မြေနှင့် အခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၆။)
၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်
(၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။
ဤဥပဒေကို မြေနှင့်အခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။
မြေနှင့်အခွန်အက်ဥပဒေပုဒ်မ ၃၃ နှင့် ပုဒ်မ ၃၈-က၊ ပုဒ်မခွဲ (၃) တို့ကို ပယ်ဖျက်ရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်