခါ ကုမ္ပဏီဖျက်သိမ်းသည့်နေ့မှစ၍ သုံးလအတွင်း ပြုလုပ်ခဲ့သောကုမ္ပဏီ၏ တာဝန်ယူဆောင်ရွက်မှု သို့မဟုတ် ပစ္စည်းများနှင့်စပ်လျဉ်း၍ ပြုလုပ်သည့် အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တင်ရှိခြင်း (floating charge)သည် အဆိုပါ အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တင်ရှိခြင်းကို ပြုလုပ်ပြီးနောက် ကုမ္ပဏီသည် ချက်ချင်းလူမွဲခံယူရခြင်းမရှိခဲ့လျှင် အဆိုပါ ပမာဏအပေါ် တစ်နှစ်လျှင် ငါးရာခိုင်နှုန်းအတိုးနှုန်းဖြင့် အဆိုပါကြွေးမြီတာဝန်တင်ရှိခြင်း ပြုလုပ်သည့် အချိန်တွင်သော်လည်းကောင်း၊ ထိုကြွေးမြီတာဝန်တင်ရှိခြင်း ပြုလုပ်ပြီးနောက်တွင်သော်လည်းကောင်း ကြွေးမြီတာဝန်တင်ရှိခြင်းအတွက် အဖိုးစားနားအဖြစ် ကုမ္ပဏီသို့ပေးချေခဲ့သည့် ငွေသားပမာဏမှအပ တရားဝင်ခြင်းမရှိစေရ။ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအတွက် ယေဘုယျအစီအစဉ်များကို ခွင့်ပြုနိုင်ခြင်း ၃၉၆။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် တရားရုံး၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီကို ဖျက်သိမ်းသည့်အခါ တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ၊ ဆန္ဒအလျောက် ကုမ္ပဏီ၏ အထူးဆုံးဖြတ်ချက်အရ ခွင့်ပြုချက်ဖြင့်ဖြစ်စေ အောက်ပါကိစ္စရပ်များ အားလုံးကို ဖြစ်စေ၊ တစ်ရပ်ရပ်ကိုဖြစ်စေ ဆောင်ရွက်နိုင်သည် - (၁) မြီရှင်အမျိုးအစားတစ်ရပ်ရပ်သို့ အပြည့်အဝငွေပေးချေခြင်း၊ (၂) မြီရှင်များနှင့်ဖြစ်စေ၊ မြီရှင်များဖြစ်သည်ဟု တောင်းဆိုနေသူများနှင့်ဖြစ်စေ၊ ကုမ္ပဏီ အနေဖြင့် ယခုသော်လည်းကောင်း၊ နောင်တွင်သော်လည်းကောင်း တာဝန်ရှိနိုင်သည့် တောင်းဆိုမှုတစ်ရပ်ရပ် ပြုလုပ်သူများနှင့်ဖြစ်စေ သဘောတူညီမှု သို့မဟုတ် စီစဉ်ဆောင်ရွက်မှုတစ်ရပ်ရပ် ပြုလုပ်ခြင်း၊ ကုမ္ပဏီနှင့် ကြွေးမြီပေးဆပ်ရသူများ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများဟု သတ်မှတ် ခံရသူများ သို့မဟုတ် အခြားမြီစားများ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ သို့မဟုတ် ကုမ္ပဏီသို့တာဝန်ရှိကြသူများအကြား ငွေကြေးထည့်ဝင်ရန် တောင်းဆိုမှုများနှင့် ထိုတောင်းဆိုမှုများအတွက် တာဝန်ရှိမှုများ၊ ကြွေးမြီများနှင့် ကြွေးမြီများကြောင့် ဖြစ်ပေါ်လာသည့်တာဝန်ရှိမှုများ၊ ယခုသော်လည်းကောင်း၊ နောင်တွင်သော်လည်းကောင်း ဖြစ်ပေါ်မည် သို့မဟုတ် ဖြစ်ပေါ်နိုင်ဖွယ်ရှိသည့် တင်ပြတောင်းဆိုမှုများနှင့် ကုမ္ပဏီ နှင့်လည်းကောင်း၊ ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များနှင့် လည်းကောင်း၊ ကုမ္ပဏီဖျက်သိမ်းခြင်း နှင့်လည်းကောင်း သက်ဆိုင်သည့်ကိစ္စရပ်များကို သဘောတူညီထားသည့် စည်းကမ်း ချက်များဖြင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ အဆိုပါတောင်းဆိုမှုများ၊ ကြွေးမြီများ၊ တာဝန်ရှိမှုများ သို့မဟုတ် တင်ပြတောင်းဆိုမှုများကို ဆောင်ရွက်ရန်အတွက် အာမခံတစ်ရပ်ရပ်ရယူခြင်းနှင့် ၎င်းတို့နှင့်စပ်လျဉ်း၍ပြီးစီးအောင် ဆောင်ရွက်ခြင်း။ ( ခ ) ဤပုဒ်မအရ အခွင့်အာဏာများကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ကျင့်သုံး ဆောင်ရွက်ခြင်းသည် တရားရုံး၏ ကြီးကြပ်မှုနှင့်အညီဖြစ်စေရမည်။ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးသည် အဆိုပါ အခွင့်အာဏာများကို ကျင့်သုံးဆောင်ရွက်ခြင်း နှင့်စပ်လျဉ်း၍ တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည်။ ပြစ်မှုကျူးလွန်သည့် ဒါရိုက်တာများစသည်တို့အပေါ် နစ်နာကြေးရယူရန် တရားရုံး၏အခွင့်အာဏာ ၃၉၇။ (က) ကုမ္ပဏီကိုဖျက်သိမ်းသည့်အခါ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း သို့မဟုတ် ကုမ္ပဏီကို ကမကထပြုလုပ်ခြင်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဦး၊ သို့မဟုတ် ယခင်ကဖြစ်စေ၊ ယခုဖြစ်စေ တာဝန်ထမ်းဆောင်ခဲ့သော ဒါရိုက်တာ သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ သို့မဟုတ် ကုမ္ပဏီ၏အရာရှိတစ်ဦးဦးသည် ကုမ္ပဏီ၏ငွေကြေးများ သို့မဟုတ် ပစ္စည်းများအတွက် အလွဲသုံးခဲ့ကြောင်း၊ ရယူခဲ့ကြောင်း သို့မဟုတ် တာဝန်ရှိကြောင်း ပေါ်ပေါက်ခဲ့လျှင် သို့မဟုတ် ကုမ္ပဏီနှင့်စပ်လျဉ်း၍ အရှိန်အဝါအလွဲသုံးစားပြုမှု သို့မဟုတ် ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုတို့အတွက် အပြစ်ရှိကြောင်းပေါ်ပေါက်ခဲ့ကြောင်း တွေ့ရှိလျှင် တရားရုံးသည် စာရင်းရှင်းလင်းဖျက် သိမ်းရေးအရာရှိ၊ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးက ကုမ္ပဏီဖျက်သိမ်းခြင်းတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ပထမဆုံး ခန့်အပ်ခဲ့သည့်နေ့ရက်မှဖြစ်စေ၊ အလွဲအသုံးပြုခြင်း၊ ရယူခြင်း၊ အရှိန်အဝါအလွဲ သုံးစားပြုမှု သို့မဟုတ် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုတို့ကို ပြုလုပ်ခဲ့သည့်နေ့မှ သုံးနှစ်အတွင်း ဖြစ်စေ၊ ယင်းတို့အနက် ပိုမိုရှည်ကြာသည့် ကာလအတွင်းပြုလုပ်သည့် လျှောက်ထားသည့် အပေါ် ကမကထပြုသူများ၊ ဒါရိုက်တာများ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် အရာရှိများ၏ ပြုမူဆောင်ရွက်ချက်များကို စစ်ဆေးနိုင်ပြီး တရားရုံးက သင့်သည် ထင်မြင်သည့် အတိုးနှုန်းဖြင့် ငွေကြေး သို့မဟုတ် ပစ္စည်း သို့မဟုတ် ယင်းတို့နှင့်သက်ဆိုင်သည့် ကိစ္စတစ်ရပ်ရပ်ကို ပြန်လည်ပေးချေရန် သို့မဟုတ် ပြန်လည်ထားရှိရန် အဆိုပါ ပုဂ္ဂိုလ် များအား အတင်းအကြပ်ဆောင်ရွက်စေနိုင်သည် သို့မဟုတ် တရားရုံးက သင့်သည်ထင်မြင် သည့်အတိုင်း အလွဲအသုံးပြုခြင်း၊ ရယူခြင်း၊ အရှိန်အဝါ အလွဲသုံးစားပြုမှု သို့မဟုတ် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုတို့နှင့်စပ်လျဉ်း၍ လျော်ကြေးအဖြစ် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များသို့ အဆိုပါငွေပမာဏများအား ထည့်ဝင်စေရန် အတင်းအကြပ်ဆောင်ရွက်စေနိုင်သည်။ ( ခ ) ပြစ်မှုကျူးလွန်သူမှာ ပြစ်မှုဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ တာဝန်ရှိနိုင်မည့်ပြစ်မှုဖြစ်စေ၊ ကာမူ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်စေရမည်။ စာရင်းစာအုပ်များကို လိမ်လည်အတုပြုခြင်း ၃၉၈။ စာရင်းရှင်းလင်းဖျက်သိမ်းသည့်ကုမ္ပဏီတစ်ခုခုမှ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် ကြွေးမြီပေးဆပ် ရသူတစ်ဦးဦးသည် စာရင်းစာအုပ်များ၊ စာရွက်စာတမ်းများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်များကို ဖျက်ဆီးခြင်း၊ ပုံသဏ္ဍာန်ပျက်ယွင်းစေခြင်း၊ ပြောင်းလဲပြင်ဆင်ခြင်း၊ လိမ်လည်အတုပြုခြင်း သို့မဟုတ် လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် ဝှက်သိမ်းထားခြင်းတို့ကို ပြုလုပ်ခဲ့လျှင် သို့မဟုတ် အခြားသူ တစ်ဦးဦးအားလိမ်လည်လှည့်ဖြားရန် သို့မဟုတ် လှည့်ဖြားရန်အကြံဖြင့် မှတ်ပုံတင်စာရင်း၊ ငွေစာရင်း စာအုပ် သို့မဟုတ် ကုမ္ပဏီပိုင်သည့် စာရွက်စာတမ်းများကို မှားယွင်း၍ဖြစ်စေ၊ လိမ်လည်၍ဖြစ်စေ၊ ရေးသွင်းဆောင်ရွက်ခြင်း သို့မဟုတ် ထိုသို့ ပြုလုပ်သည်ကို ခွင့်ပြုခြင်းတို့ကို ပြုလုပ်ခဲ့လျှင် အဆိုပါ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် ကြွေးမြီ ပေးဆပ်ရသူသည် ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ကျခံရမည့် အပြင် ငွေဒဏ်လည်းကျခံရမည်။ ပြစ်မှုကျူးလွန်သည့် ဒါရိုက်တာများကို တရားစွဲဆိုခြင်း ၃၉၉။ (က) တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီဖျက်သိမ်းသည့် ကိစ္စရပ်တွင် ယခင်ကဖြစ်စေ၊ ယခုဖြစ်စေ တာဝန်ထမ်းဆောင်ခဲ့သော ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးသည် ကုမ္ပဏီနှင့်စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာ ပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှုတစ်ရပ်ရပ်အရ အပြစ်ရှိကြောင်း တရားရုံးက တွေ့ရှိလျှင် ကုမ္ပဏီဖျက်သိမ်းခြင်းတွင် အကျိုးသက်ဆိုင်သူတစ်ဦးဦးက လျှောက်ထားမှုဖြင့် ဖြစ်စေ၊ တရားရုံးကိုယ်တိုင် အရေးယူဆောင်ရွက်မှုဖြင့်ဖြစ်စေ တရားရုံးသည် ပြစ်မှုကျူးလွန်သူအား တရားစွဲဆိုစေရန် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသို့ ညွှန်ကြားနိုင်သည် သို့မဟုတ် ထိုကိစ္စရပ်ကို မှတ်ပုံတင်အရာရှိထံ တင်ပြနိုင်သည်။ ( ခ ) ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းသည့်အခါ ယခင်ကဖြစ်စေ၊ တာဝန်ထမ်းဆောင်ဆဲ ဖြစ်စေ တာဝန်ထမ်းဆောင်ခဲ့သော ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးသည် ကုမ္ပဏီနှင့်စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာ ပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှုတစ်ရပ်ရပ်အရ အပြစ်ရှိကြောင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကတွေ့ရှိလျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ထိုကိစ္စရပ်အား မှတ်ပုံတင် အရာရှိထံသို့ ချက်ချင်းအစီရင်ခံတင်ပြရမည်ဖြစ်ပြီး အဆိုပါ အချက်အလက်များကို မှတ်ပုံတင် အရာရှိထံသို့ ပေးပို့ရမည်။ ထို့အပြင် မှတ်ပုံတင်အရာရှိက လိုအပ်လျှင် ပေါ်ပေါက်လာသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လက်ဝယ်တွင်ရှိသောသို့မဟုတ် ၎င်း၏ ကြီးကြပ်မှုအောက်တွင်ရှိသော သတင်းအချက်အလက်များ သို့မဟုတ် စာရွက်စာတမ်း များကို စစ်ဆေးကြည့်ရှုခွင့်နှင့် ထိုစာရွက်စာတမ်းများကို မိတ္တူ ရယူခွင့်များ ဆောင်ရွက် နိုင်ရေးအတွက် ဝင်ရောက်ခွင့်ပြုရမည်။ ( ဂ ) မှတ်ပုံတင်အရာရှိထံသို့ ပုဒ်မခွဲ (ခ) အရ အစီရင်ခံစာတင်ပြပြီးသည့်အခါ မှတ်ပုံတင် အရာရှိသည် ၎င်းအနေဖြင့် သင့်သည်ထင်မြင်သည့်အတိုင်း အဆိုပါကိစ္စရပ်ကို ထပ်မံစုံစမ်း စစ်ဆေးရန်အတွက် ပြည်ထောင်စုဝန်ကြီးထံ တင်ပြနိုင်သည်။ ထိုသို့တင်ပြချက်အရ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကိစ္စရပ်ကို စုံစမ်းစစ်ဆေးနိုင်ပြီး သင့်သည်ထင်မြင်ပါက သက်ဆိုင်ရာ ကုမ္ပဏီနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအတွက် ပြည်ထောင်စုဝန်ကြီးက တာဝန်ပေးအပ်ထားသည့်ပုဂ္ဂိုလ်တစ်ဦးဦးကို တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းသည့် ကိစ္စရပ်တွင် ဤဥပဒေအရအပ်နှင်းထားသည့်အတိုင်း ကုမ္ပဏီ၏ကိစ္စရပ်များကို စုံစမ်း စစ်ဆေးနိုင်သည့် အခွင့်အာဏာအားလုံးကို ထိုသူထံသို့အပ်နှင်းသည့် အမိန့်တစ်ရပ်ချမှတ် ပေးနိုင်ရေးအတွက် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည်။ (ဃ) ပုဒ်မခွဲ (ခ) အရ မှတ်ပုံတင်အရာရှိထံသို့တင်ပြသည့် အစီရင်ခံစာနှင့်စပ်လျဉ်း၍ မှတ်ပုံတင် အရာရှိက အရေးယူဆောင်ရွက်သင့်သည့်ကိစ္စရပ်မဟုတ်ကြောင်း တွေ့ရှိလျှင် မှတ်ပုံတင် အရာရှိသည် ထိုအကြောင်းကို စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိထံသို့ ပြန်လည် အကြောင်းကြားရမည်။ ထိုအခါတရားရုံး၏ ကြိုတင်ခွင့်ပြုချက်ဖြင့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် ပြစ်မှုကျူးလွန်သူအပေါ် တရားစွဲဆိုဆောင်ရွက်နိုင်သည်။ (င) ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းသည့်အခါ ယခင်ကဖြစ်စေ၊ ယခုဖြစ်စေ တာဝန် ထမ်းဆောင်ခဲ့သော ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိ၊ သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးသည် ကုမ္ပဏီနှင့်စပ်လျဉ်း၍ အထက်ဖော်ပြပါအတိုင်း အပြစ်ရှိကြောင်း တရားရုံးကတွေ့ရှိလျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက မှတ်ပုံတင်အရာရှိ ထံသို့ အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ တင်ပြအစီရင်ခံခြင်း မရှိခဲ့လျှင်၊ တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းခြင်းတွင် အကျိုးသက်ဆိုင်သူတစ်ဦးဦးက လျှောက်ထားမှုဖြင့်ဖြစ်စေ၊ မိမိကိုယ်တိုင်အရေးယူ ဆောင်ရွက်မှုဖြင့်ဖြစ်စေ စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိအား ထိုအစီရင်ခံစာကို တင်ပြစေရန် ညွှန်ကြားနိုင်သည်။ ဤပုဒ်မပါ ပြဋ္ဌာန်းချက် များအရတင်ပြသည့်အစီရင်ခံစာသည် ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်များအရပြုလုပ်သည့် အစီရင်ခံစာကဲ့သို့ အကျိုးသက်ရောက်စေရမည်။ ( စ) ဤပုဒ်မအရ ကိစ္စရပ်တစ်ခုခုအား မှတ်ပုံတင်အရာရှိထံသို့ အစီရင်ခံ တင်ပြသည့်အခါ သို့မဟုတ် လွှဲအပ်သည့်အခါ မှတ်ပုံတင်အရာရှိသည် စွပ်စွဲခံရသူအား ၎င်းထံသို့စာဖြင့် ရေးသား၍ ရှင်းလင်းစေရန် အခွင့်အရေး ဦးစွာပေးအပ်ရမည်ဖြစ်ပြီး တင်ပြလာသည့်ကိစ္စမှာ တရားစွဲဆိုသင့်ကြောင်း မှတ်ပုံတင်အရာရှိက ယူဆလျှင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်ကို တောင်းခံရမည်။ ယင်းနောက် မှတ်ပုံတင်အရာရှိသည် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏အကြံပြုချက်ကို ထည့်သွင်းစဉ်းစားပြီးအမှုကို တရားစွဲဆိုရန် ဆုံးဖြတ်ပါက ယခင်ကဖြစ်စေ၊ ယခုဖြစ်စေ တာဝန်ထမ်းဆောင်ခဲ့သော ကုမ္ပဏီ၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ၊ အရာရှိများအားလုံးနှင့် ကိုယ်စားလှယ်များအားလုံးသည် တရားစွဲဆိုမှုတွင်ပါဝင်သည့် တရားခံမှအပ တရားစွဲဆိုမှုနှင့်သက်ဆိုင်သည့် အကူအညီများ အားလုံးကိုပေးအပ်ရမည်။ ဤပုဒ်မခွဲပါကိစ္စရပ်များအတွက် ကုမ္ပဏီနှင့်သက်ဆိုင်သည့် “ကိုယ်စားလှယ်” ဆိုသည်မှာ ကုမ္ပဏီ၏ အရာရှိဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ကုမ္ပဏီ၏ဘဏ်လုပ်ငန်းလုပ်ကိုင်သူ သို့မဟုတ် ဥပဒေအကြံပေးတစ်ဦးဦး၊ စာရင်းစစ်အဖြစ် ကုမ္ပဏီကခန့်အပ်ထားသည့် ပုဂ္ဂိုလ်တစ်ဦးဦးပါဝင်သည်ဟု မှတ်ယူရမည်။ (ဆ) မည်သူမဆို ပုဒ်မခွဲ (စ) အရ လိုအပ်သည့်အကူအညီများကို ပေးအပ်ရန်ပျက်ကွက်လျှင် တရားရုံးသည် မှတ်ပုံတင်အရာရှိ၏ လျှောက်ထားမှုအရ အဆိုပါပုဂ္ဂိုလ်အား ဖော်ပြပါ ပုဒ်မခွဲ၏ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်စေရန် ညွှန်ကြားနိုင်သည်။ အဆိုပါ လျှောက်ထားမှုသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိနှင့် သက်ဆိုင်ပါက ထိုသို့ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှု သို့မဟုတ် ပေါ့လျော့မှုသည် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိထံတွင် ထိုသို့လိုက်နာဆောင်ရွက်ရန်အတွက် ကုမ္ပဏီ၏ရရန်ပိုင်ခွင့်များ လုံလောက်စွာမရှိခြင်းဖြစ်ကြောင်းမှတစ်ပါး ထိုသို့လျှောက်ထားသည့် ကုန်ကျစရိတ်များကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက မိမိစရိတ်ဖြင့်ကျခံစေရန် ညွှန်ကြားနိုင်သည်။ မှားယွင်းတင်ပြသည့် သက်သေခံချက်များအတွက်ပြစ်ဒဏ် ၄၀၀။ ဤဥပဒေအရ ကျမ်းကျိန်ဆောင်ရွက်သည့် စစ်ဆေးမေးမြန်းမှုတစ်ရပ်ရပ် သို့မဟုတ် ဤဥပဒေအရ ကုမ္ပဏီဖျက်သိမ်းခြင်းတွင် သို့မဟုတ် ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် ကျမ်းကျိန်လွှာ၊ သက်သေခံချက် သို့မဟုတ် ကတိသစ္စာပြုခြင်းတစ်ရပ်ရပ် သို့မဟုတ် ဤဥပဒေအရ ပေါ်ပေါက်လာသည့်ကိစ္စတစ်ရပ်ရပ်တွင် သို့မဟုတ် ယင်းကိစ္စနှင့်စပ်လျဉ်း၍ မည်သူမဆို တမင်ကြံရွယ်၍ သက်သေခံချက်များကို မမှန်မကန်တင်ပြခဲ့လျှင် ထိုသူသည် ခုနစ်နှစ်အထိ ထောင်ဒဏ်ကျခံရမည့်အပြင် ငွေဒဏ်လည်းကျခံရမည်။

သင့်ထင်မြင်ချက်လေး ရေးခဲ့ပါ။

Please leave comments or requests to revise or update, about this law...


မိတ်ဆွေ ပြည်ထောင်စု သားရောင်းရင်းများ ခင်ဗျား... ဒီစာမျက်နှာ သို့မဟုတ် ဒီဥပဒေနဲ့ ပတ်သက်ပြီး သင်ဘာပြောချင် ပါသလဲ? သင် ဘယ်လို မြင်ပါသလဲ? ထောက်ခံသလား? ကန့်ကွက်သလား? ဘယ်အပိုင်းက ခေတ်နဲ့ မညီဘူး ဖြစ်နေသလဲ? ဘယ်အပိုင်းကို ဦးစားပေး ပြင်သင့်တယ် ထင်သလဲ?
  • ကြောက်လို့ ဘာမှ မပြောဘဲ နေတာဟာ အဂတိ လိုက်စားတာပါ။ ‘ဘယာဂတိ’ လို့ ခေါ်ပါတယ်။ ဒါတွေ ရပ်ဘို့ လိုပါတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာဘို့ ကျွန်တော်တို့ နိုင်ငံသားတွေကို အားပေး ရပါမယ်။ ပျိုးထောင် ရပါမယ်။ မိမိအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတာ၊ တိုင်ပင် နှီးနှောတာ ဒီမိုကရေစီပါ။ ဆွေးနွေးပါ။ ဝေဖန်ပါ။ အားပေးပါတယ်။ ကျွန်တော်တို့ အားလုံးကိုယ်တိုင်လည်း အဝေဖန်ခံနိုင်အောင် ကြိုးစားရပါမယ်။  သဘောထား ကြီးအောင်ကြိုးစားပြီး။ agree to disagree ဆိုတာကို ဒီမိုကရေစီ နည်းကျ ကျင့်ကြံကြရပါမယ်။
  • မိမိ လုပ်ရပ်အားလုံးကို မိမိ တာဝန်ယူရမယ်ဆိုတာလည်း ဒီမိုကရေစီပါ။ ဆဲဆိုတာတွေ၊ မလုပ်ဘဲ ချက်ကျလက်ကျ ပြောဆိုဆွေးနွေး စေချင်ပါတယ်။ မေတ္တာရပ်ခံ လိုပါတယ်။ 
  • မတရားတာတွေ ဒီမိုကရေစီနည်းနဲ့ ရပ်တန့်ဘို့က ဒီလို ဆွေးနွေးဘို့ များများ လိုပါတယ်။ ဒီမှာ ဆွေးနွေးတာတွေကို law-maker တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြင်အောင်၊ ဖတ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။ 
  • ကမ္ဘာမှာ အတိုးတက်ဆုံး အမေရိကန် ပြည်ထောင်စု ဆိုတာ ကမ္ဘာမှာ ဥပဒေ အများဆုံး ရှိတဲ့ တိုင်းပြည်ပါ။ ဆိုလိုတာက ချုပ်ချယ်မှု အများဆုံး တိုင်းပြည်ပါ။ ကာကွယ်သင့်တာတွေကို အကာအကွယ် အများဆုံး ပေးတဲ့ တိုင်းပြည်ပါ။ တစ်ချိန်တည်းမှာ ကမ္ဘာမှာ အလွတ်လပ်ဆုံး တိုင်းပြည်ပါ။ မိမိတို့ ချစ်တဲ့ မြန်မာနိုင်ငံကို the land of opportunities ဖြစ်လာအောင် ဝိုင်းဝန်း အကြံပေး ကြပါ။ ပြုပြင် ပေးကြပါလို့ နှိုးဆော် လိုက်ပါရစေ။

/ အယ်ဒီတာ

ဒီဥပဒေထဲမှာ ဘာတွေ ပြင်သင့်သလဲ? ဆွေးနွေးကြည့်ပါ။
What are needed to be revised in this law?

ဖွဲ့စည်းပုံကို သင့်ဖုန်းပေါ်မှာ ဖတ်နိုင်

Myanmar constitution app for Androidယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles. Download here.

ကက က္က

CSR project by Myanmars.NET

 
Welcome to Myanmar Laws Archive. This is a CSR (corporate social responsibility) project by Myanmars.NET for legal knowledge education program to our people. The law does not excuse people, because they do not know. Myanmar laws are based on English common law, so that it is very similar to many laws in United States, United Kingdom, Australia, Singapore, or Malaysia.

We also have a CSR policy that we do NOT do new businesses with alcoholic, cigarette, and MLM businesses.