သံအရာရှိများနှင့် ကောင်စစ်အရာရှိများ (ကျမ်းသစ္စာများနှင့် အခကြေးငွေများ) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃။)
၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်
(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ |
||||
၁။ |
ဤဥပဒေကို သံအရာရှိများနှင့် ကောင်စစ်အရာရှိများ (ကျမ်းသစ္စာများနှင့် အခကြေးငွေများ) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။ |
|||
၂။ |
သံအရာရှိများနှင့် ကောင်စစ်အရာရှိများ (ကျမ်းသစ္စာများနှင့်အခကြေးငွေများ) အက်ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် – |
|||
|
(က) |
“သံအရာရှိ” ဆိုရာတွင် သံအမတ်ကြီး၊ သံအမတ်၊ သံမှူးကြီး၊ သံမှူး၊ သံရုံး၏ အတွင်းဝန်နှင့်သံရုံး ယာယီတာဝန်ခံတို့ ပါဝင်သည်။ |
||
|
(ခ) |
“ကောင်စစ်အရာရှိ” ဆိုရာတွင် ကောင်စစ်ဝန်ချုပ်၊ ကောင်စစ်ဝန်၊ ဒုတိယကောင်စစ်ဝန်တို့ ပါဝင်သည့်အပြင် ထိုပုဂ္ဂိုလ်တစ်ဦးဦး၏ တာဝန် ဝတ္တရားများကို ဆောင်ရွက်ရန် အာဏာလွှဲအပ်ခြင်း ခံရသော အခြားပုဂ္ဂိုလ်လည်း ပါဝင်သည်။ |
||
၃။ |
သံအရာရှိများနှင့် ကောင်စစ်အရာရှိများ (ကျမ်းသစ္စာများနှင့် အခကြေးငွေများ) အက်ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (၁) တွင် ပါဝင်သော “တိုင်းတပါးတွင်ဖြစ်စေ၊ အရပ်တပါးတွင် ဖြစ်စေ” ဆိုသည့် စကားရပ်ကို “နိုင်ငံအတွင်းတွင် ဖြစ်စေ၊ နိုင်ငံပြင်ပတွင်ဖြစ်စေ”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။ |
|||
၄။ |
သံအရာရှိများနှင့်ကောင်စစ်အရာရှိများ (ကျမ်းသစ္စာများနှင့်အခကြေးငွေများ) အက်ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (၁) ကို အောက်ပါအတိုင်း အစားထိုးရမည် – |
|||
|
“၇။ |
(၁) |
နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဤအက်ဥပဒေပါ ကိစ္စရပ်များကို ဆောင်ရွက်ရန် အလို့ငှာ – |
|
|
|
|
(က) |
လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန် နိုင်သည်။ |
|
|
|
(ခ) |
လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။” |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။ |
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်