ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၈။)

၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်

(၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်)

     ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။

ဤဥပဒေကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(က)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမြို့နယ်အားလုံးနှင့် ကျေးလက် ဒေသမကျန် နှစ်စဉ်ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်နိုင်ရေး အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကို နှစ်စဉ် ပြည်ထောင်စု ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ခန့်မှန်းခြေ ငွေစာရင်း တို့ကို ရေးဆွဲရာတွင် ပါဝင်လာစေရန်၊”

၃။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) တွင်ပါရှိသော “မြို့နယ်ဦးစီးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန” ဆိုသည့် စကားရပ်ကို” မြို့နယ်ဦးစီးမှူး၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၆) တွင် ပါရှိသော “မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန” ဆိုသည့်စကားရပ်ကို” မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း အသီးသီးအစား ထိုးရမည်။

၄။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (စ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(စ)

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ထောက်ပံ့ငွေအဖြစ် လွှဲပြောင်းပေးပို့သော ငွေကို ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲများတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစီအစဉ်အောက်၌ ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ထောက်ပံ့ငွေအမည်ဖြင့် ငွေစာရင်းဖွင့်လှစ်ပြီး ငွေထုတ်သူ အရာရှိအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမှုဆောင် အရာရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ဦးစီးမှူး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့၏ အမည်စာရင်းနှင့် ငွေစာရင်းအမှတ်တို့ကို ဗဟိုကော်မတီသို့ ပေးပို့ခြင်း၊”

၅။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေ ပုဒ်မ ၁၀ ကို အောက်ပါ အတိုင်း အစားထိုးရမည်-

“၁၀။

(က)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်သည် မြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စာရင်းများကို စစ်ဆေးပြီး စာရင်းစစ် အစီရင်ခံစာကို ပြည်ထောင်စု စာရင်းစစ်ချုပ်ထံ တင်ပြရမည်။

(ခ)

ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စာရင်း များကို စစ်ဆေးပြီး စာရင်းစစ် အစီရင်ခံစာကို နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြရမည်။”

၆။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေ ပုဒ်မ ၂၀ တွင်ပါရှိသော “နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ” ဆိုသည့် စကားရပ်ကို ပယ်ဖျက် ရမည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပုဒ်မ ၁၀၆ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မ ၁၀၇ တို့အရ ဤဥပဒေကို ထုတ်ပြန်သည်။

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။