မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကိုပြင်ဆင်သည့်ဥပဒေ

(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅ ။)

၁၃၈၀ ပြည့်နှစ်၊ ပြည်သိုလပြည့်ကျော် ၁၀ ရက်

(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၂ တွင်(က) ပုဒ်မခွဲ (ဃ)၊ (ဌ)၊ (၃)၊ (၂)၊ (ဏ) နှင့် (တ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်“(ဃ) စာရင်းလုပ်ငန်းနယ်ပယ် ဆိုသည်မှာ စာရင်းပညာဖြင့် အသက်မွေးမှုလုပ်ငန်း

နယ်ပယ်များဖြစ်သည့် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်း နယ်ပယ်၊ စီးပွားရေးနှင့် အခြားအဖွဲ့ အစည်းများတွင် တစ်ဦးချင်းအနေဖြင့် စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းနယ်ပယ်၊ အစိုးရကဏ္ဍစာရင်းလုပ်ငန်း

နယ်ပယ်နှင့် စာရင်းပညာသင်ကြားမှုလုပ်ငန်းနယ်ပယ်တို့ကို ဆိုသည်။ ( ဌ) စာရင်းလုပ်ငန်းလုပ်ကိုင်သူ ဆိုသည်မှာ လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပြည့်မီ)

အဖြစ် မှတ်ပုံတင်ပြီးနောက် စာရင်းလုပ်ငန်းကို မိမိ၏ အဓိက အသက်မွေး ဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ရန် ကောင်စီတွင် မှတ်ပုံတင်ထားသည့် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် စာရင်းပညာရှင် သို့မဟုတ် စီးပွားရေးနှင့် အခြားအဖွဲ့ အစည်းများတွင် တစ်ဦးချင်းအနေဖြင့် စာရင်း

ဝန်ဆောင်မှုပေးသည့် စာရင်းပညာရှင်ကို ဆိုသည်။ (၃) အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းနယ်ပယ် ဆိုသည်မှာ

လုပ်ငန်းအဖွဲ့အစည်းများတွင် ဝန်ထမ်းအဖြစ်မဟုတ်ဘဲ စာရင်းလုပ်ငန်းလုပ်ကိုင်သူ အဖြစ် ဆောင်ရွက်သည့် အောက်ပါလုပ်ငန်းများကို ဆိုသည်(၁) လက်အောက်ခံကုမ္ပဏီအား စာရင်းစစ်ဆေးခြင်းအပါအဝင် ဥပဒေပြဋ္ဌာန်းချက်

အရ စာရင်းစစ်ဆေးခြင်းလုပ်ငန်း၊ (၂) ဘဏ္ဍာရေးဆိုင်ရာ (မှုခင်းအပါအဝင်) စုံစမ်းစစ်ဆေးခြင်းလုပ်ငန်း၊ (၃) ဘဏ္ဍာရေးအခြေအနေ သုံးသပ်ခြင်းလုပ်ငန်း၊ (၄) စာရင်းရှင်းတမ်း သို့မဟုတ် စာရင်းတင်ပြချက် သို့မဟုတ် စာရင်း

ဖော်ပြချက်အပေါ် ခိုင်လုံမှု စိစစ်သုံးသပ်ခြင်းလုပ်ငန်း၊ (၅) လွတ်လပ်သည့် ဌာနတွင်း စာရင်းစစ်ဆေးခြင်းအပါအဝင် သဘော

တူညီထားသည့် အစီအစဉ်အတိုင်း စစ်ဆေးခြင်းလုပ်ငန်း၊ (၆) စာရင်းဖော်ပြချက်၊ ကြေညာချက်၊ လုပ်ငန်းအလားအလာ ညွှန်းတမ်း၊

ရှင်းတမ်း၊ အစီရင်ခံစာ၊ လက်မှတ် သို့မဟုတ် ပုံစံတွင် ပြင်ပစာရင်းစစ်

အဖြစ် ထောက်ခံလက်မှတ်ရေးထိုးခြင်းလုပ်ငန်း။ ။ (ပ) စီးပွားရေးနှင့် အခြားအဖွဲ့ အစည်းများတွင် တစ်ဦးချင်းအနေဖြင့် စာရင်း

ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ် ဆိုသည်မှာ ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းများတွင် အချိန်ပိုင်းဖြစ်စေ၊ အချိန်ပြည့်ဖြစ်စေ စာရင်းကိုင်၊ စာရင်းစစ်အဖြစ် ဆောင်ရွက်ခြင်း၊ လုပ်ငန်းရပ်အလိုက် အဖိုးအခ ရယူသည်ဖြစ်စေ၊ အဖိုးအခမဲ့ဖြစ်စေ စာရင်း

ပြုစုပေးခြင်း၊ စာရင်းရေးဆွဲပေးခြင်း၊ စာရင်းစစ်ဆေးပေးခြင်းတို့ကို ဆိုသည်။” (ဏ) အစိုးရကဏ္ဍ စာရင်းလုပ်ငန်းနယ်ပယ် ဆိုသည်မှာ အစိုးရဌာန၊ အစိုးရ

အဖွဲ့အစည်းတွင် စာရင်းကိုင်၊ ဌာနတွင်း စာရင်းစစ်၊ အစိုးရစာရင်းစစ် စသည်ဖြင့်

စာရင်းပညာဖြင့် တာဝန်ထမ်းဆောင်ခြင်းကို ဆိုသည်။ (တ) စာရင်းပညာသင်ကြားမှုလုပ်ငန်းနယ်ပယ် ဆိုသည်မှာ ဤဥပဒေ ပြဋ္ဌာန်းချက်

နှင့်အညီ ကောင်စီက ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုသည့် စာရင်းပညာ၊ စာရင်းပညာ

နှင့်ဆက်စပ်သည့် ပညာရပ်များ သင်ကြားသည့် သင်တန်းကျောင်းကို ဆိုသည်။” ( ခ) ပုဒ်မခွဲ (ဖ) ၏ နောက်တွင် ပုဒ်မခွဲ (ဗ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်“(ဗ) ပြည်ထောင်စုအဆင့်အဖွဲ့ အစည်း ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ

ဖွဲ့စည်းသော ပြည်ထောင်စုအစိုးရအဖွဲ့၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး

ကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ကိုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ အဆိုပါဥပဒေတွင် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖွဲ့စည်းသည့် နိုင်ငံတော်အဆင့် သို့မဟုတ် ဗဟိုအဆင့် အဖွဲ့ အစည်းများကိုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းသည့် ကော်မတီ၊

ကော်မရှင်နှင့် အဖွဲ့တို့ကိုလည်းကောင်း ဆိုသည်။” ၃။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (ဂ)၊ (င) နှင့် (စ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် – “( ဂ) ပြည်ထောင်စုအစိုးရအဖွဲ့၏ သတ်မှတ်ထားချက်အရ အတည်ပြုချက်မလိုဘဲ ဆောင်ရွက်ခွင့်

ရှိသော အပြည်ပြည်ဆိုင်ရာ စာရင်းပညာအဖွဲ့အစည်းများနှင့် အပြန်အလှန်အသိအမှတ် ပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ ချုပ်ဆိုခြင်း၊ (င) စာရင်းလုပ်ငန်း လုပ်ကိုင်သူများ လက်ခံကျင့်သုံးရမည့် လုပ်ငန်းစဉ်၊ လုပ်ငန်းလမ်းညွှန်၊

စံများ၊ လက်စွဲ၊ စာရင်းလုပ်ငန်း အရည်အသွေး ထိန်းသိမ်းရေးအစီအစဉ်နှင့် လုပ်ငန်း ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကို စာရင်းလုပ်ငန်း နယ်ပယ် သို့မဟုတ် စာရင်း လုပ်ငန်းအမျိုးအစားအလိုက် ချမှတ်ပြဋ္ဌာန်းနိုင်ရန်နှင့် အသင်းသားများ လိုက်နာရမည့် ကျင့်ဝတ်သိက္ခာဆိုင်ရာ သတ်မှတ်ချက်များကို ပြဋ္ဌာန်းနိုင်ရန် ကောင်စီသို့ ထောက်ခံ

တင်ပြခြင်း၊ ( စ) ပြည်ထောင်စုအဆင့်အဖွဲ့အစည်း သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ

အဖွဲ့နှင့် နေပြည်တော်ကောင်စီတို့မှ တောင်းခံလာသောစာရင်းနှင့် စပ်လျဉ်းသည့်

အကြံဉာဏ်များပေးခြင်း၊” ၄။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ အခန်း (၈) ၏ အခန်းခေါင်းစဉ်ကို အောက်ပါအတိုင်း အစားထိုးရမည်

“အခန်း (၈)

ကောင်စီက ဖွင့်လှစ်ခွင့်ပြုသည့် သင်တန်းများ” ၅။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၂၃ ကို အောက်ပါအတိုင်း အစားထိုးရမည်

“၂၃။ ဒီပလိုမာစာရင်းကိုင်သင်တန်း၊ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်သင်တန်းနှင့် ကောင်စီက အခါအားလျော်စွာ သတ်မှတ်ဖွင့်လှစ်ခွင့်ပြုသည့် စာရင်းသင်တန်းများကို ကောင်စီက ဖွင့်လှစ်သည့် သင်တန်းကျောင်း သို့မဟုတ် ဤဥပဒေ ပုဒ်မ ၂၉ အရ ကောင်စီ သို့မဟုတ်

ကောင်စီက တာဝန်ပေးအပ်သည့် ကော်မတီက ဖွင့်လှစ်ခွင့်ပြုသည့် ကိုယ်ပိုင်စာရင်းကိုင်

သင်တန်းကျောင်းများတွင် သင်ကြားပို့ချရမည်။” ၆။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၂၆ ၏ ခြေဆင်း၊ ပုဒ်မ ၂၇၊ ပုဒ်မ ၃၀၊ ပုဒ်မ ၃၄၊ ပုဒ်မ ၃၅ ၏ ခြေဆင်း နှင့် ပုဒ်မ ၃၆ တို့တွင်ပါရှိသော “ကောင်စီ” ဆိုသည့်စကားရပ်ကို “ကောင်စီ သို့မဟုတ်

ကောင်စီက တာဝန်ပေးအပ်သည့် ကော်မတီ” ဆိုသည့်စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။ ၇။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၂၈ ၏ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည်

“၂၈။ ပုဒ်မ ၂၇ နှင့်အညီ အသိအမှတ်ပြုထားသည့် ဒီပလိုမာစာရင်းကိုင်နှင့် လက်မှတ်ရ ပြည်သူ့

စာရင်းကိုင်သည်-” வ မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေ ပုဒ်မ ၂၉ ကို အောက်ပါအတိုင်း အစားထိုးရမည်“၂၉။ (က) ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်း ဖွင့်လှစ်လုပ်ကိုင်ခွင့်ကို နိုင်ငံသားများသာ

လျှောက်ထားနိုင်သည်။ ( ခ) ကောင်စီ သို့မဟုတ် ကောင်စီက တာဝန်ပေးအပ်သည့် ကော်မတီသည် ဒီပလိုမာ

စာရင်းကိုင်သင်တန်း၊ လက်မှတ်ရပြည်သူ့စာရင်းကိုင် သင်တန်းနှင့်ကောင်စီက အခါအားလျော်စွာ သတ်မှတ်ဖွင့်လှစ်ခွင့်ပြုသည့် စာရင်းကိုင်သင်တန်းများအတွက် ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်း ဖွင့်လှစ်လုပ်ကိုင်ခွင့်လျှောက်ထားခြင်းကို

သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ ခွင့်ပြုနိုင်သည်။” ၉။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၃၂ ကို အောက်ပါအတိုင်း အစားထိုးရမည်

“၃၂။ ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းတွင်ဖြစ်စေ၊ တစ်ဦးချင်းကိုယ်တိုင် သင်တန်း ဆရာအနေဖြင့်ဖြစ်စေ သင်တန်းဆရာအဖြစ် လုပ်ကိုင်လိုသူသည် ကောင်စီတွင် မှတ်ပုံတင်

ရမည်။” ၁၀။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၄၅ ကို အောက်ပါအတိုင်း အစားထိုးရမည်

“၄၅။ ကောင်စီသည် အစိုးရကဏ္ဍ စာရင်းလုပ်ငန်းနယ်ပယ်နှင့် စီးပွားရေးနှင့် အခြား အဖွဲ့အစည်းများတွင် တစ်ဦးချင်းအနေဖြင့် လုပ်ကိုင်သည့် စာရင်းဝန်ဆောင်မှုလုပ်ငန်း နယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေသည့် စာရင်းပညာရှင်နှင့် စာရင်းကျွမ်းကျင်သူများ၏ အင်အား အခြေအနေနှင့် အချက်အလက်တို့ကို စာရင်းပြုစုနိုင်ရေးအတွက် အစိုးရနှင့်လည်းကောင်း၊

ပုဂ္ဂလိကဌာန အဖွဲ့ အစည်းနှင့်လည်းကောင်း နှစ်စဉ် ညှိနှိုင်းဆောင်ရွက်ရမည်။” ၁၁။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၄၅ ၏ နောက်တွင် ပုဒ်မ ၄၅-က အဖြစ် အောက်ပါ အတိုင်း ဖြည့်စွက်ရမည်

“၄၅-က။ ပုဒ်မ ၅၁ အရ မှတ်ပုံတင်ထားသည့် အများပြည်သူသို့ စာရင်းဝန်ဆောင်မှု ပေးသည့်လုပ်ငန်း လုပ်ကိုင်သူများသည် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်နှင့် လိုအပ်ချက်များအရ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက

ညှိနှိုင်းလာပါက လုပ်ငန်းနှင့် စာရင်းများကို စစ်ဆေးနိုင်သည်။” ၁၂။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၄၆ ကို အောက်ပါအတိုင်း အစားထိုးရမည်

“၄၆။ ဒီပလိုမာစာရင်းကိုင်၊ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (အောင်)၊ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင် (ပြည့်မီ) လက်မှတ်ရသူနှင့် ကောင်စီကသတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံသူသည် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းကို လုပ်ကိုင်ခွင့်ရှိသည်။ ကိုယ်ပိုင်စာရင်း ကိုင်သင်တန်းကျောင်း လုပ်ကိုင်ခွင့်မှတ်ပုံတင်ရန် သို့မဟုတ် လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်အား

သက်တမ်းတိုးရန် သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ ကောင်စီသို့ လျှောက်ထားရမည်။” ၁၃။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၄၇ နှင့် ပုဒ်မ ၅၀ တို့တွင် ပါရှိသော “အများနှင့်ဆိုင်သော စာရင်းလုပ်ငန်း” ဆိုသည့်စကားရပ်ကို “အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်း နယ်ပယ်”ဆိုသည့် စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။ ၁၄။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၆၈ ၏ ခြေဆင်းနှင့် ပုဒ်မ ၈၂ တို့တွင်ပါရှိသော “မြန်မာနိုင်ငံစာရင်းစစ် စံပြဋ္ဌာန်းချက်များပါ” ဆိုသည့်စကားရပ်ကို ပယ်ဖျက်ရမည်။ ၁၅။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၆၈၊ ပုဒ်မခွဲ (ဋ) ၏ နောက်တွင် ပုဒ်မခွဲ (ဌ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်“( ဌ) နိုင်ငံသားများသာ လုပ်ခွင့်ရှိသည့် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့်

လုပ်ငန်းအမည်ကို နိုင်ငံခြားအဖွဲ့အစည်း၏ အမည် သို့မဟုတ် အမှတ်တံဆိပ်ဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ဆင်တူရိုးမှားသော်

လည်းကောင်း၊ တစ်စိတ်တစ်ဒေသသော်လည်းကောင်း အသုံးပြုခြင်း။” ၁၆။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၈၃ ကို အောက်ပါအတိုင်း အစားထိုးရမည်

“၈၃။ မည်သူမျှဤဥပဒေအရ မှတ်ပုံတင်ခြင်းမရှိဘဲ ပုဒ်မ ၂၊ ပုဒ်မခွဲ (၃) ပါလုပ်ငန်းများနှင့်

စာရင်းလုပ်ငန်းများကို လုပ်ကိုင်ခြင်း မပြုရ။” ၁၇။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၈၇ ၏ နောက်တွင် ပုဒ်မ ၈၇-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်“၈၇-က။ မည်သူမျှ ပုဒ်မ ၃၂ ပါ ပြဋ္ဌာန်းချက်အတိုင်း မှတ်ပုံတင်ခြင်းမရှိဘဲ သင်တန်းဆရာအဖြစ်

ဆောင်ရွက်ခြင်းမပြုရ။” ၁၈။ မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေ ပုဒ်မ ၈၈ ၏ နောက်တွင် ပုဒ်မ ၈၈-က နှင့် ပုဒ်မ ၈၈-ခ တို့အဖြစ် အောက်ပါအတိုင်းဖြည့်စွက်ရမည်

“၈၈-က။ စာရင်းလုပ်ငန်းလုပ်ကိုင်သူ မည်သူမျှ မမှန်ကန်သည့် ဘွဲ့ သို့မဟုတ် လက်မှတ်ကို မိမိ၏ အမည်နှင့်ယှဉ်တွဲ၍ သုံးစွဲခြင်း မပြုရ။ ၈၈-ခ။ မည်သူမျှ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အစိုးရဌာန၊

အစိုးရအဖွဲ့ အစည်းများ၏ လုပ်ငန်းနှင့် စာရင်းများကို စစ်ဆေးခြင်းမပြုရ။” ၁၉။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၉၄ ၏ နောက်တွင် ပုဒ်မ ၉၄-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်

“၉၄-က။ မည်သူမဆို ပုဒ်မ ၈၇-က ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၁၀ သိန်း

ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။” ၂၀။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၉၅ ပါ “မည်သူမဆို ပုဒ်မ ၈၈ ပါ ပြဋ္ဌာန်းချက်ကို” ဆိုသည့် စကားရပ်ကို “စာရင်းလုပ်ငန်းလုပ်ကိုင်သူ မည်သူမဆို ပုဒ်မ ၈၈ သို့မဟုတ် ပုဒ်မ ၈၈-က ပါ ပြဋ္ဌာန်းချက်ကို” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။ ၂၁။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၉၅ ၏နောက်တွင် ပုဒ်မ ၉၅-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်

“၉၅-က။ မည်သူမဆို ပုဒ်မ ၈၈-ခ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။” ၂၂။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၉၆၊ ပုဒ်မခွဲ (ခ) ၏ နောက်တွင် ပုဒ်မခွဲ (ဂ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်“(ဂ) ကောင်စီသည် ပြည်တွင်းပြည်ပရှိ အဖွဲ့ အစည်းနှင့်အလှူရှင်များထံမှ လှူဒါန်းသည့်ငွေကြေးပစ္စည်းများ၊ နည်းပညာဆိုင်ရာနှင့် အခြားအကူအညီများကို တည်ဆဲဥပဒေများ နှင့်အညီ လက်ခံ၍ သတ်မှတ်ချက်များအရ စီမံဆောင်ရွက်သည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ)ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။