မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းဥပဒေ

(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၃။)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၅ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁) အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက် ၁။ ဤဥပဒေကို မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းဥပဒေဟု ခေါ်တွင်စေရမည်။ ၂။ ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင် အာဏာတည်စေရမည်။ ၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဆိုသည်။ ( ခ) ဆက်သွယ်ရေး (Telecommunications) ဆိုသည်မှာ သတင်းအချက်အလက် တစ်ရပ်ရပ်ကို ဝါယာကြိုး၊ ဖိုင်ဘာကြိုး သို့မဟုတ် အခြားသော လျှပ်ကူးကြိုးတစ်ခုခုကို အသုံးပြု၍

သော်လည်းကောင်း၊ ရေဒီယိုလှိုင်း၊ အလင်းတန်း၊ အခြားသော လျှပ်စစ်သံလိုက်ဓာတ် ထုတ်လွှတ်သည့် နည်းလမ်းတစ်ရပ်ရပ်ကို အသုံးပြု၍သော်လည်းကောင်း မူရင်းအတိုင်း

ဖြစ်စေ၊ ပြုပြင်၍ဖြစ်စေ ထုတ်လွှင့်ခြင်း သို့မဟုတ် ဖမ်းယူခြင်းကို ဆိုသည်။ (ဂ) ကော်ပိုရေးရှင်း ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် မြန်မာ့ဆက်သွယ်ရေး

ကော်ပိုရေးရှင်းကို ဆိုသည်။ (ဃ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှု

လုပ်ငန်း၊ ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းနှင့် အသုံးချဝန်ဆောင်မှုလုပ်ငန်းများအနက်

လုပ်ငန်းတစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်ခြင်းကို ဆိုသည်။ (င) ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ ကွန်ရက်အထောက်အကူပြု

ပစ္စည်းတစ်ခုခုကို လက်ဝယ်ထားရှိပြီး ယင်းကွန်ရက်အထောက်အကူပြုပစ္စည်းကို ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိထားသူအား ငှားရမ်းခြင်း သို့မဟုတ် အဆိုပါ ကွန်ရက်အထောက်အကူပြု ပစ္စည်းအပေါ်တွင် မိမိကိုယ်တိုင်ဝန်ဆောင်မှုပေးသည့်

လုပ်ငန်းကို ဆိုသည်။ ( စ) ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ သတင်းအချက်အလက်ကို အပြန်အလှန်

ပေးပို့ရေးအတွက် ဆက်သွယ်ရေးနည်းလမ်းတစ်ရပ်ရပ်ဖြင့် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းကိုဆိုသည်။ ယင်းစကားရပ်တွင် အသုံးပြုသူဘက်ရှိ ကွန်ရက်နယ်နိမိတ် သက်သက်ကိုသာ

ဆောင်ရွက်ပေးသည့်လုပ်ငန်းမပါဝင်။ (ဆ) အသုံးချဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ ကွန်ရက်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော

ကွန်ရက်များကိုအသုံးပြု၍ ဝန်ဆောင်မှုပေးသော လုပ်ငန်းတစ်ရပ်ရပ်ကို ဆိုသည်။ ယင်းစကားရပ်တွင် အသုံးပြုသူဘက်ရှိ ကွန်ရက်နယ်နိမိတ်သက်သက်ကိုသာ ဆောင်ရွက်

ပေးသည့်လုပ်ငန်းမပါဝင်။ ( ဇ ) ဆက်သွယ်ရေးပစ္စည်း ဆိုသည်မှာ ဆက်သွယ်ရေးဥပဒေအရ ဝန်ကြီးဌာနက သီးခြား

သတ်မှတ်သော ဆက်သွယ်ရေးပစ္စည်းကို ဆိုသည်။ (ဈ) ကွန်ရက်အထောက်အကူပြုပစ္စည်း ဆိုသည်မှာ ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းများ

ဆောင်ရွက်ရာတွင် အသုံးပြုသည့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံ၏ ပစ္စည်း တစ်ခုခုကိုသော်လည်းကောင်း၊ ယင်းပစ္စည်းများ ပေါင်းစပ်ထားရှိမှုကိုသော်လည်းကောင်း

ဆိုသည်။

(ည) လုပ်ငန်းလိုင်စင် ဆိုသည်မှာ ဆက်သွယ်ရေး ဥပဒေအရ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း

တစ်ရပ်ရပ်အတွက် ထုတ်ပေးသော လိုင်စင်ကို ဆိုသည်။ ။ (ဋ) ဆက်သွယ်ရေးအခြေစိုက်စခန်းများ ဆိုသည်မှာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအတွက်

အသုံးပြုသည့် အခြေစိုက်ဆက်သွယ်ရေးလုပ်ငန်းဌာနများ၊ တယ်လီဖုန်းအိတ်ချိန်းများ၊

ဆက်သွယ်ရေးဝန်ဆောင်မှုပေးသောဌာနများနှင့် ဆက်သွယ်ရေးစခန်းများကို ဆိုသည်။ ( ဌ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို

ဆိုသည်။ (၃) ဒါရိုက်တာအဖွဲ့ (Board of Directors) ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသော ကော်ပို

ရေးရှင်း၏ ဒါရိုက်တာအဖွဲ့ ကို ဆိုသည်။ (ပ) ဒါရိုက်တာအဖွဲ့ဝင် ဆိုသည်မှာ ယင်းစကားရပ်နှင့်စပ်လျဉ်း၍ ဤဥပဒေတွင် သီးခြားဖော်ပြ

ထားခြင်းမရှိပါက ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို ဆိုသည်။ (ဏ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဆိုသည်မှာ ဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင်စီးပွားရေး

အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ဆိုသည်။ (တ) အမှုဆောင်အရာရှိချုပ် ဆိုသည်မှာ ကော်ပိုရေးရှင်း၏ အကြီးအမှူးကို ဆိုသည်။

အခန်း (၂)

ရည်ရွယ်ချက်

ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် – (က) နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအထောက်အကူပြုစေရေးအတွက်

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ လုပ်ကိုင် နိုင်သော ကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းဆောင်ရွက်နိုင်ရန်၊ (ခ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်

နိုင်ရေးအတွက် ကော်ပိုရေးရှင်းနှင့် ဒါရိုက်တာအဖွဲ့တို့အား လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်

များ အပ်နှင်းနိုင်ရန်၊ (ဂ) ကော်ပိုရေးရှင်း၏ လုပ်ငန်းနှင့် ငွေကြေးသုံးစွဲမှုစနစ်ကို ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ လွတ်လပ်စွာဆောင်ရွက်နိုင်ရန်၊ (ဃ) ကော်ပိုရေးရှင်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဆက်သွယ်ရေးဝန်ဆောင်မှု

လုပ်ငန်းအပြင် ယင်းလုပ်ငန်းနှင့်ဆက်စပ်သည့် အခြားစီးပွားရေး လုပ်ငန်းများတွင်လည်း

တည်ဆဲဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်၊ (င) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးအတွက်

ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်၊ (စ) ကော်ပိုရေးရှင်းက နောင်တွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုပါဝင်သည့် အများနှင့်သက်ဆိုင်သော ၊ အဖွဲ့အစည်းကိုလည်းကောင်း၊ အများနှင့်မသက်ဆိုင်သော အဖွဲ့အစည်းကိုလည်းကောင်း

တည်ထောင်လုပ်ကိုင်နိုင်ရန်၊ (ဆ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊

ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်းကောင်း၊ နှစ်နိုင်ငံသဘောတူညီချက်အရ စာချုပ်ဝင် နိုင်ငံများနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်နိုင်ရန်။

အခန်း (၃)

မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းဖွဲ့စည်းခြင်း ၅။ (က) မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းကို ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားသည့်

ဖွဲ့စည်းပုံအတိုင်း ကနဦး တည်ထောင်ထားရှိရမည်။ (ခ) ကော်ပိုရေးရှင်းသည် ဤဥပဒေအရသတ်မှတ်သည့် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ၊

ကော်ပိုရေးရှင်းဖွဲ့စည်းပုံနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရမည်။ ၆။ ကော်ပိုရေးရှင်းသည် – (က) ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ဆောင်ရွက်ရန် လုပ်ပိုင်ခွင့်များကို ဤဥပဒေအရ

အပ်နှင်းခြင်းခံရသော အဖွဲ့အစည်းဖြစ်သည်။ ( ခ) နိုင်ငံတော်က မတည်ထုတ်ပေးထားသော ရင်းနှီးငွေများကိုလည်းကောင်း၊ မြန်မာ့

ဆက်သွယ်ရေးလုပ်ငန်းက ပိုင်ဆိုင်သော ငွေကြေးများနှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကိုလည်းကောင်း၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို

လည်းကောင်း ဆက်ခံရမည်။ (ဂ) မိမိပိုင်ဆိုင်သည့် သို့မဟုတ် ဆက်ခံရရှိသည့်ငွေကြေးနှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကိုလည်းကောင်း၊ နိုင်ငံတော်မှ လွှဲအပ်ပေးသောသို့မဟုတ် လုပ်ကိုင်ခွင့်ရရှိသော မြေ၊ အဆောက်အအုံ၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို

လည်းကောင်း ရယူခွင့်၊ လက်ဝယ်ထားပိုင်ခွင့်နှင့် အသုံးပြုပိုင်ခွင့်ရှိသည်။ (ဃ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်လျက်ရှိနေသော ဆက်သွယ်ရေး ဝန်ဆောင်မှု

လုပ်ငန်းများကို ဆက်ခံရမည်။ ) (င) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဖက်စပ်ဖြစ်စေ၊ အကျိုးတူဖြစ်စေ၊ အခြားတစ်နည်းနည်း

ဖြင့်ဖြစ်စေ ပူးပေါင်းဆောင်ရွက်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် အခြား လုပ်ငန်းများကို ဆက်ခံရမည်။ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရရှိထားသော လုပ်ငန်း

လိုင်စင်၊ အသုံးပြုခွင့်နှင့် ခွင့်ပြုချက်များကို ဆက်ခံရမည်။ (ဆ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပဋိညာဉ်စာချုပ် သို့မဟုတ် သဘောတူစာချုပ် ချုပ်ဆို၍

ဖြစ်စေ၊ ကုန်ဝယ်အမှာစာ (Purchase Order) ဖြင့်ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်

လုပ်ငန်းများနှင့် အခြားလုပ်ငန်းများကို ဆက်ခံရမည်။ (ဇ) ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်ဖြင့် စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆို

ပိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့် ရှိသည်။ ၇။ ဝန်ကြီးဌာနသည် ပုဒ်မ ၆ ပါ လုပ်ငန်းစဉ်များအားဆောင်ရွက်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပိုင်ဆိုင်မှုအရပ်ရပ်နှင့်ပတ်သက်ပြီး တန်ဖိုးဖြတ်မှုများ၊ ကိန်းဂဏန်းနှင့် စာရင်းအင်းအချက်အလက် မှတ်တမ်းတင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်နိုင်ရန် လုပ်ငန်းစစ်ဆေးရေးအဖွဲ့တစ်ရပ်ကို ကာလသတ်မှတ်၍ ဖွဲ့စည်းဆောင်ရွက်ရမည်။ ၈။ ကော်ပိုရေးရှင်းသည် လိုအပ်ပါက လက်ရှိဖွဲ့စည်းပုံကို ဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

| အခန်း (၄)

ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းခြင်း ၉။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် – (က) ဤဥပဒေပါ ရည်ရွယ်ချက်များနှင့် ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်

ရာတွင် လမ်းညွှန်မှုပြုနိုင်ရန်နှင့် စီမံခန့်ခွဲမှုပြုနိုင်ရန် ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်ဦးရေ အနည်းဆုံး ခုနစ်ဦးမှ အများဆုံး ၁၁ ဦး အထိပါဝင်သော ဒါရိုက်တာအဖွဲ့ကို

အောက်ပါအတိုင်း ဖွဲ့စည်းရမည်(၁) ဝန်ကြီးဌာနက တာဝန်ပေးအပ်ခြင်းခံရသူ

ဥက္ကဋ္ဌ (၂) အမှုဆောင်အရာရှိချုပ် (၃) ဘဏ္ဍာရေးလုပ်ငန်းကျွမ်းကျင်သူတစ်ဦး

အဖွဲ့ဝင် (၄) စီမံခန့်ခွဲရေးလုပ်ငန်းကျွမ်းကျင်သူတစ်ဦး

အဖွဲ့ဝင် (၅) စီးပွားရေးလုပ်ငန်းကျွမ်းကျင်သူတစ်ဦး (၆) ဥပဒေဆိုင်ရာကျွမ်းကျင်သူတစ်ဦး

အဖွဲ့ဝင် (၇) ဆက်သွယ်ရေးဆိုင်ရာဘာသာရပ်ကျွမ်းကျင်သူများ အဖွဲ့ဝင်များ ( ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသည့် ဒါရိုက်တာအဖွဲ့ကို လိုအပ်ပါက သတ်မှတ်ချက်နှင့်အညီ

ပြင်ဆင်ဖွဲ့စည်းနိုင်သည်။ ၁၀။ ဒါရိုက်တာအဖွဲ့သည် ဒါရိုက်တာအဖွဲ့ဝင်များထဲမှ တစ်ဦးကို အတွင်းရေးမှူးအဖြစ် ဆန္ဒမဲဖြင့်ရွေးချယ်

တာဝန်ပေးအပ်ရမည်။ ၁၁။ (က) ဝန်ကြီးဌာနသည် ပုဒ်မ ၉ အရ ဒါရိုက်တာအဖွဲ့ကို ပထမအကြိမ်ဖွဲ့စည်းရာတွင် အမှုဆောင်

အရာရှိချုပ်အဖြစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူးကိုဖြစ်စေ၊ ဆက်သွယ်ရေးနည်းပညာ၊ စီးပွားရေးနှင့်စီမံခန့်ခွဲမှုကျွမ်းကျင်သူကိုဖြစ်စေ တာဝန်ပေးအပ်

ရမည်။ ( ခ) ပုဒ်မခွဲ (က) အရ တာဝန်ပေးအပ်သည့် အမှုဆောင်အရာရှိချုပ်သည် အကြောင်းတစ်စုံ

တစ်ရာကြောင့် ယင်း၏ရာထူးနေရာလစ်လပ်သည့်အခါ ဝန်ကြီးဌာနသည် ဒါရိုက်တာအဖွဲ့က

ထောက်ခံတင်ပြသည့် အောက်ပါအရည်အချင်းများနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တစ်ဦးကို အမှုဆောင်အရာရှိချုပ်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ခန့်အပ် တာဝန်ပေးရမည်(၁) ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းအတွေ့အကြုံရှိပြီး

အသက် ၃၅ နှစ် ပြည့်ပြီးသူဖြစ်ခြင်း၊ (၂) စီမံခန့်ခွဲရေးကိစ္စများတွင် တာဝန်ရှိသူအဖြစ် ဆောင်ရွက်ခဲ့ဖူးခြင်း၊ (၃) ကော်ပိုရေးရှင်း၏ အကျိုးစီးပွားကို ထိခိုက်ဖွယ်ရာရှိသည့် လုပ်ငန်းတစ်ခုခုတွင်

ဆောင်ရွက်သူမဟုတ်ခြင်း၊ (၄) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း တစ်ခုခုကဖြစ်စေ၊ ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်း

တစ်ခုခုကဖြစ်စေ ရာထူးတာဝန်မှ ထုတ်ပယ်ခြင်း သို့မဟုတ် ရပ်စဲခြင်း ခံရသူ

မဟုတ်ခြင်း။ ၁၂။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ခန့်ထားခြင်းခံရသောပုဂ္ဂိုလ်သည် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းတာဝန်

ဆောင်ရွက်ခြင်းကို ထိခိုက်ဖွယ်ရာရှိသည့် ငွေရေးကြေးရေး အကျိုးခံစားခွင့် သို့မဟုတ် အခြားအကျိုး သက်ဆိုင်ခွင့်များနှင့် ကင်းရှင်းသူဖြစ်ရမည်။ ၁၃။ (က) ဒါရိုက်တာအဖွဲ့ဝင်သည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ ဒါရိုက်တာအဖွဲ့က

ပြုလုပ်သည့် သို့မဟုတ် ပြုလုပ်ရန်ကြံရွယ်သည့် ပဋိညာဉ်တွင်သော်လည်းကောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှု သို့မဟုတ် ဆက်သွယ်ရေးပစ္စည်းရောင်းမှု၊ ဝယ်မှု၊ ငှားရမ်းမှုတစ်ခုခုတွင်သော်လည်းကောင်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် အကျိုးသက်ဆိုင်နေပါက မိမိမည်သို့အကျိုးသက်ဆိုင်ကြောင်းကို ယင်းကိစ္စအတွက် အစည်းအဝေးမကျင်းပမီဖြစ်စေ၊ ကျင်းပသည့်အခါဖြစ်စေ ဒါရိုက်တာအဖွဲ့သို့ ထုတ်ဖော်ပြောဆိုရမည်။ ( ခ) ပုဒ်မခွဲ(က) အရ အစည်းအဝေးမကျင်းပမီ ထုတ်ဖော်ကြေညာသည့်အခါ အဆိုပါဒါရိုက်တာအဖွဲ့ဝင်အား အစည်းအဝေးတွင် တက်ရောက်ဆွေးနွေးခွင့်မရှိစေရ။ အကယ်၍ အစည်းအဝေးကျင်းပသည့်အခါ ထုတ်ဖော်ကြေညာခြင်းဖြစ်လျှင် ထိုအစည်းအဝေး၌ အဆိုပါ ဒါရိုက်တာအဖွဲ့ဝင်အား အစည်းအဝေးတွင် ဆွေးနွေးခြင်းနှင့်ဆုံးဖြတ်ခြင်း ပြုရာတွင် ပါဝင်ခွင့်မရှိစေရ။ (ဂ) ဒါရိုက်တာအဖွဲ့သည် ပုဒ်မခွဲ (က) ပါ ကိစ္စတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦးက ငွေရေးကြေးရေး အကျိုးသက်ဆိုင်ခွင့် သို့မဟုတ် အခြားအကျိုးသက်ဆိုင်ခွင့်

ရှိ မရှိ အဆုံးအဖြတ်ပြုနိုင်သည်။ ၁၄။ (က) ဒါရိုက်တာအဖွဲ့ဝင်များ၏ ရာထူးသက်တမ်းနှင့်စပ်လျဉ်း၍

(၁) ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ သက်တမ်းသည် စတင်ခန့်အပ်သည့်

နေ့မှ ငါးနှစ်ဖြစ်ပြီး အမှုဆောင်အရာရှိချုပ်မှအပ ကျန်ဒါရိုက်တာအဖွဲ့ဝင်များ၏

သက်တမ်းသည် စတင်ခန့်အပ်သည့်နေ့မှ လေးနှစ်ဖြစ်သည်။ (၂) အမှုဆောင်အရာရှိချုပ်မှအပ အကြောင်းတစ်စုံတစ်ရာကြောင့် ဒါရိုက်တာအဖွဲ့ဝင်

တစ်ဦးဦး ရာထူးနေရာလစ်လပ်သဖြင့် အစားထိုးခန့်အပ်တာဝန်ပေးသည့်အခါ အဆိုပါပုဂ္ဂိုလ်တစ်ဦးဦး၏ ရာထူးသက်တမ်းသည် မူလရာထူး၏ သက်တမ်းကုန်ဆုံး

သည်အထိ ဖြစ်စေရမည်။ ( ခ) ဒါရိုက်တာအဖွဲ့ဝင်များသည် သာမန်အားဖြင့် ရာထူးသက်တမ်း တစ်ဆက်တည်း

နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်းမရှိစေရ။ သို့ရာတွင် ကော်ပိုရေးရှင်း၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည်အပေါ်မူတည်၍ ဝန်ကြီးဌာနက ဆက်လက်

တာဝန်ပေးအပ်နိုင်သည်။ ။ (ဂ) ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဦးသည် ရာထူးသက်တမ်း ကုန်ဆုံးသော်လည်း ထိုရာထူး

နေရာအတွက် ပုဒ်မ ၉ နှင့် ၁၀ တို့အရ အသစ်ရွေးချယ်ခန့်ထားပြီး လုပ်ငန်းတာဝန်

လွှဲပြောင်းပေးပြီးသည့်အချိန်အထိ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်ရမည်။ ၁၅။ ဝန်ကြီးဌာနသည် ဒါရိုက်တာအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့်စရိတ်တို့ကို သတ်မှတ်ပေးရမည်။ ၁၆။ ဝန်ကြီးဌာနသည် အောက်ပါအကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်သော ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဦးအား ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရာထူးတာဝန်မှရပ်စဲနိုင်သည် – [ (က) ဝန်ကြီးဌာနကရရှိသည့် သတင်းအချက်အလက်အရ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး၏ ရာထူး

တာဝန်နှင့် ထိုက်တန်မှုမရှိကြောင်းတွေ့ရှိခြင်း၊ (ခ) ကော်ပိုရေးရှင်း၏ အကျိုးစီးပွားထိခိုက်စေသော အခြားလုပ်ငန်းတစ်ခုခုကို လက်ခံ

ဆောင်ရွက်ကြောင်း ခိုင်လုံသောအထောက်အထား တွေ့ရှိခြင်း၊ (ဂ) ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းမပြုမီ ကော်ပိုရေးရှင်း၏ ငွေရေးကြေးရေး

သို့မဟုတ် အခြားအကျိုးသက်ဆိုင်ခွင့် တစ်စုံတစ်ရာကို ထိခိုက်စေသည့် လုပ်ဆောင်မှု

တစ်ခုခုပြုလုပ်ခဲ့ကြောင်းပေါ်ပေါက်ခြင်း၊ (ဃ) ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ဒါရိုက်တာအဖွဲ့ အစည်းအဝေးသို့ တက်ရောက်ရန်

တစ်ဆက်တည်း သုံးကြိမ် ပျက်ကွက်ခြင်း၊ (င) အကြောင်းတစ်စုံတစ်ရာကြောင့် ရာထူးတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်စွမ်း

မရှိခြင်း။ ၁၇။ အောက်ပါအကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်လျှင် ဒါရိုက်တာအဖွဲ့ဝင် ရာထူးတာဝန်မှရပ်စဲသည် –

(က) နုတ်ထွက်ခြင်း၊

( ခ) ကွယ်လွန်ခြင်း။ ၁၈။ ဝန်ကြီးဌာနသည် ပုဒ်မ ၁၆ နှင့် ၁၇ တို့ပါ အကြောင်းတစ်ရပ်ရပ်ကြောင့် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦး ရာထူးနေရာလစ်လပ်သည့်အခါ ထိုရာထူးနေရာအတွက် ပုဒ်မ ၉ နှင့် ၁၀ တို့ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ လစ်လပ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဖြည့်စွက်ခန့်ထားရမည်။ ၁၉။ ဒါရိုက်တာအဖွဲ့၏ ဆောင်ရွက်ချက်များသည် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦး လစ်လပ်၍သော် လည်းကောင်း၊ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦး ခန့်ထားရာတွင် ချို့ယွင်းချက်တစ်ခုခုရှိ၍သော်လည်းကောင်း ပျက်ပြယ်ခြင်း မရှိစေရ။ ၂၀။ ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးများကျင်းပခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်းတို့နှင့်စပ်လျဉ်း၍ သတ်မှတ် ထားသည့် နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း (၅) ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ ၂၁။ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည် – (က) နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် ကော်ပိုရေးရှင်းက

ဆောင်ရွက်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ ဈေးကွက်စီးပွားရေး

စနစ်နှင့်အညီ လုပ်ကိုင်နိုင်ရန် မူဝါဒများချမှတ်ခြင်း၊ (ခ) ကော်ပိုရေးရှင်း၏ငွေကြေးသုံးစွဲမှု၊ ပေးချေမှုစနစ်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ

စီမံခန့်ခွဲမှုစနစ်တို့ကို သွက်လက်မြန်ဆန်စွာ ဆောင်ရွက်လုပ်ကိုင်နိုင်စေရန် လမ်းညွှန်ခြင်း၊ (ဂ) နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများနှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ မရွှေ့မပြောင်းနိုင်သော

ပစ္စည်းများကို အလေအလွင့်၊ အဆုံးအရှုံး၊ အပျက်အစီးနှင့် အပျောက်အရှမရှိအောင် ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို စိစစ်ခြင်းနှင့် ကြီးကြပ်ခြင်း၊ (ဃ) ပြည်တွင်းပြည်ပ၌ ကော်ပိုရေးရှင်း၏ ဆက်သွယ်ရေးဝန်ဆောင်မှု ရုံးခွဲများ ဖွင့်လှစ်

ဆောင်ရွက်ခြင်း၊ (င) ကော်ပိုရေးရှင်းက ဆောင်ရွက်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍

လိုအပ်ပါက အကြံပေးပုဂ္ဂိုလ်များကို ခန့်အပ်ခြင်းနှင့် ၎င်းတို့အတွက်ချီးမြှင့်ငွေနှင့် စရိတ်တို့

သတ်မှတ်ပေးခြင်း၊ (စ) ကော်ပိုရေးရှင်းက ဆောင်ရွက်နေသည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုလုံး၏

အောင်မြင်မှုနှင့် ဆုံးရှုံးမှုတို့ကို တာဝန်ခံ၍ဆောင်ရွက်ခြင်း၊ (ဆ) ကော်ပိုရေးရှင်း၏ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအဝဝကို ဝန်ကြီးဌာနသို့ တာဝန်ခံ၍

ဆောင်ရွက်ခြင်း၊ ( ဇ ) နိုင်ငံတော်ကလွှဲအပ်ပေးသည့်ငွေကြေးနှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မရွှေ့မပြောင်း

နိုင်သော ပစ္စည်းများကိုရယူခွင့်၊ လက်ဝယ်ထားပိုင်ခွင့်နှင့် အသုံးပြုပိုင်ခွင့်ရှိခြင်း၊ (ဈ) ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကိစ္စများကို ကော်ပိုရေးရှင်း၏ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ

ဆောင်ရွက်မှု ရှိ မရှိ စိစစ်ခြင်းနှင့် ကြီးကြပ်ခြင်း၊ (ည) ဝန်ကြီးဌာနက အခါအားလျော်စွာပေးအပ်သည့် အခြားလုပ်ငန်းတာဝန်များကို

ဆောင်ရွက်ခြင်း။ ၂။ ဒါရိုက်တာအဖွဲ့သည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် အောက်ပါတို့ကို လုပ်ပိုင်ခွင့်ရှိသည်(က) ကော်ပိုရေးရှင်း၏ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်

လိုအပ်သော ငွေကြေးအရင်းအနှီးများကို ပြည်တွင်းပြည်ပရှိ ဘဏ်များနှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ ဥပဒေနှင့်အညီ ငွေချေးယူခြင်း၊ ပြန်လည်ပေးဆပ်ခြင်း၊ ငွေထုတ်

ချေးခြင်း၊ ပြန်လည်ရယူခြင်းနှင့် အထောက်အပံ့များ ရယူခြင်း၊ ( ခ) နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေးနှင့် အရေးပေါ်ကိစ္စရပ်

များတွင် ငွေကြေးအကျိုးအမြတ်မယူဘဲ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ပေးရသည့်အတွက် သင့်လျော်သည့် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ရရှိရန် ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တည်ဆဲဥပဒေများနှင့်အညီ လျှောက်

ထားခြင်း၊ (ဂ) ကော်ပိုရေးရှင်း၏ စီးပွားရေးလုပ်ဆောင်မှု ပိုမိုအားကောင်းလာစေရေးအတွက် ပြည်တွင်း

ပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် သီးခြားသဘောတူစာချုပ်ချုပ်ဆို၍ ဖက်စပ်ကုမ္ပဏီ (Joint – venture Company) တည်ထောင်လုပ်ကိုင်ခြင်း၊ ပြည်တွင်းပြည်ပမှကုမ္ပဏီများ၊ အဖွဲ့အစည်း

များအား လွှဲပြောင်းရယူခြင်း၊ (ဃ) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ ကော်ပိုရေးရှင်း၏ မတည်ရင်းနှီးငွေများဖြင့်

တည်ထောင်သော လက်အောက်ခံကုမ္ပဏီများကို အများနှင့်မသက်ဆိုင်သော ကုမ္ပဏီ (Private Company) အဖြစ်လည်းကောင်း၊ အများပြည်သူတို့၏ အစုရှယ်ယာများ ဖိတ်ခေါ် ထည့်ဝင်စေပြီး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ (Public Company) အဖြစ် လည်းကောင်း တည်ထောင်လုပ်ကိုင်ဆောင်ရွက်ခြင်း၊ (င) ကော်ပိုရေးရှင်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် ဆက်သွယ်ရေး

ဝန်ဆောင်မှုလုပ်ငန်းအပြင် ယင်းလုပ်ငန်းနှင့်ဆက်စပ်သည့် အခြားဝန်ဆောင်မှုလုပ်ငန်းများနှင့် ထုတ်လုပ်မှုလုပ်ငန်းများကို တည်ဆဲဥပဒေနှင့်အညီ တိုးချဲ့လုပ်ကိုင်ရေးအတွက် လက်အောက်ခံ

ကုမ္ပဏီများ ဖွဲ့စည်းတည်ထောင် လုပ်ကိုင်ခြင်း၊ ( စ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်တွင်းပြည်ပကုမ္ပဏီ၊ အဖွဲ့အစည်းတို့ ဖက်စပ်ဖြစ်စေ၊

အကျိုးတူဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့် ပူးပေါင်း၍ဖြစ်စေ သဘောတူစာချုပ် ချုပ်ဆို၍ လုပ်ကိုင်ခဲ့သည့် လုပ်ငန်းတစ်ရပ်ရပ်ကို ကော်ပိုရေးရှင်းက ဆက်လက်၍ လုပ်ကိုင်

ဆောင်ရွက်ရန်ရှိပါက နှစ်ဘက်သဘောတူညီချက်ဖြင့် မူလချုပ်ဆိုခဲ့သည့် သဘောတူစာချုပ် နှင့်အညီ ဆက်လက်လုပ်ကိုင်ဆောင်ရွက်ခြင်း သို့မဟုတ် မူလချုပ်ဆိုခဲ့သည့် သဘောတူ စာချုပ်ကိုပြင်ဆင်၍ လုပ်ကိုင်ဆောင်ရွက်ခြင်း သို့မဟုတ် လုပ်ငန်း ရပ်ဆိုင်းရန်နှင့် ရပ်စဲရန်

ရှိပါက စာချုပ်ရပ်ဆိုင်းခြင်းနှင့် ရပ်စဲခြင်း၊ (ဆ) ကော်ပိုရေးရှင်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ဆက်သွယ်ရေး

ဝန်ဆောင်မှုနှင့်ဆက်စပ်သည့် လုပ်ငန်းစီမံကိန်းများကို လုပ်ကိုင်ဆောင်ရွက်ရန်

ကော်ပိုရေးရှင်းနှင့် ပြည်တွင်းပြည်ပကုမ္ပဏီ သို့မဟုတ် အဖွဲ့ အစည်းတို့ သဘောတူ

စာချုပ်ချုပ်ဆိုခြင်း၊ စာချုပ်ရပ်ဆိုင်းခြင်းနှင့် ရပ်စဲခြင်း၊ ( ဇ ) နည်းပညာတိုးတက်ပြောင်းလဲမှုအရ ခေတ်မမီသော သို့မဟုတ် သက်တမ်းမကုန်သေးသော

ဆက်သွယ်ရေးပစ္စည်းများအား သတ်မှတ်ချက်များနှင့်အညီ အစားထိုးလဲလှယ်ခြင်း

သို့မဟုတ် စာရင်းရှင်းလင်း ပယ်ဖျက်ခြင်း၊ (ဈ) ကော်ပိုရေးရှင်း၏ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများအတွက် လုပ်အားခများကို

သတ်မှတ်ချက်များနှင့်အညီသတ်မှတ်ခြင်းနှင့် ထိုသတ်မှတ်ချက်ကို ပြင်ဆင်ခြင်း၊ (ည) ဆက်လက်ဆောင်ရွက်ရန် မလိုအပ်သော ကော်ပိုရေးရှင်း၏ ဆက်သွယ်ရေးဝန်ဆောင်မှု

လုပ်ငန်းတစ်ရပ်ရပ်ကို တည်ဆဲဥပဒေများနှင့်အညီ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း။ ၂၃။ ဒါရိုက်တာအဖွဲ့သည် စက်ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းအပ်နှံခြင်းတို့နှင့်စပ်လျဉ်းသည့် စာချုပ် စာတမ်းများ၊ ကုန်ဝယ်အမှာစာများနှင့် ပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ) တွင် အကျုံးမဝင်သော စာချုပ်စာတမ်းများနှင့် ပတ်သက်၍ ကော်ပိုရေးရှင်းက ဆက်လက်၍လုပ်ကိုင်ဆောင်ရွက်ရန်ရှိပါက နှစ်ဖက်သဘောတူညီချက်ဖြင့် ဆက်လက်လုပ်ကိုင်ဆောင်ရွက်ခြင်း သို့မဟုတ် ပြင်ဆင်၍ လုပ်ကိုင်ဆောင်ရွက်ခြင်း သို့မဟုတ် လုပ်ငန်း ရပ်ဆိုင်းရန်နှင့် ရပ်စဲရန်ရှိပါက လုပ်ငန်းရပ်ဆိုင်းခြင်းနှင့် ရပ်စဲခြင်း ပြုနိုင်သည်။

အခန်း (၆)

ကော်ပိုရေးရှင်း၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ ၂၄။ ကော်ပိုရေးရှင်း၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်[ (က) အမှုဆောင်အရာရှိချုပ်၏ ကြီးကြပ်စီမံခန့်ခွဲမှုဖြင့်လုပ်ငန်းများကို စနစ်တကျ

အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ (ခ) ဝင်ငွေနှင့်အကျိုးအမြတ် တိုးပွားစေရေးအတွက် နိုင်ငံတကာမှ ကျင့်သုံးလျက်ရှိသည့် | ခေတ်မီကောင်းမွန်သော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို လေ့လာ၍ ကျင့်သုံး

ဆောင်ရွက်ခြင်း၊ (ဂ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်

ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းအဖွဲ့များကို သင့်လျော်သော ပုဂ္ဂိုလ်များဖြင့်

ဖွဲ့စည်းတာဝန်ပေးအပ်၍ ဆောင်ရွက်စေခြင်း ၊ (ဃ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်

ဆောင်ရွက်နိုင်ရေးအတွက် အပြန်အလှန်ထိန်းကျောင်းမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာစေရန် ဝန်ထမ်းများအား ၆ လတစ်ကြိမ် အရည် အသွေးနှင့်

လုပ်ဆောင်ချက် ရလဒ်အညွှန်းကိန်းဖြင့် (Key Performance Indicator) စစ်ဆေးခြင်း၊ (c) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို

အထောက်အကူပြုနိုင်ရန် သုတေသနဌာန ဖွင့်လှစ်၍ စူးစမ်းရှာဖွေမှုများနှင့် သုတေသန

လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ (စ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုဆိုင်ရာ

အသိပညာ၊ အတတ်ပညာနှင့်နည်းပညာများ ကျွမ်းကျင်တတ်မြောက်ရေးအတွက် | လိုအပ်သောသင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ လေ့ကျင့်ခြင်းနှင့် ပြည်ပသို့ ပညာတော်သင်

များစေလွှတ်ခြင်း၊ (ဆ) ဆက်သွယ်ရေးဝန်ဆောင်မှုများကိုအများပြည်သူက လွယ်ကူအဆင်ပြေချောမွေ့စွာ

ရယူအသုံးပြုနိုင်ရေးအတွက် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ စီစဉ်ဆောင်ရွက်ခြင်း၊ ( ဇ) နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို အထောက်အကူ

ဖြစ်စေရေးအတွက် ယင်းလုပ်ငန်းများ၏ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုအပ်

ချက်ကို ညှိနှိုင်း၍ ဖြည့်ဆည်းပေးခြင်း၊ (ဈ) ဆက်သွယ်ရေးအခြေစိုက်စခန်းများကို လုပ်ငန်းလိုအပ်ချက်နှင့်အညီ ဖွင့်လှစ်ခြင်း၊ တိုးချဲ့ခြင်း၊

ပြုပြင်ပြောင်းလဲခြင်း၊ ပြောင်းရွှေ့ခြင်းနှင့် မလိုအပ်ပါက ပိတ်သိမ်းထားခြင်း၊ (ည) ဆက်သွယ်ရေးလမ်းကြောင်းများကို လုပ်ငန်းလိုအပ်ချက်နှင့်အညီ တည်ဆောက်ခြင်း၊

ထိန်းသိမ်းခြင်း၊ တိုးချဲ့ခြင်း၊ ပြုပြင်ခြင်း၊ လျှော့ချခြင်း၊ ပြောင်းရွှေ့ခြင်းနှင့် မလိုအပ်ပါက

ပိတ်သိမ်းထားခြင်း၊ (ဋ) ဆက်သွယ်ရေးအခြေစိုက်စခန်းများက တာဝန်ခံ၍လုပ်ဆောင်နိုင်သော အခြားဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းများကိုဆောင်ရွက်ခြင်း၊ ( ဌ ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းစီမံချက်များကို ဒါရိုက်တာအဖွဲ့မှတစ်ဆင့် ဝန်ကြီး

ဌာနသို့ နှစ်စဉ်တင်ပြခြင်း၊ (ဍ) ကွန်ရက်အထောက်အကူပြုပစ္စည်းနှင့် ဆက်သွယ်ရေးပစ္စည်းများထုတ်လုပ်ခြင်း၊ ဖြန့်ချိခြင်း၊

ရောင်းချခြင်းတို့ကို ဆောင်ရွက်ခြင်း၊ (ဎ) ကော်ပိုရေးရှင်းက ဆောင်ရွက်လျက်ရှိသည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့်

အခြားလုပ်ငန်းများကို စစ်ဆေးခြင်း၊ ကြည့်ရှုခြင်း၊ ယင်းလုပ်ငန်းတစ်ရပ်ရပ်နှင့် သက်ဆိုင်သူများကို ဆင့်ဆို၍စစ်မေးခြင်း၊ လိုအပ်သည့်အထောက်အထားများကို တင်ပြစေခြင်း၊ လိုအပ်ပါက ထိုသို့ဆောင်ရွက်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍

တာဝန်ပေးခြင်း၊ (ဏ) ဒါရိုက်တာအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်အုပ်ချုပ်ရေး၊ တရားဥပဒေ

စိုးမိုးရေးနှင့် အရေးပေါ်ကိစ္စရပ်များတွင် ငွေကြေးအကျိုးအမြတ်မယူဘဲ ဆက်သွယ်ရေး

ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ (တ) ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊

ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်လည်းကောင်း၊ ယင်းအဖွဲ့ အစည်းဝင် နိုင်ငံများနှင့် လည်းကောင်း၊ နှစ်နိုင်ငံသဘောတူညီထားသည့် စာချုပ်ဝင်နိုင်ငံများနှင့်လည်းကောင်း

ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း။ ကော်ပိုရေးရှင်း၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်(က) ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများအတွက်ဝန်ဆောင်ခများ၊ ကွန်ရက်ချိတ်ဆက်ခများ၊

အခြားအခကြေးငွေနှုန်းထားများကို ဆက်သွယ်ရေးဥပဒေနှင့်အညီ သတ်မှတ်နိုင်ရန်အတွက်

အဆိုပြုခြင်း၊ ( ခ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် ပြည်တွင်းပြည်ပမှ ဝန်ထမ်းများ၊

အကြံပေးများ၊ ကျွမ်းကျင်သောပညာရှင်များကို သတ်မှတ်ချက်များနှင့်အညီခန့်အပ်ခြင်း၊

ငှားရမ်းခြင်း၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများ ပေးအပ်ခြင်း၊ (ဂ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအောင်မြင်စေရန် စီးပွားရေးလုပ်ငန်းဆိုင်ရာ

ကိစ္စရပ်များကို လွတ်လပ်စွာဆုံးဖြတ်ချက်ချမှတ်၍ ဆောင်ရွက်ခြင်း၊ (ဃ) ဝန်ထမ်းများအတွက် အလုပ်ချိန်များ၊ ခွင့်ရက်ခံစားခွင့်များ၊ အလုပ်ခွင်စည်းမျဉ်းနှင့်

စည်းကမ်းများကို အလုပ်သမားဆိုင်ရာဥပဒေများနှင့်အညီ သတ်မှတ်ဆောင်ရွက်ခွင့်ရှိခြင်း၊ (င) သက်တမ်းအရ ပယ်ဖျက်ရမည့် ကော်ပိုရေးရှင်းပိုင်ပစ္စည်းများကို သတ်မှတ်ချက်များနှင့်

အညီ စာရင်းရှင်းလင်းပယ်ဖျက်ခြင်း၊ ( စ) ကော်ပိုရေးရှင်းပိုင်ဆိုင်သော သို့မဟုတ် ခွင့်ပြုချက်ရရှိထားသော အသိဉာဏ်ပစ္စည်း ဆိုင်ရာ

မူပိုင်ခွင့်များ ( Intellectual Property Rights ) အား ကော်ပိုရေးရှင်း၏ ခွင့်ပြုချက်

မရှိဘဲ အသုံးပြုသူကို တရားစွဲဆိုခြင်း၊ (ဆ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပကုမ္ပဏီ၊

အဖွဲ့ အစည်း သို့မဟုတ် ပုဂ္ဂိုလ်အား လုပ်ငန်းအပ်နှံဆောင်ရွက်ခြင်း။ အခန်း (၇) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခြင်း

၂၆။ ကော်ပိုရေးရှင်းသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်လိုပါက ဆက်သွယ်ရေးဥပဒေနှင့်အညီ လုပ်ငန်းလိုင်စင်ရယူ၍ ဆောင်ရွက်ရမည်။ ၂၇။ ကော်ပိုရေးရှင်းသည် သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်နိုင်သည် – (က) လက်အောက်ခံကုမ္ပဏီ သီးခြားတည်ထောင်၍ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့်

ဆက်စပ်သည့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း၊ ( ခ) မိမိပိုင်ပစ္စည်းများနှင့် လုပ်ကိုင်ခွင့်ရရှိသောပစ္စည်းများကို ဒါရိုက်တာအဖွဲ့၏ သဘော

တူညီချက်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်ဆက်စပ်သည့် အခြားစီးပွားရေးလုပ်ငန်း

များတွင် ရင်းနှီးမြှုပ်နှံခြင်း။ ၂၈။ ကော်ပိုရေးရှင်းသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်အလို့ငှာ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့်သဘောတူစာချုပ် ချုပ်ဆို၍ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်ရပ်ကို တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (Build Operate Transfer- BOT) စနစ် စသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်သည့် စနစ်တစ်မျိုးမျိုးဖြင့်လုပ်ကိုင်ရန် စီမံချက်ရေးဆွဲ၍ ဝန်ကြီးဌာန၏ အတည်ပြုချက်ရယူပြီး ဆောင်ရွက်နိုင်သည်။

အခန်း(၈)

ဝန်ထမ်းရေးရာကိစ္စများ ၂၉။ (က) ကော်ပိုရေးရှင်းသည် မိမိဝန်ထမ်းများ၏အရည်အချင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်း

အမျိုးအစား၊ ဝန်ထမ်းတစ်ဦးချင်းတာဝန်ခွဲဝေပုံနှင့် တာဝန်ခံမှုတို့ကို ဖွဲ့စည်းပုံအရ

လိုအပ်သလို သတ်မှတ်ထားရှိရမည်။ ) (ခ) ကော်ပိုရေးရှင်း၏ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်း မဖြစ်စေရ။ ၃၀။ ဝန်ကြီးဌာနသည် – (က) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်ခဲ့သောဝန်ထမ်းများက

ဤဥပဒေအရဖွဲ့စည်းသော ကော်ပိုရေးရှင်းသို့ ၎င်းတို့ဆန္ဒအရ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်သည့်အခါ ယင်းဝန်ထမ်းများ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန် ထမ်းဆောင်ခဲ့စဉ်က ရာထူးတာဝန်နှင့် ရပိုင်ခွင့်အောက် လျော့နည်းခြင်းမရှိစေရန်

ညှိနှိုင်းဆောင်ရွက်ပေးရမည်။ (ခ) ကော်ပိုရေးရှင်းသို့ ပြောင်းရွှေ့ ထမ်းဆောင်ရန် ဆန္ဒမပြုသောဝန်ထမ်းများကို မိမိ၏

ဝန်ကြီးဌာနလက်အောက်ရှိသင့်လျော်သည့်ဌာန၊ အဖွဲ့အစည်းတစ်ခုခုသို့ဖြစ်စေ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အခြားပြည်ထောင်စုဝန်ကြီးဌာန လက်အောက်ရှိသင့်လျော်သည့်ဌာန၊ အဖွဲ့အစည်းတစ်ခုခုသို့ဖြစ်စေ ပြောင်းရွှေ့နေရာ

ချထားပေးနိုင်သည်။ (ဂ) ကော်ပိုရေးရှင်းသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ဆန္ဒမပြုသည့်အပြင် ပုဒ်မခွဲ (ခ) အရ

သင့်လျော်သည့်ဌာန၊ အဖွဲ့ အစည်းတစ်ခုခုသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ဆန္ဒမပြုလျှင်သော်လည်းကောင်း၊ အခြားဌာန၊ အဖွဲ့အစည်းတစ်ခုခုသို့ ပြောင်းရွှေ့နေရာ ချထားခြင်း မပြုနိုင်လျှင်သော်လည်းကောင်း ထိုဝန်ထမ်းများအား တည်ဆဲဥပဒေနှင့်အညီ

လျော်ကြေးပင်စင် ခံစားခွင့်ပြုရမည်။ ၃၁။ ဝန်ကြီးဌာနသည် – (က) အောက်ပါကိစ္စရပ်များအတွက် ကော်ပိုရေးရှင်း၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံစေရန်စီစဉ်

ဆောင်ရွက်ပေးရမည်(၁) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့်များ၊ (၂) ဤဥပဒေအရဖွဲ့စည်းသည့် ကော်ပိုရေးရှင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သော

ဝန်ထမ်းများအတွက် လုပ်သက်ဆုငွေ၊ ချီးမြှင့်ငွေ၊ အငြိမ်းစားလစာနှင့် အငြိမ်းစား

ယူမှုဆိုင်ရာကိစ္စများ ၊ (၃) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြည်ပချေးငွေပြန်လည်ပေးဆပ်ရန်တာဝန်များ။ (ခ) ကော်ပိုရေးရှင်းအတွက် လုပ်ငန်းလည်ပတ်ရန်လိုအပ်သော ကနဦးမတည်ရင်းနှီးငွေကို

ကော်ပိုရေးရှင်းက အဆိုပြုတင်ပြစေပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်၍

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ တောင်းခံရမည်။ ၃၂။ အမှုဆောင်အရာရှိချုပ်သည် ဒါရိုက်တာအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ – (က) ကော်ပိုရေးရှင်း၏ ဝန်ထမ်းများအားခန့်အပ်ရာတွင် အလုပ်ခန့်ထားမှုဆိုင်ရာသဘော

တူညီချက်စာချုပ် ချုပ်ဆိုခြင်းကို တည်ဆဲအလုပ်သမားဆိုင်ရာဥပဒေနှင့်အညီဆောင်ရွက်

ရမည်။ (ခ) ဝန်ထမ်းဖွဲ့စည်းပုံအရ ခန့်အပ်တာဝန်ပေးခြင်း၊ အရည်အချင်းသတ်မှတ်ခြင်း၊ ဝန်ထမ်းများ၏

လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများ၊ ဝန်ထမ်းစည်းကမ်းများ၊ ရာထူးတိုးမြှင့်ပေးခြင်း၊

ပြောင်းရွှေ့ခြင်း၊ အနားယူခွင့်ပေးခြင်း၊ နုတ်ထွက်ခွင့်ပြုခြင်း၊ အရေးယူအပြစ်ပေးခြင်းနှင့် ရာထူးမှဖယ်ရှားခြင်းစသည့် ဝန်ထမ်းရေးရာကိစ္စများကို သတ်မှတ်ချက်များနှင့်အညီ

ဆောင်ရွက်ရမည်။ ၃၃။ ကော်ပိုရေးရှင်းသည် – [ (က) ကော်ပိုရေးရှင်းဝန်ထမ်းများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ ဥပဒေနှင့်အညီ ရရှိရေးအတွက်

စီစဉ်ဆောင်ရွက်ပေးရမည်။ (ခ) ကော်ပိုရေးရှင်းဝန်ထမ်းများအား ခေတ်မီဆန်းသစ်သော ဆက်သွယ်ရေးဝန်ဆောင်မှု

နည်းပညာများ တတ်မြောက်စေရေးအတွက် ပြည်တွင်းပြည်ပ၌ ကျင်းပသောအခမ်း အနားများ၊ ဆွေးနွေးပွဲများနှင့် သင်တန်းများ တက်ရောက်လေ့လာဆည်းပူးစေရန်စီစဉ်

ဆောင်ရွက်ပေးရမည်။ (ဂ) ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကော်ပိုရေးရှင်းဝန်ထမ်းများကို မှတ်ပုံတင်၍

ထည့်ဝင်ကြေးငွေပေးသွင်းပြီး အာမခံထားရှိရေး၊ အလုပ်တွင်ထိခိုက်မှု အာမခံအကျိုးခံစားခွင့် ရရှိရေးနှင့် အခြားလူမှုဖူလုံရေး အကျိုးခံစားခွင့်တို့အတွက် လူမှုဖူလုံရေးအဖွဲ့နှင့်ညှိနှိုင်း

ဆောင်ရွက်ရမည်။ ) (ဃ) ကော်ပိုရေးရှင်း၏ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဌာနအသီးသီးရှိ တာဝန်ခံ

ဝန်ထမ်းများက ၎င်းတို့တာဝန်ယူဆောင်ရွက်သည့်လုပ်ငန်း၏ အောင်မြင်မှုနှင့်ဆုံးရှုံးမှုတို့ကို တာဝန်ခံစေရန် စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်းတို့ပြုရမည်။

အခန်း(၉)

ဆုကြေးငွေချီးမြှင့်ခြင်း ၃၄။ အမှုဆောင်အရာရှိချုပ်သည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်အပေါ်တွင်လည်းကောင်း၊

ကော်ပိုရေးရှင်း၏ လုပ်ငန်းအောင်မြင်မှုအပေါ်တွင်လည်းကောင်း သတ်မှတ်ထားသည့် စံချိန်စံညွှန်း များနှင့်အညီ တွက်ချက်ထားသောဆုကြေးကို ဒါရိုက်တာအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆုကြေးရန်ပုံငွေမှ ခံစားခွင့်ပြုနိုင်သည်။

အခန်း (၁၀)

ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့် စာရင်းများ

၃၅။ ကော်ပိုရေးရှင်းသည် အောက်ပါရငွေများဖြင့် မိမိ၏ဘဏ္ဍာရန်ပုံငွေကို ဝန်ကြီးဌာန၏သဘော တူညီချက်ဖြင့် ထူထောင်ထားရှိရမည် – (က) ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် နိုင်ငံတော်က ကနဦးမတည်ထုတ်ပေး

ထားသော ရင်းနှီးငွေများ၊ (ခ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် ပြည်တွင်းပြည်ပရှိငွေကြေးများ၊ ရန်ပုံငွေများ၊

နိုင်ငံခြားသုံးငွေများ၊ သက်ဆိုင်ရာလုပ်ငန်းများသို့ ကြိုတင်ထုတ်ပေးငွေများ၊ ကြွေးမြီများ၊ ငွေကြေးဆိုင်ရာအခြားအခွင့်အရေးများ၊ အဆိုပါပိုင်ဆိုင်မှုများမှဆင့်ပွားဖြစ်လာသည့် အတိုးရငွေနှင့် အကျိုးအမြတ်များ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ရှယ်ယာများ၊ ချေးငွေ စာချုပ်များ၊

ချေးငွေပေးထားသည့် ဒီဗင်ချာများ၊ အာမခံလုပ်ငန်းနှင့် သက်ဆိုင်သည့်ငွေများ၊ (ဂ) စုဆောင်းငွေမှ အတိုးရငွေများ၊ (ဃ) ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းနှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းတစ်ခုခုတွင် ရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်ရာမှရရှိသော အကျိုးအမြတ်များ။ ၃၆။ ကော်ပိုရေးရှင်းသည် – (က) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှလွှဲပြောင်းရယူမည့် နိုင်ငံတော်၏ ပုံသေပိုင်ပစ္စည်းများအား

ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်အရ စာရင်းရှိတန်ဖိုး (Book Value) ဖြင့် ခန့်မှန်းတန်ဖိုးတွက်ချက်၍ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအဖြစ် နိုင်ငံတော်က

မတည်ထုတ်ပေးထားသော ရင်းနှီးငွေများတွင် ထည့်သွင်းဖော်ပြထားရမည်။ ) ( ခ) မိမိပိုင်မတည်ငွေရင်းများဖြင့် အများနှင့်မသက်ဆိုင်သော ကုမ္ပဏီကိုဖြစ်စေ၊ အများနှင့်

သက်ဆိုင်သောကုမ္ပဏီကိုဖြစ်စေ၊ ဖက်စပ်ကုမ္ပဏီကိုဖြစ်စေ တည်ထောင်သည့်အခါ မိမိ ထည့်ဝင်သည့် မတည်ငွေရင်းများကို ကာလပေါက်ဈေးတန်ဖိုး (Market Value) ဖြင့် တန်ဖိုး

သင့်၍ ဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့် ထည့်ဝင်ရမည်။ (ဂ ) နှစ်စဉ်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းစီမံချက်နှင့် အရအသုံးခန့်မှန်းခြေငွေစာရင်းတို့ကို

ရေးဆွဲပြီး ဒါရိုက်တာအဖွဲ့၏ အတည်ပြုချက်ဖြင့် ဝန်ကြီးဌာနသို့ပေးပို့၍ စီမံချက်

နှင့်အညီ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည်။ (ဃ) ဘဏ္ဍာရေးနှစ်အလိုက် စုစုပေါင်းရငွေသုံးငွေများအား ပြည်ထောင်စု၏ဘဏ္ဍာငွေ

အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ

ဥပဒေနှင့်အညီ သီးခြားထည့်သွင်း၍ ဖော်ပြရမည်။ ) (င) ရငွေသုံးငွေများကို ပြည်တွင်းပြည်ပဘဏ်များတွင် ဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့်

ပြည်ထောင်စုအစိုးရအဖွဲ့ ကအတည်ပြုသည့် ကော်ပိုရေးရှင်း၏ ဘဏ္ဍာရေးစည်းမျဉ်း

နှင့်အညီ ဘဏ်စာရင်းများကို ဖွင့်လှစ်ထားရှိရမည်။ (စ) မိမိရရှိသောနိုင်ငံခြားသုံးငွေကို ဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့် ပြည်ထောင်စု

အစိုးရအဖွဲ့က အတည်ပြုသည့် ကော်ပိုရေးရှင်း၏ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ထုတ်ယူ

သုံးစွဲခွင့်ရှိသည်။ (ဆ) မိမိလက်အောက်ရှိ လုပ်ငန်းအုပ်စုအလိုက်လည်းကောင်း၊ လုပ်ငန်းတစ်ခုချင်းအလိုက်

လည်းကောင်း ရငွေသုံးငွေအခြေအနေများပေါ်လွင်စေရန် သီးခြားငွေစာရင်းများ ဖွင့်လှစ်

ထားရှိရမည်။ ( ဇ ) တည်ဆဲအခွန်အကောက်ဥပဒေအရ မိမိ၏ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအတွက်

ကင်းလွတ်ခွင့် သို့မဟုတ် လျှော့ပေါ့ခွင့်မပြုသော ကျသင့်သည့်အခွန်အခများကို ပေးသွင်း

ရမည်။ ၃၇။ ကော်ပိုရေးရှင်းသည် အခွန်အကောက်များနှင့် နိုင်ငံတော်သို့ အမြတ်ငွေခွဲဝေပေးသွင်းပြီးနောက်

အောက်ပါရန်ပုံငွေများကို မိမိအသားတင်ပိုလျှံငွေထဲမှဖြစ်စေ၊ ဝန်ထမ်း၏စုဆောင်းငွေမှဖြစ်စေ လျာထား သတ်မှတ်၍ သီးခြားစီထူထောင်ထားရှိနိုင်သည် –

(က) လုပ်သက်ဆုကြေးရန်ပုံငွေ၊ ( ခ) ဖွံ့ဖြိုးမှုရန်ပုံငွေ၊ (ဂ) တန်ဖိုးယုတ်လျော့မှုရန်ပုံငွေ၊ (ဃ) အိုနာစာရန်ပုံငွေ၊ (င) သက်သာချောင်ချိရေးရန်ပုံငွေ၊ ( စ) ဆုကြေးရန်ပုံငွေ၊

(ဆ) အခြားလိုအပ်သောရန်ပုံငွေ။ ၃၈။ ကော်ပိုရေးရှင်းသည် – (က) ဝန်ကြီးဌာနက သတ်မှတ်ထားသည့်အတိုင်း သာမန်အသုံးစရိတ်အောက်တွင် ပုဒ်မ ၃၇၊ ၊ ပုဒ်မခွဲ(ဂ)အရ ထူထောင်သည့် တန်ဖိုးယုတ်လျော့မှုရန်ပုံငွေကို နှစ်စဉ်သီးခြားလျာထား

သတ်မှတ်ထားရှိရမည်။ (ခ) ဝန်ထမ်းများ၏စုဆောင်းငွေများနှင့် မိမိ၏အသားတင်ပိုလျှံငွေထဲမှ အချိုးကျထည့်ဝင်ငွေဖြင့်

ဝန်ထမ်းများအလုပ်မှ အနားယူသည့်အခါ အထောက်အပံ့ပေးနိုင်ရန် ပုဒ်မ ၃၇၊ ပုဒ်မခွဲ (ဃ)

အရထူထောင်သည့် အိုနာစာရန်ပုံငွေဖြင့် စီမံဆောင်ရွက်နိုင်သည်။ ၃၉။ ကော်ပိုရေးရှင်းသည် ဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့် လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်ရေးအတွက် ပြည်တွင်းပြည်ပဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ငွေချေးယူဆောင်ရွက်နိုင်သည်။ ၄၀။ ကော်ပိုရေးရှင်းသည် အောက်ပါစာရင်းများကို ဒါရိုက်တာအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ တင်ပြရမည် –

(က) ဝန်ထမ်းအင်အားစာရင်း၊ ( ခ) ငွေသားအခြေအနေ၊ (ဂ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းစာရင်း၊ (ဃ) ပိုင်ဆိုင်သည့်ပစ္စည်းစာရင်းနှင့်တန်ဖိုးစာရင်း၊ (င) အရှုံးအမြတ်စာရင်း၊

( စ) လက်ကျန်ရှင်းတမ်း။ ၄၁။ ကော်ပိုရေးရှင်းသည် – (က) ဌာနတွင်း ဘဏ္ဍာရေးကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း၍ ဝင်ငွေထွက်ငွေနှင့်စပ်လျဉ်းပြီး စစ်ဆေး

ကြီးကြပ်စေရမည်။ ) (ခ) ဌာနတွင်းစာရင်းစစ်အဖွဲ့ဖွဲ့စည်း၍ ကော်ပိုရေးရှင်း၏ ဘဏ္ဍာရေး အရအသုံးစာရင်းများကို

ပုံမှန်စစ်ဆေးမှုများပြုလုပ်စေရမည်။ ထို့ပြင်ဌာနတွင်း စာရင်းစစ်အဖွဲ့၏ စာရင်းစစ်ဆေးမှု အစီရင်ခံစာကို ပြင်ပမှစာရင်းစစ်ဆေးမှုမပြုလုပ်မီ ဌာနတွင်းဘဏ္ဍာရေး ကြီးကြပ်ရေး အဖွဲ့ကစိစစ်ပြီး ဒါရိုက်တာအဖွဲ့သို့ တင်ပြစေရမည်။ (ဂ) မိမိ၏ နှစ်ချုပ်စာရင်းစစ်အစီရင်ခံစာကို ဒါရိုက်တာအဖွဲ့မှတစ်ဆင့် ဝန်ကြီးဌာနသို့ နှစ်စဉ်

တင်ပြရမည်။ ၄၂။ ကော်ပိုရေးရှင်းသည်(က) မိမိ၏ ဘဏ္ဍာငွေအရ အသုံးစာရင်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အတည်

ပြုသည့် မြန်မာနိုင်ငံစာရင်းကောင်စီတွင် မှတ်ပုံတင်ထားသောစာရင်းစစ်အဖွဲ့တစ်ခုခု၏

စစ်ဆေးမှုကို ခံယူရမည်။ (ခ) ပုဒ်မခွဲ(က)အရ တာဝန်ပေးအပ်ထားသည့် စာရင်းစစ်အဖွဲ့၏ စာရင်းစစ်ဆေးမှု

အစီရင်ခံစာကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ တင်ပြရမည်။ ၄၃။ ကော်ပိုရေးရှင်းသည် မိမိလုပ်ငန်းမှရရှိလာသော အသားတင်အမြတ်ငွေအနက်မှ ပြည်ထောင်စု အစိုးရအဖွဲ့က နှစ်စဉ်သတ်မှတ်ပေးသည့် အမြတ်ဝေစုကိုလည်းကောင်း၊ တည်ဆဲဥပဒေအရ ကျသင့်သည့် အခွန်အခများကိုလည်းကောင်း နိုင်ငံတော်သို့ ပေးသွင်းရမည်။

အခန်း (၁၁)

အထွေထွေ ၄၄။

အမှုဆောင်အရာရှိချုပ်သည် ဤဥပဒေအရ ကော်ပိုရေးရှင်းကဆောင်ရွက်သည့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကိုလည်းကောင်း၊ ယင်းလုပ်ငန်းနှင့်ဆက်စပ်သည့် အခြားစီးပွားရေးလုပ်ငန်းအဝဝ ကိုလည်းကောင်း ဒါရိုက်တာအဖွဲ့သို့တာဝန်ခံ၍ ဆောင်ရွက်ရမည်။ ၄၅။ ဒါရိုက်တာအဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေနှင့်စရိတ်တို့ကို ကော်ပိုရေးရှင်း၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံရမည်။ ၄၆။ ဒါရိုက်တာအဖွဲ့ဝင်များနှင့် ကော်ပိုရေးရှင်း၏ဝန်ထမ်းများသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပေးအပ်သောတာဝန်ကို ဆောင်ရွက်နေသည့်အချိန်တွင် ရာဇသတ်ကြီး ပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်း ဖြစ်သည်ဟု မှတ်ယူရမည်။ ၄၇။ ကော်ပိုရေးရှင်းကဖြစ်စေ၊ ကော်ပိုရေးရှင်းနှင့်ပူးပေါင်းဖွဲ့စည်းသည့်ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ်ကဖြစ်စေ ရရန်ပိုင်ခွင့်နှင့် တရားဝင်ဆောင်ရွက်ပိုင်ခွင့်တို့အတွက် တရားမကြောင်းဖြင့်စွဲဆိုသော အမှုများသည် ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား၊ အပိုဒ် ၁၄၉ နှင့် သက်ဆိုင်စေရမည်။ ၄၈။ ကော်ပိုရေးရှင်းပိုင် ငွေကြေးနှင့်ပစ္စည်းများသည် နိုင်ငံတော်ပိုင်ပစ္စည်းဖြစ်သည်ဟု မှတ်ယူရမည်။ ၄၉။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် – (က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ (ခ) ဝန်ကြီးဌာနသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။ (ဂ) ဒါရိုက်တာအဖွဲ့နှင့် ကော်ပိုရေးရှင်းတို့သည် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ)ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။