အခန်း (၁၁) အစုရှယ်ယာများနှင့် အခြားသော ငွေချေးသက်သေခံလက်မှတ်များ အစုရှယ်ယာမတည်ငွေရင်း အစုရှယ်ယာများနှင့် အခြားသော ငွေချေးသက်သေခံလက်မှတ်များအကြောင်း ၆၀။ (က) ကုမ္ပဏီတစ်ခုတွင် ပါဝင်သူတစ်ဦးဦး၏ အစုရှယ်ယာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များသည် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို လိုက်နာလျက် ဤဥပဒေအရသော်လည်းကောင်း၊ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရသော် လည်းကောင်း ပြဋ္ဌာန်းထားသည့် သို့မဟုတ် ခွင့်ပြုထားသည့် နည်းလမ်းများနှင့်အညီ လွှဲပြောင်းနိုင်ခွင့်ရှိသည့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများ ဖြစ်စေရမည်။ ( ခ ) အစုရှယ်ယာတစ်ခုတွင်အမည်ခံတန်ဖိုး သို့မဟုတ် မူရင်းတန်ဖိုးတစ်ရပ်ပါရှိရန်မလို။ အစုရှယ်ယာများနှင့်ဆက်စပ်ပါရှိသော အခွင့်အရေးများနှင့် လုပ်ပိုင်ခွင့်များ ၆၁။ (က) ပုဒ်မခွဲ (ခ) နှင့်အညီ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာတစ်ခုသည် အဆိုပါအစုရှယ်ယာအား ပိုင်ဆိုင်သူသို့ အောက်ပါအခွင့်အရေးများကို ရရှိစေရမည် – (၁) ကုမ္ပဏီ၏ အစည်းအဝေးတစ်ခုတွင် ဆုံးဖြတ်ချက်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ဆန္ဒမဲ ကောက်ယူရာ၌ ဆန္ဒမဲတစ်မဲပေးနိုင်ခွင့်၊ (၂) အမြတ်ဝေစုခွဲဝေရာတွင် တူညီသည့်အချိုးအတိုင်းရရှိခွင့်နှင့် (၃) ကုမ္ပဏီ၏ရရန်ပိုင်ခွင့်များအား ခွဲဝေပေးရာတွင် တူညီသည့်အချိုးအတိုင်းရရှိခွင့်။ ( ခ ) ပုဒ်မခွဲ (က) တွင် ဖော်ပြထားသောအခွင့်အရေးများကို ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတွင်ဖြစ်စေ၊ အစုရှယ်ယာများထုတ်ဝေခြင်းအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များတွင်ဖြစ်စေ ငြင်းပယ်ခြင်း၊ ပြောင်းလဲပြင်ဆင်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်းများ ပြုလုပ်နိုင်သည်။ ကုမ္ပဏီတစ်ခု၏အစုရှယ်ယာများနှင့် အခြားသောငွေချေးသက်သေခံလက်မှတ်များ အမျိုးအစားများ ၆၂။ (က) အစုရှယ်ယာများနှင့် အခြားသော ငွေချေးသက်သေခံလက်မှတ်များအား ထုတ်ဝေရန်နှင့် အဆိုပါအစုရှယ်ယာများနှင့် အခြားသော ငွေချေးသက်သေခံလက်မှတ်များနှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များအား သတ်မှတ်ရန်အတွက် ကုမ္ပဏီတစ်ခု၏ အခွင့်အာဏာများတွင် ဤဥပဒေအရဖြစ်စေ၊ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရဖြစ်စေ၊ အစုရှယ်ယာထုတ်ဝေသည့် စည်းကမ်းချက်များ အရဖြစ်စေ အောက်ပါအစုရှယ်ယာများကို ထုတ်ဝေနိုင်သည့် အခွင့်အာဏာများလည်း ပါဝင်သည် – (၁) အစုရှယ်ယာအမျိုးအစားအမျိုးမျိုး၊ (၂) ပြန်လည်ရွေးနုတ်ရယူနိုင်သော အစုရှယ်ယာများ၊ (၃) မတည်ငွေရင်းခွဲဝေခြင်း သို့မဟုတ် ဝင်ငွေပေးဝေခြင်းနှင့် သက်ဆိုင်သောဦးစားပေး သို့မဟုတ် ကန့်သတ်ထားသည့် အခွင့်အရေးများပါရှိသော အစုရှယ်ယာများ၊ (၄) အထူးမဲပေးနိုင်သည့် သို့မဟုတ် ကန့်သတ်ချက် သို့မဟုတ် စည်းကမ်းချက် ထားရှိသော မဲပေးနိုင်သည့်အခွင့်အရေးများပါရှိသည့် အစုရှယ်ယာများနှင့် (၅) မဲပေးနိုင်သည့် အခွင့်အရေးမပါရှိသော အစုရှယ်ယာများ။ ( ခ) ဤဥပဒေအရဖြစ်စေ၊ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရဖြစ်စေ၊ အစုရှယ်ယာထုတ်ဝေသည့် စည်းကမ်းချက်များ အရဖြစ်စေ ကုမ္ပဏီသည် အောက်ပါတို့ကိုလည်း ထုတ်ဝေနိုင်သည် – (၁) အစုရှယ်ယာရယူရန်အတွက် အော့ပ်ရှင်(option) များ၊ (၂) အစုရှယ်ယာများအဖြစ် ပြောင်းလဲနိုင်သည့် အခြားငွေချေးသက်သေခံလက်မှတ်များနှင့် (၃) အခြားသောအကျိုးခံစားခွင့်များ။ အစုရှယ်ယာ ထုတ်ဝေခြင်း ၆၃။ (က) ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ ဤဥပဒေနှင့် အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ် တို့နှင့်အညီ ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့သည် အစုရှယ်ယာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များကို မည်သည့်အချိန်တွင်မဆို ဒါရိုက်တာအဖွဲ့ဝင်များက သင့်သည်ထင်မြင်သော စည်းကမ်းချက်များအားသတ်မှတ်၍ ပုဂ္ဂိုလ်တစ်ဦးဦးသို့ ထုတ်ဝေရောင်းချနိုင်သည်။ ( ခ ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ အစုရှယ်ယာများကို အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ငွေပေးချေရန် ထုတ်ဝေရောင်းချနိုင်သည်။ အစုရှယ်ယာများကို တစ်စိတ်တစ်ဒေသအားဖြင့် ငွေပေးချေပြီး ထုတ်ဝေရောင်းချခဲ့လျှင် အစုရှယ်ယာ ထုတ်ဝေသည့်စည်းကမ်းချက်၌ မည်သည့်အချိန်တွင် ငွေပေးချေစေရန် တောင်းခေါ်မည် ဖြစ်ကြောင်းနှင့် အစုရှယ်ယာရှင်သည် အဆိုပါတောင်းခေါ်သည့် ငွေအားပေးချေရန် တာဝန်ရှိကြောင်း ဖော်ပြပါရှိစေရမည်။ (ဂ ) ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဒါရိုက်တာများသည် ကုမ္ပဏီ၏မတည်ငွေရင်းကိုအစုရှယ်ယာများ ထပ်မံထုတ်ဝေရောင်းချခြင်းဖြင့် တိုးမြှင့်ရန်ဆုံးဖြတ်သည့်အခါ ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးစီကပိုင်ဆိုင်ထားသည့် လက်ရှိအစုရှယ်ယာအချိုးအစားအားဖြင့် မည်သည့်အစုရှယ်ယာအမျိုးအစားဖြစ်စေ အဆိုပါအစုရှယ်ယာများကို ၎င်းတို့မှ ဝယ်ယူ ကမ်းလှမ်းနိုင်ရန် ထည့်သွင်းဖော်ပြနိုင်သည်။ ထုတ်ဝေသည့် အစုရှယ်ယာများအားတန်ဖိုးသတ်မှတ်ခြင်း ၆၄။ (က) ထုတ်ဝေရောင်းချမည့် အစုရှယ်ယာများအတွက်တန်ဖိုးကို ဒါရိုက်တာအဖွဲ့မှ ဆုံးဖြတ်ထားသည့် နည်းလမ်းတစ်ရပ်ရပ်ဖြင့် သတ်မှတ်နိုင်သည်။ ( ခ ) အစုရှယ်ယာများ ထုတ်ဝေရောင်းချခြင်းအတွက် တန်ဖိုးသတ်မှတ်ခြင်းကို ငွေသားဖြင့်မပြုလုပ်ဘဲ အခြားတစ်ခုခုဖြင့် သတ်မှတ်ခဲ့ပါက ဒါရိုက်တာအဖွဲ့သည် – (၁) ယင်းအား ပိုင်းခြားသတ်မှတ်နိုင်မည့် လုံလောက်သော အသေးစိတ်ဖော်ပြချက်များဖြင့် တန်ဖိုးသတ်မှတ်ခြင်းအား မှတ်တမ်းတင်ထားရှိရမည်။ (၂) ထုတ်ဝေရောင်းချခြင်းအတွက် တန်ဖိုးသတ်မှတ်မှုအား သင့်လျော်သော လက်ရှိ ငွေတန်ဖိုးဖြင့် ဆုံးဖြတ်ရမည်ဖြစ်ပြီး ထိုသို့သတ်မှတ်ဆောင်ရွက်မှုနှင့် အကဲဖြတ်မှု အခြေခံများကို မှတ်တမ်းတင်ထားရှိရမည်။ ၎င်းအပြင်အောက်ပါအကြောင်းအရာများ ပေါ်ပေါက်ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့လျှင် တန်ဖိုးသတ်မှတ်ခြင်းကို ဆောင်ရွက်နိုင်သည် – (ကက) အစုရှယ်ယာများကို ထုတ်ဝေရောင်းချရန်အတွက် တန်ဖိုးသတ်မှတ်ချက် နှင့်စည်းကမ်းချက်များသည် ကုမ္ပဏီနှင့်ယင်းတွင် တည်ဆဲပါဝင်သူများအတွက် သင့်လျော်မျှတမှုရှိကြောင်း၊ ( ခခ ) အဆိုပါ တန်ဖိုးသတ်မှတ်မှု၏ လက်ရှိငွေတန်ဖိုးသည် အစုရှယ်ယာများအား ထုတ်ဝေရောင်းချခြင်းအတွက် ရရှိမည့် ဝင်ငွေပမာဏထက် မလျော့နည်းကြောင်း တွေ့ရှိရလျှင်။ (ဂ ) အစုရှယ်ယာများထည့်ဝင်မှုနှင့် ထုတ်ဝေမှုအတွက် တန်ဖိုးကိုငွေသားဖြင့် မသတ်မှတ်ဘဲ၊ အခြားတစ်ခုခုဖြင့် သတ်မှတ်ပါက ယင်းနှင့်စပ်လျဉ်း၍ ချုပ်ဆိုဆောင်ရွက်သည့် ပဋိညာဉ် စာချုပ်တစ်ရပ်ရပ်အတွက် သက်ဆိုင်ရာဥပဒေအရ တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည် ဖြစ်ပြီး ကုမ္ပဏီ၏စာရင်းစာအုပ်များနှင့် မှတ်တမ်းများတွင် ထိန်းသိမ်းထားရှိရမည်။ ၆၅။ ပုဒ်မ ၆၄၊ ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက်ကို လိုက်နာရန်ပျက်ကွက်သည့် ဒါရိုက်တာတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ ငွေသားဖြင့်မပြုလုပ်ဘဲ တန်ဖိုးသတ်မှတ်ခြင်းနှင့် သက်ဆိုင်သည့် ခြွင်းချက်ကိစ္စရပ်များ ၆၆။ ပုဒ်မ ၆၄ ၏ ပုဒ်မခွဲ (ခ) သည် အောက်ပါကိစ္စရပ်များနှင့် သက်ဆိုင်ခြင်းမရှိစေရ – (က) ကုမ္ပဏီ၏ရှယ်ယာများကိုရယူရန် အော့ပ်ရှင် (option) တစ်ခုခုကို ကျင့်သုံးဆောင်ရွက်ခြင်း၊ ( ခ ) ကုမ္ပဏီ၌ အစုရှယ်ယာများအဖြစ်သို့ ပြောင်းလဲနိုင်သည့် အခြားငွေချေးသက်သေခံ လက်မှတ်များကို ပြောင်းလဲသတ်မှတ်ခြင်း၊ (ဂ ) ကုမ္ပဏီ၏ သီးသန့်ဘဏ္ဍာငွေမှ အပြည့်အဝပေးထားသည့် အစုရှယ်ယာများကို တူညီသောအစုရှယ်ယာအမျိုးအစားအား ပိုင်ဆိုင်ထားသည့် ပါဝင်သူအားလုံးထံသို့ ၎င်းတို့၏အစုရှယ်ယာအရေအတွက် အချိုးအစားဖြင့် အစုရှယ်ယာများအား ထုတ်ဝေရောင်းချခြင်း၊ (ဃ) ကုမ္ပဏီရှိ အစုရှယ်ယာများ သို့မဟုတ် အစုရှယ်ယာ အမျိုးအစားတစ်ရပ်ရပ်တို့အားအဆိုပါအစုရှယ်ယာများ သို့မဟုတ် အဆိုပါအမျိုးအစားရှိ အစုရှယ်ယာများနှင့်တူညီသည့် အမျိုးအစားအားဖြင့် စုပေါင်းခြင်းနှင့် ပိုင်းခြားခြင်း၊ (င) ကုမ္ပဏီရှိ အစုရှယ်ယာများ သို့မဟုတ် အမျိုးအစားတစ်ရပ်ရပ်ရှိ အစုရှယ်ယာတို့အား အဆိုပါအစုရှယ်ယာများ သို့မဟုတ် အဆိုပါအမျိုးအစားရှိ အစုရှယ်ယာများနှင့် တူညီသည့် ရှယ်ယာအချိုးအစားအားဖြင့် ထပ်ဆင့်ပိုင်းခြားခြင်း။ လဲလှယ်နိုင်သော ငွေချေးသက်သေခံလက်မှတ်များထုတ်ဝေခြင်းအတွက် တန်ဖိုးသတ်မှတ်ခြင်း ၆၇။ (က) ကုမ္ပဏီ၏အစုရှယ်ယာများရယူရန်အတွက် အော့ပ်ရှင် (option) များ သို့မဟုတ် အခြားလဲလှယ်နိုင်သော ငွေချေးသက်သေခံလက်မှတ်များအား ထုတ်ဝေရောင်းချမည့်တန်ဖိုးကိုဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ထားသည့် နည်းလမ်းတစ်ရပ်ရပ်ဖြင့် သတ်မှတ်နိုင်သည်။ (ခ) အော့ပ်ရှင် (option) များနှင့် လဲလှယ်နိုင်သော ငွေချေးသက်သေခံ လက်မှတ်များအတွက်သို့မဟုတ် အဆိုပါအော့ပ်ရှင် (option) များနှင့် လဲလှယ်နိုင်သော ငွေချေးသက်သေခံ လက်မှတ်များဖြင့် နောင်တွင်လဲလှယ်မည့် သို့မဟုတ် ထုတ်ဝေမည့် အစုရှယ်ယာများအတွက် တန်ဖိုးသတ်မှတ်ခြင်းကို ငွေသားဖြင့်မပြုလုပ်ဘဲ အခြားတစ်ခုခုဖြင့် သတ်မှတ်ခဲ့ပါက ဒါရိုက်တာအဖွဲ့သည် – (၁) ယင်းအား ပိုင်းခြားသတ်မှတ်နိုင်မည့် လုံလောက်သော အသေးစိတ်ဖော်ပြချက်များဖြင့် တန်ဖိုးသတ်မှတ်ခြင်းအား မှတ်တမ်းတင်ထားရှိရမည်။ (၂) အော့ပ်ရှင် (option) များ၊ လဲလှယ်နိုင်သော ငွေချေးသက်သေခံ လက်မှတ်များ၊အဆိုပါ အော့ပ်ရှင် (option) များနှင့် လဲလှယ်နိုင်သော ငွေချေးသက်သေခံ လက်မှတ်များဖြင့် နောင်တွင်လဲလှယ်မည့် သို့မဟုတ် ထုတ်ဝေမည့် အစုရှယ်ယာ များတို့အတွက် တန်ဖိုးသတ်မှတ်မှုအား သင့်လျော်သော လက်ရှိငွေတန်ဖိုးဖြင့် ဆုံးဖြတ်ရမည်ဖြစ်ပြီး ထိုသို့သတ်မှတ်ဆောင်ရွက်မှုနှင့် အကဲဖြတ်မှုအခြေခံများကိုမှတ်တမ်းတင်ထားရှိရမည်။ ၎င်းအပြင် (၃) အောက်ပါအကြောင်းအရာများ ပေါ်ပေါက်ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့လျှင် တန်ဖိုးသတ်မှတ်ခြင်းကို ဆောင်ရွက်နိုင်သည် – (ကက) အော့ပ်ရှင်(option)များ သို့မဟုတ် အခြားလဲလှယ်နိုင်သော ငွေချေး သက်သေခံလက်မှတ်များ သို့မဟုတ် အဆိုပါ အော့ပ်ရှင် (option)နှင့် ငွေချေးသက်သေခံ လက်မှတ်များဖြင့် နောင်တွင်လဲလှယ်မည့် သို့မဟုတ် ထုတ်ဝေမည့် အစုရှယ်ယာတို့အတွက် တန်ဖိုးသတ်မှတ်ချက်များ၊ စည်းကမ်းချက်များသည် ကုမ္ပဏီနှင့် ယင်းကုမ္ပဏီတွင် တည်ဆဲပါဝင်သူများအတွက် သင့်လျော်မျှတမှုရှိကြောင်းနှင့် ( ခခ ) အဆိုပါတန်ဖိုးသတ်မှတ်မှု၏ လက်ရှိငွေတန်ဖိုးသည် အော့ပ်ရှင်(option)များ သို့မဟုတ် အခြားလဲလှယ်နိုင်သော ငွေချေးသက်သေခံလက်မှတ်များ သို့မဟုတ် အစုရှယ်ယာများအား ထုတ်ဝေရောင်းချခြင်းအတွက် ရရှိမည့် ဝင်ငွေပမာဏထက် မလျော့နည်းကြောင်း။ (ဂ ) အော့ပ်ရှင် (option) များ သို့မဟုတ် အခြားလဲလှယ်နိုင်သော ငွေချေးသက်သေခံ လက်မှတ်များထည့်ဝင်မှုနှင့် ထုတ်ဝေမှုအတွက် တန်ဖိုးကို ငွေသားဖြင့် မသတ်မှတ်ဘဲ အခြားတစ်ခုခုဖြင့် သတ်မှတ်ပါက ယင်းနှင့်စပ်လျဉ်း၍ ချုပ်ဆိုဆောင်ရွက်သည့် ပဋိညာဉ် စာချုပ်တစ်ရပ်ရပ်ကို သက်ဆိုင်ရာဥပဒေအရ တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည် ဖြစ်ပြီး ကုမ္ပဏီ၏စာရင်းစာအုပ်များနှင့် မှတ်တမ်းများတွင် ထိန်းသိမ်းထားရှိရမည်။ ၆၈။ ပုဒ်မ ၆၇၊ ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက်ကိုလိုက်နာရန် ပျက်ကွက်သည့် ဒါရိုက်တာတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ ၆၉။ တာဝန်ရှိမှုအားထိခိုက်စေမည့် အစုရှယ်ယာများထုတ်ဝေခြင်းတွင် သဘောတူညီချက်ရယူရန် အစုရှယ်ယာပိုင်ဆိုင်သူဖြစ်လာမည့်ပုဂ္ဂိုလ်မှ စာဖြင့်ရေးသား၍ ကြိုတင်သဘောတူညီထားခြင်းမရှိလျှင် ကုမ္ပဏီသည် လူပုဂ္ဂိုလ်တစ်ဦး၏တာဝန်ရှိမှုများကို ပိုမိုများပြားလာစေမည့် သို့မဟုတ် ၎င်းအပေါ်တွင် တာဝန်ရှိမှုတစ်ရပ်ရပ်ဖြစ်ပေါ်လာစေမည့် အစုရှယ်ယာတစ်ခုခုအား ထုတ်ဝေခြင်းသည် ပျက်ပြယ်စေရမည်။ အစုရှယ်ယာများအတွက် ပေးချေရမည့်ငွေပမာဏအသီးသီးအပေါ်တွင် ကုမ္ပဏီကစီစဉ်ဆောင်ရွက်နိုင်မည့် အခွင့်အာဏာ ၇၀။ ကုမ္ပဏီတစ်ခုသည် ယင်း၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ အောက်ပါကိစ္စတစ်ရပ်ရပ်ကို ဖြစ်စေ၊ အားလုံးကိုဖြစ်စေ ဆောင်ရွက်နိုင်သည် – (က) အစုရှယ်ယာများအတွက် ပေးချေရမည့်ငွေပမာဏနှင့် ပေးချေရမည့်အချိန်ကာလတို့ကို အစုရှယ်ယာပိုင်ရှင်များအကြားခြားနား၍ အစုရှယ်ယာထုတ်ဝေမှုနှင့် သက်ဆိုင်သော စီစဉ်ဆောင်ရွက်မှုများကို ပြုလုပ်နိုင်သည်။ ( ခ ) အစုရှယ်ယာအတွက် ပေးချေရမည့်ငွေပမာဏတစ်စိတ်တစ်ဒေသကို ပေးချရန်တောင်းဆိုခြင်းမပြုသော်လည်း အစုရှယ်ယာရှင်မှ ၎င်းပိုင်ဆိုင်ထားသည့် အစုရှယ်ယာအတွက် ပေးချေရန် ကျန်ရှိနေသော ငွေပမာဏအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပေးချေပါကလက်ခံနိုင်သည်။ (ဂ) အစုရှယ်ယာတစ်ခုစီအတွက် ပေးချေထားသည့်ငွေပမာဏ အချိုးအစားအလိုက်အမြတ်ငွေခွဲဝေမှုကို ပြုလုပ်နိုင်သည်။ ငွေချေးသက်သေခံလက်မှတ်များထုတ်ဝေရန် အချိန်ကာလသတ်မှတ်ခြင်းနှင့် မှတ်တမ်းတင်ထားရှိခြင်း ၇၁။ (က) အစုရှယ်ယာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များကို ထုတ်ဝေသည့်နေ့မှ၂၁ ရက်အတွင်း ကုမ္ပဏီသည် – (၁) ကုမ္ပဏီ၏ သက်ဆိုင်ရာမှတ်ပုံတင်စာရင်းတွင် ဖြည့်သွင်းဖော်ပြရမည်။ ၎င်းအပြင် (၂) အစုရှယ်ယာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များကို ထုတ်ဝေခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့အကြောင်းကြားရမည်။ အဆိုပါအကြောင်းကြားစာတွင် အစုရှယ်ယာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များကို ထုတ်ဝေခြင်းအတွက် ပေးချေသည့်တန်ဖိုးများနှင့် အဆိုပါအစုရှယ်ယာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များအတွက် တန်ဖိုးကိုအပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ပေးချေပြီးခြင်း ရှိ မရှိ တို့အား ထည့်သွင်းဖော်ပြရမည်။ (ခ) ပိုင်ဆိုင်သူ၏ အမည်ကို ကုမ္ပဏီ၏ သက်ဆိုင်ရာမှတ်ပုံတင်စာရင်းတွင် ဖြည့်သွင်းပြီးသည့်အခါ အစုရှယ်ယာ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်တစ်ခုအားထုတ်ဝေပြီး ဖြစ်သည်ဟု မှတ်ယူရမည်။ ( ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်အား လိုက်နာရန်ပျက်ကွက်ခြင်းသည် အစုရှယ်ယာ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်အား ထုတ်ဝေခြင်းအတွက် တရားဝင်အတည်ဖြစ်မှုအားထိခိုက်စေခြင်းမရှိစေရ။ ၇၂။ ကုမ္ပဏီသည် ပုဒ်မ ၇၁ ပါပြဋ္ဌာန်းချက်အား လိုက်နာရန်ပျက်ကွက်ခဲ့လျှင် သိလျက်ဖြင့် ပျက်ကွက်ခဲ့သော ကုမ္ပဏီ၏ဒါရိုက်တာတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ ဦးစားပေးအစုရှယ်ယာများ ဦးစားပေးအစုရှယ်ယာများထုတ်ဝေရန်အတွက် လိုအပ်ချက်များ ၇၃။ ဦးစားပေးအစုရှယ်ယာများတွင် အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အခွင့်အရေးများကို ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဖော်ပြထားလျှင် သို့မဟုတ် အဆိုပါအစုရှယ်ယာများနှင့် စပ်လျဉ်းသည့်အခွင့်အရေးများကို ကုမ္ပဏီ၏အထူးဆုံးဖြတ်ချက်အရအတည်ပြုခဲ့လျှင် ကုမ္ပဏီတစ်ခုသည် ဦးစားပေးအစုရှယ်ယာများကို ထုတ်ဝေနိုင်သည် – (က) မတည်ငွေရင်းကို ပြန်လည်ပေးချေခြင်း၊ ( ခ ) ပိုလျှံသည့် ရရန်ပိုင်ခွင့်များနှင့် အကျိုးအမြတ်များတွင်ပါဝင်ခြင်း၊ (ဂ ) စုပေါင်းထားသော အမြတ်ဝေစုများနှင့် သီးခြားစီဖြစ်သော အမြတ်ဝေစုများ၊ (ဃ) ဆန္ဒမဲပေးခြင်း၊ (င) အခြားဦးစားပေးအစုရှယ်ယာအမျိုးအစားများ သို့မဟုတ် အခြားအစုရှယ်ယာများထက်ဦးစားပေးပြီး အမြတ်ဝေစုများနှင့် မတည်ငွေရင်းကိုပေးချေခြင်းနှင့် ( စ ) အစုရှယ်ယာများအား ပြန်လည်ရွေးနုတ်ရယူနိုင်ခြင်း ရှိ မရှိ နှင့် ရှိခဲ့ပါက ထိုသို့ပြန်လည်ရွေးနုတ်ရယူနိုင်ခြင်းဆိုင်ရာ စည်းကမ်းချက်များ။ ပြန်လည်ရွေးနုတ်ရယူခွင့်ရှိသော ဦးစားပေးအစုရှယ်ယာများအား ပြန်လည်ရွေးနုတ်ရယူခြင်း ၇၄။ (က) ပြန်လည်ရွေးနုတ်ရယူခွင့်ရှိသော ဦးစားပေးအစုရှယ်ယာများသည် ယင်းတို့အား ပြန်လည်ရွေးနုတ်နိုင်ခွင့်ရှိသော စည်းကမ်းချက်များချမှတ်၍ထုတ်ဝေသည့် ဦးစားပေး အစုရှယ်ယာများဖြစ်သည်။ (ခ) ပုဒ်မခွဲ (ဂ) ပါပြဋ္ဌာန်းချက်များကိုလိုက်နာလျက် ပြန်လည်ရွေးနုတ် ရယူခွင့်ရှိသော ဦးစားပေးအစုရှယ်ယာအား အောက်ပါအတိုင်း ပြန်လည်ရွေးနုတ်ရယူနိုင်သည်(၁) တိကျစွာသတ်မှတ်ထားသည့်အချိန်တွင် သို့မဟုတ် တိကျစွာသတ်မှတ်ထားသည့်အထူးအကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လာသည့်အခါတွင် သို့မဟုတ် (၂) ကုမ္ပဏီမှ ရွေးချယ်ရယူသည့်အခါတွင် သို့မဟုတ်(၃) အစုရှယ်ယာရှင်က ရွေးချယ်ရယူသည့်အခါတွင်။ (ဂ ) ကုမ္ပဏီသည် အောက်ပါအခြေအနေများ ပေါ်ပေါက်မှသာလျှင် ပြန်လည်ရွေးနုတ်ရယူခွင့်ရှိသော ဦးစားပေးအစုရှယ်ယာများအား ပြန်လည်ရွေးနုတ်ရယူနိုင်သည် – (၁) အဆိုပါ အစုရှယ်ယာများအတွက် အပြည့်အဝငွေပေးချေပြီးဖြစ်ခြင်း၊ (၂) ကုမ္ပဏီ၏အကျိုးအမြတ်များအားအသုံးပြု၍ သို့မဟုတ် ဦးစားပေးအစုရှယ်ယာများအား ပြန်လည်ရွေးနုတ်ရယူရန်ရည်ရွယ်၍ အစုရှယ်ယာအသစ်များ ထုတ်ဝေမှု၏အကျိုးအမြတ်များအား အသုံးပြုခဲ့ခြင်းနှင့် (၃) ပြန်လည်ရွေးနုတ်ရယူခြင်းပြုလုပ်ခဲ့ပါက ကုမ္ပဏီတွင် ကြွေးမြီစစ်ဆေးချက်၌ကျေနပ်လက်ခံနိုင်မည်ဖြစ်ကြောင်း ဒါရိုက်တာများမှသင့်လျော်သောအကြောင်းအချက်များအပေါ် ဆုံးဖြတ်ခဲ့ခြင်း။ (ဃ) ပုဒ်မခွဲ (ဂ) အရ ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ပြီးသည့်အခါ ဖော်ပြထားသည့် ငွေပမာဏသည်ပြန်လည်ရွေးနုတ်ရယူရန်အတွက် သတ်မှတ်ထားသည့်နေ့တွင် ပေးချေရမည့် ငွေပမာဏဖြစ်လာစေရမည်။ (င) ပြန်လည်ရွေးနုတ်ရယူခွင့်ရှိသော ဦးစားပေးအစုရှယ်ယာများသည် ပြန်လည်ရွေးနုတ်ရယူပြီးသည့်အခါတွင် ပျက်ပြယ်စေရမည်။ (စ) ကုမ္ပဏီသည် ပြန်လည်ရွေးနုတ်ရယူခွင့်ရှိသော ဦးစားပေးအစုရှယ်ယာများကို ပြန်လည်ရွေးနုတ်ရယူပြီးနောက် ၂၁ ရက်အတွင်း သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် အဆိုပါပြန်လည်ရွေးနုတ်ရယူခြင်းအား မှတ်ပုံတင်အရာရှိထံ အကြောင်းကြားတင်ပြရမည်။ (ဆ)ဤပုဒ်မပါ ပြဋ္ဌာန်းချက်အား လိုက်နာရန်ပျက်ကွက်ခြင်းသည် ပြန်လည်ရွေးနုတ်ရယူ ခွင့်ရှိသော ဦးစားပေးအစုရှယ်ယာများကို ပြန်လည်ရွေးနုတ်ရယူခြင်းအတွက် တရားဝင် အတည်ဖြစ်မှုအား ထိခိုက်စေခြင်းမရှိစေရ။ ၇၅။ ကုမ္ပဏီသည် ပုဒ်မ ၇၄ ပါပြဋ္ဌာန်းချက်များအား လိုက်နာရန်ပျက်ကွက်ခဲ့လျှင် သိလျက်ဖြင့် ပျက်ကွက်ခဲ့သောကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ ဒီဘင်ချာများ စဉ်ဆက်မပြတ် သုံးစွဲနိုင်သောဒီဘင်ချာများ ၇၆။ ဤဥပဒေ မပြဋ္ဌာန်းမီကသော်လည်းကောင်း၊ ပြဋ္ဌာန်းပြီးနောက်တွင်သော်လည်းကောင်း ချုပ်ဆိုသည့် ဒီဘင်ချာတစ်ရပ်ရပ် သို့မဟုတ် ဒီဘင်ချာ စာချုပ်တစ်ရပ်ရပ်တွင် ဖော်ပြပါရှိသော သတ်မှတ်ချက်တစ်ရပ်ရပ်သည် မည်သည့်အချိန်၊ မည်သည့်အကြောင်းကြောင့်မျှဖြင့် ပြန်လည်ရွေးနုတ် ရယူခွင့်မရှိသော သို့မဟုတ် ပြန်လည်ရွေးနုတ်ရယူခွင့်ရှိသောကြောင့် တရားမဝင်ဖြစ်ခြင်း မရှိစေရ။ ပြန်လည်ရွေးနုတ်ရယူခဲ့သော ဒီဘင်ရာများကို တစ်ချိန်ချိန်တွင် ထပ်မံထုတ်ဝေရန် ဆောင်ရွက်နိုင်သည့် အခွင့်အာဏာ ၇၇။ (က) ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း သို့မဟုတ် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ၌ အခြားနည်း အတိအလင်းဖော်ပြထားခြင်းမရှိပါက ဤဥပဒေအာဏာတည်ခြင်းမပြုမီတွင် ဖြစ်စေ၊ အာဏာတည်ပြီးနောက်တွင်ဖြစ်စေ ကုမ္ပဏီသည် ယခင်ကထုတ်ဝေခဲ့သော ဒီဘင်ချာတစ်ရပ်ရပ်ကို ပြန်လည်ရွေးနုတ်ရယူပြီးနောက် အဆိုပါဒီဘင်ချာတစ်ရပ်ရပ်ကို ထပ်မံထုတ်ဝေနိုင်ရန်အတွက် ယင်းတို့အား ဆက်လက်အကျိုးသက်ရောက်နေစေရန် ဆောင်ရွက်နိုင်ခွင့်ရှိစေရမည် သို့မဟုတ် ထိုသို့ဆောင်ရွက်နိုင်ခွင့်ရှိသည်ဟု အမြဲမှတ်ယူ ရမည်။ ကုမ္ပဏီသည် အဆိုပါအခွင့်အာဏာအား ကျင့်သုံးဆောင်ရွက်သည့်အခါ ကုမ္ပဏီတွင် အလားတူဒီဘင်ချာများကို ထပ်မံထုတ်ဝေခြင်းဖြင့်သော်လည်းကောင်း၊ ယင်းတို့အစား အခြားဒီဘင်ချာများကို ထုတ်ဝေခြင်းဖြင့်သော်လည်းကောင်း ဒီဘင်ချာများအား ထပ်မံ ထုတ်ဝေရန် အခွင့်အာဏာရှိစေရမည် သို့မဟုတ် ထိုသို့ဆောင်ရွက်ရန် အခွင့်အာဏာ ရှိသည်ဟု အမြဲမှတ်ယူရမည်ဖြစ်သည်။ ထိုသို့ ထပ်မံထုတ်ဝေသည့်အခါတွင် အဆိုပါ ဒီဘင်ချာအား ယခင်ကထုတ်ဝေခဲ့ဘူးခြင်းမရှိသကဲ့သို့ ဒီဘင်ချာများအားရရှိသူသည် အလားတူအခွင့်အရေးများနှင့် ဦးစားပေးအကျိုးခံစားခွင့်များကို ရရှိစေရမည် သို့မဟုတ် ထိုသို့ရရှိသည်ဟု အမြဲမှတ်ယူရမည်။ (ခ) ဒီဘင်ချာများကို ထပ်မံထုတ်ဝေနိုင်ရန်အတွက် ယင်းတို့အား ဆက်လက်အကျိုးသက်ရောက်နေစေရန်ရည်ရွယ်ပြီး ဤဥပဒေပြဋ္ဌာန်းခြင်းမပြုမီတွင်ဖြစ်စေ၊ ပြဋ္ဌာန်းပြီးနောက်တွင် ဖြစ်စေ အဆိုပါဒီဘင်ချာများကို ကုမ္ပဏီက အမည်စာရင်းအဆိုပြုခံရသူသို့ လွှဲပြောင်း ပေးအပ်ရသည့်အခါ ထိုအမည်စာရင်းအဆိုပြုခံရသူထံမှ လွှဲပြောင်းပေးမှုကို ဤပုဒ်မပါ ရည်ရွယ်ချက်များအတွက် ထပ်မံထုတ်ဝေခြင်းဖြစ်သည်ဟု မှတ်ယူရမည်။ (ဂ) ဒီဘင်ချာတစ်ရပ်ရပ်ကို ထပ်မံထုတ်ဝေခြင်း သို့မဟုတ် ယင်းအစား ကုမ္ပဏီသို့ဤပုဒ်မအရပေးအပ်ထားသည့် သို့မဟုတ် ကုမ္ပဏီကရရှိသည်ဟု မှတ်ယူသည့် အခွင့်အာဏာအရ အခြားဒီဘင်ချာတစ်ရပ်ရပ်ကို ထုတ်ဝေခြင်းကို ဤဥပဒေပြဋ္ဌာန်းခြင်း မပြုမီတွင်ဖြစ်စေ၊ ပြဋ္ဌာန်းပြီးနောက်တွင်ဖြစ်စေ ထပ်မံထုတ်ဝေခြင်း သို့မဟုတ် ထုတ်ဝေခြင်းဖြစ်စေ တံဆိပ်ခေါင်းခွန်ကိစ္စရပ်အလို့ငှာ ဒီဘင်ချာအသစ်တစ်ရပ်အား ထုတ်ဝေခြင်းအဖြစ်သတ်မှတ်ရမည်။ သို့ရာတွင် ယင်းသို့ဆောင်ရွက်ခြင်းသည် ထုတ်ဆရမည့် ဒီဘင်ချာများ၏ တန်ဖိုးငွေပမာဏ သို့မဟုတ် အရေအတွက်ကို ကန့်သတ်ထားသည့် ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အတွက် ဆောင်ရွက်ခြင်းမဖြစ်စေရ။ သို့ရာတွင် ဤပုဒ်မပါ ပြဋ္ဌာန်းချက်အရ ထပ်မံထုတ်ဝေထားသည့် ဒီဘင်ချာတစ်ခုသည် အပြည့်အဝ တံဆိပ်ခေါင်း ကပ်ထားသည်ဟုမှတ်ယူ၍ ယင်း၏အာမခံချက်နှင့်စပ်လျဉ်း၍ ငွေထုတ်ချေးသူတစ်ဦးဦးသည် တံဆိပ်ခေါင်းခွန် သို့မဟုတ် ယင်းနှင့်စပ်လျဉ်းသည့် ပြစ်ဒဏ်တစ်ရပ်ရပ်ကို ထမ်းဆောင်ရန် မလိုဘဲ ၎င်း၏ အာမခံချက်အား အတည်ပြု ပေးစေရန်အတွက် မည်သည့်တရားစွဲဆို ဆောင်ရွက်မှုတွင်မဆို အဆိုပါဒီဘင်ချာကို သက်သေခံအဖြစ် ပေးအပ်တင်ပြနိုင်သည်။ သို့ရာတွင် ဒီဘင်ချာတွင် အပြည့်အဝတံဆိပ်ခေါင်းကပ်ထားခြင်းမရှိသည်ကို ၎င်းမှ သိရှိခြင်း သို့မဟုတ် ၎င်း၏ပေါ့လျော့မှုကြောင့် တွေ့ရခြင်းမရှိခဲ့လျှင် အဆိုပါဒီဘင်ချာကို သက်သေခံအဖြစ် ပေးအပ်တင်ပြနိုင်ခြင်းမရှိစေရ။ သို့ရာတွင်ကုမ္ပဏီသည် ထိုက်သင့်သော တံဆိပ်ခေါင်းခွန်နှင့် ပြစ်ဒဏ်တို့ကို ပေးဆောင်ရန် တာဝန်ရှိစေရမည်။ (ဃ) ဤပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ ကုမ္ပဏီတစ်ခု၏ ဒီဘင်ချာများ အပြည့်အဝပေးချေပြီး သို့မဟုတ် အခြားနည်းဖြင့် ကျေနပ်လက်ခံပြီး သို့မဟုတ် ပျက်ပြယ်ပြီးဖြစ်သော ဒီဘင်ချာတစ်ရပ်ရပ်အစား အခြားဒီဘင်ချာများ သို့မဟုတ် ယင်းနှင့်စပ်လျဉ်း၍ ငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေနိုင်ရန် အခွင့်အာဏာ တစ်ရပ်ရပ်ကို ထိခိုက်စေခြင်းမရှိစေရ။ ဒီဘင်ချာများကိုရယူရန် ပဋိညာဉ်စာချုပ်အား အတိအကျအကောင်အထည်ဖော်ဆောင်ရွက်စေခြင်း ၇၈။ ကုမ္ပဏီတစ်ခု၏ ဒီဘင်ချာတစ်ရပ်ရပ်ကို ရယူရန်နှင့် ငွေပေးချေရန်အတွက် ယင်းကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် ပဋိညာဉ်တစ်ရပ်ကို သီးသန့်ဆောင်ရွက်ပေးစေရန် အမိန့်ဒီဂရီတစ်ခုဖြင့် အတည်ပြုဆောင်ရွက်နိုင်သည်။ အစုရှယ်ယာအာမခံလက်မှတ်များနှင့်စပ်လျဉ်းသည့် ကူးပြောင်းဆောင်ရွက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ အစုရှယ်ယာအာမခံလက်မှတ်များ၏အကျိုးသက်ရောက်မှု ၇၉။ ပုဒ်မ ၈၁ နှင့် ၈၂ တို့နှင့်အညီ ဤဥပဒေ စတင်အာဏာတည်သည့်နေ့အထိ ထုတ်ဝေထားသည့် အစုရှယ်ယာအာမခံလက်မှတ် တစ်ရပ်ရပ်အား ကိုင်ဆောင်ထားသူသည် ၎င်းအာမခံလက်မှတ်တွင် ဖော်ပြပါရှိသည့် အစုရှယ်ယာများ သို့မဟုတ် ငွေချေးသက်သေခံ လက်မှတ်များကို ရထိုက်ခွင့်ရှိသည်။ အာမခံလက်မှတ်အားပယ်ဖျက်၍ အဆိုပါအစုရှယ်ယာများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်များ အဖြစ် လွှဲပြောင်းပေးနိုင်သည်။ အစုရှယ်ယာအာမခံလက်မှတ်အား ကိုင်ဆောင်ထားသူ၏အမည်ကို မှတ်ပုံတင်ခြင်း ၈၀။ ပုဒ်မ ၈၁ နှင့် ၈၂ တို့ပါ ပြဋ္ဌာန်းချက်များ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများနှင့်အညီ အစုရှယ်ယာ အာမခံလက်မှတ်တစ်ရပ်အား ကိုင်ဆောင်ထားသူသည် ကုမ္ပဏီက ပယ်ဖျက်ခြင်းအတွက် ယင်းအားအပ်နှံခဲ့လျှင် ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းတွင် ပါဝင်သူတစ်ဦးအနေဖြင့် ၎င်းတို့၏အမည်များကို ထည့်သွင်းဖော်ပြခွင့် ရရှိစေရမည်။ အာမခံလက်မှတ်အားအပ်နှံခြင်း၊ ပယ်ဖျက် ခြင်းမရှိဘဲ ယင်းတွင်ဖော်ပြပါရှိသော အစုရှယ်ယာများနှင့် စပ်လျဉ်းသည့် အစုရှယ်ယာ အာမခံလက်မှတ် တစ်ရပ်ကို ကိုင်ဆောင်ထားသူ၏အမည်အား ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းတွင် ထည့်သွင်း ဖော်ပြသောအကြောင်းကြောင့် တစ်စုံတစ်ဦးအပေါ်တွင် ဆုံးရှုံးနစ်နာမှုများဖြစ်လာခဲ့လျှင် ကုမ္ပဏီသည် တာဝန်ရှိစေရမည်။ ဤဥပဒေ စတင်အာဏာတည်ပြီးနောက် အစုရှယ်ယာ အာမခံလက်မှတ်များ ထပ်မံထုတ်ဝေမှုမပြုရခြင်း ၈၁။ ဤဥပဒေ စတင်အာဏာတည်ပြီးနောက်တွင် ကုမ္ပဏီတစ်ခုသည် အစုရှယ်ယာအာမခံလက်မှတ် တစ်ရပ်ရပ်ကို ထုတ်ဝေခြင်းမပြုရ။ အစုရှယ်ယာအာမခံလက်မှတ်များအား စွန့်လွှတ်၊ ပယ်ဖျက်သည်ဟု မှတ်ယူခြင်း ၈၂။ (က) ဤဥပဒေ စတင်အာဏာသက်ရောက်ခြင်းမရှိမီက ထုတ်ဝေခဲ့သော အစုရှယ်ယာအာမခံ လက်မှတ်များအားလုံးကို ယခင်ကစွန့်လွှတ်ထားခြင်းမရှိခဲ့လျှင် ကူးပြောင်းကာလ သို့မဟုတ် ပုဒ်မခွဲ (ဂ) အရ သတ်မှတ်ထားသည့် အခြားကာလတစ်ရပ်ရပ် ကုန်ဆုံးသည်အထိ ယင်းတို့တွင်ပါရှိသော စည်းကမ်းချက်များနှင့်အညီ ဆက်လက်တရားဝင်စေရမည် ဖြစ်သည်။ ယင်းကာလကုန်ဆုံးပြီးနောက်တွင် အဆိုပါအစုရှယ်ယာ အာမခံလက်မှတ်များကို စွန့်လွှတ်ပယ်ဖျက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။ ( ခ ) ပုဒ်မခွဲ (က) အရ အစုရှယ်ယာအာမခံ လက်မှတ်များကို ပယ်ဖျက်သည့် အကြောင်းကြောင့်ပုဂ္ဂိုလ်တစ်ဦးဦးတွင် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုတစ်ရပ်ရပ်အတွက် ကုမ္ပဏီတွင် တာဝန် တစ်စုံတစ်ရာ မရှိစေရ။ (ဂ ) သက်ဆိုင်ရာကုမ္ပဏီက စာဖြင့်ရေးသားလျှောက်ထားလာလျှင် မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့်ကာလကို တိုးမြှင့်ပေးနိုင်သည်။ ကူးပြောင်းကာလ ကုန်ဆုံးချိန်တွင် စွန့်လွှတ်ပယ်ဖျက်သည်ဟု မှတ်ယူရမည့် အာမခံလက်မှတ်များသည် ကုမ္ပဏီ၏အကောင်းဆုံးဖြစ်သော အကျိုးစီးပွားအတွက် မဟုတ်ပါဆိုသော ကျိုးကြောင်း ဆီလျော်မှုရှိသည့် တင်ပြချက်များအပေါ် ကျေနပ်လက်ခံခဲ့လျှင် မှတ်ပုံတင်အရာရှိသည် သက်ဆိုင်ရာအာမခံလက်မှတ်များကို ပြောင်းလဲသုံးစွဲနိုင်ရေးအတွက် လိုအပ်သော အစီအစဉ်များကို လုပ်ဆောင်နိုင်သည်။ အခန်း (၁၂) အစုရှယ်ယာများနှင့် အခြားငွေချေးသက်သေခံလက်မှတ်များကို လွှဲပြောင်းခြင်း လွှဲပြောင်းဆောင်ရွက်ရန် လိုအပ်ချက်များ ၈၃။ (က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် အညီဖြစ်ပြီး အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်တွင်ပါရှိသည့် ပြဋ္ဌာန်းချက်များကို မထိခိုက်စေဘဲ အစုရှယ်ယာများနှင့် ကုမ္ပဏီရှိ အခြားမှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များကို အခန်း (၁၃) အရ ပြုလုပ် ထားရှိသည့် ကုမ္ပဏီ၏သက်ဆိုင်ရာ မှတ်ပုံတင်စာရင်းတွင် လွှဲပြောင်းပေးခြင်းခံရသူ၏ အမည်အားရေးသွင်းဖော်ပြခြင်းဖြင့် လွှဲပြောင်းပေးနိုင်သည်။ အစုရှယ်ယာများနှင့် ကုမ္ပဏီရှိ အခြားမှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များကို လွှဲပြောင်းခြင်းအား မှတ်ပုံတင်ရန်အတွက် လျှောက်ထားမှုတစ်ရပ်ကို လွှဲပြောင်းပေးသူက သော်လည်းကောင်း၊ လွှဲပြောင်းပေးခြင်းခံရသူကသော်လည်းကောင်း ပြုလုပ်နိုင်သည်။ ပုဒ်မခွဲ (ဂ) နှင့် (ဃ) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီသည် လွှဲပြောင်းပေးခြင်း ခံရသူ၏အမည်နှင့် အခန်း (၁၃) အရ လိုအပ်သော အခြားအချက်အလက်များကို သက်ဆိုင်ရာမှတ်ပုံတင်စာရင်းတွင် ရေးသွင်းရမည်။ (ဂ ) သို့ရာတွင် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တွင်ပါရှိသည့် ပြဋ္ဌာန်းချက်မှတစ်ပါးအစုရှယ်ယာများ သို့မဟုတ် အခြားမှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များကို လွှဲပြောင်းခြင်း စာရွက်စာတမ်းများအား သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် အပြည့်အဝ တံဆိပ်ခေါင်းကပ်ပြီး လွှဲပြောင်းပေးသူနှင့် လွှဲပြောင်းပေးခြင်းခံရသူက လက်မှတ်ရေးထိုးဆောင်ရွက်ထားမှ ကုမ္ပဏီသည် လွှဲပြောင်းမှုကို မှတ်ပုံတင်ခြင်းပြုရမည်။ ထို့အပြင် ကုမ္ပဏီသို့ အောက်ပါအချက်အလက်များအား ပေးအပ်ရမည် – (၁) လွှဲပြောင်းရန် အဆိုပြုထားသည့် အစုရှယ်ယာများ သို့မဟုတ် အကျိုးခံစားခွင့်များအတွက်သက်သေခံချက်ဖြစ်စေမည့် သက်ဆိုင်ရာအထောက်အထားလက်မှတ်များ နှင့် (၂) လွှဲပြောင်းမှုအကြောင်းကြောင့် ပြည်ပကော်ပိုရေးရှင်းတစ်ခု သို့မဟုတ် အခြားနိုင်ငံခြားသားတစ်ဦးဦး သို့မဟုတ် ၎င်းတို့ပေါင်းစည်းလျက် ကုမ္ပဏီ၏အစုရှယ်ယာ များအပေါ် ပိုင်ဆိုင်မှုအကျိုးခံစားခွင့်တစ်ရပ်ရပ်ကို ရရှိလာခြင်း သို့မဟုတ် ရပ်စဲသွားခြင်းအကြောင်းကြောင့် လွှဲပြောင်းပေးသူ သို့မဟုတ် လွှဲပြောင်းပေးခြင်းခံရသူ သို့မဟုတ် ၎င်းတို့နှစ်ဦးစလုံးက ပြုလုပ်သည့် ကြေညာချက်။ (ဃ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း သို့မဟုတ် သက်ဆိုင်ရာ ငွေချေးသက်သေခံလက်မှတ်တွင်ပါရှိသည့် စည်းကမ်းချက်များ၌ အတိအလင်း အခွင့်အာဏာအပ်နှင်း ထားလျှင် သို့မဟုတ် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေအရ အခြားနည်း ခွင့်ပြုထားလျှင် သို့မဟုတ် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေအား လိုက်နာဆောင်ရွက်ရန်လိုအပ်လျှင် ဒါရိုက်တာအဖွဲ့သည် လွှဲပြောင်းခြင်းအတွက် လျှောက်လွှာနှင့် ဤပုဒ်မအရ လိုအပ်သော အခြားစာရွက်စာတမ်းများကို လက်ခံရရှိပြီးနောက် ၂၁ ရက် အတွင်း လွှဲပြောင်းမှုအား ဖော်ပြထားသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်၍ ထိုသို့ ဆုံးဖြတ်ချက်ချမှတ်ပြီးနောက် ခုနစ်ရက်အတွင်း အကြောင်းပြချက်များကို ထည့်သွင်း ဖော်ပြလျက် ငြင်းပယ်သည့် အကြောင်းကြားစာကို လွှဲပြောင်းပေးသူနှင့် လွှဲပြောင်း ပေးခြင်းခံရသူများထံသို့ ပေးပို့ခဲ့လျှင် ကုမ္ပဏီသည် လွှဲပြောင်းခြင်းအား မှတ်ပုံတင်ရန်ငြင်းပယ်နိုင်သည်။ (င) ပုဒ်မခွဲ (ဂ) တွင် ပါရှိသည့် မည်သည့်ပြဋ္ဌာန်းချက်ကမျှ အစုရှယ်ယာ သို့မဟုတ် အကျိုးခံစားခွင့် တစ်ရပ်ရပ်ကို ဥပဒေအရလွှဲပြောင်းပေးခြင်း ခံရသူတစ်ဦးဦးအား အစုရှယ်ယာရှင် သို့မဟုတ် ကုမ္ပဏီရှိ မှတ်ပုံတင်ထားသော အကျိုးခံစားခွင့်တစ်ရပ်ရပ်ကို လက်ဝယ်ထားရှိသူအဖြစ် မှတ်ပုံတင်စာရင်းရေးသွင်းနိုင်သည့် ကုမ္ပဏီ၏ အခွင့်အာဏာတစ်ရပ်ရပ်ကို ထိခိုက်စေခြင်းမရှိစေရ။ ၈၄။ ပုဒ်မ ၈၃၊ ပုဒ်မခွဲ (ဂ) နှင့် (ဃ) တို့အား လိုက်နာဆောင်ရွက်ရာတွင် ပျက်ကွက်မှုရှိခဲ့ပါက သိလျက်ဖြင့်ဆောင်ရွက်ခဲ့သည့် ဒါရိုက်တာများသည် ပျက်ကွက်မှုဖြစ်ပေါ်သည့် ကာလအတွင်း ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်းစီ ပေးဆောင်ရမည်။ ၈၅။ လွှဲပြောင်းပေးခြင်းခံရသူ သို့မဟုတ် လွှဲပြောင်းပေးသူသည် သိလျက်ဖြင့်ဖြစ်စေ၊ ပေါ့လျော့၍ ဖြစ်စေ ပုဒ်မ ၈၃၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) အရ ပြုလုပ်သည့် ကြေညာချက်တွင် ကုမ္ပဏီသို့ မမှန်ကန်သောဖော်ပြချက်တစ်ရပ်ရပ် ပြုလုပ်ပါရှိစေခဲ့လျှင် ထိုသို့ပြုလုပ်မှုအတွက် ဒဏ်ကြေးငွေ ကျပ်ခုနစ်သိန်းငါးသောင်းစီ ပေးဆောင်ရမည်။ အစုရှယ်ယာများနှင့် အခြားအကျိုးခံစားခွင့်များကို လွှဲပြောင်းခြင်း မှတ်ပုံတင်ခြင်း ၈၆။ (က) အစုရှယ်ယာများ သို့မဟုတ် မှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များကို လွှဲပြောင်းခြင်းအား မှတ်ပုံတင်သည့် ၂၁ ရက်အတွင်း ကုမ္ပဏီသည် သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့် လွှဲပြောင်းမှု အကြောင်းကြားစာအား မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည်။ ( ခ ) ထိုသို့လွှဲပြောင်းခြင်းကြောင့် ကုမ္ပဏီသည် နိုင်ငံခြားကုမ္ပဏီတစ်ခု အဖြစ်သို့ ရောက်ရှိ သည် သို့မဟုတ် နိုင်ငံခြားကုမ္ပဏီတစ်ခုအဖြစ်မှ ရပ်စဲသည်ဆိုသည်ကို အကြောင်းကြားစာတွင် ဖော်ပြရမည်။ (ဂ ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းသည် အစုရှယ်ယာများ သို့မဟုတ် မှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များကို လွှဲပြောင်းခြင်း၏ တရားဝင်မှုကို ထိခိုက်ခြင်းမရှိစေရ။ ၈၇။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၈၆ ပါ ပြဋ္ဌာန်းချက်များကိုလိုက်နာရန် ပျက်ကွက်ခဲ့လျှင် သိလျက်ဖြင့် ဆောင်ရွက်ခဲ့သောကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်ခုနစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ တရားဝင်ကိုယ်စားလှယ်ဖြင့်လွှဲပြောင်းခြင်း ၈၈။ ကုမ္ပဏီရှိ ကွယ်လွန်ခဲ့သော ပါဝင်သူတစ်ဦးဦး သို့မဟုတ် အခြားအကျိုးခံစားခွင့်ကို လက်ဝယ် ထားရှိသော ကွယ်လွန်သူတစ်ဦးဦး၏ အစုရှယ်ယာ သို့မဟုတ် အခြားသော အကျိုးခံစားခွင့်အား ၎င်းတို့၏ တရားဝင်ကိုယ်စားလှယ်ဖြင့် လွှဲပြောင်းခြင်းသည် ယင်းတရားဝင်ကိုယ်စားလှယ်မှာ အကျိုး ခံစားခွင့်နှင့်သက်ဆိုင်သည့် ကုမ္ပဏီပါဝင်သူ သို့မဟုတ် လက်ဝယ်ထားရှိသူ မဟုတ်စေကာမူ အဆိုပါ လွှဲပြောင်းမှုစာချုပ်အား ချုပ်ဆိုဆောင်ရွက်သည့်အချိန်၌ အကျိုးခံစားခွင့်နှင့် သက်ဆိုင်သည့်ကုမ္ပဏီ ပါဝင်သူ သို့မဟုတ် လက်ဝယ်ထားရှိသူ ဖြစ်သကဲ့သို့ တရားဝင်စေရမည်။ အခန်း(၁၃) မှတ်ပုံတင်စာရင်းများနှင့် ကုမ္ပဏီရှိ အကျိုးခံစားခွင့်များအား မှန်ကန်ကြောင်း ထောက်ခံခြင်း ပိုင်ဆိုင်ခွင့်အထောက်အထားဖြစ်စေမည့် အစုရှယ်ယာများ၏သက်သေခံလက်မှတ် ၈၉။ (က) ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးက ပိုင်ဆိုင်သည့်အစုရှယ်ယာ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ရှင်းလင်းဖော်ပြချက်ပါရှိပြီး ပုဒ်မ ၂၉ နှင့်အညီ ကုမ္ပဏီ၏ရုံးတံဆိပ်ခတ်နှိပ်ထားသော သို့မဟုတ် အခြားနည်းဖြင့် လက်မှတ်ရေးထိုး ထားသော သက်သေခံလက်မှတ်တစ်ခုသည် အဆိုပါအစုရှယ်ယာ သို့မဟုတ် ငွေချေး သက်သေခံလက်မှတ်တွင် ဖော်ပြပါရှိသည့် ကုမ္ပဏီတွင်ပါဝင်သူ၏ မှန်ကန်ကြောင်း ထင်ရှားသော ပိုင်ဆိုင်ခွင့်အထောက်အထား ဖြစ်စေရမည်။ ( ခ ) ကုမ္ပဏီ၏အစုရှယ်ယာများ၊ ဒီဘင်ချာများ၊ ဒီဘင်ချာစတော့ရှယ်ယာများ သို့မဟုတ် အခြားမှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များကို ထုတ်ဝေသတ်မှတ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းအား မှတ်ပုံတင်ပြီးနောက် ၂၈ ရက်အတွင်း အခြားသက်ဆိုင်ရာဥပဒေ တစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီအားလုံးသည် ထုတ်ဝေသတ်မှတ်ထားသော သို့မဟုတ် လွှဲပြောင်းထားသော အစုရှယ်ယာများ၊ ဒီဘင်ချာများ၊ ဒီဘင်ချာ စတော့ ရှယ်ယာများ သို့မဟုတ် မှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များအားလုံး၏ သက်သေခံ လက်မှတ်ကိုထုတ်ဝေခြင်းနှင့်သက်ဆိုင်သော စည်းကမ်းချက်များအား အခြားနည်းဖြင့် သတ်မှတ်ထားခြင်းမရှိလျှင် ပြီးစီးအောင်ဆောင်ရွက်၍ ပေးအပ်ရန်အတွက် အသင့် ပြုလုပ်ထားရှိရမည်။ (ဂ ) ပုဒ်မခွဲ (ခ) နှင့်အညီ ထုတ်ပေးသော သက်သေခံလက်မှတ် အားလုံးတွင် အောက်ပါတို့ကို ဖော်ပြရမည်(၁) ကုမ္ပဏီ၏အမည်၊ (၂) ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာ၊ (၃) အစုရှယ်ယာသက်သေခံလက်မှတ်နှင့် သက်ဆိုင်လျှင် အစုရှယ်ယာအရေအတွက်၊ အစုရှယ်ယာများ၏ အမျိုးအစား၊ အစုရှယ်ယာများအတွက် ပေးချေထားသည့် ငွေပမာဏ၊ အစုရှယ်ယာများအတွက် ပေးချေရခြင်းမရှိသေးသည့် ငွေပမာဏရှိခဲ့လျှင် ယင်းငွေပမာဏနှင့် အစုရှယ်ယာများအတွက် ငွေပေးချေပြီးဖြစ်သည့် ရာခိုင်နှုန်းနှင့် (၄) မှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များဖြစ်လျှင် အဆိုပါ ငွေချေးသက်သေခံ လက်မှတ်အရေအတွက်၊ အမျိုးအစားနှင့် ပေးချထားသော ငွေပမာဏ၊ အစုရှယ်ယာ အဖြစ် လဲလှယ်နိုင်သော ငွေချေးသက်သေခံလက်မှတ်များဖြစ်လျှင် ထိုသို့လဲလှယ်နိုင်မည့်အစုရှယ်ယာ သို့မဟုတ် အခြားသော အကျိုးခံစားခွင့်များ၏ အရေအတွက်။ (ဃ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကိုလိုက်နာရန် ပျက်ကွက်ခြင်းသည် အစုရှယ်ယာ သို့မဟုတ် မှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များကို လက်ဝယ်ထားရှိသူတစ်ဦးဦး၏ အခွင့်အရေးများကို အကျိုးသက်ရောက်စေခြင်းမရှိစေရ။ ကုမ္ပဏီတွင် ပါဝင်သူများ၏ မှတ်ပုံတင်စာရင်း ၉၀။ (က) ကုမ္ပဏီတစ်ခုအား ဖွဲ့စည်းတည်ထောင်ရန်အတွက် လျှောက်လွှာတွင် ဖော်ပြပါရှိသောကုမ္ပဏီတွင်ပါဝင်သူများအဖြစ် အမည်ဖော်ပြထားသူများကို ကုမ္ပဏီတွင် ပါဝင်သူများ ဖြစ်သည်ဟု သဘောတူလက်ခံထားကြောင်း မှတ်ယူရမည်ဖြစ်ပြီး ယင်းကုမ္ပဏီအား မှတ်ပုံတင်သည့်အခါ ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်း၌ ၎င်းတို့အားကုမ္ပဏီတွင် ပါဝင်သူအဖြစ် ရေးသားဖော်ပြရမည်။ ( ခ ) ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးအဖြစ် သဘောတူလက်ခံထား၍ ၎င်း၏အမည်ကို ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းတွင် ရေးသားဖော်ပြထားသူများသည် ကုမ္ပဏီတွင် ပါဝင်သူများ ဖြစ်သည်။ (ဂ ) အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီအားလုံးသည် ၎င်းတို့ကုမ္ပဏီတွင် ပါဝင်သူများ၏ နောက်ဆုံးအချက်အလက်များအထိ ပါရှိသော မှတ်ပုံတင်စာရင်းကို ထားရှိရမည်ဖြစ်ပြီး အောက်ပါအချက်အလက်များကိုလည်း ယင်းမှတ်ပုံတင်စာရင်းတွင် ရေးသားဖော်ပြရမည် – (၁) ကုမ္ပဏီတွင်ပါဝင်သူများ၏ အမည်များ၊ နေရပ်လိပ်စာများနှင့် မည်သည့်နိုင်ငံသားဖြစ်သည်ဟူသောအချက်များ၊ (၂) ပုဂ္ဂိုလ်တစ်ဦးအား ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးအဖြစ် ကုမ္ပဏီတွင်ပါဝင်သူများ၏မှတ်ပုံတင်စာရင်းတွင် ရေးသွင်းဖော်ပြသည့်ရက်စွဲနှင့် (၃) ပုဂ္ဂိုလ်တစ်ဦးအား ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးအဖြစ်မှ ရပ်စဲသည့်ရက်စွဲ။ (ဃ) အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီတွင် အစုရှယ်ယာ မတည်ငွေရင်းရှိခဲ့လျှင် ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်း၌ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်နှင့်အညီ အောက်ပါတို့ကိုလည်းဖော်ပြရမည် – (၁) အစုရှယ်ယာများကို ထုတ်ဝေမှုပြုလုပ်သည့်ရက်စွဲ၊ (၂) ထုတ်ဝေမှုတစ်ရပ်စီတွင်ပါရှိသည့် အစုရှယ်ယာအရေအတွက်၊ (၃) ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးစီက ပိုင်ဆိုင်သည့် အစုရှယ်ယာများ၊ (၄) အစုရှယ်ယာများ၏ အမျိုးအစား၊ (၅) အစုရှယ်ယာအမှတ်စဉ်များနှင့် အစုရှယ်ယာသက်သေခံလက်မှတ်များ၏ အမှတ်စဉ်များ၊ (၆) အစုရှယ်ယာများအတွက် ပေးချေထားသည့်ငွေပမာဏ၊ (၇) အစုရှယ်ယာများအတွက် အပြည့်အဝငွေပေးချေထားခြင်း ရှိမရှိနှင့် (၈) အစုရှယ်ယာများအတွက်ပေးချေရန် ကျန်ရှိသည့်ငွေပမာဏရှိခဲ့လျှင် ယင်းငွေပမာဏ။ ကုမ္ပဏီတွင် ပါဝင်သူများနှင့် စပ်လျဉ်းသည့်အညွှန်းစာရင်း ၉၁။ (က) ပါဝင်သူဦးရေ ၅၀ အထက်ရှိသော ကုမ္ပဏီအားလုံးသည် ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းကို အညွှန်းစာရင်းတစ်ရပ်အဖြစ် ပြုစုထားရှိခြင်းမဟုတ်လျှင် ကုမ္ပဏီတွင် ပါဝင်သူများ၏ အမည်များအတွက် နောက်ဆုံးအချက်အလက်များပါရှိသော အညွှန်း စာရင်းတစ်ရပ်ကို ပြုစုထားရှိရမည်ဖြစ်ပြီး ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင် စာရင်းတွင် ပြောင်းလဲပြင်ဆင်မှုတစ်ရပ်ရပ် ပြုလုပ်သည့်နေ့မှ ၁၄ ရက်အတွင်း အညွှန်းစာရင်းတွင် လိုအပ်သောပြောင်းလဲပြင်ဆင်မှုကို ပြုလုပ်ရမည်။ ( ခ ) ကုမ္ပဏီတွင် ပါဝင်သူများအတွက် အညွှန်းစာရင်းတွင် ၎င်းနှင့်သက်ဆိုင်သည့် အချက် အလက်များအား မှတ်ပုံတင်စာရင်း၌ လွယ်ကူစွာရှာဖွေသိရှိနိုင်ရန်အတွက် လုံလောက်သည့် အညွှန်းသင်္ကေတများကို ထည့်သွင်းဖော်ပြရမည်။ အော့ပ်ရှင်(option) ရှိသူများ၏ မှတ်ပုံတင်စာရင်း ၉၂။ (က) ထုတ်ဝေခြင်းမပြုရသေးသော အစုရှယ်ယာများ သို့မဟုတ် အခြားအကျိုးခံစားခွင့်များကို အော့ပ်ရှင် (option) ပြုထားသော ကုမ္ပဏီအားလုံးသည် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အောက်ပါအချက်အလက်များကို မှတ်တမ်း တင်ထားသော အော့ပ်ရှင် (option) ရှိသူများ၏ မှတ်ပုံတင်စာရင်းတစ်ခုကို ပြုလုပ် ထားရှိရမည် – (၁) ကုမ္ပဏီတွင်အော့ပ်ရှင် (option) ရှိသူများ၏ အမည်များ နေရပ်လိပ်စာများနှင့် မည်သည့် နိုင်ငံသားဖြစ်သည် ဟူသောအချက်များအပြင် အော့ပ်ရှင် (option) ၊ ပြုထားသည့် အစုရှယ်ယာများ သို့မဟုတ် အခြားအကျိုးခံစားခွင့်များ၏ အရေအတွက် နှင့် ရှင်းလင်းဖော်ပြချက်၊ (၂) ပုဂ္ဂိုလ်တစ်ဦးစီအား အော့ပ်ရှင် (option)ပြုထားသည့် အစုရှယ်ယာများအတွက် အော့ပ်ရှင်(option) ရှိသူတစ်ဦးအဖြစ် မှတ်ပုံတင်စာရင်းတွင် ရေးသွင်းဖော်ပြခဲ့သည့် ရက်စွဲ၊ (၃) အော့ပ်ရှင် (option) ကိုကျင့်သုံးဆောင်ရွက်နိုင်သည့် ကာလ သို့မဟုတ် အချိန်၊ (၄) အော့ပ်ရှင် (option) ကို ကျင့်သုံးဆောင်ရွက်ခြင်း မပြုမီက ပေါ်ပေါက်ရမည့် အဖြစ်အပျက် တစ်ရပ်ရပ်၊ (၅) အော့ပ်ရှင် (option) ပေးခြင်းအတွက် ပေးချေရသည့် ငွေပမာဏ တစ်ရပ်ရပ်၊ (၆) အော့ပ်ရှင် (option) ကျင့်သုံးဆောင်ရွက်မှုအတွက် ပေးချေရမည့် ငွေပမာဏ တစ်ရပ်ရပ် သို့မဟုတ် အဆိုပါ ငွေပမာဏအား သတ်မှတ်သည့် နည်းလမ်းနှင့် (၇) ပုဂ္ဂိုလ်တစ်ဦးအား အော့ပ်ရှင်(option) ရှိသူတစ်ဦးအဖြစ်မှရပ်စဲသည့် ရက်စွဲ။ ( ခ ) အော့ပ်ရှင်(option) ရှိသူများ၏ မှတ်ပုံတင်စာရင်းသည် အော့ပ်ရှင်(option) များအား ကျင့်သုံးဆောင်ရွက်သည့်အခါ သို့မဟုတ် သက်တမ်းကုန်ဆုံးသည့်အခါများတွင် အဆိုပါ မှတ်ပုံတင်စာရင်းအား နောက်ဆုံးဖြစ်ပေါ်သည့် အချက်အလက်များဖြင့် ဖြည့်စွက် ပြုစုထားရှိရမည်။ (ဂ) အော့ပ်ရှင် (option) များအား လွှဲပြောင်းသည့် ပုဂ္ဂိုလ်တစ်ဦးသည် လွှဲပြောင်းသည့် အကြောင်းကြားစာအား ကုမ္ပဏီသို့ပေးပို့သည့်အခါမှသာလျှင် ကုမ္ပဏီသည် အော့ပ်ရှင် (option) တစ်ရပ်အား လွှဲပြောင်းခြင်းအတွက် အော့ပ်ရှင်(option)ရှိသူများ၏ မှတ်ပုံတင် စာရင်းတွင် နောက်ဆုံးဖြစ်ပေါ်သည့်အချက်အလက်များဖြင့် ဖြည့်စွက်ရန်လိုအပ်မည် ဖြစ်သည်။ ကုမ္ပဏီမှ အော့ပ်ရှင်(option)အား လွှဲပြောင်းသည့်ကိစ္စရပ်ကို မှတ်ပုံတင် စာရင်းတွင် ဖြည့်သွင်းရန် ပျက်ကွက်ခြင်းသည် အော့ပ်ရှင် (option) လွှဲပြောင်းမှုကိုထိခိုက်စေခြင်းမရှိစေရ။ ဒီဘင်ချာရှိသူများ၏ မှတ်ပုံတင်စာရင်း ၉၃။ ဒီဘင်ချာများထုတ်ဝေသည့် ကုမ္ပဏီအားလုံးသည် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်နှင့်အညီ အောက်ပါအချက်အလက်များကို မှတ်တမ်းတင်ထားသော ဒီဘင်ချာရှိသူများ၏ မှတ်ပုံတင်စာရင်း တစ်ခုကို ပြုလုပ်ထားရှိရမည် – (က) ဒီဘင်ချာရှိသူများ၏ အမည်များ၊ နေရပ်လိပ်စာများနှင့် မည်သည့်နိုင်ငံသားဖြစ်သည် ဟူသော အချက်များအပြင် ၎င်းတို့ထံထုတ်ဝေထားသည့် သို့မဟုတ် ၎င်းတို့လက်ဝယ် ရှိသည့် ဒီဘင်ချာများ၏ အရေအတွက်နှင့် ရှင်းလင်းဖော်ပြချက်၊ (ခ) ပုဂ္ဂိုလ်တစ်ဦးစီအား ဒီဘင်ချာရှိသူတစ်ဦးအဖြစ် မှတ်ပုံတင်စာရင်းတွင် ရေးသွင်းဖော်ပြခဲ့သည့် ရက်စွဲနှင့် (ဂ ) ပုဂ္ဂိုလ်တစ်ဦးအား ဒီဘင်ချာရှိသူတစ်ဦးအဖြစ်မှရပ်စဲသည့် ရက်စွဲ။ အခြားအကျိုးခံစားခွင့်များ၏ မှတ်ပုံတင်စာရင်း ၉၄။ (က) ကုမ္ပဏီတစ်ခုသည် ယင်း၏ အစုရှယ်ယာမတည်ငွေရင်းရှိ အခြားအကျိုးခံစားခွင့်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ ထုတ်ဝေထားသည့် အကျိုးခံစားခွင့်တစ်ရပ်အား ရယူရန် အခွင့်အရေးပေးအပ်ထားသော ငွေချေးသက်သေခံလက်မှတ်နှင့်စပ်လျဉ်း၍ ဖြစ်စေ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်နှင့်အညီ အောက်ပါအချက်အလက်များကို မှတ်တမ်းတင်ထားသော မှတ်ပုံတင်စာရင်းတစ်ခုကို ပြုလုပ်ထားရှိရမည် – (၁) အကျိုးခံစားခွင့်လက်ဝယ်ရှိသူများ၏ အမည်များ၊ နေရပ်လိပ်စာများနှင့် မည်သည့်နိုင်ငံသားဖြစ်သည်ဟူသော အချက်များအပြင် ၎င်းတို့ထံ ထုတ်ဝေထားသည့် သို့မဟုတ် ၎င်းတို့လက်ဝယ်ရှိသည့် အကျိုးခံစားခွင့်များ၏ အရေအတွက်နှင့်ရှင်းလင်းဖော်ပြချက်၊ (၂) ပုဂ္ဂိုလ်တစ်ဦးစီအား အကျိုးခံစားခွင့် လက်ဝယ်ရှိသူတစ်ဦးအဖြစ် မှတ်ပုံတင်စာရင်းတွင် ရေးသွင်းဖော်ပြခဲ့သည့်ရက်စွဲ၊ (၃) ပုဂ္ဂိုလ်တစ်ဦးအား အကျိုးခံစားခွင့်လက်ဝယ်ရှိသူတစ်ဦးအဖြစ်မှ ရပ်စဲသည့်ရက်စွဲနှင့် (၄) အကျိုးခံစားခွင့် သက်တမ်းကုန်ဆုံးခြင်း၊ ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် လဲလှယ်ခြင်းများနှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များ။ ( ခ ) ဤပုဒ်မအရ အကျိုးခံစားခွင့်တစ်ရပ်ရပ်၏ မှတ်ပုံတင်စာရင်းသည် ကုမ္ပဏီရှိ အစုရှယ်ယာများအဖြစ်သို့လဲလှယ်နိုင်သည့် ငွေချေးသက်သေခံလက်မှတ်များကို လက်ဝယ်ပိုင်ဆိုင် ထားသူများ၏ မှတ်ပုံတင်စာရင်းတစ်ရပ်ဖြစ်ခဲ့လျှင် အကျိုးခံစားခွင့်များအား လဲလှယ်ဆောင်ရွက်သည့်အခါ သို့မဟုတ် သက်တမ်းကုန်ဆုံးသည့်အခါများတွင် အဆိုပါ မှတ်ပုံတင် စာရင်းအား နောက်ဆုံးဖြစ်ပေါ်သည့် အချက်အလက်များဖြင့် ဖြည့်စွက်ပြုစုထားရှိရမည်။ (ဂ) အကျိုးခံစားခွင့်အား လွှဲပြောင်းသည့်ပုဂ္ဂိုလ်တစ်ဦးသည် လွှဲပြောင်းသည့် အကြောင်းကြား စာအား ကုမ္ပဏီသို့ပေးပို့သည့်အခါမှသာလျှင် ကုမ္ပဏီသည် မှတ်ပုံတင်စာရင်းရေးသွင်း ထားသည့် အကျိုးခံစားခွင့်အား လွှဲပြောင်းခြင်းတစ်ရပ်ရပ်နှင့်ပတ်သက်၍ ပုဒ်မခွဲ (ခ) တွင် ဖော်ပြပါရှိသည့်အမျိုးအစားနှင့်သက်ဆိုင်သော မှတ်ပုံတင်စာရင်းတွင် နောက်ဆုံးဖြစ်ပေါ်သည့် အချက်အလက်များဖြင့် ဖြည့်စွက်ရန် လိုအပ်မည်ဖြစ်သည်။ ကုမ္ပဏီက အကျိုးခံစားခွင့်အား လွှဲပြောင်းသည့်ကိစ္စရပ်ကို မှတ်ပုံတင်စာရင်းတွင် ဖြည့်သွင်းရန် ပျက်ကွက်ခြင်းသည်အကျိုးခံစားခွင့်လွှဲပြောင်းမှု တရားဝင်ခြင်းကို ထိခိုက်စေခြင်း မရှိစေရ။ ကုမ္ပဏီ၏ မှတ်ပုံတင်ထားသောရုံးခန်း၌ ထိန်းသိမ်းထားရှိရမည့် မှတ်ပုံတင်စာရင်းများနှင့် အညွှန်းစာရင်းများ ၉၅။ (က) ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဤအခန်းအရ ထိန်းသိမ်းထားရှိရမည့် ကုမ္ပဏီနှင့်သက်ဆိုင်သော မှတ်ပုံတင်စာရင်းများအားလုံးနှင့် အညွှန်းစာရင်းများကို ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း အဓိကဆောင်ရွက်ရာ နေရာ၌ ထိန်းသိမ်းထားရှိရမည်။ ( ခ ) ကုမ္ပဏီသည် ၎င်း၏မှတ်ပုံတင်စာရင်းများနှင့် အညွှန်းစာရင်းများကို ထိန်းသိမ်းထား ရှိရန်အတွက် နိုင်ငံတော်အတွင်း မည်သူ့ကိုမဆိုခန့်အပ်နိုင်သည်။ ထိုသို့ဆောင်ရွက်သည့်အခါ ကုမ္ပဏီ၏မှတ်ပုံတင်စာရင်းများနှင့် အညွှန်းစာရင်းများကို ဖော်ပြပါခန့်အပ်ခံရသူ ပုဂ္ဂိုလ်၏ရုံးခန်း၌ ကုမ္ပဏီကိုယ်စား ထိန်းသိမ်းထားရှိနိုင်သည်။ (ဂ ) ကုမ္ပဏီ၏မှတ်ပုံတင်ထားသောရုံးခန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း အဓိကဆောင်ရွက် သောနေရာမဖြစ်သည့် အခြားနေရာတစ်ခုခု၌ ကုမ္ပဏီ၏မှတ်ပုံတင်စာရင်းများနှင့် အညွှန်းစာရင်းများကို ထိန်းသိမ်းထားရှိသည့်အခါ ထိုသို့ထားရှိသည့်နေ့မှ ၂၁ ရက်အတွင်း ကုမ္ပဏီသည် အဆိုပါမှတ်ပုံတင်စာရင်းများနှင့်အညွှန်းစာရင်းများကို ထိန်းသိမ်းထားရှိသည့် နေရာအား သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ အကြောင်းကြားစာ ပေးပို့တင်ပြရမည်ဖြစ်သည့်အပြင် ကုမ္ပဏီ၏မှတ်ပုံတင်စာရင်းများနှင့် အညွှန်းစာရင်းများကို ထိန်းသိမ်းထားရှိသည့် နေရာပြောင်းလဲမှုရှိခဲ့ပါကလည်း ထိုသို့ပြောင်းလဲသည့်နေ့မှ ၂၁ ရက်အတွင်း သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ အကြောင်းကြားစာ ပေးပို့တင်ပြရမည်။ မှတ်ပုံတင်စာရင်းတွင် ပြောင်းလဲပြင်ဆင်မှုများအား အကြောင်းကြားရခြင်း ၉၆။ (က) ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၉၀ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီတွင် ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းပြုလုပ်သည့် ပြောင်းလဲပြင်ဆင်မှုအသေးစိတ်ကို သတ်မှတ်ဖော်ပြ ထားသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ အကြောင်းကြားစာ ပေးပို့တင်ပြရမည်။ ( ခ ) သက်ဆိုင်ရာပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်သည့်နေ့မှ ၂၁ ရက်အတွင်း အကြောင်းကြား တင်ပြခြင်းကို ပြုလုပ်ရမည်။ နှစ်စဉ်အစီရင်ခံစာ၊ ကုမ္ပဏီတွင်ပါဝင်သူများစာရင်းနှင့် အကျဉ်းချုပ်ဖော်ပြချက် ၉၇။ (က) ကုမ္ပဏီအားလုံးသည် ယင်းအား ဖွဲ့စည်းတည်ထောင်သည့်နေ့မှ နှစ်လ အတွင်းနှင့် ၎င်းနောက်ပိုင်းကာလအတွက် နှစ်စဉ် အနည်းဆုံးတစ်ကြိမ် သို့ရာတွင် ကုမ္ပဏီအား ဖွဲ့စည်း တည်ထောင်သည့် နှစ်ပတ်လည်ကာလ ကုန်ဆုံးပြီးနောက် တစ်လထက် နောက်မကျစေဘဲ ကုမ္ပဏီ၏အသေးစိတ်ဖော်ပြချက်များပါရှိသော နှစ်စဉ်အစီရင်ခံစာတစ်ခုကို သတ်မှတ် ဖော်ပြထားသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်။ ( ခ ) သို့ရာတွင် သက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်မှတစ်ပါး နှစ်စဉ်အစီရင်ခံစာ၌ အောက်ပါအချက်အလက်များ ပါရှိစေရမည် – ( ၁ ) ကုမ္ပဏီ၏ မှတ်ပုံတင်ထားသောအမည်။ (၂ ) ကုမ္ပဏီ၏ မှတ်ပုံတင်အမှတ်စဉ်၊ ( ၃ ) ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာနှင့် ကုမ္ပဏီတွင် ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းကို အခြားနေရာတစ်ခုခုတွင် ထိန်းသိမ်းထားရှိခဲ့ပါက ထိုသို့ ထိန်းသိမ်းထားရှိသည့်နေရာ၏ လိပ်စာ(ကွဲလွဲလျှင်)၊ ( ၄ ) အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီဖြစ်ခဲ့လျှင် ကုမ္ပဏီတွင်အစုရှယ်ယာအရေအတွက် အများဆုံးပိုင်ဆိုင်ထားသည့် ပါဝင်သူဦးရေ ၅ဝ ၏စာရင်း သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူဦးရေ ၅၀ အောက်နည်းလျှင် ထိုသို့ပါဝင်သူများ၏ စာရင်းနှင့် ၎င်းတို့၏ အမည်များ၊ နေရပ်လိပ်စာများ၊ မည်သည့်နိုင်ငံသားဖြစ်ကြောင်းနှင့် ပိုင်ဆိုင်သည့် အစုရှယ်ယာအရေအတွက်၊ ( ၅ ) အခြားကုမ္ပဏီဖြစ်ခဲ့လျှင် ကုမ္ပဏီတွင်ပါဝင်သူများစာရင်းနှင့် ၎င်းတို့၏အမည်များ၊ နေရပ်လိပ်စာများ၊ မည်သည့်နိုင်ငံသားဖြစ်ကြောင်းနှင့် ပိုင်ဆိုင်သည့်အစုရှယ်ယာ အရေအတွက်အပြင် နောက်ဆုံးနှစ်စဉ်အစီရင်ခံစာ တင်ပြသည့်နေ့ရက်မှ စတင်၍ ကုမ္ပဏီတွင် ပါဝင်သူများအဖြစ်မှ ရပ်စဲခဲ့သူများစာရင်း၊ ( ၆ ) ကုမ္ပဏီ၏ နောက်ဆုံးပြုလုပ်ခဲ့သော နှစ်ပတ်လည်အထွေထွေ အစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့လျှင် ကျင်းပသည့်နေ့ရက်၊ ( ၇ ) ကုမ္ပဏီ၏ငွေစာရင်းများအား ပြုလုပ်ခဲ့သည့်နေ့ရက်နှင့် နှစ်စဉ်အစီရင်ခံစာအား ဖော်ပြသည့်နေ့ရက်တို့တွင် ကုမ္ပဏီ၏အဓိကလုပ်ဆောင်မှု သို့မဟုတ် လုပ်ဆောင်မှု များဆိုင်ရာ သီးခြားဖော်ပြချက်များ၊ ( ၈ ) ငွေသားဖြင့်ထုတ်ဝေသည့် အစုရှယ်ယာများနှင့် ငွေသားမှတစ်ပါး အခြားနည်းဖြင့် အပြည့်အဝသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသသော်လည်းကောင်း ပေးချေ ထားသည့် အစုရှယ်ယာများအား ပိုင်းခြားဖော်ပြထားသည့်အကျဉ်းချုပ်၊ ( ၉ ) ကုမ္ပဏီ၏အစုရှယ်ယာ မတည်ငွေရင်းပမာဏနှင့် ပိုင်းခြားသတ်မှတ်ထားသည့် အစုရှယ်ယာအရေအတွက်၊ (၁ဝ) အစုရှယ်ယာတစ်ခုစီအတွက် သတ်မှတ်တောင်းဆိုထားသည့် ပေးချေရန်ငွေပမာဏ၊ (၁၁) နောက်ဆုံးအကြိမ်နှစ်စဉ်အစီရင်ခံစာ ပြုလုပ်သည့်နေ့၏နောက်ပိုင်းတွင် လက်လွှတ် ဆုံးရှုံးသော သို့မဟုတ် ပယ်ဖျက်သောအစုရှယ်ယာအရေအတွက် စုစုပေါင်း၊ (၁၂) နောက်ဆုံးအကြိမ် နှစ်စဉ်အစီရင်ခံစာပြုလုပ်သည့်နေ့၏ နောက်ပိုင်းတွင် ကုမ္ပဏီသည် နိုင်ငံခြားကုမ္ပဏီဖြစ်လာသည့်အကြောင်း သို့မဟုတ် နိုင်ငံခြားကုမ္ပဏီအဖြစ်မှ ရပ်စဲသည့်အကြောင်းနှင့် ပြောင်းလဲသွားသောနေ့ရက်၊ (၁၃) ကုမ္ပဏီ၏လက်အောက်ခံကုမ္ပဏီ၊ အစုများပိုင်ဆိုင်သည့်ကုမ္ပဏီနှင့် မူရင်းအစုများ ပိုင်ဆိုင်သည့်ကုမ္ပဏီ ရှိခဲ့လျှင် ၎င်းတို့၏အမည်များ၊ (၁၄) နှစ်စဉ်အစီရင်ခံစာပြုလုပ်သည့်နေ့တွင် ကုမ္ပဏီ၏ဒါရိုက်တာ ဖြစ်ကြသူများနှင့် ကုမ္ပဏီ၏ အတွင်းရေးမှူးများရှိခဲ့လျှင် ၎င်းတို့၏အမည်များ၊ နေရပ်လိပ်စာများ၊ ကျား/မ၊ မည်သည့်နိုင်ငံသားဖြစ်သည်ဟူသောအကြောင်းနှင့် နောက်ဆုံးနှစ်စဉ် အစီရင်ခံစာပြုစုပြီးနောက်ပိုင်း ၎င်းတို့ကို ပြောင်းလဲပြင်ဆင်ခြင်းနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ ထိုသို့ပြောင်းလဲပြင်ဆင်ခဲ့သည့် နေ့ရက်၊ (၁၅) ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံတင်ပြ၍ မှတ်ပုံတင်ထားရန် လိုအပ်သော ပေါင်နှံမှုများနှင့် ကြွေးမြီတာဝန်တင်ရှိခြင်းများကို မှတ်ပုံတင်ထားပြီးကြောင်း အတည်ပြုချက်နှင့် (၁၆) အခါအားလျော်စွာ သတ်မှတ်ဖော်ပြထားသည့် အခြားအချက်အလက်များ။ (ဂ) မှတ်ပုံတင်အရာရှိထံသို့ ဖော်ပြပါအချက်အလက်များအား တင်ပြရမည့်အပြင် အထက်ပါ အချက်အလက်များနှင့် အကျဉ်းချုပ်ဖော်ပြချက်များကို ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်း၌ သီးခြားအပိုင်းတွင် ထည့်သွင်းဖော်ပြရမည်။ မှတ်ပုံတင်စာရင်း နှင့်အတူ ထိန်းသိမ်းထားရှိသည့် နှစ်စဉ်အစီရင်ခံစာနှင့် မိတ္တုများကို ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦး သို့မဟုတ် အတွင်းရေးမှူးတစ်ဦးက လက်မှတ်ရေးထိုးထားရမည့်အပြင် စာရင်းနှင့် အကျဉ်းချုပ်များတွင်ပါသည့် အချက်အလက်များကို ဖော်ပြပါနေ့အထိ မှန်ကန်ကြောင်း ဖော်ပြရမည်။ (ဃ) အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီတစ်ခုသည် ယင်း၏ ဒါရိုက်တာတစ်ဦးကဖြစ်စေ၊ အတွင်းရေးမှူးကဖြစ်စေ၊ အခြားအရာရှိကဖြစ်စေ လက်မှတ်ရေးထိုးထားသည့် သက်သေခံ လက်မှတ်တစ်ခုကို ပုဒ်မခွဲ (က) အရ လိုအပ်သော နှစ်စဉ်အစီရင်ခံစာနှင့်အတူ ပူးတွဲ တင်ပြရမည်။ ထိုသက်သေခံ လက်မှတ်၌ နောက်ဆုံးအကြိမ် နှစ်စဉ်အစီရင်ခံစာ ပြုလုပ်သည့်နေ့ နောက်ပိုင်း သို့မဟုတ် ပထမအကြိမ်ပြုလုပ်သည့် နှစ်စဉ်အစီရင်ခံစာ ဖြစ်ပါက ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်ခဲ့သည့်နေ့ရက် နောက်ပိုင်းတွင် ကုမ္ပဏီသည် အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများအတွက် ငွေကြေးထည့်ဝင်စေရန် အများပြည်သူ များအား တစ်စုံတစ်ရာ ကမ်းလှမ်းထားခြင်းမရှိကြောင်း ဖော်ပြပါရှိစေရမည်။ မှတ်ပုံတင်စာရင်းတွင် ထည့်သွင်းဖော်ပြခြင်း မပြုရမည့် ယုံကြည်အပ်နှံမှုများ ၉၈။ (က) အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သို့မဟုတ် အကျိုးဖြစ်ထွန်းမှုရှိစေမည်ဖြစ်သော မည်သည့်ယုံကြည်အပ်နှံမှုကိုမျှ မှတ်ပုံတင်စာရင်းတွင် ရေးသွင်းခြင်းသော်လည်းကောင်း၊ မှတ်ပုံတင်အရာရှိက လက်ခံခြင်းသော်လည်းကောင်း မပြုလုပ်ရ။ ( ခ ) ပုဒ်မခွဲ(က) ၌ မည်သို့ပင် ဆိုစေကာမူ ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းတွင် အစုရှယ်ယာ သို့မဟုတ် အကျိုးခံစားခွင့်တစ်ရပ်ရပ်ကို လက်ဝယ်ရှိသူအဖြစ် မှတ်ပုံတင် ထားသည့် သေဆုံးသူတစ်ဦး၏ တရားဝင်ကိုယ်စားလှယ်သည် အဆိုပါသေဆုံးသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်စားလှယ်အနေဖြင့် ဖော်ပြပါအစုရှယ်ယာ သို့မဟုတ် အကျိုးခံစားခွင့်အား လက်ဝယ်ရှိသူအဖြစ် ကုမ္ပဏီ၏ သဘောတူညီချက်နှင့်အညီ မှတ်ပုံတင်ခွင့် ရရှိသည်။ (ဂ ) ပုဒ်မခွဲ (က) ၌ မည်သို့ပင်ဆိုစေကာမူ ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းတွင် အစုရှယ်ယာ သို့မဟုတ် အကျိုးခံစားခွင့်တစ်ရပ်ရပ်ကို လက်ဝယ်ရှိသူအဖြစ် မှတ်ပုံတင်ထားသည့် ဒေဝါလီခံရသူတစ်ဦး၏ ပစ္စည်းများအတွက် ယုံကြည်အပ်နှံခြင်းခံရသူ၊ အတည်ပြု ဆောင်ရွက်ရသူ၊ စီမံဆောင်ရွက်ရသူ သို့မဟုတ် လွှဲအပ်ခံရသူသည် အဆိုပါ ဒေဝါလီ ခံရသူ၏ ပစ္စည်းများအတွက် ယုံကြည်အပ်နှံခြင်းခံရသူ၊ အတည်ပြု ဆောင်ရွက်ရသူ၊ စီမံ ဆောင်ရွက်ရသူ သို့မဟုတ် လွှဲအပ်ခံရသူအနေဖြင့် ဖော်ပြပါအစုရှယ်ယာ သို့မဟုတ် အကျိုးခံစားခွင့်အား လက်ဝယ်ရှိသူအဖြစ် ကုမ္ပဏီ၏ သဘောတူညီချက်နှင့်အညီ မှတ်ပုံတင်ခွင့်ရရှိသည်။ မှတ်ပုံတင်စာရင်းများအား စစ်ဆေးခြင်း ၉၉။ (က) ဤဥပဒေအရ ထိန်းသိမ်းထားရှိသည့် ကုမ္ပဏီတစ်ခုနှင့်သက်ဆိုင်သော မှတ်ပုံတင် စာရင်းများနှင့်အညွှန်းစာရင်းများအားလုံးကို နေ့စဉ်အလုပ်ချိန်အတွင်း ကုမ္ပဏီမှ အထွေထွေအစည်းအဝေးတွင် ချမှတ်နိုင်သော စစ်ဆေးရန်ခွင့်ပြုမည့်နေ့ရက် တစ်ရက်စီတွင် သာမန်အလုပ်ချိန်အတွင်း အချိန် နှစ်နာရီအောက်မနည်းစေမည့် သင့်လျော်သော စည်းကမ်း ကန့်သတ်ချက်များနှင့်အညီ ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးက စစ်ဆေးနိုင်ရန်အတွက် လက်မှတ်တစ်ခုကို ပုဒ်မခွဲ (က) အရ လိုအပ်သော နှစ်စဉ်အစီရင်ခံစာနှင့်အတူ ပူးတွဲ တင်ပြရမည်။ ထိုသက်သေခံ လက်မှတ်၌ နောက်ဆုံးအကြိမ် နှစ်စဉ်အစီရင်ခံစာ ပြုလုပ်သည့်နေ့ နောက်ပိုင်း သို့မဟုတ် ပထမအကြိမ်ပြုလုပ်သည့် နှစ်စဉ်အစီရင်ခံစာ ဖြစ်ပါက ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်ခဲ့သည့်နေ့ရက် နောက်ပိုင်းတွင် ကုမ္ပဏီသည် အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများအတွက် ငွေကြေးထည့်ဝင်စေရန် အများပြည်သူ များအား တစ်စုံတစ်ရာ ကမ်းလှမ်းထားခြင်းမရှိကြောင်း ဖော်ပြပါရှိစေရမည်။ မှတ်ပုံတင်စာရင်းတွင် ထည့်သွင်းဖော်ပြခြင်း မပြုရမည့် ယုံကြည်အပ်နှံမှုများ ၉၈။ (က) အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သို့မဟုတ် အကျိုးဖြစ်ထွန်းမှုရှိစေမည်ဖြစ်သော မည်သည့်ယုံကြည်အပ်နှံမှုကိုမျှ မှတ်ပုံတင်စာရင်းတွင် ရေးသွင်းခြင်းသော်လည်းကောင်း၊ မှတ်ပုံတင်အရာရှိက လက်ခံခြင်းသော်လည်းကောင်း မပြုလုပ်ရ။ ( ခ ) ပုဒ်မခွဲ(က) ၌ မည်သို့ပင် ဆိုစေကာမူ ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းတွင် အစုရှယ်ယာ သို့မဟုတ် အကျိုးခံစားခွင့်တစ်ရပ်ရပ်ကို လက်ဝယ်ရှိသူအဖြစ် မှတ်ပုံတင် ထားသည့် သေဆုံးသူတစ်ဦး၏ တရားဝင်ကိုယ်စားလှယ်သည် အဆိုပါသေဆုံးသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်စားလှယ်အနေဖြင့် ဖော်ပြပါအစုရှယ်ယာ သို့မဟုတ် အကျိုးခံစားခွင့်အား လက်ဝယ်ရှိသူအဖြစ် ကုမ္ပဏီ၏ သဘောတူညီချက်နှင့်အညီ မှတ်ပုံတင်ခွင့် ရရှိသည်။ (ဂ ) ပုဒ်မခွဲ (က) ၌ မည်သို့ပင်ဆိုစေကာမူ ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းတွင် အစုရှယ်ယာ သို့မဟုတ် အကျိုးခံစားခွင့်တစ်ရပ်ရပ်ကို လက်ဝယ်ရှိသူအဖြစ် မှတ်ပုံတင်ထားသည့် ဒေဝါလီခံရသူတစ်ဦး၏ ပစ္စည်းများအတွက် ယုံကြည်အပ်နှံခြင်းခံရသူ၊ အတည်ပြု ဆောင်ရွက်ရသူ၊ စီမံဆောင်ရွက်ရသူ သို့မဟုတ် လွှဲအပ်ခံရသူသည် အဆိုပါ ဒေဝါလီ ခံရသူ၏ ပစ္စည်းများအတွက် ယုံကြည်အပ်နှံခြင်းခံရသူ၊ အတည်ပြု ဆောင်ရွက်ရသူ၊ စီမံ ဆောင်ရွက်ရသူ သို့မဟုတ် လွှဲအပ်ခံရသူအနေဖြင့် ဖော်ပြပါအစုရှယ်ယာ သို့မဟုတ် အကျိုးခံစားခွင့်အား လက်ဝယ်ရှိသူအဖြစ် ကုမ္ပဏီ၏ သဘောတူညီချက်နှင့်အညီ မှတ်ပုံတင်ခွင့်ရရှိသည်။ မှတ်ပုံတင်စာရင်းများအား စစ်ဆေးခြင်း ၉၉။ (က) ဤဥပဒေအရ ထိန်းသိမ်းထားရှိသည့် ကုမ္ပဏီတစ်ခုနှင့်သက်ဆိုင်သော မှတ်ပုံတင် စာရင်းများနှင့်အညွှန်းစာရင်းများအားလုံးကို နေ့စဉ်အလုပ်ချိန်အတွင်း ကုမ္ပဏီမှ အထွေထွေအစည်းအဝေးတွင် ချမှတ်နိုင်သော စစ်ဆေးရန်ခွင့်ပြုမည့်နေ့ရက် တစ်ရက်စီတွင် သာမန်အလုပ်ချိန်အတွင်း အချိန် နှစ်နာရီအောက်မနည်းစေမည့် သင့်လျော်သော စည်းကမ်း ကန့်သတ်ချက်များနှင့်အညီ ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးက စစ်ဆေးနိုင်ရန်အတွက် အခမဲ့ခွင့်ပြုပေးရမည်ဖြစ်ပြီး အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ခဲ့လျှင် အခြားပုဂ္ဂိုလ် တစ်ဦးဦးမှ စစ်ဆေးမှုတစ်ရပ်စီအတွက် ဒါရိုက်တာများမှ သတ်မှတ်ထားသော သင့်လျော်သည့် ငွေပမာဏကို ပေးဆောင်သည့် စစ်ဆေးခြင်းကိုလည်းခွင့်ပြုရမည်။ အဆိုပါကုမ္ပဏီတွင် ပါဝင်သူ သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးသည် ဖော်ပြပါစာရင်းများမှ ကောက်နုတ်ချက်များကို ပြုလုပ်ရယူနိုင်သည်။ ဤဥပဒေအရ ပြုစုထားရှိရန်လိုအပ်သော မှတ်ပုံတင်စာရင်း၊ အညွန်းစာရင်း၊ သို့မဟုတ် ၎င်းတို့၏ တစ်စိတ်တစ်ဒေသ၊ စာရင်းများနှင့် အကျဉ်းချုပ်များ သို့မဟုတ် ၎င်းတို့၏ တစ်စိတ်တစ်ဒေသတို့၏ မိတ္တူ တစ်စောင်ကို ဒါရိုက်တာများက သတ်မှတ် ထားသော သင့်လျော်သည့်ငွေပမာဏကို ပေးဆောင်စေခြင်းဖြင့် ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးဦးကသော်လည်းကောင်း၊ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ခဲ့လျှင် အခြားပုဂ္ဂိုလ်တစ်ဦးဦးကသော်လည်းကောင်း ရယူနိုင်သည်။ ကုမ္ပဏီသည် ပါဝင်သူ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးမှ ထိုသို့တောင်းခံလာသော မိတ္တု တစ်စုံတစ်ရာအား ထိုသူမှ သတ်မှတ်ထားသော ငွေပမာဏကိုပေးသွင်းပြီး ကုမ္ပဏီက လိုအပ်သောအချက်အလက်များကို လက်ခံရရှိပြီးသည့် နောက်တစ်ရက်မှစတင်၍ ၁ဝ ရက်တာကာလအတွင်း ထိုသို့ တောင်းခံသူ ထံသို့ ပေးပို့ရမည်။ ၁၀၀။ ပုဒ်မ ၉၉၊ ပုဒ်မခွဲ (က) အရ လိုအပ်သောစစ်ဆေးမှု တစ်ရပ်ရပ်ကို ငြင်းပယ်ခဲ့လျှင် သို့မဟုတ် ပုဒ်မ ၉၉၊ ပုဒ်မခွဲ (ခ) အရ လိုအပ်သော မိတ္တုတစ်စုံတစ်ရာကို သတ်မှတ်ထားသည့်ကာလအတွင်း ပေးပို့ခြင်းမရှိခဲ့လျှင် ထိုသို့ပျက်ကွက်ခဲ့သည့်ကုမ္ပဏီနှင့် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိ တစ်ဦးစီသည် ပြစ်မှုတစ်ရပ်စီအတွက် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည် ဖြစ်ပြီး မှတ်ပုံတင်အရာရှိသည် အမိန့်တစ်ရပ်ထုတ်ပြန်၍ မှတ်ပုံတင်စာရင်းများနှင့် အညွှန်းစာရင်းများကို ချက်ချင်းစစ်ဆေးဆောင်ရွက်စေနိုင်သည် သို့မဟုတ် လိုအပ်သောမိတ္တုများကို ယင်းတို့အားရယူလိုသည့် ပုဂ္ဂိုလ်များထံသို့ ပေးပို့စေရန် ညွှန်ကြားနိုင်သည်။ မှတ်ပုံတင်စာရင်းရှိ မှားယွင်းမှုများကို ပြင်ဆင်နိုင်သည့် တရားရုံး၏ အခွင့်အာဏာ ၁၀၁။ (က) အကယ်၍ – (၁) ဤဥပဒေအရ ကုမ္ပဏီက ထိန်းသိမ်းထားရှိရမည်ဖြစ်သော မှတ်ပုံတင်စာရင်း တစ်ခု၌ ပုဂ္ဂိုလ်တစ်ဦးဦး၏အမည်ကို မှားယွင်း၍ ဖော်ပြခဲ့လျှင် သို့မဟုတ် ပယ်ဖျက်ခဲ့လျှင် သို့မဟုတ် (၂) ပုဂ္ဂိုလ်တစ်ဦးဦးအား ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးအဖြစ်မှ ရပ်စဲသည့်အချက်အလက်ကို မှတ်ပုံတင်စာရင်းတွင် ရေးသွင်းရန်ပျက်ကွက်ခဲ့လျှင် သို့မဟုတ် မလိုလားအပ်သော နှောင့်နှေးမှုကို ပြုလုပ်ခဲ့လျှင်၊ နစ်နာသည့်ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးဦး သို့မဟုတ် ကုမ္ပဏီသည် မှတ်ပုံတင်စာရင်းတွင် ပါရှိသောမှားယွင်းမှုကို ပြင်ဆင်ပေးနိုင်ရန်အတွက် တရားရုံးသို့ လျှောက်ထားတင်ပြ နိုင်သည်။ ( ခ ) တရားရုံးသည် လျှောက်ထားမှုအားငြင်းပယ်နိုင်သည် သို့မဟုတ် မှတ်ပုံတင်စာရင်းအား ပြင်ဆင်ရန်နှင့် နစ်နာသူပုဂ္ဂိုလ်ကြုံတွေ့ ခံစားခဲ့ရသော ထိခိုက်နစ်နာမှုများအတွက် ကုမ္ပဏီမှပေးလျော်စေရန် အမိန့်ချမှတ်နိုင်သည့်အပြင် တရားရုံးက သင့်သည်ထင်မြင်သည့် ကုန်ကျစရိတ်များကိုလည်း ပေးချေစေရန် အမိန့်ချမှတ်နိုင်သည်။ (ဂ ) တရားရုံးအနေဖြင့် ဤပုဒ်မပါပြဋ္ဌာန်းချက်များနှင့်အညီ လျှောက်ထားမှုတစ်ရပ်ရပ်အရ တင်ပြလာသည့်ကိစ္စရပ်သည် လျှောက်ထားမှုတွင် သက်ဆိုင်သူအဖြစ်ပါရှိသော ပုဂ္ဂိုလ်တစ်ဦးဦးက ၎င်း၏အမည်အား မှတ်ပုံတင်စာရင်းတွင် ထည့်သွင်းဖော်ပြခြင်း သို့မဟုတ် ချန်လှပ်ထားခြင်းနှင့်စပ်လျဉ်း၍ ရထိုက်ခွင့်ရှိသောအကြောင်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆုံးဖြတ်နိုင်သည်။ တရားရုံးသည် အများအားဖြင့် မှတ်ပုံတင်စာရင်းရှိ မှားယွင်းမှုများကို ပြင်ဆင်ပေးနိုင်ရန်အတွက် လိုအပ်သောကိစ္စရပ်များ သို့မဟုတ် ဆုံးဖြတ် ပေးရမည်ဖြစ်သော လိုအပ်သော ဆောင်ရွက်မှုများကို ဆုံးဖြတ်နိုင်သည်။ သို့ရာတွင် တရားရုံးသည် ဥပဒေရေးရာပြဿနာတစ်ရပ်ရပ် ပါရှိနိုင်သည့် ကိစ္စရပ်တစ်ခုခုကို ဖြေရှင်း စေရန်ညွှန်ကြားနိုင်ပြီး အဆိုပါကိစ္စရပ်အပေါ် ချမှတ်သည့်ဆုံးဖြတ်ချက်တစ်ရပ်ရပ်အား အယူခံတင်ပြခြင်းကို တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၁၀ဝ တွင် ဖော်ပြထားသည့် အကြောင်းအချက်များအပေါ်အခြေပြုလျက် ယင်းဥပဒေတွင်ဖော်ပြထားသည့် နည်းလမ်းများ နှင့်အညီ ဆောင်ရွက်ရမည်။ မှတ်ပုံတင်စာရင်းရှိမှားယွင်းမှုများကိုပြင်ဆင်ခြင်းအား မှတ်ပုံတင်အရာရှိထံတင်ပြ အကြောင်းကြားရခြင်း ၁၀၂။ တရားရုံးသည် မှတ်ပုံတင်စာရင်းရှိ မှားယွင်းမှုများကိုပြင်ဆင်ရန် အမိန့်တစ်ရပ်ချမှတ်ခဲ့ပါက မှားယွင်းမှုများအား ပြင်ဆင်ခြင်းကို အဆိုပါအမိန့်အား ချမှတ်သည့်နေ့မှ ၁၄ ရက်အတွင်း မှတ်ပုံတင် အရာရှိထံသို့ တင်ပြအကြောင်းကြားရမည်ဟု ယင်းအမိန့်တွင် ထည့်သွင်းဖော်ပြ၍ ညွှန်ကြားရမည်။ အထောက်အထားဖြစ်စေရမည့် ကုမ္ပဏီတွင်ပါဝင်သူများနှင့်သက်ဆိုင်သော မှတ်ပုံတင်စာရင်း ၁၀၃။ (က) ဤဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ထိခိုက်စေခြင်း မရှိဘဲ ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းသည် မှတ်ပုံတင်စာရင်းရေးသွင်း ထားသော ကုမ္ပဏီတွင်ပါဝင်သူများ၏ အစုရှယ်ယာများ ရပိုင်ခွင့်အပါအဝင် ယင်းမှတ်ပုံတင် စာရင်းတွင် ဤဥပဒေအရ ညွှန်ကြားထားသည့် သို့မဟုတ် ခွင့်ပြုထားသည့်အတိုင်း ထည့်သွင်းဖော်ပြရမည်ဖြစ်သော ကိစ္စရပ်တစ်ခုခုအတွက် မှန်ကန်ကြောင်း ထင်ရှားသော အထောက်အထား ဖြစ်စေရမည်။ ( ခ ) ကုမ္ပဏီတစ်ခုသည် ယင်း၏မှတ်ပုံတင်စာရင်းတွင် ရေးသွင်းထားသည့် အစုရှယ်ယာ ပိုင်ဆိုင်သူတစ်ဦးအား အောက်ပါတို့ကို လက်ခံဆောင်ရွက်နိုင်ခွင့်ရှိသော ပုဂ္ဂိုလ်တစ်ဦး အနေဖြင့်သာလျှင် သတ်မှတ်ရမည် – (၁) အစုရှယ်ယာနှင့်ဆက်စပ်သော ဆန္ဒမဲပေးပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ခြင်း၊ (၂) အကြောင်းကြားချက်များကို လက်ခံရယူခြင်း၊ (၃) အစုရှယ်ယာနှင့်သက်ဆိုင်သည့် အမြတ်ဝေစုခွဲဝေမှုများကိုလက်ခံရယူခြင်းနှင့် (၄) အစုရှယ်ယာနှင့်ဆက်စပ်သော ရပိုင်ခွင့်များနှင့် အခွင့်အာဏာများကို ကျင့်သုံး ဆောင်ရွက်ခြင်း။ မှတ်ပုံတင်စာရင်းများနှင့်စပ်လျဉ်း၍ ပျက်ကွက်မှုများ ၁၀၄။ ကုမ္ပဏီဒါရိုက်တာများနှင့် အခြားအရာရှိအားလုံး၏တာဝန်မှာ မှတ်ပုံတင်စာရင်းများနှင့် အညွှန်းစာရင်းများကို ထိန်းသိမ်းထားရှိရန်နှင့်လိုအပ်သည့်အခါ ရရှိနိုင်စေရန်၊ ဤအခန်းပါ ပြဋ္ဌာန်းချက် များနှင့်အညီ လိုအပ်သောအရေးယူဆောင်ရွက်မှုများကိုပြုလုပ်ရန်နှင့် ကုမ္ပဏီ၏အခြားတာဝန်များကို ဆောင်ရွက်ရာတွင် ဤအခန်းပါ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်စေရန် လိုအပ်မည့် ဆောင်ရွက်မှုများကို ပြုလုပ်ရမည်။ ၁၀၅။ ပုဒ်မ ၁၀၄ ပါပြဋ္ဌာန်းချက်ကို လိုက်နာရန်ပျက်ကွက်လျှင် ပျက်ကွက်မှု၌ သိလျက်ဖြင့်ဖြစ်စေ၊ တမင်ဖြစ်စေ ပါဝင်သည့် ကုမ္ပဏီ၊ ကုမ္ပဏီ၏ ဒါရိုက်တာများနှင့် အခြားအရာရှိများတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်ငါးသိန်းကို ပေးဆောင်ရမည်။ အခန်း(၁၄) အမြတ်ဝေစုများ အမြတ်ဝေစုများသတ်မှတ်ခြင်း ၁၀၆။ (က) ပုဒ်မ ၁၀၇ နှင့် ၁၀၉ တို့အရ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများနှင့်အညီ ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီမှတစ်ပါး ကုမ္ပဏီ၏ဒါရိုက်တာ အဖွဲ့သည် ၎င်း၏အစုရှယ်ယာရှင်များသို့ အမြတ်ဝေစုခွဲဝေပေးမည်ဟု သတ်မှတ်၍ အမြတ်ဝေစုပမာဏ၊ ပေးချေရမည့်အချိန်နှင့် ပေးချေရမည့်နည်းလမ်းများကို သတ်မှတ်ရမည်။ ( ခ ) အမြတ်ဝေစုပေးရမည့်နည်းလမ်းများတွင် ငွေသားဖြင့်ဖြစ်စေ၊ အစုရှယ်ယာထုတ်ဝေခြင်းဖြင့် ဖြစ်စေ၊ အော့ပ်ရှင် (option) ပြုခြင်းဖြင့်ဖြစ်စေ၊ ရရန်ပိုင်ခွင့်များကို လွှဲပြောင်းခြင်းဖြင့် ဖြစ်စေ ဆောင်ရွက်ခြင်းများ ပါဝင်နိုင်သည်။ (ဂ ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ အမြတ်ဝေစုအား သတ်မှတ်ခြင်းကို ကုမ္ပဏီမှပေးချေရမည့် ကြွေးမြီအဖြစ်မမှတ်ယူရ။ အဆိုပါသတ်မှတ်ချက်ကို အမြတ်ဝေစု ပေးချေခြင်းမပြုမီ မည်သည့်အချိန်တွင်မဆို ပြန်လည်ရုပ်သိမ်းနိုင်သည်။ ကြွေး တင်ရှိခြင်းသည် ငွေပေးချေရန် သတ်မှတ်ထားသည့်အချိန်မှသာ ကျရောက်သည်။ အမြတ်ဝေစုများအတွက် လိုအပ်သည့်အချက်များ ၁၀၇။ (က) အောက်ပါအချက်များနှင့်မကိုက်ညီလျှင် ကုမ္ပဏီသည် အမြတ်ဝေစုခွဲဝေပေးခြင်းကို ဆောင်ရွက်နိုင်ခြင်းမရှိစေရ – (၁) ကုမ္ပဏီသည် အမြတ်ဝေစုခွဲဝေပေးပြီးနောက် ချက်ချင်းကြွေးမြီစစ်ဆေးချက်ကို ကျေနပ်လက်ခံခြင်း၊ (၂) အမြတ်ဝေစုခွဲဝေခြင်းသည် ကုမ္ပဏီ၏ အစုရှယ်ယာရှင်များအားလုံးအတွက် မျှတလျော်ကန်မှုရှိခြင်းနှင့် (၃) အမြတ်ဝေစုပေးချေခြင်းသည် ကုမ္ပဏီက ယင်း၏မြီရှင်များသို့ ငွေပေးရမည့် တာဝန်များကို အများစုထိခိုက်မှုမရှိခြင်း။ (ခ) အမြတ်ဝေစုအား ခွဲဝေဆုံးဖြတ်ပြီးနောက် ယင်းအတွက် ငွေပေးချေရခြင်းမပြုသေးမီ ကာလအတွင်း ဒါရိုက်တာအဖွဲ့သည် ပုဒ်မခွဲ (က) ပါလိုအပ်ချက်များနှင့် ညီညွတ်မှု မရှိကြောင်းတွေ့ရှိလျှင် အမြတ်ဝေစုအား ပေးချေခြင်းမပြုဘဲထားရှိနိုင်သည်။ ကုမ္ပဏီက အဆိုပါအမြတ်ဝေစုအား ပေးချေခဲ့ပြီးဖြစ်ပါကလည်း ထိုသို့ပေးချေခြင်းသည် တရားဝင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရ။ ပုဒ်မ ၁၀၇ ပါပြဋ္ဌာန်းချက်များအားလိုက်နာရန် ပျက်ကွက်ခြင်း ၁၀၈။ (က) ကုမ္ပဏီသည် ပုဒ်မ ၁၀၇ ပါသတ်မှတ်ချက်များကို လိုက်နာရန်ပျက်ကွက်ပါက ဒဏ်ကြေး ငွေကျပ်ငါးသိန်းကို ပေးဆောင်ရမည်ဖြစ်ပြီး သိလျက်ဖြင့်တမင် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ၏ ဒါရိုက်တာနှင့် အခြားအရာရှိတစ်ဦးစီသည် အလားတူပြစ်ဒဏ်အတွက် တာဝန်ရှိစေရမည်။ (ခ) ပုဒ်မခွဲ (က) အပြင် ကုမ္ပဏီသည် အမြတ်ဝေစုပေးချေပြီးနောက် ယင်းနှင့်စပ်လျဉ်း၍ လူမွဲစာရင်းဝင်ခဲ့လျှင် ပုဒ်မ ၁၀၇ ပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်၍ အမြတ်ဝေစု ပေးချေခြင်းကို သိလျက်ဖြင့်တမင်ခွင့်ပြုခဲ့သောကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဦးသည်လည်း ကုမ္ပဏီက ပြန်လည်ရရှိနိုင်သော ရရန်ပိုင်ခွင့်များထက် ကျော်လွန်သည့် မြီရှင်များသို့ ပေးရမည့်ကြွေးမြီများရှိခဲ့လျှင် အမြတ်ဝေစုပမာဏနှင့်အညီ ကုမ္ပဏီ၏ မြီရှင်များအပေါ် တာဝန်ရှိစေရမည်ဖြစ်သည်။ မြီရှင်ကသော်လည်းကောင်း၊ မြီရှင်ကိုယ်စားတရားစွဲ ဆိုသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကသော်လည်းကောင်း အဆိုပါငွေပမာဏကို ဖော်ပြပါဒါရိုက်တာများထံမှ တောင်းခံရယူနိုင်သည်။ အမြတ်ဝေစုများခွဲဝေပေးချေခြင်းအားထိခိုက်စေမည့် အခြားကိစ္စရပ်များ ၁၀၉။ (က) ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့သည် အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြတ်ဝေစုအား ခွဲဝေသတ်မှတ်ခြင်းမပြုရ – (၁) အစုရှယ်ယာအမျိုးအစား တစ်ရပ်တည်းတွင် အစုရှယ်ယာအချို့နှင့်သာ သက်ဆိုင်ပြီး အစုရှယ်ယာအားလုံးနှင့် သက်ဆိုင်ခြင်းမရှိလျှင် သို့မဟုတ် (၂) အစုရှယ်ယာအမျိုးအစားတစ်ရပ်တည်းတွင် အစုရှယ်ယာအချို့မှ အခြားအစုရှယ်ယာ များထက် အမြတ်ဝေစုပမာဏ ပိုမိုရရှိခြင်း၊ တစ်စိတ်တစ်ဒေသငွေပေးချေရန် လိုအပ်သည့် အစုရှယ်ယာများနှင့်သက်ဆိုင်လျှင် အဆိုပါအစုရှယ်ယာအတွက် ခွဲဝေပေးမည့် အမြတ်ဝေစုပမာဏသည် ထိုသို့ ပေးချေထားသည့် ငွေပမာဏ အချိုးအစားအတိုင်း အမြတ်ဝေစုများအား ခွဲဝေ သတ်မှတ်ရမည်။ ( ခ ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ အောက်ပါအချက်များနှင့်ညီညွတ်လျှင် ကုမ္ပဏီသည် အဆိုပြု အမြတ်ဝေစုအစား ယင်းအမြတ်ဝေစု၏ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အစုရှယ်ယာများအဖြစ်လက်ခံရန် သဘောတူညီသည့် အစုရှယ်ယာရှင်များကို အစုရှယ်ယာများအား ထုတ်ပေးနိုင်သည်(၁) အဆိုပြုထားသော အမြတ်ဝေစုအစား အားလုံးအတွက်ဖြစ်စေ၊ တစ်စိတ်တစ် ဒေသအတွက်ဖြစ်စေ တူညီသည့်စည်းကမ်းချက်များဖြင့် တူညီသည့်အစုရှယ်ယာ အမျိုးအစားကို ပိုင်ဆိုင်သူသို့ ကမ်းလှမ်းရမည်။ (၂) သဘောတူညီထားသည့် အစုရှယ်ယာရှင်များ၏ လက်ခံသောအစုရှယ်ယာများနှင့် ဆက်စပ်သည့် ဆန္ဒမဲပေးခွင့်နှင့် ခွဲဝေဆောင်ရွက်နိုင်ခွင့်ထားရှိရမည်။ (၃) အဆိုပါကမ်းလှမ်းမှုကို လက်ခံနိုင်ရန်အတွက် အနည်းဆုံး ၂၁ ရက် ကာလထားရှိ ရမည်။ (၄) အစုရှယ်ယာများကို လက်ခံရန်သဘောတူသည့် အမျိုးအစားတူအစုရှယ်ယာရှင် တစ်ဦးစီသို့ ထုတ်ဝေသည့် အစုရှယ်ယာများမှာ တူညီသော အခွင့်အရေးများ၊ တူညီသော စည်းကမ်းချက်များဖြင့် ထုတ်ဝေခြင်းဖြစ်ရမည်။ ၎င်းအပြင် (၅) ပုဒ်မ ၆၃ နှင့် ပုဒ်မ ၇၁ တို့တွင် ပါရှိသော ပြဋ္ဌာန်းချက်များကို ယင်းတို့နှင့် သက်ဆိုင်သမျှ လိုက်နာရမည်။ ၁၁၀။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၁၀၉ ပါသတ်မှတ်ချက်များကို လိုက်နာရန်ပျက်ကွက်လျှင် ဒဏ်ကြေး ငွေကျပ် ၁၀ သိန်းကို ပေးဆောင်ရမည်ဖြစ်ပြီး သိလျက်ဖြင့်တမင် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးစီသည် အလားတူ ပြစ်ဒဏ်အတွက် တာဝန်ရှိစေရမည်။ အကျိုးအမြတ်များကို မတည်ရင်းနှီးမြှုပ်နှံခြင်း ၁၁၁။ ပုဒ်မ ၁၀၉ ပါပြဋ္ဌာန်းချက်များအား ဆန့်ကျင်ခြင်းမရှိစေဘဲ ကုမ္ပဏီတစ်ခုသည် ယင်း၏ အကျိုးအမြတ်များကို ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်သည်။ ထိုသို့ ရင်းနှီးမြှုပ်နှံခြင်းသည် အစုရှယ်ယာများ ထုတ်ဝေရန် မလိုပါ။ အခန်း(၁၅) အစုရှယ်ယာမတည်ငွေရင်းကိုအကျိုးသက်ရောက်စေမည့်ဆောင်ရွက်ချက်များနှင့်အကြောင်းအရာများ အစုရှယ်ယာမတည်ငွေရင်းအား ပြောင်းလဲပြင်ဆင်ခြင်း အစုရှယ်ယာမတည်ငွေရင်းအား ပြောင်းလဲရန်အတွက် အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီ၏အခွင့်အာဏာ ၁၁၂။ (က) အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုသည် ယင်း၏ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်အညီ ယင်း၏အစုရှယ်ယာ မတည်ငွေရင်း ပြောင်းလဲပြင်ဆင်ခြင်းကို အောက်တွင် ဖော်ပြထားသည့်အတိုင်း ပြုလုပ်နိုင်သည်(၁) အခန်း (၁၁) ပါပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီ၏မတည်ငွေရင်းအား တိုးမြှင့်ခြင်း အတွက် လိုအပ်သည်ဟု ထင်မြင်သည့် အစုရှယ်ယာအသစ်များကို ထုတ်ဝေနိုင်သည်။ (၂) အထွေထွေအစည်းအဝေးတွင် ချမှတ်သည့် သာမန်ဆုံးဖြတ်ချက်ကို အထောက် အထားပြု၍ ကုမ္ပဏီ၏ အစုရှယ်ယာမတည်ငွေရင်းအားလုံးကိုဖြစ်စေ၊ အချို့ ကိုဖြစ်စေ၊ ပေါင်းစည်း၍ ပိုမိုများပြားသော အစုရှယ်ယာများအဖြစ် ပိုင်းခြားခြင်း ပြုလုပ်နိုင်သည်၊ လက်ရှိအစုရှယ်ယာများဖြင့် မပေးချေရသေးသော ငွေပမာဏရှိခဲ့လျှင် အဆိုပါ ငွေပမာဏကို အစားဖြည့်စွက်သည့် အစုရှယ်ယာအနက် ညီမျှစွာပိုင်းခြားရမည်။ (၃) အထွေထွေအစည်းအဝေးတွင် ချမှတ်သည့် သာမန်ဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီ၏ အစုရှယ်ယာများကို သို့မဟုတ် အချို့ကို မူလထုတ်ဝေထားသော ပမာဏထက် နည်းပါးသည့် အစုရှယ်ယာများအဖြစ်သို့ ထပ်မံပိုင်းခြားနိုင်သည်။ သို့ရာတွင် ထိုသို့ထပ်မံပိုင်းခြားသည့်အခါ ပိုင်းခြားခဲ့သော အစုရှယ်ယာအသစ်တစ်ခုတွင် ငွေပေးချေပြီးသည့်ပမာဏနှင့် ငွေပေးချေခြင်းမပြုရသေးသည့် ပမာဏအချိုးအစားသည် မူလအစုရှယ်ယာများကဲ့သို့ပင် တူညီရမည်ဖြစ်သည်။ အထွေထွေအစည်းအဝေးတွင် ချမှတ်သည့် အထူးဆုံးဖြတ်ချက်ဖြင့် သာမန် အစုရှယ်ယာတစ်ခုကို ဦးစားပေးအစုရှယ်ယာတစ်ခုအဖြစ် ပြောင်းလဲနိုင်သည်။ (၅) အထွေထွေအစည်းအဝေးတွင် ချမှတ်သည့် အထူးဆုံးဖြတ်ချက်ဖြင့် ဦးစားပေး အစုရှယ်ယာတစ်ခုကို သာမန်အစုရှယ်ယာတစ်ခုအဖြစ် ပြောင်းလဲနိုင်သည်။ (၆) ဤအပိုင်း၏ အခန်း (၁၁) ပါပြဋ္ဌာန်းချက်များနှင့်အညီ ပြန်လည်ရွေးနုတ်ယူနိုင်သော ဦးစားပေးအစုရှယ်ယာတစ်ရပ်ရပ်ကိုပြန်လည်ရွေးနုတ်နိုင်သည်။ (၇) ကုမ္ပဏီ၏ အစုရှယ်ယာ မတည်ငွေရင်းကို ဤအခန်းတွင် ဖော်ပြပါရှိသော နည်းလမ်း များဖြင့် လျှော့ချနိုင်သည်။ (၈) အစုရှယ်ယာများကို ဤအခန်းတွင်ဖော်ပြပါရှိသော နည်းလမ်းများဖြင့် ပြန်လည် ဝယ်ယူနိုင်သည်။ (၉) ကုမ္ပဏီ၏အစုရှယ်ယာများကို ဝယ်ယူခြင်းနှင့်သက်ဆိုင်သည့် ငွေကြေးအထောက်အပံ့ များကို ဤအခန်းတွင်ဖော်ပြပါရှိသော နည်းလမ်းများဖြင့်ဆောင်ရွက်နိုင်သည်။ ( ခ ) ပုဒ်မခွဲ (က) သည် ဤဥပဒေအရသော်လည်းကောင်း၊ အခြားသက်ဆိုင်ရာ ဥပဒေ တစ်ရပ်ရပ်ကသော်လည်းကောင်း ခွင့်ပြုနိုင်သော အစုရှယ်ယာမတည်ငွေရင်းကို ပြောင်းလဲ ပြင်ဆင်နိုင်မည့် အခြားသောအခွင့်အရေးတစ်ရပ်ရပ်ကို ကန့်သတ်ထားခြင်းမရှိသည့်အပြင် ဤဥပဒေ၏ အခြားအခန်းများတွင်ပါရှိသော ပြဋ္ဌာန်းချက်များကိုလည်း ထိခိုက်စေခြင်းမရှိစေရ။ အစုရှယ်ယာမတည်ငွေရင်းအား ပေါင်းစည်းသည့်အခါ မှတ်ပုံတင်အရာရှိထံ အကြောင်းကြားရခြင်း ၁၁၃။ အစုရှယ်ယာမတည်ငွေရင်းရှိသော ကုမ္ပဏီတစ်ခုသည် ၎င်း၏အစုရှယ်ယာ မတည်ငွေရင်းကို ပုဒ်မ ၁၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) မှ (၇) အထိတွင် ပြဋ္ဌာန်းထားသည့် နည်းလမ်းများဖြင့်ပြောင်းလဲပြင်ဆင်ခဲ့လျှင် ထိုကုမ္ပဏီသည် ပြောင်းလဲပြင်ဆင်သည့်နေ့မှ ၂၁ ရက်အတွင်း အစုရှယ်ယာ များကို ပေါင်းစည်းသည်၊ ပိုင်းခြားသည် သို့မဟုတ် ထပ်မံပိုင်းခြားသည်စသည်တို့ကို ဖော်ပြလျက် သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ အကြောင်းကြားတင်ပြရမည်။ ၁၁၄။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၁၁၃ ပါသတ်မှတ်ချက်များကို လိုက်နာရန်ပျက်ကွက်လျှင် ဒဏ်ကြေး ငွေကျပ် ၁၀ သိန်းကို ပေးဆောင်ရမည်ဖြစ်ပြီး သိလျက်ဖြင့်တမင် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးစီသည် အလားတူပြစ်ဒဏ်အတွက် တာဝန်ရှိစေရမည်။ အစုရှယ်ယာမတည်ငွေရင်းကို လျှော့ချခြင်း ၁၁၅။ (က) အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုသည် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေပါ ခွင့်ပြုချက်များကို ကန့်သတ်ခြင်းမရှိဘဲ ယင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ အောက်ပါနည်းလမ်းတစ်ခုခုဖြင့် ယင်းကုမ္ပဏီ၏ အစုရှယ်ယာမတည်ငွေရင်းကို လျှော့ချနိုင်သည်(၁) ငွေပေးချထားခြင်းမရှိသေးသည့် အစုရှယ်ယာမတည်ငွေရင်းအတွက် တာဝန် ရှိမှုကို ပယ်ဖျက်နိုင်သည် သို့မဟုတ် လျှော့ချနိုင်သည်။ (၂) ကုမ္ပဏီ၏ အစုရှယ်ယာတစ်ရပ်ရပ်အတွက် တာဝန်ရှိမှုကိုပယ်ဖျက်ခြင်း သို့မဟုတ် လျှော့ချခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပျောက်ဆုံးသည့် သို့မဟုတ် ပိုင်ဆိုင်ကြောင်း တင်ပြခြင်းမပြုနိုင်သည့် ငွေပေးချထားသော အစုရှယ်ယာမတည်ငွေရင်း တစ်ရပ်ရပ်ကို ပယ်ဖျက်နိုင်သည်။ (၃) ကုမ္ပဏီ၏ အစုရှယ်ယာတစ်ရပ်ရပ်အတွက် တာဝန်ရှိမှုကိုပယ်ဖျက်ခြင်း သို့မဟုတ် လျှော့ချခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကုမ္ပဏီကလိုအပ်သောပမာဏထက် ကျော်လွန်သည့် ငွေပေးချထားသော အစုရှယ်ယာမတည်ငွေရင်းတစ်ရပ်ရပ်ကို ပြန်လည်ပေးချေနိုင်သည်။ အောက်ပါအချက်များနှင့်မကိုက်ညီလျှင် ကုမ္ပဏီသည် မတည်ငွေရင်း လျှော့ချခြင်းမပြုရ – (၁) ကုမ္ပဏီသည် မတည်ငွေရင်းလျှော့ချပြီးနောက် ချက်ချင်း ကြွေးမြီစစ်ဆေးချက်ကို ကျေနပ်လက်ခံခြင်း၊ (၂) မတည်ငွေရင်းလျှော့ချခြင်းသည် ကုမ္ပဏီ၏ အစုရှယ်ယာရှင်များအားလုံးအတွက် မျှတလျော်ကန်မှုရှိခြင်း၊ (၃) မတည်ငွေရင်းလျှော့ချခြင်းသည် ကုမ္ပဏီက ယင်း၏မြီရှင်များသို့ ငွေပေးချေရမည့် တာဝန်များကို အများစုထိခိုက်မှုမရှိခြင်းနှင့် (၄) ပုဒ်မ ၁၁၆ အရ အစုရှယ်ယာရှင်များမှ အတည်ပြုခြင်း၊ (ဂ) ဤပုဒ်မအရ ကုမ္ပဏီမှ မတည်ငွေရင်းလျှော့ချခြင်းကို အညီအမျှသော်လည်းကောင်း၊ ရွေးချယ်၍သော်လည်းကောင်း ဆောင်ရွက်နိုင်သည်။ (ဃ) မတည်ငွေရင်း အညီအမျှလျှော့ချခြင်းသည် အောက်ပါစည်းကမ်းချက်များနှင့် ကိုက်ညီရမည် (၁) သာမန်အစုရှယ်ယာများနှင့်သာ သက်ဆိုင်သည်။ (၂) သာမန်အစုရှယ်ယာပိုင်ဆိုင်သူတစ်ဦးစီအတွက် ၎င်းတို့ပိုင်ဆိုင်သည့် သာမန်အစုရှယ်ယာအရေအတွက် အချိုးအစားအလိုက်ဖြစ်စေရမည်။ ၎င်းအပြင် (၃) သာမန်အစုရှယ်ယာရှင်တစ်ဦးစီအတွက် တူညီသည့်စည်းကမ်းချက်များဖြင့်ဆောင်ရွက်ရမည်။ (င) ပုဒ်မခွဲ (ဃ) မှအပ ဤပုဒ်မအရ အခြားနည်းဖြင့် မတည်ငွေရင်းလျှော့ချခြင်းများသည်ရွေးချယ်လျှော့ချခြင်းဖြစ်သည်။ အစုရှယ်ယာရှင်များ၏ အတည်ပြုချက် ၁၁၆။ (က) မတည်ငွေရင်းလျှော့ချခြင်းမှာ အညီအမျှလျှော့ချခြင်းဖြစ်ပါက ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင် ချမှတ်သော သာမန်ဆုံးဖြတ်ချက်တစ်ရပ်ဖြင့် အတည်ပြု ရမည်။ (ခ) မတည်ငွေရင်းလျှော့ချခြင်းမှာ ရွေးချယ်လျှော့ချခြင်းဖြစ်ပါက ယင်းအား အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် အတည်ပြု ရမည် – (၁) ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင်ချမှတ်သည့် အထူးဆုံးဖြတ်ချက်တစ်ရပ်ဖြင့် အတည်ပြုခြင်း၊ ထိုအထူးဆုံးဖြတ်ချက်သည် မတည်ငွေရင်းလျှော့ချခြင်းအတွက် အဖိုးစားနားအား လက်ခံသူပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ၊ လျှော့ချမည့် အစုရှယ်ယာ နှင့်စပ်လျဉ်း၍ မပေးချေရသေးသော ငွေပမာဏများကိုပေးချေရန် တာဝန်ရှိသူ ပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ၊ ၎င်းတို့၏ တွဲဖက်လုပ်ကိုင်သူပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ၊ ဆုံးဖြတ်ချက်ကိုထောက်ခံ၍ ဆန္ဒမဲပေးခြင်းမပါရှိသည့် အထူးဆုံးဖြတ်ချက် ဖြစ်ရမည်။ သို့မဟုတ် (၂) ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင် သာမန်အစုရှယ်ယာရှင်အားလုံးက သဘောတူညီသည့် ဆုံးဖြတ်ချက်တစ်ရပ်ဖြင့် အတည်ပြုခြင်း။ (ဂ) မတည်ငွေရင်းလျှော့ချခြင်းတွင် အစုရှယ်ယာများပယ်ဖျက်ခြင်းပါရှိခဲ့လျှင် ပယ်ဖျက်မည့် အစုရှယ်ယာများအား ပိုင်ဆိုင်သောအစုရှယ်ယာရှင်များ၏ အစည်းအဝေးတွင် ချမှတ်သည့် အထူးဆုံးဖြတ်ချက်ဖြင့် ထိုသို့လျှော့ချခြင်းကို အတည်ပြု ရမည်။ (ဃ) ကုမ္ပဏီသည် အစည်းအဝေးအကြောင်းကြားစာနှင့်အတူ ပုဒ်မ ၁၁၅၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁) မှ (၃) တို့တွင်ပါရှိသော သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက် ထားကြောင်း အတည်ပြု ဖော်ပြချက်အပါအဝင် ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ မည်သို့ ဆန္ဒမဲပေးရန်ဆုံးဖြတ်ခြင်းနှင့် သက်ဆိုင်သောကုမ္ပဏီမှ သိရှိထားသည့် အရေးကြီးသော အချက်အလက်များအားလုံးကို ဖော်ပြထားသည့် တင်ပြချက်တစ်ရပ် ပါရှိစေရမည်။ (င) အစုရှယ်ယာရှင်များထံသို့ အစည်းအဝေးအကြောင်းကြားစာအား ပေးပို့ခြင်းမပြုမီ ကုမ္ပဏီသည် အောက်ပါစာရွက်စာတမ်း မိတ္တုတစ်စုံစီကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည် – (၁) အစည်းအဝေးအကြောင်းကြားစာနှင့် (၂) အစုရှယ်ယာရှင်များထံသို့ပေးပို့မည့် အစည်းအဝေးအကြောင်းကြားစာနှင့်အတူ ပူးတွဲပါရှိသည့် မတည်ငွေရင်းလျှော့ချခြင်းနှင့် သက်ဆိုင်သောစာရွက်စာတမ်းများ။ ကုမ္ပဏီသည် အစည်းအဝေးအကြောင်းကြားစာနှင့် ယင်းနှင့်အတူပူးတွဲပါရှိသည့် စာရွက်စာတမ်းများကို မှတ်ပုံတင်အရာရှိထံ တင်ပြဆောင်ရွက်ပြီးဖြစ်ကြောင်းကို ဖော်ပြလျက် မတည်ငွေရင်းလျှော့ချခြင်းအား အတည်ပြုမည့် အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပရန်ရည်ရွယ်သည့် အကြောင်းကြားစာကိုလည်း နိုင်ငံတော်တစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူးလျက်ရှိသော နေ့စဉ်ထုတ်သတင်းစာတစ်ခုခုတွင် ထည့်သွင်း ဖော်ပြရမည်။ ( စ ) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (င) ပါစာရွက်စာတမ်းများကို လက်ခံရရှိသည့်နေ့ရက်မှစ၍ ၂၈ ရက်အတွင်း အစုရှယ်ယာရှင်များထံသို့ အစည်းအဝေး အကြောင်းကြားစာ ပေးပို့ခြင်းကိုဆောင်ရွက်ရန် သတ်မှတ်ရမည်။ မှတ်ပုံတင်အရာရှိက အကြောင်းကြားစာ ပေးပို့ရန် သတ်မှတ်ခဲ့လျှင် သို့မဟုတ် ယင်းကာလအတွင်း သတ်မှတ်ချက်ကို မထုတ်ပြန်လျှင် ကုမ္ပဏီသည် အစည်းအဝေးအကြောင်းကြားစာကို ကုမ္ပဏီတွင် ပါဝင်သူများအား ပေးပို့ ဆောင်ရွက်နိုင်သည်။ (ဆ) ပုဒ်မခွဲ (စ) အရ သတ်မှတ်ချက်တစ်ရပ်ရပ် ချမှတ်ခဲ့လျှင် မှတ်ပုံတင်အရာရှိသည် အစုရှယ်ယာရှင်များ သို့မဟုတ် မြီရှင်များအား အကာအကွယ်ပေးရန်အတွက် လိုအပ်သည်ဟု ယူဆသည့်အခါ ပုဒ်မခွဲ (င) အရ တင်ပြသော စာရွက်စာတမ်းတစ်ရပ်ရပ်ကို ရှင်းလင်းစွာ ဖော်ပြရန် သို့မဟုတ် ပြောင်းလဲပြင်ဆင်ရန်အတွက် ကုမ္ပဏီသို့ ညွှန်ကြား နိုင်သည်။ (ဇ) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ဃ) တွင်ပါရှိသည့် သတ်မှတ်ချက်များကို လိုက်နာထားခြင်း မရှိကြောင်း သို့မဟုတ် အလားတူအရေးကြီးသော အကြောင်းများကို တွေ့ရှိရလျှင် ပုဒ်မခွဲ (စ) တွင်ပါရှိသည့်အချိန်ကာလအတွင်း အစည်းအဝေးအကြောင်းကြားစာကို ကုမ္ပဏီမှ ထုတ်ဝေပေးပို့ခြင်းမပြုရန် သတ်မှတ်နိုင်သည်။ (ဈ) ကုမ္ပဏီသည် ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ချမှတ်ပြီးနောက် ၂၁ ရက်အတွင်း ပုဒ်မခွဲ (ခ) အရ ယင်းဆုံးဖြတ်ချက်၏ မိတ္တုတစ်စောင်ကို မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။ ထို့ပြင် နိုင်ငံတော်တစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူးလျက်ရှိသော နေ့စဉ်ထုတ်သတင်းစာတစ်ခုခုတွင် အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ပြီးဖြစ်ကြောင်း အကြောင်းကြားချက်နှင့် မတည်ငွေရင်း လျှော့ချသည့် အသေးစိတ်ဖော်ပြချက် အကျဉ်းချုပ်တို့ကို ထုတ်ပြန်ရမည်။ ကုမ္ပဏီသည် မတည်ငွေရင်းလျှော့ချခြင်းကို အဆိုပါသတင်းစာတွင် ထုတ်ပြန်ပြီးနောက် ၂၈ ရက် ကြာမြင့်သည်အထိ မပြုလုပ်ရ။ ပုဒ်မခွဲ (စ)၊ (ဆ) နှင့် (ဇ) တို့ပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ကုမ္ပဏီက လူမွဲခံယူရခြင်း သို့မဟုတ် နစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ပေါ်ပေါက်စေကာမူ ကုမ္ပဏီ၊ ကုမ္ပဏီတွင် ပါဝင်သူများ သို့မဟုတ် အခြားသူများအပေါ် မှတ်ပုံတင်အရာရှိတွင် တာဝန်မရှိစေရ။ (ဋ) ပုဒ်မခွဲ (ည) အရ မှတ်ပုံတင်အရာရှိတွင် တာဝန်မရှိသော်လည်း မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ရန် ပုဒ်မ ၄၂၈ အရ ကုမ္ပဏီမှရရှိသော အခွင့်အရေးကို ကန့်သတ်ထားခြင်းမရှိစေရ။ မတည်ငွေရင်းလျှော့ချခြင်းဆိုင်ရာ သတ်မှတ်ချက်များကိုလိုက်နာရန် ပျက်ကွက်မှု၏ အကျိုးဆက်များ ၁၁၇။ (က) ကုမ္ပဏီသည် ပုဒ်မ ၁၁၅ နှင့် ၁၁၆ တို့တွင် ပါရှိသော ပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ခြင်းမရှိလျှင် ပုဒ်မ ၁၁၅ အရ မတည်ငွေရင်းလျှော့ချခြင်းကို မပြုလုပ်ရ။ ( ခ ) ပုဒ်မ ၁၁၅ နှင့် ၁၁၆ တို့တွင်ပါရှိသော ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကျိုဆန့်ကျင်၍ ဆောင်ရွက်ခြင်းသည် မတည်ငွေရင်းလျှော့ချခြင်း သို့မဟုတ် ချုပ်ဆိုထားသည့် ပဋိညာဉ်တစ်ခုခု သို့မဟုတ် ယင်းပဋိညာဉ်နှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်တစ်ရပ်ရပ်တို့၏ အကျိုးသက်ရောက်ခြင်းကို ထိခိုက်စေခြင်းမရှိစေရ။ ၁၁၈။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၁၁၇၊ ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်များကို လိုက်နာရန် ပျက်ကွက်လျှင် ဒဏ်ကြေးငွေ ကျပ်သိန်း ၅၀ ကို ပေးဆောင်ရမည်ဖြစ်ပြီး သိလျက်ဖြင့်တမင် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးစီသည် အလားတူ ပြစ်ဒဏ် အတွက် တာဝန်ရှိစေရမည်။ ၁၁၉။ ပုဒ်မ ၁၁၈ အပြင် ကုမ္ပဏီသည် မတည်ငွေရင်းလျှော့ချခြင်းနှင့် စပ်လျဉ်း၍ လျှော့ချပြီးနောက် လူမွဲစာရင်းဝင်ခဲ့လျှင် ပုဒ်မ ၁၁၇၊ ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကာ မတည်ငွေရင်း လျှော့ချခြင်းကို သိလျက်ဖြင့်တမင် ခွင့်ပြုခဲ့သောကုမ္ပဏီ၏ ဒါရိုက်တာများအားလုံးသည်လည်း ကုမ္ပဏီကပြန်လည်ရရှိနိုင်သော ရရန်ပိုင်ခွင့်များထက် ကျော်လွန်သည့် မြီရှင်များသို့ ပေးရမည့်ကြွေးမြီများ ရှိခဲ့လျှင် မတည်ငွေရင်းလျှော့ချမှုပမာဏနှင့်အညီ ကုမ္ပဏီ၏မြီရှင်များအပေါ်တွင် တာဝန်ရှိစေရမည်။ မြီရှင်ကသော်လည်းကောင်း၊ မြီရှင်ကိုယ်စား တရားစွဲဆိုသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိက သော်လည်းကောင်း အဆိုပါငွေပမာဏကို ဖော်ပြပါဒါရိုက်တာများထံမှ တောင်းခံရယူနိုင်သည်။ အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်း ၁၂၀။ (က) အောက်ပါအချက်များနှင့်ကိုက်ညီလျှင် ကုမ္ပဏီသည် ၎င်း၏အစုရှယ်ယာများကို ပြန်လည် ဝယ်ယူနိုင်သည်(၁) ကုမ္ပဏီသည် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူပြီးနောက် ချက်ချင်းကြွေးမြီ စစ်ဆေးချက်ကို ကျေနပ်လက်ခံလျှင်၊ (၂) အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းသည် ကုမ္ပဏီ၏အစုရှယ်ယာရှင်များ အားလုံးအတွက် မျှတလျော်ကန်မှုရှိလျှင်၊ (၃) အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းသည် ကုမ္ပဏီက ယင်း၏မြီရှင်များသို့ ငွေပေးချေရမည့် တာဝန်များကို အများစုထိခိုက်မှုမရှိလျှင်နှင့် (၄) ပုဒ်မ ၁၂၂ တွင် ဖော်ပြထားသည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ပြီး ပုဒ်မ ၁၂၁ အရ အစုရှယ်ယာရှင်များက အတည်ပြုလျှင်။ (ခ) အစုရှယ်ယာများအားပြန်လည်ဝယ်ယူခြင်းကိုအညီအမျှသော်လည်းကောင်း၊ ရွေးချယ်၍သော်လည်းကောင်း ဆောင်ရွက်နိုင်သည်။ (ဂ) အစုရှယ်ယာများအား အညီအမျှပြန်လည်ဝယ်ယူခြင်းတွင် အောက်ပါစည်းကမ်းချက် များနှင့် ကိုက်ညီရမည် – (၁) အစုရှယ်ယာများအား ပြန်လည်ဝယ်ယူရန် ကမ်းလှမ်းမှုသည် သာမန်အစုရှယ်ယာ များနှင့်သာ သက်ဆိုင်သည်။ (၂) သာမန်အစုရှယ်ယာ ပိုင်ဆိုင်သူအားလုံးထံသို့ ၎င်းတို့၏ သာမန်အစုရှယ်ယာ အချိုးနှင့်ညီမျှသည့် အစုရှယ်ယာများကို ပြန်လည်ဝယ်ယူနိုင်စေရန် ကမ်းလှမ်းမှု ပြုလုပ်ရမည်။ (၃) သာမန်အစုရှယ်ယာ ပိုင်ဆိုင်သူအားလုံးသည် အဆိုပါ ကမ်းလှမ်းချက်များကို လက်ခံရရှိနိုင်သည့် အခွင့်အရေးရှိရမည်။ (၄) ထိုကမ်းလှမ်းမှုများကို လက်ခံရန်အတွက် သတ်မှတ်ပေးထားသောကာလအထိ အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းဆိုင်ရာ သဘောတူညီချက်များကို ချုပ်ဆိုဆောင်ရွက်ခြင်း မပြုရ။ ၎င်းအပြင် (၅) ကမ်းလှမ်းချက်အားလုံးတွင်ပါရှိသည့် စည်းကမ်းချက်များသည် တူညီရမည်။ (ဃ) ပုဒ်မခွဲ (ဂ) မှအပ ဤပုဒ်မအရ အစုရှယ်ယာများဝယ်ယူရာတွင် အခြားနည်းဖြင့် အစုရှယ်ယာ များအား ပြန်လည်ဝယ်ယူခြင်းအားလုံးသည် ရွေးချယ်၍ ဝယ်ယူခြင်းဖြစ်သည်။ အစုရှယ်ယာရှင်များ၏ အတည်ပြုချက် ၁၂၁။ (က) အစုရှယ်ယာများအား အညီအမျှ ပြန်လည်ဝယ်ယူခြင်းအတွက် သဘောတူညီချက်တစ်ရပ်ကို ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင် ချမှတ်သော သာမန်ဆုံးဖြတ်ချက်တစ်ရပ်ဖြင့် အတည်ပြုရမည် သို့မဟုတ် အဆိုပါအတည်ပြုချက်ရရှိသည့်အခါမှ သဘောတူညီချက်ကို တရားဝင်ပြုလုပ်ရမည်။ ( ခ ) အစုရှယ်ယာများအား ရွေးချယ်ခြင်းဖြင့် ပြန်လည်ဝယ်ယူခြင်းအတွက် သဘောတူညီချက် တစ်ရပ်ကို အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် အတည်ပြု ရမည် သို့မဟုတ် အတည် ပြုချက်ရရှိသည့်အခါမှ အဆိုပါအတည်ပြုချက်နှင့် အညီပြုလုပ်ရမည် – (၁) ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင် ချမှတ်သည့် အထူးဆုံးဖြတ်ချက်တစ်ရပ်ဖြင့် အတည်ပြုခြင်း၊ ထိုအထူးဆုံးဖြတ်ချက်သည် အစုရှယ်ယာများအား ပြန်လည် ဝယ်ယူခြင်း၏ တစ်စိတ်တစ်ဒေသအဖြစ် အဖိုးစားနားအားလက်ခံသူ ပုဂ္ဂိုလ် တစ်ဦးဦးကဖြစ်စေ၊ ၎င်းတို့၏တွဲဖက်လုပ်ကိုင်သူပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ၊ ဆုံးဖြတ်ချက်ကို ထောက်ခံ၍ ဆန္ဒမဲပေးခြင်းမပါရှိသည့်အထူးဆုံးဖြတ်ချက် ဖြစ်ရမည်။ သို့မဟုတ် (၂) ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင် သာမန်အစုရှယ်ယာရှင်အားလုံးက သဘောတူညီသည့် ဆုံးဖြတ်ချက်တစ်ရပ်ဖြင့် အတည်ပြုခြင်း။ (ဂ ) ကုမ္ပဏီသည် အစည်းအဝေးအကြောင်းကြားစာနှင့်အတူ ပုဒ်မ ၁၂ဝ၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) မှ (၃) အထိပါရှိသော သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက် ထားကြောင်း အတည်ပြု ဖော်ပြချက်အပါအဝင် ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ မည်သို့ ဆန္ဒမဲပေးရန်ဆုံးဖြတ်ခြင်းနှင့် သက်ဆိုင်သောကုမ္ပဏီမှ သိရှိထားသည့် အရေးကြီးသော အချက်အလက်များအားလုံးကို ဖော်ပြထားသည့် တင်ပြချက်တစ်ရပ် ပါရှိစေရမည်။ (ဃ) အစုရှယ်ယာရှင်များထံသို့ အစည်းအဝေးအကြောင်းကြားစာအား ပေးပို့ခြင်းမပြုမီ၊ အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းအတွက် သဘောတူညီချက်ကို မပြုလုပ်မီ ကုမ္ပဏီသည် အောက်ပါစာရွက်စာတမ်းမိတ္တုတစ်စုံစီကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ တင်ပြရမည်(၁) အစည်းအဝေးအကြောင်းကြားစာ၊ (၂) အစုရှယ်ယာများအား ပြန်လည်ဝယ်ယူမည့် ကမ်းလှမ်းချက်အတွက် စည်းကမ်း ချက်များ သတ်မှတ်ဖော်ပြပါရှိသော စာရွက်စာတမ်း နှင့် (၃) အစုရှယ်ယာရှင်များထံသို့ပေးပို့မည့် အစည်းအဝေးအကြောင်းကြားစာနှင့်အတူ ပူးတွဲပါရှိသည့် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းနှင့် သက်ဆိုင်သော စာရွက်စာတမ်းများ။ ကုမ္ပဏီသည် အစည်းအဝေးအကြောင်းကြားစာနှင့် ယင်းနှင့်အတူ ပူးတွဲပါရှိသည့် စာရွက်စာတမ်းများကို မှတ်ပုံတင်အရာရှိထံ တင်ပြဆောင်ရွက်ပြီးဖြစ်ကြောင်းကို ဖော်ပြလျက် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းကို အတည်ပြုမည့် အစည်းအဝေးတစ်ရပ်ခေါ်ယူကျင်းပရန် ရည်ရွယ်သည့် အကြောင်းကြားစာကိုလည်း နိုင်ငံတော်တစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူးလျက်ရှိသော နေ့စဉ်ထုတ်သတင်းစာတစ်ခုခုတွင် ထည့်သွင်းဖော်ပြရမည်။ (င) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ဃ) ပါစာရွက်စာတမ်းများကို လက်ခံရရှိသည့်နေ့ရက်မှစ၍ ၂၈ ရက်အတွင်း အစုရှယ်ယာရှင်များထံသို့ အစည်းအဝေး အကြောင်းကြားစာ ပေးပို့ခြင်းကို ဆောင်ရွက်ရန်သတ်မှတ်ရမည်။ မှတ်ပုံတင်အရာရှိမှ အကြောင်းကြားစာပေးပို့ရန် သတ်မှတ် ခဲ့လျှင် သို့မဟုတ် ယင်းကာလအတွင်း သတ်မှတ်ချက်ကို မထုတ်ပြန်လျှင် ကုမ္ပဏီသည် အစည်းအဝေးအကြောင်းကြားစာကို ပေးပို့ဆောင်ရွက်နိုင်သည့်အပြင် အစုရှယ်ယာရှင် များ၏ အတည်ပြုချက်ရရှိပါက အစုရှယ်ယာများအား ပြန်လည်ဝယ်ယူရန် ကမ်းလှမ်းချက်ကို ပြုလုပ်နိုင်သည်။ ( စ ) ပုဒ်မခွဲ (င) အရ သတ်မှတ်ချက်တစ်ရပ်ရပ်အား ချမှတ်ခဲ့လျှင် မှတ်ပုံတင်အရာရှိသည် အစုရှယ်ယာရှင်များ သို့မဟုတ် မြီရှင်များအား အကာအကွယ်ပေးရန်အတွက် လိုအပ်သည်ဟု ယူဆသည့်အခါ ပုဒ်မခွဲ (ဃ) အရ တင်ပြသောစာရွက်စာတမ်း တစ်ရပ်ရပ်ကို ရှင်းလင်းစွာ ဖော်ပြရန် သို့မဟုတ် ပြောင်းလဲပြင်ဆင်ရန်အတွက် ကုမ္ပဏီသို့ ညွှန်ကြားနိုင်သည်။ (ဆ) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ဂ) တွင်ပါရှိသည့် သတ်မှတ်ချက်များကို လိုက်နာထားခြင်း မရှိကြောင်း သို့မဟုတ် အလားတူအရေးကြီးသော အကြောင်းများကို သင့်လျော်သည့် အကြောင်းအရာအဖြစ်တွေ့ရှိရလျှင် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူရန် ကမ်းလှမ်းချက် ပြုလုပ်ခြင်းနှင့် အစည်းအဝေးအကြောင်းကြားစာကိုကုမ္ပဏီမှ ထုတ်ဝေပေးပို့ခြင်းမပြုရန် ပုဒ်မခွဲ (င) တွင်ပါရှိသည့် အချိန်ကာလအတွင်း ချမှတ်နိုင်သည်။ ကုမ္ပဏီသည် ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကိုချမှတ်ပြီးနောက် ၂၁ ရက်အတွင်း ပုဒ်မခွဲ (ခ) အရ ယင်းဆုံးဖြတ်ချက်၏ မိတ္တူတစ်စောင်ကို မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။ ထို့ပြင် နိုင်ငံတစ်ဝှမ်း ထုတ်ဝေသည့်သတင်းစာတွင် အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ပြီးဖြစ်ကြောင်း အကြောင်းကြားချက်နှင့် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းအတွက် အသေးစိတ် ဖော်ပြချက်အကျဉ်းချုပ်တို့ကို ထုတ်ပြန်ရမည်။ ကုမ္ပဏီသည် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းကို နိုင်ငံတစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူးလျက်ရှိသော နေ့စဉ်ထုတ် သတင်းစာတစ်ခုခုတွင် ထုတ်ပြန်ပြီးနောက် ၂၈ ရက် ကြာမြင့်သည် အထိ မပြုလုပ်ရ။ (ဈ) ပုဒ်မခွဲ (င)၊ (စ) နှင့် (ဆ) တို့ပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ကုမ္ပဏီက လူမွဲခံယူရခြင်း သို့မဟုတ် နစ်နာဆုံးရှုံးမှုတစ်ရပ်ရပ် ပေါ်ပေါက်စေကာမူ ကုမ္ပဏီ၊ ကုမ္ပဏီတွင်ပါဝင်သူများ သို့မဟုတ် အခြားသူများအပေါ် မှတ်ပုံတင်အရာရှိတွင် တာဝန်မရှိစေရ။ (ည) ပုဒ်မခွဲ (ဈ) အရ မှတ်ပုံတင်အရာရှိတွင် တာဝန်မရှိသော်လည်း မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ရန် ပုဒ်မ ၄၂၈ အရ ကုမ္ပဏီမှ ရရှိသော အခွင့်အရေးကို ကန့်သတ်ထားခြင်းမရှိစေရ။ အစုရှယ်ယာများအားပြန်လည်ဝယ်ယူရန် ကမ်းလှမ်းချက်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများ ၁၂၂။ (က) ကုမ္ပဏီသည် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူရန် ကမ်းလှမ်းချက်တစ်ရပ်တွင် ထိုကမ်းလှမ်းချက်အားလက်ခံရန် သို့မဟုတ် ငြင်းပယ်ရန်အတွက် ဆုံးဖြတ်နိုင်ရန် ကုမ္ပဏီမှသိရှိထားသည့် အရေးကြီးသောအချက်အလက်အားလုံးကို ဖော်ပြထားသော တင်ပြချက်တစ်ရပ် ပါရှိစေရမည်။ ( ခ ) ကုမ္ပဏီသည် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူရန်အတွက် သဘောတူညီချက် တစ်ရပ်ကို ပြုလုပ်ပြီးသည့်အခါတွင် ပြန်လည်ဝယ်ယူမည့် အစုရှယ်ယာများနှင့်အတူ ဆက်စပ်ပါရှိသည့် အခွင့်အရေးများအားလုံးကို ဆိုင်းငံ့ထားရမည်။ အဆိုပါ သဘော တူညီချက်အား ရပ်စဲခဲ့လျှင် ထိုသို့ဆိုင်းငံ့ထားခြင်းကို ပယ်ဖျက်ရမည်။ (ဂ ) ကုမ္ပဏီသည် ၎င်းမှ ပြန်လည်ဝယ်ယူထားသည့် အစုရှယ်ယာများကို စွန့်လွှတ်ခြင်း မပြုရ။ ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်နှင့်ဆန့်ကျင်၍ ပြုလုပ်ထားသည့် သဘောတူညီချက် တစ်ရပ်ရပ်သည် ပျက်ပြယ်သည်။ (ဃ) ကုမ္ပဏီသို့ ပြန်လည်ဝယ်ယူသည့် အစုရှယ်ယာများအား လွှဲပြောင်းခြင်းကို မှတ်ပုံတင် ပြီးနောက် အစုရှယ်ယာများကို ချက်ချင်းပယ်ဖျက်ရမည်။ အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းဆိုင်ရာ သတ်မှတ်ချက်များကိုလိုက်နာရန် ပျက်ကွက်မှု၏ အကျိုးဆက်များ ၁၂၃။ (က) ကုမ္ပဏီသည် ပုဒ်မ ၁၂၁ နှင့် ၁၂၂ တို့တွင် ဖော်ပြပါရှိသော ပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ခြင်းမရှိလျှင် ပုဒ်မ ၁၂ဝ အရ အစုရှယ်ယာများအား ပြန်လည် ဝယ်ယူခြင်းကို မပြုလုပ်ရ။ (ခ) ကုမ္ပဏီသည် ပုဒ်မ ၁၂၁ နှင့် ၁၂၂ တို့တွင် ဖော်ပြပါရှိသော ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်၍ ဆောင်ရွက်ခြင်းသည် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်း သို့မဟုတ် ချုပ်ဆိုထားသည့် ပဋိညာဉ်တစ်ခုခု သို့မဟုတ် ယင်းပဋိညာဉ်နှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်တစ်ရပ်ရပ်တို့၏ အကျိုးသက်ရောက်ခြင်းကို ထိခိုက်စေခြင်းမရှိစေရ။ ၁၂၄။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၁၂၃၊ ပုဒ်မခွဲ (က) ပါသတ်မှတ်ချက်များကို လိုက်နာရန် ပျက်ကွက်လျှင် ဒဏ်ကြေးငွေ ကျပ်သိန်း ၅၀ ကို ပေးဆောင်ရမည်ဖြစ်ပြီး သိလျက်ဖြင့်တမင် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးစီသည် အလားတူပြစ်ဒဏ်အတွက် တာဝန်ရှိ စေရမည်။ ၁၂၅။ ပုဒ်မ ၁၂၄ အပြင် ကုမ္ပဏီသည် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ ပြန်လည်ဝယ်ယူပြီးနောက် လူမွဲစာရင်းဝင်ခဲ့လျှင် ပုဒ်မ ၁၂၃၊ ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်၍ အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းကို သိလျက်ဖြင့်တမင် ခွင့်ပြုခဲ့သော ကုမ္ပဏီ၏ ဒါရိုက်တာများအားလုံးသည်လည်း ကုမ္ပဏီကပြန်လည်ရရှိနိုင်သော ရရန်ပိုင်ခွင့်များထက် ကျော်လွန်သည့် မြီရှင်များသို့ပေးရမည့် ကြွေးမြီများရှိခဲ့လျှင် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူမှု အတွက် ပေးချေရမည့်တန်ဖိုး ပမာဏနှင့်အညီ ကုမ္ပဏီ၏ မြီရှင်များအပေါ်တွင် တာဝန်ရှိစေရမည် ဖြစ်သည်။ မြီရှင်ကသော်လည်းကောင်း၊ မြီရှင်ကိုယ်စား တရားစွဲဆိုသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကသော်လည်းကောင်း အဆိုပါငွေပမာဏကို ဖော်ပြပါ ဒါရိုက်တာများထံမှ တောင်းခံရယူနိုင်သည်။ အစုရှယ်ယာရှင်များ၏ အခွင့်အရေးများကို ပြောင်းလဲသတ်မှတ်ခြင်း အစုရှယ်ယာအမျိုးအစားများကို ပိုင်ဆိုင်သူများ၏ အခွင့်အရေးကို ပြောင်းလဲသတ်မှတ်ခြင်း ၁၂၆။ (က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၌ အစုရှယ်ယာအမျိုးအစားတစ်ရပ်တွင်ပါရှိသော အစုရှယ်ယာများ၏အခွင့်အရေးများ သို့မဟုတ် အစုရှယ်ယာမတည်ငွေရင်းမပါရှိသော ကုမ္ပဏီဖြစ်ခဲ့လျှင် ကုမ္ပဏီတွင် ပါဝင်သူအမျိုးအစားတစ်ရပ်တွင်ပါရှိသော သူများ၏ အခွင့်အရေးကိုပြောင်းလဲသတ်မှတ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းအတွက် လုပ်ထုံးလုပ်နည်း များအား သတ်မှတ်ဖော်ပြထားပါက အဆိုပါလုပ်ထုံးလုပ်နည်းများနှင့်အညီသာလျှင် ပြောင်းလဲသတ်မှတ်နိုင်မည် သို့မဟုတ် ပယ်ဖျက်နိုင်မည်ဖြစ်သည်။ ထိုလုပ်ထုံးလုပ်နည်းကို ယင်းတွင်ပါရှိသည့် သတ်မှတ်ချက်များနှင့်အညီသာလျှင် ပြောင်းလဲနိုင်သည်။ ( ခ ) ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပုဒ်မခွဲ (က) ၌ ဖော်ပြထားသော လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်မပါရှိခဲ့လျှင် အဆိုပါအလားတူအခွင့်အရေးများကို ကုမ္ပဏီ၏ အထူးဆုံးဖြတ်ချက် ဖြင့်သာ ပြောင်းလဲသတ်မှတ်နိုင်သည် သို့မဟုတ် ပယ်ဖျက်နိုင်သည်။ ထို့ပြင် (၁) အောက်ပါဖော်ပြထားသည့် ပါဝင်သူများ၏အစည်းအဝေးမှချမှတ်သော အထူး ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်သည်(ကက) အစုရှယ်ယာ မတည်ငွေရင်းပါရှိသော ကုမ္ပဏီတစ်ခုဖြစ်သည်ဆိုလျှင် အဆိုပါအစုရှယ်ယာအမျိုးအစားတွင် အစုရှယ်ယာများ ပိုင်ဆိုင်သည့် သူများ သို့မဟုတ် ( ခခ ) အစုရှယ်ယာ မတည်ငွေရင်း မပါရှိသော ကုမ္ပဏီတစ်ခုဖြစ်သည်ဆိုလျှင် ပြောင်းလဲသတ်မှတ်ထားသော သို့မဟုတ် ပယ်ဖျက်ထားသော အခွင့်အရေး များကို ခံစားခွင့်ရှိသည့် အမျိုးအစားတွင် ပါဝင်သူများ သို့မဟုတ် (၂) အဆိုပါအမျိုးအစားတွင် အနည်းဆုံး ဆန္ဒမဲ ၇၅ ရာခိုင်နှုန်းရှိသည့် ကုမ္ပဏီတွင် ပါဝင်သူများ၏ စာဖြင့်ရေးသား သဘောတူညီချက်ဖြင့်လည်း ပြုလုပ်နိုင်သည်။ (ဂ) ကုမ္ပဏီသည် ပြောင်းလဲသတ်မှတ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းအား ပြုလုပ်ပြီးနောက် ခုနစ်ရက်အတွင်း ထိုသို့ပြောင်းလဲ သတ်မှတ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းကို အဆိုပါ အမျိုးအစားများတွင် ပါဝင်သူများထံသို့ စာဖြင့်ရေးသား အကြောင်းကြားရမည်။ (ဃ) ပုဒ်မခွဲ (င) အရပြုလုပ်သော လျှောက်ထားမှုကို လိုက်နာလျက် သက်ဆိုင်ရာ ဆုံးဖြတ်ချက် များကို ချမှတ်ပြီးနောက် သို့မဟုတ် သက်ဆိုင်ရာသဘောတူညီချက်များကို လက်ခံရရှိ ပြီးနောက် ၂၁ ရက်အတွင်း ကုမ္ပဏီသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြုလုပ်သည့် ပြောင်းလဲသတ်မှတ်ခြင်းများနှင့် ကုမ္ပဏီ၏အစုရှယ်ယာမတည်ငွေရင်း ပြောင်းလဲစေမည့် ကိစ္စရပ်များအား မှတ်ပုံတင်အရာရှိထံသို့ သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် အကြောင်းကြားစာ ပေးပို့တင်ပြရမည်။ (င ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြောင်းလဲသတ်မှတ်ထားသည့် ထုတ်ဝေပြီးဖြစ်သော အစုရှယ်ယာ အမျိုးအစားတစ်ခု၏ စုစုပေါင်း ၁ဝ ရာခိုင်နှုန်းထက်မနည်းသော အစုရှယ်ယာ များကို ပိုင်ဆိုင်ထားသည့်သူများတွင် ပြောင်းလဲသတ်မှတ်ရန်အတွက် ဆုံးဖြတ်ချက် ချမှတ်ခြင်းတွင် သဘောတူညီခြင်းမရှိခဲ့လျှင် သို့မဟုတ် မဲပေးခြင်းမရှိသူက အဆိုပါ ပြောင်းလဲသတ်မှတ်ခြင်းကို ဆက်လက်၍ သဘောတူညီခြင်းမရှိလျှင် ထိုသူသည် အဆိုပါ ပြောင်းလဲသတ်မှတ်ခြင်းကို ပယ်ဖျက်ပေးရန် အတွက်တရားရုံးသို့ လျှောက်ထားတင်ပြ နိုင်သည်။ ထိုသို့လျှောက်ထားမှု တစ်စုံတစ်ရာရှိခဲ့ပါက အဆိုပါပြောင်းလဲသတ်မှတ်ခြင်းကို တရားရုံးက အတည်မပြုမီအထိ ထိုသို့ပြောင်းလဲသတ်မှတ်ခြင်းမှာ အကျိုးသက်ရောက်ခြင်း မရှိစေရ။ (စ) ပုဒ်မခွဲ (င) အရ တင်ပြလျှောက်ထားမှုကို သဘောတူညီချက်ပေးသည့်နေ့ရက် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့ရက်မှ ၂၁ ရက်အတွင်း ပြုလုပ်ရမည်။ လျှောက်ထားမှုအား ပြုလုပ်ခွင့်ရှိသည့်အစုရှယ်ယာရှင်များ ကိုယ်စား ၎င်းတို့က ဤကိစ္စအလို့ငှာ စာဖြင့် ရေးသားခန့်အပ်ထားသော ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများက ထိုလျှောက်ထားမှုကို ပြုလုပ်နိုင်သည်။ (ဆ) လျှောက်ထားမှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တရားရုံးသည် လျှောက်ထားသူ လျှောက်ထားမှု နှင့်စပ်လျဉ်း၍ကြားနာပေးရန် တရားရုံးသို့လျှောက်ထားသော အခြားပုဂ္ဂိုလ်တစ်ဦးဦးကို ကြားနာစစ်ဆေးပြီးနောက် အဆိုပါ ပြောင်းလဲသတ်မှတ်ခြင်းသည် လျှောက်ထားသူမှ ကိုယ်စားပြုသောအမျိုးအစားတွင် ပါဝင်သူများကို မတရားထိခိုက်နစ်နာစေကြောင်း အမှုတွင်ပေါ်ပေါက်ခဲ့လျှင် ထိုသို့ပြောင်းလဲသတ်မှတ်ခြင်းအား ခွင့်မပြု ကြောင်း ဆုံးဖြတ်နိုင်သည်။ အမှုတွင် ထိုသို့မပေါ်ပေါက်ပါက ပြောင်းလဲသတ်မှတ်ခြင်းအား အတည်ပြု ပေးရမည်။ အဆိုပါ လျှောက်ထားမှုနှင့်စပ်လျဉ်း၍ တရားရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။ (ဈ) ကုမ္ပဏီသည် လျှောက်ထားမှုအပေါ်ချမှတ်သည့် အမိန့်တစ်ရပ်ရပ်ကို လက်ခံရရှိပြီးနောက် ၂၁ ရက်အတွင်း ထိုအမိန့်၏ မိတ္တုတစ်စောင်ကို မှတ်ပုံတင်အရာရှိထံပေးပို့ရမည်။ (ည) ကုမ္ပဏီအရာရှိအားလုံး၏တာဝန်မှာ ဤပုဒ်မပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သော အရေးယူဆောင်ရွက်မှုများကိုလည်းကောင်း၊ သက်ဆိုင်သည့် တင်ပြဆောင်ရွက်မှုများကို လည်းကောင်း ပြုလုပ်ရန်ဖြစ်သည်။ (ဋ) ဤပုဒ်မတွင်ဖော်ပြပါရှိသည့် “ပြောင်းလဲသတ်မှတ်ခြင်း” နှင့် “ပြောင်းလဲသတ်မှတ်သော” ဆိုသည်တွင် “ပယ်ဖျက်ခြင်း” နှင့် “ပယ်ဖျက်သော” ဟု အဓိပ္ပာယ်လည်း ပါဝင်စေရမည်။ ၁၂၇။ ပုဒ်မ ၁၂၆၊ ပုဒ်မခွဲ (ည) တွင်ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်ကိုလိုက်နာရန် ပျက်ကွက်လျှင် ပျက်ကွက်မှု၌ သိလျက်ဖြင့်တမင်ပါဝင်သည့် ကုမ္ပဏီနှင့်ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြား အရာရှိတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ် ၁၀ သိန်းကို ပေးဆောင်ရမည်။ ငွေကြေးအထောက်အပံ့ ကုမ္ပဏီမှ ယင်း၏ထုတ်ဝေသည့်အစုရှယ်ယာများကိုဝယ်ယူခြင်းအတွက် ငွေကြေးအထောက်အပံ့ပေးခြင်း ဆိုင်ရာကန့်သတ်ချက်များ ၁၂၈။ (က) ဤပုဒ်မ သို့မဟုတ် ပုဒ်မ ၁၃ဝ တို့တွင်ပါရှိသည့် ပြဋ္ဌာန်းချက်များမှတစ်ပါး အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီတစ်ခု၏ လက်အောက်ခံကုမ္ပဏီမဟုတ်သော အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီများအပြင် အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ယင်းကုမ္ပဏီက သို့မဟုတ် ကုမ္ပဏီ၏ အစုများပိုင်ဆိုင်သည့် ကုမ္ပဏီကထုတ်ဝေထားသည့် အစုရှယ်ယာတစ်ရပ်ရပ်ကို ပုဂ္ဂိုလ်တစ်ဦးဦးက ပြုလုပ်ခဲ့သော သို့မဟုတ် ပြုလုပ်မည်ဖြစ်သော ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သို့မဟုတ် ဝယ်ယူရန်အတွက် ငွေကြေးအထောက်အပံ့ တစ်စုံတစ်ရာကို ပေးအပ်ခြင်းမပြုရ။ သို့ရာတွင် ငွေထုတ်ချေးခြင်းမှာ ကုမ္ပဏီ၏ သာမန်စီးပွားရေးလုပ်ငန်း တစ်စိတ်တစ်ဒေသ ဖြစ်လျှင် ကုမ္ပဏီ၏ သာမန်စီးပွားရေးလုပ်ငန်းအဖြစ် ငွေထုတ်ချေးခြင်းအား ဤပုဒ်မတွင် ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ တားမြစ်ခြင်းမရှိစေရ။ ( ခ ) ဤပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ ကုမ္ပဏီတစ်ခုက အစုရှယ်ယာများကို ပြန်လည်ရွေးနုတ်ရယူခြင်း၊ အစုရှယ်ယာမတည်ငွေရင်းကို လျှော့ချခြင်း သို့မဟုတ် အခန်း (၁၅) တွင်ပါရှိသော ပြဋ္ဌာန်းချက်များအရ ကုမ္ပဏီ၏အစုရှယ်ယာမတည်ငွေရင်းအပေါ် အကျိုးသက်ရောက်စေမည့်ဆောင်ရွက်မှု သို့မဟုတ် လုပ်ထုံးလုပ်နည်းများကို ပြုလုပ်ခြင်း တို့နှင့်စပ်လျဉ်းသော အခွင့်အရေးကို ထိခိုက်စေခြင်းမရှိစေရ။ ၁၂၉။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၁၂၈ ပါပြဋ္ဌာန်းချက်များကို ဆန့်ကျင်လျက် ပြုလုပ်ဆောင်ရွက်ခဲ့လျှင် ပျက်ကွက်မှု၌ သိလျက်ဖြင့်တမင် ပါဝင်သည့်ကုမ္ပဏီနှင့် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိများ တစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ် ၂၅ သိန်းကို ပေးဆောင်ရမည်။ ငွေကြေးအထောက်အပံ့ ပေးအပ်ရန် ကုမ္ပဏီအား ခွင့်ပြုခြင်း ၁၃၀။ (က) ပုဒ်မ ၁၂၈ နှင့်သက်ဆိုင်သော ကုမ္ပဏီတစ်ခုသည် အောက်ပါအချက်များနှင့် ညီညွတ်မှသာ ကုမ္ပဏီ သို့မဟုတ် ယင်း၏ အစုများပိုင်ဆိုင်သည့်ကုမ္ပဏီတစ်ခုရှိ အစုရှယ်ယာများကို ရယူနိုင်ရန်အတွက် ပုဂ္ဂိုလ်တစ်ဦးဦးသို့ ငွေကြေးအထောက်အပံ့ ပေးအပ်နိုင်သည်(၁) ဒါရိုက်တာအဖွဲ့သည် အောက်ပါအခြေအနေများကို လက်ခံနိုင်ဖွယ်ရှိသော အကြောင်းပြချက်များရှိကြောင်း ဆုံးဖြတ်ခဲ့လျှင် (ကက) ကုမ္ပဏီသည် ငွေကြေးအထောက်အပံ့ပေးသင့်ကြောင်း၊ ( ခခ ) ထိုသို့ငွေကြေးအထောက်အပံ့ပေးခြင်းသည် ကုမ္ပဏီအတွက် အကောင်းဆုံး အကျိုးခံစားခွင့်များကို ကောင်းစွာရရှိစေမည်ဖြစ်ကြောင်း၊ ( ဂဂ ) ငွေကြေးအထောက်အပံ့ပေးခြင်းသည် ကုမ္ပဏီ၏အစုရှယ်ယာရှင်များ အားလုံးအတွက် မျှတလျော်ကန်မှုရှိကြောင်း၊ (ဃဃ) ငွေကြေးအထောက်အပံ့ပေးခြင်းသည် ကုမ္ပဏီက ယင်း၏မြီရှင်များသို့ ငွေပေးချေရမည့် တာဝန်များကို အများစုထိခိုက်မှုမရှိကြောင်းနှင့် ( ငင ) ကုမ္ပဏီသည် ငွေကြေးအထောက်အပံ့ပေးပြီးနောက် ချက်ချင်း ကြွေးမြီ စစ်ဆေးချက်ကို ကျေနပ်လက်ခံကြောင်း၊ သို့မဟုတ် (၂) ပုဒ်မ ၁၃၃ အရ ငွေကြေးအထောက်အပံ့ပေးခြင်းအား အစုရှယ်ယာရှင်များကအတည်ပြုကြောင်း။ ( ခ ) ငွေကြေးအထောက်အပံ့ပေးခြင်းအား ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ ဒါရိုက်တာအဖွဲ့မှ ခွင့်ပြုပြီးနောက် အဆိုပါငွေကြေးအထောက်အပံ့ကို ပေးအပ်ခြင်း မပြုသေးမီကာလအတွင်း ကုမ္ပဏီအနေဖြင့် ငွေကြေးအထောက်အပံ့ပေးပြီးနောက် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) ပါ လိုအပ်ချက်များကို ချက်ချင်းလိုက်နာနိုင်သည့် အခြေအနေရှိမည်မဟုတ်ကြောင်း ဒါရိုက်တာ အဖွဲ့ကတွေ့ရှိလျှင် ကုမ္ပဏီကပြုလုပ်မည့် ငွေကြေးအထောက်အပံ့တစ်ရပ်ရပ်ကို ပြုလုပ်ခွင့်ရှိသည်ဟု မှတ်ယူခြင်းမရှိစေရ။ ၁၃၁။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၁၃ဝ ပါသတ်မှတ်ချက်များကိုလိုက်နာရန် ပျက်ကွက်လျှင် ဒဏ်ကြေး ငွေကျပ်နှစ်ဆယ့်ငါးသိန်းကို ပေးဆောင်ရမည်ဖြစ်ပြီး သိလျက်ဖြင့်တမင် ပျက်ကွက်မှုကို ခွင့်ပြုခဲ့သည့် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိများတစ်ဦးစီသည် အလားတူ ပြစ်ဒဏ်အတွက် တာဝန်ရှိ စေရမည်။ ၁၃၂။ ပုဒ်မ ၁၃၁ အပြင် ကုမ္ပဏီသည် ငွေကြေးအထောက်အပံ့များ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ပေးအပ်ပြီးနောက် လူမွဲစာရင်းဝင်ခဲ့လျှင် ပုဒ်မ ၁၃ဝ၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်၍ ငွေကြေးအထောက်အပံ့ပေးခြင်းကို သိလျက်ဖြင့်တမင် ခွင့်ပြုခဲ့သော ကုမ္ပဏီ၏ဒါရိုက်တာများအားလုံး သည်လည်း ကုမ္ပဏီကပြန်လည်ရရှိနိုင်သော ရရန်ပိုင်ခွင့်များထက် ကျော်လွန်သည့် မြီရှင်များသို့ ပေးရမည့် ကြွေးမြီများရှိခဲ့လျှင် ငွေကြေးအထောက်အပံ့များပေးခဲ့သည့် တန်ဖိုးပမာဏနှင့်အညီ ကုမ္ပဏီ၏မြီရှင်များ အပေါ်တွင် တာဝန်ရှိစေရမည်ဖြစ်သည်။ မြီရှင်ကသော်လည်းကောင်း၊ မြီရှင်ကိုယ်စား တရားစွဲဆိုသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကသော်လည်းကောင်း အဆိုပါ ငွေပမာဏကို ဖော်ပြပါဒါရိုက်တာများ ထံမှ တောင်းခံရယူနိုင်သည်။ အစုရှယ်ယာရှင်များ၏ အတည်ပြုချက် ၁၃၃။ (က) ကုမ္ပဏီသည် ငွေကြေးအထောက်အပံ့ပေးခြင်းအတွက် အစုရှယ်ယာရှင်များ၏ အတည်ပြု ချက်ကို အောက်ပါအတိုင်းပြုလုပ်ရမည် – (၁) ကုမ္ပဏီ၏အထွေထွေအစည်းအဝေးတွင် ချမှတ်သည့် အထူးဆုံးဖြတ်ချက်တစ်ရပ်ဖြင့် အတည်ပြုခြင်း၊ ထိုအထူးဆုံးဖြတ်ချက်မှာ အစုရှယ်ယာများ ရရှိသူကဖြစ်စေ၊ ၎င်းတို့၏တွဲဖက်လုပ်ကိုင်သူ ပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ ဆုံးဖြတ်ချက်ကိုထောက်ခံ၍ဆန္ဒမဲပေးခြင်းမပါရှိသည့် အထူးဆုံးဖြတ်ချက် ချမှတ်ခြင်း၊ သို့မဟုတ် (၂) ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင် သာမန်အစုရှယ်ယာရှင်များအားလုံးက( သဘောတူညီသည့် ဆုံးဖြတ်ချက်တစ်ရပ်ဖြင့် အတည်ပြု ခြင်း။ (ခ) ကုမ္ပဏီသည် ပုဒ်မ ၁၃ဝ တွင် ဖော်ပြပါရှိသည့်အတိုင်း ငွေကြေးအထောက်အပံ့ကိုရယူဆောင်ရွက်ပြီးနောက် ချက်ချင်းနိုင်ငံတော်အတွင်း စတော့ဈေးကွက်၌ အမည်စာရင်း တင်သွင်းထားသည့် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခု၏ လက်အောက်ခံကုမ္ပဏီ ဖြစ်သည်ဆိုလျှင် ငွေကြေးအထောက်အပံ့အား အဆိုပါ အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီ၏အထွေထွေအစည်းအဝေးတွင် ချမှတ်သည့် အထူးဆုံးဖြတ်ချက်တစ်ရပ်ဖြင့် အတည်ပြုရမည်။ (ဂ) ကုမ္ပဏီသည် ငွေကြေးအထောက်အပံ့ပေးခြင်းဆောင်ရွက်ပြီးနောက် ချက်ချင်း အောက်ပါအတိုင်း အစုများပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုရှိခဲ့လျှင် ထိုအစုများပိုင်ဆိုင်သည့်ကုမ္ပဏီသည်(၁) ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားပြီး နိုင်ငံတော်အတွင်း စတော့ဈေးကွက်၌အမည်စာရင်းတင်သွင်းထားခြင်း မရှိသေးသည့် ကုမ္ပဏီဖြစ်သည်ဆိုလျှင်၊ ၎င်းအပြင် (၂) ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော အခြားကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ တစ်ခုမဟုတ်သော ကုမ္ပဏီ ဖြစ်သည်ဆိုလျှင်၊ အထက်ပါကိစ္စရပ်တွင် ငွေကြေးအထောက်အပံ့ပေးခြင်းကို ထိုအစုများ ပိုင်ဆိုင်သည့် ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင်ချမှတ်သည့် အထူးဆုံးဖြတ်ချက်တစ်ရပ်ဖြင့် အတည်ပြု ရမည်။ ပုဒ်မခွဲ (က) သို့မဟုတ် (ခ) သို့မဟုတ် (ဂ) တို့တွင်ပါရှိသော ကိစ္စရပ်များ အတွက် အစည်းအဝေးတစ်ရပ်အား ခေါ်ယူကျင်းပလိုသော ကုမ္ပဏီသည် အစည်းအဝေး အကြောင်းကြားစာနှင့်အတူ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ မည်သို့ဆန္ဒမဲပေးရန် ဆုံးဖြတ်ခြင်းနှင့်သက်ဆိုင်သောကုမ္ပဏီမှ သိရှိထားသည့် အရေးကြီးသောအချက်အလက်များအားလုံးကို ဖော်ပြထားသည့် တင်ပြချက်တစ်ရပ်ပါရှိစေရမည်။ (ဃ) ပုဒ်မခွဲ (က) သို့မဟုတ် (ခ) သို့မဟုတ် (ဂ) တို့တွင်ပါရှိသော ကိစ္စရပ်များအတွက် ခေါ်ယူကျင်းပမည့် အစည်းအဝေးအကြောင်းကြားစာအား ကုမ္ပဏီတွင်ပါဝင်သူများထံသို့ ပေးပို့ခြင်း မပြုမီ ကုမ္ပဏီသည် အောက်ပါစာရွက်စာတမ်းမိတ္တု တစ်စုံစီကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည် – (၁) အစည်းအဝေးအကြောင်းကြားစာနှင့် (၂) ကုမ္ပဏီတွင်ပါဝင်သူများထံသို့ ပေးပို့မည့် အစည်းအဝေးအကြောင်းကြားစာနှင့်အတူပူးတွဲပါရှိသည့် ငွေကြေးအထောက်အပံ့ပေးခြင်းနှင့် သက်ဆိုင်သော စာရွက်စာတမ်းများ။ (င ) ကုမ္ပဏီသည် ငွေကြေးအထောက်အပံ့မပေးမီ အနည်းဆုံး ၂၁ ရက်အတွင်း ထိုငွေကြေးအထောက်အပံ့ပေးခြင်းအား ဤပုဒ်မပါပြဋ္ဌာန်းချက်များနှင့်အညီ အတည်ပြု ဆောင်ရွက် ပြီးဖြစ်ကြောင်း သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် အကြောင်းကြားစာတစ်စောင်အား မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည်။ ( စ )ပုဒ်မခွဲ (က) သို့မဟုတ် (ခ) သို့မဟုတ် (ဂ) တို့တွင်ပါရှိသော ကိစ္စရပ်များအတွက် ချမှတ် ထားသည့် အထူးဆုံးဖြတ်ချက်တစ်ရပ်ကို ယင်းဆုံးဖြတ်ချက် ချမှတ်သည့်နေ့မှ ၁၄ ရက် အတွင်း ဖော်ပြပါကုမ္ပဏီ၊ နိုင်ငံတော်အတွင်း စတော့ဈေးကွက်၌ အမည်စာရင်း တင်သွင်း ထားသည့် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီသို့မဟုတ် အစုများပိုင်ဆိုင်သည့် ကုမ္ပဏီသည်မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။ (ဆ) ကုမ္ပဏီ၏ဒါရိုက်တာနှင့် အခြားအရာရှိအားလုံး၏တာဝန်များမှာ ဤပုဒ်မပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သောအရေးယူဆောင်ရွက်မှုများကိုလည်းကောင်း၊ သက်ဆိုင်သည့် တင်ပြဆောင်ရွက်မှုများကိုလည်းကောင်း သင့်လျော်သောဆောင်ရွက်ချက်ဖြင့် ပြုလုပ်ရန်ဖြစ်သည်။ ၁၃၄။ ပုဒ်မ ၁၃၃၊ ပုဒ်မခွဲ (ဆ) တွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်ကိုလိုက်နာရန် ပျက်ကွက်လျှင် ပျက်ကွက်မှု၌ သိလျက်ဖြင့်တမင် ပါဝင်သည့် ကုမ္ပဏီနှင့်ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြား အရာရှိတစ်ဦးစီသည် ဒဏ်ကြေးငွေကျပ် ၂၅ သိန်းကို ပေးဆောင်ရမည်။ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ဆောင်ရွက်ခြင်း၏ အကျိုးသက်ရောက်မှုများ ၁၃၅။ ပုဒ်မ ၁၂၈ တွင်ပါရှိသော ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်လျက် ကုမ္ပဏီသည် ငွေကြေးအထောက်အပံ့ များကိုပေးအပ်ခဲ့လျှင် ထိုသို့ငွေကြေးအထောက်အပံ့ပေးခြင်း သို့မဟုတ် ချုပ်ဆိုထားသည့် ပဋိညာဉ် တစ်ခုခု သို့မဟုတ် ယင်းပဋိညာဉ်နှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်တစ်ရပ်ရပ်တို့၏ အကျိုး သက်ရောက်ခြင်းကို ထိခိုက်စေခြင်းမရှိစေရ။အစုရှယ်ယာများကို မိမိကိုယ်တိုင်ပြန်လည်ရယူခြင်းအား တားမြစ်ခြင်း အစုရှယ်ယာများအားတိုက်ရိုက်ရယူခြင်း ၁၃၆။ ကုမ္ပဏီတစ်ခုသည် အောက်ပါကိစ္စရပ်မှအပ ၎င်း၏အစုရှယ်ယာများကို ရယူခြင်းမပြုရ – (က) ဤအခန်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြန်လည်ဝယ်ယူခြင်း သို့မဟုတ် (ခ) တရားရုံး၏အမိန့်အရ ဆောင်ရွက်ခြင်း။ အစုရှယ်ယာများအပေါ် အာမခံချက်များ ရယူခြင်း ၁၃၇။ ကုမ္ပဏီတစ်ခုသည် ယင်း၏အစုရှယ်ယာများ သို့မဟုတ် ယင်းကို ကြီးကြပ်အုပ်ချုပ်နေသည့် အစုများပိုင်ဆိုင်သောကုမ္ပဏီ၏ အစုရှယ်ယာများအပေါ် အာမခံချက်များရယူခြင်းမပြုရ။ အစုရှယ်ယာများကို လက်အောက်ခံကုမ္ပဏီတစ်ခုသို့ ထုတ်ဝေခြင်း သို့မဟုတ် လွှဲပြောင်းခြင်း ၁၃၈။ အောက်ပါအကြောင်းများ ပေါ်ပေါက်ခြင်းမရှိလျှင် ကုမ္ပဏီတစ်ခုက ယင်း၏လက်အောက်ခံ ကုမ္ပဏီသို့ ယင်း၏အစုရှယ်ယာများကိုထုတ်ဝေခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းသည် ပျက်ပြယ်သည် – (က) လွှဲပြောင်းလက်ခံသော လက်အောက်ခံကုမ္ပဏီသည် အစုရှယ်ယာများအား ယုံကြည်အပ်နှံခြင်းခံရသူအဖြစ်သာ လက်ခံထားခြင်းဖြစ်ပြီး အစုရှယ်ယာများမှ အကျိုးခံစားခွင့် တစ်ရပ်ရပ်ကို ရယူခြင်းမရှိလျှင် သို့မဟုတ် (ခ) လွှဲပြောင်းမှုအား အဆိုပါကုမ္ပဏီ၏ အစုများပိုင်ဆိုင်သော ကုမ္ပဏီကပြုလုပ်ပြီး လွှဲပြောင်းလက်ခံသော လက်အောက်ခံကုမ္ပဏီက ထိုအစုများပိုင်ဆိုင်သောကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီဖြစ်လျှင်။ ကင်းလွတ်ချက်များ ၁၃၉။ ဤပုဒ်မနှင့်သက်ဆိုင်ခြင်းမရှိသည့် အခြားအခွင့်အာဏာတစ်ရပ်ရပ်ကို ထိခိုက်ခြင်းမရှိစေဘဲ ပြည်ထောင်စုဝန်ကြီးသည် ပုဒ်မ ၁၃၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မ ၁၃၇ နှင့် ၁၃၈ တို့တွင် တားမြစ်ထားသည့် သို့မဟုတ် ပျက်ပြယ်သည့်ကိစ္စတစ်ရပ်ရပ်ကိုခွင့်ပြုနိုင်ပြီး အကျိုးသက်ရောက်စေနိုင်သည့် အခြေအနေ များကို သတ်မှတ်ဖော်ပြနိုင်သည်။ တာဝန်များကို ဆက်လက်ဆောင်ရွက်ရခြင်း အခြားတာဝန်များကို ဆက်လက်လိုက်နာဆောင်ရွက်ရခြင်း ၁၄၀။ ဒါရိုက်တာတစ်ဦးသည် အစုရှယ်ယာမတည်ငွေရင်းအပေါ် အကျိုးသက်ရောက်စေမည့် ဆောင်ရွက် ချက်များနှင့်စပ်လျဉ်း၍ အပိုင်း ၄ တွင် ပါရှိသော တာဝန်များအပါအဝင် ဤဥပဒေအရ ၎င်းတို့၏ တာဝန် သို့မဟုတ် ၎င်းတို့အားပေးအပ်ထားသည့် တာဝန်တစ်ရပ်ရပ်ကို ဤအခန်းတွင် ဖော်ပြပါရှိသော ပြဋ္ဌာန်းချက် တစ်ရပ်အရ ခွင့်ပြုထားသည့် သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများက ဆုံးဖြတ်ချက်ချမှတ်၍ အတည်ပြုထားသည့် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ခွင့်ပြုထားသည့် အကြောင်းမျှဖြင့် ကင်းလွတ်ခွင့် မရှိစေရ။

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။