၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ
(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၈ ။)
၁၃၈၁ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်
(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အပိုင်း ၁
အမည်နှင့်စတင်အကျိုးသက်ရောက်သည့်နေ့ရက်
၁။ (က) ဤဥပဒေကို ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်။ ( ခ) ဤဥပဒေသည် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်စေရမည်။
အပိုင်း ၂
နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ
အခန်း(၁)
ရငွေများနှင့်သုံးငွေများ ၂။ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြရမည်။ ထိုသို့
ဆောင်ရွက်၍ရသော ရငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်း၍ ထုတ်ပေးရန်ရှိသော သုံးငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။ ၃။ (က) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊
အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာန များနှင့်ဦးစီးဌာနများ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် ဇယား (၁)၊ (၂)၊ (၃) နှင့် (၄) တို့တွင် မိမိနှင့်ယှဉ်တွဲ ဖော်ပြထားသည့်
ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့်သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။ ( ခ) ပုဒ်မခွဲ (က) ပါတာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော
လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်
ဆောင်ရွက်စေနိုင်သည်။ (ဂ) ရငွေများကိုစီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကိုစီမံခန့်ခွဲရာတွင်
လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊
လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရမည်။ ၄။ (က) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊
အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် ဤဥပဒေအရ လျာထားသောရငွေတို့ထက် တိုး၍ဖြစ်စေ၊ လျော့၍ဖြစ်စေ ရသောရငွေ များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲ
ခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ (ခ) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊
အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာန များနှင့် ဦးစီးဌာနများသည် သုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေအရခွင့်ပြုထား
သော သုံးငွေများအတွင်း ငွေစာရင်းခေါင်းစဉ်လွှဲပြောင်း သုံးစွဲသည့်အသုံးစရိတ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပုဒ်မ ၁၁ အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် သုံးစွဲသည့်အသုံးစရိတ်များနှင့် စပ်လျဉ်း၍လည်းကောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း များတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန် နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်း
ဖော်ပြရမည်။ (ဂ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေ၏ ပုဒ်မ ၁၁ အရ ပိုမိုသုံးစွဲရန် ခွင့်ပြုသည့်
ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ ပြည်ထောင်စု
လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရမည်။ ၅။ ပြည်ထောင်စုအစိုးရအဖွဲ့ သည် ဘဏ္ဍာရေးကော်မရှင်နှင့်ညှိနှိုင်းရရှိသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများအရ လိုအပ်သည့်ငွေကို ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေမှ သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းပေးခြင်း၊ အထူးကိစ္စအဖြစ်
ထောက်ပံ့ခြင်း၊ လိုအပ်သည့်ချေးငွေများ ထုတ်ချေးခြင်းတို့ ကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ခွင့်ပြုနိုင်သည်။
အခန်း(၂)
ငွေချေးယူခြင်း ၆။ ပြည်ထောင်စုအစိုးရအဖွဲ့သည် လုပ်ငန်းစီမံချက်များအတွက်ဖြစ်စေ၊ ပြည်ထောင်စု၏အရအသုံး ခန့်မှန်းခြေငွေစာရင်းပါ အသုံးစရိတ်များအတွက်ဖြစ်စေ၊ ပြည်ထောင်စုကတာဝန်ယူရသော ချေးငွေ စာချုပ်များ သို့မဟုတ် အာမခံစာချုပ်များထုတ်ပေးခြင်းဖြင့်လည်းကောင်း၊ အခြားနည်းလမ်းများဖြင့် လည်းကောင်း ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ငွေချေးယူနိုင်သည်။ ထိုသို့ချေးငွေရယူသည့်အခါသင့်သည်ထင်မြင်သည့် အတိုးနှုန်းများသတ်မှတ်နိုင်သည်။ ပြန်ဆပ်ရန်၊ ပြန်ရွေးရန် သို့မဟုတ် အခြားနည်းစီမံရန် စည်းကမ်းချက်များကိုလည်းပြုလုပ်နိုင်သည်။ သို့ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှငွေချေးယူခြင်းအတွက် အတိုးနှုန်းနှင့်လိုအပ်သောစည်းကမ်းချက် များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ညှိနှိုင်းပြီးမှသတ်မှတ်နိုင်သည်။ ၇။ ပြည်ထောင်စုအစိုးရအဖွဲ့က ယခင်ဘဏ္ဍာရေးနှစ်အတွင်း လိုအပ်ငွေများဖြည့်တင်းရန် အာမခံ စာချုပ်များရောင်းချခြင်းဖြင့် ရယူခဲ့သည့်ချေးငွေများနှင့်စပ်လျဉ်း၍ အချိန်ကျရောက်သောအခါ ပေးဆပ်ခြင်းကို အာမခံစာချုပ်အသစ်များဖြင့် လဲလှယ်နိုင်သည်။ ၈။ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဘဏ္ဍာရေးနှစ်အတွင်း လိုအပ်ငွေများဖြည့်တင်းရန် အစိုးရငွေချေးသက်သေခံလက်မှတ်များ ဝယ်ယူခြင်းနှင့်ရောင်းချခြင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တာဝန်ပေးအပ်နိုင်သည်။ ၉။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် လုပ်ငန်းစီမံချက် တစ်ရပ်ရပ်အတွက် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းအတွက်သော်လည်းကောင်း ပြည်ပမှငွေချေးယူနိုင်သည်။ ပြည်ပမှရရှိသောချေးငွေများကို နိုင်ငံတော်နှင့်အကျိုးတူဆောင်ရွက်နေသောလုပ်ငန်းများသို့ သင့်လျော်
သောစည်းကမ်းချက်များသတ်မှတ်၍ ပြန်လည်ထုတ်ချေးခွင့်ပြုနိုင်သည်။ ၁၀။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤအခန်းပါ ကိစ္စရပ်များအားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ
ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား လုပ်ပိုင်ခွင့်
အပ်နှင်းနိုင်သည်။ (ခ) ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေအခန်း (၁၀) နှင့်အညီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီးသည် ဤအခန်းပါ ငွေချေးယူသော ကိစ္စများအတွက်
နိုင်ငံတော်ကိုယ်စား အာမခံချက်ပေးနိုင်သည်။ ၁၁။ ဇယား(၁)၊ (၃) နှင့် (၇)တို့တွင် ဖော်ပြလျာထားသော ရငွေများအနက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးသော ချေးငွေစာချုပ် ချုပ်ဆိုပြီးသည့် ပြည်ပချေးယူရငွေသည် လျာထား သည်ထက် ပိုမိုရရှိလျှင် ယင်းသို့ ပိုမိုရရှိသောငွေများဖြင့် ဆက်နွှယ်ထားသည့် လုပ်ငန်းအသုံးစရိတ် များကြောင့် ဇယား (၂)၊ (၄) နှင့် (၈) တို့တွင် ဖော်ပြခွင့်ပြုထားသော သုံးငွေများထက် ပိုမိုသုံးစွဲရန် လိုအပ်ပါက နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ မပြဋ္ဌာန်းမီဖြစ်လျှင် ပြည်ထောင်စုအစိုးရ အဖွဲ့က စိစစ်သုံးသပ်၍ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲခြင်းဖြင့်ဖြစ်စေ၊ ပုဒ်မ ၂၆ ပါ ပြဋ္ဌာန်းချက် များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှဖြစ်စေ ခွင့်ပြုနိုင်သည်။ ယင်းသို့ ခွင့်ပြုမှုများကို ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ ပြဋ္ဌာန်းပြီး နောက်ပိုင်းမှ ရရှိပါက ပုဒ်မ ၂၆ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲ နိုင်သည်။ ယင်းသို့ သုံးစွဲခဲ့သည့် အသုံးစရိတ်များကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ၁၂။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ဤအခန်းအရ ငွေချေးစာချုပ်များ ချုပ်ဆိုပြီးနောက် အမှန် တကယ်ချေးယူ ရရှိသည့်ငွေစုစုပေါင်းသည် ကျပ်သန်းပေါင်းကိုးဆယ်သိန်းထက် မပိုစေရ။ ယင်းတွင် ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပချေးငွေ၌ အမှန်တကယ် ထုတ်ယူသုံးစွဲငွေနှင့် ပြည်တွင်းချေးငွေ၌ အသားတင်ဖြည့်ဆည်းငွေတို့ အကျုံးဝင်သည်။
အခန်း(၃)
ပြည်ပအကူအညီရယူခြင်း ၁၃။ ပြည်ထောင်စုအစိုးရအဖွဲ့သည် လုပ်ငန်းစီမံချက်တစ်ရပ်ရပ်အတွက် ပြည်ထောင်စုအဆင့် ဌာန အဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်း အတွက်သော်လည်းကောင်း ပြည်ပအကူအညီကို ငွေသား၊ ပစ္စည်း၊ ဆောင်ရွက်ပေးမှုတို့ဖြင့် ရယူခွင့် ပြုနိုင်သည်။ ၁၄။ ဇယား(၁)၊ (၃) နှင့် (၇) တို့တွင် ဖော်ပြလျာထားသော ရငွေများအနက် ပြည်ပအကူအညီ ရငွေသည် လျာထားသည်ထက် ပိုမိုရရှိလျှင် ယင်းသို့ ပိုမိုရရှိသောငွေများဖြင့် ဆက်နွှယ်ထားသည့် လုပ်ငန်းအသုံးစရိတ်များကြောင့် ဇယား (၂)၊ (၄) နှင့် (၈) တို့တွင် ဖော်ပြခွင့်ပြုသော သုံးငွေများထက် ပိုမိုသုံးစွဲရန် လိုအပ်ပါက အောက်ပါအတိုင်း ဆောင်ရွက်ရမည်(က) နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ မပြဋ္ဌာန်းမီဖြစ်လျှင် ပြည်ထောင်စုအစိုးရ
အဖွဲ့က စိစစ်သုံးသပ်၍ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲခြင်းနည်းလမ်း၊ ပုဒ်မ ၂၆ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှ ခွင့်ပြုသည့်နည်းလမ်းတို့ဖြင့် ခွင့်ပြု နိုင်သည်။ ယင်းသို့ခွင့်ပြုသည့် သုံးငွေများကို ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်
ထည့်သွင်းဖော်ပြရမည်။ ( ခ) နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်းဖြစ်လျှင် ပုဒ်မ ၂၆ ပါ
ပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှ ခွင့်ပြုသည့်နည်းလမ်း၊ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲခြင်းနည်းလမ်းတို့ဖြင့် ခွင့်ပြုနိုင်သည်။ ယင်းသို့ ခွင့်ပြုသည့်သုံးငွေများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
အခန်း(၄)
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှဆောင်ရွက်သော
ပြည်ထောင်စုဝန်ကြီးဌာနများနှင့်ဦးစီးဌာနများ ၁၅။ လူမှုဖူလုံရေးအဖွဲ့သည် မိမိ၏ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေတို့အပေါ်ရပ်တည်၍ လုပ်ငန်းများကို မိမိ၏ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။ ၁၆။ (က) လူမှုဖူလုံရေးအဖွဲ့ ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်
အသီးသီးသည် ဇယား (၅) နှင့် (၆) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို
စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။ ( ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော
လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိလုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်
ဆောင်ရွက်စေနိုင်သည်။ (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်
လည်းကောင်း ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊
လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။ ၁၇။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေးအဖွဲ့၏ဇယား (၅) နှင့် (၆) တို့တွင် ဖော်ပြ
ထားသောငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စအစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းများ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်း
များတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။ (ခ) ပြည်ထောင်စုအစိုးရအဖွဲ့ သည် လူမှုဖူလုံရေးအဖွဲ့ အား လုပ်ငန်းလုပ်ကိုင်ရန်သော်
လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့် ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ရယူ
ဆောင်ရွက်ခွင့်ပြုနိုင်သည်။ ၁၈။ ပြည်ထောင်စုအစိုးရအဖွဲ့ သည် လူမှုဖူလုံရေးအဖွဲ့ က လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေတို့ဖြင့် ရပ်တည်ပြီး ယင်းရန်ပုံငွေမှ အကျိုးခံစားခွင့်များပေးရာတွင် လုံလောက်မှုမရှိ၍ တောင်းခံလာပါက ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ခြင်း၊ ထောက်ပံ့ခြင်း နှင့် လိုအပ်သည့် ချေးငွေထုတ်ချေးခြင်း၊ လူမှုဖူလုံရေးအိမ်ရာစီမံကိန်းအတွက် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့်ခွင့်ပြုနိုင်သည်။
အပိုင်း ၃ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ
အခန်း(၁)
ရငွေများနှင့်သုံးငွေများ ၁၉။ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြရမည်။ ထိုသို့ ဆောင်ရွက်၍ရသောရငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေသို့ပေးသွင်း၍ ထုတ်ပေးရန်ရှိသောသုံးငွေများကို ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။ ၂၀။ (က) ဇယား(၇)နှင့်(၈)တို့တွင် ဖော်ပြထားသည့် ရငွေများနှင့် သုံးငွေများသည် နိုင်ငံတော်ပိုင်
စီးပွားရေးအဖွဲ့အစည်းများက စီမံကိန်းရည်မှန်းချက်များအရ ထမြောက်အောင်မြင်စွာ
အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းထားသောငွေများဖြစ်သည်။ (ခ) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်း | ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၇)နှင့် (၈)တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထား
သည့် ရငွေတို့ကိုစီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။ (ဂ) ပုဒ်မခွဲ(ခ)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်
များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေ
နိုင်သည်။ (ဃ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာ
တွင်လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရမည်။
အခန်း(၂)
ပြည်ထောင်စုအစိုးရအဖွဲ့ ၏ လုပ်ပိုင်ခွင့် ၂၁။ (က) ပြည်ထောင်စုအစိုးရအဖွဲ့ သည် စီးပွားရေးဆန်ဆန်ဆောင်ရွက်ရမည့် နိုင်ငံတော်ပိုင်
စီးပွားရေးအဖွဲ့အစည်းများအား သတ်မှတ်ပေးရမည်။ (ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဇယား(၇)တွင်
ဖော်ပြထားသော ရငွေများတိုးခြင်း၊ လျော့ခြင်းများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်း လဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို စီမံကိန်း
နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ (ဂ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဇယား(၈)အရ
ခွင့်ပြုထားသော သုံးငွေများကို လုပ်ငန်းအရလိုအပ်လျှင် စိစစ်သုံးသပ်၍ ပြောင်းလဲ ပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည်သုံးငွေများကို အောက်ပါအတိုင်းပြောင်းလဲ ပေးခြင်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက် စေနိုင်သည်(၁) အဖွဲ့ အစည်းတစ်ခု၏ သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီသုံးငွေ
များပြောင်းလဲသုံးစွဲခြင်း၊ (၂) သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီသုံးငွေများကို အဖွဲ့အစည်း
တစ်ခုမှ အခြားအဖွဲ့အစည်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်း၊ (၃) ငွေလုံးငွေရင်းသုံးငွေတွင် အဖွဲ့အစည်းတစ်ခုအတွင်း လုပ်ငန်းစီမံကိန်းတစ်ခုမှ
အခြားလုပ်ငန်းစီမံကိန်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်း။ (ဃ) ထိုသို့ ရငွေများနှင့်သုံးငွေများပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့
တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း များတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန် နောက်ပိုင်းမှ ဖြစ်ပေါ်သောပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍ အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။ (င) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများက နိုင်ငံတော်သို့ ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။
အခန်း(၃) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများ၏ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့် ၂၂။ (က) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ဇယား(၇)နှင့် (၈) တို့တွင် ဖော်ပြထား
သော သက်ဆိုင်ရာတာဝန်ခံပုဂ္ဂိုလ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မိမိတို့၏လုပ်ငန်းများကို
စီမံခန့်ခွဲရမည်။ ( ခ) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် လုပ်ငန်းလိုအပ်ချက်အရ ဇယား(၇) တွင်
ဖော်ပြထားသော ရငွေများတိုးခြင်း၊ လျော့ခြင်းနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ဇယား(၈) အရ ခွင့်ပြုထားသော အဖွဲ့ အစည်းတစ်ခု၏ သာမန်သုံးငွေ၊ ငွေလုံးငွေရင်း သုံးငွေနှင့် ကြွေးမြီသုံးငွေများပြောင်းလဲသုံးစွဲခြင်းနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့်ကြွေးမြီသုံးငွေများကို အဖွဲ့အစည်းတစ်ခုမှ အခြားအဖွဲ့အစည်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်းနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ငွေလုံးငွေရင်းသုံးငွေတွင် အဖွဲ့အစည်းတစ်ခုအတွင်း လုပ်ငန်းစီမံကိန်းတစ်ခုမှ အခြား လုပ်ငန်းစီမံကိန်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်းနှင့် စပ်လျဉ်း၍သော်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်ဖြစ်စေ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန် လွှဲအပ်ချက်အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်ဖြစ်စေ ပြောင်းလဲ နိုင်သည်။ ထိုသို့ရငွေများနှင့်သုံးငွေများပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်း ခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန် နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍ အမှန်စာရင်းများတွင် လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
အခန်း(၄) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော
နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများ ၂၃။ (က) ပြည်ထောင်စုအစိုးရအဖွဲ့ သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ် ပြင်ပမှ
ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများအား သတ်မှတ်ပေးရမည်။ ထိုသို့ သတ်မှတ်ပေးခြင်းကို အနီးကပ်ဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ အကျိုးအကြောင်း ဖော်ပြချက်နှင့်အတူ အစီရင်ခံရမည်။ (ခ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှဆောင်ရွက်သည့် နိုင်ငံတော်ပိုင်စီးပွားရေး | အဖွဲ့ အစည်းများသည် စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရေးနှင့် မိမိတို့၏ ငွေကြေး
အင်အားအပေါ် မိမိတို့ရပ်တည် ဆောင်ရွက်ကြရမည်။ (ဂ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ် ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး | အဖွဲ့အစည်းများ၏ စုစုပေါင်းငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန်အလို့ငှာ ပြည်ထောင်စု၏
အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ဖော်ပြရမည်။ ၂၄။ (က) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး
အဖွဲ့အစည်းများ၏ ရငွေနှင့်သုံးငွေအတွက်တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် ဇယား (၉) နှင့် (၁၀) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို
စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။ ) ( ခ) ပုဒ်မခွဲ (က) ပါတာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော
လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိလုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်
ဆောင်ရွက်စေနိုင်သည်။ ( ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်
လည်းကောင်း သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်း များ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ
နှင့်အညီ ဆောင်ရွက်ရမည်။ (ဃ) ပြည်ထောင်စုအစိုးရအဖွဲ့ သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှ
ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများက နိုင်ငံတော်သို့ထည့်ဝင်
ရမည့်ငွေကို သတ်မှတ်ပေးရမည်။ ၂၅။ (က) ပြည်ထောင်စုအစိုးရအဖွဲ့ သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ
ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများ၏ ဇယား(၉)နှင့်(၁၀) တို့တွင် ဖော်ပြထားသော ရငွေများနှင့် သုံးငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေး နိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ရငွေများနှင့် သုံးငွေများ ပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ် ပေါ်သော ပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍ အမှန်စာရင်းများတွင် လည်းကောင်း ထည့်သွင်းဖော်ပြရမည်။ (ခ) ပြည်ထောင်စုအစိုးရအဖွဲ့ သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှ
ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းများလုပ်ကိုင်ရန်
ကနဦးရင်းနှီးမြှုပ်နှံငွေကို သတ်မှတ်ချက်နှင့်အညီထည့်ဝင်နိုင်သည်။ ။ (ဂ) ပြည်ထောင်စုအစိုးရအဖွဲ့ သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ
ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအား လုပ်ငန်းလုပ်ကိုင်ရန် သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေများကို မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ တည်ထောင်ထားသော ဘဏ်များမှ သတ်မှတ်ချက်များနှင့်အညီ ချေးယူနိုင်ရန် ငွေပမာဏကို သတ်မှတ် ပေးနိုင်သည်။
အပိုင်း ၄
အရေးပေါ်ရန်ပုံငွေ ၂၆။ (က) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့
လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ဇယား(၄)တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ယှဉ်တွဲဖော်ပြထားသည့် အရေးပေါ်ရန်ပုံငွေမှ ကျခံ သုံးစွဲခြင်းကို ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရက မသုံးစွဲလျှင်မဖြစ်သည့် အရေးပေါ်ကိစ္စရပ်အတွက် အသုံးစရိတ်ဖြစ်ပြီး အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်တွင် ပါဝင်ခြင်းမရှိသော အသုံးစရိတ်အတွက်သာလျှင် ဆောင်ရွက်ခွင့်
ရှိသည်။ (ခ) ပုဒ်မခွဲ (က) အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏
ဆုံးဖြတ်ချက်အရသာ ခွင့်ပြုရမည်။ (ဂ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ အရေးပေါ်ရန်ပုံငွေမှ ကျခံ
သုံးစွဲသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ
အနီးကပ်ဆုံးကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြရမည်။ (ဃ) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့
လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ဇယား(၂) နှင့် (၄) အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ဘဏ္ဍာရေးနှစ်အတွင်း ကြိုတင်မမျှော်မှန်း နိုင်သည့် ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များ အတွက်သာလျှင် ဆောင်ရွက်ခွင့်ရှိသည်။ ဤပုဒ်မခွဲပါ အရေးပေါ်ရန်ပုံငွေဟူသော စကားရပ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ယှဉ်တွဲဖော်ပြပါ အရေးပေါ်
ရန်ပုံငွေနှင့် သက်ဆိုင်ခြင်း မရှိစေရ။ (င) ပုဒ်မခွဲ (ဃ) အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ပြည်ထောင်စုဝန်ကြီးဌာန
စီမံခန့်ခွဲရေးကော်မတီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်
အရသာ ခွင့်ပြုရမည်။ ( စ) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့
လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ပုဒ်မခွဲ (ဃ) နှင့် (င) အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်း
ဖော်ပြချက်များနှင့်အတူ အနီးကပ်ဆုံးကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြရမည်။
အပိုင်း ၅
တပ်မြို့စည်ပင်သာယာရေးအဖွဲ့ များ ၂၇။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့၏ဘဏ္ဍာငွေအပေါ်ရပ်တည်၍ လုပ်ငန်းများ ကို မိမိတို့၏ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်။ ၂၈။ (က) တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်း
ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁၁) နှင့် (၁၂) တို့တွင် မိမိနှင့်ယှဉ်တွဲ ဖော်ပြ ထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရ
မည်။ ( ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ် ဆောင်ရွက်စေနိုင်သည်။ (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာ
တွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေ များ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်
များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။ ၂၉။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ၏ ဇယား (၁၁)
နှင့် (၁၂) တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရ လိုအပ်လျှင် ပြောင်းလဲပေး နိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ
ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ (ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် တပ်မြို့စည်ပင်သာယာရေးအဖွဲ့များအား လုပ်ငန်း
လုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့် ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်ထောင်စုလွှတ်တော်၏
အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။ ၃၀။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့နှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ၊ နည်း ဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ အရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။
အပိုင်း ၆
နေပြည်တော်ကောင်စီ ၃၁။ နေပြည်တော်ကောင်စီသည် ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို
ဆောင်ရွက်ရမည်။ ထိုသို့ ဆောင်ရွက်၍ရသောရငွေများကို ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်း၍ ထုတ်ပေးရန်ရှိသောသုံးငွေများကို ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲ ရမည်။ ၃၂။ (က) နေပြည်တော်ကောင်စီ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်
အသီးသီးသည် ဇယား (၁၃) နှင့် (၁၄) တို့တွင် မိမိနှင့်ယှဉ်တွဲ ဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။ (ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော
လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိလုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်
ဆောင်ရွက်စေနိုင်သည်။ (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာ
တွင်လည်းကောင်း ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊
ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။ ၃၃။ ပြည်ထောင်စုအစိုးရအဖွဲ့ သည် နေပြည်တော်ကောင်စီ၏ ဇယား (၁၃) နှင့် (၁၄) တို့တွင်
ဖော်ပြထားသောငွေများကို လုပ်ငန်းအရ လိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရ အဖွဲ့ သည် ဤပုဒ်မပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ် ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်သို့တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း များတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
( အပိုင်း ၇
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၃၄။ နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် မိမိ၏ဘဏ္ဍာငွေအပေါ်ရပ်တည်၍ လုပ်ငန်း များကို မိမိ၏ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။ ၃၅။ (က) နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်
ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁၅) နှင့် (၁၆) တို့တွင် မိမိနှင့်ယှဉ်တွဲ ဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်း
ပြုရမည်။ ( ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့်ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော
လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်
ဆောင်ရွက်စေနိုင်သည်။ (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာ
တွင်လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေ များ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက် များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။ ၃၆။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ဇယား
(၁၅) နှင့် (၁၆) တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲ ပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့ သည် ဤပုဒ်မပါ ကိစ္စရပ်များကို ဆောင်ရွက် နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ
ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ (ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီအား လုပ်ငန်း
လုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့် ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်ထောင်စုလွှတ်တော်၏
အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။ ၃၇။ နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် မိမိနှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ အရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။
အပိုင်း ၈
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၃၈။ (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မိမိ၏ဘဏ္ဍာငွေအပေါ်ရပ်တည်၍ မိမိ၏ ဘဏ္ဍာငွေ
အစီအစဉ်ဖြင့် လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်
ရယူရမည်။ ( ခ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန်အလို့ငှာ
ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းတွင်ဖော်ပြရမည်။ ၃၉။ (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့်
ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁၇) နှင့် (၁၈) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့်
ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။ ( ခ) ပုဒ်မခွဲ (က) ပါတာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော
လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်
ဆောင်ရွက်စေနိုင်သည်။ (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း၊ ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊
လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။ ၄၀။ ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဇယား (၁၇) နှင့် (၁၈) တို့တွင်
ဖော်ပြထားသောရငွေများနှင့် သုံးငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ထိုသို့ ရငွေများနှင့် သုံးငွေများ ပြောင်းလဲခြင်း များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်
နောက်ပိုင်းမှ ဖြစ်ပေါ်သောပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။ ၄၁။ (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်အခါ
အသားတင်အမြတ်ငွေ၏ လေးဆယ်ရာခိုင်နှုန်းနှင့်ညီမျှသောငွေပမာဏကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အထွေထွေသီးသန့်ငွေစာရင်းသို့ပေးသွင်းပြီး၊ အသားတင်အမြတ်ငွေမှ ကျန်ရှိငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကိုင်ဆောင်ထားသော အစိုးရငွေချေး သက်သေခံလက်မှတ်များကို ရွေးယူရန်အသုံးပြုပြီးနောက် ကျန်ရှိသောအသားတင်
အမြတ် လက်ကျန်ငွေကို နိုင်ငံတော်သို့ထည့်ဝင်ရမည်။ ) ( ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံတော်သို့ ထည့်ဝင်
ရမည့်ငွေကို သတ်မှတ်ပေးရမည်။ (ဂ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံး၍ အရှုံးပေါ်ပေါက်ပါက အဆိုပါအရှုံးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အထွေထွေသီးသန့်
ငွေစာရင်းမှ ခုနှိမ်ရမည်။ (ဃ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လိုအပ်ပါက ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ ချေးငွေထုတ်ချေးနိုင်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ)ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်