အမြတ်ခွန်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ
(၂ဝ၁၁ ခုနှစ်၊ ပြည်ထောင်စုလွတ်တော်ဥပဒေအမှတ် ၁။)
၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက်
(၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်)
ပြည်ထောင်စုလွတ်တော်သည် ဤဥပဒေကို ပြဋာန်းလိုက်သည်။
၁။ ဤဥပဒေကို အမြတ်ခွန်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ (က) အမြတ်ခွန်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
(ခ) ဤဥပဒေသည် ၂ဝ၁၁-၂ဝ၁၂ စည်းကြပ်နှစ်အတွက်မှစ၍ အာဏာတည်စေရမည်။
၃။ (က) ၂ဝ၁၁-၂ဝ၁၂ စည်းကြပ်နှစ်အတွက်မှစ၍ အမြတ်ခွန်ဥပဒေအရ စည်းကြပ်ရန် ကိစ္စရပ်များကို ဝင်ငွေခွန် ဥပဒေပါ ပြဋာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။
(ခ) ပုဒ်မခွဲ (က)အရ ဆောင်ရွက်ရာတွင် အခွန်ထမ်းက အမြတ်ခွန်ဥပဒေပုဒ်မ ၁၂ အရ
ပေးသွင်းထားသော အခွန်ကို ခုနှိမ်ပေးရမည်။
၄။ ၂ဝ၁၁-၂ဝ၁၂ စည်းကြပ်နှစ်မတိုင်မီက အမြတ်ခွန်ဥပဒေအရ စည်းကြပ်ရန်ကိစ္စရပ်များနှင့် ဆောင်ရွက်ဆဲကိစ္စရပ်များကို အမြတ်ခွန်ဥပဒေပါ ပြဋာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက် ရမည်။ ၅။ အမြတ်ခွန်ဥပဒေပုဒ်မ ၁၉ အရ ခွင့်ပြုသည့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များသည် ဝင်ငွေခွန်ဥပဒေအရ ခွင့်ပြုသည့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များအဖြစ် ဆက်လက်အကျိုး သက်ရောက်စေရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုး သည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်