၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ

(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၆ ။)

၁၃၈၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၅ ရက်

(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်)

နိဒါန်း

နိုင်ငံတော်၏ လူမှုစီးပွားရေးနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ရည်ရွယ်၍ချမှတ်ထားသည့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းပါ ပန်းတိုင်များ၊ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျအကောင်အထည် ဖော်နိုင်ရန်အလို့ငှာ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အခန်း(၁) အမည်၊ စတင်အာဏာတည်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက် ၁။ (က) ဤဥပဒေကို၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေဟုခေါ်တွင်စေရမည်။ (ခ) ဤဥပဒေသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့မှ

စတင်အာဏာတည်စေရမည်။ ၂။ ဤဥပဒေသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေဖြစ်သည်။ ၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ်သက်ရောက် စေရမည်(က) အမျိုးသားစီမံကိန်း ဆိုသည်မှာ တစ်မျိုးသားလုံး၏ လူမှုစီးပွားရေးတစ်ရပ်လုံးအတွက်

ဖြစ်စေ၊ ပြည်ထောင်စုဝန်ကြီးဌာန/ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက်ဖြစ်စေ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း မည်ရွေ့မည်မျှ တိုးတက် ရမည်ဆိုသည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ရည်မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ် များဖြစ်သည်။ အမျိုးသားစီမံကိန်းများ၌ ကဏ္ဍအလိုက်ဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ ဝိသေသပြုရေးဆွဲချမှတ်သော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းများ၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာကိုအခြေခံသော စက်မှုလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးစီမံကိန်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းစသည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဘက်စုံဆက်စပ်အကျုံးဝင်သည်ဟုမှတ်ယူရမည်။ (ခ) စီမံကိန်းရည်မှန်းချက် ဆိုသည်မှာ သတ်မှတ်ကာလအတွင်း စီးပွားရေးတစ်ရပ်လုံးအတွက်

ဖြစ်စေ၊ ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဖြစ်စေ မည်ရွေ့မည်မျှ

ဖွံ့ဖြိုးတိုးတက်စေရမည်ဟု ရည်မှန်းလျာထားချက်များဖြစ်သည်။ (ဂ) ဘဏ္ဍာနှစ်ဆိုသည်မှာ အောက်တိုဘာလ(၁)ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့

အထိကာလဖြစ်သည်။ (ဃ) နှစ်ကုန်ခန့်မှန်းခြေ ဆိုသည်မှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ(၆)လပတ် အကောင်အထည်

ဖော်နိုင်မှုနှင့် ဒုတိယ(၆)လပတ် အကောင်အထည်ဖော်နိုင်မည့်အခြေအနေတို့ကို ပေါင်းစပ်

ခန့်မှန်းထားခြင်းဖြစ်သည်။ (င) ပုံမှန်ဈေးနှုန်း ဆိုသည်မှာ အခြေခံနှစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဖြစ်ပေါ်သော

| ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ၏ ဈေးနှုန်းဖြစ်သည်။ (စ) နှစ်အလိုက်ဈေးနှုန်း ဆိုသည်မှာ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ဖြစ်ပေါ်သော

| ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းဖြစ်သည်။ (ဆ) သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများ ဆိုသည်မှာ အမျိုးသားစီမံကိန်းကို အကောင်အထည်

ဖော်ဆောင်ရွက်သည့် သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့များ၊ စည်ပင်သာယာရေးကော်မတီများကိုဆိုသည်။

အခန်း(၂)

စီမံကိန်းရည်မှန်းချက်များ ၄။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်(က) စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်ဈေးနှုန်းအရ

၇.၀ ရာခိုင်နှုန်းတိုးတက်ရန်၊ ( ခ) ကဏ္ဍအလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်ဈေးနှုန်းအရ

(၁) လယ်ယာကဏ္ဍတွင် ၂.၃ ရာခိုင်နှုန်းတိုးတက်ရန်၊ (၂) သားငါးကဏ္ဍတွင် ၂.၉ ရာခိုင်နှုန်းတိုးတက်ရန်၊ ( ၃) သစ်တောကဏ္ဍတွင် ၉.၀ ရာခိုင်နှုန်း လျော့နည်းဖြစ်ပေါ်ရန်၊ (၄) စွမ်းအင်ကဏ္ဍတွင် ၀.၅ ရာခိုင်နှုန်းတိုးတက်ရန်၊ (၅) သတ္တုနှင့်တွင်းထွက်ပစ္စည်းကဏ္ဍတွင် ၅.၂ ရာခိုင်နှုန်းတိုးတက်ရန်၊ ( ၆) စက်မှုလက်မှုကဏ္ဍတွင် ၉.၉ ရာခိုင်နှုန်းတိုးတက်ရန်၊ (၇) လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၇.၉ ရာခိုင်နှုန်းတိုးတက်ရန်၊ (၈) ဆောက်လုပ်မှုကဏ္ဍတွင် ၉.၀ ရာခိုင်နှုန်းတိုးတက်ရန်၊ (၉) ပို့ဆောင်ရေးကဏ္ဍတွင် ၈.၂ ရာခိုင်နှုန်းတိုးတက်ရန်၊ (၁၀) ဆက်သွယ်ရေးကဏ္ဍတွင် ၉.၅ ရာခိုင်နှုန်းတိုးတက်ရန်၊ (၁၁) ငွေရေးကြေးရေးကဏ္ဍတွင် ၁၁.၃ ရာခိုင်နှုန်းတိုးတက်ရန်၊ (၁၂) လူမှုရေးနှင့်စီမံခန့်ခွဲရေးကဏ္ဍတွင် ၄.၂ ရာခိုင်နှုန်းတိုးတက်ရန်၊ (၁၃) အခြားဝန်ဆောင်မှုကဏ္ဍတွင် ၁၂.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၄) ကုန်သွယ်မှုကဏ္ဍတွင် ၇.၇ ရာခိုင်နှုန်းတိုးတက်ရန်၊ (ဂ) တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်ဈေးနှုန်းအရ –

(၁) ကချင်ပြည်နယ်တွင် ၈.၀ ရာခိုင်နှုန်းတိုးတက်ရန်၊ (၂) ကယားပြည်နယ်တွင် ၄.၈ ရာခိုင်နှုန်းတိုးတက်ရန်၊ (၃) ကရင်ပြည်နယ်တွင် ၇.၆ ရာခိုင်နှုန်းတိုးတက်ရန်၊ (၄) ချင်းပြည်နယ်တွင် ၇.၉ ရာခိုင်နှုန်းတိုးတက်ရန်၊ (၅) စစ်ကိုင်းတိုင်းဒေသကြီးတွင် ၇.၇ ရာခိုင်နှုန်းတိုးတက်ရန်၊ (၆) တနင်္သာရီတိုင်းဒေသကြီးတွင် ၂.၅ ရာခိုင်နှုန်းတိုးတက်ရန်၊ (၇) ပဲခူးတိုင်းဒေသကြီးတွင် ၆.၄ ရာခိုင်နှုန်းတိုးတက်ရန်၊ ( ၈) မကွေးတိုင်းဒေသကြီးတွင် ၈.၀ ရာခိုင်နှုန်းတိုးတက်ရန်၊ (၉) မန္တလေးတိုင်းဒေသကြီးတွင် ၆.၈ ရာခိုင်နှုန်းတိုးတက်ရန်၊ (၁၀) မွန်ပြည်နယ်တွင် ၆.၇ ရာခိုင်နှုန်းတိုးတက်ရန်၊ (၁၁) ရခိုင်ပြည်နယ်တွင် ၄.၁ ရာခိုင်နှုန်းတိုးတက်ရန်၊ (၁၂) ရန်ကုန်တိုင်းဒေသကြီးတွင် ၈.၉ ရာခိုင်နှုန်းတိုးတက်ရန်၊ (၁၃) ရှမ်းပြည်နယ်တွင် ၅.၉ ရာခိုင်နှုန်းတိုးတက်ရန်၊ (၁၄) ဧရာဝတီတိုင်းဒေသကြီးတွင် ၄.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၅) နေပြည်တော်ကောင်စီနယ်မြေတွင် ၉.၂ ရာခိုင်နှုန်းတိုးတက်ရန်၊ (ဃ) စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင် နှစ်အလိုက်ဈေးနှုန်းအရ

လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၂၁.၅ ရာခိုင်နှုန်းမှ ၂၀.၃ ရာခိုင်နှုန်းသို့ လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၈.၀ ရာခိုင်နှုန်းမှ ၃၈.၇ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၄၀.၅

ရာခိုင်နှုန်းမှ ၄၁.၀ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးဖြစ်ပေါ်စေရန်၊ (င) နှစ်အလိုက်ဈေးနှုန်းအရ စုစုပေါင်းစားသုံးမှုတန်ဖိုးကို ကျပ် ၈၄,၃၄၇.၄ဘီလီယံ ဖြစ်ပေါ်စေရန်၊ (စ) နှစ်အလိုက်ဈေးနှုန်းအရ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံပိုင်အခန်းမှ အမျိုးအစားအားဖြင့် ၂၆.၃၈ ရာခိုင်နှုန်း၊ သမဝါယမပိုင်အခန်းမှ အမျိုးအစားအားဖြင့် ၀.၀၁ ရာခိုင်နှုန်း၊ ပုဂ္ဂလိကပိုင်အခန်းမှ အမျိုးအစားအားဖြင့် ၇၃.၆၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံရန်၊ (ဆ) နှစ်အလိုက်ဈေးနှုန်းအရ ပြည်ပပို့ကုန်ကို အမေရိကန်ဒေါ်လာ ၁၅,၅၀၀.၀ သန်း တင်ပို့

ရန်နှင့် ပြည်ပသွင်းကုန်ကို အမေရိကန်ဒေါ်လာ ၁၇၅၀၀.၀ သန်း တင်သွင်းရန်၊ ( ဇ) လူတစ်ဦးစီ၏ ပျမ်းမျှထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(Per Capita GDP) ကို နှစ်အလိုက် ဈေးနှုန်းအရ ကျပ် ၁,၉၄၉,၇၃၀ မှ ကျပ် ၂,၁၈၀,၇၅၅ သို့ ဖြစ်ပေါ်လာရန်။

| အခန်း(၃)

အထွေထွေ ၅။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ပူးတွဲ(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆) နှင့် (၇) တို့တွင်

ဖော်ပြထားသော စီမံကိန်းရည်မှန်းချက်များကို အဆက်အစပ်မိမိပေါင်းစပ်ဖွဲ့စည်း အကောင်အထည်ဖော် ကြရန်ဖြစ်သည်။ စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် လိုအပ်သော လုပ်ငန်းအစီအစဉ်များနှင့် ညွှန်ကြားချက်များကို ကဏ္ဍအလိုက်၊ ဒေသအလိုက်အသေးစိတ်ရေးဆွဲဆောင်ရွက်နိုင်သည်။ ၆။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်းများအား လေ့လာဆန်းစစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်ရမည်။ သို့ရာတွင် အကျိုးစီးပွားဖြစ်ထွန်းမှုမရှိသော စီမံကိန်းများအား ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ခွင့်ပြုခြင်းများ

ဆောင်ရွက်ရမည်။ ၇။ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးမူဝါများနှင့်အညီ ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းပါ ပန်းတိုင်များ၊ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ရမည်။ ၈။ သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် လက်ငင်း၊ ရေတိုနှင့်ရေရှည်အကျိုးဖြစ်ထွန်းစေပြီး ထာဝရရှင်သန်စေမည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဖြစ်သော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း အလေးထား

ဆောင်ရွက်ရမည်။ ၉။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများတင်ပြဆောင်ရွက်ရာတွင် သတ်မှတ် ထားသော အင်္ဂါရပ်များ၊ ဆန်းစစ်ချက်များပြည့်စုံမှသာလျှင် ဆောင်ရွက်ရမည်။ ၁၀။ အမျိုးသားစီမံကိန်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်သောစီမံကိန်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးတို့ကို အထောက်အကူပြုသောစီမံကိန်းများနှင့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းပါ မဟာဗျူဟာများကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မဟာဗျူဟာမြောက် စီမံကိန်းများပါဝင်ရမည်။ ၁၁။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့ အစည်းများသည် အမျိုးသားစီမံကိန်းတွင် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအနက် ပုဂ္ဂလိကလုပ်ပိုင်ခွင့်အဖြစ် လွှဲပြောင်းပေးသင့်သော စီးပွားရေးလုပ်ငန်းများကို နှစ်အလိုက်လွှဲပြောင်းပေးမည့် စီမံကိန်းများအဖြစ် ထည့်သွင်းရေးဆွဲရမည်။ ၁၂။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများသည် ဖြစ်မြောက်နိုင်စွမ်း ရှိ မရှိ၊ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ မရှိ၊ ပြည်သူများအတွက် အကျိုး ရှိ မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြု မပြု၊ ပတ်ဝန်းကျင်ကိုထိခိုက်မှု ရှိ မရှိ စသည်တို့ကို ဘက်စုံလေ့လာဆန်းစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် ကာလတို ၅ နှစ် စီမံကိန်း၌ ထည့်သွင်း ရေးဆွဲပြီးမှ နှစ်စဉ်အမျိုးသားစီမံကိန်းတွင် ထည့်သွင်းဖော်ပြရမည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်၏အကျိုးစီးပွားအတွက် အရေးကြီးလိုအပ်ချက်အရဆောင်ရွက်ရသည့် အထူးစီမံကိန်းများနှင့် စီမံကိန်းဘဏ်အတွင်း ထည့်သွင်းစိစစ်အတည်ပြုထားသည့် ဗျူဟာမြောက်စီမံကိန်းများကို ကာလတို ၅ နှစ် စီမံကိန်းတွင်မပါရှိသော်လည်း နှစ်စဉ်အမျိုးသားစီမံကိန်းတွင် ထည့်သွင်းဖော်ပြခွင့်ရှိသည်။ ၁၃။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့ အစည်းများသည် မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများအတွက်လျာထားခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်းလုပ်ငန်း များနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ မြို့နယ်အဆင့်မှစတင်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးမှလွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရမည်။ ပူးပေါင်းဆောင်ရွက်ရန်ပျက်ကွက်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့ အစည်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ထိရောက်စွာအရေးယူဆောင်ရွက်ရမည်။ ၁၄။ သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများသည် ဤဥပဒေအရထုတ်ပြန်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင်ပါရှိသည့် နိုင်ငံပိုင်အခန်းဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင်ပါရှိသော ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ)ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော