နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ

(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၈။)

၁၃၇၆ ခုနှစ်၊ သီတင်းကျွတ် လဆန်း ၇ ရက်

(၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

            ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။

ဤဥပဒေကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (က) တွင် ပါရှိသော “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း”ဆိုသည့် စကားရပ်ကို “နိုင်ငံသားဖြစ်ခြင်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ဃ) တွင် ပါရှိသော “ပုဒ်မ ၄ ပါ အချက်များနှင့် ညီညွတ်သော ပါတီတည်ထောင်လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ အမျိုးသားမှတ်ပုံတင် အမှတ်၊ ဧည့်နိုင်ငံသား လက်မှတ် အမှတ်၊ နိုင်ငံသားပြုခွင့်လက်မှတ် အမှတ် သို့မဟုတ် ယာယီ သက်သေခံ လက်မှတ်အမှတ်” ဆိုသည့် စကားရပ်ကို “ပုဒ်မ ၄ ပါ အချက်များနှင့် ညီညွတ်သော ပါတီ တည်ထောင် လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၄။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) တွင် ပါရှိသော “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူဖြစ်ခြင်း” ဆိုသည့် စကားရပ်ကို “နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့် ရသူဖြစ်ခြင်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၅။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ ၏နောက်တွင် ပုဒ်မ ၂၅-က အဖြစ် အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-

 

“၂၅-က။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေ မပြဋ္ဌာန်းမီ မူလနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အရ တည်ရှိခဲ့သည့် နိုင်ငံရေးပါတီများသည် ဤပြင်ဆင်သည့် ဥပဒေနှင့် အညီ ဖွဲ့စည်းထားသည့် နိုင်ငံရေး ပါတီနှင့် ပါတီဝင်များ ဖြစ်သည်ဟု မှတ်ယူရမည်။ ယင်းပါတီများကို ဤပြင်ဆင်သည့် ဥပဒေနှင့်အညီ ပြင်ဆင် လုပ်ကိုင်ဆောင်ရွက်ရန် အတွက် သင့်လျော်သည့် အချိန် ကာလ တစ်ခုကို ကော်မရှင်က ညှိနှိုင်းသတ်မှတ်ပေးရမည်။”

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်                                             

နိုင်ငံတော်သမ္မတ                                     

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။