၁၉၆၁ ခုနှစ်၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၆။)

၁၃၇၆ ခုနှစ်၊ တပေါင်းလဆန်း  ၁  ရက်

(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈) ရက်

       ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။

ဤဥပဒေကို ၁၉၆၁ ခုနှစ်၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။

၁၉၆၁ ခုနှစ်၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (၂) ကို ပယ်ဖျက်ရမည်။

၃။

၁၉၆၁ ခုနှစ်၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၂) တွင် ပါရှိသော “၁၅ ရက်ထက် မပိုစေသော”ဆိုသည့်စကားရပ်ကို “စုစုပေါင်း ၁၅ ရက်ထက် မပိုစေသော” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၄။

၁၉၆၁ ခုနှစ်၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (၁) တွင် ပါရှိသော “ရာဇဝတ်တရားသူကြီးသည် မိမိက သတ်မှတ် သင့်တော် သည်ဟု ထင်မြင်သည့် သုံးနှစ်ထက် မပိုသော ကာလအတွင်း ထိုသူ ကောင်းမွန်စွာ ကျင့်ကြံ နေထိုင်ရေးအတွက် ခံဝန်သူနှင့်ခံဝန်ချုပ်ကိုချုပ်စေ” ဆိုသည့် စကားရပ်ကို “ရာဇဝတ် တရားသူကြီးသည် မိမိကသတ်မှတ်သင့်တော်သည်ဟု ထင်မြင်သည့် တစ်နှစ်ထက် မပိုသော ကာလအတွင်း ထိုသူကောင်းမွန်စွာ ကျင့်ကြံနေထိုင်ရေး အတွက် ခံဝန်သူနှင့် ခံဝန်ချုပ်ကို ချုပ်စေ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၅။

၁၉၆၁ ခုနှစ်၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) တွင် ပါရှိသော “နှစ်နှစ်”ဆိုသည့် စကားရပ်ကို“တစ်နှစ်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၆။

၁၉၆၁ ခုနှစ်၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (၃) ၏ ခြွင်းချက်တွင် ပါရှိသော “သုံးနှစ်” ဆိုသည့် စကားရပ်ကို “တစ်နှစ်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။