နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅၅။)

၁၃၇၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်

(၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်)

      ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။

ဤဥပဒေကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။

နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယောင်များဆိုင်ရာဥပဒေပုဒ်မ ၁၈ ကို အောက်ပါအတိုင်း အစားထိုးရမည် –

“၁၈။

ဤဥပဒေအရ ခံစားခွင့်ပြုသည့် ချီးမြှင့်ငွေအပေါ် ဝင်ငွေခွန်ကောက်ခံရမည်။ သို့ရာတွင် စရိတ်အပေါ် ဝင်ငွေခွန် ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်။”

      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

 (ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။