၂၀၁၈ -၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ (၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၈ ။)

၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၂ ရက်

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၄ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် အကျိုးသက်ရောက်သည့်ကာလ

၁။ (က) ဤဥပဒေကို ၂၀၁၈ -၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေ

ခွဲဝေသုံးစွဲရေးဥပဒေဟု ခေါ်တွင်စေရမည်။ (ခ) ဤဥပဒေသည် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အကျိုးသက်ရောက်စေရမည်။

အခန်း (၂) နောက်ထပ်အသုံးစရိတ်များကို ခွင့်ပြုလျာထားပေးခြင်းနှင့် စီမံခန့်ခွဲခြင်း

၂။ (က) ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲ

ကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့ အစည်းများ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ၊ နေပြည်တော်

ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့နှင့်စပ်လျဉ်း၍ ဇယား (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ (၇) နှင့် (၈) တို့တွင် ခွင့်ပြု ထားသော သုံးငွေတို့အတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိနှင့်

ယှဉ်တွဲဖော်ပြထားသော သက်ဆိုင်ရာသုံးငွေများကို သုံးစွဲနိုင်သည်။ ( ခ) ပုဒ်မခွဲ (က) တွင် ခွင့်ပြုထားသည့် ဘဏ္ဍာငွေခွဲဝေသုံးစွဲခြင်းသည် ၂၀၁၈-၂၀၁၉ ခု၊

ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအရ ခွင့်ပြုထားသည့်

ဘဏ္ဍာငွေခွဲဝေ သုံးစွဲခြင်းအပြင် နောက်ထပ်သုံးစွဲခြင်းဖြစ်သည်ဟု မှတ်ယူရမည်။ ၃။ (က) ပုဒ်မ ၂ ပါ တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအား တာဝန်

ပေးအပ်သည့်သုံးငွေကို စီမံခန့်ခွဲရန် မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာပုဂ္ဂိုလ် အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ( ခ) သုံးငွေကို စီမံခန့်ခွဲရာတွင် ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်

ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း (၃)

ငွေချေးယူခြင်း

၄။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ ပုဒ်မ ၁၂ တွင် ဖော်ပြထားသည့် ငွေချေးစာချုပ်များ ချုပ်ဆိုပြီးနောက် အမှန်တကယ် ချေးယူရရှိသည့် ငွေပမာဏအပြင် နောက်ထပ်ကျပ်သန်း ငါးသိန်းတိုးမြှင့်လျာထားလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။