ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ
(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၆။)
၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၂ ရက်
(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။
ဤဥပဒေကို ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေ ရမည်။
၂။
ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၂၉၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၄၇၊ ပုဒ်မခွဲ (ခ) တို့တွင် ပါရှိသော “ရွေးကောက်ပွဲ ဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်း” ဆိုသည့် စကားရပ်ကို “ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးလုပ်ငန်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။