ငွေစုဘဏ်လုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၇၀။)
၁၃၇၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက်
(၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။
ဤဥပဒေကို ငွေစုဘဏ်လုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။
ငွေစုဘဏ်လုပ်ငန်းဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (စ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(စ)
ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေး ဝန်ကြီးဌာနကိုဆိုသည်။”
၃။
ငွေစုဘဏ်လုပ်ငန်းဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (ဃ) တွင် ဖော်ပြထားသော “သမဝါယမအသင်းများ” ဆိုသည့်စကားရပ်ကို “ငွေစုငွေချေး သမဝါယမအသင်းများ”ဆိုသည့် စကားရပ်ဖြင့် အစားထိုး ရမည်။
၄။
ငွေစုဘဏ်လုပ်ငန်းဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (င) တွင် ဖော်ပြထားသော “အသင်းအဖွဲ့များ” ဆိုသည့် စကားရပ်ကို “အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရ မည်။
၅။
ငွေစုဘဏ်လုပ်ငန်း ဥပဒေပုဒ်မ ၁၁ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၁၁။
ငွေစုသူသည် ငွေစုဘဏ်စာရင်းဖွင့်လှစ်သည့်အခါ သို့မဟုတ် ငွေစုလက်မှတ် ဝယ်ယူသည့်အခါ မိမိ၏စုငွေနှင့် အတိုးခံစားခွင့်များကို မိမိလွှဲပြောင်းလိုသည့် ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်ဦးထက်ပိုသည့် ပုဂ္ဂိုလ်များအား အကျိုးခံစားခွင့် လွှဲအပ် ထားနိုင်သည်။”
၆။
ငွေစုဘဏ်လုပ်ငန်းဥပဒေပုဒ်မ ၁၂ ကို အောက်ပါအတိုင်း အစားထိုးရမည်-
”၁၂။
ငွေစုသူသည် မိမိအကျိုးခံစားခွင့်လွှဲအပ်ထားခြင်းခံရသူများ၏ အမည်စာရင်းကို ပြင်ဆင် လိုပါက သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ ငွေစုဘဏ်သို့ တင်ပြလျှောက်ထား နိုင်သည်။”
၇။
ငွေစုဘဏ်လုပ်ငန်းဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(က)
ငွေစုမှတ်တမ်းနှင့် ငွေစုလက်မှတ်တို့ကို လုံခြုံစွာ ထိန်းသိမ်းရန် တာဝန်ရှိသည်။ ပျောက်ဆုံးပါက ဘဏ်သို့ အမြန်ဆုံးအကြောင်းကြားရမည်။”
၈။
ငွေစုဘဏ်လုပ်ငန်းဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည် –
“(ဂ)
အကျိုးခံစားခွင့်လွှဲအပ်ထားခြင်းမရှိသော ငွေစုသူသေဆုံးပါက စုငွေလက်ကျန်ကို အမွေထိန်းစာ လက်မှတ် သို့မဟုတ် အမွေဆက်ခံခွင့်လက်မှတ် တင်ပြရန်မလိုဘဲ ငွေစုဘဏ်မှ သတ်မှတ်ထားသည့် လိုအပ်သည့် စာရွက်စာတမ်းများ တင်ပြနိုင်သူ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ တရားဝင်မွေးစားထားသော သားသမီး သို့မဟုတ် ယင်းတို့မရှိလျှင် မြေး သို့မဟုတ် ယင်းတို့ မရှိလျှင် မိဘ၊ ညီအစ်ကို၊ မောင်နှမအား ထုတ်ပေးရမည်။”
၉။
ငွေစုဘဏ်လုပ်ငန်းဥပဒေပုဒ်မ ၃၂ ကို ပယ်ဖျက်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။