အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၇။)
၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလဆန်း ၉ ရက်
( ၂ဝ၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဌာန်းလိုက်သည်။
၁။ဤဥပဒေကိုအောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေကို ပြင်ဆင် သည့် ဥပဒေဟု ခေါ်တွင် စေရမည်။
၂။အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၉ နိုင် ပုဒ်မ ၂၃-က၊ ပုဒ်မခွဲ (၃) တို့ကို ပယ်ဖျက်ရမည်။
၃။အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ ၄၃-က တွင်ပါရှိသော ”not exceeding one month’s imprisonment, or two hundred rupees fine, or both.” ဆိုသည့် စကားရပ်ကို ”not exceeding three month’s imprisonment, or three hundred thousand kyats fine, or both.” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွနု်ပ်လက်မှတ် ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်