ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂ဝ၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၅။)

၁၃၇၉ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက်

(၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကိုခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟုခေါ်တွင်စေရမည်။

၂။ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ပုဒ်မ ၃ တွင်ပါရှိသော“Registrar-General of Births, Deaths and Marriages” means a Registrar-General of Births, Deaths and Marriages appointed under the Births, Deaths and Marriages Registration Act. ဆိုသည့်စကားရပ်ကို “Registrar-General of Marriages” means a Registrar-General of Marriages appointed under this Act. ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၃။ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ပုဒ်မ ၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-

Registrar-Generalof Marriages and Registrars of Marriages.“7. The President of the Union shall appoint Registrar-General of Marriages and Registrars of Marriages. The President of the Union may also appoint one or more Christians, either by name or as holding any office for the time being, to be the Registrars of Marriages.Senior Registrarof Marriages.Where there are more Registrars of Marriages than one in any district, the President of the Union shall appoint one of them to be the Senior Registrar of Marriages.Judge when to be Registrar of Marriages.When there is only one Registrar of Marriages in a district, and such Registrar is absent from such district, or ill, or when his office is temporarily vacant, the District Judge shall act as, and be, Registrar of Marriages thereof during such absence, illness or temporary vacancy.”

၄။ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ပုဒ်မ ၈၊ ပုဒ်မ ၄၇၊ ပုဒ်မ ၄၈ တတိယအပိုဒ်၊ ပုဒ်မ ၅၆ နှင့် ပုဒ်မ ၈၁ တို့ကို ပယ်ဖျက်ရမည်။

၅။ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ပုဒ်မ ၂၉၊ ပုဒ်မ ၃၀၊ ပုဒ်မ ၃၁၊ ပုဒ်မ ၃၄၊ ပုဒ်မ ၃၆၊ ပုဒ်မ ၃၇၊ ပုဒ်မ ၅၅၊ ပုဒ်မ ၆၂၊ ပုဒ်မ ၇၈ နှင့် ပုဒ်မ ၇၉ တို့တွင်ပါရှိသော “Registrar-General of Births, Deaths and Marriages” ဆိုသည့်စကားရပ်ကို “Registrar-General of Marriages” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၆။ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ပုဒ်မ ၆၀၊ ပုဒ်မခွဲ (၁) တွင်ပါရှိသော “exceed thirteen years” ဆိုသည့်စကားရပ်ကို “exceed fifteen years” ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။

၇။ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ပုဒ်မ ၆၁ တွင်ပါရှိသော “a fee of four annas” ဆိုသည့်စကားရပ်ကို “a fee of one thousand kyats” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၈။ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ပုဒ်မ ၆၈ ကို အောက်ပါအတိုင်းအစားထိုးရမည်-

Solemnizing marriage without due authority.“68. Whoever, not being authorized by section 5 of this Act to solemnize marriages, solemnizes, or professes to solemnize, in the absence of a Marriage Registrar of the district in which the ceremony takes place, a marriage between persons one or both of whom is or are a Christian or Christians, shall be punished with imprisonment which may extend to seven years.”

၉။ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ ပုဒ်မ ၇၄ တွင်ပါရှိသော “extend to one hundred kyats” ဆိုသည့်စကားရပ်ကို “extend to ten thousand kyats” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။