သွေးနှင့် သွေးပစ္စည်းများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅၇။)

၁၃၇၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်

(၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

၁။
ဤဥပဒေကို သွေးနှင့်သွေးပစ္စည်းများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။
သွေးနှင့်သွေးပစ္စည်းများဆိုင်ရာဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဋ)နှင့် ပုဒ်မ ၁၉ တို့တွင် ပါရှိသော “သွေးဘဏ်ငယ်” ဆိုသည့် စကားရပ်ကို “သွေးဘဏ် သို့မဟုတ် သွေးဘဏ်ငယ်” ဆိုသည့် စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၃။
သွေးနှင့်သွေးပစ္စည်းများဆိုင်ရာဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ဎ) တွင် ပါရှိသော “ပြည်နယ်၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်”ဆိုသည့် စကားရပ်ကို “တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၄။
သွေးနှင့်သွေးပစ္စည်းများဆိုင်ရာဥပဒေ ပုဒ်မ ၁၀ ကို အောက်ပါအတိုင်း အစားထိုး ရမည် –

“၁၀။
ပုဂ္ဂလိကသွေးဘဏ် သို့မဟုတ် သွေးဘဏ်ငယ်ကို တည်ထောင်ဖွင့်လှစ် လိုသူသည် လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ကော်မတီ သို့မဟုတ် ကော်မတီက တာဝန် လွှဲအပ်ခြင်း ခံရသောဌာနသို့ လျှောက်ထား ရမည်။”

၅။
သွေးနှင့်သွေးပစ္စည်းများဆိုင်ရာဥပဒေ ပုဒ်မ ၁၁ နှင့် ပုဒ်မ ၁၂ တို့တွင် ပါရှိသော “အဖွဲ့အစည်း သို့မဟုတ်” ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရမည်။

၆။
သွေးနှင့်သွေးပစ္စည်းများဆိုင်ရာဥပဒေ ပုဒ်မ ၂၉ ကို အောက်ပါအတိုင်း အစားထိုး ရမည်။

 “၂၉။
အစိုးရဌာန၊ အဖွဲ့အစည်းနှင့် ကြက်ခြေနီအသင်းတို့သည် သွေးဘဏ် သို့မဟုတ် သွေးဘဏ်ငယ် တည်ထောင်ဖွင့်လှစ်လိုလျှင် လိုင်စင် လျှောက်ထားရန် မလိုဘဲ ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တည်ထောင် ဖွင့်လှစ်နိုင်သည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်                                               

နိုင်ငံတော်သမ္မတ                                          

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်                             

 

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။