နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို  ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ
(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၄။)
၁၃၇၇ ခုနှစ်၊  ဒုတိယဝါဆိုလဆန်း  ၆  ရက်
(၂၀၁၅ ခုနှစ်၊  ဇူလိုင်လ ၂၂ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။
ဤဥပဒေကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို  ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၂ တွင် ပုဒ်မခွဲ (စ)ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(စ)
ဝန်ကြီးဌာန  ဆိုသည်မှာ ပြည်ထောင်စုအစိုးရ နယ်စပ်ရေးရာဝန်ကြီးဌာနကို ဆိုသည်။”
၃။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ ၇ ၏ နောက်တွင် ပုဒ်မ ၇-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“၇-က။
လုပ်ငန်းကော်မတီက ဆုံးဖြတ်ခြင်း မပြုနိုင်သော ကိစ္စများ ပေါ်ပေါက်ပါက  ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်ရမည်။”
၄။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ) ၏ နောက်တွင် ပုဒ်မခွဲ (ဆ-၁) နှင့် ပုဒ်မခွဲ (ဆ-၂) တို့အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် –
“(ဆ-၁)
တိုင်းရင်းသားလူမျိုးများ၏ သဘောဆန္ဒနှင့်အညီ တိုင်းရင်းသား လူမျိုး ရေးရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်ပေးခြင်း၊
(ဆ-၂)
ဒေသဖွံ့ဖြိုးရေးကို ပြန်လည် တာဝန်ထမ်းဆောင်နိုင်သည့် လူ့စွမ်းအား အရင်းအမြစ်ကောင်းများ မွေးထုတ်ပေးရန် အတွက် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များအား အခြေခံနှင့် အဆင့်မြင့် ပညာရပ်များ သင်ကြားပေးရန် စီမံဆောင်ရွက်ခြင်း။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။