တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၇။)

၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်

(၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်)

        ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။

ဤဥပဒေကို တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ ပုဒ်မ ၄ ကို အောက်ပါအတိုင်း အစားထိုးရမည်-

“၄။

ပြည်ထောင်စုအစိုးရအဖွဲ့သည် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဦးဆောင်အဖွဲ့ကို ဒုတိယသမ္မတ တစ်ဦးအား ဦးဆောင်စေပြီး အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-

(က)

သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊

(ခ)

သက်ဆိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့စည်းများမှ ပုဂ္ဂိုလ်များ၊

     (ဂ)

တောင်သူလယ်သမားများအား ကိုယ်စားပြုသော အဖွဲ့အစည်းမျာနှင့် သင့်လျော်သော အခြားအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

 (ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။