အုပ်ထိန်းသူနှင့်အုပ်ထိန်းခြင်းခံရသူများအက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ
(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၃။)
၁၃၇၉ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်
(၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို အုပ်ထိန်းသူနှင့်အုပ်ထိန်းခြင်းခံရသူများ အက်ဥပဒေကိုပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ အုပ်ထိန်းသူနှင့်အုပ်ထိန်းခြင်းခံရသူများအက်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (၄) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(4) “District Court” includes the High Court of the Region or the High Court of the State in the exercise of its ordinary civil jurisdiction and the Court of the Self-Administered Division or the Court of the Self-Administered Zone;”
၃။ အုပ်ထိန်းသူနှင့်အုပ်ထိန်းခြင်းခံရသူများအက်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (၈)၊ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ်
(ခ)၊ ပုဒ်မ ၃၁၊ ပုဒ်မခွဲ (၃)၊ ပုဒ်မခွဲငယ် (ခ)၊ ပုဒ်မ ၄၉ နှင့် ပုဒ်မ ၅၀၊ ပုဒ်မခွဲ (၁) တို့တွင်ပါရှိသော “the High Court” ဆိုသည့်စကားရပ်များကို “the Supreme Court of the Union” ဆိုသည့် စကားရပ်များဖြင့် အသီးသီးအစားထိုးရမည်။
၄။ အုပ်ထိန်းသူနှင့်အုပ်ထိန်းခြင်းခံရသူများအက်ဥပဒေ ပုဒ်မ ၄-က တွင်-
(က) ပုဒ်မခွဲ (၁) တွင်ပါရှိသော “The High Court” ဆိုသည့် စကားရပ်ကို “The High Court of the Region or the High Court of the State” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
( ခ ) ပုဒ်မခွဲ (၁) တွင်ပါရှိသော “any District Court” ဆိုသည့် စကားရပ်ရှေ့တွင် “any Court of the Self-Administered Division or any Court of the Self-Administered Zone or” ဆိုသည့်စကားရပ်ကို ဖြည့်စွက်ရမည်။
( ဂ ) ပုဒ်မခွဲ (၁)၊ (၂) နှင့် (၃) တို့တွင်ပါရှိသော “a District Court” ဆိုသည့် စကားရပ်ရှေ့တွင် “a Court of the Self-Administered Division or a Court of the Self-Administered Zone or” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။
(ဃ) ပုဒ်မခွဲ (၄) တွင်ပါရှိသော “the District Court” ဆိုသည့်စကားရပ်ရှေ့တွင် “the Court of the Self-Administered Division or the Court of the Self-Administered Zone or” ဆိုသည့်စကားရပ်ကို ဖြည့်စွက်ရမည်။
၅။ အုပ်ထိန်းသူနှင့်အုပ်ထိန်းခြင်းခံရသူများအက်ဥပဒေ ပုဒ်မ ၉ တွင်ပါရှိသော “the District Court” ဆိုသည့်စကားရပ်ကို “the Court of the Self-Administered Division or the Court of the Self-Administered Zone or the District Court” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “a District Court” ဆိုသည့်စကားရပ်ကို
“a Court of the Self-Administered Division or a Court of the Self-Administered Zone or a District Court” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “any other District Court” ဆိုသည့် စကားရပ်ကို “any other Court of the Self-Administered Division or any other Court of the Self-Administered Zone or any other District Court” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။
၆။ အုပ်ထိန်းသူနှင့်အုပ်ထိန်းခြင်းခံရသူများအက်ဥပဒေ ပုဒ်မ ၁၄ နှင့် ပုဒ်မ ၄၇ တို့တွင်ပါရှိသော “the High court” ဆိုသည့်စကားရပ်ကို “the High Court of the Region or the High Court of the State”ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
၇။ အုပ်ထိန်းသူနှင့်အုပ်ထိန်းခြင်းခံရသူများအက်ဥပဒေ ပုဒ်မ ၄၄ တွင်ပါရှိသော “not exceeding one thousand kyats” ဆိုသည့် စကားရပ်ကို “not exceeding one hundred thousand kyats” ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။
၈။ အုပ်ထိန်းသူနှင့်အုပ်ထိန်းခြင်းခံရသူများအက်ဥပဒေ ပုဒ်မ ၄၅၊ ပုဒ်မခွဲ (၁) တွင်ပါရှိသော “not exceeding one hundred kyats” ဆိုသည့် စကားရပ်ကို “not exceeding ten thousand kyats” ဆိုသည့်စကားရပ်ဖြင့်
လည်းကောင်း၊ “not exceeding ten kyats” ဆိုသည့် စကားရပ်ကို “not exceeding one thousand kyats”ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ “not exceeding five hundred kyats” ဆိုသည့်စကားရပ်ကို “not exceeding fifty thousand kyats” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်