၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစာစစ်အဖွဲ့ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ

(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃။)

၁၃၇၈ ခုနှစ်၊ တပေါင်းလဆန်း ရက်

(၂၀၁၇ ခုနှစ်၊ မတ်လ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစာစစ်အဖွဲ့ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစာစစ်အဖွဲ့ဥပဒေ ပုဒ်မ တွင်

(က) ပုဒ်မခွဲ () ကို အောက်ပါအတိုင်း အစားထိုးရမည်

“() ဤဥပဒေသည် ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်ပေးသော စာမေးပွဲများ ကျင်းပစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်အားလုံးနှင့် အကျုံးဝင်စေရမည်။

() ပုဒ်မခွဲ () ကို ပယ်ဖျက်ရမည်။

၃။ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစာစစ်အဖွဲ့ဥပဒေပုဒ်မ တွင်

(က) ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်

“(က) စာမေးပွဲ ဆိုသည်မှာ အခြေခံပညာရေးအဆင့် သင်ကြားမှု ပြီးဆုံးသည့်အခါ ဤဥပဒေအရ စာစစ်အဖွဲ့က စစ်ဆေးသော စာမေးပွဲကိုသော်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က အဆိုပါ စာစစ်အဖွဲ့သို့ သီးခြား တာဝန် လွှဲအပ်၍ စစ်ဆေးစေသော အခြားစာမေးပွဲကိုသော် လည်းကောင်း ဆိုသည်။

() ပုဒ်မခွဲ () ကို အောက်ပါအတိုင်း အစားထိုးရမည်

“() စာစစ်အဖွဲ့ဆိုသည်မှာ ဤဥပဒေပုဒ်မ အရ ဖွဲ့စည်းထားသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် စာစစ်အဖွဲ့ကို ဆိုသည်။

() ပုဒ်မခွဲ () ကို အောက်ပါအတိုင်း အစားထိုးရမည်

“() သင်ရိုးမာတိကာ ဆိုသည်မှာ စာစစ်အဖွဲ့က ကျင်းပစစ်ဆေးမည့် စာမေးပွဲများ အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့က သတ်မှတ်ဖွဲ့စည်းထားသော အဖွဲ့အစည်း များမှ ရေးဆွဲပြဋ္ဌာန်းထားသော ဘာသာရပ်များ၏ သင်ခန်းစာ အသေးစိတ် အစီအစဉ်ကို ဆိုသည်။

() ပုဒ်မခွဲ () ပုဒ်မခွဲငယ်() ၏နောက်တွင် ပုဒ်မခွဲငယ် () ကိုအောက်ပါအတိုင်း ဖြည့်စွက် ရမည်

“() ခွင့်ပြုချက်မရရှိဘဲ နည်းပညာတစ်ခုခု၏ အထောက်အကူကိုရယူ၍ ဖြေဆိုခြင်း၊

() ပုဒ်မခွဲ () ပုဒ်မခွဲငယ် () ကို ပုဒ်မခွဲငယ် () အဖြစ်ပြင်ဆင်ပြီး အောက်ပါအတိုင်း အစားထိုးရမည်

“() လူအစားထိုး၍ ဖြေဆိုခြင်း၊

() ပုဒ်မခွဲ () ပုဒ်မခွဲငယ် () ကို ပုဒ်မခွဲငယ် () အဖြစ်ပြင်ဆင်ပြီး အောက်ပါအတိုင်း အစားထိုးရမည်

“() မိမိ၏ အဖြေလွှာကို သက်ဆိုင်ရာ တာဝန်ရှိသူသို့ မပေးအပ်ဘဲ စာမေးပွဲခန်း ပြင်ပသို့ ယူသွားခြင်း၊

() ပုဒ်မခွဲ () ပုဒ်မခွဲငယ် () () () နှင့် (၁၀) တို့ကို ပုဒ်မခွဲငယ် () () (၁၀) နှင့် (၁၁) တို့အဖြစ် ပြင်ဆင်ပြီး အောက်ပါအတိုင်းအစားထိုးရမည်

“() အဖြေလွှာကို စာမေးပွဲဖြေဆိုနေစဉ်အတွင်း ပြင်ပအကူအညီဖြင့် လဲလှယ်ခြင်း၊ ထပ်ဖြည့်ခြင်း သို့မဟုတ် စာမေးပွဲဖြေဆိုပြီးနောက် တစ်နည်းနည်းဖြင့် လဲလှယ်ခြင်း၊ ထပ်ဖြည့်ခြင်း၊

() အဖြေလွှာကိုဆုတ်ဖြဲခြင်း၊ စစ်ဆေး၍မရအောင် ပြုလုပ်ခြင်း၊ အဖြေလွှာပေါ်တွင် ညစ်ညမ်းစာ၊ ညစ်ညမ်းပုံ ရေးဆွဲထားခြင်းနှင့် အမှတ်အသားများ တမင် ပြုထားခြင်း၊

(၁၀) စာမေးပွဲခန်းစောင့်ကြပ်သူတစ်ဦးဦး၏ မတရားသောနည်းဖြင့် ပြပေးခြင်း၊ ပြောပေးခြင်း၊ အကူအညီ ပေးခြင်းကို ရယူဖြေဆိုခြင်း၊

(၁၁) မေးခွန်းကို စာမေးပွဲမတိုင်မီ ကြိုတင်၍ ရယူခြင်း၊

() ပြန်လည်အမှတ်စဉ်ထားသည့် ပုဒ်မခွဲ() ပုဒ်မခွဲငယ် (၁၁) နောက်တွင် ပုဒ်မခွဲငယ် (၁၂)အဖြစ် အောက်ပါ အတိုင်း ဖြည့်စွက်ရမည်

“(၁၂) စာစစ်အဖွဲ့က မသမာသောနည်းဟု အခါအားလျော်စွာ သတ်မှတ်သည့် နည်းလမ်းဖြင့် ဖြေဆိုခြင်းတို့ကို ဆိုသည်။

၄။ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစာစစ်အဖွဲ့ဥပဒေ ပုဒ်မ ကို အောက်ပါအတိုင်း အစားထိုးရမည်

၃။ (က)  ပြည်ထောင်စုအစိုးရအဖွဲ့သည် စာမေးပွဲများ ကျင်းပစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ် များကို ကြီးကြပ်ရန် အတွက် စာစစ်အဖွဲ့ကို ဖွဲ့စည်းရမည်။

() စာစစ်အဖွဲ့တွင် အောက်ပါပုဂ္ဂိုလ်များ ပါဝင်စေရမည်

() ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တာဝန်ပေးအပ်သူ                       ဥက္ကဋ္ဌ

() ညွှန်ကြားရေးမှူးချုပ်၊  အခြေခံပညာဦးစီးဌာန                                        အဖွဲ့ဝင်

() ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန                                      အဖွဲ့ဝင်

() ညွှန်ကြားရေးမှူးချုပ်၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန            အဖွဲ့ဝင်

() ညွှန်ကြားရေးမှူးချုပ်၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန             အဖွဲ့ဝင်

() ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန       အဖွဲ့ဝင်

() ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ/အကဲဖြတ်) အခြေခံပညာဦးစီးဌာန               အဖွဲ့ဝင်

() အစိုးရခန့်ပုဂ္ဂိုလ်များ  အဖွဲ့ဝင်

() ညွှန်ကြားရေးမှူးချုပ်၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာန                                    အတွင်းရေးမှူး

() စာစစ်အဖွဲ့တွင် ရာထူးအလျောက် အဖွဲ့ဝင်များမှတစ်ပါး၊ အခြားအဖွဲ့ဝင်များ၏ သက်တမ်းမှာ သုံးနှစ်ဖြစ်ရမည်။

၅။ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစာစစ်အဖွဲ့ဥပဒေပုဒ်မ တွင်

(က) ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်

“(က) ပြည်ထောင်စုအစိုးရအဖွဲ့က ချမှတ်ထားသော ပညာရေး ဆိုင်ရာ မူဝါဒများ၊ ဤဥပဒေအရ ပြဋ္ဌာန်း ထားသည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စာမေးပွဲ လုပ်ငန်းများကို စီမံခန့်ခွဲရမည်။

() ပုဒ်မခွဲ (က) ၏နောက်တွင် ပုဒ်မခွဲ () ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်

“() စာမေးပွဲလုပ်ငန်းအတွက် မေးခွန်းပြုစုခြင်း၊ အမှတ်ပေးစည်းမျဉ်းရေးဆွဲခြင်း၊ အဖြေလွှာစစ်ဆေး ခြင်း၊ အမှတ်စာရင်းပြုစုခြင်းနှင့် အောင်စာရင်း ထုတ်ပြန်ခြင်း တို့ကို သက်ဆိုင်ရာဘာသာရပ် ပညာရှင် များ ပါဝင်သော အဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်ရမည်။

() ပုဒ်မခွဲ()နှင့် () တို့ကို ပုဒ်မခွဲ ()နှင့် () တို့အဖြစ်လည်းကောင်း၊ ပုဒ်မခွဲ()နှင့် () တို့ကို ပုဒ်မခွဲ () နှင့် () တို့အဖြစ်လည်းကောင်း ပြန်လည်အမှတ်စဉ်ရမည်။

() ပြန်လည်အမှတ်စဉ်ထားသည့် ပုဒ်မခွဲ () ၌ပါရှိသောအပိုဒ် ()အရဆိုသည့် စကားရပ်ကိုပုဒ်မခွဲ()အရဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

() ပုဒ်မခွဲ ()ကို ပုဒ်မခွဲ()အဖြစ် အောက်ပါအတိုင်း အစားထိုးရမည်

“() ပြည်ထောင်စုအစိုးရ၏ ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ စာမေးပွဲ အသီးသီးအတွက် စာမေးပွဲ ဖြေဆိုခွင့်၊ စာမေးပွဲ ကျင်းပရန်၊ စာမေးပွဲဖြေဆိုသူများ လိုက်နာရန်၊ စာမေးပွဲ ကြီးကြပ်သူများ လိုက်နာရန်၊ အောင်ရှုံးဆုံးဖြတ်နိုင်ရန် စသည်တို့နှင့်သက်ဆိုင်သော စည်းမျဉ်း၊ စည်းကမ်းများကို လိုအပ်သလို ရေးဆွဲ၍ ပြဋ္ဌာန်းရမည်။

() ပုဒ်မခွဲ () ကို ပုဒ်မခွဲ () ဟု ပြင်ဆင်ပြီး ပြန်လည်အမှတ်စဉ်ထားသည့် ပုဒ်မခွဲ () ပုဒ်မခွဲငယ် () ကို အောက်ပါအတိုင်း အစားထိုးရမည်

“() ရငွေသုံးငွေများကို တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာ ဆောင်ရွက် ရမည်။

() ပုဒ်မခွဲ () ကို ပုဒ်မခွဲ () အဖြစ် ပြန်လည်အမှတ်စဉ်ပြီး အောက်ပါအတိုင်း အစားထိုး ရမည်

“() စာမေးပွဲတစ်ခုခုတွင်

() မသမာသောနည်းဖြင့် ဖြေဆိုသူကို စာမေးပွဲဖြေဆိုခွင့်အား နှစ်ကာလ အပိုင်းအခြားသတ်မှတ်၍ ရပ်ဆိုင်းနိုင်သည်။

() မသမာမှုပြုနေသည်ကို လျစ်လျူရှုသည့် သို့မဟုတ် တစ်နည်းနည်းဖြင့် အားပေးကူညီသည့် စာမေးပွဲ ကြီးကြပ်သူ သို့မဟုတ် စာမေးပွဲခန်း စောင့်ကြပ်သူအား အရေးယူရန် သက်ဆိုင်ရာဌာနသို့ အကြောင်းကြား ရမည်။

() အဖြေလွှာများ စစ်ဆေးရာတွင် မသမာသောသဘောဖြင့် အမှတ်များ ပိုမိုပေးခြင်း သို့မဟုတ် လျော့နည်း ပေးခြင်း၊ အဖြေလွှာများတွင် ထပ်မံ ဖြည့်စွက်ဖြေဆိုပေးခြင်းစသော မတရားမှုများပြုသည့် သို့မဟုတ် ထိုသို့ပြုသည် ကို အားပေးကူညီသည့် သို့မဟုတ် ထိုသို့ပြုသည်ကို တွေ့ရှိသော်လည်း လျစ်လျူရှုသည့် အဖြေလွှာစစ်ဆေးရန် ကြီးကြပ်သူ သို့မဟုတ် စစ်ဆေးသူအား အရေးယူရန် သက်ဆိုင်ရာ ဌာနသို့ အကြောင်း ကြားရမည်။

() စာမေးပွဲလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ပေးအပ်ခြင်းခံရသော ဝန်ထမ်းများ၏ တာဝန်ပေါ့လျော့မှု သို့မဟုတ် မမှန်မကန် လုပ်ဆောင်မှု များ တွေ့ရှိရပါက အရေးယူရမည်။

၆။ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစာစစ်အဖွဲ့ဥပဒေ ပုဒ်မ ကို အောက်ပါအတိုင်း အစားထိုးရမည်

၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်

(က) ပညာရေးဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

() ပညာရေးဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

() မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသည် အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန် နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။