အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၆၉။)
၁၃၇၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက်
(၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။
ဤဥပဒေကို အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။
အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (စ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(စ)
ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေး ဝန်ကြီးဌာနကို ဆိုသည်။”
၃။
အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၇) တွင်ပါရှိသော “မြန်မာ့ အာမခံမှ အရာရှိ ၁ ဦး” ဆိုသည့်စကားရပ်ကို “ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ အရာရှိ ၁ ဦး” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၄။
အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေပုဒ်မ ၆ တွင်ပါရှိသော “မြန်မာ့အာမခံ” ဆိုသည့် စကားရပ်ကို “ငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေး ဦးစီးဌာန” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
၅။
အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေပုဒ်မ ၃၅ ကို ပယ်ဖျက်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။