နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ
(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၆။)
၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်
(၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်)
|
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ |
||||||
|
၁။ |
ဤဥပဒေကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင် စေရမည်။ |
|||||
|
၂။ |
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်- |
|||||
|
|
“(ခ) |
ပုဒ်မခွဲ (က) အရ တင်သွင်းသည့် တင်သွင်းလွှာတွင် အဆုံးအဖြတ် ပေးစေ လိုသည့် အချက်မှာ အဓိပ္ပာယ်ဖွင့်ဆိုချက် သို့မဟုတ် ဆုံးဖြတ်ချက် သို့မဟုတ် သဘောထားရယူရန် ဖြစ်သည်ကို ရှင်းလင်းစွာ ဖော်ပြရမည်။” |
||||
|
၃။ |
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၁၇ ၏ နောက်တွင် ပုဒ်မ ၁၇-က နှင့် ပုဒ်မ ၁၇-ခ တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်- |
|||||
|
|
“၁၇-က။ |
(၁) |
ပုဒ်မ ၁၃ နှင့် ၁၄ ပါ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ် လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသော ဥပဒေ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ် ခြင်း ရှိ မရှိ စိစစ်၍ သဘောထားရယူရန် လိုအပ်သည်ဟု ထင်မြင်ယူဆလျှင် စိစစ်ပြန်ကြား စေလိုသော အချက်ကို ဖော်ပြ၍ ခုံရုံးသို့ တင်သွင်းစိစစ်စေနိုင်သည်။ |
|||
|
|
|
(၂) |
တင်သွင်းလွှာတွင် ကိုးကားသည့် အထောက်အထား၊ စာရွက် စာတမ်းများ ပြည့်စုံစွာ ပူးတွဲပါရှိစေရမည်။ |
|||
|
|
|
(၃) |
ခုံရုံးသည် ပုဒ်မခွဲ (၁) အရ တင်သွင်းလာသော ကိစ္စရပ်ကို စိစစ်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ မှတ်တမ်းများ၊ ဥပဒေကြမ်းအပေါ် သက်ဆိုင်ရာ လွှတ်တော်များတွင် ဆွေးနွေးခဲ့သော ဆွေးနွေးချက်များ ပါဝင် သည့် လွှတ်တော် မှတ်တမ်းများကို ပြည်ထောင်စုလွှတ်တော် နာယက၊ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌများမှ တစ်ဆင့် တောင်းခေါ် ကြည့်ရှုနိုင်သည်။ |
|||
|
|
၁၇-ခ။ |
(၁) |
ပုဒ်မ ၁၃ နှင့် ၁၄ ပါ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ညီညွတ်ခြင်း ရှိ မရှိ စိစစ်၍ သဘောထား ရယူရန် လိုအပ်သည်ဟု ထင်မြင် ယူဆလျှင် စိစစ်ပြန်ကြားစေလိုသော အချက်ကို ဖော်ပြ၍ ခုံရုံးသို့ တင်သွင်း စိစစ် စေနိုင်သည်။ |
|||
|
|
|
(၂) |
ခုံရုံးသည် ပုဒ်မခွဲ (၁) အရ တင်သွင်းလွှာကို လက်ခံရရှိသည့်အခါ သက်ဆိုင်ရာ အာဏာပိုင်အား ယင်း၏ ဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ စာဖြင့်ရှင်းလင်းတင်ပြခွင့် ပေးရမည်။” |
|||
|
၄။ |
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေအခန်း (၅) ၏ ခေါင်းစဉ်ကို အောက်ပါအတိုင်း အစားထိုးရမည်- |
|||||
|
|
“တင်သွင်းလွှာကို စိစစ်ခြင်း၊ ကြားနာခြင်း၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ သဘောထား ပြန်ကြားခြင်း၊ ဆုံးဖြတ်ခြင်း” |
|||||
|
၅။ |
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၁၈ ကို အောက်ပါအတိုင်း အစားထိုးရမည်- |
|||||
|
|
“၁၈။ |
ဥက္ကဋ္ဌသည် ပုဒ်မ ၁၆၊ ပုဒ်မ ၁၇၊ ပုဒ်မ ၁၇-က သို့မဟုတ် ပုဒ်မ ၁၇-ခ အရ တင်သွင်းသော တင်သွင်းလွှာ ပြည့်စုံမှု ရှိ မရှိ စိစစ်တင်ပြရန် နိုင်ငံတော် သမ္မတက ရွေးချယ်သည့် အဖွဲ့ဝင်များအနက်မှ တစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်သည့် အဖွဲ့ဝင်များအနက်မှ တစ်ဦးနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်သည့် အဖွဲ့ဝင်များ အနက်မှ တစ်ဦးတို့ ပါဝင်သော တင်သွင်းလွှာ စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးရမည်။” |
||||
|
၆။ |
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၁၉ ၌ ပါရှိသော “စိစစ်ရေး အဖွဲ့သည် တင်ပြချက်များနှင့် စပ်လျဉ်း၍” ဆိုသည့် စကားရပ်အစား “တင်သွင်းလွှာ စိစစ်ရေးအဖွဲ့သည် တင်သွင်းလွှာနှင့်စပ်လျဉ်း၍” ဆိုသည့် စကားရပ်ဖြင့် အစားထိုး ရမည်။ |
|||||
|
၇။ |
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်- |
|||||
|
|
“(က) |
ပုဒ်မ ၁၂ ပါ လုပ်ငန်းတာဝန်များ အနက် မည်သည့်အချက်ကို တင်သွင်း ကြောင်း ခွဲခြားစိစစ်ရမည်။ စပ်ဆိုင်သော အချက်အလက်များနှင့် ခိုင်လုံသော အထောက်အထား၊ စာရွက်စာတမ်းများ ရှင်းလင်းပြည့်စုံစွာ ပူးတွဲပါရှိခြင်း ရှိ မရှိ စိစစ်ရမည်။ ယင်းသို့ စိစစ်ရာတွင် ပြည့်စုံမှုမရှိကြောင်း တွေ့ရှိပါက လိုအပ်ချက်များကို သတ်မှတ်ချိန်အတွင်း တင်ပြစေရမည်။ သတ်မှတ်ချိန်အတွင်း ရှင်းလင်းပြည့်စုံစွာ တင်သွင်းခြင်း မပြုပါက တင်သွင်းလွှာကို ငြင်းပယ်နိုင်သည်။” |
||||
|
၈။ |
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ခ) တွင် ပါရှိသော “ပြန်လည်ရှင်းလင်းရမည့်” ဆိုသည့် စကားရပ်နောက်၌ “သို့မဟုတ် တင်သွင်းလွှာနှင့် အကျိုးသက်ဆိုင်သော”ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။ |
|||||
|
၉။ |
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၂၁ ၏ ပုဒ်မခွဲ (စ) ကို ပယ်ဖျက်ရမည်။ |
|||||
|
၁၀။ |
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၂၂ ၏ ခေါင်းစဉ်ကို အောက်ပါ အတိုင်းအစားထိုးရမည် – |
|||||
|
|
“အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ သဘောထားပြန်ကြားခြင်း၊ ဆုံးဖြတ်ခြင်း” |
|||||
|
၁၁။ |
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၂၂ ကို အောက်ပါအတိုင်း အစားထိုးရမည် – |
|||||
|
|
“၂၂။ |
ခုံရုံးသည် – |
||||
|
|
|
(က) |
ကြားနာပြီးနောက် အဓိပ္ပာယ် ဖွင့်ဆိုချက်၊ သဘောထား၊ ဆုံးဖြတ် ချက်ကို ဆောလျင်စွာ ချမှတ်နိုင်ရန် စီစဉ်ဆောင်ရွက်ရမည်။ |
|||
|
|
|
(ခ) |
အဓိပ္ပာယ်ဖွင့်ဆိုချက်၊ သဘောထား၊ ဆုံးဖြတ်ချက် ချမှတ်မည့် နေ့ကို ကြိုတင်ကြေညာရမည်။ |
|||
|
|
|
(ဂ) |
ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သဘောထားကို ခုံရုံး၏ ထက်ဝက် ကျော် သဘောတူညီချက်ဖြင့် ချမှတ်ရမည်။ |
|||
|
|
|
(ဃ) |
ခုံရုံး၏ ဆုံးဖြတ်ချက်ကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ထက်ဝက် ကျော်၏ သဘောတူညီချက်ဖြင့် ချမှတ်ရမည်။ |
|||
|
|
|
(င) |
ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)အရ တင်သွင်းလွှာများအတွက် ခုံရုံး၏ အဓိပ္ပာယ် ဖွင့်ဆိုချက်အဖြစ်လည်းကောင်း၊ ပုဒ်မ ၁၇-ကနှင့် ၁၇-ခ အရ တင်သွင်းလွှာများအတွက် သဘောထားအဖြစ်လည်းကောင်း၊ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဃ)၊ (င)၊ (စ)နှင့် (ဆ)တို့အရ တင်သွင်းလွှာ များအတွက် ဆုံးဖြတ်ချက်အဖြစ်လည်းကောင်း ချမှတ်ရာတွင် ခုံရုံး ကိုယ်စား ဥက္ကဋ္ဌက လက်မှတ်ရေးထိုး၍ ဥက္ကဋ္ဌကဖြစ်စေ၊ ဥက္ကဋ္ဌ၏ တာဝန်ပေးချက်အရ အဖွဲ့ဝင်တစ်ဦးဦးကဖြစ်စေ အများပြည်သူ ရှေ့မှောက်တွင် ဖတ်ကြားရမည်။” |
|||
|
၁၂။ |
နိုင်ငံတော်ဖွဲ့အစည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၂၀ နှင့် ပုဒ်မ ၂၁ တို့တွင် ပါရှိသော “တင်ပြချက်” ဆိုသည့်စကားရပ်ကို “တင်သွင်းလွှာ” ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။ |
|||||
|
၁၃။ |
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၂၄ ကို အောက်ပါအတိုင်း အစားထိုးရမည်- |
|||||
|
|
“၂၄။ |
ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။” |
||||
|
၁၄။ |
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၃၅ တွင် ပါရှိသော “ဆုံဖြတ်ချက်များ” ဆိုသည့်စကားရပ်၏နောက်၌ “အဓိပ္ပာယ် ဖွင့်ဆိုချက်များနှင့် သဘောထားများ” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။ |
|||||
|
၁၅။ |
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၃၇ ၏ နောက်တွင် ပုဒ်မ ၃၇-က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်- |
|||||
|
|
“၃၇-က။ |
ခုံရုံးသည် ဤဥပဒေပါ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် တရားမ ကျင့်ထုံးဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ သက်သေခံ အက်ဥပဒေပါ ပြဋ္ဌာန်းချက်များမှ စပ်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို ဆီလျော်သလို ကျင့်သုံးဆောင်ရွက်နိုင်သည်။” |
||||