ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၇။)
၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၂ ရက်
(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။
၁။
ဤဥပဒေကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (ခ) တွင် ပါရှိသော “ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်း” ဆိုသည့် စကားရပ်ကို “ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးလုပ်ငန်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုး ရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်