ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း

ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃ဝ။)

၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက်

(၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင် စေရမည်။

၂။ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ ပုဒ်မ ၂၃၊ ပုဒ်မခွဲ (ခ)၏ နောက်တွင် ပုဒ်မခွဲ(ဂ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

 

”(ဂ)

တရားသူကြီးအဖြစ် ရွေးချယ်ခန့်ထားခြင်း ခံရသူများအား တရားသူကြီးအဖြစ် စတင်တာဝန်ပေးသည့်အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန် အတွက် စီစဉ်ဆောင်ရွက်ရမည်။ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုခြင်း မဆောင်ရွက်ရသေးသော တရားသူကြီးများ အတွက်လည်း ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက် ရမည်။”

၃။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၆၇ ပါ ”ရဲတပ်ဖွဲ့ အချုပ်စခန်းများအား စစ်ဆေးကြည့်ရှုနိုင်သည်” ဆိုသည့် စကားရပ်အား ”ရဲတပ်ဖွဲ့ အချုပ်စခန်းများကို အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ်စစ်ဆေးကြည့်ရှုရမည်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၄။ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၆၈ ပါ ”ရဲတပ်ဖွဲ့ အချုပ်စခန်းများအား စစ်ဆေးကြည့်ရှုနိုင်သည်” ဆိုသည့် စကားရပ်အား ”ရဲတပ်ဖွဲ့ အချုပ်စခန်းများကို အနည်းဆုံး ခြောက်လလျှင်တစ်ကြိမ် စစ်ဆေးကြည့်ရှုရမည်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

 

 

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။