လမ်းနှင့် တံတားအသုံးပြုခြင်းဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၆၁။)
၁၃၇၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်
( ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက် )

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို လမ်းနှင့်တံတားအသုံးပြုခြင်းဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ လမ်းနှင့် တံတားအသုံးပြုခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၃၊ ပုဒ်မခွဲ (ဂ) တွင် ပါရှိသော “ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း” ဆိုသည့်စကားရပ်ကို “လမ်းဦးစီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။