မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ

 

(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၆ ။)

 

၁၃၈၀ ပြည့်နှစ်၊ တော်သလင်းလဆန်း ၈ ရက်

 

(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်)

 

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

အခန်း(၁)

 

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

 

၁။ ဤဥပဒေကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေဟုခေါ်တွင်စေရမည်။

 

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်(က) ခရီးသွားလုပ်ငန်း ဆိုသည်မှာ ခရီးသွားလာခြင်းနှင့်စပ်လျဉ်း၍ စီစဉ်ဆောင်ရွက်ပေးသော လုပ်ငန်းကိုဆိုသည်။ ယင်းစကားရပ်တွင် ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်းနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှုလုပ်ငန်းတို့ ပါဝင်သည်။ ။

 

(ခ) ခရီးသွားလုပ်ငန်းအမျိုးအစား ဆိုသည်မှာ အပန်းဖြေခရီးစဉ်၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ လေ့လာခြင်းခရီးစဉ်၊ သဘာဝအခြေခံခရီးစဉ်၊ အဏ္ဏဝါခရီးစဉ်၊ ခြေလျင်တောင်တက်နှင့် စွန့်စားမှုခရီးစဉ်၊ တောလမ်းကားမောင်းပြိုင်ပွဲနှင့် ကားအပျော်စီး ခရီးစဉ်၊ စက်ဘီးစီးခရီးစဉ်၊ မီးပုံးပျံခရီးစဉ်၊ ဘာသာရေးဆိုင်ရာခရီးစဉ်၊ အပျော်စီး သင်္ဘောခရီးစဉ်၊ စင်းလုံးငှားလေယာဉ် ခရီးစဉ်၊ အားကစား အခြေပြုခရီးသွားလုပ်ငန်း၊ ကျန်းမာရေးအခြေပြု ခရီးသွားလုပ်ငန်းများနှင့် အခြားခရီးသွား အခြေပြု လုပ်ငန်း များကို ဆိုသည်။

 

(ဂ) ခရီးသည် ဆိုသည်မှာ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် မိမိတို့ နေထိုင်ရာဒေသမှ အခြား နေရာ ခရီးစဉ်ဒေသတစ်ခုခုသို့ ခရီးသွားသူကိုဆိုသည်။ ယင်းစကားရပ်တွင် မြန်မာ နိုင်ငံအတွင်းသွားလာသော မြန်မာနိုင်ငံသား ခရီးသည်များ၊ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြားသား ခရီးသည်များနှင့် ပြည်ပသို့ သွားရောက်သော မြန်မာနိုင်ငံသား ခရီးသည်များလည်း ပါဝင်သည်။

 

(ဃ) ခရီးသည် တည်းခိုနေထိုင်ရန်နေရာ ဆိုသည်မှာ ခရီးသည် တည်းခိုနေထိုင်နိုင်သော စီးပွားရေးအလို့ငှာ အခကြေးငွေဖြင့် တည်းခိုနေထိုင်သည့်နေရာကို ဆိုသည်။

 

(င) ခရီးစဉ် ဆိုသည်မှာ ခရီးစတင်ထွက်ခွာသည့်နေရာဒေသတစ်ခုမှ အခြားနေရာဒေသ တစ်ခုသို့ ခရီးသွားလာရေးအတွက် စနစ်တကျ ရေးဆွဲထားသည့် အစီအစဉ်ကိုဆိုသည်။ ။

 

(စ) ခရီးစဉ်ဒေသ ဆိုသည်မှာ ခရီးသည်များ သွားလာလည်ပတ်လေ့လာနိုင်သောနေရာ ဒေသကို ဆိုသည်။

 

(ဆ) ခရီးလှည့်လည်ရေးလုပ်ငန်း ဆိုသည်မှာ ခရီးသည်များ တစ်နေရာမှ တစ်နေရာသို့ ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စွာ ပို့ဆောင်ခြင်း၊ တည်းခိုရန်နေရာ စီစဉ် ပေးခြင်းနှင့် ဧည့်လမ်းညွှန် စီစဉ်ပေးခြင်းများကို ဆောင်ရွက်ပေးသည့် စီးပွားရေး လုပ်ငန်းကိုဆိုသည်။

 

(ဇ) ဟိုတယ်လုပ်ငန်း ဆိုသည်မှာ ခရီးသည်များ တည်းခိုရန် သတ်မှတ်ထားသော အခန်းအရေအတွက်နှင့် အဆင့်အတန်းတို့ရှိပြီး အစားအစာ၊ အဖျော်ယမကာနှင့် အခြား ဝန်ဆောင်မှုများ စီစဉ်လုပ်ကိုင်ဖြည့်ဆည်းဆောင်ရွက်ပေးသည့် စီးပွားရေးလုပ်ငန်း ကိုဆိုသည်။

 

(ဈ) တည်းခိုရိပ်သာလုပ်ငန်း ဆိုသည်မှာ ခရီးသည်များအတွက် တည်းခိုရေးကိုသာ စီစဉ်ဆောင်ရွက်ပေးသည့် စီးပွားရေးလုပ်ငန်းကို ဆိုသည်။ ယင်းစကားရပ်တွင် မိုတယ် လုပ်ငန်းနှင့် ဧည့်ဂေဟာလုပ်ငန်းတို့ ပါဝင်သည်။ ။

 

(ည) ဧည့်လမ်းညွှန်လုပ်ငန်း ဆိုသည်မှာ ခရီးသည်များအား ခရီးစဉ်ဒေသများကို လမ်းညွှန်ပြသခြင်း၊ ပြောဆိုရှင်းပြခြင်းနှင့် ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့စေရေး အတွက် စီးပွားရေးအလို့ငှာ စီစဉ်ဆောင်ရွက်ပေးသော လုပ်ငန်းကိုဆိုသည်။

 

( ဋ) ခရီးသွားလုပ်ငန်းဆိုင်ရာအခြားဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် အခြားဝန်ဆောင်မှု လုပ်ငန်းဟု သတ်မှတ်ပေးသည့် လုပ်ငန်းများကို ဆိုသည်။ ။

 

( ဌ ) လိုင်စင် ဆိုသည်မှာ ခရီးသွားလုပ်ငန်းတွင် ပါဝင်သည့် လုပ်ငန်းတစ်မျိုးမျိုးကို လုပ်ကိုင် နိုင်ရန်အတွက် ဤဥပဒေအရ ထုတ်ပေးသော လိုင်စင်ကိုဆိုသည်။ ယင်းစကားရပ်တွင် ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင်၊ ဟိုတယ် လုပ်ငန်းလိုင်စင်၊ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြား ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များ ပါဝင်သည်။

 

ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနကိုဆိုသည်။

 

(ဃ) ဝန်ကြီးဆိုသည်မှာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဆိုသည်။

 

(ဏ) ဦးစီးဌာန ဆိုသည်မှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနကို ဆိုသည်။

 

(တ) စစ်ဆေးရေးအဖွဲ့ ဆိုသည်မှာ ခရီးသွားလုပ်ငန်းများကို စစ်ဆေးနိုင်ရန် ဤဥပဒေ အရ ဖွဲ့စည်းထားသောအဖွဲ့ကို ဆိုသည်။

 

(ထ) ဗဟိုကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ဆိုသည်။ ။

 

(ဒ) ခရီးသွားလုပ်ငန်းကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော ခရီးသွားလုပ်ငန်း ဆိုင်ရာ ကော်မတီကိုဆိုသည်။

 

(ဓ) ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလုပ်ငန်း ကော်မတီကို ဆိုသည်။ ယင်း စကားရပ်တွင် ပြည်ထောင်စုနယ်မြေ ခရီးသွားလုပ်ငန်းကော်မတီလည်း ပါဝင်သည်။

 

( န ) သက်ဆိုင်ရာဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ ဖြိုးရေးအတွက် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်သည့် ဝန်ကြီးဌာန များကိုဆိုသည်။

 

(ပ) ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်း ဆိုသည်မှာ ဤဥပဒေအရ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုအတွက် ပုဂ္ဂလိက ခရီးသွားလုပ်ငန်းကဏ္ဍကို ကိုယ်စားပြုသည့် ပုဂ္ဂလိက အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့ကို ဆိုသည်။

 

အခန်း (၂)

 

ရည်ရွယ်ချက်

 

ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်

 

(က) မြန်မာနိုင်ငံကို ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ ခရီးစဉ်ဒေသတစ်ခုအဖြစ် ပေါ်ထွက်လာ စေရေးအတွက် ထိရောက်သော ပြည်တွင်းပြည်ပဈေးကွက်မြှင့်တင်မှုများ ဆောင်ရွက်ခြင်းဖြင့် အထောက်အကူဖြစ်စေရန်၊

 

( ခ) ခရီးသွားလုပ်ငန်းဆောင်ရွက်သူနှင့် ခရီးသည်တို့၏ အခွင့်အရေးကို ကာကွယ်ပေးရန် နှင့် ယင်းတို့၏ တာဝန်ဝတ္တရားများကို သိရှိလိုက်နာစေရန်၊

 

(ဂ) ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများ၏ အရည်အသွေးနှင့် လုံခြုံစိတ်ချရမှုကို အာမခံနိုင်ရန်၊

 

(ဃ) ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်သွားရန်၊

 

( င ) ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရပ်များ တိုးတက်ထွန်းကားစေ၍ အလုပ်အကိုင် အခွင့်အလမ်းနှင့် လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊

 

(စ) တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်၏ ရေရှည် စဉ်ဆက်မပြတ်ဖွံ့ ဖြိုးရေး၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေရန်၊

 

(ဆ) ခရီးသွားလုပ်ငန်းကို အခြေပြု၍ ဒေသအလိုက် ဆက်စပ်စီးပွားရေးလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသခံများ၏ စီးပွားရေးအခွင့်အလမ်းများ တိုးတက်ဖွံ့ဖြိုးလာစေရန်နှင့် လူထု အခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊

 

( ဇ ) ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသနပြုလုပ်လေ့လာခြင်း၊ စာတမ်းများပြုစုခြင်း တို့ကို ပြည်တွင်းပြည်ပမှ သက်ဆိုင်ရာတက္ကသိုလ်များ၊ ခရီးသွားလုပ်ငန်းတွင် လက်တွေ့ ပါဝင်ဆောင်ရွက်သူများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်။

 

အခန်း (၃) အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

 

၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည် – (က) အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည် –

 

(၁) ဒုတိယသမ္မတတစ်ဦး ဥက္ကဋ္ဌ

 

(၂) ဝန်ကြီး ဒုတိယ ဥက္ကဋ္ဌ

 

(၃) သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ အဖွဲ့ဝင်များ သို့မဟုတ် ဒုတိယဝန်ကြီးများ

 

(၄) နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ သို့မဟုတ် ယင်းကတာဝန် အဖွဲ့ဝင် ပေးအပ်သည့် နေပြည်တော် ကောင်စီဝင်

 

(၅) တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အသီးသီးမှ အဖွဲ့ဝင် ဝန်ကြီးချုပ် သို့မဟုတ် ယင်းကတာဝန်ပေးအပ်သည့်ဝန်ကြီး

 

(၆) သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ အဖွဲ့ဝင်များ

 

(၇) ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင် သုံးဦး အဖွဲ့ဝင်များ

 

(၈) ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့ အစည်းများမှ ကိုယ်စားလှယ် အဖွဲ့ဝင်များ သုံးဦး

 

(၉) ဝန်ကြီးက တာဝန်ပေးအပ်သူတစ်ဦး သို့မဟုတ် အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန်

 

(၁၀) ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တွဲဖက် အတွင်းရေးမှူး

 

( ခ) ဗဟိုကော်မတီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။ ၅။ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

 

(က) မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သောကိစ္စရပ်များကို ဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊

 

(ခ) မြန်မာနိုင်ငံအတွင်း ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားမှုရှိနိုင်သည့် ဒေသ များတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ လိုအပ်သည့် အစီအစဉ်များ ချမှတ်ပေးခြင်းဖြင့် ထိုဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေမှုဘဝတို့ကို မြှင့်တင်ဆောင်ရွက်ပေးခြင်း၊

 

(ဂ) ခရီးသွားလုပ်ငန်းကော်မတီနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများက တင်ပြလာသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ခြင်း၊

 

(ဃ) ခရီးသွားလုပ်ငန်းဆိုင်ရာ ပင်မစီမံကိန်းများ၊ မဟာဗျူဟာများနှင့် လုပ်ငန်းစီမံကိန်းများ ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ရေး လမ်းညွှန်ကြီးကြပ်ကွပ်ကဲခြင်း၊ ခရီးသွား လုပ်ငန်းကိုအခြေပြု၍ ဒေသအလိုက် ဆက်စပ်စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊ ဒေသခံများ၏ စီးပွားရေးအခွင့်အလမ်းများ တိုးတက်ဖွံ့ဖြိုး လာစေရန်နှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊

 

(င) ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာများနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် စေရေးဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများထံမှ နည်းပညာအကူအညီနှင့် အခြားသော အကူအညီရရှိစေရေး အတွက် လိုအပ်သော မူဝါဒများ ချမှတ်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခြင်း၊

 

( စ) ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ အခြေခံဥပဒေသများအတိုင်း လိုက်နာဆောင်ရွက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးစံများကို လေးစားလိုက်နာသော တာဝန်သိခရီးသွား လုပ်ငန်းတစ်ရပ်ပေါ်ပေါက်လာစေရေးအတွက် နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ချမှတ် ဆောင်ရွက်ခြင်း။

 

(ဆ) ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာသော ခရီးသွားလုပ်ငန်း အဖြစ် ဆောင်ရွက်နိုင်စေရန် မူဝါဒ ချမှတ်ခြင်း။

 

အခန်း (၄)

 

ခရီးသွားလုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

 

၆။ ဗဟိုကော်မတီသည် –

 

(က) အောက်ပါ ပုဂ္ဂိုလ်များပါဝင်သော ခရီးသွားလုပ်ငန်း ကော်မတီကို ဖွဲ့စည်းရမည် –

 

(၁) ဝန်ကြီးဥက္ကဋ္ဌ

 

(၂) နေပြည်တော်ကောင်စီမှကိုယ်စားလှယ် တစ်ဦး အဖွဲ့ဝင်

 

(၃) တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့အသီးသီးမှကိုယ်စားလှယ် အဖွဲ့ဝင် ယ် တစ်ဦးစီ

 

(၄) ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင် ငါးဦး များ ၊

 

(၅ ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ် အဖွဲ့ဝင် ) ၁၀ဦး (၆) ဥက္ကဋ္ဌက တာဝန်ပေးအပ်သူအတွင်းရေးမှူးများ၊အဖွဲ့ဝင်များ ( ခ) ခရီးသွားလုပ်ငန်းကော်မတီကို ဖွဲ့စည်းရာတွင် လိုအပ်ပါက ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက် အတွင်းရေးမှူးတို့ကို အဖွဲ့ဝင်များအနက်မှ ရွေးချယ်တာဝန်ပေးအပ်နိုင်သည်။ (ဂ) ခရီးသွားလုပ်ငန်းကော်မတီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။ ၇။ ခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်(က) ဗဟိုကော်မတီက ချမှတ်သည့် ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများ၊ လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ခြင်း၊ ( ခ) ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်လမ်းညွှန်ခြင်း၊ ( ဂ ) ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ (ဃ) မြန်မာနိုင်ငံ၏ ရေမြေသဘာဝအလှအပများ၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေး အတွက် ခရီးသွားလုပ်ငန်းနှင့်အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက် အကူဖြစ်စေမည့် လုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ (c) မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ၊ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကို အထောက်အကူ ဖြစ်စေမည့် လုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ (စ) ခရီးသွားလုပ်ငန်းများကို အဆင့်အတန်းသတ်မှတ်ပေးခြင်း၊ သတ်မှတ်အရည်အချင်း ပြည့်မီစေရန် တွန်းအားပေးဆောင်ရွက်ခြင်းနှင့် အရည်အသွေးကောင်းမွန်သူများကို ချီးမြှင့်ခြင်း၊ (ဆ) နိုင်ငံတစ်ဝန်း လက်ရှိလုပ်ငန်းဆောင်ရွက်နေသော ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊ ( ဇ ) နိုင်ငံတစ်ဝန်း ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်၍ ခရီးသွားလုပ်ငန်း တိုးတက်စေရန် စီမံဆောင်ရွက်ခြင်း၊ (ဈ) ခရီးသွားလုပ်ငန်း ဆောင်ရွက်သူများက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြလာပါက သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခြင်း။ အခန်း (၅) ခရီးသွားလုပ်ငန်းအမျိုးအစား သတ်မှတ်ခြင်း၊ လိုင်စင်ကြေးများ သတ်မှတ်ခြင်းနှင့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း ၊ ဝန်ကြီးဌာနသည် – (က) ခရီးသွားလုပ်ငန်း အမျိုးအစားများနှင့် လုပ်ငန်းလိုအပ်ချက်များ၊ စည်းကမ်းချက် များကို သတ်မှတ်ရမည်။ ( ခ ) လိုင်စင်ကြေးများ၊ လိုင်စင်အသစ် လဲလှယ်ကြေးများ၊ လိုင်စင်ဒဏ်ကြေးများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်ကြေးများကို ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီ၏ သဘော တူညီချက်ဖြင့် သတ်မှတ်ရမည်။ ( ဂ ) ခရီးသွားလုပ်ငန်းများ သတ်မှတ်ထားသည့် အရည်အသွေးပြည့်မီခြင်း ရှိ မရှိ စစ်ဆေးနိုင်ရန် စစ်ဆေးရေးအဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။ (ဃ) အများပြည်သူ သွားလာလည်ပတ်နိုင်သော ခရီးစဉ်များ၊ ခရီးစဉ်ဒေသများကို ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီနှင့် ညှိနှိုင်း၍ သတ်မှတ်ရမည်။ အခန်း (၆) ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း ၉။ ခရီးသွားလုပ်ငန်းကော်မတီသည်(က) အောက်ပါပုဂ္ဂိုလ်များ ပါဝင်သော ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီကို ဖွဲ့စည်းရမည်(၁) နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာတိုင်းဒေသကြီး ဥက္ကဋ္ဌ ( သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် (၂) ဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် နေပြည်တော်ကောင်စီဝင်၊ ဒုတိယဥက္ကဋ္ဌ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိဝန်ကြီး (၃) သက်ဆိုင်ရာအစိုးရဌာနမှ တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ် ခြောက်ဦး အဖွဲ့ဝင်များ (၄) ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင် တစ်ဦး အဖွဲ့ဝင်များ (၅) ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းများမှ ဒေသခံ အဖွဲ့ဝင်များ ကိုယ်စားလှယ် သုံးဦး (၆) ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန လက်အောက်ရှိ အတွင်းရေးမှူး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီမှ ရုံးခွဲတာဝန်ခံ (ခ) ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီကို ဖွဲ့စည်းရာတွင် လိုအပ်ပါက တွဲဖက် အတွင်းရေးမှူးကို အဖွဲ့ဝင်များအနက်မှ ရွေးချယ်တာဝန်ပေးအပ်နိုင်သည်။ (ဂ) ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။ အခန်း (၇) ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ ၁၀။ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည် (က) ဗဟိုကော်မတီမှချမှတ်သည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊ (ခ) လိုင်စင်လျှောက်ထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ စိစစ်နိုင်ရန် လိုင်စင်စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊ (ဂ) ဟိုတယ် သို့မဟုတ် တည်းခိုရိပ်သာ အဆောက်အအုံတစ်ခုခု ဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းတို့အတွက် ကြိုတင်ခွင့်ပြုချက် လျှောက်ထားခြင်းကို ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် ခွင့်ပြုချက်ကို ပြင်ဆင်ခြင်း၊ (ဃ) လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊ လိုင်စင် သက်တမ်းတိုးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊ လိုင်စင်လွှဲပြောင်းခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊ ( င) လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် လိုင်စင် ပျက်ပြယ်စေခြင်း၊ ( စ) ခရီးစဉ်ဒေသ အသီးသီးတို့တွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့် အတန်းနှင့် အရည်အသွေးမြင့်မားတိုးတက်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုမည့် လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၊ နေပြည်တော်ကောင်စီ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း အဖွဲ့အစည်း များနှင့် ပေါင်းစပ်ညှိနှိုင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ (ဆ) ခရီးသည်များအတွက်သာမက ဒေသခံပြည်သူများအတွက်ပါ လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ စိတ်အနှောင့်အယှက်မဖြစ်ရေး၊ စိတ်ကျေနပ်မှုရရှိရေးတို့ကို နှစ်ဖက် သဟဇာတဖြစ်စေရေးအတွက် ဒေသဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း၊ (ဇ) ဤဥပဒေအရ ကောက်ခံရရှိသော လိုင်စင်ကြေးများ၊ လိုင်စင် အသစ်လဲလှယ်ကြေး များ၊ လိုင်စင်ဒဏ်ကြေးများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြားသာမန်ရငွေများကို ဝန်ကြီးဌာနလက်အောက်ရှိ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရုံးခွဲများမှ ကောက်ခံစေ၍ သက်ဆိုင်ရာဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းစေခြင်း၊ (ဈ) လုပ်ငန်းဆောင်ရွက်ချက်များကို သုံးသပ်၍ တိုးတက်မှုအခြေအနေကို ခရီးသွား လုပ်ငန်းကော်မတီသို့ တင်ပြခြင်း၊ (ည) ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်း၊ ( ဋ ) ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အားနည်းသည့် ဒေသများတွင် နေအိမ်များ အပါအဝင်ဖြစ်သည့် ခရီးသည်တည်းခို နေထိုင်ရန် နေရာ များကို သတ်မှတ်ပေးခြင်း၊ ( ဌ) ခရီးသည်များအတွက် ၎င်းတို့သွားရောက်လေ့ရှိသော ခရီးစဉ်ဒေသများအလိုက် လုံခြုံရေး၊ ရောဂါဖြစ်ပွားမှု၊ သဘာဝဘေးအန္တရာယ်အစရှိသည့် ကိစ္စရပ်များဆိုင်ရာ အသိပေးနှိုးဆော်ချက်များကို ထုတ်ပြန်ခြင်း၊ (၃) ခရီးသွားလုပ်ငန်း ဆောင်ရွက်သူများက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြလာပါက သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခြင်း။ အခန်း (၈) ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ ၁၁။ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်(က) ဗဟိုကော်မတီက ချမှတ်သည့် ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများ၊ ခရီးသွားလုပ်ငန်း ကော်မတီ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီနှင့် ဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက် များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ( ခ) ခရီးသွားလုပ်ငန်းဆိုင်ရာ အရည်အသွေး၊ အဆင့်အတန်း စနစ်တကျ တိုးတက်လာ စေရန် ပြည်တွင်း၊ ပြည်ပတွင် လေ့ကျင့်ပညာပေးခြင်း၊ သင်တန်းပေးခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ (ဂ) ခရီးသွားလုပ်ငန်းအရပ်ရပ်ကို ကြီးကြပ်ကွပ်ကဲခြင်း၊ (ဃ) လိုင်စင်နှင့်စပ်လျဉ်းသည့် စည်းကမ်းချက်များ သတ်မှတ်ခြင်း၊ (င) ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ( စ) ခရီးသွားလုပ်ငန်းများအနေဖြင့် နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုများပေးနိုင်စေရေး အတွက် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း၊ (ဆ) လုပ်ငန်းဆောင်ရွက်ချက်များကို ဝန်ကြီးဌာနသို့ သုံးသပ်တင်ပြခြင်းနှင့် အစီရင်ခံ တင်ပြခြင်း၊ ( ဇ ) ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနပြုလုပ်လေ့လာခြင်း၊ စာတမ်း ပြုစုခြင်း၊ (ဈ) ခရီးသွားလုပ်ငန်း ဆောင်ရွက်သူများက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြလာပါက သက်ဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီသို့ လမ်းညွှန်မှုပြုနိုင်ရန် တင်ပြခြင်း။ အခန်း (၉) ဘဏ္ဍာငွေကြေး ရယူသုံးစွဲမှု ၁၁ ၁၂။ ဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် – (က) ဗဟိုကော်မတီမှ သဘောတူသည့် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏ နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်းဖော်ပြနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်။ (ခ) ပြည်ပနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများထံမှ ငွေကြေး နှင့် နည်းပညာအကူအညီများရယူ၍ ဆောင်ရွက်နိုင်သည်။ အခန်း (၁၀) ခရီးသွားလုပ်ငန်းဆောင်ရွက်သူများ၏ တာဝန်နှင့်အခွင့်အရေးများ ၁၃။ ခရီးသွားလုပ်ငန်း ဆောင်ရွက်သူများသည်[ (က) ခရီးသွားလုပ်ငန်းဆိုင်ရာ လိုင်စင်များကို သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ လျှောက်ထားခွင့်ရှိသည်။ (ခ) ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အခက်အခဲတစ်စုံတစ်ရာ ဖြစ်ပေါ် လာပါက ခရီးသွားလုပ်ငန်းကော်မတီ၊ ဝန်ကြီးဌာန၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ သို့မဟုတ် ဦးစီးဌာနသို့ တင်ပြခွင့်ရှိသည်။ ၁၄။ ခရီးသွားလုပ်ငန်း ဆောင်ရွက်သူများသည် (က) တာဝန်သိ၍ ရေရှည်တည်တံ့စေသော နည်းလမ်းဖြင့် လုပ်ကိုင်ရမည်။ (ခ) မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ၊ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကို အလေးထားဆောင်ရွက် ရမည်။ (ဂ) ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက် ရမည်။ (ဃ) ခရီးသည်များ၏ အခြေခံကျန်းမာရေး၊ လုံခြုံရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး တို့ကို ဆောင်ရွက်ရမည်။ ) (င) ခရီးသည်များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ထိန်းသိမ်းကာကွယ်ရမည်။ (စ) တည်ဆဲဥပဒေများနှင့်အညီ ပေးဆောင်ရန် တာဝန်ရှိသော အခွန်အခများကို သက်ဆိုင်ရာ ဌာနများသို့ ပေးသွင်းရမည်။ ၁၂ (ဆ) လိုင်စင်ဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည်။ အခန်း(၁၁) ကြိုတင်ခွင့်ပြုချက်လျှောက်ထားခြင်း ၁၅။ ဟိုတယ်လုပ်ငန်း သို့မဟုတ် တည်းခို ရိပ်သာလုပ်ငန်း လုပ်ကိုင်မည့်သူသည် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အခြားနည်းလမ်းဖြင့် ဖော်ပြထားခြင်းမရှိလျှင် လုပ်ငန်းစတင် အကောင်အထည် မဖော်မီ ဟိုတယ် သို့မဟုတ် တည်းခိုရိပ်သာ အဆောက်အအုံတစ်ခုခု ဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းတို့ ပြုလုပ်လိုပါက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီသို့ သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ ကြိုတင်ခွင့်ပြုချက် လျှောက်ထားရမည်။ ၁၆။ ဤဥပဒေ မပြဋ္ဌာန်းမီက ဟိုတယ်လုပ်ငန်း သို့မဟုတ် တည်းခိုရိပ်သာလုပ်ငန်းလုပ်ကိုင်မည့် သူသည် ဝန်ကြီးဌာနထံမှ အဆောက်အအုံဆောက်လုပ်ခြင်း ကြိုတင်ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်ပါက ထပ်မံလျှောက်ထားရန် မလိုအပ်တော့ဘဲ လုပ်ငန်းလိုင်စင်ကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီသို့ ဆက်လက်လျှောက်ထားရမည်။ ) ၁၇။ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီသည် ပုဒ်မ ၁၅ ပါ ကြိုတင်ခွင့်ပြုချက် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် ခွင့်ပြုချက်ကို ပြင်ဆင်ခြင်း ပြုနိုင်သည်။ အခန်း(၁၂) လိုင်စင် ၁၈။ အောက်ဖော်ပြပါ လုပ်ငန်းအမျိုးအစားတစ်ခုချင်းစီအတွက် ခရီးသွားလုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်လိုသူသည် လိုင်စင်ရရှိရန် သတ်မှတ်ချက်နှင့်အညီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီသို့ လျှောက်ထားရမည် – (က) ခရီးလှည့်လည်ရေးလုပ်ငန်း၊ (ခ) ဟိုတယ်လုပ်ငန်း၊ (ဂ) တည်းခိုရိပ်သာလုပ်ငန်း၊ (ဃ) ဧည့်လမ်းညွှန်လုပ်ငန်း၊ (င) ခရီးသွားလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှုလုပ်ငန်း။ ၁၉။ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီသည် လိုင်စင်လျှောက်ထားချက်ကို သတ်မှတ် ချက်များနှင့် ညီညွတ်ခြင်းရှိ၊ မရှိ စိစစ်ပြီးနောက် ၁၃ (က) ညီညွတ်ပါက လျှောက်ထားသူအား သတ်မှတ်ထားသော လိုင်စင်ကြေးကို ပေးဆောင် စေပြီး ကြန့်ကြာမှုမရှိစေဘဲ လိုင်စင်ထုတ်ပေးရမည်။ ( ခ) မညီညွတ်ပါက လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ရမည်။ ၂၀။ လိုင်စင်သက်တမ်းတိုးမြှင့်ခြင်းကို အောက်ပါအတိုင်း ဆောင်ရွက်ရမည် – (က) လိုင်စင်သက်တမ်းတိုးမြှင့်လိုသူသည် သတ်မှတ်ချက်များနှင့်အညီ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီသို့ လျှောက်ထားရမည်။ ( ခ) ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီသည် ပုဒ်မခွဲ(က)အရ လျှောက်ထားချက်ကို စိစစ်၍ သတ်မှတ်ထားသော အခကြေးငွေကို ပေးဆောင်စေပြီး လုပ်ငန်းလိုင်စင်ကို သက်တမ်းတိုး ဆောင်ရွက်ပေးရမည်။ ၂၁။ လိုင်စင်သက်တမ်းသည် သုံးနှစ် ဖြစ်သည်။ ၂၂။ ဤဥပဒေပြဋ္ဌာန်းခြင်းမပြုမီက လိုင်စင်ရရှိပြီးဖြစ်သည့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူ များသည် ရရှိထားသော လိုင်စင်ပါသက်တမ်း ကုန်ဆုံးသည်အထိ ဆက်လက်ဆောင်ရွက်နိုင်သည်။ လိုင်စင်သက်တမ်း ကုန်ဆုံးသည့်အခါ ဆက်လက်ဆောင်ရွက်လိုလျှင် လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။ ၂၃။ ခရီးသွားလုပ်ငန်း လိုင်စင်တစ်ရပ်ရပ် ရရှိထားသူသည် ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်မှအပ အခြားခရီးသွားလုပ်ငန်း လိုင်စင်တစ်ရပ်ရပ်ကို အခြားသူတစ်ဦးတစ်ယောက်ထံ လွှဲပြောင်းလိုပါက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။ ၂၄။ ပုဒ်မ ၂၃ အရ လိုင်စင်လွှဲပြောင်းရန် လျှောက်ထားချက်ကို လက်ခံရရှိသည့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီသည် လိုင်စင်လွှဲပြောင်း လက်ခံနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စိစစ်ပြီး လွှဲပြောင်းခွင့်ပြုခြင်း သို့မဟုတ် လွှဲပြောင်းခွင့်ပြုရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။ ၂၅။ လိုင်စင်ရရှိသူသည် ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်းခံရလျှင်ဖြစ်စေ၊ ပယ်ဖျက်ခြင်း ခံရလျှင်ဖြစ်စေ လိုင်စင်ကို ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီသို့ ပြန်လည်အပ်နှံရမည်။ အခန်း (၁၃) စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် အယူခံခြင်း ၂၆။ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီသည် လိုင်စင်ရရှိသူက လိုင်စင်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကိုဖောက်ဖျက်လျှင် ထိုသူအား အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည် (က) သတိပေးခြင်း၊ (ခ) လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ (ဂ) လိုင်စင်ကို ပယ်ဖျက်ခြင်း၊ (ဃ) နာမည်ပျက်စာရင်းတင်သွင်းခြင်း။ ၂၇။ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီက ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာအမိန့်ကို မကျေနပ် သူသည် ယင်းအမိန့်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ခရီးသွားလုပ်ငန်းကော်မတီ သို့ အယူခံဝင်ရောက်နိုင်သည်။ ၂၈။ ပုဒ်မ ၂၇ အရ အယူခံဝင်ရောက်ခြင်းအပေါ် ခရီးသွားလုပ်ငန်းကော်မတီသည် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီက ချမှတ်သည့်အမိန့်ကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် အတည်ပြုခြင်းပြုနိုင်သည်။ ၂၉။ ပုဒ်မ ၂၈ အရ ခရီးသွားလုပ်ငန်း ကော်မတီကချမှတ်သော ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။ အခန်း (၁၄) တားမြစ်ချက်များ ၃၀။ မည်သူမျှ (က)လိုင်စင်မရှိဘဲ ဧည့်လမ်းညွှန်လုပ်ငန်း မပြုလုပ်ရ၊ ( ခ) ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင်ကို လွှဲပြောင်းခြင်းနှင့် လက်ခံခြင်းမပြုရ၊ (ဂ) လိုင်စင်မရှိဘဲ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာ လုပ်ငန်း သို့မဟုတ် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှုလုပ်ငန်းများ မပြုလုပ်ရ။ ၃၁။ မည်သူမျှ ဤဥပဒေအရ ခွင့်ပြုချက်မရှိဘဲ အောက်ဖော်ပြပါ လုပ်ငန်းလိုင်စင်အသီးသီးအား လွှဲပြောင်းခြင်း၊ လက်ခံခြင်းမပြုရ – (က) ဟိုတယ်လုပ်ငန်းလိုင်စင်၊ (ခ) တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်၊ ၁၅ (ဂ) ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှု လုပ်ငန်းလိုင်စင်။ အခန်း (၁၅) ပြစ်ဒဏ်များ ၃၂။ မည်သူမဆို ပုဒ်မ ၃၀၊ ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ခ) ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်ငါးသိန်း ထက်မပိုသော ငွေဒဏ် ချမှတ်ရမည်။ ၃၃။ မည်သူမဆို ပုဒ်မ ၃၀၊ ပုဒ်မခွဲ (ဂ) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ၃၄။ မည်သူမဆို ပုဒ်မ ၃၁၊ ပုဒ်မခွဲ (က) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ၃၅။ မည်သူမဆို ပုဒ်မ ၃၁၊ ပုဒ်မခွဲ (ခ) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ် ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ၃၆။ မည်သူမဆို ပုဒ်မ ၃၁၊ ပုဒ်မခွဲ (ဂ) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းသုံးဆယ် ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ အခန်း (၁၆) အထွေထွေ ၃၇။ ဗဟိုကော်မတီ၊ ခရီးသွားလုပ်ငန်းကော်မတီ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၌ အဖွဲ့ဝင်ဖြစ်သော နိုင်ငံ့ဝန်ထမ်းမဟုတ်သူများကို ဤဥပဒေပါ လုပ်ငန်းတာဝန်များဆောင်ရွက်နေစဉ် အတွင်း ရာဇသတ်ကြီး ပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။ ယင်းအဖွဲ့ဝင် တို့သည် လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေကို ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့်အတိုင်း ခံစား ခွင့်ရှိသည်။ ၃၈။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။၃၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်(က) ဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ (ခ) ဝန်ကြီးဌာနနှင့် ခရီးသွားလုပ်ငန်းကော်မတီသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကို ဗဟိုကော်မတီ၏ သဘောတူညီချက် ဖြင့် ထုတ်ပြန်နိုင်သည်။ (ဂ) ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီသည် ဗဟိုကော်မတီ၏ သဘောတူညီ ချက်ဖြင့် အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။ (ဃ) ဦးစီးဌာနသည် အမိန့်နှင့်ညွှန်ကြားချက်များကို ဝန်ကြီးဌာန၏ သဘောတူညီချက် ဖြင့် ထုတ်ပြန်နိုင်သည်။

 

၄၀။ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ ဥပဒေအမှတ် ၁၄/၉၃) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ) ဝင်းမြင့်

 

နိုင်ငံတော်သမ္မတ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။